Transparency Myanmar

transparency.myanmar@gmail.com

From Irish Sun

14 Nov 2009

          အမေရိကန်ပြည်ထောင်စု သမ္မတ barrack Obama သည် ရုရှားသမ္မတ Dmitry Medvedev နှင့် တွေ့ဆုံရာတွင် လက်နက်ထိန်းချုပ်ညှိနှိုင်းမှုများကို ရှေ့သို့ တက်လှမ်းလိုသည်ဟု ၂၁ နိုင်ငံပါဝင် သော အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး (APEC) ဆွေးနွေးပွဲတွင် ပြောကြား လိုက်ပါသည်။

          Obama သည် တနင်္ဂနွေနေ့တွင် ရုရှားသမ္မတ Medvedev နှင့်လည်းကောင်း၊ အင်ဒိုနီးရှား သမ္မတ Susilo Bambang Yadhoyono နှင့်လည်းကောင်းတွေ့ဆုံလိမ့်မည်ဖြစ်ပါသည်။

          အမေရိကန် - ရုရှားတွေ့ဆုံရာတွင် Obama သည် စစ်အေးကာလ သဘောတူညီချက်များကို ဆက်ခံမည့် နောက်ထပ်တွေ့ဆုံဆွေးနွေးမှုများအတွက် အစီအစဉ်များရေးဆွဲချမှတ်နိုင်လိမ့်မည် ဟုမျှော်လင့်နေပါသည်။

          အမေရိကန်နှင့် ရုရှားသမ္မတနှစ်ဦးသည် ဧပြီလက နျူကလီယာလက်နက်လျော့ချရေး စာချုပ် အသစ်ကို သဘောတူခဲ့ပြီး၊ ဒီဇင်ဘာလ ရက်တွင် ပျက်ပြယ်မည့် မဟာဗျူဟာမြောက်လက်နက် လျော့ချရေး စာချုပ်အမှတ်()ကိုအစားထိုးမည်ဖြစ်ပါသည်။

          ပြီးခဲ့သည့် ဇူလိုင်လက မော်စကိုတွင် ၎င်းတို့သည် ၎င်းတို့နှစ်နိုင်ငံပိုင်ဆိုင်သည့် နျူကလီးယာ ထိပ်ဖူးပါလက်နက်အရေးအတွက်လျော့ချရေးအတွက် သဘောတူညီခဲ့ပြီးဖြစ်ပါသည်။

          တနင်္ဂနွေနေ့တွင် မြန်မာစစ်အစိုးရခေါင်းဆောင်ပါဝင်သော အခြားခေါင်းဆောင်များနှင့် အစည်း အဝေးသို့ တက်ရောက်မည်ဖြစ်ပါသည်။ အမေရိကန်သမ္မတသည် မြန်မာစစ်အစိုးရခေါင်းဆောင်နှင့် တစ်ခါမျှတွေ့ဆုံဖူးခြင်းမရှိပါ။

          အမေရိကန်ရှိ ခေတ်နောက်ပြန်ဆွဲသော အယူအဆရှိသူများကမူ ယခုအစည်းအဝေးကို ကန့် ကွက်ကြပါသည်။ ယခုအခါ Obama သည် သူ၏ လက်တွေ့ကျသော ဆက်ဆံရေး(Pragmatic engagement)မူဝါဒသစ်ကို အကောင်အထည်ဖော်လျက်ရှိရာ အထီးကျန်ပစ်ထားခြင်းခံရသော နိုင်ငံ များနှင့် တွေ့ဆုံဆွေးနွေးမှုများတိုးတက်လာစေရန် ကြိုးစားလိမ့်မည်ဖြစ်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

By Hannah beech

From TIME

14 Nov 2009

          အမေရိကန်ပြည်ထောင်စု သမ္မတ Barack Obama အာရှတိုက်သို့ လာရောက်သော တရား ဝင် ခရီးစဉ်တွင် လက်ဆွဲနှုတ်ဆက်ကြမည့် ခေါင်းဆောင်များကြားတွင် ကမ္ဘာပေါ်တွင် ဖိနှိပ်မှုအများ ဆုံးပြုလုပ်နေသည့် နိုင်ငံများတွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံမှ ဗိုလ်ချုပ်ကြီးတစ်ဦးလည်းပါဝင်ပါသည်။ စင်္ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် APEC ဆွေးနွေးပွဲ၏ အရန် ဆွေးနွေးပွဲအဖြစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် မြန်မာဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်အပါအဝင် Asean နိုင်ငံမှ ခေါင်းဆောင်များနှင့် သမ္မတ Obama တွေ့ဆုံလိမ့်မည်ဖြစ်ပါသည်။ အမေရိကန်သမ္မတတစ်ဦးအနေဖြင့် ၁၉၆၂ စစ်တပ် အုပ်ချုပ်ရေးစကတည်းက ပထမဆုံးတွေ့ဆုံမှုအဖြစ် သမိုင်းဝင်မည်ဖြစ်ပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စစ်အစိုးရအုပ်ချုပ်သော မြန်မာနိုင်ငံအပေါ် အမေရိကန်၏ အဓိကမူဝါဒပြောင်းလဲမှုအပေါ် အလေးပေးဆွေးနွေးလိမ့်မည်ဖြစ်ပါသည်။ အမေရိကန်သည် မြန်မာစစ်အစိုးရကို ဆယ်စုနှစ်ပေါင်းများစွာ အဆက်အဆံမလုပ်ပဲရှောင်နေခဲ့ပါသည်။ ပြီးခဲ့သည့်နှစ်များအတွင်းက နိုင်ငံသားများအပေါ်သတ်ဖြတ်မှုများကျူးလွန်မှုကြောင့် စစ်ခေါင်းဆောင်များကို ငွေကြေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများပိုမိုတင်းကြပ်စွာချမှတ်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံတွင် ဘုန်တော်ကြီး  များနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြုသူများကို ပစ်သတ်ခဲ့ပါသည်။

          သို့သော် လအတန်ကြာ မြန်မာနိုင်ငံနှင့်ပတ်သက်သော မဟာဗျူဟာကို သုံးသပ်ပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလက အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံကို အထီးကျန်ပိတ်ဆို့မှုများ ချမှတ်ခြင်းသည် စစ်အစိုးရ၏ လူသတ်သမားအကျင့်ဆိုးကို ထိရောက်စွာမပြုပြင်နိုင်သဖြင့် မြန်မာအစိုး ရနှင့် တိုက်ရိုက်ဆက်ဆံမည့် မူဝါဒသစ်ကို ကျေညာခဲ့ပါသည်။ အစိုးရအာဏာပိုင်များက မြန်မာနိုင်ငံ တွင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ တိုးတက်မှုများကို ဖော်ဆောင်နိုင်သည်အထိ အရေးပိတ်ဆို့မှုများ ကိုဆက်လက်ထားရှိမည်ဖြစ်ကြောင်း သတိပေးခဲ့ပါသည်။ သို့သော် အာဏာရှင်များနှင့်တွေ့ဆုံဆွေး နွေးခြင်းသည် အမေရိကန်၏ ထင်မြင်ချက်အသစ်ဖြစ်ပြီး၊ စကားမပြောခြင်း၊ ပြန်လည်ပေါင်းစည်းနိုင် မည့်အခွင့်အရေးများကို ဖြတ်တောက်ပစ်ခြင်းထက်စာလျှင် ပိုကောင်းသော ယူဆချက်ဖြစ်ပါသည်။ ယခုအခါ အီရန်နှင့်မြောက်ကိုရီးယားတို့ကို စကားပြောနေပြီဖြစ်ပါသည်။

          အမေရိကန်မူဝါဒပြောင်းလဲမှုသည် အာရှတွင် နိုင်ငံနှင့် စီးပွားရေးနှင့်ပတ်သက်သော အမှန် တရားများကို များစွာရိုက်ခတ်မှုများရှိပါသည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံနှင့် ခပ်ကင်းကင်းနေနေချိန်တွင် အခြားနိုင်ငံများသည် မြန်မာနိုင်ငံသို့ငွေအရင်းအနှီးများဖြင့် ဝင်ရောက်လာ ကြသည်။ ထင်ရှားသော သာဓကများမှာ မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များကြွယ်ဝမှုကို ဆာလောင်မွတ်သိပ်စွာ မျက်စိကျနေသော တရုတ်၊ ထိုင်းနှင့် အိန္ဒိယတို့သည် ငွေလုံးငွေရင်းနှင့် ဝင် ရောက်လာပါသည်။ အဆိုပါရင်းနှီးမြှုပ်မှုများဝင်ရောက်လာမှုကြောင့် အနောက်နိုင်ငံများ၏ စီးပွားရေး အရ ပိတ်ဆို့မှုများကြောင့် ထိခိုက်မှုများကို လျော့နည်းစေပြီး စစ်အစိုးရသက်တမ်းရှည်အောင်ပြုလုပ် နိုင်မည့် ငွေအမြောက်အများရရှိခဲ့ပါသည်။

          အဆိုပါမူဝါဒပြောင်းလဲမှုအရ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နှင့် အဖွဲ့သည် ယခုလအစောပိုင်းက မြန်မာနိုင်ငံသို့ ၁၅ နှစ်အတွင်း အဆင့်အမြင့်ဆုံးကိုယ်စားလှယ် အဖွဲ့အဖြစ် ပထမဆုံးသွားရောက်ခဲ့ပါသည်။ ထိုအရေးကြီးသော ခရီးစဉ်တွင် Campbell သည် အတိုက်အခံခေါင်းဆောင် နိုဗယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်နာရီကြာ တွေ့ဆုံဆွေးခွင့်ရခဲ့ပါ သည်။ သို့သော် Campbell သည် စစ်အစိုးရ အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံခွင့်မရခဲ့ ပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို လျစ်လျူရှု၍ အရေးမပါသော သဘောထားသကဲ့သို့ ပြုမူလိုက်ခြင်းဖြစ်သည်။ Campbell တွေ့ဆုံခဲ့သော ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး သိန်းစိန်သည်  ဝန်ကြီးချုပ်ပင်ဖြစ်သော်လည်း စစ်အစိုးရတွင် နံပါတ် ခေါင်းဆောင်ဖြစ်ပါသည်။

          မြန်မာနိုင်ငံသည် အမေရိကန်နှင့် ပြန်လည်ဆက်ဆံခြင်းကြောင့် အရေးယူပိတ်ဆို့မှုများ ရုတ် သိမ်းရေးအတွက် ဖြစ်နိုင်ချေအပြင် မည်သည့်အကျိုးများရရှိနိုင်သနည်း ဟုမေးခွန်းထုတ်ရပါမည်။ မြန် မာစစ်အစိုးရသည် မိမိကိုယ်တိုင် အထီးကျန်လမ်းကြောင်းကို သွားနေသည်ဟု သတင်းမွှေးသော် လည်း၊ ယခုအခါစစ်တပ်သည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုရှာဖွေနေပါသည်။ ဗိုလ်ချုပ်များသည် လာမည့် နှစ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပပြီး ၎င်း၏ အာဏာပိုင်အဖွဲ့ကို အာဏာဆက်လက် တည်မြဲရေးအတွက် ကြိုးစားမည်ဖြစ်ပါသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်သည် အစိုးရ ထိပ်ပိုင်းရာထူးများကို စစ်တပ်မှရယူရန် သတ်မှတ်ထားပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကိုရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ပါဝင်ခြင်းမပြုနိုင်အောင် ပညာသားပါပါရေးဆွဲထားပါသည်။ နိုင်ငံတကာ စောင့် ကြည့်လေ့လာရေးအဖွဲ့များကမူ အာဖဂန်နစ္စတန်ကဲ့သို့ ရွေးကောက်ပွဲကို အကူအညီများပေးလာရနိုင် သည်ဟု သံသယရှိနေကြသည်။ မည်သို့ဆိုစေကာမူ စစ်အစိုးရသည် ရွေးကောက်ပွဲကို ပြင်ပ ကမ္ဘာကို သက်သေပြရန်ကြိုးစားရေးအတွက် စိတ်ဝင်စားနေပြီး သို့မှသာ ၎င်းတို့ဆက်လက်အုပ်ချုပ်နိုင်ရေးအ တွက် တရားဝင်ဖြစ်စေမည်ဖြစ်သည်။

          အကယ်၍ Obama သည် စင်္ကာပူတွင် သိန်းစိန်နှင့် တွေ့ဆုံရာ၌ ဓာတ်ပုံထဲတွင် ယဉ်ကျေးသော နှုတ်ဆက်ခြင်းအမူအရာပြရုံသက်သက်ထက် ပိုပြီးလုပ်ဆောင်ရမည်ဆိုပါက Obama သည် ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာကို မေးမြန်းရပါလိမ့်မည်။ ယခုလအစောပိုင်းက မြန်မာနိုင်ငံ နိုင်ငံခြားရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမင်းလွင်က အနံ့ပေးရုံသက်သက်သဘောရှိသော ကြေညာချက်ကို AP သတင်းဌာနသို့ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်ကို မကြာမီလွှတ်ပေးရန် အစီအစဉ် ရှိကြောင်းထည့်သွင်းပြောကြားသွားပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---