Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

ပြီးခဲ့သောအပတ်က မြန်မာနိုင်ငံသို့ သက်ဆင်ရောက်လာခဲ့

(Bangkok Post မှ 10 Feb 2014 ရက်စွဲပါ “Pheu Thai: Thaksim was in Myanmar last week” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၏ ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာနှင့် သူ့ မိသားစုတို့သည် ယခင်အပတ်က မြန်မာနိုင်ငံတွင် ရှိခဲ့သည်ဟု ၎င်း၏ ယောက်ဖတော်စပ်သူ ဆီနိတ်တာ ဆုပ်ချိုင်းဝပ်စဝပ် က ဆိုပါသည်။

မြန်မာနိုင်ငံရောက် သက်ဆင်၏ အွန်လိုင်းဓါတ်ပုံများသည် မြန်မြန်ဆန်ဆန်ပျံ့နှံ့သွားခဲ့ပြီး ဓါတ်ပုံများတွင် သံဃာတော်များကို ပူဇော်လှူဒါန်းနေသော သက်ဆင်ကို တွေ့ရသည်။ ဆီနိတ်တာ ဆုပ်ချိုင်း သည် ဓါတ်ပုံများကို ပထမဦးဆုံးရှယ်သူတစ်ဦးဟု ယုံကြည်ရပြီး ၎င်းတင်ထားသော အွန်လိုင်းဓါတ်ပုံများတွင် “သူ ဘယ်သူလဲ သူ မြန်မာနိုင်ငံမှာ ရောက်နေတယ်” ဟု မေးခွန်း ထုတ်ထားသည်။

သက်ဆင်သည် ရန်ကုန်မြို့ချက်ထရီယမ် ဟိုတယ် ၁၀ လွှာတွင် နေထိုင်ခဲ့ပြီး၊ ယင်းအလွှာနှင့် အောက်ထပ် နှစ်လွှာတွင် အခန်းများကြိုတင်မှာယူထားသော ဘန်ကောက်မှ အနီးကပ်ဘက်တော်သားများနှင့်အတူ ရှိခဲ့ခြင်း ဖြစ် သည်ဟု အသေးစိတ်သတင်းတစ်ပုဒ်က ဆိုသည်။

အချို့ကလည်း သက်ဆင်သည် ၎င်း၏ ညီမဖြစ်သူ အိမ်စောင့်အစိုးရဝန်ကြီးချုပ် ယင်လပ်ကို ဖြုတ်ချရန်နှင့် ၎င်း၏ သြဇာကို ထိုင်းနိုင်ငံမှ ဖယ်ရှားရန် စည်းရုံးလှုပ်ရှားနေသော ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကော်မတီ ခေါင်းဆောင်များ ဖြစ်ကြသည့် ဆူသက်သောင်ဘန် နှင့် လမ်ပုဘူဒါအစ်စရာ တို့အား တုန့်ပြန်ရန်အတွက် မန္တလေးတွင် ပြုလုပ်သော ကိုးကွယ်ယုံကြည်မှု အခမ်းအနားတစ်ခုသို့ တက်ရောက်ရန် ရောက်ရှိလာခြင်းဖြစ်သည်ဟု ခန့်မှန်းကြ သည်။

သို့ရာတွင် ဆုပ်ချိုင်း ကမူ သက်ဆင်သည်ထုံးတမ်းစဉ်လာ ဗုဒ္ဓဘာသာပူဇော်လှူဒါန်းပွဲတွင် ပါဝင်ရန် မြန်မာ နိုင်ငံသို့ လာခြင်းဖြစ်သည်ဟု ငြင်းဆန်ကာကွယ်ပြောကြားသည်။

ယခုတစ်ခေါက်သည် ၁၂ လအတွင်း မြန်မာနိုင်ငံသို့ သက်ဆင် ဒုတိယအကြိမ်လာရောက်ခြင်း ဖြစ်သည်။ သက်ဆင်သည် ပြီးခဲ့သော မတ်လက ဖေ့ထိုင်း ပါတီအစိုးရ တွန်းအားပေးနေသော ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်း တိုးတက်မှုများကို ကြည့်ရှုစစ်ဆေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။

ယခုနောက်ဆုံး သက်ဆင်၏ မြန်မာခရီးစဉ်သည် လူမှုကွန်ယက် ဝက်ဘ်ဆိုဒ်များမှ အကဲခတ်မှတ်ချက်ပေး သူများအကြား ခန့်မှန်းချက် အမျိုးမျိုး ထွက်ပေါ်လာစေသည်။

ဆီနိတ်တာ ဆုပ်ချိုင်း၏ Facebook စာမျက်နှာတွင် “ထားဝယ်စီမံကိန်း အခြေအနေကိုကြည့်ဖို့ မြန်မာနိုင်ငံ ကို ရောက်နေတာ ဖြစ်ပါလိမ့်မယ်။ အဲဒီ စီမံကိန်း ကိစ္စတုံးသွားပြီဆိုတာကို သူမသိဘူးလား” ဟု ရေးသား ထားသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ယခင်တပ်မတော်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် လက်ဝါးချင်း ရိုက်ကာ ထားဝယ်စီမံကိန်းကို အချီကြီးကြံစည်ခဲ့သော်ငြားလည်း ယခုအခါ နိုင်ငံတကာနှင့် တံခါးဖွင့်ဆက်ဆံနေသော မြန်မာနိုင်ငံက အိမ်နီးချင်းတိုင်းပြည်များ၏ ပွဲလန့်ဖျာခင်း လက်ဝါးကြီးအုပ်မှုများကို လက်သင့်မခံတော့ခြင်း၊ ကြီးမားလွန်းသော ဒီစီမံကိန်းကို အကောင်အထည်ဖော်ရန် ထိုင်းနိုင်ငံ ကိုယ်တိုင်ကပင် ငွေ မလုံလောက်ခြင်း တို့ကြောင့် ထားဝယ်စီမံကိန်းမှာ ရပ်ဆိုင်းလုနီးပါး အနေအထားသို့ ရောက်ရှိနေသည်။

ထို့အပြင် ယခင်က ခွင့်ပြုချက်ပေးခဲ့သော မြန်မာအကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အရှောင်အတိမ်းကောင်းသူ တစ်ဦးဖြစ်သောကြောင့် ထားဝယ်စီမံကိန်းကိစ္စမှ လက်ရှောင်သွားပြီဖြစ်ရာ လူပါးပုလင်းထိ သွားသော သက်ဆင်အနေဖြင့် လက်ရှိမြန်မာအရပ်ဖက်၊စစ်ဖက် အာဏာပိုင်များနှင့် ညှိနှိုင်းရန် ကြိုးစားနေရသည့် လက္ခဏာရှိသည်ဟု အကဲခတ်လေ့လာသူအချို့က မှတ်ချက်ပေးထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ပုဒ်မ ၅၉ (စ) မပြင်ဖို့ ထောက်ခံတာကို ဒီမိုကရေစီအင်အားစုတွေက ဝိုင်းပြီးကန့်ကွက်ကြတယ်။ ဒီမိုကရေစီခတ်မှာ ဒါမျိုး မဖြစ်သင့်ဘူး။ သတို့ဘက်ကလည်း သူတို့ထင်တာမြင်တာကိုပြောသလို၊ ကျွန်မတို့လည်း လက်မခံနိုင်တဲ့ အကြောင်းကို ပြောခွင့် ရှိတယ်”

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် Myanmar Newsweek အတွဲ(၂) အမှတ်(၂၂) ပါရှိသော “ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)နှင့် (ဃ)တို့အား မပယ်ဖျက်ရန် ဒုတိယအကြိမ် ဟောပြောပွဲပြုလုပ်” တွင် တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီ ဒေါ်မျိုးမျိုးအေး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျောက်မီးသွေး စက်ရုံက မီဂ္ဂါဝပ် ၃ဝဝဝ ကျော် ထွက်ရှိမယ်ဆိုတော့ မြန်မာနိုင်ငံမှာ အကြီးဆုံး ဖြစ်တယ်လို့ ဆိုလို့ရ တယ်။ သန့်စင်ကျောက်မီးသွေး နည်းပညာမှာ အဆင့် ၄ ဆင့်ရှိတယ်။ ကာဗွန်ဒိုင် အောက်ဆိုက်တွေ၊ ဆာဖာလ်ဒိုင် အောက်ဆိုဒ်တွေ၊ ဆာလ်ဖျူရစ် အက်ဆစ်တွေ၊ အားဆင်းနစ်၊ မာကျူရီဓာတ်တွေ  အဲဒါတွေကို ဘယ်လိုဖယ်ရှားမလဲ ဆိုတာကို ပြောသင့်တယ်။  လေထဲမှာ လွင့်တဲ့ပြာတွေကို မဖယ်ရှားနိုင်ရင် ရေတို့၊ စိုက်ခင်းတို့ ပျက်စီးနိုင်တယ်။ တစ်နှစ်မှာ လျှပ်စစ်တစ်မဂ္ဂါဝပ် ထွက်ဖို့ ကျောက်မီးသွေးတန်ချိန် ၄ဝဝဝ အသုံးပြုရတယ်။ အဲဒီကျောက်မီးသွေး ထားဖို့နေရာကော ဘယ်လိုလုပ်ထားလဲ၊ ပြီးရင် ကျောက်မီးသွေးက မီးလောင်လွယ်တယ်။ ဘယ်လိုသိုလှောင်မှုတွေ ပြုလုပ်ထားမလဲ အဲဒါတွေက အရေးကြီးတယ်”

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “မဂ္ဂါဝပ် ၃၀၀၀ ကျော်ထွက်မည့် ကွမ်းခြံကုန်းမြို့နယ်ရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိသဖြင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား ဒေသခံများ စိုးရိမ်လျက်ရှိ” သတင်းမှ သတ္တုတွင်း ဝန်ကြီးဌာန အထွေထွေ မန်နေဂျာ (ငြိမ်း) ဦးစောမိုးမြင့်က ပြောကြားချက်အား ကောက်နှုတ်ချက်။


“အုပ်ချုပ်ရေးယန္တရားကြီးကို ပိုပြီး ကျစ်လျစ်အောင်လုပ်ဖို့ဆိုတော့ ဖောင်းပွနေတဲ့ ဝန်ကြီးဌာနတွေအောက်မှာက ဦးစီး ဌာနတွေက ၂၀၃ ခုတောင် ရှိပါတယ်၊ ဖောင်းပွနေတဲ့ ဦးစီးဌာနတွေဖြစ်လို့ အဆင့်တွေ ပိုများပါတယ်၊ အဆင့်များနေ တာက clean government နဲ့ ပိုပြီးတော့ ဝေးသွားတာတွေ့ရမှာပါ၊ အဲဒီတော့ good governance ဖြစ်ဖို့ ကျစ်လျစ်တဲ့ အဖွဲ့အစည်း နဲ့လုပ်မှ ထောင့်စေ့အောင်လုပ်နိုင် မယ်လို့ ယူဆပါတယ်”

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် Kumudra Journal အတွဲ ၃၊ အမှတ် ၄၅ တွင်ပါရှိသော “ဝန်ကြီး၊ ဒုဝန်ကြီးနဲ့ ဦးစီးဌာနဖောင်းပွမှုကြောင့် အုပ်ချုပ်ရေးစနစ် အသားမကျဖြစ်” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“စောင့်ကြည့်မှာပါ၊ လက်ရှိပညာရေးအခြေအနေကလည်း မညှာမတာပြောရရင် စုတ်ပြတ်နေပြီး ဝန်ကြီးတစ်ယောက် အနေနဲ့ စေတနာပါပါလုပ်ဆောင်ဖို့လိုမယ်။ ကျွန်တော်အနေနဲ့တော့ မျှော်လင့်ချက်မထားပါဘူး။ ဘာလို့လဲဆိုတော့ အစိုးရက သူ ကြိုက်လူ သူ ခန့်ထားတဲ့အတွက် ဝန်းထမ်းကလည်း သူကြိုက်လိုက်လုပ်ပေးမယ့် ဝန်ထမ်းဖြစ်ဖို့များတယ်”

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် Venus News Journal အတွဲ (၅) အမှတ် (၂၉) တွင်ပါရှိသော “ပထမဆုံး အမျိုးသမီး ပညာရေးဝန်ကြီး ခန့်အပ်ရန် လွှတ်တော်သို့ သမ္မတက အဆိုပြု”တွင် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂ ဦးသန်းထိုက်အောင်၏ပြောကြား ချက်အားကောက်နှုတ် ချက်။


“ဒီပဋိပက္ခဆိုတာ နှစ်ပေါင်း ရာနဲ့ချီ တည်လာတဲ့ ပဋိပက္ခဖြစ်တယ်။ ပြောမယ်ဆိုရင် ဗြိတိသျှလက်ထက်မှာ ပေးခဲ့တဲ့ ဆိုးမွေ တစ်ခုပဲ။ အဲဒီဆိုးမွေကို အစိုးရခေတ် အဆက်ဆက်ကလည်း ဒီပြဿနာကို မဖြေရှင်းနိုင်ဘူး။ မဖြေရှင်းနိုင်တဲ့ အတွက် ကျွန်တော်တို့ ခေါင်းပေါ်မှာရောက်လာတယ်။ ဒီပြဿနာကို အချိန်တိုတို လေးနဲ့တော့ ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ အချိန်ယူရမယ်။ အဓိကတော့ ရခိုင်တစ်မျိုးသားလုံးဟာ တိကျတဲ့ strategy တစ်ခု ရှိရတယ်။ ရခိုင်တစ်မျိုးလုံးရဲ့ သဘောထား တစ်ခုချလိုက်မယ်”

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ထုတ် Mizzima Daily နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “လူမျိုးရေး ပဋိပက္ခများကို မဟာဗျူဟာကျကျ ဖြေရှင်းရန် ရခိုင်အမျိုးသားထုကို တိုက်တွန်း” သတင်းတွင် ပါရှိသော ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီ (RNDP) အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ပြောကြားချက် အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

 
 
 
 
 
Myint Kyaw would like to connect on LinkedIn. How would you like to respond?
 
 
 
 
Myint Kyaw
Data Manager at Myanmar Egress
 
 
 
 
You are receiving Reminder emails for pending invitations. Unsubscribe.
© 2014 LinkedIn Corporation. 2029 Stierlin Ct, Mountain View, CA 94043, USA.