Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(Bangkok Post မှ 9 Jan 2014 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော The Shrine to Insensitivity ကို ဘာသာပြန်ဆိုသည်)


စာနာမှုကင်းမဲ့မှုကို ဖော်ကျူးသည့် ယာကူဇူနီဂူဗိမာန်

(Bangkok Post မှ 9 Jan 2014 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော The Shrine to Insensitivity ကို ဘာသာပြန်ဆိုသည်)

တခါတရံတွင် အတိတ်ကာလဆီမှ ဖြစ်ရပ်များကို မဖြစ်မနေ ကွယ်ဖျောက်ထားပါမှ နိုင်ငံများနှင့် ပြည်သူများ အနေ ဖြင့် ကောင်းစွာ ရှေ့ဆက် ရှင်သန်နိုင်မည်ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စုသည် တစ်ချိန်တစ်ခါတုန်းက အရှေ့တောင်အာရှဒေသမှ ကွန်မြူနစ်စနစ်ကို ထိန်းချုပ် နိုင်ရေးအတွက် နှစ်ပေါင်းများစွာ စစ်တိုက်ခဲ့ကြသည်။ သို့သော် ထိုသို့အရှေ့တောင် အာရှဒေသတွင် စစ်ဖြစ်ခဲ့သည်ဟူ သော ကိစ္စမှာ မနေ့က (အတိတ်ကာလဆီမှ) ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။ ယနေ့ယခုတွင်မူ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဖလှယ် ရေးအတွက် ပိုမိုလုပ်ကိုင်လျက်ရှိသည်။ ထို့အတူ မြန်မာဘုရင်များသည်လည်း တစ်ချိန်တစ်ခါက ထိုင်းနိုင်ငံအပေါ် အကြီး အကျယ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ယခုအခါမြန်မာနှင့် ထိုင်းနိုင်ငံတို့မှာ အတူအကွပူးပါင်း ဆောင်ရွက် မှုများလုပ်ကိုင်နေသည်ကိုတွေ့ရပေမည်။ ထိုသို့ အတိတ်ဆီမှ ဖြစ်ရပ်ဆိုးများကို မေ့ဖျောက်ကာ ပစ္စုပ္ပန်ကာလကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်သည်ဟူသည့် သဘောတရားများကို နိုင်ငံအတော်များများတွင် တွေ့ရ သော်လည်း ယင်းနိုင်ငံများထဲတွင် ဂျပန်ကိုတော့ခြွင်းချက်အဖြစ် ဖယ်ထားရမလိုဖြစ်နေသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်နေ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ယာကူဇူနီ စစ်ဂူဗိမာန်သို့ သွားရောက်လည်ပတ်ခဲ့မှုသည် အိမ်နီးချင်း နိုင်ငံများအပေါ် ဂျပန်နိုင်ငံ၏လွဲမှားသော ပြုမူဆက်ဆံမှုတစ်ရပ်ဖြစ်သည်။ ရန်ပြုစရာမလိုဘဲရန်ပြုလိုက်သည့် လုပ်ဆောင်ချက် တစ်ရပ်ဟု ၏ ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။

ဂျပန်ခေါင်းဆောင်များသည်  ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးခဲ့ရသူများကို ဂုဏ်ပြုရန် အလို့ငှာ တိုကျိုရှိ အဆို ပါ ဂူဗိမာန်သို့ သွားရောက်ခြင်းဖြစ်သည်ဟု နှစ်များစွာကတည်းက ပြောဆိုခဲ့ကြသည်။ မှန်ပါသည်။ ဂူဗိမာန်ထားရှိကာ ဂုဏ်ပြု ခံရသော သေဆုံးသူပေါင်းများစွာတို့သည် တစ်ချိန်တစ်ခါကရက်စက်ကြမ်းတမ်းသော စစ်ခေါင်းဆောင်များ၏ ဖိအား ပေးမှုကြောင့် ဒုက္ခပေါင်းများစွာကို ခံစားခဲ့ကြရသူများပင်ဖြစ်သည်။ သို့သော် ဂူဗိမာန်သို့သွားရောက်မှုမှန်သမျှသည် အမည် ပေါင်း ၂ ဒသမ ၄ သန်းခန့်ဖြင့် ကဗျည်းထိုးခြင်း ခံထားရသူများကို ဂါရဝပြုခြင်းပင်ဖြစ်သည်။ ယင်းဂူဗိမာန်သည် တရုတ်တို့ ကြီးစိုးစဉ် အသက်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရမှုကို ညွှန်းဆိုခြင်းဖြစ်သည်။ သို့သော် ထိုသို့ဂုဏ်ပြုခံရသူများထဲတွင် ဒုတိယ ကမ္ဘာစစ်အတွင်း လူသန်းပေါင်းများစွာကို သတ်ဖြတ်မှု၊ညှဉ်းပန်းနှိပ်စက်မှုများကျူးလွန်ခဲ့သည့် စစ်ရာဇ ဝတ်သား ၁၄ ဦး လည်း ပါဝင်လျက်ရှိပါသည်။

ဂျပန်ဝန်ကြီးချုပ် အာဘေး၊ ကာကွယ်ရေးဝန်ကြီး အစ်ဆာနိုရီအိုနိုဒီရာ နှင့် အခြားသော ထိပ်တန်းအရာရှိကြီး များ သည် အဆိုပါဂူဗိမာန်၏သမိုင်းကြောင်းကို ကောင်းစွာသိကြသည်။ သို့အတွက်ကြောင့် ဂူဗိမာန်သို့ သွားရောက် လည်ပတ်စဉ် မစ္စတာအာဘေးက ယခုလိုထုတ်ဖော်ပြောဆိုသည်။ “စစ်ကြောင့် သေဆုံးခဲ့ရသူတွေရဲ့ ဝိဉာဉ်တွေရှေ့မှာ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့ပါတယ်။ ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကဘာလဲဆိုရင် ဘယ်တော့မှစစ်ထပ်မဖြစ် တော့ဘူး ဆိုတဲ့ ကတိကဝတ်ကို အခိုင်အမာပေးဖို့ပါပဲ”ပာု ၎င်းကဆိုသည်။

မစ္စတာအာဘေးအနေဖြင့် ထိုသို့သော ကတိကဝတ်များကို ရက်စက်ကြမ်းတမ်းသော စစ်ရာဇဝတ်ကျူးလွန်သူ များ ကို အောက်မေ့ဖွယ်ပြုလုပ်ထားသည့် ဂူဗိမာန်၌ ပြောဆိုသည်မှာ  အံ့အားသင့်စရာကောင်းသည်။ သို့သော် ထိုသို့ ထူးဆန်း အံ့ဖွယ်ကောင်းသည့် လုပ်ရပ်မျိုးပြုလုပ်ပြသည်မှာ ပြဿနာအစပင် ရှိသေးသည်ဟုဆိုရမည်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဆိုးဆိုးရွားရွား  လျစ်လျူ ရှုထားသည့် အရေးကြီး ပြဿနာနှစ်ရပ်ရှိနေပါသေးသည်။

ပထမတစ်ခုမှာ ယခုကဲ့သို့ နာကျည်းမှုနှင့် အမျက်ဒေါသတို့ပေါင်းစပ်ထားမှုက ဂျပန်နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများကို ထိခိုက်စေသည်။ တစ်ချိန်က ဖက်ဆစ်ဂျပန်တို့၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် အခွင့်အရေးချိုးဖောက်မှုဒဏ်ကို အများဆုံး ခံခဲ့ ရသော တရုတ်နိုင်ငံဆိုလျှင် မစ္စတာ ရှင်ဇိုအာဘေးကို မည်သည့်အခါမျှ နွေးထွေးစွာ ကြိုဆိုတော့မည် မဟုတ်ဟု ဆုံးဖြတ် ထားပြီဖြစ်သည်။ ဂျပန်တို့၏ ကျူးကျော်မှုကိုခံခဲ့ရသော တောင်ကိုရီးယားနိုင်ငံဆိုလျှင် မစ္စတာ အာဘေးသည် ဂျပန်တို့ စစ်မီး မွှေးကာ ကိုလိုနီနယ်ချဲ့မှုပြုခဲ့သည့် ဆယ်စုနှစ်များကို အလှဆင်နေခြင်းဖြစ်သည်ဟု စွပ်စွဲ ပြောဆိုသည်။

မစ္စတာအာဘေးကမူ ၎င်း၏ ဦးတည်ချက်မှာ တရုတ်နှင့် ကိုရီးယားပြည်သူများ၏ ခံစားချက်ကို ထိခိုက်နစ်နာ စေလိုခြင်းမရှိဟု ဆိုသည်။ သူ၏ရှင်းလင်းပြောဆိုချက်မှာ ရိုးစင်းမှုမရှိဟုပင် ဆိုရပေမည်။ မစ္စတာ အာဘေးတွင် စစ်ကို စက်ဆုပ်ရွံမုန်းကြောင်း ထုတ်ဖော်ပြောဆိုနိုင်သည့် နည်းလမ်းပေါင်း မရေမတွက်နိုင်အောင်ရှိပါလိမ့်မည်။ ၎င်းတွင် မည်သို သာ ဦးတည်ချက်ရှိနေသည်ဆိုစေကာမူ အမှန်ပြောရလျှင် မစ္စတာအာဘေးသည် အိမ်နီးချင်းနိုင်ငံများကို ထိခိုက် နစ်နာ စေရုံ မျှမက အခြေအနေကိစ္စအရပ်ရပ်ကိုလည်း သိရှိထားသူဖြစ်သည်။ သို့အတွက်ကြောင့် ရှင်းရှင်းလင်းလင်း ပြောရလျှင် မစ္စတာအာဘေးသည် တရုတ်နှင့် ကိုရီးယားတို့၏ တုံ့ပြန်မှုနှင့်ပတ်သက်၍ မည်သို့မျှ အလေးမထားခဲ့သည်မှာ ထင်ရှား ပါသည်။

ဒုတိယပဿနာတစ်ရပ်မှာ ပို၍ပင်ဆိုးသည်ဟုဆိုရမည်။ မစ္စတာအာဘေးက တရုတ်နှင့် ကိုရီးယားအကြောင်း ထုတ်ဖော်ပြောဆိုမှုပင်ဖြစ်သည်။ သို့သော် ထိုသို့ထုတ်ဖော်ပြောဆိုရခြင်းမှာလည်း အဆိုပါနှစ်နိုင်ငံသည် နိုင်ငံ့ ခေါင်း ဆောင်များက တုံ့ပြန်ထုတ်ဖော်ရသည်အထိ လုံးလုံးလျားလျား စိတ်အနှောက်အယှက် ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။ ဂျပန် ဖက်ဆစ်တို့ လက်ထက်က များစွာဖိနှိပ်ညှဉ်းဆဲခံခဲ့ရသော အခြားတိုင်းပြည်များမှ ပြည်သူသန်းပေါင်း များစွာကိုမူ မစ္စတာ အာဘေးအနေဖြင့် ရည်ညွှန်းပြောဆိုခဲ့ခြင်းမရှိပေ။(ဥပမာ- ဖိလစ်ပိုင်၊ အင်ဒိုချိုင်းနား၊မလေးနှင့် စင်ကာပူ၊ မြန်မာနှင့် ထိုင်း) ဝန်ကြီးချုပ် အာဘေး ယာကူဇူနီဂူဗိမာန်သို့ သွားရောက်လည်ပတ်မှုနှင့်ပတ်သက်၍ ထိုင်းလူမျိုးများ အနေဖြင့် ဒွိဟ ဖြစ် ကောင်းဖြစ်နေနိုင်ပါသည်။ သို့သော် စစ်တွင်းလက်ထက်က အသက်မသေဘဲ ကျန်ရစ်ခဲ့သော ဆရီထိုင်း သူရဲကောင်းများမှာ ဂျပန်စစ်ရာဇဝတ်သားများကို ဂါရဝပြုခဲ့သည့် မစ္စတာအာဘေး၏ အပြုအမူကြောင့် အလွန်အ မင်း တုန်လှုပ်ခြောက်ခြားခဲ့ကြသည်။

ရှင်းရှင်းလင်းလင်းပြောရလျှင် ဂျပန်သည် အတိတ်ကာလဆီမှ ရာဇဝတ်မှုများနှင့်ပတ်သက်၍နည်းမှန်လမ်းမှန် ဖြေရှင်းမှု မည်သည့်အခါကမျှ မပြုလုပ်ခဲ့ပေ။ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်ဖြစ်ခဲ့သော ဂျာမနီကဲ့သို့ စစ်ရာဇဝတ်မှု ကျူးလွန်သူများကို အပြစ်ပေးရန် ကြိုးပမ်းမှု လည်းမပြုလုပ်ခဲ့ပေ။ ဆိုရလျှင် ယာကူဇူနီဂူဗိမာန်သို့ သွားရောက်ဂါရဝ ပြုသည့် မစ္စတာအာဘေး၏ အပြုအမူသည် ကိုယ်ချင်းစာနာစိတ်ကင်းမဲ့သော သဘောထားတွင်အခြေခံပြီး အရှေ့အာရှမှ အိမ်နီးချင်းနိုင်ငံများကို စော်ကားမှုပြုသောအပြုအမူပင်ဖြစ်တော့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

