Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

(World War 4 Report မှ 1 Jan 2014 ရက်စွဲပါ “ Golden Triangle opium boom” သတင်းဆောင်းပါးအား ဘာသာပြန်ဆို သည်။)

(31 Dec 2013 ရက်စွဲပါ The India Times မှ IANS ၏ Myanmar takes up ASEAN chair ကိုဘာသာပြန်ဆိုသည်)


ရွှေတြိဂံဘိန်းထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်နေ

(World War 4 Report မှ 1 Jan 2014 ရက်စွဲပါ “ Golden Triangle opium boom” သတင်းဆောင်းပါးအား ဘာသာပြန်ဆို သည်။)

မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုသည် ၂၀၁၃ တွင် ၂၆ ရာခိုင်နှုန်းတိုးကာခန့်မှန်းခြေ ၈၇၀ မက်ထရစ်တန် အထိရောက်ရှိခဲ့ သည်ဟုကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာဌာန UNODC က နောက်ဆုံး ထုတ်ပြန်ခဲ့ သောအရှေ့တောင် အာရှ ဘိန်းထုတ်လုပ်မှုနှစ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၎င်းပမာဏသည် ကုလသမဂ္ဂက ၂၀၁၂ တွင် စတင်ဝင် ရောက် လှုပ်ရှားပြီးနောက်ပိုင်းအမြင့်ဆုံးဖြစ်သည်။ ၂၀၁၄ နောက်ဆုံးထား၍ ဘိန်းထုတ်လုပ်မှု ပပျောက်စေ ရမည်ဟု မြန်မာအစိုးရက ၁၉၉၉ တွင် ကတိပေးထားခဲ့သော်လည်း ၂၀၀၆ မှစ၍ နှစ်စဉ် မြှင့်တက်လာခဲ့သည်။ မြန်မာနိုင်ငံ၏ ဘိန်းပပျောက်ရေးစီမံချက်များသည် ဘိန်းကိုဦးစားပေးစိုက်ပျိုးအောင် တောင်သူများကိုတွန်းအားပေးနေသော နိုင်ငံရေးနှင့် စီးပွားရေးအကြောင်းရင်းများကိုဖြေရှင်းနိုင်ခြင်းမရှိခဲ့ဟု UNODC အစီရင်ခံစာကသုံးသပ်သည်။ ဘိန်းသို့မဟုတ် ပေါ်ပီသည် ဆန်စပါးထက် ၁၉ ဆ ပိုက်ဆံပိုရသောကြောင့် ဝေးလံခေါင်သီသောတောင်တန်းများပေါ်တွင် ရုန်းကန်နေရသော တောင်သူ များအတွက် အသက်မွေးရန် အခြားနည်းလမ်းအနည်းငယ်သာရှိသည်။

ထို့အပြင် တရုတ်အပါအဝင် အနီးတစ်ဝိုက်တိုင်းပြည်များတွင် ဘိန်းဝယ်လိုအားတက်လာသည်ဟုလည်း အစီရင်ခံစာ က ထောက်ပြထားသည်။ သို့သော်လည်းအရေးကြီးဆုံးအကြောင်းရင်းမှာမူကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေခြင်း ဖြစ်ပေလိမ့်မည်။ နိုင်ငံတကာတွန်းအားပေးမှုဖြင့် အကောင်အထည်ဖော်နေသောဘိန်းပပျောက် ရေးစီမံချက်များသည် တိုက်ပွဲအသစ်များကိုကူညီမီးမွှေးပေးဖွယ်ရှိပြီး ထို့နောက်တွင်မူအမြဲဖြစ်နေကြအတိုင်း ပြည်တွင်းစစ်က ဘိန်းကုန်သွယ်မှုကိုမီးထိုးပေးပြန်ပါသည်။ စစ်ဘုရင်များကဘိန်းရောင်း၍ စစ်တပ်ရန်ပုံငွေရှာရန်အတွက် ဈေးကောင်းကောင်း ပေးကာထုတ်လုပ်စိုက်ပျိုးမှု တက်လာအောင် မက်လုံးပေးကြသည်။ မဆုံးနိုင်သော ပြဿနာ ကွင်းဆင်းကြီးပင်ဖြစ်သည်။

ရယ်စရာကောင်းသောကိစ္စမှာအာဖဂန်နစ္စတန်တွင် ဘိန်းတိုက်ဖျက်ရေးအောင်မြင်မှုများကြောင့် ဘိန်းဈေး တက်လာခြင်း နှင့် တစ်ဖက်ကဖိလျှင် အခြားတစ်ဖက်ကဖောင်းလာသောပူဖောင်းအာနိသင်သဘောအရ မြန်မာနိုင်ငံ၌ ဘိန်းထုတ်လုပ်မှု ခုန်တက်လာနိုင်သည်ဟုကုလကျွမ်းကျင်သူများကအစောပိုင်းတွင် စိုးရိမ်ခဲ့ကြခြင်း ဖြစ်သည်။

လက်တွေ့တွင်မူ ၂၀၁၃ တွင် အာဖဂန်နစ္စတန်၏ ဘိန်းထုတ်လုပ်မှု စံချိန်တင်မြှင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဘိန်းအထွက်လျော့စေမည့် သက်ရောက်မှုလည်းမရှိခဲ့ပေ။ မြန်မာ၊ လာအို၊ ထိုင်းသုံးပွင့်ဆိုင် ဒေသတွင် ယခုအခါ ဘိန်းထုတ်လုပ်မှု၏ ၁၈ ရာခိုင်နှုန်းထွက်ရှိသည်ဟု UNODC အစီရင်ခံစာကဆိုပါသည်။

မြန်မာ၊ လာအို၊ ထိုင်းသုံးနိုင်ငံကိုခွ၍ တည်ရှိသော ‘ ရွှေတြိဂံနယ်မြေ’ သည် ၁၉၆၀ ခုနှစ်များကအရှေ့တောင်အာရှ စစ်ပွဲများအတွင်းကမ္ဘာထိပ်တန်းဘိန်းထုတ်လုပ်သောနေရာဖြစ်လာခဲ့သည်။ သို့ရာတွင် ၁၉၈၀ ခုနှစ်များကမူဂျာဟစ်ဒင် စစ်ပွဲများအတွင်းအာဖဂန် - ပါကစ္စတန် ‘ ရွှေလခြမ်းနယ်မြေ’ တွင် ဘိန်းထုတ်လုပ်မှု မြှင့်တက်လာကာ ၊ ၁၉၉၁ တွင် အာဖဂန်နစ္စတန်ကကမ္ဘာ့အကြီးဆုံးဘိန်းထုတ်လုပ်သူသရဖူကို မြန်မာနိုင်ငံထံမှ လွဲပြောင်းယူလိုက်သည်။ ယခုအခါ နှစ်နိုင်ငံစလုံးတွင် စစ်ရှိန်မြှင့်နေသောကြောင့် ဘိန်းထုတ်လုပ်မှုသည်လည်း ကျွဲကူးရေပါ တိုးမြှင့်လျှက်ရှိပြီးကမ္ဘာတစ်ဝှမ်း မှ ဘိန်းစားများအတွက် အချိန်ကာလအတိုင်းအတာတစ်ခုအထိဘိန်းဖူလုံမှု ရှိနေပေလိမ့်မည်။

 


မြန်မာတို့ အာဆီယံဥက္ကဋ္ဌနေရာရယူပြီ

(31 Dec 2013 ရက်စွဲပါ The India Times မှ IANS ၏ Myanmar takes up ASEAN chair ကိုဘာသာပြန်ဆိုသည်)

ယခုနှစ်သစ်တွင် မြန်မာနိုင်ငံသည် အလိုရှိနေသောအရှေ့တောင်အာရှအသင်းကြီး(အာဆီယံ)၏ ဥက္ကဋ္ဌနေရာကိုရယူ မည်ဖြစ်သောကြောင့် လာမည့် ၂၀၁၅ တွင် စီးပွားရေးအသိုက်အဝန်းတစ်ခုဖြစ်လာမည့် ၁၀ နိုင်ငံပါဝင်သောအုပ်စု ကိုဦးဆောင်ရမည်ဖြစ်ရာကမ္ဘာကြီး၏ အာရုံစိုက်မှုကိုခံရတော့မည်ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံအတွက်မူ မြန်မာနိုင်ငံသည် ၎င်း၏အနီးကပ်ဆုံးအိမ်နီးချင်းဖြစ်ရုံမျှမကအာဆီယံနှင့် အရှေ့တောင်အာရှ တို့ဖြင့် ဆက်သွယ်ပေးသောသဘာဝကပေးသောတံတားတစ်စင်းဖြစ်ပါသည်။

အိန္ဒိယသည် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံကိုဒေသတွင်းအဖွဲ့ကြီးနှင့် ပေါင်းစည်းမှု ကို ကြိုဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် အာဆီယံသည် စီးပွားရေးအရလုံခြုံရေးအရပူးပေါင်းဆောင်ရွက်ရာ တွင် လျင်မြန်စွာတိုးချဲ့လျက်ရှိသောကြောင့်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ဆယ်စုနှစ်နှစ်ခုခန့် အထီးကျန်ဖြစ်ခဲ့ပါသည်။ သို့သော် ၂၀၁၁ မှစ၍ ကြီးမားသောနိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကိုကြီးစွာဆွဲဆောင်ခဲ့ပါသည်။ သမ္မတဦးသိန်းစိန် အစိုးရသည် နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာများဖြေလျော့ပေးခြင်းနှင့် စီးပွားရေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကိုတံခါးဖွင့်ပေးခဲ့ပါသည်။ အာဆီယံဥက္ကဋ္ဌတာဝန်ယူခြင်းသည် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အသိုင်းအဝိုင်းသို့ ပြန်လည်ဝင်ရောက်လာသည့် သင်္ကေတပင်ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် မြန်မာအနေဖြင့် ဒီမိုကရေစီအတွက် ကတိကဝတ်များပေးခြင်းနှင့် ပြင်ပကမ္ဘာနှင့် ကျယ်ပြန့်စွာပေါင်းစည်းခြင်းအတွက် ပြသနိုင်ရန် အခွင့်အလမ်းပေြး ခင်းဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံသို့ဝင်ရောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်ကအာဆီယံဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ရန် အလှည့်ကျခဲ့ပါသည်။ သို့သော် ၎င်း၏ဆိုးရွားလှသောလူ့အခွင့်အရေးမှတ်တမ်းများကြောင့် နိုင်ငံတကာ၏ ဖိအားပေးမှုများဖြင့် ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရန် စွန့်လွှတ်ခဲ့ရပါသည်။ ထိုစဉ်ကဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် နေအိမ်အကျယ်ချုပ်ရှိနေပြီးအမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကလည်းစီးပွားရေးနှင့် နိုင်ငံရေးအရအရေး ယူပိတ်ဆို့မှုများချမှတ်ထားရာ၊ နိုင်ငံအများစုကအစည်းအဝေးများကိုသပိတ်မှောက်မည်ကိုစိုးရိမ် မှုများရှိခဲ့ကြပါသည်။

ယခုအခါ ထိုကိစ္စရပ်များသည် သမိုင်းဖြစ်သွားခဲ့ပြီဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခုလွတ်တော် ကိုယ်စားလှယ် ဖြစ်လာပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ၂၀၁၅ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေပါပြီ။ အရေးယူ ပိတ်ဆို့မှုအားလုံးနီးပါးသည် ရုတ်သိမ်းသွားခဲ့ပြီဖြစ်ပါသည်။

ဦးသိန်းစိန်ကအောက်တိုဘာလနှောင်းပိုင်း ကပြောခဲ့သောမိန့်ခွန်းတစ်ခုတွင်  ၎င်း၏အစိုးရလုပ်ဆောင်ခဲ့သော မကြာသေးမီ က ပြုပြင်ပြောင်းလဲမှုများသည် ဒေသတွင်း၌ မော်ဒယ်ပုံစံတစ်ခုဖြစ်ခဲ့ကြောင်းဆိုပါသည်။ “မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများပာာတစ်ခြားအာဆီယံနိုင်ငံများအတွက် နမူနာကောင်းတစ်ခု ဖြစ်ပါ တယ်”ပာု ၎င်းကပြောပါသည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌတာဝန်ကိုအောင်မြင်အောင် ထမ်းဆောင် ရန် ကြိုးစားသွားမည်ပာုလည်းပြောဆိုခဲ့ပါသည်။

နှစ်သစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် အဓိကဦးစားပေးအဖြစ် လမ်းပြရမည့်သုံးချက်မှာအာဆီယံစီးပွားရေးပေါင်း စည်းမှု အတွက် အရှိန်မြှင့်ရန်၊ တောင်တရုတ်ပင်လယ်တွင် တင်းမာမှုလျော့ချရန်နှင့် အာဆီယံ၏အနာဂါတ်အတွက် အစီအစဉ် ရေးဆွဲပြင်ဆင်ရန်တို့ဖြစ်ပါသည်။

သို့သော် အာဆီယံ၏ဒေသတွင်း၌ လျင်မြန်စွာပြောင်းလဲနေသောမပာာဗျူပာာဝန်းကျင်အခြေအနေကြောင့် မြန်မာနိုင်ငံသည် အရေးပါလှသောကာလတွင် အုပ်စုကြီးကိုကိုင်တွယ်ရန် အရည်အသွေးရှိပါမည်လောပာူသော သံသယ များပေါ်ပေါက်လာပါသည်။ ဒေသတွင်းတွင် အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် အီးယူတို့သည် ၎င်းတို့၏နေရာအတွက် ပြန်လည်ထိန်းညှိမှုများကိုအားထည့်လုပ်ဆောင်နေချိန်ဖြစ်ပါသည်။

နောက်ဖိစီးရမည့်ကိစ္စရပ်များမှာ မြန်မာနိုင်ငံလက်ရှိကြုံတွေ့နေရသောစိန်ခေါ်မှုများနှင့် နိမ့်ကျနေသောအခြေခံ အဆောက်အဦးများဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ယခုနှစ်အတွင်း နိုင်ငံပေါင်း(၁၈)နိုင်ငံမှ ခေါင်းဆောင်များပါဝင်သည့် အရှေ့အာရှထိပ်သီးအစည်းအဝေးအပါအဝင် အာဆီယံအစည်းအဝေးပေါင်းများစွာကျင်းပရမည်ဖြစ်ပါသည်။

၂၀၀၂ ခုနှစ် နှစ်လယ်မှစ၍ မြန်မာနိုင်ငံ၏နိုင်ငံရေးအရအဖြစ်အပျက်များကို ပြန်လည်ဖော်ပြရမည်ဆိုလျှင် တိုင်းရင်း သား ပဋိပက္ခများနှင့် ဘာသာရေးအရအကြမ်းဖက်မှုများဖြစ်ပါသည်။ ဘာသာရေးအရအကြမ်းဖက်မှုများကြောင့် မူဆလင် အများစုသေဆုံးပြီးရာပေါင်းများစွာအိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါသည်။

အဆိုပါ ပြဿနာများသည် အာဆီယံ၏အစီအစဉ်တွင် အရေးကြီးသောကဏ္ဍမှပါဝင်လာနိုင်ပါသည်။ အကြောင်းမှာ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံတစ်ခုလုံးအနေဖြင့် ရိုက်ခတ်မှုများရှိခြင်းကြောင့် ဖြစ်ပါသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်းအာဆီယံဥက္ကဋ္ဌ တာဝန်ယူရခြင်းသည် မြန်မာနိုင်ငံ အတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် လူမှုစီးပွားတိုးတက်ရေးတည်ဆောက်ရာတွင် အခွင့်အလမ်းကောင်းများပေး သည်ပာု ရှုမြင်ပါသည်။ “စိန်ခေါ်မှုတွေအများကြီးရှိနေသေးတယ်ဆိုတာကို ကျွန်တော်တို့အားလုံးသဘောတူပါတယ်။ စိတ်လည်း ပူပါတယ်။ အထူးသဖြင့် ရိုပာင်ဂျာလူနည်းစုတွေပါဝင်တဲ့ ရခိုင်ပြည်နယ်မှာဖြစ်ရတဲ့ကိစ္စလိုမျိုးလူမျိုးရေးအရ အကြမ်းဖက်မှု တွေ ဖြစ်ပါတယ်”ပာု ၎င်းက ပြောပါသည်။

မြန်မာနိုင်ငံတွင် စုပြုံကျနေသောအင်အားကြီးနိုင်ငံအချို့၏ မပာာဗျူပာာအကျိုးစီးပွားများသည် ဥက္ကဋ္ဌနေရာအပေါ် လွှမ်းမိုးရန် ကြိုးစားလာမှုများရှိလာနိုင်ခြင်းကြောင့် အာဆီယံအစီအစဉ်အပေါ် မည်သို့ကိုင်တွယ်မည်ဆိုသည်နှင့် ပတ်သက် သော ၎င်း၏နိုင်ငံခြားရေးမူဝါဒဆောင်ရွက်ရန် နေပြည်တော်ကအနီးကပ်ကြည့်ရှုနေလိမ့်မည်ဖြစ်ပါသည်။ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်အချို့နှင့် တရုတ်တို့အကြားတွင် ဖြစ်ပွားနေသောနယ်မြေအငြင်းပွားမှုကိစ္စရပ်မျိုး ဖြစ်ပါသည်။ ဥပမာဆို ရသော် ၂၀၁၂ ခုနှစ်ကကမ္ဘောဒီးယားသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် တောင်တရုတ် ပင်လယ်ကိစ္စ မဆွေးနွေးရန် အစီအစဉ်မှ ဖယ်ရှားခဲ့ရာတရုတ်၏တောင်းဆိုမှုကြောင့်ပာုစွပ်စွဲမှုများရှိခဲ့ပါသည်။

အိန္ဒိယအတွက်လည်း မြန်မာနိုင်ငံသည် မပာာဗျူပာာကျကျ အရေးပါလှပါသည်။ မြန်မာနိုင်ငံသည် အရှေ့မြောက် ဒေသနှင့် နီးကပ်နေခြင်းနှင့် ထိုဒေသမှ သူပုန်ထမှုများကို နှိမ်နင်းရာတွင်ရှိနေသောအခန်းကဏ္ဍနှင့် ဒေသတွင်းတွင် အရေးကြီးသောမိတ်ဖက်ဖြစ်နေခြင်း၊ ဒေသခွဲပူးပေါင်းဆောင်ရွက်မှု(BIMSTEC နှင့် မဲခေါင်ဂင်္ဂါ၊ အဆိုပြု ထားသော BCIM စင်္ကြန်ပရောဂျက်)များတွင် မပာာဗျူပာာကျစွာပါဝင်နေပါသည်။ ထို့ပြင် နယ်စပ်မျဉ်းသတ်မှတ်မှု၊ ရိုပာင်ဂျာ ဒုက္ခသည် ကိစ္စဖြစ်စေသောဘာသာရေးအကြမ်းဖက်မှုနှင့် ဇူလိုင်လကဗုဒ္ဒဂါယာဗုံးခွဲမှု ချိတ်ဆက်မှုရှိနေခြင်းများတို့ကြောင့် အိန္ဒိယ အနေဖြင့် ၎င်း၏အိမ်နီးချင်းဖြင့် ဆက်ဆံရေးမြဲနေစေရန် အလွန်တရာအရေးကြီးစွာလိုအပ်နေပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

"ကျွန်တော်တို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်ပြီးတော့ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ဆောက်နေပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် လုပ်နေတဲ့ အချက်နှစ်ချက်ကို ကျွန်တော် ချပြပါမယ်။ ပထမအချက်က နိုင်ငံတော် ငြိမ်းချမ်းသာယာရေး ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ အဓိကအားဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှ ငြိမ်းချမ်းရေးကို လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အေးချမ်းသာယာဖို့ ဆိုတာက အခုလို ကွင်းကြီးထဲမှာ စည်စည်ကားကား ကျင်းပနိုင်တာကိုက ငြိမ်းချမ်းသာယာနေတာကို ဖော်ပြနိုင်တာပါပဲ"

ဇန်နဝါရီလ ၂ ရက်နေ့ စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "တိုင်းရင်းသား ပြည်သူများ တည်ငြိမ်သည့် ငြိမ်းချမ်းရေး မျှော်လင့်နေ ၊ ကရင် နှစ်သစ်ကူးနေ့ အခမ်းအနား မြဝတီ ခရိုင် ရွှေကုက္ကိုမြိုင် ၌ ကျင်းပ" သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက် နှုတ်ချက်။


 

"သမ္မတကြီး တက်လာပြီးတဲ့ နောက်ပိုင်း ပြည်တွင်းမှာ သွေးထွက်သံယိုမှုတွေ အများကြီး နည်းလာတယ်။ အဲဒါနဲ့ ယှဉ်ပြီး လယ်ယာမြေ ပြဿနာတွေကြောင့် သွေးထွက်သံယိုမှုတွေလည်း အများကြီး ဖြစ်လာတယ်။ အဲဒါကို ပြန်နှိုင်းယှဉ်မယ်ဆိုရင် တစ်ဖက်က သွေးထွက်သံယိုမှုတွေ နည်းအောင် လုပ်သော်လည်း တစ်ဖက်ကတော့ လက်နက်အားကိုးနဲ့ လက်နက်မရှိသူတွေ အပေါ် အနိုင်ကျင့်တာတွေ တွေ့ရတယ်။ ဒါတွေကို သမ္မတကြီး အနေနဲ့လည်း စိတ်ညစ်မှာပဲလေ။ ကျွန်တော်တို့ သမ္မတကြီးကို ကိုယ်ချင်းစာတယ်။ ကချင်စစ်ပွဲ ရပ်ဆိုင်းဖို့ စစ်တပ်ကို ပြောတယ်။ ဒါပေမဲ့ မရဘူး။ ဒါတွေကို စိတ်ညစ်ပြီး သူ သမ္မတ မလုပ်ဘူးလို့တောင် သတင်းထွက်လာတာပဲ။ သမ္မတ ဆိုတာ ပြောတိုင်း ပြီးရမယ်။ တီးတိုင်း မြည်ရမယ်လေ။ တပ်မတော် အပေါ်မှာလည်း ထိုင်စေထိုင် ၊ ထဆိုထ ရှိရမယ်။ ခုဖြစ်နေတာက တပ်မတော် နဲ့ ပတ်သက်ရင် သမ္မတကြီးက အဲသလို ပြောလို့ မရသလို သြဇာ မရှိသလို ဖြစ်နေတယ်။ သမ္မတကြီး တာဝန် ဆက်မထမ်းဆောင်တော့ဘူး ပြောတာလည်း သူတော်တော့်ကို ဘေးကျပ်နံကျပ် ဖြစ်လို့ပဲလေ။ သူရဲ့ သက်တမ်းမပြည့်ခင်မှာ တာဝန် ဆက်မထမ်းဆောင်ဘူး ဆိုပြီး သတင်းထွက်လာတာ ငါတို့ တိုင်းရင်းသားတွေ အနေနဲ့တော့ တကယ့်ကို စိတ်မကောင်းဘူး။ ငါတို့ ယုံကြည်လက်ခံတဲ့ သမ္မတကြီး အနေနဲ့ သူ့ပေါ်ရှိနေတဲ့ ရိုက်ခတ်မှုတွေကြောင့် သက်တမ်းစေ့ တာဝန် မထမ်းဆောင်နိုင်ဘူးဆိုရင်တော့ ပြည်တွင်းရေး ဒီထက် ပိုရှုပ်ထွေးလာမှာပဲ"

ဇန်နဝါရီလ ၃ ရက်နေ့ထုတ် The Hot News ဂျာနယ် အတွဲ (၄) ၊ အမှတ် (၁၇၃) တွင် ပါရှိသော "သမ္မတ ဦးသိန်းစိန် သက်တမ်းစေ့ တာဝန်မထမ်းဆောင်နိုင်ပါက ပြည်တွင်းရေး ပိုမို ရှုပ်ထွေးနိုင်ဖွယ်ရှိဟု ဆို" သတင်းမှ DKBA ဗိုလ်မှူးကြီး စောစန်းအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

"ကျွန်တော်တို့ လျှောက်လှမ်းခဲ့ရတဲ့ ပဋိပက္ခခရီးကို နောက်ကြောင်း ပြန်မလှည့်ချင်တော့ဘူး၊ ကျွန်တော်တို့ နောက်ကြောင်း ပြန်မလှည့်ဘူး ဆိုတာကိုလည်း ကျွန်တော်တို့ ကရင် အမျိုးသားများနဲ့တကွ ဘဝတူ တိုင်းရင်းသားများ အပေါ်မှာ ကျွန်တော်တို့ ကတိပြုပါတယ်။ ဒီတိုင်းပြည်မှာ အုပ်စိုးသူ အဆက်ဆက်က ကျွန်တော်တို့ကို နိုင်ငံရေးအရ စွပ်စွဲ တိုက်ခိုက်ခဲ့တဲ့ ကရင် အမျိုးသားတွေဟာ ဒီတိုင်းပြည်ကနေ ခွဲထုတ်ဖို့ ဆိုတဲ့ ထိုးနှက်ချက်တွေကို နိုင်ငံတော်ဥသျှောင်များ ရှေ့မှောက်၊ ကျွန်တော်တို့ ကရင် အမျိုးသားများရဲ့ ရှေ့မှောက် ၊ ဘဝတူ တိုင်းရင်းသားများရဲ့ ရှေ့မှောက်မှာ ကျွန်တော်တို့ ဒီပြည်ထောင်စုက မခွဲထွက်ဘူးဆိုတာ ကျွန်တော် KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ကိုယ်စား ကျွန်တော် အလေးအနက် ကတိပြုပါတယ်"

ဇန်နဝါရီလ ၂ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲထွက်သွားမည် မဟုတ်ဟု ကေအင်န်ယူမှ ဖဒိုမန်းငြိမ်းမောင် ကရင် နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ကတိပြု" သတင်းမှ KNU ကရင်အမျိုးသားအစည်းအရုံးမှ ဖဒိုမန်းငြိမ်းမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

"တရုတ်ရဲ့ Investment တွေ လျော့သွားလားဆိုတဲ့ အပိုင်းမှာ တချို့လည်း ပြောကြတယ်။ လျော့သွား တယ်ပေါ့။ ကျွန်တော့်အမြင်ကတော့ သိပ်တော့ မလျော့ဘူး။ တရုတ်က ၂ဝ၁၁ - ၂ဝ၁၂ မှာ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု က ၄၃၄၅ သန်း ရှိတယ်။ အဲဒီအထဲမှာ အထက်ချီဖွေပေါ့။ အထက်ချီဖွေက သန်းပေါင်း ၄၃၁၀ ရှိတယ်ဆိုတော့ တရုတ်နိုင်ငံက စုစုပေါင်း ၄၃၄၅ သန်းကနေပြီး သန်းပေါင်း ၄၃၁၀ နုတ်လိုက်ရင် အခြား Investment ဝင်တာ ၃၅ သန်းရှိတယ်။ ၂ဝ၁၂ -၂၀၁၃ မှာကျတော့ သူရဲ့ Investment က ၂၃၇ သန်းရှိတယ်။ အဲဒီတော့ ရုတ်တရက် ကြည့်လိုက်ရင် အရမ်းကျသွားတယ်လို့ ထင်ရပါတယ်။ သို့သော်လည်းပဲ အထက်ချီဖွေကို ခဏ မေ့လိုက်လို့ ရှိရင် သန်းပေါင်း ၃ဝ ကျော်ကနေ သန်းပေါင်း ၂ဝဝ ကျော် ဖြစ်လာတယ်ဆိုတော့ တက်တယ်လို့ တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် လက်ရှိကာလမှာတော့ တရုတ်က ၁၅ သန်းပဲ ရှိသေးတယ်။ မနှစ်နဲ့ ဒီနှစ်ကို နှိုင်းယှဉ်လိုက်ရင်တော့ ဒီနှစ် နည်းနည်းလေး လျော့တယ်လို့ ပြောလို့ ရပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ လက်ထဲမှာ Proposal တွေ ရောက်နေတာရှိပါတယ်။ မနှစ်ကကိုတော့ မမီပေမယ့် တအားတော့ ထိုးမကျဘူး။ ဘာလို့လဲဆိုတော့ အတည်မပြုရသေးတဲ့ Project တွေ ရှိနေတဲ့အတွက်ပါ"

ဇန်နဝါရီလ ၂ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် သဘာဝ အရင်းအမြစ်များ ထုတ်လုပ်သည့်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု လျော့ကျခဲ့" သတင်းမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

"ပြည်နယ် ၊ တိုင်းဒေသကြီး ခရိုင်မြို့နယ် ကော်မရှင် အဖွဲ့ခွဲတွေမှာ အများကြည်ညိုလေးစားသူ ခြောက်ဦးနဲ့ ဌာနဆိုင်ရာ ကိုးဦး ပါဝင်ဖွဲ့စည်းထားပါတယ်။ ဌာနဆိုင်ရာ ကိုးဦးမှာ ထွေအုပ် ပါတယ်။ လဝက ပါတယ်။ ဌာနစုံ ပေါ့။ ကိုယ်ပိုင် ဝန်ထမ်းတော့ မရှိဘူး။ ဒါကြောင့် ဖွဲ့စည်းပုံ တိုးချဲ့တဲ့အခါ လိုအပ်တဲ့ ဝန်ထမ်းတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေ တောင်းပါတယ်။ သူတို့က ရွှေ့လိုတဲ့ ဆန္ဒမရှိလို့ ကာကွယ်ရေးဝန်ကြီးဌာန ဘက်ကို တောင်းတာပါ။"

ဇန်နဝါရီလ ၂ ရက်နေ့ 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ရုံးခွဲများတွင် ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့် ၆၃ ဦး ခန့်အပ်" သတင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချို၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive