Transparency Myanmar
transparency.myanmar@gmail.com
ဗြိတိန် တပ်ဖွဲ့ဝင်များ အာဖဂန်သို့ထပ်မံစေလွှတ်
14   Oct   2009(AFP)
ဗြိတိန်နိုင်ငံသည် ၎င်း၏တပ်ဖွဲ့ဝင် ၅၀၀ ကို အာဖဂန် နစ္စတန်သို့ ထပ်မံစေလွှတ်မည် ဖြစ်ကြောင်း ၀န်ကြီးချုပ် Gordon Brown ၏ ကြေငြာချက်မတိုင် Media Reports က ထုတ်ပြန် လိုက်သည်။
နွေရာသီ ၃ လ ရုံးပိတ်ရက်ပြီးဆုံး၍ လွှတ်တော်အမတ်များ တနင်္လာနေ့က ရုံးပြန်တက်ပြီး နောက် ပထမဆုံးအကြိမ်အဖြစ် တပ်ဖွဲ့များထပ်မံစေလွှတ်မှုအစီရင်ခံစာကို အောက်လွှတ်တော် တွင် ကြေငြာရန် 'Brown' ကစီစဉ်ထားခြင်းဖြစ်သည်။
နေ့တိုင်းအဖွဲ့ဝင်နိုင်ငံအသီးသီးကလည်း  ၎င်းတို့၏တပ်များကို အင်အားဖြည့်တင်းမည့် အာမခံချက်အပါအ၀င် အခြားအခြေအနေကိစ္စရပ်များနှင့် ယခုတပ်ဖွဲ့စေလွှတ်မှုတို့ ဆက်စပ် ပတ်သက်နေသည်ဟုဆိုသည်။
လက်ရှိအာဖဂန်နစ္စတန်တွင် ဗြိတိသျှတပ်ဖွဲ့ဝင် ၉၀၀၀  ခန့်ရှိပြီး၊ အမေရိကန် ပြည်ထောင်စုပြီးလျှင် ဒုတိယအင်အားအကြီးဆုံးတပ်ဖွဲ့ဖြစ်သည်။ ၂၀၀၁ ခုနှစ် အာဖဂန်စစ်ပွဲစတင် ချိန်မှစ၍ ယခုအချိန်အထိ ဗြိတိသျှတပ်ဖွဲ့၏ ၂၂၁ ဦး ကျဆုံးခဲ့ပြီး ဖြစ်သည်။
ယခု ဗြိတိသျှတပ်ဖွဲ့များ စေလွှတ်မည့်သတင်းကို အမေရိကန်ပြည်ထောင်စုက ၀မ်းမြောက် စွာကြိုဆိုပါလိမ့်မည်။ အကြမ်းဖက်မှုများတိုးပွားလာခြင်းနှင့် လူထုထောက်ခံမှုကျဆင်းနေခြင်းတို့ ကြားမှပင် ၀ါရှင်တန်၏ရင်းနှီးသော မဟာမိတ်များအား တပ်ဖွဲ့များပိုမိုစေလွှတ်ပေးရန် သမ္မတ အိုဘားမား အထူးကြိုးစားစည်းရုံးနေရသောကြောင့်ဖြစ်ပါသည်။
အာဖဂန်နစ္စတန်ရှိ အမေရိကန်နှင့်နေတိုးတပ်ဖွဲ့များ၏ တပ်မှူးဗိုလ်ချုပ်ကြီး Stanley Mc Chrystal ၏ အာဖဂန်စစ်ပွဲအပေါ် အနှုတ်လက္ခဏာပြသော သုံးသပ်မှုနှင့်ပတ်သက်၍ အိုဘားမားနှင့် ၎င်း၏စစ်ကောင်စီတို့ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် ယခုရလဒ်ထွက်ပေါ်ခဲ့ ခြင်းဖြစ်သည်။
အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့၏စွမ်းဆောင်မှုကို အားဖြည့်ရန် တပ်ဖွဲ့ဝင် ၆၀၀၀၀ အထိ ဖြည့်တင်းပေးရန် Mc Chrystal ၏ တောင်းဆိုချက်အား လာမည့်ရက်သတ္တပတ်များအတွင်း ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု အိုဘားမားက အင်္ဂါနေ့က မှတ်ချက်ပြုခဲ့သည်။
တပ်ဖွဲ့များစေလွှတ်မည့်ဆုံးဖြတ်ချက်ကို မကြေငြာမီက Brown သည် ညီလာခံ၏ သဘောထားကို လိုက်နာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြပုံရပြီး၊ ဂျူလိုင်လ လွှတ်တော်တွင် နောက်ဆုံး မိန့်ခွန်းပြောခဲ့စဉ်ကပင် ကျဆုံးခဲ့ကြသော ဗြိတိသျှတပ်သား ၃၇ ဦး၏ အမည်များကို ဖတ်ကြားနေခြင်းကြောင့် ဖြစ်ပါသည်။
မဲလိမ်လည်မှုများကြောင့် အစွပ်စွဲခံနေရသည့် သမ္မတရွေးကောက်ပွဲကျင်းပခဲ့သော သြဂုတ်လအတောအတွင်း နေတိုးတပ်ဖွဲ့ဝင်များစွာ ကျဆုံးခဲ့ပြီး၊ ကနဦး မဲရေတွက်မှုများအရ ဟာမစ်ကာဇိုင်းက မဲအသာရလျက်ရှိသည်။
အာဖဂန်နစ္စတန်ရှိ ဗြိတိသျှတပ်ဖွဲ့များ၏ ရည်ရွယ်ချက်၊ အနေအထား၊ စွမ်းဆောင်မှုများနှင့် ပတ်သက်၍ 'Brown' အပေါ်တွင် နိုင်ငံရေးဖိအားပေးမှုများ ကြီးထွားလာလျက်ရှိပါသည်။
ယခင်စစ်တပ်အကြီးအကဲဟောင်း Richard Dannatt အား အတိုက်အခံကွန်ဆာဗေးတစ် ပါတီ၏ ကာကွယ်ရေးအကြံပေးအဖြစ်အမည်တင်သွင်းခဲ့ခြင်းသည် အကြီးအကျယ်အငြင်းပွားဖွယ် ဖြစ်နေပြီး၊ အကယ်၍ လာမည့်ဇွန်လတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ၎င်းတို့အနိုင် ရရှိပါက ကာကွယ်ရေးဝန်ကြီးဖြစ်လာနိုင်ပါသည်။
ဗြိတိသျှတာဝန်ရှိ ပုဂ္ဂိုလ်များ ယခုလောလောဆယ် ခေါင်းခဲနေရသောကိစ္စမှာ ၎င်းတို့၏ တပ်ဖွဲ့များအားသင့်တော်သော လက်နက်ကရိယာများတပ်ဆင်ပေးရန် လိုအပ်နေခြင်းနှင့် အာဖဂန် စစ်တပ်နှင့် ရဲတပ်ဖွဲ့အား ခိုင်မာတောင့်တင်းအောင်ဖွဲ့စည်းပေးရေး (Afghanisation) ပင် ဖြစ်ပါသည်။
Brown ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က "တကယ်လို့တပ်ဖွဲ့ဝင်အင်အားအရေအတွက်သာ များလာမယ်ဆိုရင် သူတို့ (တာဘီဘန်) ဘက်ကတခုခုပြောင်းလဲလာပါလိမ့်မယ်။ ဥပမာ-စေ့စပ် ဆွေးနွေးတာမျိုးပေါ့ဗျာ" ဟုပြောကြားခဲ့သည်။
လူထုဆန္ဒခံယူထားသည့် လူကြိုက်များသော အာဘော်တခုကို ဗုဒ္ဓဟူးနေ့ထုတ် Times သတင်းစာက ဖေါ်ပြရာတွင် 'ထိခိုက်ကျဆုံးမှုနှုန်းမြင့်တင်လာသောကြောင့် အာဖဂန်နစ္စတန်မှ ဗြိတိသျှတပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းရန် လူထု၏တောင်းဆိုချက်များ သိသာစွာ တိုးပွားလာသည်' ဟုဆိုပါသည်။
လူထုစစ်တမ်း၏ ၃၆ ရာခိုင်နှုန်းကမူ ဗြိတိသျှတပ်ဖွဲ့များအားလုံးကို ရုပ်သိမ်းသင့်သည်ဟု ယုံကြည်ကြပြီး၊ ယင်းကဲ့သို့ ယုံကြည်သူအရေအတွက်မှာ စက်တင်ဘာလလယ်က ၂၉ ရာခိုင်နှုန်း သာရှိခဲ့ရာ ထပ်ရုပ်သိမ်းစေလိုသော ဆန္ဒရှိသူများ ပိုမိုတိုးပွားလာလျက်ရှိပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.
-~----------~----~----~----~------~----~------~--~---
မြောက်ကိုရီးယားနှင့်ဆွေးနွေးရန်အသင့်ဖြစ်နေပြီဟု အမေရိကန်ပြော
(AFP : 20 - 10 - 2009)
          မြောက်ကိုရီးယားသည် (၆)နိုင်ငံပါဝင်သော နျူကလီးယားလက်နက်ဖျက်သိမ်းရေး အစည်းအဝေးတွင် အမေရိကန်နှင့် တစ်ဦးချင်းဆွေးနွေးမှုပြုလုပ်ပြီးပြီးချင်း၊ အမြန်ဆုံးပါဝင် လာရန် ဆန္ဒရှိမှသာ အမေရိကန်က ဆွေးနွေးမှုကို ပြုလုပ်ရန်ရှိကြောင်း၊ အမေရိကန်အရာရှိတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့ပါသည်။
          အရှေ့အာရှဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားဝန်ကြီး Kurt Campbell အိမ်နီးချင်း ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့နှင့်လည်း နှစ်ဦးနှစ်ဘက်ဆွေးနွေးမှုများ ပြုလုပ် ရန်လိုကြောင်း ပြောကြားခဲ့သည်။
          ဧပြီလအတွင်းက ထွက်ခဲ့သော (၆)နိုင်ငံဆွေးနွေးပွဲသို့ မြောက်ကိုရီးယားက ပြန်လည် ပါဝင်ရန်ဆန္ဒရှိခဲ့ကြောင်း၊ သို့သော် အမေရိကန်နှင့် မပြေမလည်တင်းမာနေသော အခြေအနေများ ကို ပြန်လည်ပြုပြင်ရန်အတွက် အရင်ဆုံးတိုက်ရိုက်ဆွေးနွေးလိုကြောင်း ခေါင်းဆောင် Kim Jong-IL က တရုတ်အထူးကိုယ်စားလှယ်များကို အောက်တိုဘာလ (၆)ရက်နေ့က ပြောကြားခဲ့ပါသည်။
          Campbell က လွန်ခဲ့သည့်အပတ်က ပီကင်းမြို့တွင် ပြောကြားရာတွင် မိမိတို့သည် မှန်ကန်သော အနေအထားတစ်ခုတွင် (၆)နိုင်ငံ ပူးတွဲဆွေးနွေးမှုကို အမြန်ဆုံးဦးတည်စေမည့် အပြန်အလှန်တုန့်ပြန်မှုရှိသော လုပ်ဆောင်ညှိနှိုင်းမှုကို ပြင်ဆင်ထားကြောင်းပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံသည် အဆိုပါသဘောထားကိုဆက်လက်၍ အကြောင်းကြားပြီးဖြစ်သည်ဟု ယူဆ ကြောင်း၊ ရှေ့ဆက်လုပ်ဆောင်ရန်သာရှိကြောင်း၊ မြောက်ကိုရီးယားကလည်း ဂျပန်နှင့် တောင်ကိုရီးယားတို့နှင့် အလားတူနှစ်ဦးသဘောတူ အပြန်အလှန်ဆက်ဆံမှုများပြုလုပ်ရန်လို ကြောင်း Campbell က နိုင်ငံခြားဆက်ဆံရေးကောင်စီတွင် ပြောကြားခဲ့ပါသည်။
          မြောက်ကိုရီးယားသည် (၁၉၉၈) ခုနှစ်မှစတင်၍ တာဝေးပစ်ဒုံးကျည် (၂)စင်းပစ်ခတ် စမ်းသပ်မှုကြောင့် ဂျပန်နှင့်ဆက်ဆံရေးတင်းမာလျက်ရှိကြောင်း၊ တောင်ကိုရီးယားသမ္မတ Lee Myung-Bak ကလည်း ကွန်မြူနစ်အိမ်နီးနားချင်းအပေါ် မာရေကျောရေဖြင့် ဆက်ဆံမှုအပေါ်တွင် လည်း မြောက်ကိုရီးယားက မကျေမလည်ဖြစ်နေပါသည်။ Campbell က မြောက်ကိုရီးယားအနေ ဖြင့် (၂၀၀၅)ခုနှစ်နှင့် (၂၀၀၇) ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော (၆)နိုင်ငံ ကြေညာချက်ကို အလေးထားရန် ပြောကြားခဲ့သည်။ အဆိုပါ ကြေညာချက်တွင် မြောက်ကိုရီးယားကို အပြည်ပြည် ဆိုင်ရာ အထောက်အပံ့ရရှိရေးများနှင့် လုံခြုံရေးအတွက် နျူကလီးယားလက်နက်တပ်ဆင်မှုကို စွန့်လွှတ်ရန်အခြေခံများကို ပြဋ္ဌာန်းထားပါသည်။
          (၆)နိုင်ငံဆွေးနွေးပွဲတွင် တရုတ်၊ ဂျပန်၊ ကိုရီးယား (၂)နိုင်ငံ၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့ ပါဝင်ပါသည်။ မြောက်ကိုရီးယားသည် ၎င်းကိုနျူကလီးယားလက်နက်ပိုင်ဆိုင်သူအဖြစ် သတ်မှတ် ရန်ကိစ္စအတွက် အမေရိကန်နှင့် သီးခြားတွေ့ဆုံရန် တောင်းဆိုခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
          သမ္မတအိုဘားမား၏လာမည့်လ တရုတ်နိုင်ငံခရီးစဉ်အတွက် ပြင်ဆင်ရန် ပီကင်းတွင် ရောက်ရှိနေသည့် Cambell က တရုတ်ဝန်ကြီးချုပ် Wen Jiabao ၏ ပြုံယမ်းခရီးနှင့် ပတ်သက်၍ ၎င်းအထူးသိရှိထားကြောင်းပြောခဲ့သည်။
          Kim ၏ ကျန်းမာရေးအခြေအနေသည် ပြည်ပလေ့လာသူများက အထူးအလေးထား၍ တွက်ဆနေသည့်ကိစ္စတစ်ခုဖြစ်ပြီး၊ Kim ၏ သားဖြစ်သူက သီးခြားဖြစ်နေသော ကွန်မြူနစ် မင်းဆက်ကို ဆက်ခံမည်လောဟု မှန်းဆတွက်ချက်နေကြပါသည်။ Kim သည် အသက်(၆၇)နှစ် ရှိပြီး၊ (၂၀၀၈) ခုနှစ်၊ သြဂုတ်လတွင် လေဖြတ်ခဲ့ပါသည်။ ဇူလိုင်လတွင် တောင်ကိုရီးယားနှင့် ဂျပန် ရုပ်မြင်သံကြားအစီအစဉ်များက Kim သည် ပန်ကရိယကင်ဆာဖြစ်ပွားနေကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။
          သို့သော် အမေရိကန်သတင်းထောက် (၂)ဦးကို လွှတ်ပေးရန်ကိစ္စအတွက် ပြုံယမ်းသို့ သြဂုတ်လတွင် သွားရောက်ခဲ့သော အမေရိကန်သမ္မတဟောင်း Bill Clinton က Kim သည် မျှော်လင့်ထားသည်ထက် တက်ကြွလျက်ရှိကြောင်း ပြောကြားပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.
-~----------~----~----~----~------~----~------~--~---