အမေရိကန်က မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် ဝင်ပြီးနောက်မှာ ကြားခံ မလိုတော့ဘူး ဆိုတာကို သူတို့သိလာတယ်။ အမေရိကန်က တရုတ်နဲ့ အမေရိကကို အရမ်းသတိထားတယ်။ သူတို့ မြန်မာနိုင်ငံကို ဝင်လာတယ်ဆိုတာ ဒီမိုကရေစီကြောင့် လည်း မဟုတ်ဘူး။ လူ့အခွင့်အရေးကြောင့်လည်း မဟုတ်ဘူး။ တရုတ်နဲ့ မြောက်ကိုရီးယားကြောင့်လို့မြင်တယ်"

ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် The Irrawaddy Weekly ဂျာနယ် အတွဲ (၁) ၊ အမှတ် (၃) တွင် ပါရှိသော "နဂါး နှင့် လင်းယုန် မြန်မာပြည်မှာ တွေ့ပြီ" သတင်းမှ မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင်နိုင်ငံသား သတင်းစာဆရာ ဘာတေးလ်လစ်တနာ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"ကလေးတွေလည်း ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မယ်။ လူတွေက ထွားလာမယ်။ အရပ်တွေမြင့်လာတာနဲ့အမျှ အားက စားမှာလည်းဝင်ပြီးတော့ အခြားနိုင်ငံတွေနဲ့ယှဉ်ပြိုင်လို့ရမယ်။ အခုကျွန်တော်တို့က အရည်အချင်းတူဦးတော့၊ လေ့ကျင့်တာ ချင်းတူဦးတော့၊ စွမ်းအင်ချင်းတူဦးတော့ အရပ်အမောင်းကကွာနေတော့ အားကစားမှာ ဘယ်လိုမှမယှဉ်ပြိုင်နိုင်ဘူး။ ဒါ ဆီးဂိမ်းမှာ ဒုတိယရတယ်ဆိုတာ အင်မတန်ကံကောင်းတာ။ အင်မတန် ကြိုးစားအားထုတ်လွန်းလို့ ရတာ"

ဇန်နဝါရီလ ၁၇ ရက်နေ့ 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ကျေးလက်တွေမှာ အရက် သောက်သုံးတာတွေ များနေတယ် - သမ္မတ ဦးသိန်းစိန်" ခေါင်းစဉ်ပါ သတင်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"အခုလို အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ပေးရေးကိစ္စဟာ ရေရှည်အကောင် အထည်ဖော်ရမယ့် ကိစ္စဖြစ်ပြီး အမှန်တကယ်အကောင်အထည်ဖော်ရာမှာလည်း အသေးစိတ် ဆောင်ရွက်ရမယ့် အခြေအနေများ၊ အခက် အခဲများရှိမှာဖြစ်ပါတယ်။ နေရာဒေသနှင့် အလုပ်အကိုင်အမျိုးအစားကွာခြားမှု၊ လူနေမှုစရိတ်ကွာခြားမှုလိုပဲ ထည့်သွင်း စဉ်းစားရမယ့်အချက်တွေ များစွာရှိနေမှာဖစ်ပါတယ်။ ကျွန်တော်တို့ သတ်မှတ်ပေးလိုက်တဲ့နှုန်းထားဟာ အလုပ်သမားရော အလုပ်ရှင်တွေပါ Win-Win Situation ရနိုင်မည့်နှုန်းထားမျိုး ဖြစ်ဖို့လိုပါတယ်"

ဇန်နဝါရီလ ၁၇ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "မြန်မာ အလုပ်သမား များအတွက် အနည်းဆုံး အခကြေးငွေကို ၂ဝ၁၄ ခုနှစ် မကုန်မီ သတ်မှတ်ပေးမည်" သတင်းမှ အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအေးမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

"ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေပေါ် မူတည်ပြီးတော့ အချို့တွေက ဘာသာရေးပြဿနာအဖြစ် ပုံဖော်လာတာရှိတယ်။ သို့သော်လည်း လက်ရှိအနေအထားမှာ ပြည်ပက မသိနားမလည်လို့ဘဲဖြစ်ဖြစ် ၊ မမှန်မကန်တဲ့ သတင်းတွေကို အခြေခံပြီးပဲ ဖြစ်ဖြစ်စွပ်စွဲပြီး တစ်စုံတစ်ရာ အတိုင်းအတာအထိ ဖိအားပေးလာတာတွေကို တတ်နိုင်သလောက် ဖြေရှင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စကလည်း ကျွန်တော်တို့နိုင်ငံမှာ ဘာသာပါင်းစုံ ညီညီညွတ်ညွတ်နဲ့ သဟဇာတမျှမျှ သမိုင်းနဲ့ချီပြီး နေလာ ခဲ့တာဖြစ်တဲ့အတွက် ဒီအချိန်ကျမှ ကျွန်တော်တို့က ဘာသာရေးကို အကြောင်းပြုပြီးတော့ ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာဖို့ မမျှော်မှန်းဘူး။ မဖြစ်အောင်လည်း တာဝန်ရှိတဲ့အပိုင်းက တတ်နိုင်သလောက် ဆောင်ရွက်နေပါတယ်။ မတူညီတဲ့ ဘာသာဝင်တွေကြားမှာ အပြန်အလှန် နားလည်လေးစားမှုရှိဖို့ ရှင်းပြနေပါတယ်။ ဒါဟာနိုင်ငံတကာပဿနာ၊ ဒေသတွင်း ပြဿနာဖစ်လာဖို့ အကြောင်းမရှိပါဘူး"

ဇန်နဝါရီလ ၁၇ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူ ထားချိန်တွင် ပြည်တွင်း ပဋိပက္ခများကို တည်ငြိမ်စွာ ဖြေရှင်းပြီး ၂၀၁၅ အမီ အာဆီယံ အသိုက်အမြုံ ပေါ်ပေါက် ရေး အဓိကထားကြိုးပမ်းမည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးပြောကြား" သတင်းမှ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

"ပထမအချက်က မြန်မာနိုင်ငံရဲ့လူမှုရေး ၊ စီးပွားရေး ၊ နိုင်ငံရေးပိုင်းတွေ ပွင့်လင်းလာတဲ့နောက်ပိုင်းမှာ အမျိုးသမီးတွေ အနေနဲ့ တက်ကြွစွာပါဝင်လာကြတာကို တွေ့လာရတယ်။ မြန်မာနိုင်ငံရဲ့အားသာချက်က လူသားအရင်းအမြစ်ရှိတယ်။ ဒီနိုင်ငံ မှာက နှစ်ပေါင်းခြောက်ဆယ်ကျော် စစ်ဖြစ်ပွားခဲ့တယ်။ အဲဒီစစ်အတွင်းမှာ အမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု ၊ အကြမ်းဖက်မှုတွေပေါင်းစုံ ကြုံတွေ့ခဲ့ရတယ်။ စစ်ဖစ်ပွားတဲ့နေရာမှာ တပ်မတော်ကစစ်သားတွေ ကျူးလွန်တာတွေ အများ ကြီးရှိခဲ့တယ်။ အရပ်သားအုပ်ချုပ်မှုအောက်မှာ စစ်တပ်ကရှိရမှာကို တကယ့်တမ်းကျတော့မရှိဘူး။ ကျွန်မတို့နိုင်ငံရဲ့ လက်ရှိ အခြေအနေကို ဖော်ပြမယ်ဆိုရင် အမျိုးသမီးတွေရဲ့နစ်နာနေတဲ့အပိုင်းကို ထည့်သွင်းစဉ်းစားထားဖို့ လိုနေသေးတယ်။ ဒုတိယ အချက်က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး တည်ဆောက်တဲ့ကာလမှာ အမျိုးသားနဲ့ အမျိုးသမီး ပူးပေါင်းလုပ်ဆောင်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုရလာမယ်။ နစ်နာတဲ့သူတွေဆီမှာက အာဃာတတွေအမုန်းတရား တွရှိတယ်။ အဲဒါတွေကို ဖော် ထုတ်မှဖြစ်မယ်။ အဲဒီကိစ္စတွေကို အရေးကြီးတဲ့ ပြဿနာတွေအနေနဲ့ အမျိုးသားတွေက မြင်ချင်မှမြင်မှာပါ။ အဲဒါကြောင့် ငြိမ်းချမ်းရေးဆွးနွေးပွဲတွေမှာ အမျိုးသမီးတွေပါဝင်ခွင့်ရမှသာလျှင် ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ တိုင်းပြည်တစ်ခုက အမှန်တကယ် ငြိမ်းချမ်းတော့မှာ ဖြစ်ပါတယ်"

ဇန်နဝါရီလ ၁၇ ရက်နေ့ Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ပါဝင်ခွင့် လိုအပ်သည့် အမျိုးသမီးများ" ကဏ္ဍမှအမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အတွင်းရေးမှူး ဒေါ်တင်တင်ညို၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive