Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ထောက်ခံရန် တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

(AFP မှ 5 Jan 2014 ရက်စွဲပါ "Suu Kyi urges army to back charter reform" သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ သမ္မတ ဖြစ်မလာအောင် လောလောဆယ် တားဆီးနေသော တပ်မတော်အစိုးရခေတ် အခြေခံဥပဒေကို ပြင်ဆင်ရေးတွင် အင်အားကြီး တပ်မတော် ပါဝင် ထောက်ခံရန် စနေနေ့က တိုက်တွန်းလိုက်ပါသည်။

တိုင်းပြည်၏ ထိပ်ဆုံး နိုင်ငံရေး အကြီးအကဲ ရာထူးကို တာဝန်ယူရန် အဆင်သင့်ရှိကြောင်း ထုတ်ဖော် ပြောဆို ထားသူ ဒေါ်အောင်ဆန်းစုကြည်က "တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော်တွင် လက်ရှိ ဆွေးနွေးနေ သည့် အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွင် တပ်မတော်ကို မရှိမဖြစ် လိုအပ်သည်ဟု ပြောကြား သည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် NLD ပါတီဝင်များကို အမှာစကား ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်က "အခြေခံဥပဒေ ပြင်ဆင်မှာလား ဆိုတဲ့ ကိစ္စမှာ တပ်မတော်ဟာ နောက်ဆုတ်နေလို့  မရပါဘူး ၊ ပါဝင်ရပါလိမ့်မယ်" ဟု ပြောကြားခြင်း ဖြစ်သည်။

၂ဝ၁၁ တွင် အာဏာ လွှဲပြောင်း ရရှိပြီး နောက်ပိုင်း ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကြောင့် နိုင်ငံတကာ လက်ခုပ်သံများ ရရှိနေသော ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ သမ္မတ ဦးသိန်းစိန်က နိုင်ငံပိုင် မီဒီယာတွင် ကြာသာပတေး နေ့က လပတ် မိန့်ခွန်းပြောကြားရာ၌ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံကြောင်း ပြောဆိုထားသည်။

ဗြိတိသျှနိုင်ငံသား ခံယူထားသော သားနှစ်ယောက်၏ မိခင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်သည်ဟု အားလုံး ယုံကြည်နေကြသော စာပိုဒ်ဖြစ်သည့် ပြည်ပ နိုင်ငံသား ခံယူထားသူ မိသားစုဝင်များ ရှိပါက သမ္မတလောင်း အရည်အချင်းနှင့် အကြုံးမဝင်ဟု ဆိုထားသော စည်းကမ်းချက်များ ပြင်ဆင်ရေးကို ထောက်ခံ သည်ဟုလည်း ဦးသိန်းစိန်က ပြောဆိုခဲ့သည်။

နိုင်ငံသားတိုင်း၏ တိုင်းပြည် ခေါင်းဆောင် ဖြစ်နိုင်ခွင့်ကို ပိတ်ပင်သော စည်းကမ်းများကို မလိုလားပါ ဟု သမ္မတ ဦးသိန်းစိန်က ဆိုပါသည်။

မြန်မာနိုင်ငံတွင် တပ်မတော် (စစ်တပ်) က အာဏာချုပ်ကိုင်မှု စွန့်လွှတ်ရန် လိုလားခြင်း ရှိ ၊ မရှိ တိတိကျကျ စမ်းသပ်မည့်ပွဲ ဟု ရှုမြင်ထားကြသော သော့ချက်ကျ ၂ဝ၁၅ ရွေးကောက်ပွဲများအတွက် ကြိုတင် ပြင်ဆင်နေပြီ ဖြစ်၍ အခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စ ရှေ့တန်းသို့ ရောက်လာခြင်းဖြစ်သည်။

ရွေးကောက်ပွဲများ အပြီးတွင် သမ္မတလောင်း သုံးဦး အနက်မှ သမ္မတ ဖြစ်လာမည့်သူကို လွှတ်တော်က ရွေးချယ်ရ မည် ဖြစ်သည်။

လူထု ရွေးကောက်သော ကိုယ်စားလှယ်အမတ်များဖြင့်သာ ဖွဲ့စည်းရမည့် လွှတ်တော်တွင် ရွေးကောက်ခံ မဟုတ်သော တပ်မတော်သား ကိုယ်စားလှယ်များအတွက် နေရာ လေးပုံ တစ်ပုံ သီးသန့် ဖယ်ပေးထားသည့် တပ်မတော်အစိုး ရခေတ် ၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စအတွက် လှုံ့ဆော်စည်းရုံးမှုကို ဒေါ်အောင်ဆန်း စုကြည်က တစ်ရစ် ပြီး တစ်ရစ် အရှိန်မြှင့်လျက် ရှိသည်။

"ဒီ  အခြေခံဥပဒေ ဟာ မမျှတဘူး ၊ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီဘူး ၊ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ကောင်းမွန်တဲ့ အခြေခံဥပဒေ မဟုတ်ဘူးဆိုတာကို ကျွန်မတို့ ပွင့်ပွင့်လင်းလင်း လက်ခံရပါလိမ့်မယ်" ဟု ဒေါ်အောင်ဆန်း စုကြည်က စနေနေ့တွင် ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်မှု မှန်သမျှသည် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုကို လိုအပ်သောကြောင့် အနည်းဆုံး တပ်မတော်သား အချို့ ထောက်ခံမဲပေးရပါလိမ့်မည်။

NLD ပါတီကမူ အခြေခံဥပဒေကို ဦးစွာ ပြင်ဆင်မှု မပြုနိုင်သည့် တိုင်အောင် ရွေးကောက်ပွဲကိုမူ သပိတ်မမှောက်ပါဟု မကြာသေးမီက ထုတ်ဖော်ပြောကြားထားပါသည်။

ယခင် အစိုးရ (သို့) ယခင် အကြီးအကဲ လက်ထက်က ကျဆင်းသွားခဲ့သော တပ်မတော်၏ ဂုဏ်သိက္ခာ နှင့် ပုံရိပ်ကို လက်ခံရန် လက်ရှိ မျိုးဆက်သစ် ခေါင်းဆောင်များတွင် တာဝန်ရှိသည်ဟု ရန်ကုန်မြို့မှ အကဲခတ် လေ့လာသူများက မှတ်ချက်ပေးထားကြသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

"ဇန်နဝါရီ ၇ ရက် အစည်းအဝေးမှာ ကော်မတီအဖွဲ့ဝင်တွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်းတွေအလိုက် အဆိုပြုချက်တွေ ဘယ်လောက်ရှိတယ် ဆိုတာ ချပြဖို့ ရှိတယ်။ အဲဒါတွေကို အဖွဲ့ဝင်တွေ အနေနဲ့ ဘယ်လို သုံးသပ်မလဲ။ လွှတ်တော်ကို ဘယ်လိုတင်မလဲ။ အကြံပြုချက်တွေ ထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနဲ့ မဲခွဲ ဆုံးဖြတ်လို့ရတဲ့ အချက်တွေ ပါရင် အဲဒါတွေကို ဘယ်လို ဆောင်ရွက်မလဲ။ ချက်ချင်း လုပ်လို့ ရတဲ့ ကိစ္စတွေကို ချက်ချင်း ပြီးပြတ်အောင် ဘယ်လိုလုပ်မလဲ စတဲ့အချက်တွေကို ကော်မတီ အဖွဲ့ဝင်တွေ အနေနဲ့ ဆွေးနွေးကြဖို့ ရှိပါတယ်"

ဇန်နဝါရီလ ၅ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံး သပ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး ဇန်နဝါရီ ၇ ရက်တွင် ပြုလုပ်မည်" သတင်းမှ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ အထွေထွေ အတွင်းရေးမှူး ဦးအေးမောက်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"အဲဒီနေ့ကျမှ အားလုံးရဲ့ သဘောတူညီချက်နဲ့ ဒီမိုကရေစီစနစ်ကျကျနဲ့ ရွေးချယ်ပြီးတော့ ဘယ်သူ ဘယ်တာဝန် ထမ်းဆောင် သင့်သလဲ ဆိုတာ ရွေးချယ်မှာပါ။ ထူးခြားတာ တစ်ခုကတော့ ကျွန်တော်တို့ လောလောဆယ် ပါတီ ဥက္ကဋ္ဌကို ကျွန်တော်တို့ မရွေးသေးဘူး။ တကယ်လို့ ရွေးနိုင်ရင် ရွေးမယ်။ မရွေးနိုင်ရန် ချန်လှပ်ထားမယ်။ အထွေထွေအတွင်းရေးမှူးနဲ့ ဥက္ကဋ္ဌ ကို ချန်လှပ်ထားမယ်"

ဇန်နဝါရီလ ၅ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ဖက်ဒရယ် ပြည်ထောင်စုပါတီ ၏ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ဇန်နဝါရီ တတိယပတ်အတွင်း ဖွဲ့စည်းမည်" သတင်းမှ ဖက်ဒရယ် ပြည်ထောင်စုပါတီ (FUP) ၏ လက်ရှိ ဒုတိယ ခေါင်းဆောင် ဦးစိုင်းစောသန်းမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အစိုးရက မဆိုင်သလို နေလို့မရဘူး။ ပြည်သူ ပြည်သား တစ်ယောက်ချင်းစီနဲ့ ဆိုင်တဲ့ ကိစ္စမှာ အစိုးရနဲ့ မဆိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ တပ်မတော် ရဲ့ အခန်းကဏ္ဍ ကလည်း မပါသလို ၊ ပါသလို လုပ်လို့ မရဘူး။ ပါကို ပါတယ်။ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးက တစ်နိုင်ငံလုံး အတွက် ဖြစ်တယ်ဆိုတာ တပ်မတော်ရော ၊ ပြည်သူရော သိဖို့ လိုပါတယ်"

ဇန်နဝါရီလ ၅ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အစိုးရ အဓိက ကျ ၊ တပ်မတော်၏ ကဏ္ဍ မပါသလို ၊ ပါသလို လုပ်၍ မရ" သတင်းမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"နဂို အစိုးရက နိုင်ငံရေးလုပ်လို့ လူတွေကို အကျဉ်းထောင်ထဲ ပို့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ သေတဲ့သူ က သေ ၊ ဒုက္ခရောက်တဲ့သူက ရောက် ၊ အခု အစိုးရလည်း တောင်းပန်ရမယ် ၊ အကြောင်းအမျိုးမျိုးကြောင့် လက်ရှိမှာ ရာထူးအာဏာ မရှိတဲ့ သူတွေကလည်း နဂိုက ပတ်သက်ခဲ့ရင် သူတို့တွေပါ တောင်းပန်ရမယ်"

ဇန်နဝါရီလ ၆ ရက်နေ့ထုတ် The Messenger ဂျာနယ် အတွဲ (၄)၊ အမှတ် (၃၃) ပါ"နိုင်ငံရေး အကျဉ်းသားဟောင်းများ အား လက်ရှိ အစိုးရ တောင်းပန်ရမည်ဟု နိုင်ငံရေးခေါင်းဆောင်များ ပြော" သတင်းမှ ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင် ကိုမင်းကိုနိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက အကောက်ခွန်ဦးစီးဌာနနဲ့ ပြန်ပြီးတော့ ညှိနှိုင်းနေပါတယ်။ သူတို့ဆီက တရားဝင် စာ ထွက်မလာသေးတဲ့အတွက် ဘယ်ပစ္စည်းတွေကို ပြန်ဖြုတ်မလဲတော့ မသိသေးဘူး။ စာရင်း အတိုင်း အားလုံး ခွင့်ပြုလိုက်မယ် ဆိုရင်တော့ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ ၉၉ ရာခိုင်နှုန်းလောက်ကို လိုင်စင် လျှောက်ထားစရာ မလိုဘဲ တင်သွင်း ခွင့်ရမှာ ဖြစ်ပါတယ်"

ဇန်နဝါရီလ ၅ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ကွန်ပျူတာ နှင့် ဆက်စပ်ပစ္စည်း ရာနှုန်းပြည့်နီးပါးကို လိုင်စင်မလိုဘဲ တင်သွင်းခွင့် ရရန် တင်ပြ" သတင်းမှ မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive