Transparency Myanmar

transparency.myanmar@gmail.com

အထူးစီးပွားရေးဇုန်ဥပဒေဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာနိုင်သည့် အလားအလာ(၂)

ဘုန်းထက်ဝင်း

လက်ရှိအခြေ၌ မြန်မာနိုင်ငံဗဟိုဘဏ်မှ ထုတ်ဝေသော FEC တန်ဖိုးမှာ ဈေးနှုန်းမြင့်တက် သွားကာ အမေရိကန်ဒေါ်လာနှင့် အနည်းငယ်သာ ကွာခြားတော့သည်။ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီး မြုပ်နှံသူများသည်  ပြည်တွင်းနိုင်ငံခြားငွေကြေးကို မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် အခွန်ဆောင်ပြီးမှသာ ကိုင်ဆောင်ခွင့်ရှိပြီး နိုင်ငံခြားငွေကိုင်ဆောင်သူများအနေဖြင့် FEC (foreign Exchange Certificate) ကိုသာ ကိုင်ဆောင်ခွင့်ပြုထားသည်။ ယခု အသစ်ပြဋ္ဌာန်းလိုက်သော အထူးစီးပွားရေးဇုန် ဥပဒေ အခန်း ၈၊ ဘဏ်နှင့် ငွေးရေးကြေးရေး စီမံခန့်ခွဲခြင်းနှင့် အာမခံလုပ်ငန်း အခန်း အပိုဒ် ၃၉ တွင် ရင်းနှီးမြုပ်နှံသူများ အနေဖြင့် လုပ်ငန်းလည်ပတ်နေစဉ်အတွင်း ငွေကြေးတန်ဖိုးကို သတ်မှတ်ချက်အတိုင်း ငွေကြေးတန်ဖိုးကို သတ်မှတ်အသုံး ပြုနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်သော ယင်းဥပဒေတွင် ဖော်ပြထားသည်။ ထိုသို့ သတ်မှတ်အသုံးပြုမည် ဟု ဆို ထားသော်လည်း ဈေးကွက်ပေါင်းဈေး "နှုန်းရှင်" နှင့် သွားမည်လော၊ ဈေးကွက်ပေါက်ဈေးနှင့် နီးစပ်သော "နှုန်းသေ" ဖြင့် သွားမည်လောကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။ "တစ်တိုင်းပြည်လုံးမှာ နိုင်ငံခြားငွေကြေးကို ဈေးကွက်ဈေးနှုန်းအတိုင်း မလုပ်ချင်လို့ SEZမှာပဲ စမ်းလုပ်ကြည့်တာလည်း ဖြစ်နိုင်တယ်" ဟု ဒေါက်တာအောင်ကိုကိုက သုံးသပ်ပြသွားသည်။

     မြန်မာနိုင်ငံအစိုးရသည် နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံသူများ ယုံကြည်မှုရှိရှိ ရင်းနှီးနိုင်ရန် မှန်ကန်သင့်လျှော်သည့် ငွေကြေးမူ ဝါဒများကို ချမှတ်အကောင်းအထည်ဖော်ခဲ့ပြီးဖြစ်သည်။ " နောက်ပြီး အစိုးရက ပြောတဲ့ စကားတစ်ခုရှိတယ်။ နိုင်ငံတကာငွေ ကြေး ရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ် ပူးတွဲနှစ်ပတ်လည် အစည်းအဝေးမှာ မြန်မာနိုင်ငံဗဟိုဘဏ်က တင်ပြခဲ့တာမှာ ခါတိုင်းကတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်တယ်။ ပြီးခဲ့တဲ့ ကာလအတွင်းမှာတော့ တစ်ဖက်က ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်သလို၊ တစ်ဖက်မှာလည်း မြန်မာငွေတည်ငြိမ်းရေးကို ဆောင်ရွက်နေ တယ်လို့ပြောတယ်။ ဒီစကားနဲ့ အပြင်မှာဖြစ်နေတဲ့ လက် တွေ့အခြေအနေနှစ်ခုက ကိုက်ညီမှုရှိတာကို တွေ့ရတယ်" ဟု ခင်မောင်ညိုဘောဂဗေဒ၏ ပြောကြားချက်အရသိရသည်။

     မြန်မာနိုင်ငံတွင် တည်ဆောက်မည် အထူးစီးပွားရေးဇုန်များအနက် ထားဝယ်အထူး စီးပွားရေး စက်မှုဇုန်ကဲ့သို့ စက်မှုဇုန်မျိုးသည်  အရှေ့တောင်အာရှအကြီးဆုံးမာတာပုစက်မှုဇုန်ထက် ဆယ်ဆ ကြီးမားပြီး မြန်မာလူမျိုးသန်းနှင့်ချီ၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ပါသည်။ ထိုအတွက်ကြောင့် အလုပ်သမားအခွင့်အရေးအလို့ဌာ ယင်းအထူးစီးပွားဇုန်ဥပဒေ အပိုဒ် ၅၁၌ အလုပ်အကိုင် ခန့်ထားမှုစည်းမျဉ်းစည်းကမ်းနဲ့ပတ်သက်ပြီး အသေးစိတ်ပြဋ္ဌာန်းထားပါသည်။ ရင်းနှီး မြုပ်နှံသူများအနေဖြင့် ပထမငါးနှစ်သက်တမ်းအပြီး နိုင်ငံသားကျွမ်းကျင်လုပ်သား ၂၅ ရာခိုင်နှုန်းခန့် ထားရမည်ဖြစ်ပြီး ဒုတိယငါးနှစ်သက်တမ်းအပီးတွင် ၅၀ ရာခိုင်နှုန်း၊ တတိယငါးနှစ် သက်တမ်းအပြီးတွင် ၇၅ ရာခိုင်နှုန်းအသီးသီးခန့်ထားရမည်ဖြစ်ကြောင်းဖော်ပြပါရှိပါသည်။ ထိုသို့ သတ်မှတ်ချက်များရှိသော်ငြားလည်းလုပ်ငန်းအချို့စတင်နေပီးဖြစ်သော ထားဝယ်စီမံကိန်းတွင် မြန်မာ လူငယ်အချို့ အလုပ်အကိုင်ရရှိနေပြီဖြစ်ရာ နိုင်ငံတွင်းရှိ လူ့စွမ်းအားအရင်းအမြင်၊ လုပ်ခလစာအပေါ် မူတည်၍ နိုင်ငံသားများအတွက် အ လုပ်အကိုင်အခွင့်အလမ်းဖန်တီးနိုင်ကြောင်း မှတ်ချက်ပြုသော လေ့လာသူအချို့လည်းရှိပါသည်။ ထားဝယ်စက်မှုဇုန်စီမံကိန်း တွင်ရေကြောင်းကုန်သွယ်မှုအတွက် ဗဟိုချက်မဖြစ်လာမည့်ကုန်စည်တန်ချိန်သန်း ၁၀၀ ကို တစ်ပြိုင်နက်ကိုင်တွယ်တင်ချနိုင်သည့် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်အတွင်းရေနံဓာတုစက်မှုလုပ်ငန်းများ၊ ရေနံချက်စက်ရုံများ၊ သံမဏိ စက်ရုံ၊ လျှပ်စစ်စက်ရုံ ၊ သဘောင်္ကျင်းလုပ်ငန်း၊ ဓာတ်ငွေ့ခွဲစက်ရုံ၊ ဓာတုဗေဒစက်ရုံစသည်ဖြင့် အကြီးစား စက်မှုဇုန်နှစ်ခု။ အလတ်စားစက်မှုဇုန်တစ်ခု၊ အသေးစားစက်မှုဇုန်တစ်ခု၊ မြို့ပြလူနေ အိမ်ရာတစ်ခုတို့ပါဝင်မည်ဖြစ်ပြီး ၁၀ နှစ်စီမံကိန်းကြီးဖြစ်သည်။

     ယခုကဲ့သို့ စည်းမျဉ်း၊ စည်းကမ်းဘောင်များကို စုံလင်စွာဖော်ပြထားသော်လည်း အခန်း ၁၂ ခန်းပါဝင်သော ယင်းဥပဒေတွင် ပိုမိုရှင်းလင်းတိကျသော အချက်များပါရှိရန် လိုအပ်သေးကြောင်း ဥပဒေကို ဖတ်ရှုပြီးသော ပညာရှင်အချို့ကဆိုကြသည်။ "ဥပဒေမှာ တိတိကျကျဖော်ပြရမယ်။ ဒါမှပဲ ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်နိုင်မှာ၊ နောက်ပြီးလူတိုင်းဖတ်ရှုနိုင်အောင် ပြည်တွင်း၊ ပြည်ပမှာ မြန်မာဘာသာနဲ့ရောပါ ဖော်ပြသင့်တယ်" ဟု ဒေါက်တာ အောင်ကိုကိုက ဆိုသည်။

Ref: Flower News Journal (vol7,No.5,1-7), ပြည်သူ့ခေတ် ဂျာနယ် (အတွဲ၁၊ အမှတ် ၃၀)၊ The Voice Journal (Vol1/ No.10), ရန်ကုန်တိုင်းမ် (အတွဲ၇၊ အမှတ် ၄)

(အထက်ပါ ဆောင်းပါးကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ်များအတွက် သတင်းများနှင့် ဆောင်းပါးများကို အချိန်ပေးဖတ်ရှုရသည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကို ရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာ ဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ) မဟုတ်ပါကြောင်းအသိပေး ဖော်ပြအပ်ပါသည်။)

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပြည်ထောင်စုနေ့

            လွန်ခဲ့သော ၆၄ နှစ်ခန့်က ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် ဗမာပြည်မမှ ခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသားခေါင်းဆောင် ကြီးများသည် ရှမ်းရိုးမပေါ်ရှိ ပင်လုံဆိုသော မြို့ကလေး၏ ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသော နှင်းမှုန်များကို အံတု၍ အင်္ဂလိပ် လက်အောက်မှ လွတ်လပ်ရေးကို တောင်တန်းနှင့်ပြည်မ အတူတကွ ရယူရေးအတွက် အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည်။ ပြည်မနှင့် တောင်တန်းဒေသမခွဲခြားဘဲ  လွတ်လပ်ရေးကို အတူတကွ ရယူကြမည်၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမ အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အတူတကွနေထိုင်ကြသည့် လွတ်လပ်သော ပြည်ထောင်စုနိုင်ငံအဖြစ် ရပ်တည်သွားကြရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပင်လုံညီလာခံ၊ ပြည်ထောင်စုနေ့၊ တိုင်းရင်းသား ချစ်ကြည် ရင်းနှီးမှုကို မှတ်ကျောက်တင်နိုင်ခဲ့သည့်နေ့ဟု ကျွန်ုပ်တို့ ငယ်စဉ်တည်းက အရိုးစွဲအောင် ကျက်မှတ်ယုံကြည်ခဲ့ကြ သည်။

            အောင်မြင်မှုတို့သည် ရိုးရှင်းလွယ်ကူစွာရလေ့မရှိ။ ပင်လုံညီလာခံတွင် ဆွေးနွေး၍ မပြီးပြတ်နိုင်သဖြင့် ဗိုလ်ချုပ်ကိုယ်တိုင် စိတ်ပျက်၍ ပြည်မသို့ပြန်ရန် ပြင်ဆင်ချိန်ကျမှ တိုင်းရင်းသားခေါင်းဆောင်များသည် သူတို့ချစ်သော ကိုအောင်ဆန်း စိတ်ငြိုငြင်မည်ကို စိုးရိမ်သဖြင့်  နောက်ဆုံးအချိန်တွင်မှ ပြည်ထောင်စုအဖြစ်ပူးပေါင်းနေထိုင်သွားကြရန်  လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့ရာတွင် တိုင်းရင်းသားတို့က ပြည်ထောင်စုအဖြစ် ဆယ်နှစ်ခန့် ယှဉ်တွဲနေထိုင်ပြီး နောင်ဆယ်စုနှစ်တစ်ခုအကြာတွင် ပြည်ထောင်စုအဖြစ်နှင့် ဆက်လက်နေထိုင်မည်(သို့) သီးခြားနိုင်ငံများအဖြစ် ရပ်တည်သွားကြမည်ဟူသည့် အချက်ကို ထည့်သွင်းချုပ်ဆိုခဲ့ကြပြီး ဖက်ဒရယ်မူဟု ခေါ်ဆိုခဲ့ကြသည်။ အဆိုပါ ဖက်ဒရယ်မူသည်ပင် နောင်ဆယ်နှစ်အကြာတွင် တိုင်းရင်းသားညီညွတ်ရေးကို ပျက်စီးစေခဲ့ပြီး ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးပြည်တွင်းစစ်ကို ဆင်နွှဲခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။

            ဗမာဆိုသည်မှာ  ကတိမတည်၊ တိုင်းရင်းသားဆိုသည်မှာ လိုအပ်သည်ထက်အခွင့်အရေးယူတတ်သည်ဟူသော အမြင်မကြည်မှုများသည် ပြည်တွင်းစစ်ကို ကြာညောင်းစေခဲ့ပြီး အပြန်အလှန်ယုံကြည်မှုလဲ တည်ဆောက်၍ မရသည့်နိုင်ငံသည် တည်ငြိမ်မှုမရှိတော့ဘဲ ဖွံ့ဖြိုးတိုးတက်မှုတွင်များစွာနောက်ကျကျန်စေခဲ့သည့် အကြောင်းအရင်းလဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုများဖြစ်ပွားအပြီးတွင် အဆိုပါကွဲလွဲမှုများ ပိုမိုဆိုးရွားလာပြီး သတိမမူမိသည့်အချက်မှာ အာဏာရှင်ဆိုသည်မှာ တိုင်းရင်းသားရော ဗမာရော မည်သူ့ကိုမဆို ၎င်းအား ဆန့်ကျင်လျှင် ဖိနှိပ်မည်ဆိုသည့်အချက်ပင်ဖြစ်သည်။ ဖိနှိပ်မှုအောက်တွင် မည်သည့်လူမျိုးမှ တိုးတက်မှုမရရှိခဲ့ကြဘဲ အထူးသဖြင့် စစ်ပွဲများ မပြတ်ဆင်နွှဲနေကြရသည့် တိုင်းရင်းသားဒေသများသည် များစွာပင် နောက်ကျကျန်ခဲ့ပြီဖြစ်ပါသည်။

            ယခုအခါတွင် အာဏာရှင်စနစ်မှ ပါလီမန်စနစ်သို့ကူးပြောင်းနေပြီဖြစ်ရာ လူတိုင်းလူတိုင်းသည် တန်းတူညီမျှ အခွင့်အရေးများ ရရှိနိုင်ရန် သက်ဆိုင်ရာလွှတ်တော်များမှ တဆင့်တင်ပြတောင်းဆိုကြရတော့မည်ဖြစ်သည်။ ပေါ်ပေါက် လာသည့် ပါလီမန်သည် မည်သို့ပင်ဖြစ်စေကာမူ တည်ငြိမ်အေးချမ်းမှုနှင့် ညီညွတ်ရေးကိုလိုလားသည့် တိုင်းရင်းသားနှင့် ပြည်သူလူထုကို တစ်စိတ်တစ်ပိုင်းအားဖြင့် ကိုယ်စားပြုနေသည်ကို သတိချပ်စေလိုပါသည်။ ဤပါလီမန်တွင်ပင် လူတစ်ဦးချင်းတိုးတက်ရေးကိုတောင်းဆိုရင်းဖြင့် သာတူညီမျှမှုနှင့် တန်းတူရည်တူရှိမှုကို ဖြစ်ပေါ်စေကာ ညီရင်းအကိုချစ်ကြည်မှုမှ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကို အလိုလျှောက်ဖော်ဆောင်ပြီးဖြစ်ပေမည်။

            ယခုအခါတွင် နိုင်ငံရေးသြဇာကြီးမားသူများက တိုင်းရင်းသားတို့၏ ရိုးသားမှုနှင့် ဖက်ဒရယ်မူဟူသော မက်လုံးကို အကြောင်းပြု၍ ဒုတိယပင်လုံညီလာခံဟူ၍ ကျင်းပရန်ပြင်ဆင်နေသည်ကိုလည်းကြားသိနေရသည်။ မည်မျှပင် စေတနာကောင်းစေကာမူ နောက်သို့တဖြေးဖြေး ဆုတ်နေသော အာဏာရှင်ကို ရှေ့သို့ပြန်တိုးလာရန် ဖိအားပေးခြင်းမျိုးလည်း ဖြစ်သွားနိုင်ပါသည်။  ထို့ကြောင့် အခိုက်အတန့်အားဖြင့် ရရှိလာနေသည့် တည်ငြိမ်မှုများ နောက်ပြန်ဆုတ်သွားလျှင်၊ တိုင်းပြည်သည် ပြည်တွင်းစစ်များဆီသို့ သံသရာလည်သွားလျှင် ညီအကိုချင်းချစ်ကြည် ရင်းနှီးမှုဆိုသည်မှာ နောက်တစ်ကြိမ်ထပ်မံရရှိရန်နိုင် ပိုမိုခက်ခဲသွားမည်ဖြစ်ပြီး ကိုအောင်ဆန်းကဲ့သို့သော ပြည်သူချစ်သော ခေါင်းဆောင် ကောင်းများ မပေါ်ပေါက်သေးသည်ကိုလည်း သတိပြုသင့်ပါသည်။

            တစ်ဦးတစ်ယောက်တည်း မိမိပြည်နယ်နှင့်တိုင်းတစ်ခုတည်း ရပ်တည်၍မရတော့သော ယနေ့ခေတ်တွင်  ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုအားလုံးသည် ကိုးကွယ်ရာ ဘာသာနှင့် အသားအရောင်တို့ကိုလိုက်၍ ခွဲခြားမှုမရှိဘဲ အားလုံး သည်တန်းတူရည်တူအခွင့်အရေးများရရှိရန် တစ်ဦးနှင့်တစ်ဦး အမြင်မတူညီမှုများကို လက်ခံနားလည်ပေးရင်း အပြန်အလှန်ညှိနှိုင်းယူကြရင်းဖြင့် တစ်ဦးချင်းတိုးတက်မှု၊ တန်းတူရည်တူ ရှိမှုများရရှိလာလျှင် ညီရင်းအကိုစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ တမင်တကာ မွေးမြူယူရန်ပင်မလိုတော့ဘဲ တိုင်းရင်းသားလူမျိုးစုများ အပြန်အလှန်ချစ်ခင်လေးစားမှုများ အလိုလျှောက်ဖြစ်ပေါ်လာကာ စစ်မှန်သော ပြည်ထောင်စု ကြီးလည်း ဖြစ်ပေါ်လာလိမ့်မည်ဖြစ်သည်။


(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ်များအတွက် သတင်းများနှင့် ဆောင်းပါးများကို အချိန်ပေးဖတ်ရှုရသည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကို ရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာ ဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ) မဟုတ်ပါကြောင်းအသိပေး ဖော်ပြအပ်ပါသည်။)

_____________________________________________________________________________________

           

           

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပည်ထောင်စုနေ့တွင် နိုင်ငံတော်အလံလွှင့်တင်ရန် အာဏာပိုင်များ လိုက်လံနှိုးဆော်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁။

ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ကျရောက်မည့် ၆၄နှစ်မြောက် ပည်ထောင်စုနေ့တွင် အသစ်ပောင်းလဲလိုက်သည့် နိုင်ငံတော်အလံအား အိမ်တိုင်းတွင် လွှင့်တင်ရန် ရပ်ကွက်အာဏာပိုင်များက ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော် လျှက်ရှိကြောင်း သတင်းရရှိသည်။

တာမွေမြို့နယ်ရှိ အဌားယာဉ်မောင်းတစ်ဦးက "ကျနော်တို့ရပ်ကွက်ထဲမှာ အလံတင်ဖို့အတွက်ကို လော်စပီကာနဲ့ လိုက်အော်နေတာ ၂ရက်လောက်ရှိသွားပြီ။ ကြည့်ရတာ လွတ်လပ်ရေးနေ့တုန်းက ဘယ်အိမ်မှ အလံမတင်လို့နဲ့တူတယ်။ ကားမှတ်တိုင်တွေမှာလဲ အလံအသေးစားလေးတွေ လိုက်ရောင်းနေတာ တွေ့တယ်"ဟု ပြောကြားခဲ့သည်။

လှိုင်မြို့နယ်မှ အသက်၂၂နှစ်အရွယ်ရှိ ကျောင်းသားတစ်ဦးက "ကျနော်တို့ရပ်ကွက်ထဲမှာတော့ ဘာမှ လိုက်မပြောဘူး။ ဘတ်စ်ကားတွေမှာတော့ အလံတပ်ထားတာတွေ တွေ့တာပဲ။ ဒီအလံသစ်ကြီးကို ကြည့်ရတာ ဖီးလ်မလာဘူး။" ဟုပြောကြားခဲ့သည်။

ပြီးခဲ့သည့် လွတ်လပ်ရေးနေ့က နိုင်ငံတော်အလံသစ်အား လွှင့်တင်သူ မရှိသလောက်နည်းပါးခဲ့သောကြောင့် ယခုလာမည့် ပည်ထောင်စုနေ့တွင် အလံလွှင့်တင်ရန် လိုက်လံဆော်သြခြင်းဖြစ်နိုင်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှ ကျောင်းဆရာတစ်ဦးက ပောသည်။ ယင်းကဲ့သို့ လိုက်လံဆော်သြနေသော်လည်း လက်ရှိအလံသစ်မှာ ယခင်အလံ ဟောင်းထက် ဈေးနှုန်းကီးမင့်သောကြောင့် အခေခံလူတန်းစားများအနေဖင့် ၀ယ်ယူရန်ခက်ခဲလျှက်ရှိကြောင်း အနှေးယဉ်လုပ်သားတစ်ဦးက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလတွင် အများပည်သူများနှင့်သက်ဆိုင်သော နေ့များအနက် Valentines' Day ကိုသာ လူငယ်များအတွင်း သိရှိစိတ်ဝင်စားမရှိပြီး ပည်ထောင်စုနေ့ကိုမူ အစိုးရ၏လှုံ့ဆော်ချက်အရသာ သိရှိကြကြောင်း၊ အခားသော အရေးကြီးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ရက်တွင်ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် မန်မာနိုင်ငံ လုံးဆိုင်ရာ ခလေးသူငယ်များနေ့ကိုမူ မသိသလောက်ပင်ဖြစ်ကြောင်း၊ ယင်းမှာ မန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကတည်းက ပင်စတင်လာခဲ့သည့် နိုင်ငံရေးအရ ဖုံးကွယ်မှုတစ်ခုပင်ဖစ်ကြောင်း မန်မာ့နိုင်ငံရေးအား လေ့လာ နေသည့် ကျောင်းဆရာတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

The CJs News

­­­­­­­­­­­­­­­_________________________________________________________________________________________________________________________________________________________________

ကမ်းရိုးတန်းဖုန်းများ Pre-Paid Card သုံးခွင့်မရသေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁။

Elite Tech ကုပ္မဏီမှ ဖြန့်ချီရောင်းချပေးနေသော CDMA 450 MHz ဖုန်း ကြိုတင်ငွေဖည့်ကဒ်များသည် အမျိုးအစားတူ ဖစ်သော CDMA 450 MHz (ကမ်းရိုးတန်း)ဖုန်းများတွင် အသုံးမပုနိုင်ကြောင်း ကမ်းရိုးတန်းဖုန်း ကိုင်ဆောင်ထားသူများ ထံမှ စုံစမ်းသိရှိရသည်။

ပုသိမ်အမည်ပေါက် ကမ်းရိုးတန်းဖုန်းကိုင်ဆောင်ထားသူ မခိုင်မွန်(အမည်လွှဲပြောင်း)က "ကျမက အလုပ်ကိစ္စ အတွက်လိုလို့ ကမ်းရိုးတန်းဖုန်းတွေ ချပေးတုန်းက ပုသိမ်ကတဆင့်ယူထားတာ။ သူက (ကမ်းရိုးတန်း) နယ်မှာသုံးရင် G ထက်အဆင်ပြေတယ်။ အဲဒီတုန်းက ဖုန်းက ဒီလိုများများစားစားလဲ မရသေးဘူးဆိုတော့ ပုသိမ်ကနေတဆင့် ကြားခံနဲ့ဝယ်ထားတာ။ ဖုန်းဘီလ်က ပုသိမ်မှာဆောင်နေရတယ်။ ခုပရီပိတ်ဒ်ကဒ်တွေ ချပေးမယ်ကြားတော့ ကုပ္မဏီကိုလှမ်းမေးတာ၊ ကျမတို့ဖုန်းတွေ မပါသေးဘူးပြောတယ်။ လိုချင်ရင် ကျပ်ငါးသိန်းပေးပြီး ထပ်လျှောက် ရမယ်ပြောတယ်။ 450 MHz ချင်းအတူတူဘာလို့ခွဲခားထားလဲ မသိပါဘူး။ ကျမတို့က ဈေးကီးလဲပေးဝယ်ရတယ်။ အခွင့်အရေးလဲ တန်းတူမရဘူး" ဟုပောသည်။

မန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ကိုတင်ငွေဖည့်ကဒ်များကို ယခင်က FEC 20, FEC 50တန် စသည်ဖင့် ပုဂ္ဂလိက ကုမ္ပဏီများမှ ရောင်းချပေးခဲ့ကြောင်း ယခုအခါ Elite ကုပမ္မဏီက 800 MHz (ငါးသိန်းဖုန်း) များအတွက်သာမက 450MHz ဖုန်းများအတွက်ပါ ကိုတင်ငွေဖည့်ကဒ်များကို ကျပ်တစ်သောင်းတန်၊ ကျပ်သုံးသောင်းတန်၊ FEC 20 နှင့် FEC 50 တန်ဟူ၍ ရောင်းချပေးနေကြောင်း သို့သော် ၄င်း Prepaid Top-up ကဒ်များမှာ 450 MHz (ငါးသိန်းဖုန်း)များ၌သာ အသုံးပြု၍ ရနိုင်ကြောင်း၊ 450MHz ကမ်းရိုးတန်းဖုန်းများအတွက်မူ မည်သည့်အချိန်တွင် စတင်ဖွင့်ပေးမည်ကို မပောနိုင်သေးကြောင်း မန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် Elite Tech ကုပ္မဏီနှင့် နီးစပ်ရာအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရ သည်။

၂၀၀၈ နာဂစ်မုန်တိုင်းအပြီး ကမ်းရိုးတန်းဒေသများတွင် ဆက်သွယ်မှုလွယ်ကူမန်ဆန်စေရန် 450MHz စနစ်သုံး မိုဘိုင်းဖုန်းများကို စစ်တွေ၊ ပုသိမ်၊ ရန်ကုန်၊ မော်လမြိုင် ဒေသများတွင် ချထားပေးခဲ့ကြောင်း၊ ဌားရမ်းခ ကျပ် ၁၅သိန်းနှင့် ဖုန်းဘီလ်ကိုတင်ငွေ ငါးသောင်းကျပ် ပေးသွင်းရကြောင်း၊ ၀၉-၈၇…….နှင့် ၀၉-၈၅……..စသော ဂဏန်း၉လုံးဖုန်းများဖစ်ကြောင်း၊ ၂၀၀၉-၂၀၁၀ နှစ်များတွင် နေပည်တော်နှင့် မြို့ကီးအချို့၌ ၄င်းစနစ်သုံးဖုန်းများကို ကျပ် ၅သိန်းဖြင့် ချထား ပေးခဲ့ကြောင်း သက်ဆိုင်ရာမှ ထုတ်ပန်ချက်များအရ သိရှိရသည်။

မန်မာနိုင်ငံတွင် လက်ရှိအဓိက အသုံးပုလျှက်ရှိသည့် မိုဘိုင်းဖုန်းများမှာ GSM နှင့် CDMA 450 MHz ကမ်းရိုးတန်း (၁၅သိန်းဖုန်း) 450 MHz( ငါးသိန်းဖုန်း)၊ 800 MHz (ငါးသိန်းဖုန်း) များဖစ်ကြောင်း၊ လတ်တလော အင်တာနက်သာ သုံးခွင့်ရသေးသည့် MCwill ဖုန်းမှာ 400MHz စနစ်ဖစ်ကြောင်း၊ မန်မာနိုင်ငံကဲ့သို့ ဖုန်းစနစ်များပား ရပ်ထွေးသည့် နိုင်ငံမရှိသလောက်ပင်ဖစ်ကြောင်း၊ ထို့ပင် စနစ်ချင်းအတူတူ ဈေးနန်းအဆမတန်ကွာဟချက်များ ၀န်ဆောင်မကွာဟချက်များ ရှိနေကြောင်း၊ ကမ်းရိုးတန်းဖုန်းများ စတင်ချထားပေးစဉ်က ပင်ပပေါက်ဈေးမှာ ကျပ်၁၇သိန်းမှ ၂၀သိန်းခန့်အထိရှိကြောင်း ဖုန်းဆိုင်တစ်ခုတွင် လုပ်ကိုင်နေသည့် ဆက်သွယ်ရေးအင်ဂျင်နီယာတစ်ဦးက သုံးသပ်ပောကြားသည်။

The CJs News

 

သက်ဆိုင်ရာသံရုံး၌ မြန်မာကျောင်းသားဖြစ်ကျောင်း ထောက်ခံစာရယူထားသင့်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁။

ပည်ပနိုင်ငံများသို့ ပညာသင်သွားရောက်သော ကျောင်းသားများသည် မိမိသွားရောက်သင်ကြားရာ နိုင်ငံရှိ မန်မာသံရုံးတွင် ကျောင်းသားဖစ်ကြောင်း ထောက်ခံစာ ရယူထားသင့်ကြောင်း၊ ထိုသို့ရယူထားခင်းမရှိပါက Pass Port သက်တမ်းတိုးသည့်အခါတွင် အခွန်ငွေ ပေးဆောင်ရကြောင်း ကိုယ်တိုင်ပေးဆောင်ခဲ့ရသည့် ကျောင်းသားကျောင်းသူ အချို့ထံမှ စုံစမ်းသိရှိရသည်။

စင်္ကာပူနိုင်ငံတွင် ပညာသင်ကြားနေသော ကျောင်းသားတစ်ဦးက "ထောက်ခံစာယူရမယ်ဆိုတာ သိတော့ သိပါတယ်၊ ဒါပေမဲ့ အရေးကီးတယ်လို့ သိပ်မထင်ဘူး။ ကိုယ့်မှာရှိတဲ့ ကျောင်းသားကဒ်နဲ့ Certificate တွေနဲ့တင် လုံလောက်မယ်ထင်တယ်။ ဒီပန်ရောက်ပြီး Pass Port သက်တမ်းသွားတိုးတော့ သံရုံးထောက်ခံစာမရှိလို့ အခွန် ၇သိန်း လောက် ဆောင်လိုက်ရတယ်။" ဟု ဇန်န၀ါရီနောက်ဆုံးပါတ်က ရန်ကုန်သို့ ပန်လည်ရောက်ရှိလာစဉ် ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပညာရေးဝန်ဆောင်မအေဂျင်စီတစ်ခုကို စုံစမ်းမေးမန်းခဲ့ရာ ကျောင်းသားများအနေဖင့် မည်သည့်နိုင်ငံတွင်ကျောင်းတက်သည်ဖစ်စေ မိမိနိုင်ငံ၏ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို လေ့လာထားသင့်ကြောင်း၊ မိမိဘက်က လုပ်ထားသင့်သည်များကို ကြိုတင်လုပ်ဆောင်ထားသင့်ကြောင်း ပြောကြားခဲ့သည်။

The CJs News

(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ်များအတွက် သတင်းများနှင့် ဆောင်းပါးများကို အချိန်ပေးဖတ်ရှုရသည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကို ရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာ ဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ) မဟုတ်ပါကြောင်းအသိပေး ဖော်ပြအပ်ပါသည်။)

 ______________________________________________________________________________________________________________________________________________________________

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.