Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အခု သုံးစွဲမယ့် ကျပ်သိန်း ၁၀၀၀ က အောက်ခြေပြည်သူ့အကျိုးအတွက် သုံးဖို့ဖြစ်ပါတယ်။ အစိုးရကို ဘတ်ဂျက်ပေး ထားပေ မယ့် အောက်ခြေအတွက် ဖြစ်ချင်မှဖြစ်မှာ။ အခုဒီငွေတွေနဲ့ အောက်ခြေပြည်သူတွေ လိုအပ်တဲ့ရေ ရရှိရေး၊ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေးတို့အတွက် သုံးစွဲသွားဖို့ ဖြစ်ပါတယ်၊ ဒေသခံလူထု လိုအပ်တာတွေကို အမှန်တကယ်ဖြည့် ဆည်းပေး နိုင်ဖို့ လိုအပ်ပါတယ်”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ သုံးစွဲခွင့်ရှိသည့် ကျပ် သိန်း ၁၀၀၀ အား တာဝန်ယူမှု အပြည့်ဖြင့် ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်နာယက ညွှန်ကြား” သတင်းမှ သူရဦးရွှေမန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒါက သမိုင်းတစ်လျှောက်လုံးမှာလည်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေး လုပ်တယ်။ တိုင်းပြည်ကို ပြန်လည်ထူထောင်တဲ့အခါမှာ အားလုံးပါဝင်နိုင်တဲ့ ပြည်တွင်းပြည်ပ တွေ့ဆုံဆွေးနွေးမှုမျိုး သမ္မတကြီးက လမ်းညွှန်ထားတဲ့ အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့ အချင်းချင်းအမြင်ဖလှယ်နိုင် အောင် စီစဉ်ပေးခြင်း ဖြစ်ပါတယ်”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ပြည်တွင်းနိုင်ငံရေးပါတီများနှင့် RCSS/SSA တို့ ချင်းမိုင်တွင် သီးသန့်တွေ့ဆုံမည်” သတင်းမှ ငြိမ်းချမ်းရေးဂေဟာ၏ အကြီးတန်းအရာရှိ ဦးညိုအုန်းမြင့် ၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“ဒီလို ကိုယ်ပိုင်တပ်ဖွဲ့ဖွဲ့တာမျိုးက အစဉ်အလာလည်းမရှိခဲ့ပါဘူး။ အရင် ဖဆပလ ပါလီမန်အစည်းအဝေးတွေ ကိုလည်း ရဲတပ်ဖွဲ့ဝင်တွေပဲ လုံခြုံရေးပေးပါတယ်။ အခုကျတော့ လွှတ်တော်အတွင်း ကိုယ်ပိုင်ဖွဲ့မှာ ဖြစ်တဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌ ရဲ့ကွပ်ကဲမှုအောက်မှာ ဖြစ်ပွားပါလိမ့်မယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အစိုးရ အဖွဲ့နဲ့ ကာချုပ်တို့ အားလုံးဆွေးနွေးပြီးတော့ ဒါကို လက်မခံကြောင်း နိုဝင်ဘာ ၁၉ ရက်နေ့က လွှတ်တော် ဥက္ကဌကို အကြောင်းကြားစာ ပေးပို့ထားပါတယ်”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် 7 Days နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “လွှတ်တော်လုံခြုံရေး တပ်ဖွဲ့တစ်ခု သီးသန့်ဖွဲ့စည်းရန် တောင်းဆိုမှုကို အစိုးရအဖွဲ့နှင့် ကာချုပ် သဘောမတူ” သတင်းမှ အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖက်ဒရယ်နိုင်ငံ၊ ဖက်ဒရယ်စစ်တပ်ဆိုရာမှာလည်း အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေရဲ့ စစ်အင်အား၊ လက်နက်အင်အားတို့ကို ကော်မတီကို တင်ပြစေလိုပုံ၊ဒါ့အပြင် စစ်သားမစုဆောင်းရ၊ လူထုကြား ဆက်ကြေး၊ အခွန်အခ မကောက်ခံရဆိုတဲ့ ကန့်သတ်ချက်တွေပါနေလို့ တိုင်းရင်းသားတွေဘက်က လက်မခံနိုင် တဲ့ အနေအထားရှိပါတယ်။ ဒါပေမယ့် ABSDF ဟာ နိုင်ငံရေးပွဲစား၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်လည်း မဟုတ်တဲ့အတွက် ဒီမိုကရေစီနဲ့ ပြည်တွင်းငြိမ်းချမ်းရေးပဲ ကြိုးပမ်းတဲ့အတွက် လက်ရှိအခြေအနေအရ နိုင်ငံရေး အာမခံချက်မရှိတဲ့ အပစ်ရပ်ရေးဟာ လိုချင်တဲ့အဖြေမရနိုင်သေးတဲ့ အတွက် လက်မှတ်ထိုးမယ့် အခါမှာတော့ ABSDF ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်မှာပါ”

နိုဝင်ဘာလ ၂၄ ရက်နေ့ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ (၁) အမှတ် (၄၈) တွင်ပါရှိသော “ABSDF နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွေ့” သတင်းမှ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား တပ်မတော် ဥက္ကဌရဲဘော်သံခဲ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်မတို့ စုံစမ်းရေးကော်မတီက တွေ့ရှိတာတွေကို စုံစမ်းပြီးရရှိတဲ့ အချက်အလက်တွေကို လွှတ်တော်ကို တင်ပြသွား မှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ အချိန်ယူရမှာ ဖြစ်ပါတယ်။ ဒီလိုလွှတ်တော်ကို တင်သွင်းပြီးသွားရင် ကျွန်မတို့ စုံစမ်းရေးကော်မတီရဲ့ တာဝန်ကျေသွားပြီး ဖြစ်တယ်။ ဒီ ကိစ္စတွေကို ဆက်လက်ဆောင်ရွက်ဖို့ကတော့ အုပ်ချုပ်ရေးအပိုင်းက ဆက်လုပ်မှာဖြစ်ပါတယ်။ မြန်တာ၊ကြာတာကတော့  သူတို့နဲ့ပဲ ဆိုင်ပါတယ်”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် Hot News Journal အတွဲ (၄) အမှတ် (၁၆၇) တွင်ပါရှိသော “လယ်ယာမြေများကိစ္စ ပူပန်နေရတယ်ဟု ဦးအောင်သိန်းလင်းဆို” သတင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်နက်ကိုင် ပဋိပက္ခတွေကို နိုင်ငံတော် မူဝါဒတွေချမှတ်ပြီး၊ ငြိမ်းချမ်းဖို့ဆောင်ရွက်နေသလို ပြည်သူတွေရဲ့ ရင်ဆိုင်ခံစား နေရတဲ့ လူမှုရေးပဋိပက္ခတွေကိုလည်း ဖြေရှင်းပေးဖို့လိုတယ်။ ဥပမာအားဖြင့် လက်နက်ရှိသူက လက်နက်မဲ့သူတွေကို၊ ငွေရှိသူ သူဌေးတွေက နွမ်းပါးတဲ့ ဆင်းရဲသားတွေကို၊ တောင်သူလယ်သမားတွေကို အနိုင်ကျင့်နေတာမျိုးတွေရှိနေရင် ထာဝရငြိမ်းချမ်းရေး ရလာမှာမဟုတ်ဘူး။ ထာဝရငြိမ်းချမ်းရေး ဆိုတာက အောက်ခြေပြည်သူတွေရဲ့ ဘဝလုံခြုံမှုနဲ့ အနိုင်ကျင့် ခံရမှု၊ နစ်နာမှုမရှိစေရေး ဥပဒေအောက်မှာ လွတ်လပ်စွာ နေနိုင်စေရေး၊ စတာတွေအပေါ် အခြေခံတယ်။ ခု တိုင်းပြည်က လက်နက်ကိုင် ပဋိပက္ခတွေက လွတ်လာပြီလို့ ဆိုလို့ရတယ်။ ဒါပေမယ့် လူမှု့ပဋိပက္ခတွေကနေ မလွတ်သေး ဘူး။ နိုင်ငံတော် မှာ အာဏာသုံးရပ်ရှိတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသဖြင့် ယခင် အုပ်စိုးသူ အဆင့်ဆင့်က အဲဒီအာဏာ သုံးရပ် ပေါင်းပြီး ကိုယ့်သဘောကိုယ် လုပ်ခဲ့ကြတယ်။ အာဏာလည်း သူတို့မှာပဲရှိတယ်။ ဥပဒေလည်း သူတို့မှာပဲ။ တရားစီရင် တာလည်း သူတို့မှာပဲစသဖြင့်လုပ်ခဲ့တော့ ပြည်သူတွေလည်း အရမ်းနစ်နာခဲ့ရတယ်”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် Hot News Journal အတွဲ (၄) အမှတ် (၁၆၇) တွင်ပါရှိသော “လက်နက်ကိုင် ပဋိပက္ခများနှင့်အတူ ပြည်သူများ၏ လူမှုပဋိပက္ခများကို အစိုးရကမဖြေရှင်းပေးပါက ထာဝရငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်ဟုဆို” သတင်းမှ ဖလုံစဝေါ်ပါတီ ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောသိန်းအောင် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အခုလို လွှတ်ပေးတာကို ကျွန်တော်တို့ ကြိုဆိုတယ်။ ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ နိုင်ငံရေးအကျဉ်းသား ဆိုတာ မရှိသင့်ဘူး။ အခုလို လွှတ်ပေးတာအပြင် ထပ်ဖမ်းဆီးထောင်ချတာမျိုး မလုပ်ဖို့လိုတယ်”

နိုဝင်ဘာလ ၂၂ ရက်နေ့ ထုတ် မြန်မာတိုင်း (မ်) ဂျာနယ် အတွဲ (၃၃)အမှတ် (၆၄၈) တွင်ပါရှိသော “နှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရန် ကုလထပ်မံတိုက်တွန်း” သတင်းမှ နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့မှ ဦးရဲအောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တရားမဝင်ကုန်သွယ်မှုကို တားဆီးဖို့အတွက် ဖွဲ့စည်းထားတဲ့ Mobile Team ကလည်း ကုန်သွယ်မှု မြင့်တက် ရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။ ဒီနှစ်ထဲမှာ Mobile Team ကဖမ်းမိတဲ့ အမှုတွဲပေါင်း ၂၂၁၉ မှုရှိပြီး၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၇.၅၁ ဘီလျံ နိုင်ငံတော်က ရရှိခဲ့ပါတယ်။ အခုဆိုရင် ပို့ကုန်၊သွင်းကုန် ဥပဒေက လူကိုပါ အရေးယူနေပြီ ဖြစ်ပါတယ်။ ဒါ့ပြင် ကုန်သွယ်မှုပမာဏ မြင့်မားတဲ့ပင်လယ်ထွက်ပေါက်ရဲ့ ဆိပ်ကမ်းတွေမှာလည်း စစ်ဆေးဖို့ မကြာခင် ဆောင်ရွက်တော့မှာပါ”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃၃) အမှတ် (၆၄၈) တွင်ပါရှိသော “အစိုးရသစ်တက် ပြီးနောက်ပိုင် ကုန်သွယ်မှု ဒေါ်လာ ခြောက်ဘီလျံအထိတက်လာ” သတင်းမှ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “လှည့်ပြန်သွားတဲ့သူတွေက မြေယာပြဿနာအခက်အခဲနဲ့ လျှပ်စစ်မီးအဆင်မပြေမှုကြောင့်များတယ်။ အစိုးရ အနေနဲ့ အရင်က ချပေးထားတဲ့ မြေတွေမှာ တကယ်အသုံးမပြုတာတွေကို ကြပ်ကြပ်မတ်မတ်နဲ့ ပြန်ပြီး စီမံခန့်ခွဲဖို့ လိုပါတယ်။ ဒါကို နိုင်ငံတော်ကလည်း သိပါတယ်။ ဖြေရှင်းနိုင်တဲ့အာဏာမှာလည်း သူ့မှာပဲရှိပါတယ်။ ဒါကို တရားဥပဒေနဲ့အညီ သေချာလုပ်ရင် ရပါတယ်”

နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် Trade Time Journal အတွဲ (၂) အမှတ် (၈၄) တွင်ပါရှိသော “နိုင်ငံခြားရင်း နှီးမြှုပ်နှံလိုသူများ ပြန်လှည့်သည့် ဖြစ်စဉ်များတွင် မြေယာပြဿနာက ထိပ်ဆုံး၌ရှိဆဲ” သတင်းမှ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာ မောင်မောင်လေး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive