Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့က ဘတ်ဂျက်တင်လာတဲ့ ပိုက်ဆံကို စာရွက်ပေါ်မှာ စီစစ်ပြီးပေးလိုက်ရတာပေါ့။ ပေးတဲ့ပိုက်ဆံကို ဘယ်လိုသုံးလဲဆိုတာ စာရင်းစစ်အစီရင်ခံစာကိုကြည့်ရတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုလဲတင်တယ် သမ္မတဆီကိုလဲ တင်တယ်။ သူတို့ ဒီအလုပ်လုပ်ဖို့ ပိုက်ဆံထုတ်တယ်။ စာရင်းစစ်ကြည့်တော့ လုပ်တာသိပ်မတွေ့ ရဘူးပေါ့။ ဒါဆိုစာရင်းစစ် တွေကို ဒီငွေပြန်အပ်လားဆိုတာ ကြည့်မယ်။ ပြန်အပ်တယ်ဆိုရင် မလုပ်ဖြစ်လို့ ပြန်အပ်တာပေါ့။ လုပ်လဲမထားဘူး ငွေလဲ မအပ်ဘူးဆိုရင်တော့ ဒါအလွဲသုံးစားမှုဖြစ်သွားပြီ၊ အစိုးရဘက်က ဘာကြောင့်မလုပ့်ဖြစ်ဘူး ဆိုတာတော့ ပြောဖို့လိုတာပေါ့၊ မသုံးဖြစ်တဲ့ဟာကို အကျိုးအကြောင်းတော့ ပြန်တင်ပြရတာပေါ့”

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် ကုမုဒြာ အတွဲ ၃၊ အမှတ် ၄၆၊ ဂျာနယ်တွင်ပါရှိသော “ပြည်သူ့ဘဏ္ဍာကို ဝန်ကြီးဌာနတွေ အလွဲသုံးစားလုပ်ခွင့်မရှိ” ဟူသောသတင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပြည်သူ့ငွေ စာရင်းကော်မတီ အဖွဲ့ဝင် ဦးဖုန်းမြင့်ကျော်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒီနိုင်ငံမှာရှိတဲ့ ပြည်သူတွေက လူသားဆန်စွာ နေထိုင်စားသောက်ရေးကို အပြည့်အဝမရဘူး၊  အဓိကကတော့ ကျူးကျော် ဆိုပြီး ပြည်သူတွေကို ဂုဏ်သိက္ခာမဲ့စွာ အင်းအားသုံးဖြိုခွဲနေတာတွေကို ကြည့်ပါ။ အဲဒီလူတွေက ဘယ်မှာနေထိုင် စားသောက်မလဲ။ အဲဒါကြောင့် လူသားဆန်စွာ နေထိုင်စားသောက်နိုင်အောင် အစိုးရက မဖန်တီးပေးနိုင်တဲ့ အတွက် ဒီအစိုးရကို အလိုမရှိနှုတ်ထွက်ပေးဖို့ တောင်းဆိုမှာပါ”

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် Venus News အတွဲ ၅၊ အမှတ် ၃၀၊ ဂျာနယ်တွင် ပါရှိသော “လက်ရှိ အစိုးရ နှုတ်ထွက်ပေးရေး ဆန္ဒထုတ်ဖော်မည်”သတင်းတွင် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့က ပညာရေးပြင်ဆင်ရေးနဲ့ ပတ်သတ်ပြီး လွှတ်တော်နဲ့တင် ပြီးပြီလို့ တွေးထားတာ။ သိထားတာကလည်း ဒီအတိုင်းပဲ တကယ်တော့ မပြီးဘူး။ ဝန်ကြီးဌာနက အဓိကနေရာမှာ ပါနေတာတွေ့ရတယ်။ ဒီမိုကရေစီလမ်းစဉ်ကို ကျင့်မယ်ဆိုရင် “လွှတ်တော်”က အဓိကဖြစ်ရမယ်။ ခုတော့ လွှတ်တော်ထဲမှာ တင်ရင်ပြီးရမယ့် ကိစ္စက ဝန်ကြီးဌာနတွေက တစ်ဆင့် ဖြတ်သန်းနေရတာကို တွေ့ရတယ်”

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ထုတ် အတွဲ ၂၊ အမှတ် ၂၃၊ ဂျာနယ်တွင် ပါရှိသော “လွှတ်တော်ထဲ၌ ပြီးရမည့် ကိစ္စ ဝန်ကြီးဌာနများကို ဖြတ်သန်းနေရဟုဆို” သတင်းတွင် iPace ကျောင်းသားဟောင်း ကိုတင်ထွန်းအောင်၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“ကျွန်တော်တို့ ရှမ်းပြည်နယ်တစ်ခုထဲမှာတင် ဘိန်းအစားထိုး လုပ်ရမယ့်နေရာ ၂၀ လောက်ရှိပေမယ့် ဘတ်ဂျက်က သုံးလေးနေရာစာ လောက်ပဲရှိတယ်။ နောက်ထပ်တိုးချဲ့ဖို့ဆိုရင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး လိုအပ်ပါတယ်။ ရေရှည်တည်တံမယ့် စီမံကိန်းတွေဖြစ်ဖို့ လိုအပ်တယ် ရေရှည်မတည်တံ့ဘူးဆိုရင် ဘိန်းကို ပြန်စိုက်ကြမှာပါ”

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် Mizzima Daily သတင်းစာတွင် ပါရှိသော “ရှမ်းပြည်နယ်တွင် ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်မည်ဟု ပြည်ထဲရေး ဒုဝန်ကြီးပြော” သတင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးဌာနမှူး ရဲမှူကြီးတင်အောင်၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“ဥပဒေတွေလည်း အချိန်မီပြဌာန်းတာပဲ သူတို့ အသိအမှတ်ပြုအောင် ဒီမှာလည်း အတက်နိုင်ဆုံး လုပ်နေတာပဲ၊ ဒါပေမယ့် စာရင်းထဲထပ် ပါသွားတယ်။ ဒီစာရင်းထဲ ပါနေသရွေ့ကတော့ မြန်မာကိုလာမယ့် ရင်းနှီးမြှုပ်နှံသူတွေက အင်တင်တင် ဖြစ်နေတာပေါ့”

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် 7 Day နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုများ ထောက်ပံ့ခြင်းနှင့် ပတ်သက်၍ စောင့်ကြည့်စာရင်းတွင် မြန်မာထပ်မံထည့်သွင်းခံရ” သတင်းမှ မြန်မာနိုင်ငံငွေကြေး ခဝါချမှု တိုက်ဖျက်ရေးအဖွဲ့မှ ရဲမှူးချုပ် ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“သန်းခေါင်စာရင်းကောက်မယ့်ရက် သတ်မှတ်ခဲ့တာဟာ ရမ်းပြီးတော့ သတ်မှတ်ခဲ့တာ မဟုတ်ပါဘူး။ ပြောရရင် အစဉ်အဆက် ဆယ်နှစ်စာလောက်ကြည့်လိုက်ရင် ၇၃ တုန်းကလည်း ဒီလိုအချိန်ပဲကောက်တယ်။ ၈၃ တုန်းကလည်း ဒီလိုအချိန်ပဲကောက်တယ်။ ကောက်မယ့်သူတွေရဲ့ အားတဲ့အချိန် အကောက်ခံမယ့်သူတွေ အစုစည်းဆုံးအချိန် သွားရမယ့်လာရမယ့် လမ်းပန်းဆက်သွယ်ရေး ရာသီဥတု အခြေအနေတွေက ဒီအချိန်က အသင့်တော်ဆုံး ဖြစ်တဲ့အတွက် ကျွန်တော်တို့ အတွေ့အကြုံရှိတဲ့သူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့မှ ဒီအချိန်ကိုရွေးရတာ ဖြစ်ပါတယ်။ ရွှေ့ပေးပါလို့ ပြောလို့ရှိရင် တစ်လတော့ရွှေ့လို့မရဘူး အကြာကြီးရွှေ့မှရမယ်”

ဖေဖော်ဝါရီလ ၁၇ရက်နေ့ထုတ် Weekely Eleven သတင်းစာတွင်ပါရှိသော “သန်းခေါင်စာရင်း ကောက်ယူသည့် အချိန်အား နောက်ဆုတ်ပေးရန် တောင်းဆိုမှုများ ရှိသော်လည်း ရွှေ့ဆိုင်းရန် အစီအစဉ်မ ရှိဟုဆို” သတင်းမှ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဗဟို သန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ  ဦးခင်ရီ၏ ပြောကြားချက်အား ကော်နှုတ်ချက်။


“ကာကွယ်ရေးဝန်ကြီးလုပ်မယ်ဆိုရင်လည်း တပ်မှာ ဘာရာထူးမှ လက်ကိုင်မရှိစေရဘူး။ ဒီအတိုင်းပဲ ကာချုပ်က ခန့်တဲ့ ပြည်ထဲရေး ဝန်ကြီးတို့၊ နယ်စပ်ရေးရာ ဝန်ကြီးတို့ဆိုတာ ဝန်ကြီးရာထူးခန့်အပ်တာနဲ့ တပ်တွင်းရာထူးမရှိစေရဘူး”

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် 7Day Daily သတင်းစာတွင် ပါရှိသော “ဒုသမ္မတနှင့် ဝန်ကြီးအားလုံး လွှတ်တော်အမတ် ဖြစ်ရမည်ဆိုသည့်အချက်ကို အခြေခံဥပဒေပြင်မည့် အချက်များတွင် ပြည်ခိုင်ဖြိုး ထည့်သွင်း တင်ပြ” သတင်းတွင် ပြည်ခိုင်ဖြိုးပါတီ မကွေးတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးလှဆွေ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့လုပ်ဆောင်နေတာဟာ တိုင်းပြည်က တိုင်းရင်းသားညီအစ်ကိုမောင်ဘွားတွေအတွက်ပါ။ ကျောင်းသားဦးရေ ၆၀ ကန့်သတ်ထားပါတယ်။ (၄၀) ဦးက  ကချင်တိုင်းရင်းသားအများစု ပါဝင်မယ်။ ကျန်နှစ်ဆယ်ကတော့ အခြား တိုင်းရင်းသား တွေအတွက် လက်ခံပေးသွားမည်ဖြစ်သည်။ စာသင်နှစ်ကတော့ လောလောဆယ် နှစ်နှစ်သတ်မှတ်ထား တယ်။ တက္ကသိုလ်ဝင်တန်းအောင်တဲ့ ကျောင်းသားတွေ တက်လို့ရပါတယ်”

ဖေဖော်ဝါရီ ၁၇ ရက်နေ့ထုတ် ပြည်သူ့ဆန္ဒ အတွဲ (၁)၊ အမှတ် (၄၉) ဂျာနယ်တွင်ပါရှိသော “ဖက်ဒရယ် ဥပဒေကျောင်းဖွင့်ရန် ကေအိုင်အိုစီစဉ်”  သတင်းမှ ပညာရေးမှူး နော်ဘွယ်၏ ပြောကြားချက်အား ကောက် နှုတ်ချက်။


“၂၀၁၄-၁၅မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီ၊ အရင်က မြန်မာပြည်က အိမ်မက်မက်နေတာနဲ့ တူတယ်။ အခုမှ စလုပ်ရမှာ၊ ဂျာမနီက ကမ္ဘာမှာ စက်မှုမှာနာမည်ကြီးတယ်။ အလုပ်သမားတွေရဲ့ အရည်အချင်းတိုးတက်အောင်လုပ်တဲ့ စီမံခန့်ခွဲမှုမှာ တော်တယ်။ မြန်မာပြည်အနေနဲ့ အခြေခံအရမ်းနိမ့်တယ်၊ နိုင်ငံခြားတိုင်းပြည်တွေရဲ့ အချက်အလက်တွေ အရမ်းလိုတယ်၊ ဂျာမနီ ရင်းနှီးမြှုပ်နှံမှုလာရင် သူတို့ဆီက အချက်အလက်တွေ၊ နည်းပညာတွေ အများကြီးရရှိနိုင်မယ်၊ အနာဂတ်လုပ်သား အရည်အချင်းတွေတိုးတက်လာနိုင်တယ်”

ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် Envoy အတွဲ(၄)၊ အမှတ်(၃၈) ဂျာနယ်တွင် “စီးပွားရေးဈေးကွက်အတွင်း ဂျာမနီဝင်ရောက်မှုအပေါ် မြန်မာစီးပွားရေး ပညာရှင်တို့ ကြိုဆို” သတင်းမှ စီးပွားရေး ပညာရှင် ဒေါက်တာအောင်ထွန်းသက်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တို့ဟာ အဓိက လက်နက်ကိုင်အဖွဲ့အစည်းဖြစ်နေတယ်။ ဒါကြောင့် အစိုးရရဲ့သဘောတူညီမှု ခွင့်ပြုချက်မရဘဲ ဘာမှလုပ်ပိုင်ခွင့်မရသေးပါဘူး။ ရခိုင်ပဋိပက္ခကို အစိုးရနဲ့အတူတူဖြေရှင်းဖို့ တောင်းဆိုထားပါတယ်။ ဒါပေမယ့် အားနည်း ချက် ကတော့အခုချိန်ထိတော့ တုံပြန်မှုမပေးသေးဘူး။ ပြည်သူတွေအနေနဲ့ တောင်းဆိုတာ ပဲရှိသေးတယ်”

ဖေဖော်ဝါရီ ၁၇ ရက်နေ့ထုတ် မြန်မာပို့စ် အတွဲ ၆၊ အမှတ် ၈၊ ဂျာနယ်တွင်ပါရှိသော “ရခိုင်-ဘင်္ဂါလီအရေးကိစ္စ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ရခိုင်လက်နက်ကိုင်အဖွဲ့များက ညှိနှိုင်းမှုများ ပြုလုပ်မည်” သတင်းမှ ရခိုင် လွတ်မြောက်ရေး တပ်မတော် ဗိုလ်ချုပ်မင်းထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive