Transparency Myanmar

transparency.myanmar@gmail.com

(Radio Australia News မှ 15 February 2011 ရက်စွဲပါ "Concern Over Funding Cuts for Media Covering Burma" ကို ဘာသာ ပြန်ဆိုသည်)

နိုင်ငံ တကာ မီဒီယာ အခွင့် အရေး အုပ်စု (Reporters without Borders) က ပြည်ပရောက် မီဒီယာများ ရင်ဆိုင် နေရသော ရန်ပုံငွေ ဖြတ်တောက် ခံရမှုနှင့် ပတ်သက်၍ စိုးရိမ် ပူပန်လျက် ရှိကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။

အလွန့် အလွန် ထိထိ ရောက်ရောက် အသာစီး ရနေသော မီဒီယာများ၏ လွှမ်းမိုးမှုမှာ လက်ရှိ အနေအထားကြောင့် အားပျော့ သွားစေသည်ဟု Reporters Without Borders ပြောရေး ဆိုခွင့် ရှိသူ Vincent Brossel က ပြောကြားသည်။

အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများ ကျင်းပ ခဲ့သည့် သီတင်းပတ် များအတွင်း AFP သတင်းဌာန၏ ထုတ်ပြန်ချက် များအရ မြန်မာ နိုင်ငံတွင် တားမြစ် ခံထားရသော အော့စလို အခြေစိုက် Democratic Voice of Burma မီဒီယာ အဖွဲ့ အစည်း အနေဖြင့် ထောက်ပံ့ကြေး ရန်ပုံငွေ များစွာ ဖြတ်တောက် ခံရပြီးနောက် အစီအစဉ် မြောက်မြားစွာ ဖျက်သိမ်း ခဲ့ရသည်ဟု သိရသည်။

DVB ဒုတိယ မန်နေဂျာ ခင်မောင်ဝင်းက ယခုနှစ် အတွက် ရန်ပုံငွေ ဖြတ်တောက် ခံရမှုမှာ အမေရိကန် ဒေါ်လာ ၁ သန်းခန့် ရှိသည်ဟု ဆိုသည်။

နိုဝင်ဘာ ရွေးကောက်ပွဲများကို သတင်း ဖော်ပြရန် အတွက် မနှစ်က အပို ရန်ပုံငွေ အမေရိကန် ဒေါ်လာ ငါးသိန်း ရရှိခဲ့ခြင်း ကြောင့်လည်း ယခုကဲ့သို့ ဖြတ်တောက်ခြင်း ဖြစ်သည်ဟု ယင်းက ပြောသည်။

Reporters Without Borders က သတင်းစာ လွတ်လပ်ခွင့် အတွက် အဆင့် သတ်မှတ် ရာတွင် နိုင်ငံပေါင်း ၁၇၈ နိုင်ငံ အနက် မြန်မာ နိုင်ငံကို ၁၇၄ သတ်မှတ် ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Strategy Page မှ 9 February 2011 ရက်စွဲပါ "Myanmar;Endless Fighting" ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

          မြန်မာ နိုင်ငံတွင် လတ်တလော အသစ် တင်မြှောက် လိုက်သော အစိုးရက တရားရုံးများနှင့် စစ်တပ် အပါအဝင် အစိုးရ ဗျူရိုကရေစီ ယန္တရားကို ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်သည်။ အမှန်စင်စစ် ဆယ်စုနှစ် များစွာ သက်တမ်းလွန် တပ်မတော် အစိုးရ၏ ပုံစံဟောင်း အတိုင်း အစိုးရ အဖွဲ့သစ်က  ပြုမူ လုပ်ဆောင်နေခြင်း ဖြစ်ပြီး မကြာသေးမှီကပင် အနား ယူခဲ့သော ဗိုလ်ချုပ် ဟောင်းများက ဆုံးဖြတ်ချက် အားလုံးကို ချမှတ်နေဆဲ ဖြစ်သည်။

မြန်မာ နိုင်ငံတွင် ချုပ်ချယ် တားမြစ် ခံနေရဆဲ ဖြစ်သော အတိုက်အခံ ပါတီများက အနောက် နိုင်ငံများ၏ အရေးယူ ပိတ်ဆို့မှုများကို  ဆက်လက် ထားရှိရန် တောင်းဆို နေကြသော်လည်း ပြည်သူ အများစုအပေါ် ထိခိုက် နစ်နာမှု အနည်းဆုံး ရှိစေရန် အချောကိုင် ရမည်ဟု ဆိုနေကြသည်။ ထို့အပြင် တောင်တန်းဒေသ တိုင်းရင်းသား နယ်မြေများတွင် မြန်မာ စစ်ဗိုလ်ချုပ်များ ရက်စက်စွာ ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများ အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ရန်  အတိုက်အခံ ပါတီများက တောင်းဆို ထားကြသည်။ နိုဝင်ဘာလက ရွေးကောက်ပွဲများတွင် နိုင်ငံကို များစွာ ပြောင်းလဲစေမည် မဟုတ်ပဲ စစ်ဖက် အုပ်ချုပ်သူ အာဏာရှင်များက အာဏာ (သို့) မည်သည့် အရာကိုမျှ စွန့်လွှတ်ခြင်း မရှိပဲ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများမှ လွတ်မြောက်အောင် ကြိုးပမ်းခြင်းသာ ဖြစ်သည်ဟု နိုင်ငံတကာက ရှုမြင်ထားသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ် တလျှောက်တွင်လည်း အစိုးရ တပ်ဖွဲ့များက ကရင် ကျေးရွာများကို ဆက်လက် ပစ်ခတ်ကာ ကျေးရွာများကို ဖျက်ဆီးပြီး၊ ဒေသခံ ရွာသားများကို မောင်းထုတ်လျှက် ရှိသည်။ ၎င်းအိုင်ဒီယာသည် ဆယ်စုနှစ် များစွာက ဖြစ်ပျက်ခဲ့သည့် အတိုင်း ကရင်များကို ထိုင်းနိုင်ငံ အတွင်းသို့ ထွက်ပြေးအောင် ပြုလုပ်နေခြင်းဖြင့် ထိုင်းနိုင်ငံကို ဒုက္ခသည်များနှင့် အလုပ် ဖြစ်စေခဲ့သည်။ ယင်းအခြေ အနေကို ထိုင်းနိုင်ငံတွင် မည်သည့် အခါကမျှ လူကြိုက်များခြင်း မရှိခဲ့ သော်လည်း အနေ အထား ပြောင်းလဲ သွားအောင် မည်သည့် သံတမန်ရေး ကန့်ကွက်မှု၊ စေ့စပ် ညှိနှိုင်းမှု ကမှ တတ်နိုင်ခဲ့ခြင်း မရှိပါ။ လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာ ဒုက္ခသည် ၁၅၀,၀၀၀ ခန့်ရှိနေပြီး၊ ၎င်းတို့အနက် သုံးပုံ တစ်ပုံခန့်မှာ တရားဝင် ဒုက္ခသည် အဆင့်အတန်း သတ်မှတ်မှုကို မရရှိကြပါ။

ထို့အပြင် မြန်မာ့ တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများကို ရှာဖွေ ချေမှုန်းရန် ဆက်လက် ကြိုးစားလျှက် ရှိသည်။ လက်နက်ကိုင် အုပ်စုများက ရိက္ခာ အထောက်အပံ့ အတွက် ကရင် ကျေးရွာများကို မှီခို နေကြရသောကြောင့် ကရင်ရွာများက သူပုန်များကို ကူညီသည် ဖြစ်စေ၊ မကူညီသည် ဖြစ်စေ မြန်မာ့ တပ်မတော်၏ ပစ်ခတ် ဖျက်ဆီးခြင်းကို ခံရသည့် အကြောင်းရင်း တရပ် ဖြစ်လာခဲ့သည်။ ယင်းကဲ့သို့ အစိုးရ တပ်ဖွဲ့များ၏ မဆင်မခြင် ဝါးလုံးသိမ်း အကြမ်းဖက်မှု ကြောင့်ပင် ကရင် လက်နက်ကိုင် အုပ်စုမျိုးစုံ အတွက် တပ်သားသစ် ပုံမှန် စုဆောင်းနိုင်သည့် အခွင့် အလမ်း ရရှိခဲ့သည်။

ကရင် လက်နက်ကိုင် အုပ်စုများသည် မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်ခြင်းနှင့် ရန်ပုံငွေ အဓမ္မ ကောက်ခံခြင်းတို့မှ တဆင့် ရန်ပုံငွေ ကိုယ်တိုင် ရှာဖွေနေသူများ ဖြစ်သည်။ ကရင် လက်နက်ကိုင် တပ်ဖွဲ့များ အတွင်း ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘာသာ  အုပ်စုများ ကွဲနေသော်လည်း တပ်မတော်၏ ကျူးကျော်မှုကို တိုက်ခိုက် ရင်ဆိုင်ရန် စည်းလုံး ကြပါလိမ့်မည်။ လူနေကျဲပါး၍ တောတောင် ထူထပ်သော နယ်စပ်ဒေသမှ ကရင်များကို မြန်မာ့ တပ်မတော်က လုံးဝဥဿုံ မောင်းထုတ် နိုင်ခဲ့ခြင်း မရှိသလို အဖျက်ဆီးခံ ကျေးရွာများ ကလည်း ပြန်လည် တည်ဆောက် ကြသည်သာ ဖြစ်သည်။ ဤကိစ္စသည် မဆုံးနိုင်သော စစ်ပွဲအဖြစ် ပြောင်းခဲ့သည်မှာ ကာလများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

၂၀၁၁ ဖေဖော်ဝါရီ ၃ ရက် သတင်းများအရ ကရင်ပြည်နယ် မြောက်ဖက်မှ မွန်လက်နက်ကိုင် အုပ်စုကွဲ နှစ်ခုကြား လွန်ခဲ့သော ရက်အနည်းငယ်က တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အနည်းဆုံး တစ်ဦး သေဆုံးကာ ထိခိုက် ဒဏ်ရာ ရရှိမှု များစွာ ရှိသည်ဟု ဆိုသည်။ မြန်မာ့အစိုးရကို တိုက်ခိုက်ရာတွင်သာ စည်းလုံးကြသည့် လက်နက်ကိုင် အုပ်စုကွဲများကို အစိုးရ တပ်ဖွဲ့များက လိုက်လံ ရှာဖွေလျှက် ရှိသည်ဟု သိရှိရသည်။ မြန်မာနိုင်ငံမှ နေမဝင် ပြည်တွင်းစစ် အကြောင်း တစ်စိတ်တပိုင်း တင်ပြလိုက်ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 15 February 2011 ရက်စွဲပါ "UN Urges Permanant Thai-Cambodia Ceasefire" ကို ဘာသာ ပြန်ဆိုသည်)

၁၁ ရာစု ဟိန္ဒူ ဗိသုကာ လက်ရာ ဖြစ်သော ပရာဗီဟာ ဘုရားကျောင်း အနီး တဝိုက်တွင် ယခင် အပတ်က လူ အသေ အပျောက် ရှိခဲ့သော နယ်စပ် ပဋိပက္ခ ဖြစ်ပွား ခဲ့ပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ အကြား အမြဲတမ်း အပစ် အခတ် ရပ်စဲရေးကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက တနင်္လာနေ့တွင် တောင်းဆို လိုက်သည်။

အခင်းဖြစ် ကမ္ဘောဒီးယား၊ ထိုင်း နှစ်နိုင်ငံနှင့် ယင်းပဋိပက္ခကို ကြားဝင် စေ့စပ်ရန် ကြိုးစားသော အင်ဒိုနီးရှား နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် တံခါးပိတ် အစည်းအဝေး ပြုလုပ် အပြီးတွင် လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ ဘရာဇီး သံအမတ်ကြီး Maria Luiza Ribeiro Viotti က အထက်ပါ အတိုင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ရပ်နှင့် သက်ဆိုင်သည့် နိုင်ငံများ အနေဖြင့် အမြဲတမ်း အပစ် အခတ် ရပ်စဲရေးကို ထူထောင်ကာ အပြည့်အဝ အကောင် အထည် ဖော်ကြရန် လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များက တိုက်တွန်းသည်ဟု သူမက ပြောကြား ခဲ့သည်။

လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များက အရှေ့တောင် အာရှမှ ပဋိပက္ခ အပေါ် အလွန် အမင်း စိုးရိမ် ပူပန်ကြောင်း အလေး အနက် ပြောကြားခဲ့ပြီး နှစ်ဖက် စလုံးမှ အမြင့်ဆုံး စိတ်ရှည် သည်းခံမှုကို ပြသကြရန်နှင့် အခြေ အနေ ပိုမို ဆိုးဝါးစေမည့် မည်သည့် လုပ်ရပ်ကို မဆို ရှောင်ရှား ကြရန် တိုက်တွန်း ခဲ့သည်ဟု သူမက ဆက်လက် ပြောသည်။

ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး ဟော်နန်ဟောင်က အမြဲတမ်း အပစ်အခတ် ရပ်စဲရေး ရရှိ စေရန် အတွက် အစည်း အဝေး တက်ရောက် ခဲ့သည့် အချိန်တွင် နိုင်ငံခြားရေး ဝန်ကြီး ကာဆစ် ပီရိုမြ ကိုယ်စား ပြုသည့် ထိုင်းတို့ကလည်း ယင်းတို့ အချင်းချင်း အကြား ဖြစ်ပွားသော ပဋိပက္ခကို ယင်းတို့ နှစ်နိုင်ငံကပင် အဆုံးသတ် ကြမည်ဟု အခိုင်အမာ ပြောကြား ခဲ့သည်။

ပြဿနာကို ကြားဝင် စေ့စပ်ရန် ကြိုးပမ်း သည့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီနာတာလီဂါဝါ သည်လည်း လုံခြုံရေး ကောင်စီ အစည်းအဝေးသို့ ပါဝင် တက်ရောက် ခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံ၏ ကြားဝင် ဖြန်ဖြေရေး ကြိုးပမ်းမှုကို လုံခြုံရေး ကောင်စီက ထောက်ခံသည်ဟု ယင်းက ဆိုသည်။

"ထွက်ပေါ် လာတဲ့ အယူ အဆ ကတော့ ဒေသတွင်း ကြိုးပမ်းမှုတွေနဲ့ အင်တိုက် အားတိုက် ပူးပေါင်း ဆောင်ရွက် ကြဖို့ ဖြစ်ပါတယ်၊ အခု ဆိုရင် ဒေသတွင်း ကြိုးပမ်း အားထုတ် မှုတွေက အင်အား အပြည့်ပါပဲ၊ ထိရောက်မှု ရှိတဲ့ ဒိုင်ယာလော့ ကတစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်း ကြတာပါ" ဟု သူမက ပြောကြား သွားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(BBC news မှ 14 February 2011 ရက်စွဲပါ Subir Bhaumik ရေးသားသော "Thailand 'deported' Burmese Rohingyas" ကို ဘာသာ ပြန်ဆိုသည်)

ပြီးခဲ့သည့် အပတ်က အိန္ဒိယ၏ အန်ဒမန်နှင့် နီကိုဘာ ကျွန်းများတွင် ရဲများ တွေ့ရှိ ခဲ့သည့် ရိုဟင်ဂျာ ဒုက္ခသည် (၉၁) ဦးအားး ပြန်ပို့ ခဲ့ပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြား ခဲ့သည်။

ဒုက္ခသည်များအား အင်ဂျင် မပါသော လှေပေါ်တွင် အစာရေစာ အနည်းငယ်ဖြင့် လွှတ်ပေး ခဲ့ခြင်း ဆိုသည်ကို ယင်းက ငြင်းဆို ခဲ့ပြီး ဒုက္ခသည်များ နောက်ထပ် ခရီးရှည်ကြီးအား မည်သို့ ခရီး ဆက်မည် ကိုမူ ၎င်းအနေဖြင့် မသိကြောင်း ဆိုသည်။

အိန္ဒိယ ဆရာဝန်များနှင့် ရဲများက ပြောကြားရာတွင် ဒုက္ခသည်များ အစာရေစာ ငတ်ပြတ်ကာ ရေများ ခန်းခြောက်နေကြောင်း ဆိုသည်။ အဆိုပါ ရိုဟင်ဂျာများ အနက် (၂၅) ဦးအား ဆေးရုံ တင်ထားရကြောင်း ယင်းတို့က ပြောသည်။ မြန်မာ နိုင်ငံ၏ မြန်မာနိုင်ငံ၏ မူဆလင် တိုင်းရင်းသား ဖြစ်သော ရိုဟင်ဂျာ ထောင်ပေါင်း များစွာသည် မတရား နှိပ်စက်ခံရမှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။

ဘင်္ဂလာဒေ့ရှ် နိုင်ငံ ဒုက္ခသည် စခန်းတွင် ရိုဟင်ဂျာ လူမျိုး ခန့်မှန်းခြေ နှစ်သိန်းခန့် နေထိုင်လျက် ရှိသည်။ အထူးသဖြင့် တရားမဝင် စခန်းများတွင် နေထိုင်ကြသူ အများစုသည် အခြေအနေ ဆိုးရွားစွာ နေထိုင်ရသဖြင့် အခြား အရှေ့တောင် အာရှ နိုင်ငံ များသို့ ပင်လယ် မှတဆင့် ထွက်ပြေးလျက် ရှိသည်။

ရိုဟင်ဂျာများက ပြောကြားရာတွင် ၎င်းတို့သည် ထိုင်းနိုင်ငံမှ တဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်၍ အေးဂျင့် ၏ အကူအညီကို ရယူရကြောင်း ဆိုသည်။ ဒုက္ခသည်များက ရဲများသို့ ပြောကြားရာတွင် ထိုင်းရေတပ်သည် ၎င်းတို့အား အင်ဂျင် မပါသော လှေပေါ်တွင် အစာနှင့်ရေ အနည်းငယ်သာ ထည့်ပြီး လွှတ်လိုက်နိုင်ကြောင်း ပြောခဲ့ကြသည်။

သတင်း ထုတ်ပြန် ကြေငြာချက် တစ်ခုတွင် ထိုင်းနိုင်ငံခြားရေး ပြောခွင့်ရ ပုဂ္ဂိုလ် Thani Thongphakdi က ပြောကြားရာတွင် တရားမဝင် ဝင်ရောက်လာသူ (၉၁) ဦးကို Trang ပြည်နယ် အနီး ပင်လယ်ပြင်တွင် တွေ့ရှိခဲ့ကြောင်း၊ ယင်းကိစ္စကို နိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ အရသာ ကိုင်တွယ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

"သူတို့ဟာ မြန်မာနိုင်ငံက လာတာလို့ တွေ့ရှိရတဲ့ အတွက်၊ ရနောင်းကနေ မြန်မာပြည်ကို ဖြတ်တဲ့ နယ်စပ်မှာ လွှတ်ပေးခဲ့တာပါ" ဟု Mr Thangphakdi ကပြောကြားခဲ့ပြီး၊ ထိုသို့ လုပ်ဆောင်မှုမှာ ၎င်းတို့၏ ဆန္ဒနှင့်အညီ ဖြစ်ကြောင်းလည်း ဖြည့်စွက် ပြောကြားခဲ့သည်။

ထိုင်းအာဏာပိုင်များသည် ထိုအုပ်စုမှာ ရှေ့ဆက်၍ မည်သို့ ခရီးသွားမည်ကို စဉ်းစားနိုင်သော ဗဟုသုတ မရှိကြောင်း ပြောသည်။

ယခု အန်ဒမန်တွင် ရောက်ရှိနေသော ရိုဟင်ဂျာများက အိန္ဒိယ ရဲများသို့ ပြောကြားရာတွင် ၎င်းတို့ Trang ပြည်နယ်တွင် အဖမ်းခံရစဉ်က ထိုင်းရဲများ၏ ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်း များကို ခံစားခဲ့ရသည်ဟု ပြောပြကြသည်။

"အဲဒီနောက်တော့ ကျွန်တော်တို့ကို ပင်လယ်ပြင်ကို ခေါ်သွားပြီး အင်ဂျင်မပါတဲ့ လှေပေါ်မှာ အစာနဲ့ရေ နည်းနည်းပဲ တင်ပေး လိုက်ပြီး လွှတ်လိုက်ပါတယ်" ဟု ရိုဟင်ဂျာ တစ်ဦးက ရဲသို့ ပြောကြားခဲ့ရာ မှတ်တမ်း တင်ထားရှိသည်။

အဆိုပါ စွပ်စွဲချက်ကို ထိုင်းက ငြင်းဆိုထားသည်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာကလည်း အင်ဒမန် ပင်လယ်တွင် ရိုဟင်ဂျာ (၃၀၀) ခန့် ကယ်တင် ခဲ့ရရာ၊ ထိုင်းရေတပ်က ၎င်းတို့၏ လှေမှ အင်ဂျင်ကို ဖြုတ်ပစ်ခဲ့ပြီး နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Radio Australia News မှ 15.Feb 2011 ရက်စွဲပါ "China replaces Japan as world's second largest economy" သတင်းကို ဘာသာ ပြန်ဆိုသည်"

တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံအဖြစ် ဂျပန်နိုင်ငံကို ကျော်တက် သွားကြောင်း တရားဝင် ကိန်းဂဏန်းများ က အတည် ပြုလိုက်ပြီ ဖြစ်သည်။

          တရုတ် နိုင်ငံသည် စီးပွားရေး ပမာဏအရ အမေရိကန် ပြည်ထောင်စု၏ နောက်တွင် ဒုတိယ အဖြစ် ရပ်တည် နိုင်ခဲ့ပြီး ဂျပန် နိုင်ငံက တတိယ နေရာသို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။

          ဂျပန် စီးပွားရေး၏ တန်ဖိုးမှာ အကြမ်းဖျင်း အမေရိကန် ဒေါ်လာ ၅.၅ ထရီလီယံ ခန့် ရှိချိန်တွင် တရုတ် စီးပွားရေး ပမာဏက အမေရိကန် ဒေါ်လာ ၅.၈ ထရီလီယံ သို့ ရောက်ရှိခဲ့သည်။ 

          သို့သော်လည်း သြစတြေးလျ နိုင်ငံ Macquarie ဘက်မှ အာရှ စီးပွားရေး ဌာန အကြီးအကဲ Richard Jerram က ယခုအဆင့် သတ်မှတ်ချက်မှာ အနည်းငယ်သာ အရေးပါ အရာရောက်မှု ရှိသည်ပာု ပြောကြားခဲ့သည်။

          "ဒါက မပြောပလောက်ပါဘူး၊ သြစတြေးလျက နယူးဇီလန်ထက် ပိုပြီး ချမ်းသာတယ်လို့ ပြောသလို မျိုးပေါ့ဗျာ၊ တကယ်တမ်း ကျွန်တော် ဆိုလိုချင်တာက အဲဒီနိုင်ငံမှာ လူတွေ အများကြီး နေထိုင်ကြတာ ဆိုတော့ ဒီလို ရလာဒ်မျိုး ရလာဖို့ ခင်ဗျား မျှော်လင့်ထားလို့ ရပါတယ်" ပာု ၎င်းကပြောကြားသည်။

          နိုင်ငံများ၏ စီးပွားရေးကို နှိုင်းယှဉ်သည့် အမှန်ကန်ဆုံး နည်းလမ်းမှာ တစ်ဦးချင်း ကြွယ်ဝမှုကို ဆွေးနွေးကာ တစ်ဦးချင်း ဝင်ငွေကို လေ့လာကြရန် ဖြစ်သည်ပာု Mr.Jerram က ဆိုသည်။

          တစ်ဦးချင်း ဝင်ငွေကို အခြေခံ တိုင်းတာပါက တစ်နှစ်လျှင် ဒေါ်လာ ၄၀၀၀၀ ပျှမ်းမျှဝင်ငွေ ရှိသည့် ဂျပန် နိုင်ငံသားများက တစ်နှစ်လျှင် ဒေါ်လာ ၄၀၀၀ ခန့်သာ အကြမ်းဖျင်း ဝင်ငွေ ရှိသည့် တရုတ် နိုင်ငံသားများနှင့် နှိုင်းယှဉ်လျှင် ပိုမို ချမ်းသာ ကြွယ်ဝ ကြသည်။

          Bank of Ameria Merrill Lynch မှ စီးပွားရေး ပညာရှင် အကြီးအကဲ မာဆာယူကီ ကီချီကာဝါကမူ ဂျပန်နိုင်ငံက အားသာချက် များစွာ ရှိနေသည်ပာု ဆိုသည်။

          မော်တော်ကား ကဲ့သို့သော အဆင့်မြင့် တန်ဖိုးကြီး လူသုံးကုန် ပစ္စည်းများကို တရုတ် ပြည်သူများက ပိုမို စတင် သုံးစွဲလာနိုင်သဖြင့် တရုတ်နိုင်ငံ အတွက် အလွန် ကောင်းသော ဈေးကွက် ဖြစ်လာနိုင်သည်ပာု ၎င်းက ပြောကြားသည်။

          Macquarie Bank မှ Richard Jerram ကလည်း တရုတ်နိုင်ငံသည် ဂျပန် စီးပွားရေးကို ကျော်တက် နိုင်ခဲ့သော်လည်း စိုးရိမ် ပူပန်စရာများ ရှိနေသည်ပာု ပြောကြားသည်။

          "သူတို့ (တရုတ်နိုင်ငံ) က အလွန်အကျွံ ရင်းနှီး မြှုပ်နှံမှုတွေကို ပြုလုပ် နေကြတာကြောင့် လုံးဝ ထိရောက်မှု မရှိတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ရလာဒ်အဖြစ် ထွက်ပေါ်လာပြီး ပြည်တွင်း ဘဏ္ဍာရေး အဆောက်အအုံကို တစ်စိတ် တစ်ပိုင်း ထိခိုက် လာနိုင်တယ်လို့ ယူဆစရာတွေ ရှိနေပါတယ်" ပာု ၄င်းက သုံးသပ် ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

စစ်ဘက်အုပ်ချုပ်ရေးအလွန် အရပ်ဘက်အုပ်ချုပ်ရေးပြောင်းလဲခြင်း(၁)
၂၀ရာစုကုန်ခါနီး ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင်
ပြဇာတ်အသစ်တစ်ပုဒ်ပေါ်ထွက်လာခဲ့သည်။ ဒီမိုကရေစီပြန့်ပွားလာခြင်း၊ ဆိုဗီယက်
ယူနီယံပြိုကျသွားခြင်းနှင့် စစ်အေးတိုက်ပွဲပြီးဆုံးသွားခြင်းတို့က
ကမ္ဘာ့နိုင်ငံရေးပြဇာတ်ကိုသာမက ပြည်တွင်းနိုင်ငံရေး ဇာတ်ညွှန်းကိုပါပြောင်း
လဲစေခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ကွန်မြူနစ်စနစ်မှ
ရုန်းထွက်လာသော နိုင်ငံများတွင်တွေ့ရသည်။ ထိုနိုင်ငံများသည်
ကွန်မြူနစ်စနစ် အောက်မှ ရုန်းထွက်ကာ
ဒီမိုကရေစီခေါင်းစဉ်အောက်သို့ဝင်ရောက်နိုင်ရန် အတွက် စနစ်ဟောင်းတွင်
အဓိကကျခဲ့သည့် စစ်တပ်များနှင့် ရှေ့ဆက်ကိုင်တွယ်ရမည့် ဆက်ဆံရေး
တနည်းအားဖြင့် " နိုင်ငံရေး စနစ်သစ်နှင့်လက်နက်ကိုင် တပ်ဖွဲ့များ၏
အခန်းကဏ္ဍ" ကို ဇာတ်ညွှန်းအသစ်ပြောင်းလဲရေးဆွဲရတော့သည်။
ဆိုဗီယက်ယူနီယံပြိုကျသွားခြင်းသည် ကမ္ဘာပေါ်တွင် ပထမကမ္ဘာ၊ ဒုတိယကမ္ဘာ၊
တတိယကမ္ဘာဟူ၍ သုံးပိုင်းခွဲခြားရှုမြင် သည့် ခေတ်ကို ပြောင်းလဲလိုက်သည်။
အဓိကအချက်မှာ ဒုတိယကမ္ဘာဖြစ်သော ဆိုဗီယက်ယူနီယံပြိုကျသွားခြင်းကြောင့်ဖြစ်
သည်။ ကွန်မြူနစ်ခေတ်လွန်နိုင်ငံငယ်များသည် တတိယကမ္ဘာဟူသော
ခေါင်းစဉ်သစ်အောက်တွင် ရပ်တည်လာကြပြီး အရပ်ဘက်အုပ်ချုပ်ရေးကို
ပီပြင်စွာမကျင့်သုံးနိုင်သေးသည့်အချိန်နှင့်
ပြည်တွင်းရေးတည်ငြိမ်ရန်ထိန်းသိမ်းနေရချိန်တွင် ရပ်တည်ရန်အတွက် ၎င်းတို့ကို
အန္တရာယ်အပြုနိုင်ဆုံးမှာ တစ်ချိန်က အုပ်ချုပ်ရေးတွင်အာဏာကြီးခဲ့သည့်
လက်နက်ကိုင်တပ်ဖွဲ့ များ(သို့) စစ်တပ်များပင်ဖြစ်သည်။
ဆိုဗီယက်ယူနီယံပြိုကျမှုကျမှုက လက်ဝဲနိုင်ငံအတော်များများရှိ စစ်တပ်များကို
တုန်လှုပ်စေခဲ့ သည်။ဆိုဗီယက်ယူနီယံပြိုကျမှုသည် နိုင်ငံအတော်များများတွင်
အစိုးရများကို ခြိမ်းခြောက်သည့် စစ်တပ်ဖွဲ့များဖြစ်သည့် လက်ဝဲသူပုန်အများ
စုကို တုန်လှုပ်ချောက်ချား ဖွယ်ကောင်းလောက်အောင်ပင်
အင်အားချိနဲ့သွားစေခဲ့သည်။ အထူးသဖြင့် လက်တင်အမေရိကတွင်ဖြစ်သည်။
စစ်မှုထမ်းအရေအတွက်နှင့် စစ်အသုံးစရိတ် လျှော့ချမှုသို့ဦးတည်သည့်
နားလည်သဘောပေါက်နိုင်သော ကမ္ဘာလုံးဆိုင်ရာလမ်းကြောင်းတစ်ခုရှိလာခဲ့သည်။
တစ်ချိန် တည်းမှာပင် ဆိုဗီယက်ယူနီယံပြိုကျမှုက လက်နက်ကိုင်တပ်ဖွဲ့များ၏
အခန်းကဏ္ဍ၊လုပ်ငန်းတာဝန်၊ ဖွဲ့စည်းပုံနှင့်ရည်မှန်းချက်တို့ကို ကမ္ဘာလုံး
ဆိုင်ရာအတိုင်းအတာဖြင့် ပြောင်းလဲပြဌာန်းလိုက်သည်။
အရှိန်အဟုန်ဖြင့်ပြောင်းလဲလာလျှက်ရှိသော
ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်နှင့်လျော်ညီစွာကျင့်သုံးနိုင်ရန် စစ်တပ်များ၏
စစ်ဘက်ဆိုင်ရာ ဖွဲ့စည်းမှုနှင့် လုပ်နည်းကိုင်နည်း
တို့အားပြောင်းလဲစေခဲ့သည်။ သို့သော် ယင်းသည် စစ်ဘက်ဆိုင်ရာ
ထူထောင်မှုများကို သဘာဝကျစွာပင် သက်တောင့်သက်သာ မရှိအောင်
ချန်ထားပစ်ခဲ့ပြန်ပါသည်။ စစ်ဘက်တို့၏ အရင်းအမြစ်များကို လျှော့ချခြင်းသည်
၎င်းတို့အား နိုင်ငံရေးအရ စည်းကမ်းထိန်းချုပ်ရန် မလွယ်ကူမှုဆီသို့
ဦးတည်တိမ်းစောင်းသွားစေသည်သာမက ခေတ်သစ်နှင့်လိုက်လျောညီထွေရှိစေမည့်
တာဝန်များကို အသွင်ပြောင်း တာဝန်ထမ်းဆောင်စေရာတွင်လည်း
အခက်အခဲဖြစ်သွားစေသည်။ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးကို အသွင်ပြောင်းစေခဲ့ သည့်
သော့ချက်ကျသည့် အချက်အလက်များသည် ကမ္ဘာလုံးအတိုင်းအတာ ဆောင်လာသော်လည်း
ယင်းကို အကောင်အထည်ဖေါ်ရာတွင် ကျင့်သုံးသည့် နည်းလမ်းများသည်
တဒေသနှင့်တဒေသ ကြီးကြီးမားမားကို ကွဲပြား ခြားနားလျက်
ရှိနေပေသည်။ တစ်ဖက်တွင် နိုင်ငံ့အာဏာ ကိုချုပ်ကိုင်ထားပြီး စီးပွားရေး၊
လူမှုရေးနှင့် နိုင်ငံရေးပြသနာများအတွက် အဖြေရှာမရခဲ့သည့် တပ်မတော်များသည်
နိုင်ငံရေးတွင် စစ်တပ် ပါဝင်ပတ် သက်နေခြင်းဖြင့် စစ်တပ်၏
အခြေခံတန်ဖိုးများဖြစ်သည့် စည်းလုံးညီညွှတ်မှု၊
စွမ်းဆောင်ရည်ထက်မြက်မှုနှင့် စည်းကမ်းရှိမှုတို့အား တဖြည်းဖြည်းချင်း
လှိုက်စားအားနည်းသွားစေသည် ဆိုသည်ကို နားလည်လာကြပြီ ဖြစ်သည်။
နိုင်ငံရေးပါတီမား၊ ပါဝါနိုင်ငံရေးသမားတို့ဘက်ကကြည့်လျှင်မူ လွတ်လပ်စွာ
ကွဲပြားအငြင်းပွားနိုင်သော ဒီမိုကရေစီစနစ်တွင် အငြင်း ပွားမှုများအကြား
စစ်တပ်ကို ခေါ်သွင်းလိုက်ခြင်းသည်
တန်ဖိုးကြီးမားစွာပေးဆပ်ရလိမ့်မည်ဖြစ်သည်ကိုလည်း သဘောပေါက်ကြသည့် အတွက်
စစ်တပ်များကို နိုင်ငံရေးတွင် နေရာပေး၍မဖြစ်ကြောင်း
ကောင်းစွာသဘောပေါက်လာကြသည်။ ထို့ကြောင့် အရပ်ဘက်-စစ်ဘက် ဆိုင်ရာ
ပြုပြင်ပြောင်းလဲမှုသည် ကျယ်ပြန့်သော အကျိုးကျေးဇူးများစွာကို
ဖြစ်ထွန်းသီးပွင့် စေခဲ့ပါသည်။
အကျိုးကျေးဇူးများအဖြစ် အရပ်သားတို့သည် စစ်ဘက်၏ အရေးကြီးနေရာဌာနများတွင်
ဦးဆောင်လာနိုင်ခြင်းနှင့် ထိုသို့အရပ်သား၏ ဦးဆောင်မှုအောက်တွင်
စစ်ဘက်ကိုထားရှိပြီး ပညာရှင်ပီသမှုကိုဦးစားပေးသည့်အတွေးအခေါ်များကို
စစ်ဘက်ဆိုင်ရာအရာရှိများအထိပါ သင်ကြားသွတ်သွင်းနိုင်ခဲ့ခြင်းက
စစ်ဘက်အရာရှိများကို ပညာရှင်ပီသမှုရှိစေကာ လုံခြုံရေးကဏ္ဍများတွင်
အားစိုက်လုပ်ဆောင်လာခြင်းနှင့် နိုင်ငံရေးစီးပွားရေးတို့တွင်
ပါဝင်ပတ်သက်မှုကို ၎င်းတို့ဆန္ဒအရ စွန့်လွှတ်စေခဲ့ခြင်းများကိုဖြစ်ပေါ်စေခဲ့သည်။
• ဤနေရာတွင် ဟန်တင်တန်၏ စစ်ဘက်မှအရပ်ဘက်သို့ပြောင်းလဲအုပ်ချုပ်ခဲ့ခြင်း၏
အကျိုးကျေးဇူးရလဒ်များကို အပိုင်းသုံးပိုင်းဖြင့် ခွဲခြားတင်ပြထားသည်ကို
ဖော်ပြလိုပါသည်။ ဟန်တင်တန်သည် အရပ်ဘက် စစ်ဘက်ဆက်ဆံရေးတွင်
ပြုပြင်ပြောင်းလဲခြင်း၏ အောင်မြင်မှုကို ဂုဏ်အင်္ဂါ ၃ ချက်ဖြင့်
တင်ပြခဲ့သည်။
ပထမအချက် အနေဖြင့် စစ်ဘက်ဆိုင်ရာ ပညာရှင်ပီသမှုဝါဒနှင့် အရပ်သား
ထိန်းချုပ်မှုအား ကမ္ဘာတဝှမ်းလုံးတွင် တိုးတက်လက်ခံ
လာလျက်ရှိခြင်းဖြစ်ပြီး၊ ယင်းအရာသည် အမေရိကန်ပြည်ထောင်စုမှ ပေးနေသော
သင်တန်းများ၏ သက်ရောက်မှုကြောင့်ဟု လုံးဝဥဿုံ မပြောနိုင်သည့်တိုင်
တစိတ်တပိုင်း ကြောင့်တော့ဖြစ်သည်ဟု ပြောနိုင်ပါသည်။ ဒုတိယအချက်မှာ
နိုင်ငံရေးနှင့် စစ်ဘက်ရေးရာ ထိပ်ပိုင်းခေါင်းဆောင်များက အရပ်ဘက်
စစ်ဘက်နှစ်ခုစလုံးကို အကျိုးဖြစ်ထွန်းစေသော "ဓမ္မဓိဌာန်ကျသော အရပ်ဘက်
ထိန်းချုပ်မှု" ဟု ဟန်တင်တန်က ခေါ်သည့်အဖွဲ့အစည်း ပုံစံကျပြုမူလုပ်ဆောင်ရေး
(Institutionalization) အား
အသိအမှတ်ပြုလာကြခြင်းပင်ဖြစ်သည်။ သို့သော်လည်း စိမ်ခေါ်မှုပေါင်းများစွာ
ဆက်လက် ကျန်ရှိနေပါသေးသည်။ ထိုစိမ်ခေါ်မှုများထဲတွင် စစ်ဘက်အာဏာသိမ်းမှု
ဖြစ်တန်ချေများကို လျှော့ချခြင်း၊ တိုက်ရိုက်အုပ်ချုပ်ရေးမှ
ဆုတ်ခွာသွားသော်လည်း လက်နက်ကိုင်တပ်ဖွဲ့များ၏ အခန်းကဏ္ဍနှင့် ရည်မှန်းချက်၊
လုပ်ဆောင်ချက် ဖွဲ့စည်းပုံ (Missions) အသစ်များကို ကြိုးစား
ရှေ့တန်းတင်လာပြန်သော အားကောင်းသည့် စစ်တပ်များ၏ ကျန်ရှိနေသေးသော
နိုင်ငံရေးတွင် သြဇာသက်ရောက်မှုများကို တတ်နိုင်သမျှ တိုအောင်
လျှော့ချပစ်ခြင်း၊ လူ့အဖွဲ့အစည်းမှ စစ်တပ်၏ ဖဲ့ထွက်အထီးကျန်နေမှုအား
လျှော့ချပစ်ခြင်းတို့ ပါဝင်ပါသည်။ ဟန်တင်တန်က ဒီမိုကရေစီ
ဖြစ်ပေါ်တိုးတက်မှုဖြစ်စဉ် (Democratization) အတွက် လိုအပ်သော
အခြေအနေများကို ဖန်တီးပေးခဲ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည်
အနာဂါတ်တွင် ဖြစ်နိုင်သော စစ်ဘက်အာဏာသိမ်းမှုများ၏ ဖြစ်တန်ချေများကိုလည်း
လျှော့ချပစ်နိုင်ခဲ့သည်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဒေါက်တာတင်ထွန်းဦး မြန်မာတိုင်းမ် CEO ဖြစ်ပြီ


ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၁၄

ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် လ.ဝ.က ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် အဖမ်းခဲ့ရသည့် သြစတြေးလျနိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေ Ross Dunkley ၏ Myanmar Consolidated Media Group Ltd (MCM) အယ်ဒီတာချုပ်ရာထူးကို ရှယ် ယာဝင်တဦးဖြစ်သူ ဒေါက်တာတင်ထွန်းဦးက ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် လွှဲပြောင်းယူလိုက်ကြောင်း သတင်းရရှိသည်။

လဝက ပုဒ်မ ၁၃(၁)ဖြင့် ထိန်းသိမ်းခံရသည့် မစ္စတာ ရော့စ်ဒန်ကလေ၏ နေထိုင်ခွင့်ဗီဇာသက်တမ်းသည် ဖေဖော် ဝါရီလ ၂၇ ရက်နေ့မှ ကုန်ဆုံးမည်ဖြစ်ပြီး ဗီဇာသက်တမ်းတိုးရန် စီစဉ်နေခိုက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အမှုတွင် လိုက်ပါ ဆောင်ရွက်ပေးနေသူ တစ်ဦးကလည်း ပြောကြားသည်။

MCM သည် မြန်မာတိုင်းမ်စ် ဂျာနယ်ကို ၂ဝဝဝ ခုနှစ်မှ စတင်ထုတ်ဝေခဲ့သည်။ စတင်ချိန်က ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် နီးစပ်သူ ဦးဆန်နီဆွေ၊ မစ္စတာ ဒန်ကလေနှင့် နိုင်ငံခြားသားအနည်းငယ်၊ အစိုးရနှင့် နီးစပ်သူ အနည်းငယ်တို့ ပါဝင်ခဲ့သည်။ ဦးဆန်နီဆွေက ၄ဝ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ပြီး မစ္စတာဒန်ကလေမှာ ရှယ်ယာ ၄၉ ရာခိုင်နှုန်းဖြင့် စတင်ချိန် ကတည်းက အများဆုံး ဖြစ်သည်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် အဖမ်းခံရပြီးနောက် ဆက်စပ်သူတဦးဖြစ်သည့် ဦးဆန်နီဆွေပါ ယာယီထိန်းသိမ်းခံခဲ့ ရပြီး ၎င်း၏ ရှယ်ယာများကို ဇနီး ဒေါ်ယမင်းထင်အောင်က ၂ဝဝ၆ ခုနှစ် နှစ်လယ်ပိုင်းအထိ လွှဲပြောင်းယူခဲ့သေးသည်။ ထို့ နောက် ဒေါ်ယမင်းထင်အောင်က ဒေါက်တာတင်ထွန်းဦးသို့ လွှဲပြောင်းပေးခဲ့သည်။

မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် အပတ်စဉ်ထုတ် မြန်မာတိုင်းမ် သတင်းဂျာနယ်ကို ထုတ်ဝေသော Myanmar Consolidate Media Group Ltd တွင် မစ္စတာဒန်ကလေက အစုရှယ်ယာ ၄၉%ကို ပိုင်ဆိုင်ပြီး မြန်မာစွယ်စုံ ဂရု(ပ်) မှ ဒေါက်တာတင်ထွန်းဦးက ၅၁%ကို ပိုင်ဆိုင်ကြောင်း သိရသည်။

          ဂျာနယ်၏ အစုရှယ်ယာဝင် တစ်ဦးဖြစ်သော ဒေါက်တာတင်ထွန်းဦးသည် အစိုးရနှင့် ပူးပေါင်းထားသည့် လုပ်ငန်း များစွာရှိသည့်အပြင် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး ပုစွန်တောင်မြို့နယ်တွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့သောကိစ္စနှင့် ပတ်သက်ပြီး မစ္စတာ ဒန်ကလေနှင့် သဘောထားကွဲလွဲမှုများ ရှိခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

ယခုလ ၁၂ ရက်နေ့တွင် ကြေးမုံသတင်းစာ၌ နိုင်ငံတော်ပိုင် အဆောက်အအုံများ ရောင်းချရေးကော်မတီမှ မြေ၊ အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက် စုစုပေါင်း ၂၆၈ ခုကို ရောင်းချမည့် စာရင်းဖော်ပြခဲ့ရာ MCM ငှားရမ်းဖွင့်လှစ်သည့် ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်း အမှတ် (၃၇၉-၃၈၃) အဆောက်အအုံလည်း ပါဝင်သည်။

Ref; Internet News

--------------------------------------------------------------------------------------------------------------------------------

မြန်မာတိုင်း(မ်) တည်ထောင်သူ ဒန်ကလေ အာမခံဖြင့် ပြန်လွတ် 


ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၄၊

လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ၁၃(၁) ဖောက်ဖျက်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာတိုင်းမ် ဂျာနယ် ပူးတွဲတည်ထောင် သူ သြစတေးလျနိုင်ငံသား ရော့စ်ဒန်ကလေသည် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က အာမခံဖြင့် ပြန်လွတ်လာကြောင်း သတင်းရရှိ သည်။

ဖေဖေါ်ဝါရီလ ၁၀ရက်နေ့တွင် ဖမ်းဆီးခံရသော ၎င်းကို အာဏာပိုင်တို့က ဖေဖေါ်ဝါရီလ ၁၁ရက်နေ့တွင် အင်းစိန် ထောင် အချုပ်သို့ ပြောင်းရွှေ့ပြီး ၂ ရက်အကြာ အာမခံရသွားခြင်း ဖြစ်သည်။ မစ္စတာဒန်ကလေသည် တရားရုံးတွင် အမှုကို ဆက်လက် ရင်ဆိုင်သွားရမည် ဖြစ်သည်။

မြန်မာတိုင်း(မ်)သည် အပတ်စဉ်ထုတ်ဂျာနယ်များထဲတွင် လုပ်ငန်းကြော်ငြာအများဆုံးရရှိသော ဂျာနယ်တစ်စောင် ဖြစ်ပြီး စီးပွားရေးအရလည်း မျက်စိကျစရာဖြစ်နေသည့်အတွက် အယ်ဒီတာမူဝါဒကို ချုပ်ကိုင်ထားသော မစ္စတာဒန်ကလေအား ဖယ်ထုတ်ရန် ကြိုးစားပုံရသည်ဟု ရန်ကုန်မှ သတင်းထောက်တစ်ဦးက သုံးသပ် ပြသည်။

Ref; Internet News

--------------------------------------------------------------------------------------------------------------------------------

နိုင်ငံပိုင် အဆောက်အအုံများ စုစုပေါင်း ၂၆၈ ခုအား ရောင်းချမည်


ဖေဖော်ဝါရီလ ၁၄

နိုင်ငံတော်ပိုင် အဆောက်အအုံများ ရောင်းချရေး ကော်မတီနှင့် နိုင်ငံပိုင် သိမ်းဆည်းထားသောပစ္စည်းများ ထုခွဲ ရောင်းချရေး ကော်မတီတို့မှ တိုက်ခန်း၊ လုံးချင်း၊ မြေကွက် စုစုပေါင်း ၂၆၈ ခုအား ရောင်းချရန်အတွက် အဆိုပြုလွှာများ ခေါ်ယူထားကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်များအရ သိရသည်။

ရောင်းချမည့် တိုက်ခန်းစာရင်းများထဲတွင် ရန်ကုန်၏ မြို့တွင်းဧရိယာများဖြစ်သော ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်း၊ ဗိုလ်တစ်ထောင် မြို့နယ်များရှိ နေရာကောင်းများ အများစု ပါဝင်လာကြောင်း သိရသည်။

လုံးချင်းစာရင်းများထဲတွင် အစိုးရဌာနဆိုင်ရာရုံးများ ပါဝင်လာပြီး ရန်ကုန်၏ အချက်အချာကျသော လမ်းမတန်း များဖြစ်သည့် ကမ်းနားလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ဆိပ်ကမ်းသာလမ်း၊ ဘုရင့်နောင် လမ်းမကြီး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ ရွှေတောင်ကြားလမ်း၊ ဓမ္မစေတီလမ်းတို့ အပါအဝင် အခြား လမ်းမတန်းများတွင်သာ အများဆုံးတည်ရှိသည့် ရုံးများ၊ နိုင်ငံတော်ပိုင် အဆောက်အအုံများ ပါဝင်ကြောင်း သိရသည်။

နိုင်ငံတော်ပိုင် အဆောက်အအုံများ ရောင်းချရေးကော်မတီမှ လုံးချင်း ၈၆ ခု၊ တိုက်ခန်း ၄၅ ခန်းနှင့် မြေကွက် ၂၆ ခုအား ရောင်းချမည် ဖြစ်ပြီး နိုင်ငံပိုင် သိမ်းဆည်းထားသောပစ္စည်းများ စီမံခန့်ခွဲမှုကော်မတီမှ မြေနှင့်အဆောက်အအုံ ၆၅ ခု၊ တိုက်ခန်း ငါးခန်းနှင့် မြေကွက် ၄၁ ကွက် တို့အား ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

 

(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ် များအတွက် သတင်းများနှင့် ဆောင်းပါးများကိုအချိန်ပေးဖတ်ရှုရ သည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ်တခုခုကိုရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ)မဟုတ်ပါ ကြောင်း အသိပေး ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

၁ဝ မိနစ်သာကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်

သမ္မတက  တရားသူကြီးအဖွဲ့ဝင် ၇ ဦးအား အဆိုပြုတင်သွင်း

ဖေဖေါ်ဝါရီလ ၁၅

နေပြည်တော်၌ ကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ယနေ့ ဖေဖေါ်ဝါရီလ ၁၅ရက်နေ့တွင် ဆက်လက်ကျင်းပရာ ပြည်ထောင်စု တရားသူကြီးချုပ် အပါအဝင် တရားလွှတ်တော်ချုပ် တရားသူကြီးအဖွဲ့ကို ၇ ဦးဖြင့် ဖွဲ့ စည်းရန် သမ္မတက တင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။

၁ဝ မိနစ်သာ ကျင်းပခဲ့သည့် အစည်းအဝေး၌ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးအဖွဲ့တွင် ပါဝင်ရ မည့် အရေအတွက်ကို သမ္မတဖြစ်သူ ဦးသိန်းစိန်က တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂ဝဝ၈ ခု ဖွဲ့စည်းပုံအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အကြီးအမှူးဖြစ်သည့် ပြည်ထောင်စု တရားသူကြီး ချုပ် အပါအဝင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများကို အနည်းဆုံး ၇ ဦးမှ အများဆုံး ၁၁ ဦးအထိ ခန့် အပ်နိုင်သည်။

သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူချက်ဖြင့် "ပါတီနိုင်ငံရေး"ကင်းရှင်းပြီး အသက် (၅ဝ-၇ဝ) ရှိ သူကို ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ်ခန့်ရမည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများကိုမူ သမ္မတ က ပြည်ထောင်စု တရားသူကြီးချုပ်နှင့်ညှိနှိုင်းကာ ပြည်ထောင်စုလွှတ်တော်၏ သဘောတူချက်ဖြင့် ခန့်အပ်ရမည်ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေအရ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌတို့သည် "ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်" ၁၃ ဦး၌ ပါဝင်ကြသည်။

ဖေဖေါ်ဝါရီလ ၁၅ရက်နေ့တွင် သမ္မတက တင်သွင်းခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ၈ ဦး အရေအတွက်ကို အမတ်ပေါင်း ၆၅၉ ဦးအနက် အင်္ဂါအစည်းအဝေး တက်သည့် ၆၅၆ ဦးက "ကန့်ကွက်သူမရှိ" အတည်ပြုခဲ့ ကြောင်းလည်း သိရသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၌ "သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးသည့် အခါတိုင်း ယင်းတို့အား တာဝန်ပေးအပ်သည့် ဝန်ကြီးဌာနများကို ဖော်ပြ၍ ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားရမည်" ဟု ပါ ရှိသော်လည်း ဝန်ကြီးအမည်နှင့် ဝန်ကြီးဌာနကိုတွဲလျက် မကြေညာသေးသဖြင့် အမတ်များအကြား ဝေဖန်မှုများ ထွက်ပေါ် နေသည်။ ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကိုလည်း နေရာသာအတည်ပြုထားနိုင်ပြီး အမည်များမထွက်သေးသည့်အ ပေါ် အမတ်များအကြား ဝေဖန်သံများ ထွက်နေသည်။

Ref; Internet News

--------------------------------------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ် ဝန်ကြီးဌာန ၉နေရာ ပါတီအလိုက် သတ်မှတ်

ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေး၏ တတိယနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြည်နယ်ဝန်ကြီး ဌာန ၉ နေရာအား ပါတီအလိုက် ရာထားသတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

လွှတ်တော်အစည်းအဝေးကို နံနက် ၁၀နာရီကနေ ၁၀နာရီ ၁၀မိနစ်အထိ ကျင်းပခဲ့သည်ဟု သိရပြီး ပြည်ခိုင်ဖြိုး ပါတီက အမတ် ၅ဦး၊ ရတပပါတီက အမတ် ၃ဦး နှင့် တပ်မတော်သားကိုယ်စားလှယ် တစ်ဦးကို ဝန်ကြီး ၉ နေရာအတွက် ရာထားသတ်မှတ်လိုက်သည်ဟု သတင်းရရှိသည်။

အဆိုပါ ရွေးချယ်ခန့်အပ်ရန် သတ်မှတ်လိုက်သည့် ဝန်ကြီး ၉ဦးမှာ ဗိုလ်မှူးကြီးထင်လင်း (တပ်မတော်သား ကိုယ် စားလှယ်)၊ ဦးကျော်ခင် (ပြည်ခိုင်ဖြိုးပါတီ) ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၁)၊ ဦးကျော်သိန်း (ရတပပါတီ) မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂)၊ ဦးစိုးအေး (ပြည်ခိုင်ဖြိုးပါတီ) ဂွမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂)၊ ဦးမြအောင် (ပြည်ခိုင်ဖြိုးပါတီ) မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂)၊ ဦးသာလူချေ (ရတပပါတီ) စစ်တွေ မြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၁)၊ ဒေါက်တာအောင်ကျော်မင်း (ပြည်ခိုင်ဖြိုးပါတီ) တောင်ကုတ်မြို့နယ် ပြည်နယ် လွှတ်တော် အမှတ်(၂)၊ ဦးအောင်သန်းတင် (ရတပပါတီ) ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂)၊ ဦးလှဟန် (ပြည်ခိုင်ဖြိုးပါတီ) သံတွဲမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၁) တို့ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ချင်းရေးရာကိုယ်စားလှယ်ဝန်ကြီးတစ်နေရာအတွက် ပြည်ခိုင်ဖြိုးပါတီမှ ဦးကိုကိုနိုင် အား ရွေးချယ်ခန့်အပ်လိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ပါဝင်မည့် ဝန်ကြီးဌာန ၉ ခုမှာ ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီးဌာန၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးဌာန၊ သာသနာရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ စက်မှုနှင့် အားကစား ဝန်ကြီးဌာန၊ လူမူဖုံလုံရေး နှင့် ယဉ်ကျေးမူ ဝန်ကြီးဌာန၊ စီးပွားကူးသန်း ဝန်ကြီးဌာန ၊ သားငါးနှင့် စက်မှုလက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ လယ်ယာစိုက် ပျိုးရေး ဝန်ကြီးဌာနတို့ ဖြစ်ကြသည်။

ခန့်အပ်လိုက်သည့် အမတ်များအား မည်သည့် ပြည်နယ်ဝန်ကြီးဌာနများတွင် ခန့်အပ်လိုက်သည်ကိုမူ အသေး စိတ် မသိရသေးချ။
Ref; Internet News

--------------------------------------------------------------------------------------------------------------------------------

ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေး သင်တန်းပေးမည်

ဖေဖော်ဝါရီ ၁၄

ပြည်ခိုင်ဖြိုး ပါတီဝင်များအား သင်တန်းပေးရန်အတွက်  နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီ ရုံးချုပ် အနီး၌ နိုင်ငံရေး သင်တန်းကျောင်း ဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါ သင်တန်းကျောင်းအား ယခုနှစ် အတွင်း စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းအတွက် ပြင်ဦးလွင် စစ်တက္ကသိုလ်၊ ဗထူး စစ်သင်တန်းကျောင်းမှ သင်တန်းဆရာများသာမက ယဉ်ကျေးမှုဝန်ကြီးဌာန လက် အောက်ရှိ ပညာရှင်များကိုပါ တာဝန် ပေးသွားမည် ဖြစ်ကြောင်း၊ သင်ထောက်ကူဆိုင်ရာ ပစ္စည်းများ၊ စာအုပ် စာတမ်းများ ကြိုတင် စုဆောင်းမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲတွင် အမတ်နေရာ အများဆုံးရရှိထားသည့် ပါတီဖြစ်ပြီး မကြာသေးခင်က ကျင်းပသော လွှတ်တော်အစည်းအဝေး၌ အစိုးရအဖွဲ့သစ် ဖွဲ့ရာတွင်လည်း ပြည်ခိုင်ဖြိုးပါတီ ဝင်များသာ ပါဝင်သည်။

ပြည်ခိုင်ဖြိုးပါတီမှာ စစ်အစိုးရ ကျောထောက်နောက်ခံမှုဖြင့် ၁၉၉၃ ခုနှစ်တွင် လူမှုရေးအဖွဲ့အစည်းအနေနှင့် စတင် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ၂၀၁၀ ဧပြီလ၌ နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းခဲ့သော ပါတီ ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ၏ အမာခံအင်အား ၈ သန်းကျော် ရှိကြောင်း ပါတီအကြီးအကဲတစ်ဦးက ထုတ်ဖော်ပြောဆို ထားသည်။

မြန်မာနိုင်ငံ၌ ၁၉၆၂ ခုနှစ်တွင် တစ်ပါတီ အာဏာရှင် ဦးနေဝင်း အာဏာသိမ်းပြီးနောက် မြန်မာ့ဆိုရှယ်လစ် လမ်း စဉ်ပါတီ (မဆလ) ကို ဖွဲ့စည်း၍ ပါတီ မူဝါဒ သဘောတရားများကို သင်ကြားပို့ချသည့် နိုင်ငံရေးသင်တန်းကျောင်း ဖွင့်လှစ် မှု ပြုလုပ်ခဲ့ဖူးသည်။

Ref; Internet News


(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ် များအတွက် သတင်းများနှင့် ဆောင်းပါးများကိုအချိန်ပေးဖတ်ရှုရ သည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကိုရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ)မဟုတ်ပါ ကြောင်း အသိပေး ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(14 Feb 2011 ရက်စွဲပါ Reuters သတင်းဌာန၏ US criticizes Myanmar government threat on Suu Kyi ကို ဘာသာ ပြန်ဆိုသည်။)

          မြန်မာ အစိုးရ၏ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ခြိမ်းခြောက် ခဲ့ခြင်းသည် မသာမာမှုကြောင့် အများက လက်မခံခဲ့သော နိုဝင်ဘာ ရွေးကောက်ပွဲ ပြီးခဲ့သော်လည်း စစ်တပ် နောက်ခံပြု အစိုးရသည် မည်သည့် ပြောင်းလဲမှုမျှ မရှိကြောင်း ပြသလိုက်ခြင်းပင် ဖြစ်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုက တနင်္လာနေ့က ပြောကြားလိုက်သည်။

          "မြန်မာနိုင်ငံဟာ ခေတ်သစ်တစ်ခုကို ရောက်ပြီလို့ ပြောနေပေမယ့်လည်း ဒေါ်အောင်ဆန်း စုကြည်ကို ခြိမ်းခြောက်နေတုန်းပဲ ဆိုတော့ အကျင့်ဟောင်းထဲမှာပဲ ရှိနေသေးတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် P.J Crowley က Twitter ရှိ မက်ဆေ့ခ်ျတွင် ပြောကြားခဲ့သည်။

          မြန်မာနိုင်ငံ ဒီမိုကရေစီ မီဒီယာများမှ တနင်္ဂနွေနေ့က ပြောကြားရာတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် ၎င်း၏ပါတီသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကို ထောက်ခံခြင်း အပါအဝင် ၎င်းတို့၏ ရပ်တည်ချက်များကို ဆက်လက် ဖက်တွယ်ထားပါက ကြေကွဲဖွယ် ဇာတ်သိမ်းရလိမ့်မည်ဟု ဖော်ပြခဲ့သည်။

          အမေရိကန် သမ္မတ Barack Obama စတင် တာဝန်ယူစဉ်က မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပိုမို တိုးတက် ကောင်းမွန်အောင် မျှော်လင့်ခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာ အစိုးရ၏ အမှန်တကယ် ပြုပြင် ပြောင်းလဲမှု အတွက် စိတ်အား ထက်သန်မှု မရှိခြင်းကြောင့် စိတ်ပျက်မှုကို ဖော်ပြခဲ့သည်။

          နိုင်ငံရေး ဝေဖန် သုံးသပ်သူများက ပြောကြားရာတွင် မည်သို့ပင်ဆိုစေ အမေရိကန် ပြည်ထောင်စု အနေဖြင့် Sanction နှင့် ပတ်သက်၍ ၎င်းတို့၏ ရပ်တည်ချက်ကို ပြန်လည် သုံးသပ်နိုင်သည်ဟု ဆိုသည်။ ဝေဖန်သူများက Sanction များသည် မအောင်မြင်ခဲ့ရုံမက မြန်မာ ဗိုလ်ချုပ်များကို တရုတ်နှင့် ပိုမို နီးကပ်စွာ ဆက်ဆံရန် တွန်းအားပေးသလို ဖြစ်ရသည်ဟု ဆိုသည်။

          ဒေါ်အောင်ဆန်းစုကြည်က သူမ လွတ်မြောက်ပြီးနောက် Sanction များကို ပြန်လည် သုံးသပ်ရန် အနောက်နိုင်ငံများနှင့် ဆွေးနွေးလိုကြောင်း လေသံပစ်ခဲ့သည်။ Sanction များဆိုသည်မှာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းများနှင့် ဒီမိုကရေစီ လှုပ်ရှားမှုများကို ဖိနှိပ်မှုများကြောင့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

          သို့သော် သူမနှင့် သူမ၏ NLD သည် မကြာသေးမီက ယခုအခါ Sanction နှင့်ပတ်သက်၍ ရုတ်သိမ်းရန် အကြောင်းပြချက် မမြင်သေးကြောင်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(BBC News မှ 13 February 2011 ရက်စွဲပါ "Burma Media Warns of Tragic End for Aung San Suu Kyi" ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာပြီး နောက်ပိုင်း နိုင်ငံပိုင် အစိုးရ သတင်းစာများက သူမအပေါ် ပထမဆုံး တိုက်ရိုက် ပြစ်တင် ဝေဖန်မှု ပြုလုပ် ခဲ့သည်ကို တွေ့ရသည်။

အဆိုပါ ပြစ်တင် ဝေဖန်ထားသော ဆောင်းပါးတွင် သူမနှင့် သူမ၏ ပါတီသည် အနောက် နိုင်ငံ အရေးယူ ဒဏ်ခတ်မှု အစီအစဉ်များကို ဆက်လက် ထောက်ခံနေမည် ဆိုပါက ကြေကွဲဖွယ် ဇာတ်သိမ်းနှင့် ကြုံတွေ့ရဖွယ် ရှိသည်ဟု ဖော်ပြထားသည်။

ဒေါ်အောင်ဆန်း စုကြည်သည် သူမနှင့် NLD ပါတီတို့ မြန်မာ နိုင်ငံ၏ အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲမှ ပယ်ထုတ် ခံရပြီး နောက်ပိုင်း ပြီးခဲ့သော နိုဝင်ဘာလတွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံတွင် ယခုအခါ အရပ်ဖက် အစိုးရကို ဖွဲ့စည်းနေပြီဟု ဆိုသော်လည်း အမှန် တကယ်တွင်မူ လွှတ်တော်ကို တပ်မတော်ကသာ လွှမ်းမိုးထားဆဲ ဖြစ်သည်။

နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသော ယင်းဝေဖန်ရေး ဆောင်းပါးတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် အဖျက်သိမ်းခံ NLD ပါတီကို လမ်းမှား လျှောက်နေသည်ဟု စွပ်စွဲထားသည်။

ယနေ့ မြန်မာ နိုင်ငံသည် ခေတ်သစ်၊ စနစ်သစ်နှင့် ဒီမိုကရေစီ စနစ်သို့ ဦးတည်သည့် နိုင်ငံရေး အခင်း အကျင်းသစ် ဆီသို့ ချီတက် နေသည် ဆိုသော အချက်ကို ဒေါ်အောင်ဆန်း စုကြည်နှင့် NLD ပါတီက လျစ်လျူ ရှုနေသည်ဟု အစိုးရ အာဘော် ဆောင်းပါးရှင်က ဆိုထားသည်။

အကယ်၍ NLD ပါတီ အနေဖြင့် ဤလမ်းကြောင်း အတိုင်း ဆက်သွားပါက ကြေကွဲဖွယ် ဇာတ်သိမ်း ရလိမ့်မည်ဟု ဆောင်းပါးရှင်က သတိပေး ထားသော်လည်း အသေးစိတ် ဖော်ပြထားခြင်း မရှိပါ။

အပြောင်းအလဲများ၊ ပြုပြင်မှုများကို ၎င်းတို့ပါတီနှင့်သာ ညှိနှိုင်း ပြုလုပ် သင့်ကြောင်း တောင်းဆိုခြင်းဖြင့် ၎င်းတို့ အာဏာ ရလာသည့် တိုင်အောင် လက်နက် ရောင်းဝယ်မှု ပိတ်ဆို့ရေးကို ဆုပ်ကိုင် ထားလိုခြင်း အတွက် NLD အား မိမိ ကိုယ်ကို အထင် ကြီးလွန်းသူ အဖြစ် ဆောင်းပါးရှင်က စွပ်စွဲ ထားသည်။

ဆောင်းပါးတွင် ကျေရာ ကျေကြောင်း လေပြေ ထိုးမှုလည်း ပါဝင်ပြီး ဒီမိုကရေစီ နိုင်ငံဟု အစိုးရက ခေါ်သည့် ကဏ္ဍ နယ်ပယ်သို့ ပူးပေါင်း ဆောင်ရွက်ရန် ဒေါ်အောင်ဆန်း စုကြည်နှင့် NLD ပါတီကို ဖိတ်ခေါ် ထားသော်လည်း ယင်းပူးပေါင်း ဆောင်ရွက်မှုကို မည်သည့် ပုံစံဖြင့် ပြုလုပ်မည် ဆိုသည်ကိုမူ ပြောကြား ထားခြင်း မရှိပါ။

NLD ပါတီက အနောက် နိုင်ငံ ပိတ်ဆို့မှုများကို ထောက်ခံကြောင်း၊ သို့သော်လည်း ပြုပြင်ရန် လို/မလို ကို ဆွေးနွေးလိုကြောင်း ပြောကြားပြီး နောက်ရက်ပိုင်း အတွင်း နိုင်ငံပိုင် သတင်းစာတွင် ယင်းကဲ့သို့ ဝေဖန်ချက် ပါဝင် လာခြင်း ဖြစ်သည်။

အနောက် နိုင်ငံ များ၏ ပိတ်ဆို့ အရေးယူမှု များကို မြန်မာ စစ်ဖက် အုပ်ချုပ်သူများက အစဉ် တစိုက် ကန့်ကွက် ခဲ့ကြပြီး မြန်မာ ပြည်သူများကို ထိခိုက် စေကာ တိုင်းပြည်ကို ဆင်းရဲတွင်းသို့ တွန်းပို့ နေသည်ဟု ပြောကြား ခဲ့သည်။

အသက် ၆၅ နှစ်ရှိ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အနှစ် ၂၀ နီးပါး ထိန်းသိမ်း ခံရခြင်းမှ လွတ်မြောက် လာပြီးနောက် သူမ၏ မိန့်ခွန်း ပြောကြားမှု၊ လူထုရှေ့ ထွက်လာမှု များကို အစိုးရက အနည်းငယ်သာ တုံ့ပြန်မှု ပြသခဲ့သည်။

အထက်ပါ ဝေဖန်မှုသည် ရွေးကောက်ပွဲ ဝင်ရန် ငြင်းဆန် ခဲ့ပြီးနောက် ဖျက်သိမ်းခြင်း ခံရသည့် NLD ပါတီနှင့် ပါတီ ခေါင်းဆောင် သူမ အပေါ် ဖိနှိပ် ချုပ်ချယ်ရန် အတွက် အစိုးရ၏ ကြိုးပမ်းမှု တစ်ရပ်သာ ဖြစ်သည်ဟု စစ်မှုထမ်းဟောင်း အတိုက်အခံ နိုင်ငံရေး သမား တစ်ဦးက BBC သို့ ပြောကြား ခဲ့သည်။

လက်ရှိ မြန်မာ့ တပ်မတော် ခေါင်းဆောင်များက ၎င်းတို့ ပြုလုပ်သော နိုဝင်ဘာ ရွေးကောက်ပွဲသည် ဒီမိုကရေစီ လမ်းညွှန် မြေပုံ၏ အဆင့် တစ်ခု ဖြစ်ကြောင်း အဆက် မပြတ် အသံကောင်း ဟစ်ခဲ့ သော်လည်း အကျင့်ပျက် ခြစား လိမ်လည်မှု များကြောင့် ၎င်းတို့ အပေါ် ကမ္ဘာက ဝိုင်းဝန်း အပြစ်တင် ရှုတ်ချခြင်းကို ခံနေရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.