Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

အမေရိကန်က မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် ဝင်ပြီးနောက်မှာ ကြားခံ မလိုတော့ဘူး ဆိုတာကို သူတို့သိလာတယ်။ အမေရိကန်က တရုတ်နဲ့ အမေရိကကို အရမ်းသတိထားတယ်။ သူတို့ မြန်မာနိုင်ငံကို ဝင်လာတယ်ဆိုတာ ဒီမိုကရေစီကြောင့် လည်း မဟုတ်ဘူး။ လူ့အခွင့်အရေးကြောင့်လည်း မဟုတ်ဘူး။ တရုတ်နဲ့ မြောက်ကိုရီးယားကြောင့်လို့မြင်တယ်"

ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် The Irrawaddy Weekly ဂျာနယ် အတွဲ (၁) ၊ အမှတ် (၃) တွင် ပါရှိသော "နဂါး နှင့် လင်းယုန် မြန်မာပြည်မှာ တွေ့ပြီ" သတင်းမှ မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင်နိုင်ငံသား သတင်းစာဆရာ ဘာတေးလ်လစ်တနာ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"ကလေးတွေလည်း ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မယ်။ လူတွေက ထွားလာမယ်။ အရပ်တွေမြင့်လာတာနဲ့အမျှ အားက စားမှာလည်းဝင်ပြီးတော့ အခြားနိုင်ငံတွေနဲ့ယှဉ်ပြိုင်လို့ရမယ်။ အခုကျွန်တော်တို့က အရည်အချင်းတူဦးတော့၊ လေ့ကျင့်တာ ချင်းတူဦးတော့၊ စွမ်းအင်ချင်းတူဦးတော့ အရပ်အမောင်းကကွာနေတော့ အားကစားမှာ ဘယ်လိုမှမယှဉ်ပြိုင်နိုင်ဘူး။ ဒါ ဆီးဂိမ်းမှာ ဒုတိယရတယ်ဆိုတာ အင်မတန်ကံကောင်းတာ။ အင်မတန် ကြိုးစားအားထုတ်လွန်းလို့ ရတာ"

ဇန်နဝါရီလ ၁၇ ရက်နေ့ 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ကျေးလက်တွေမှာ အရက် သောက်သုံးတာတွေ များနေတယ် - သမ္မတ ဦးသိန်းစိန်" ခေါင်းစဉ်ပါ သတင်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"အခုလို အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ပေးရေးကိစ္စဟာ ရေရှည်အကောင် အထည်ဖော်ရမယ့် ကိစ္စဖြစ်ပြီး အမှန်တကယ်အကောင်အထည်ဖော်ရာမှာလည်း အသေးစိတ် ဆောင်ရွက်ရမယ့် အခြေအနေများ၊ အခက် အခဲများရှိမှာဖြစ်ပါတယ်။ နေရာဒေသနှင့် အလုပ်အကိုင်အမျိုးအစားကွာခြားမှု၊ လူနေမှုစရိတ်ကွာခြားမှုလိုပဲ ထည့်သွင်း စဉ်းစားရမယ့်အချက်တွေ များစွာရှိနေမှာဖစ်ပါတယ်။ ကျွန်တော်တို့ သတ်မှတ်ပေးလိုက်တဲ့နှုန်းထားဟာ အလုပ်သမားရော အလုပ်ရှင်တွေပါ Win-Win Situation ရနိုင်မည့်နှုန်းထားမျိုး ဖြစ်ဖို့လိုပါတယ်"

ဇန်နဝါရီလ ၁၇ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "မြန်မာ အလုပ်သမား များအတွက် အနည်းဆုံး အခကြေးငွေကို ၂ဝ၁၄ ခုနှစ် မကုန်မီ သတ်မှတ်ပေးမည်" သတင်းမှ အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအေးမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

"ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေပေါ် မူတည်ပြီးတော့ အချို့တွေက ဘာသာရေးပြဿနာအဖြစ် ပုံဖော်လာတာရှိတယ်။ သို့သော်လည်း လက်ရှိအနေအထားမှာ ပြည်ပက မသိနားမလည်လို့ဘဲဖြစ်ဖြစ် ၊ မမှန်မကန်တဲ့ သတင်းတွေကို အခြေခံပြီးပဲ ဖြစ်ဖြစ်စွပ်စွဲပြီး တစ်စုံတစ်ရာ အတိုင်းအတာအထိ ဖိအားပေးလာတာတွေကို တတ်နိုင်သလောက် ဖြေရှင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စကလည်း ကျွန်တော်တို့နိုင်ငံမှာ ဘာသာပါင်းစုံ ညီညီညွတ်ညွတ်နဲ့ သဟဇာတမျှမျှ သမိုင်းနဲ့ချီပြီး နေလာ ခဲ့တာဖြစ်တဲ့အတွက် ဒီအချိန်ကျမှ ကျွန်တော်တို့က ဘာသာရေးကို အကြောင်းပြုပြီးတော့ ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာဖို့ မမျှော်မှန်းဘူး။ မဖြစ်အောင်လည်း တာဝန်ရှိတဲ့အပိုင်းက တတ်နိုင်သလောက် ဆောင်ရွက်နေပါတယ်။ မတူညီတဲ့ ဘာသာဝင်တွေကြားမှာ အပြန်အလှန် နားလည်လေးစားမှုရှိဖို့ ရှင်းပြနေပါတယ်။ ဒါဟာနိုင်ငံတကာပဿနာ၊ ဒေသတွင်း ပြဿနာဖစ်လာဖို့ အကြောင်းမရှိပါဘူး"

ဇန်နဝါရီလ ၁၇ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူ ထားချိန်တွင် ပြည်တွင်း ပဋိပက္ခများကို တည်ငြိမ်စွာ ဖြေရှင်းပြီး ၂၀၁၅ အမီ အာဆီယံ အသိုက်အမြုံ ပေါ်ပေါက် ရေး အဓိကထားကြိုးပမ်းမည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးပြောကြား" သတင်းမှ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

"ပထမအချက်က မြန်မာနိုင်ငံရဲ့လူမှုရေး ၊ စီးပွားရေး ၊ နိုင်ငံရေးပိုင်းတွေ ပွင့်လင်းလာတဲ့နောက်ပိုင်းမှာ အမျိုးသမီးတွေ အနေနဲ့ တက်ကြွစွာပါဝင်လာကြတာကို တွေ့လာရတယ်။ မြန်မာနိုင်ငံရဲ့အားသာချက်က လူသားအရင်းအမြစ်ရှိတယ်။ ဒီနိုင်ငံ မှာက နှစ်ပေါင်းခြောက်ဆယ်ကျော် စစ်ဖြစ်ပွားခဲ့တယ်။ အဲဒီစစ်အတွင်းမှာ အမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု ၊ အကြမ်းဖက်မှုတွေပေါင်းစုံ ကြုံတွေ့ခဲ့ရတယ်။ စစ်ဖစ်ပွားတဲ့နေရာမှာ တပ်မတော်ကစစ်သားတွေ ကျူးလွန်တာတွေ အများ ကြီးရှိခဲ့တယ်။ အရပ်သားအုပ်ချုပ်မှုအောက်မှာ စစ်တပ်ကရှိရမှာကို တကယ့်တမ်းကျတော့မရှိဘူး။ ကျွန်မတို့နိုင်ငံရဲ့ လက်ရှိ အခြေအနေကို ဖော်ပြမယ်ဆိုရင် အမျိုးသမီးတွေရဲ့နစ်နာနေတဲ့အပိုင်းကို ထည့်သွင်းစဉ်းစားထားဖို့ လိုနေသေးတယ်။ ဒုတိယ အချက်က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး တည်ဆောက်တဲ့ကာလမှာ အမျိုးသားနဲ့ အမျိုးသမီး ပူးပေါင်းလုပ်ဆောင်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုရလာမယ်။ နစ်နာတဲ့သူတွေဆီမှာက အာဃာတတွေအမုန်းတရား တွရှိတယ်။ အဲဒါတွေကို ဖော် ထုတ်မှဖြစ်မယ်။ အဲဒီကိစ္စတွေကို အရေးကြီးတဲ့ ပြဿနာတွေအနေနဲ့ အမျိုးသားတွေက မြင်ချင်မှမြင်မှာပါ။ အဲဒါကြောင့် ငြိမ်းချမ်းရေးဆွးနွေးပွဲတွေမှာ အမျိုးသမီးတွေပါဝင်ခွင့်ရမှသာလျှင် ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ တိုင်းပြည်တစ်ခုက အမှန်တကယ် ငြိမ်းချမ်းတော့မှာ ဖြစ်ပါတယ်"

ဇန်နဝါရီလ ၁၇ ရက်နေ့ Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ပါဝင်ခွင့် လိုအပ်သည့် အမျိုးသမီးများ" ကဏ္ဍမှအမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အတွင်းရေးမှူး ဒေါ်တင်တင်ညို၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အခန်းလိုက်စုပေါင်းပြီး ပြည်ထောင်စုကို တင်မယ်။ နည်းတာ၊များတာ အဓိကမဟုတ်ဘူး။ ပယ်ဖျက်ဖို့ လူက ၁၀၀ ပြောပေ မယ့် ပြည်ထောင်စုမှာ ဆွေးနွေးပြီးမှ ဆွေးနွေးချက်ပေါ်မှာပဲ မူတည်ပြီး ဆက်လုပ်မှာက အန်ကယ်တို့က ဥပဒေကြမ်း တင်မှ ပြင်လို့ရမှာ ။ ဥပဒေကြမ်းတင်ဖို့အတွက်ကို ဒီအဖွဲ့က ပြင်ဆင်ပေးတဲ့ သဘောပဲ”

ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ (၃၃) အမှတ် (၆၅၆) တွင် ပါရှိသော “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အကြံပြုလွှာများအားလုံး ပြည်ထောင်စုလွှတ်တော်သို့ တင်မည်” သတင်းမှ ကော်မတီ အတွင်းရေးမှူး ဦးအေးမောက် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ရထားတဲ့ အခွင့်အရေးကို အခွင့်အလမ်းမိမိနဲ့ အသုံးချဖို့အတွက် တိုက်တွန်းချင်ပါတယ်။ ဒါမှသာ အရင်မြန်မာက အာဆီယံ အတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်တဲ့နိုင်ငံ၊ တစ်ကမ္ဘာလုံးမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရဆုံး နိုင်ငံအဖြစ် သတ်မှတ်တဲ့ နေရာကနေ ပြောထားတဲ့အတိုင်း လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်အောင် ဆောင်ရွက်နိုင်တဲ့ နိုင်ငံအဖြစ် အပြော မဟုတ်ဘဲ လက်တွေ့ပါ ကျွန်တော်တို့ ဖော်ဆောင်နိုင်မှာ ဖြစ်တဲ့အတွက် ဒီအခွင့်အရေးကို လက်မလွှတ်ပါစေနဲ့”

ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် The Reporter Journal အမှတ် (၅၅) တွင် ပါရှိသော “အာဆီယံဥက္ကဌတာဝန် လက်ခံယူထားသော မြန်မာနိုင်ငံအနေဖြင့် ရထားသည့်အခွင့်အရေးကို မိမိရရ အသုံးချရန်လို" သတင်းမှ ဦးအောင်မျိုးမင်း (Equality Myanmar) ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဘားအံ့ဆွေးနွေးပွဲက ဖြစ်မှာပါ။ နှစ်ဖက်ဆွေးနွေးမယ့်အချိန် လုံလောက်မှုနည်းတဲ့အတွက် ရွှေ့ဆိုင်းလိုက်ရတာပါ။ အခု ဇန်နဝါရီလ ၂၀၊ ၂၂ မှာလုပ်မယ့် KNU နယ်မြေက တိုင်းရင်းသားတွေ အချင်းချင်းတွေ့ဆုံပွဲပြီးရင် ဘယ်အချိန်လောက် လုပ်ဖြစ်မလဲဆိုတာ ဝန်ကြီးဦးအောင်မင်းနဲ့ ညှိနှိုင်းဖို့ ရှိမယ်။ သေချာပေါက်တော့ တွေ့ဆုံပွဲရှိမယ်။ အခု ပွဲပြီးပြီးချင်း ဆောင်ရွက်နိုင်ဖို့တော့ မရှိဘူး။ တိုင်းရင်းသားလက်နက်ကိုင်ချင်းတွေ့ပြီး အစိုးရအဖွဲ့နဲ့ တစ်ကြိမ်မကတော့ လိုအပ်သလို အလွတ် သဘာတွေ့ဆုံဖို့ ရှိတယ်။ အခုတော့ ညှိနှိုင်းနေဆဲပဲ ဘယ်တော့လောက် တွေ့မလဲကတော့ KNU ပြီးမှ ထပ်ဆွေးနွေးမယ်။ သေချာပေါက်လုပ်ဖြစ်မယ်။ အရေးကြီးတာက သူတို့ ခေါင်းဆောင်တွေနဲ့ ချင်းမိုင်၊ ရန်ကုန်မှာ ညှိထားတာ တွေကို ပြန်ပြောပြန်တင်ပြပြီး နောက်မှ ကျွန်တော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ တွေ့မယ်”

ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် ပဲ့တင်သံဂျာနယ် အမှတ် (၂၉) တွင် ပါရှိသော “ဘားအံ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရက်ရွှေ့သော်လည်း သေချာပေါက် တွေ့ဆုံသွားရန်ရှိ” သတင်းမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဝင် ဦးလှမောင်ရွှေ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အစိုးရဘက်ကလည်း အဖွဲ့တစ်ဖွဲ့ပါမယ်။ ကုမ္မဏီတွေဘက်ကလည်း အဖွဲ့တစ်ဖွဲ့ပါမယ်။ ကျွန်တော်တို့ အရပ်ဖက် လူမှု့ အဖွဲ့အစည်းကလည်း ပါမယ်။ သဘာဝသယံဇာတ ထုတ်လုပ်တော့မယ်ဆိုရင် အရင်တုန်းကလို လုပ်ချင်တိုင်းလုပ်လို့ မရနိုင်တော့ဘူးလေ။ အရပ်ဖက်ပြည်သူ့ကို ကိုယ်စားပြုထားတာဆိုတော့ သုံးဖွဲ့လုံး သဘောတူမှ လုပ်လို့ရတော့မယ်”

ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “သဘာဝသယံဇာတ ထုတ်လုပ်မှု ပွင့်လင်းမြင်သာရေး ဧရာဝတီတွင် တိုင်းအဆင့်ဖွဲ့စည်း” သတင်းမှ တိုင်းအဆင့် ကိုယ်စားပြု ကော်မတီအဖွဲ့ဝင် တစ်ဦး ဖြစ်သူ ဦးစိုးလှိုင်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ငွေရေးကြေးရေး တည်ငြိမ်မှုစနစ်ခိုင်မာစေရန်နဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများ စွမ်းဆောင်ရည်မြှင့် တင်နိုင် ရန်အတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှု အမျိုးအစားတိုးချဲ့ခြင်း၊ မိုဘိုင်းဘဏ်လုပ်ငန်းအပါအဝင် Financial Inclysion ကို ကျေးလက် ဒေသ နေထိုင်သူတွေနဲ့ ဘဏ်ဝန်ဆောင်မှုမရရှိနိုင်သေးတဲ့ ပြည်သူတွေထံသို့ ငွေရေး ကြေးရေး ဝန်ဆောင်မှု ရောက်ရှိစေရန် ဆောင်ရွက်နေပါတယ်”

ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “၂၀၁၄ ခုနှစ်အတွင်း နိုင်ငံခြားဘဏ်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်ပြီး မိုဘိုင်းဘဏ်ဝန်ဆောင်မှု လုပ်ငန်းများဖြင့် ငွေရေး၊ကြေးရေး ဝန်ဆောင်မှုပေးမည်” သတင်းမှ ဗဟိုဘဏ်ဒုဥက္ကဌ ဒေါ်ခင်စောဦး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive