Transparency Myanmar

transparency.myanmar@gmail.com

၇-၃-၂၀၁၁

ဘာသာပြန်သတင်းများ - ၁

ရုရှားနိုင်ငံမှ MiG-29 ဂျက်တိုက် လေယာဉ်များ မတ်လတွင်း မြန်မာသို့ရောက်မည်

(Flight Global မှ သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံသည် ယခု မတ်လ အတွင်း ရုရှား နိုင်ငံမှ RSK MiG-29 အမျိုး အစား ဂျက်တိုက် လေယာဉ် အစင်း ၂၀ လက်ခံ ရယူမည် ဖြစ်ကြောင်း Flight Global သတင်း ဌာန ရေးသားချက် အရ သိရသည်။ အမေရိကန် ဒေါ်လာ ၅၅၃ သန်း တန်ဖိုးဖြင့် အရောင်း အဝယ် ဖြစ်ထားသော အဆိုပါ ဂျက်တိုက် လေယာဉ် အစင်း ၂၀ ရောက်ရှိ လာပါက မြန်မာ နိုင်ငံ တွင် MiG အမျိုး အစား လေယာဉ် စင်းရေ နှစ်ဆ ပိုဖြစ် လာမည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ နိုဝင် ဘာလတွင် အော်ဒါ မှာယူ ခဲ့သည့် အဆိုပါ လေယာဉ်များကို မြန်မာ နိုင်ငံသို့ သုံးသုတ် ခွဲကာ တင်ပို့မည် ဖြစ်ကြောင်း၊ ပထမ အသုတ်တွင် MiG-29B အမျိုးအစား ၁၀ စင်း၊ ဒုတိယ အသုတ်တွင် ပိုင်းလော့ တစ်ဦးသာ မောင်းနှင် နိုင်သည့် MiG-29SE အမျိုး အစား ခြောက်စင်း၊ တတိယ အသုတ်တွင် MiG-29UB အမျိုး အစား လေးစင်း ပါဝင်မည် ဖြစ်ကြောင်း Flight Global ကဆိုသည်။ ယခု အရောင်း အဝယ် ဖြစ်မှုကြောင့် MiG-29 ထုတ်လုပ် သောRSK Lukhovitsy စက်ရုံ၌ MiG-29B/SE အမျိုး အစားများ လက်ကျန် ရှိတော့မည် မဟုတ်ပေ။

မြန်မာ နိုင်ငံမှ ဝယ်ယူသော အဆိုပါ ဂျက်တိုက် လေယာဉ်များကို သာမန် ပြည်ပ တင်ပို့မှု အစီ အစဉ်ဖြင့် လွှဲပြောင်း ပေးပို့မည် ဖြစ်ပြီး Analogue Instruments နှင့် Phazotron N-019 အမျိုး အစား ရေဒါများလည်း ပါဝင်မည် ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် ယခင်က ဘီလာရုစ် နိုင်ငံမှ အသုံးပြု ပြီးသား MiG-29 ဂျက်တိုက် လေယာဉ်များကို ဝယ်ယူ ခဲ့သော်လည်း နောက်ပိုင်း ကာလ များတွင် ယင်းလေယာဉ်များ ထုတ်လုပ်သည့် မူလ ကုမ္ပဏီနှင့် ရုရှား စစ်လက်နက် တင်ပို့ ရောင်းချရေး ကုမ္ပဏီ တစ်ခု ဖြစ်သော Rosoboronexport ကို ဆက်သွယ် ခဲ့သည်။

မော်စကို အစိုးရကလည်း လက်နက်များနှင့် အပို ပစ္စည်းများ ရောင်းဝယ် ရာတွင် လည်းကောင်း၊ လေ့ကျင့်ရေး သင်တန်းများ ပေးရာတွင် လည်းကောင်း မြန်မာ နိုင်ငံကို အကူ အညီ ပေးခဲ့သည်။ ထို့ပြင် မြန်မာ နိုင်ငံရှိ လေတပ် အခြေစိုက် စခန်း တစ်ခုတွင်လည်း Stimulator တစ်ခု တပ်ဆင် ပေးခဲ့သည်။

ယခုလို RSK MiG မှ ဂျက်တိုက် လေယာဉ်များ ထပ်မံ ဝယ်ယူ လိုက်ခြင်းသည် မြန်မာ နိုင်ငံရှိ လေတပ် အင်အားကို ပိုမို ကောင်းမွန် သွားစေပြီး စစ်မက် ဖြစ်ပွားရန် ပြင်ဆင် ပေးလိုက် သကဲ့သို့ ဖြစ်ကြောင်း သတင်း ရင်းမြစ် များက ဆိုသည်။ လက်ရှိ အနေ အထားတွင် မြန်မာ့ တပ်မတော် (လေ) ၌ MiG-29 အမျိုးအစား ဂျက်တိုက် လေယာဉ် ၁၂ စင်း ပိုင်ဆိုင် ထားကြောင်း Flight Global ၏ MiliCAS သတင်း အချက် အလက်များ အရ သိရသည်။

ဤအတော အတွင်းမှာပင် RSK MiG က အိန္ဒိယ ကုမ္ပဏီများနှင့် ပူးပေါင်းကာ ထောက်ပံ့ ပို့ဆောင်ရေး စနစ်သစ် တစ်ခုကို ထူထောင်မည် ဖြစ်ကြောင်း၊ အဆိုပါ စနစ်သစ်က အိန္ဒိယရှိ MiG-29 ဂျက်တိုက် လေယာဉ်များ အပါအဝင် မြန်မာနှင့် မလေးရှား နိုင်ငံ လေတပ်များမှ ဂျက်တိုက် လေယာဉ်များ အတွက် Customer Support များ ပြုလုပ် ပေးနိုင် မည် ဖြစ်ကြောင်း ပြောကြား လိုက်သည်။

 
----------------------------------------------------------------
လောင်စာဆီ ဈေးနှုန်း တစ်ပေပါလျှင် ဒေါ်လာ ၁၀၀ အထက်သို့ ရောက်

(AP သတင်းကို ဘာသာ ပြန်ဆိုသည်)

အမေရိကန် ရေနံစိမ်းနှင့် ဓာတ်ဆီ ထောက်ပံ့ တင်ပို့မှုသည် လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်း မမျှော်လင့်ဘဲ ကျဆင်းခဲ့ သောကြောင့် အာရှ ဒေသ၌ လောင်စာဆီ ဈေးနှုန်းမှာ မတ်လ ၂ ရက်နေ့တွင် တစ်ပေပါလျှင် ဒေါ်လာ ၁၀၀ အထက်သို့ မြင့်တက် ရောက်ရှိသွားပြီး ဝယ်လိုအား များလည်း မြင့်တက် လာဖွယ် ရှိကြောင်း AP သတင်းက ဆိုသည်။

နယူးယောက် အခြေစိုက် Mercantile Exchange ရှိ အီလက် ထရွန်နစ် ကုန်သွယ်ရေး ဈေးကွက်တွင် မတ်လ ၂ ရက်နေ့ (နေ့ခင်းပိုင်း စင်ကာပူ စံတော်ချိန်) ၌ ရေနံစိမ်း တင်ပို့ မှုမှာ ၅၁ ဆင့် တက်သွားပြီး တစ်ပေပါ လျှင် ၁၀၀ ဒဿမ ၁၄ ဒေါ်လာသို့ ရောက်ရှိ သွားသည်။ လန်ဒန် အခြေစိုက် ICE Futures Exchange တွင်မူ  ရေနံစိမ်း တင်ပို့မှုမှာ ၂၃ ဆင့် မြင့်တက် သွားပြီး တစ်ပေပါလျှင် ၁၁၅ ဒဿမ ၆၅ ဒေါ်လာသို့ ရောက်ရှိ သွားသည်။

American Petroleum Institute က မတ်လ ၁ ရက် နေ့တွင် ထုတ်ဖော် ပြောဆိုချက် အရ ရေနံစိမ်း ပေပါ လက်ကျန် ၁ ဒဿမ ၁ သန်းသာ ရှိတော့သည်။ သို့သော် McGraw-Hill Cos စွမ်းအင် သတင်း အချက် အလက် ဆိုင်ရာ အဖွဲ့က ပြုလုပ်သော စစ်တမ်း အရ ရေနံစိမ်း ကုန်ကြမ်းလက်ကျန် ပေပါ ၁ ဒဿမ ၆ သန်းထိ မြင့်တက် လာမည်ဟု ခန့်မှန်း သည်။ သိုလှောင် ထားသော ဓာတ်ဆီ ပေပါ လက်ကျန်မှာ ၄ ဒဿမ ၉ သန်း ဖြစ်ပြီး ဓာတ်ဆီ အဖြစ် ချက်လုပ် နိုင်မည့် လောင်စာကြမ်း စုစု ပေါင်းမှာ ပေပါ ၁ ဒဿမ ၄ သန်းသာ ရှိကြောင်း API က ဆိုသည်။

လက်ရှိ အနေ အထားတွင် စွမ်းအင် ကုန်သည်ကြီး များသည် မွမ်မာ ကဒါဖီ ဆန့်ကျင်ရေး ဆန္ဒ ပြမှု များနှင့် လူထု အုံကြွမှုများ ဖြစ်ပေါ် နေသည့် လစ်ဗျား နိုင်ငံကို အနီးကပ် စောင့်ကြည့် လေ့လာလျက် ရှိသည်။ အိုပက် အဖွဲ့ဝင် နိုင်ငံ တစ်ခု ဖြစ်သော လစ်ဗျား နိုင်ငံမှ ကဒါဖီ ဆန့်ကျင်ရေး သမားများက ရေနံ ထုတ်လုပ် မှုကို ဖြတ်တောက် လိုက် ကြသည်။ စွမ်းအင် ရင်းနှီး မြှုပ်နှံရေး သမား များက အကြမ်းဖက် တိုက်ခိုက် မှုများ၊ လူထု အုံကြွမှု များနှင့် နိုင်ငံရေး အလှုပ် အရမ်း များက အခြားသော ဒေသများသို့ ကူးစက် ဖြစ်ပေါ် သွားမည်ကို စိုးရိမ်လျက် ရှိသည်။ အကြောင်းမှာ အီရန်၊ အီရတ်၊ အာရပ် စော်ဘွားများ ပြည်ထောင်စု၊ ဘာရိန်း၊ ကူဝိတ်၊ ကာတာ၊ အိုမန် နှင့် ဆော်ဒီ အာရေဗျ တို့တွင် ကမ္ဘာ့ အရန် ရေနံ စုစု ပေါင်း၏ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင် ထားသော ကြောင့် ဖြစ်သည်။

"လက်ရှိ ဖြစ်နေတဲ့ စိုးရိမ် ထိတ်လန့်မှု ကတော့ မတည် မငြိမ်မှုတွေ၊ နိုင်ငံရေး အလှုပ် အရမ်းတွေ တခြား ဒေသတွေကို ကူးစက် ပျံ့နှံ့ သွားမလား ဆိုတာပါ" ဟု ကင်မရွန်း ဟန်အိုဗာက ဆိုသည်။

 
------------------------------------------------------------
 
ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်များ အငတ်ဘေးနှင့် ရင်ဆိုင်နေရ

(Asia News မှ သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာ စစ်တပ်နှင့် သူပုန် တပ်ဖွဲ့ ဝင်များ အကြား ပစ်ခတ် တိုက်ခိုက်မှု များကြောင့် တိုင်းရင်းသား လူနည်းစု အရပ်သား ထောင်ပေါင်း များစွာ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင် သွားကြ ရကြောင်း သိရသည်။ ဒုက္ခသည် တစ်သောင်းခန့်မှာ နေထိုင် စရာနှင့် စားစရာ အလောက် အငှ မရရှိမှုနှင့် ကြုံတွေ့ နေရပြီး အမျိုးသမီးများ၊ သက်ကြီးပိုင်း များနှင့် ကလေး ငယ်များမှာ ပိုမို ဒုက္ခ တွေ့နေ ရသည်ဟု ဆိုသည်။

ထွက်ပြေး တိမ်းရှောင် သွားရသူ တိုင်းရင်းသား အများစုမှာ ကရင်များ ဖြစ်ကြပြီး ထိုင်း နိုင်ငံတွင်း အစာ ရေစာ ငတ်မွတ်မှုကြောင့် သေဆုံး ရမည့် အခြေ အနေသို့ ဆိုက်ရောက် နေသည်။ ဒုက္ခသည်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ မှစ၍ ထိုင်းနိုင်ငံ၊ တက် ပြည်နယ်တွင်း ယာယီ တဲများဖြင့် နေထိုင် ကြရကြောင်း၊ ၎င်းတို့သည် မြန်မာ စစ်တပ်နှင့် ကရင် သူပုန် များ အကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် အိုးအိမ်များ စွန့်ပစ်ကာ နယ်စပ် ဒေသကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ ဘက်သို့ ဝင်ရောက် သွားကြခြင်း ဖြစ်သည်။

မြန်မာ အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဒုက္ခသည်များ အနေဖြင့် မြန်မာ နိုင်ငံတွင်းသို့ အမြန်ဆုံး ပြန်လည် ဝင်ရောက် နိုင်ပြီး ကောင်းမွန်သော လူမှုဘဝ အဆင့် အတန်းများဖြင့် နေထိုင် သွားနိုင် လိမ့်မည်ဟု မျှော်လင့်မိကြောင်း ထုတ်ဖော် ပြောဆိုသည်။ ထိုင်းနိုင်ငံတွင် ခိုလှုံ နေထိုင် ရသော ကရင် တိုင်းရင်းသား ဒုက္ခသည် ဦးရေ ခန့်မှန်းခြေမှာ တစ်သောင်းခန့် ရှိပြီး ၎င်းတို့သည် အလုပ် အကိုင် လုပ်ကိုင်ခွင့် မရရှိ သောကြောင့် ဝင်ငွေ မရရှိဘဲ ဖြစ်လျက် ရှိသည်။

"ကျွန်တော်တို့ ဆန်ပဲရပါတယ်။ တစ်နေ့ကို ဆန်နှစ်ခွက် ရတာပါ" ဟု နယ်စပ်မြို့ တစ်မြို့ ဖြစ်သော မဲဆောက်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။ စေတနာရှင်များ အနေဖြင့် အဆိုပါ ဒုက္ခသည် များကို ဆန်လှူဒါန်း ရန်ပင် ခက်ခဲလျက် ရှိသည်။ အကြောင်းမှာ ထိုင်းအစိုးရက ဒုက္ခသည် များအား လှူဒါန်းမှုများကို တရားဝင် ခွင့် မပြုသော ကြောင့် ဖြစ်သည်။ သက်ကြီး ရွယ်အို များနှင့် ကလေးငယ် များသည် အာဟာရ ချို့တဲ့မှု ဖြစ်ပေါ်မည့် အန္တရာယ်နှင့် ကြုံတွေ့ နေရသော ဒုက္ခသည်များ ဖြစ်သည်။ ဒုက္ခသည် အချို့မှာ ထိုင်းနိုင်ငံ တွင်းရှိ သစ်တောများတွင် ယာယီတဲများ ထိုးကာ နေထိုင်လျက် ရှိသကဲ့သို့ အချို့က လယ်ယာမြေ များထဲတွင် နေထိုင်လျက် ရှိသည်။

ဒုက္ခသည် အများစုမှာ ယခုအခါ မြန်မာ နိုင်ငံ တွင်းရှိ ၎င်းတို့ နေထိုင်ရာ ကျေးရွာ များသို့ ပြန်ရန် ဆန္ဒ ရှိနေ ကြသော်လည်း နယ်စပ် ဒေသတွင် မြေမြှုပ်မိုင်းများ ပြည့်နှက် နေသော ကြောင့် အခက် အခဲနှင့် ရင်ဆိုင် နေရသည်။ ဥပမာ ပြရလျှင် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက အသက် ၇ နှစ် အရွယ် မိန်းကလေး တစ်ဦးမှာ မိုင်းထောင် ထားသည့် နေရာကို စက်ဘီးဖြင့် နင်းမိ သောကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ ပို၍ ဆိုရလျှင် ဒုက္ခသည် အများစု အတွက် မြန်မာပြည်သို့ ပြန်လည် ဝင်ရောက်မည့် ခရီးစဉ်မှာ ထိခိုက် နစ်နာမှု များပြားမည် ဖြစ်သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် သောမတ် အိုဂျာ ကန်တားနားက အရှေ့တောင် အာရှ ဒေသတွင် မြန်မာ နိုင်ငံမှ ဒုက္ခသည်နှင့် ခိုလှုံခွင့် တောင်းခံသူ ဦးရေ တိုးမြှင့် လာခြင်းကို ကြည့်လျှင် မြန်မာ စစ်အစိုးရသည် ပြည်တွင်းရေး အကြပ် အတည်း များနှင့် ဆိုးရွားစွာ ကြုံတွေ့ နေရပြီး အဆိုပါ အရေး ကိစ္စသည် ဒေသတွင်း ပြဿနာ တစ်ရပ် ဖြစ်လာသည် ဟူသော သက်သေ အထောက် အထားပင် ဖြစ်ကြောင်း ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မြန်မာ နိုင်ငံမှ ထွက်ပြေး သွားကြ ရသော ရောင်းရင်း နိုင်ငံသားများ အပေါ် စည်းလုံးမှု ရှိပါကြောင်း ထုတ်ဖော် ပြောဆိုသည်။

"မြန်မာ ပြည်သူတွေ ဒုက္ခသည် ဘဝ ရောက်သွားအောင် ဖိအားပေး ခံရတဲ့ အခြေ အနေ မျိုးတွေ ကျွန်မတို့ နိုင်ငံထဲမှာ ရှိနေတာ အင်မတန် ဝမ်းနည်း မိပါတယ်။ သူတို့ တတွေ လုံခြုံ ချောမွေ့ စွာနဲ့ အိမ်ပြန် နိုင်မယ့် နေ့တစ်နေ့တော့ ရောက်လာ မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်" ဟု ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။


---------------------------------------------------------------
 
မြန်မာ စစ်အာဏာရှင်စနစ် တော်လှန်ရေး အတွက် နာမည်ကျော် Facebook ကို စတင် အသုံးပြု

(thenextweb.com မှ သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှား ဆော်သြ သူများ ပါဝင်သည့် အုပ်စု တစ်စုက နာမည်ကျော် အင်တာနက် ကွန်ယက် တစ်ခု ဖြစ်သော Facebook တွင် "စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး လုပ်ကြစို့" Just Do It Against Military Dictatorship-JD ဟူသော နာမည်ဖြင့် အစိုးရ ဆန့်ကျင်ရေး ဝက်ဘ် စာမျက်နှာ တစ်ခုကို ဖွင့်လှစ် လိုက်ကြောင်း သိရသည်။ အရှေ့ အလယ်ပိုင်း အီဂျစ် နိုင်ငံတွင် ဖြစ်ပွား ခဲ့သော လူထု အုံကြွမှုမျိုး အတိုင်း အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒ ပြပွဲကြီး တစ်ရပ် ဖြစ်ပေါ်ရန် ယင်းသို့ အင်တာနက် စာမျက်နှာ ဖွင့်လှစ် လိုက်ခြင်း ဖြစ်သည် ဟု ဆိုသည်။

Asia Sentinel မှ သတင်း ဆောင်းပါး တစ်ပုဒ် အဆိုအရ အွန်လိုင်း လူမှု ကွန်ယက်မှ တစ်ဆင့် နိုင်ငံရေး လှုပ်ရှားမှု ဖြစ်ပေါ်ရန် စည်းရုံးမှုသည် အီဂျစ် နိုင်ငံ၌ သမ္မတ မူဘာရက် ရာထူးမှ ဆင်းပေး လိုက်ရ ပြီးနောက် နှစ်ရက် အကြာတွင် ထွက်ပေါ် ခဲ့ခြင်း ဖြစ်သည်။ Facebook မှ အဆိုပါ စာမျက်နှာတွင် စစ်အာဏာရှင် စနစ်ကို ပြစ်တင် ရှုတ်ချထားပြီး စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေနှင့် ၎င်း၏ မိသားစု များအား မြန်မာ ပြည်မှ ထွက်သွားရန်၊ တပ်မတော် အနေဖြင့် ပြည်သူ လူထုနှင့် လာရောက် ပူးပေါင်းရန် ဆော်သြ ရေးသား ထားသည်။

JD ဟု လူသိ များသော အဆိုပါ Facebook စာမျက်နှာကို ထောက်ခံ အားပေးသူ ပရိသတ် ၁၀၀၀ ကျော် ရရှိခဲ့ပြီး မြန်မာ နိုင်ငံ တစ်ဝန်း အစိုးရ ဆန့်ကျင်ရေး ဝါဒများ ဖြန့်ချိရာ ဝက်ဘ် စာမျက်နှာ တစ်ခု ဖြစ်လာ ခဲ့သည်။ အီဂျစ် နိုင်ငံတွင် ဖြစ်ပေါ် ခဲ့သော လူထု အုံကြွမှုကို အခြေခံပြီး JD ကို ထောက်ခံ သူများ ယုံကြည် ကြသည်မှာ မည်သည့် အာဏာရှင် တစ်ဦး တစ်ယောက်မျှ ပေါ်ပြူလာ လှုပ်ရှားမှုကို မတွန်းလှန်နိုင် ဟူသော အချက်ပင် ဖြစ်သည်။

သို့ရာတွင် မြန်မာ နိုင်ငံတွင်း အင်တာနက် ရရှိမှုမှာ ကန့်သတ် ချက်များ ရှိနေ ပေရာ Facebook မှတစ်ဆင့် စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး စည်းရုံး ဆော်သြမှု မည်မျှ အတိုင်း အတာ အထိ သက်ရောက်မှု ရှိမည် ဟူသည်မှာ မသေချာ မရေရာ ဖြစ်နေသည်။ Facebook သည် အင်တာနက် အသုံးပြုသူ လေးသိန်းခန့် ရှိသော မြန်မာ နိုင်ငံတွင် ဒုတိယ ရေပန်း အစားဆုံး ဝက်ဘ်ဆိုက် တစ်ခု ဖြစ်သည်။ ယခုလို အတိုက် အခံ အင်အားစု အနည်းငယ်က အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ လုပ်ကိုင် နေစဉ် မှာပင် စစ်အစိုးရ ကလည်း မြန်မာ နိုင်ငံ၏ အကြီးဆုံး မြို့တော် ဖြစ်သော ရန်ကုန်အား လုံခြုံရေး တင်းကြပ် ထားသည်။

JD စာမျက်နှာနှင့် ပတ်သက်၍ ဆန့်ကျင် ကန့်ကွက်ရန် တစ်စုံ တရာ မရှိသော်လည်း Facebook အသုံးပြုသူ များ၏ လုံခြုံရေး အတွက် အထူးပင် စိုးရိမ်ရသည်ဟု ပြည်တွင်းမှ လေ့လာ သုံးသပ်သူ တချို့က ဆိုသည်။ မြန်မာ နိုင်ငံတွင်း ငြိမ်းချမ်းမှု ရှိသော တော်လှန် ရေးမျိုး ပေါ်ထွန်း လာရန် လိုအပ်သည် ဟုလည်း ဆိုကြသည်။


---------------------------------------------------------------------

မြန်မာ၊ ဘိုလီးဗီးယားနှင့် ဗင်နီဇွဲလားတို့အား မူးယစ် တိုက်ဖျက်ရန် ပျက်ကွက်သော နိုင်ငံများအဖြစ် ဝါရှင်တန် ဖော်ပြ

(AFP သတင်းကို ဘာသာ ပြန်ဆိုသည်)

အမေရိကန် အစိုးရက ထုတ်ပြန်သော အစီရင် ခံစာသစ် တစ်ရပ်အရ မြန်မာ၊ ဘိုလီးဗီးယား နှင့် ဗင်နီဇွဲလား နိုင်ငံ တို့အား မူးယစ် ဆေးဝါး ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများ ကို လက်တွေ့ အကောင် အထည် ဖော်ရန် ပျက်ကွက် ခဲ့သည့် နိုင်ငံများအဖြစ် သတ်မှတ်ရန် သမ္မတ အိုဘားမားက ဆုံးဖြတ် လိုက်ကြောင်း သိရသည်။

အစီရင် ခံစာထဲတွင် အာဖဂန် နစ္စတန်၊ ကိုလံဘီယာ၊ မက္ကဆီကို အပါ အဝင် နိုင်ငံပေါင်း ၂၀ ကို "တရားမဝင် မူးယစ် ဆေးဝါး ထုတ်လုပ်သည့် နိုင်ငံ သို့မဟုတ် ယင်းမူးယစ် ဆေး တစ်ဆင့်ခံ ရောင်းချသည့် နိုင်ငံ" များ အဖြစ် စာရင်း သွင်းထား သည်ကို တွေ့ရသည်။ သမ္မတ အိုဘားမားက စက်တင်ဘာလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ပေးပို့သော စာတစ်စောင် ကိုလည်း အစီရင် ခံစာတွင် ထည့်သွင်း ထားသည်။ "ဘိုလီးဗီးယား၊ မြန်မာ နှင့် ဗင်နီဇွဲလား နိုင်ငံ တို့သည် နိုင်ငံတကာ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး သဘော တူညီ ချက်များ အတိုင်း မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင် သွားပါမည်ဟု ရည်မှန်း ချက်များ ထားရှိ ခဲ့သော် ငြားလည်း လွန်ခဲ့သည့် ၁၂ လ အတွင်း လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်မှု ပြုလုပ်ရန် ပျက်ကွက် ခဲ့သည်ကို တွေ့သည်။ သို့ပါ၍ မူးယစ် တိုက်ဖျက်ရေး ဆောင်ရွက်မှုများ ပြုလုပ်ရန် ပျက်ကွက်သည့် နိုင်ငံများ အဖြစ် ကျွန်ုပ် အနေဖြင့် သတ်မှတ် ဖော်ပြလိုက်သည်" ဟု အမေရိကန် သမ္မတ အိုဘားမားက ၎င်း၏ စာတွင် ရေးသား ဖော်ပြ ထားသည်။

အမေရိကန် အစိုးရ အရာရှိ ကြီးများ အတိုင်းပင် နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မဟာ ဗျူဟာ အစီရင် ခံစာ (INCSR) ကလည်း အစီရင် ခံစာ တစ်ရပ် ကလည်း မြန်မာ နိုင်ငံကို အာဖဂန် နစ္စတန် ပြီးလျှင် ဘိန်းထုတ်လုပ်မှု ဒုတိယ အများဆုံး နိုင်ငံ အဖြစ် သတ်မှတ် ဖော်ပြသည်။ "ဥပဒေ သက်ရောက်မှုနှင့် တရား စွဲဆိုမှု လျော့နည်း နေခြင်း ကြောင့် ရာဇဝတ် ဒုစရိုက်မှုများ ဖြစ်ပေါ် စေသည်" ဟု အစီရင်ခံစာက ဆိုသည်။

"မူးယစ် မှောင်ခို ကူးသူများနှင့် အာဏာရ စစ်အစိုးရတို့ အကြား နိုင်ငံရေး အရ စီစဉ် ဆောင်ရွက်မှု များက အစီ အစဉ် တကျ ဖွဲ့စည်း ထားသော ဒုစရိုက် အဖွဲ့များ၊ အုပ်စုများကို ဖြစ်ပေါ် စေပြီး တရား ဥပဒေရုံး၏ အခန်း ကဏ္ဍကို မှေးမှိန် သွားစေသည်" ဟုလည်း ဖော်ပြသည်။ တောင် အမေရိက ဒေသမှ ကိုလံဘီယာ အနောက်ဘက် နယ်စပ် ဒေသသည် ဒုစရိုက် သမားများ စိမ့်ဝင် ပျံ့နှံ့ရန် လွယ်ကူပြီး တရား စီရင်ရေး စနစ် လျော့တိ လျော့ရဲ ဖြစ်နေ ခြင်းက နိုင်ငံ တကာ မူးယစ် တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ပူးပေါင်း ဆောင်ရွက်ရန် အခက် အခဲများ ဖြစ်ပေါ် စေသည်ဟု ဆိုသည်။

လူငယ် လူရွယ်များ အပေါ် အလွန် အမင်း လွတ်လပ်ခွင့် ပေးထားမှုနှင့် ခြစားသော အလေ့ အထများက ဗင်နီ ဇွဲလားအား မူးယစ် ဆေးဝါး တစ်ဆင့်ခံ ရောင်းချသည့် နိုင်ငံ အဖြစ် သွတ်သွင်း ပေးနေ သလို ဖြစ်စေ သည်ဟုလည်း ဆိုသည်။ ဘိုလီး ဗီးယား နိုင်ငံနှင့် ပတ်သက်၍ အစီရင် ခံစာက ဖော်ပြ ရာတွင် ငွေကြေး ခဝါ ချသည့် လုပ်ဆောင် ချက်များက မူးယစ် ဆေးဝါး ကုန်ကူးမှု၊ လာဘ်စားမှု၊ အခွန် ရှောင်မှု၊ မှောင်ခို ကူးမှု၊ လူကုန် ကူးမှု အစ ရှိသည် တို့နှင့် ဆက်နွှယ် နေသည်ဟု ဆိုသည်။ ယခု ကဲ့သို့ အဆင့် သတ်မှတ်မှုများ ပြုလုပ် ခဲ့သော်လည်း အမေရိကန် ပြည်ထောင်စု အနေဖြင့် လက်တင် အမေရိက နိုင်ငံ နှစ်နိုင်ငံနှင့် မူးယစ် တိုက်ဖျက် မှုများ ပူးပေါင်း ဆောင်ရွက်ရန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။ မြန်မာ နိုင်ငံ နှင့်မူ တိုက်ဖျက်ရေး လုပ်ငန်းများ စတင်ရန် ပူးပေါင်း ဆောင်ရွက်မှုပင် မရရှိ သေးကြောင်း အမေရိကန် အရာရှိကြီး များက ပြောကြားသည်။

------------------------------------------------------------------------
အရှေ့ တီမောသည် အာဆီယံအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုမဟုတ်ဟု ဆို

(Jakarta Post မှ သတင်းကို ဘာသာ ပြန်ဆိုသည်)

အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) အတွက် ထွန်းသစ်စ နိုင်ငံ ဖြစ်သော အရှေ့ တီမောသည် ဝန်ထုပ် ဝန်ပိုး တစ်ခု ဖြစ်လာမည် မဟုတ်ကြောင်း အရှေ့ တီမော နိုင်ငံ ခြားရေး ဝန်ကြီး Zacarias da Costa က ထုတ်ဖော် ပြောဆို လိုက်သည်။ ၎င်းသည် အရှေ့ တီမော နိုင်ငံ အာဆီယံ အဖွဲ့သို့ ဝင်ရောက် နိုင်ရေး အတွက် တရားဝင် လျှောက်လွှာ တင်သွင်း ပြီးနောက် ယင်းသို့ ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။

"ကျွန်တော်တို့ နိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်မှု အင်မတန် မြန်ဆန်ပါတယ်။ အာဆီယံ အဖွဲ့နဲ့ နိုင်ငံတွေ ကြားမှာ အခုချိန်ထိ ပြဿနာ တွေနဲ့ ကွာဟ မှုတွေ ရှိနေဆဲ ဆိုတာကို ကျွန်တော် နားလည် သဘော ပေါက်ပါတယ်။ ဒါပေမဲ့ အရှေ့ တီမောကို လာရောက် လည်ပတ် ဖူးတွေ့တိုင်း ကျွန်တော်တို့ နိုင်ငံမှာ ဖွံ့ဖြိုး တိုးတက်မှုတွေ ရှိနေပြီ ဆိုတာကို မြင်တွေ့ ဖူးကြပါတယ်" ဟု ၎င်းက အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးနှင့် အတူ ပူးတွဲ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

"အရှေ့ တီမောဟာ အာဆီယံ အတွက် ဝန်ထုပ် ဝန်ပိုး တစ်ခု ဖြစ်မှာ မဟုတ်ဘူး ဆိုတာကို ကျွန်တော် အလေး အနက် ယုံကြည်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ အဖွဲ့ဝင် ၁၀ နိုင်ငံ ပါရှိသော အာဆီယံ၏ လက်ရှိ ဥက္ကဌ ရာထူးကို ရယူ ထားသော အင်ဒိုနီးရှား နိုင်ငံက အရှေ့ တီမော နိုင်ငံ အာဆီယံသို့ ဝင်ရောက် နိုင်ရေး အတွက် ခိုင်မာသော ထောက်ပံ့မှုများ ပေးထားသည်။ သို့သော်လည်း အရှေ့ တီမောနှင့် ပတ်သက်၍ စီးပွားရေး ကွာဟမှုများ ရှိ၊မရှိ ဟူသော ကိစ္စ အပေါ် အာဆီယံ အဖွဲ့ဝင်များ စိုးရိမ် မကင်း ဖြစ်လျက် ရှိသည်။

"အရှေ့ တီမောဟာ အာဆီယံ လူ့အဖွဲ့ အစည်း တည်ဆောက်ရေး ကြိုးပမ်း ချက်တွေ အပေါ် ထိခိုက် မှုတွေ ပေးလာဖွယ် ရှိတယ်လို့ တချို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံ တွေက ယုံကြည် နေကြတယ် ဆိုတာကို ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ အင်ဒို နီးရှား နိုင်ငံ ကတော့ အဲဒီလို မဟုတ်ပါဘူး။ ပြဿနာ တစ်ခုကို ဖြေရှင်း နိုင်မယ့် အခြား တစ်ဖက်က နည်းလမ်းတွေကို သိထားတဲ့ နိုင်ငံ တစ်ခုပါ" ဟု အင်ဒို နီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ပြောကြားသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံသည် လာမည့် ၂၀၁၅ ခုနှစ်တွင် အာဆီယံကို တစ်ခု တည်းသော ဒေသတွင်း ဈေးကွက် သို့မဟုတ် အာဆီယံ စီးပွားရေး အသိုင်း အဝိုင်းကြီး တစ်ခု ဖြစ်လာရန် အစီ အစဉ် ဆွဲထားသည်။ "အာဆီယံ အဖွဲ့ဝင်တွေ ကြားမှာ ဖွံ့ဖြိုး တိုးတက်မှု ကွာဟ ချက်တွေ ရှိနေတယ် ဆိုတဲ့ ကိစ္စဟာ ထူးခြားမှု တစ်ခု မဟုတ်သလို ပုံမှန် မဟုတ်တဲ့ ကိစ္စ တစ်ခုလည်း မဟုတ်ပါဘူး" ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။ အာဆီယံတွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ကွဲပြား ခြားနားသည့် အရေး ကိစ္စများကို ဖြေရှင်း လုပ်ဆောင်ခဲ့သည့် မှတ်တမ်းများ ရှိခဲ့ကြောင်း၊ အထူးသဖြင့် အာဆီယံ မူလ နိုင်ငံများနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်တို့ အကြား ကွဲပြား ခြားနား မှုများနှင့် ပတ်သက်၍ ရှိခဲ့ ဖူးကြောင်း မစ္စတာ Marty Natalegawa က ပြောကြားသည်။

အရှေ့ တီမောသည် ယခင် ပေါ်တူဂီ ကိုလိုနီ နိုင်ငံ ဖြစ်ခဲ့ဖူးပြီး ၁၉၇၅ ခုနှစ်မှ စ၍ နှစ်ပေါင်း ၂၄ နှစ်တာ ကြာမျှ အင်ဒိုနီးရှား နိုင်ငံ လက်အောက်သို့ ရောက်ရှိခဲ့ကာ ယင်း ကာလများ အတွင်း လူ့အခွင့် အရေး ချိုးဖောက်မှု များစွာဖြင့် ရင်ဆိုင် ခဲ့ရသည်။ ဆင်းရဲ နွမ်းပါးသော အရှေ့တီမောသည် ၁၉၉၉ ခုနှစ် ကုလ သမဂ္ဂ ကျောထောက် နောက်ခံ ပေးသော ဆန္ဒ ခံယူမှု၊ လူထု အုံကြွမှုတို့ ပေါ်ပေါက် ခဲ့ပြီးနောက် ၂၀၀၂ ခုနှစ် အရောက်တွင် ပုံမှန် လွတ်လပ်ရေး ရရှိခဲ့သည်။

Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

၇.၃.၂၀၁

 
ပြည်တွင်းသတင်းများ



၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်တွင် ရေချိုငါး မွေးမြူထုတ်လုပ်ရေး ပမာဏ လေးဆယ်ရာခိုင်နှုန်း လျော့ချမည်

ရန်ကုန်၊ မတ် ၆။


မြန်မာနိုင်ငံGDP၏ စတုတ္ထအဆင့်ဝင်ငွေရှိသော ရေချိုငါးမွေးမြူထုတ်လုပ်ရေး ပမာဏကို ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် လေးဆယ် ရာခိုင်နှုန်း အထိ လျော့ချမွေးမြူတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ရေချိုငါး မွေးမြူထုတ်လုပ်မှုကဏ္ဍ လုံးဝပြိုလဲသွားသည်အထိ အရှုံးပေါ်နိုင်သည့်အတွက် ကြောင့် ယင်းသို့ စဉ်းစားရခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ရုံးတွင် မတ်လ ၆ ရက်နေ့၊ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည့် ငါးလုပ်ငန်း အစည်းဝေး၌ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။

“မလျော့ရင် ရှုံးမယ်။ တိုးမွေးရင် ဈေးကျမယ်။ ရှုံးသူချင်း ညှိပြီးလျှော့မွေးဖို့ ဆုံးဖြတ်တာပါ။” ဟု မြန်မာနိုင်ငံ ငါး မွေးမြူရေး အသင်းဥက္ကဌ ဦးသန်းလွင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရေချိုငါး မွေးမြူထုတ်လုပ်ရေးကို နိုင်ငံအနှံ့ ဧကနှစ်သောင်းနှစ်ထောင်ခန့် မွေးမြူ ထုတ်လုပ်နေပြီး ယင်းအနက် ရန်ကုန်တိုင်း ပတ်ဝန်းကျင်တွင် ဧကတစ်သိန်းခွဲခန့် မွေးမြူကြောင်း သိရသည်။ ရေချိုငါး မွေးမြူထုတ်လုပ်ရေး စုစုပေါင်း၏ ရှစ်ဆယ်ရာနှုန်းမှာ ငါးမြစ်ချင်း မွေးမြူထုတ်လုပ်ခြင်း ဖြစ်သည်။

 ယခုနှစ် ပြည်ပသို့ ရေချိုငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ရရှိနိုင်ပြီး ယင်းပမာဏမှာ စံချိန်တင် ဈေးရရှိသည့် နှုန်းထားဖြစ်သည်ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုနှစ် မတ်လ ၃၁ မှာ ရနိုင်တဲ့ အမေရိကန်ဒေါ်လာ သန်း ၁၁၀ က စံချိန်တင်ဈေးရတဲ့ ပမာဏ ဖြစ်ပါတယ်။ မနှစ်က ၁၀၃.၆၆ သန်းရတယ်။ နှစ်အလိုက် တိုးတက်ရလာတဲ့ ဈေးနှုန်းပမာဏကို ကြည့်ရင် ၂သန်း၊ လေးသန်း၊ ခြောက် သန်း တဖြည်းဖြည်းနဲ့ တိုးလာတာပဲ။ အခုနှစ်ဆိုရင် ခြောက်သန်းကျော်တက်ပြီး ရလာတယ်။ နိုင်ငံခြားကို ပို့လို့ရမယ့် ဈေး ကွက် သတ်မှတ်ချက်အနေနဲ့လည်း အခုက အများဆုံးရနိုင်တဲ့ ပမာဏ ဖြစ်တယ်။ အဲထက်တော့ မကျော်နိုင်တော့ဘူး။” ဟု ရေချိုငါး တင်ပို့ရောင်းချမှုမှ နှစ်စဉ် တိုးတက်ရရှိငွေကို အထက်ပါ ပုဂ္ဂိုလ်က သုံးသပ်ပြသည်။

လက်ရှိ ငါးမွေးကန်များတွင် ကုန်လက်ကျန်များ ရှိနေသေးပြီး ဆက်လက် မွေးမြူမည်ဆိုပါက ငါးလုပ်ငန်း ကဏ္ဍ တစ်ခုလုံး လဲပြိုသွားသည်အထိ အရှုံးပေါ်နိုင်ကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ငါးလုပ်ငန်းကဏ္ဍတွင် ထုတ်လုပ်နိုင်စွမ်းက ဈေးကွက် လိုအပ်ချက်ထက် ပိုလွန်နေသည့် အတွက်ကြောင့်လည်း ထုတ်လုပ်မှု ပမာဏကို လျှော့ချ ရန် စဉ်းစားရခြင်းဖြစ်ကြောင်း ယင်းက ဆိုသည်။

“အစက တစ်ဧကကို ငါးသားပေါက် နှစ်ထောင်ထည့်မွေးရင် အခုက ၁၂၀၀ လောက်ပဲ ထည့်မွေးတော့မယ်။ အဲလို လျှော့လိုက်တဲ့အတွက် တစ်ဧက ထွက်ကုန်လျော့မယ်။ ကုန်ချိန်ပိုမထွက်ဘူး။ တစ်ဧက ကုန်ကျစရိတ် သက်သာတဲ့အတွက် အစာလိုအပ်ချက်လဲ လျော့သွားမယ်။ အစာလိုအပ်ချက် လျော့သွားတဲ့ အတွက် ငါးစာဖြစ်တဲ့ ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ် ဈေးနှုန်းတွေမှာ ဈေးကျ လာ
မယ်။ ထုတ်လုပ်မှု လျော့လိုက်တဲ့ အတွက်ကြောင့် ပြည်ပ ပို့ကုန်အတွက်ရော၊ ပြည်တွင်း စား သောက်ကုန်အတွက်ပါ ကွက်တိ ဖြစ်သွားမယ့် အတွက်ကြောင့် ဈေးကွက်အတွင်းမှာ ထိခိုက်စရာ အကြောင်း မရှိပါဘူး။” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ဦးဝင်းကြိုင်က ပြောကြားသည်။

ရေချိုငါးမွေးမြူထုတ်လုပ်ရေးသည် စုစုပေါင်းရေထွက်ပစ္စည်း တင်ပို့မှု တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းခန့်ကို နှစ်စဉ် တင်ပို့ ရောင်းချနေသည်။

-----------------------------------------------------------------------------

 
အထူးစီးပွားရေးဇုန်အတွင်း ဝင်ငွေခွန် သက်သာခွင့် လျှောက်ထားရာ၌ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် ရေနံဓါတုဗေဒ လုပ်ငန်းများ မပါဝင်

မတ် ၅။

 မြန်မာ့ အထူးစီးပွားရေးဇုန် ဥပဒေ၌ ပါရှိသည့် အထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု ဝင်ငွေသက်သာခွင့် လျှောက် ထားရာတွင် ဝင်ငွေသက်သာ ကင်းလွတ်ခွင့်ရရှိမှု၌ ခြွင်းချက်အနေဖြင့် ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် ရေနံဓါတု လုပ်ငန်းများ မပါဝင်ကြောင်းသိရသည်။

အထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံမည့်သူများသည် လုပ်ငန်းစတင်သည်နှင့် ပထမ(၅)နှစ် ကာလအတွင်း ပြည်ပ ရောင်းရငွေအပေါ် ဝင်ငွေ ကင်းလွတ်ခွင့် လျှောက်ထားနိုင်ကြောင်း၊ ဒုတိယငါးနှစ်ကာလတွင် ပြည်ပရောင်းရငွေပေါ် တည်ဆဲဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထား၏ ၅၀ ရာခိုင်နှုန်း သက်သာခွင့် လျှောက်ထားနိုင်ကြောင်း၊ တတိယ(၅) နှစ်ကာလတွင်လည်း Export ရောင်းချခြင်းမှ ရရှိသည့် အမြတ်ငွေအား အထူး စီးပွားရေးဇုန်အတွင်း ပြန်လည် မြှုပ်နှံ မည်ဆိုပါက ထိုရင်းနှီးမြှုပ်နှံမှုမှ ဝင်ငွေနှုန်းထား၏ ၅၀ ရာခိုင်နှုန်း သက်သာခွင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရ သည်။

ထို့ပြင် အခွန်ကင်းလွတ် သက်သာခွင့် သတ်တမ်းကုန်ဆုံးသွားသည်ဆိုပါက ပို့ကုန်ပစ္စည်း တန်ဖိုးသည် ထုတ်လုပ်သည့် ပစ္စည်းတန်ဖိုးထက် အကြီးစား စက်မှုလုပ်ငန်းတွင် ၅၀ ရာခိုင်နှုန်း ကျော်လွန်နေလျှင်သော် လည်းကောင်း၊ အလတ်စား ရင်းနှီးမြှုပ်နှံမှုတွင် ၆၀ ရာခိုင်နှုန်းထက် ကျော်လွန်နေလျှင်သော် လည်းကောင်း၊ အသေးစား ရင်းနှီးမြှုပ်နှံမှုတွင် ၇၀ ရာခိုင်နှုန်းထက် ကျော်လွန်နေ လျှင်သော်လည်းကောင်း အဆိုပါ ပို့ကုန်လုပ်ငန်း လုပ်ကိုင်မှုနှစ်အတွက် ဝင်ငွေ သက်သာခွင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်ရာ ၎င်းရင်းနှီးမြှုပ်နှံမှု ပမာဏအား မည်ရွေ့ မည်မျှ သတ်မှတ် ထားသည်ကို မသိရသော်လည်း နိုင်ငံရပ်ခြားတိုင်းပြည်များတွင် ဝန်ထမ်းဦးရေ၊ လျှပ်စစ်သုံးစွဲမှုအပေါ်မူတည်၍ အသေးစား၊ အလတ်စား၊ အကြီးစား လုပ်ငန်းများကို ခွဲခြားထားသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ၏ စီးပွားရေး ကျွမ်းကျင်သူ ပညာရှင်တစ်ဦးမှ ပြောကြားသည်။

ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် ရေနံဓါတုလုပ်ငန်းများအတွက် ဝင်ငွေခွန် သက်သာခွင့် မပေးခြင်းမှာ ၎င်းလုပ်ငန်များသည် အကျိုးအမြတ် များစွာရသော လုပ်ငန်းများဖြစ်ပြီး အမျိုးသား အကျိုးစီးပွားပေါ်မူတည် မပေးခြင်းဖြစ်နိုင်ကြောင်း စီးပွားရေး ပညာရှင်များမှ သုံးသပ် ပြောကြားခဲ့သည်။


------------------------------------------------------------------------------------
 
စက်သုံးဆီ ဝယ်ယူမှုများအား အွန်လိုင်းမှ စိစစ်၍ ကန့်သတ်တော့မည်

မတ် ၅။


 
နိုင်ငံတွင်းရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင်များ အချင်းချင်း အွန်လိုင်းစနစ် အသုံးပြုကာ စက်သုံးဆီ ရောင်းချနေမှုများအား စိစစ်ကန့်သတ်တော့မည် ဖြစ်ကြောင်း မတ်လအတွင်း၌ ကျင်းပခဲ့သည့် စက်သုံးဆီ ရောင်းချသူများအသင်း အစည်းအဝေးတွင် ဒုတိယဥက္ကဋ္ဌ ဦးဇော်လေး မှပြောကြားခဲ့သည်။

ယခုကဲ့သို့ ပုဂ္ဂလိက စက်သုံးဆီရောင်းချမှု ကန့်သတ်ရသည်မှာ စက်သုံးဆီမှောင်ခိုဈေးကွက် ပပျောက် သွားစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ မိမိဝယ်ယူရသည့် နေရာတိုင်း၌ စက်သုံးဆီများ ဈေးမှန်ကန်မှု ရှိစေရန်ဖြစ်ကြောင်း၊ လိုအပ်သည့်နေရာတိုင်း၌ စက်သုံးဆီများအား လွတ်လွတ်လပ်လပ် ရောင်းချခွင့်ပေးလိုက် မည်ဆိုပါက မှောင်ခိုဈေးကွက်မှ ပပျောက်သွားနိုင်ကြောင်း၊ နိုင်ငံအတွင်း စက်သုံးဆီများအား တရားမဝင် ရောင်းချခြင်းများ တွေ့ရှိပါက ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း၊ ဗပိာုတရားရုံးချုပ်မှ ရှေ့နေတစ်ဦးက ပြောခဲ့သည်။

 အဆိုပါ အသုံးပြုမည့် အွန်လိုင်းစနစ်မှာ မြန်မာနိုင်ငံ၌ ရောင်းချလျှက်ရှိသည့်  CDMA ဖုန်းများကို အင်တာနက် ချိတ်ဆက်၍ စက်သုံးဆီ ရောင်းချပြီးသော ယာဉ်များ နံပါတ်ကို (UMFCCI) သို့ တစ်ဆင့်ပေးပို့၍ ရရှိသည့် အချက်အလက်များကို ထိန်းချုပ်၍ စက်သုံးဆီ ဝယ်ယူမှုများကို ကန့်သတ်သွားမည်ပာု သိရသည်။

စက်သုံးဆီ မှောင်ခိုဈေးကွက် ပပျောက်ရန်နှင့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ အကန့်အသတ်မရှိ ရောင်းချနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆွေးနွေး တိုင်ပင်လျှက်ရှိကြောင်း သိရသည်။

စက်သုံးဆီဆိုင်ဖွင့်စ၌ အကန့်အသတ်မရှိ ရောင်းချ ပေးနိုင်ခဲ့ကြောင်း၊ ဈေးကွက်အတွင်း စက်သုံးဆီ မှောင်ခို ရောင်းချသည့်သူများ ရှိလာသည့်အခါ၌ အကန့်အသတ်ဖြင့်သာ ရောင်းချရတော့ကြောင်း၊ ယခု တာဝန်ရှိသူများနှင့် အွန် လိုင်းစနစ်အသုံးပြု၍ ရောင်းချရန် ညှိနှိုင်းမှုများ ပြုလုပ်နေသည်ပာု ကြားရသော်လည်း ယင်းကိစ္စမှာ ဖြစ်မြောက်ရန် သေချာကြောင်း ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက  ပြောကြားသည်။

ယနေ့ကမ္ဘာပေါ်ရှိ ရေနံ အများဆုံး ထွက်ရှိသည့် နိုင်ငံများဖြစ်သည့် တူနီးရှား၊ လစ်ဗျား နှင့် အီရန် အစရှိသည့် နိုင်ငံများ၏ နိုင်ငံရေး တည်ငြိမ်မှုမရှိသည့် အခြေအနေများအရ ကမ္ဘာ့ရေနံဈေးကွက် မြင့်တတ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
-------------------------------------------------------------------------------

ပုဂ္ဂလိက ကုမ္ပဏီအများစု တစ်ဆင့်ခံ ကုန်သွယ်မှုလုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်လာ

မတ် ၆။


 
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်မှ စတင်၍ ပြောင်းလဲလာသည့် စီးပွားရေး ပေါ်လစီ အသစ်များအရ ပြည်တွင်းကုမ္ပဏီအများစုသည် သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းများအပြင် ပုဂ္ဂလိကကုမ္ပဏီများမှ တစ်ဆင့်ခံ ကုန် သွယ်မှုလုပ်ငန်းအား ဦးစားပေး လုပ်ဆောင်လာကြကြောင်း အခွန်ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

တစ်ဆင့်ခံ ကုန်သွယ်မှုလုပ်ငန်းမှာ အိန္ဒိယမှ ထွက်ရှိသည့် ကုန်ပစ္စည်းများအား မြန်မာနိုင်ငံမှ တစ်ဆင့်ဖြတ်သန်း၍ တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခြင်း အစရှိသည့် လုပ်ငန်းဖြစ်သည်။

မြန်မာနိုင်ငံသည် နိုင်ငံရေး အခင်းအကျင်းသစ်များအရ စီးပွားရေးလုပ်ငန်းများတွင် လုပ်ငန်းရှင်အများစု လွတ် လပ်စွာလုပ်ကိုင်ခွင့် ရလာပြီဖြစ်သည့်အတွက် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပိုမိုကောင်းမွန်လာတော့မည် ဖြစ်ကြောင်း၊ မိမိ နိုင်ငံတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပြီ ဖြစ်သည့်အတွက် နိုင်ငံတွင်း ပိုမိုဖွံ့ဖြိုးတော့မည်ဖြစ်ကြောင်း၊ ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံသည် မဝေးသော အနာဂါတ်ကာလတွင် အာဆီယံနိုင်ငံများနှင့် စီးပွားရေး၌ ဒုတိယ အင်အား အကြီးဆုံးအဖြစ် သတ်မှတ်ခံထားရသော တရုတ်၊ စီးပွားရေး တောင့်တင်း ခိုင်မာသည့် အိန္ဒိယနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်တော့မည်ဖြစ်ရာ နိုင်ငံအတွင်း၌ ကုန်သွယ်မှု လုပ်ငန်းများ ပိုမိုလွတ်လပ် လာတော့မည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှုလည်း ပိုမိုများပြား လာနိုင်မည်ပာု မျှော်လင့်ရကြောင်း ယင်းမှ ပင်ထပ်မံသုံးသပ်ပြောကြားခဲ့သည်။
      
 
×××××××××××××××××××××××××××××××××××××


ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 

 
ပြည်ခိုင်ဖြိုးပါတီဝင် အမတ်နှစ်ဦး ထုတ်ပယ်ခံရ

နေပြည်တော်၊ မတ် ၄။



ပြည်ခိုင်ဖြိုးပါတီဝင် အမတ်နှစ်ဦးသည် ဧည့်နိုင်ငံသားများ ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် လွှတ်တော်အမတ် အဖြစ်မှ မတ်လ ၄ ရက်နေ့က ထုတ်ပယ် ခံလိုက်ရကြောင်း သတင်းရရှိသည်။

ထုတ်ပယ်ခံရသူများမှာ အမျိုးသား လွှတ်တော် ပဲခူးတိုင်း မဲဆန္ဒနယ် (၇) မှ ပြည်ခိုင်ဖြိုးအမတ် ဒေါ်ချိုနွယ်ဦးနှင့် ပဲခူးတိုင်း သနပ္ပင်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ်တော် အမတ် ဦးအံ့ကြီးတို့ ဖြစ်ကြောင်း သိရသည်။

အမျိုးသား လွှတ်တော် အမတ်တစ်ဦးဖြစ်သူ ဒေါ်ချိုနွယ်ဦးသည် ပြည်သူ့ငွေစာရင်း ကော်မတီဝင်အဖြစ် မတ်လ ၃ ရက် နေ့က ခန့်အပ်ခဲ့ခြင်း ခံခဲ့ရသူဖြစ်သည်။

အမျိုးသား လွှတ်တော်မှ လစ်ဟသွားသည့် ကော်မတီဝင်နေရာကို အခြား ပြည်ခိုင်ဖြိုး အမတ်တစ်ဦးဖြစ်သူ ပဲခူးတိုင်း မဲဆန္ဒနယ် အမှတ် (၈)မှ အနာကြီးရောဂါ တိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာ ဦးခင်မောင်လေး နှင့် အစားထိုး လိုက်ကြောင်း သိရသည်။

နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူသာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့်ရှိကြောင်း ၂ဝဝ၈ ခုနှစ်က ပြဋ္ဌာန်းလိုက်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

-------------------------------------------------------------------------

လွှတ်တော် အခွင့်အရေး ကော်မတီတွေကို ဖွဲ့စည်း


မတ်လ ၄ရက်နေ့တွင် သီးခြား ပြုလုပ်ခဲ့ကြသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေး များတွင် အဖွဲ့ဝင် ၁၅ ဦးစီပါသည့် လွှတ်တော် အခွင့်အရေး ကော်မတီများကို ဖွဲ့စည်းခဲ့ကြကြောင်း သတင်းရရှိသည်။

ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီ၌ ပြည်ခိုင်ဖြိုးက ၁၁ နေရာ ရရှိပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုနှင့် ဖလုံစဝေါ် ပါတီတို့က တစ်နေရာစီ ရခဲ့ကြောင်း၊ အမျိုးသား လွှတ်တော် အခွင့်အရေး ကော်မတီတွင် ပြည်ခိုင်ဖြိုးပါတီက ၉ နေရာ ရရှိပြီး တစည၊ ကရင်ပြည်သူ့ ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့် ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်တို့က တစ်နေရာစီ ရခဲ့ကြောင်းသိရသည်။

လွှတ်တော် အခွင့်အရေး ကော်မတီ၏ တာဝန်များသည် လွှတ်တော်၊ လွှတ်တော် ကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ အခွင့်အရေးကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်သည့် ကိစ္စများကို စုံစမ်းစစ်ဆေးရန် ဖြစ်ကြောင်း၊ ယင်း အခွင့်အရေးများသည် အခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေများက ပေးအပ်ထားသည့် အခွင့်အရေးများ ဖြစ်ကြောင်း သိရသည်။

လွှတ်တော် အဖွဲ့အစည်းများ ဥပဒေအရ အမတ်တစ်ဦးသည် ကော်မတီ ၂ ခုတွင် ပါဝင်ခွင့်ရှိသော်လည်း လွှတ်တော်ကော်မတီများဆိုင်ရာ နည်းဥပဒေအရမူ ကော်မတီဝင်များသည် လွှတ်တော် ဒုဥက္ကဋ္ဌများ ဖြစ်ခွင့်မရှိသဖြင့် အမတ်များအကြား ဒွိဟ ဖြစ်နေကြ ကြောင်းလည်း သိရသည်။

 
××××××××××××××××××××××××××××××××××××××

 

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ


“အခု နောက်ပိုင်းမှာ သဘာဝ ဓာတ်ငွေ့သုံး ဘတ်စ်ကားတွေနဲ့ ပတ်သက်ပြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ယာဉ်ပိုင်ရှင်အချို့ရဲ့ အသိပညာနည်းပါးမှု၊ ကားပြင်သမားတချို့ရဲ့ ပြင်ဆင်မှု အပိုင်းမှာ မကျွမ်းကျင်မှုတွေကြောင့် ဂက်စ်ပိုက်လိုင်းတွေ ပြုတ်ထွက်တာ၊ ပြတ်တာနဲ့ဂက်စ်ယိုစိမ့်မှု တွေဖြစ်ပေါ်ပြီးတော့ ယာဉ်တွေမကြာခဏ မီးလောင် ပေါက်ကွဲမှုတွေ ဖြစ်ပွား လာပါတယ်" ဟု မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှု ကော်မတီ(မထသ)မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ 

မတ်  ၄ ထုတ် မြန်မာတိုင်း(မ်) မှာပါသည့် “စီအင်န်ဂျီသုံးယာဉ်များတွင် မတော်တဆဖြစ်မှုများလာ၍ ပိုမို ဂရုစိုက်ရန် သက်ဆိုင်ရာမှ သတိပေးပြောကြား” သတင်းမှ ကောက်နှုတ်ချက်

------------------------------------------------------------------------

“၂၁ရာစုဟာ IT ခေတ်ဖြစ်တဲ့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရကလည်း Information သတင်းအချက် အလက်တွေ ရအောင် လုပ်ရမယ်။ မီဒီယာကလည်း လိုတယ်။ တချို့တောင်သူလယ်သမားတွေက အရိုးစွဲနေတယ်။ မြင်မှ လုပ်တတ်တယ်။ ဒါကြောင့် သူတို့ကို လက်တွေကပြဖို့လိုတယ်။ မြန်မာ့စိုက်ပျိုးရေးဝန်ထမ်းတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေက လက်တွေ့ပြဖို့ လိုတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေက နည်းပေးလမ်းပြလုပ်ပြီး ခေါ်သွားဖို့ လိုတယ်။ တောင်သူလယ်သမား တွေအနေနဲ့ ဖောက်ထွက်နိုင်တဲ့ အတွေးအခေါ် ရှိရမယ်။ ဘယ်နိုင်ငံက ဘာကမ်းလှမ်းတယ်ဆိုတာ သိရမယ်” ဟု လယ် ယာစီးပွားသတင်းမှ အယ်ဒီတာချုပ် ဦးမြတ်စိုး(လှိုင်)က ဆက်လက် ပြောကြားသည်။

မတ်လ (၆) ရက်နေ့ထုတ် ဖလားဝါးနယူး(စ်)ဂျာနယ်တွင် ပါသည့် “တောင်သူလယ်သမားအရေး အစိုးရသစ် ဖော်ဆောင် ဖို့လို” သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်

------------------------------------------------------------------------

ဘဏ်အသစ် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီ လေးခုအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်း ကမ်းများအရ လုပ်ကိုင်ခွင့်ရသည့် ဘဏ်အသစ်များသည် ရင်းနှီးငွေ၏ ၁၀ ဆကိုသာ ဘဏ်အပ်ငွေအဖြစ် လက်ခံရမည်ဖြစ် ပြီး ဘဏ်အပ်ငွေ၏ ၇၀ ရာခိုင်နှုန်း ချီးငွေအဖြစ် ဗဟိုဘဏ်က သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအတိုင်း ချေးငွေ ထုတ်ပေးခွင့် ပြုထားသည်။

“မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်အသစ်တွေကို ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံငွေ ထားရှိရမယ်လို့  ထုတ်ပြန်ထားတယ်။ ကျွန်တော်တို့ ADGဘဏ်က ၂၀ ဘီလီယံ ရင်းနှီးမြှုပ်နှံငွေ ထည့်ထားတဲ့အတွက် ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းအရ ရင်း နှီးမြှုပ်နှံငွေ ၁၀ ဆဖြစ်တဲ့ ၂၀၀ ဘီလီယံကို ဘဏ်အပ်ငွေအဖြစ် လက်ခံထားခွင့် ရပါတယ်” ဟု AGD ဘဏ်၏ မန်နေးဂျင်း ဒါရိုက်တာ ဦးရဲမင်းဦးက ပြောကြားသည်။

မတ်လ (၆)ရက်နေ့ထုန် True News တွင် ပါသည့် “ထူးထရေးဒင်း ကုမ္ပဏီပိုင် AGDဘဏ် ရင်းနှီးမြှုပ်နှံငွေ ၂၀ ဘီလီယံ ထားရှိ”  သတင်းမှ ကောက်နှုတ်ချက်
 
××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ


လောင်စာဆီဈေးကွက် အပြောင်းအလဲများ

အီဂျစ်၊ လစ်ဗျား အစရှိသည့် နိုင်ငံတစ်ချို့၏ နိုင်ငံရေး အခြေအနေကြောင့် ကမ္ဘာ့ရေနံဈေး မြင့်တက်လာသလို ပြည်တွင်း လောင်စာဆီဈေးအချို့လည်း အခုရက်ပိုင်းမှာ ဆက်တိုက် တက်လာသည်ကို တွေ့ရ သည်.” မတ်လ ၂ ရက်နေ့ ဒီဇယ် တစ်ပီပါ (ဂါလန် ၅၀) ဈေးက နှစ်သိန်းနှစ် သောင်းပါ။ ဆိုင်ထုတ်ဈေးကလည်း တစ်ဂါလန် ၄၀၀၀ လောက် ရှိနေ တယ်” ဟု ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ ယာဉ်လိုင်း တာဝန်ခံတစ်ဦးက ရှင်းလင်း ပြောကြားသည်။

ဖေဖော်ဝါရီလ ဒုတိယအပတ်ကစ၍ ပြည်တွင်း စက်သုံးဆီဈေးသည် ကျပ် ၃၃၀၀မှ ကျပ် ၃၄၀၀ သို့ စတင်မြင့် တက်လာသည်။ ဖေဖော်ဝါရီ ဒုတိယပတ်နှင့် တတိယပတ်အတွင်းတွင် ဒီဇယ်ဈေးသည် အမြင့်ဈေးဖြင့် ငြိမ်နေခဲ့သည်။ ဖေဖော်ဝါရီ ၂၀၊ ၂၄၊ ၂၅၊ ၂၇ ရက်နေ့များမှာ တစ်နေ့ကို ၁၀၀ ကျပ်နှုန်းဖြင့် ကျပ်လေးထောင်အထိ ဆက်တိုက် တက်လာခဲ့ သည်။ ကမ္ဘာ့လောင်စာဆီဈေး အဓိက မြင့်တက်လာရခြင်းမှာ အရှေ့အလယ်ပိုင်းနိုင်ငံများထဲက ရေနံတင်သွင်းသည့် နိုင်ငံများအဖွဲ့(OPEC) ဝင်နိုင်ငံ ဖြစ်သည့် လစ်ဗျားနိုင်ငံ၏ နိုင်ငံရေးမငြိမ်သက်ဖြစ်မှုနှင့် ဆက်စပ်နေသည်ဟု ဖေဖော်ဝါရီ ၂၁ ရက် AFP သတင်းမှာဖော်ပြထားပါသည်။ လစ်ဗျားနိုင်ငံ၏ ဓာတ်ငွေနှင့်ရေနံထုတ်လုပ်မှုသည် တရက်ကို စုစု ပေါင်း ၂၄၄၀၀၀ ထုတ်လုပ်သည်ဟု သိရသည်။

ယခုနှစ် ဒီဇယ်ဈေးသည် ဖေဖော်ဝါရီ လလယ်ပိုင်းက (ဂါလန် ၅၀) တစ်ပီပါလျှင် ကျပ်တစ်သိန်း ခွဲခန့်ရှိရာမှ တစ်ပီ ပါလျှင် ကျပ်ခုနှစ်သောင်းအထိ ယခုရက်ပိုင်းအတွင်း ဈေးတက်လာခြင်းဖြစ်ကြောင်း၊ ဒီဇယ်ဈေး ထူးကဲမှုကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု ကဏ္ဍအသီးသီးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် သက်ရောက်မှုများ ရှိနိုင်ကြောင်းလည်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။ “အခုရက်ပိုင်း ဒီဇယ်ဈေးအပါအဝင် တန်ပိုကိစ္စကြောင့် ကုန်ပို့ခ တွေပေါ်မှာလည်း အပြောင်းအလဲရှိပါတယ်။ အရင် ရန်ကုန်- မန္တလေး ကုန်တစ်ပိဿာ ၁၃၀ ကျပ်ကနေ ၁၄၀ ကျပ် လောက် ဖြစ်သွားတယ်” ဟု ဘုရင့်နောင် ခရေလမ်းကုန်စည်ပွဲရုံလုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။ ယခင်က ခြောက်ဘီး ကုန်တင်ယာဉ်တစ်စီး ကုန်တန်ချိန် ၂၀၊ ၁၀ ဘီး ကုန်တန် ချိန် ၃၀၊ ၁၂ ဘီးကုန်တင်ယာဉ် တစ်စီး ကုန်တန်ချိန် ၄၀ တင်ဆောင်နိုင်သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဆီယံ စံချိန်စံညွှန်းအရ ခြောက်ဘီးကုန်တင်ယာဉ် တစ်စီးပျဉ်းမျှ ကိုး တန်၊ ၁၀ဘီးက ပျဉ်းမျှ ၁၁ တန်နှင့် ၁၂ဘီက ပျဉ်းမျှ ၁၃ တန်အထိပဲ တင်ဆောင်ခွင့်ရှိ၍ နောက်ပိုင်းကုန်ပို့ခများ နှစ်ဆခန့် တက်ခဲ့ခြင်း ဖြစ်သည်ဟု ဘုရင့် နောင်ကားဝန်းမှ ကုန်တင်ယာဉ်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။

ဒီဇယ်ဆီမှာ တင်ရားဝင်ဈေး တစ်ဂါလန် ၄၀၀၀ သတ်မှတ်ရောင်းချနေခြင်းကြောင့် ရန်ကုန်ပြင်ပ စက်သုံးဆီ ဈေးကွက်တွင် တွင်ကျယ်ခြင်းမရှိသော်လည်း နယ်ဒေသများသို့ ပို့ဆောင်ရောင်းချသော ပြင်ပလက်ကား စက်သုံးဆီ ရောင်းဝယ်သူများ ရှိလာကြောင်း သိရှိရသည်။ “ စက်သုံးဆီကို ရန်ကုန်ကနေ နယ်တွေဆီ ပီပါလိုက်ပို့ပြီး ရောင်းဝယ်တဲ့သူတွေ ရှိတယ်။ ရန်ကုန်မှာ ဒီဇယ် တစ်ဂါ လန် ၄၀၀၀ပဲရှိပေ မယ့်  မန္တလေးမှာတောင် ဒီဇယ်တစ်ဂါလန် ၅၀၀၀ အထက်မှာပဲရှိတော့ ဈေးက တစ်ထောင်လောက် ကွာတယ်။ ဒီကနေ နယ်ကို သယ်ပို့ရောင်းချတဲ့သူတွေလည်းများတယ်။ နယ်တွေမှာ ဒီဇယ်ဈေးက တော်တော်မြင့်တယ်။ နောက်ပြီး ဓာတ်ဆီ ပြင်ပဈေးကွက်တွေက နယ်ဒေသတွေမှာလည်း တော်တော် ကြီးကြီးကျယ်ကျယ်နဲ့ကို အရောင်းအဝယ်ဖြစ်နေတယ်” ဟု ပြင်ပ စက်သုံးဆီ အရောင်းအဝယ် ဈေးကွက်တွင် ကျင်လည် လှုပ်ရှားနေသူ ရန်ကုန်ဒေသခံ အသက် ၄၀ ကျော်အရွယ် စီးပွားရေးသမာတစ်ဦးက ရှင်းပြသည်။

ထို့အပြင် စက်သုံးဆီကို အကြောင်းပြပြီး တက္ကစီယာဉ်တစ်ချို့ ဈေးပိုတောင်းလာသည်ကို တွေ့ရသည်။ တက္ကစီ ယာဉ်တွေက မီတာဈေးအတိုင်း မဌားသည့်အပြင် ယခင်ဈေးထက် ပိုတောင်းလာသည်။ “တာမွေကနေ ပုဇွန်တောင်ကို ပုံမှန် ကျပ် ၁၅၀၀ နဲ့ စီးနေကျ ဒီနေ့မှာကျပ် ၂၀၀၀ အထိတိုး တောင်းတယ်။ CNGကားတွေပါရောပြီးတိုးတောင်းတယ်” ဟု ခရီးသည် အမျိုးသမီး တစ်ဦးကဆိုသည်။ ၅၂လမ်းထပ်က တက္ကစီသမားတစ်ဦးက” ဆီဈေးက တစ်နေ့ထက် တစ်နေ့ တက် နေတော့ ဈေးပိုတောင်းကြတာနေမှာ၊ CNG ကားကဈေးမတက်ပေမဲ့ တက္ကစီကားအချင်းချင်းဈေးညှိပြီး ပုံမှန်ထက် ကျပ် ၅၀၀ လောက်တိုးတောင်းနေကြတာ၊ ကျွန်တော်တို့ကတော့ အပြောင်းအလဲမရှိပါဘူး။ ဒီရက်ပိုင်းတော့ ကားဌားတဲ့သူတွေ လျော့သွားတာတော့ရှိတယ်” လို့ဆိုသည်။

×××××××××××××××××××××××××××××××××××××××××××××××
 

ဘာသာပြန်သတင်း


တရုတ်ငါးနှစ်စီမံကိန်း ကမ္ဘာကို သက်ရောက်မှု ရှိမည်လော


တရုတ်နိုင်ငံက စွမ်းအင်ကို ပိုမိုအကျိုးရှိစွာအသုံးပြုနိုင်ရန်၊ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် စပ်လျဉ်း၍ စွမ်းအင် သုံးစွဲမှုကြောင့် ဖြစ်ပေါ်သည့် ညစ်ညမ်းမှုများကို ဖြေရှင်းနိုင်ရန်အတွက် အရေးယူ ဆောင်ရွက်မှုများကို နောင်ငါးနှစ်အတွင်း ထိရောက်စွာဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပေး ပြောကြားလိုက်သည်။

စနေနေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်ထုတ်ပြန်သည့် အစိုးရ၏ ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အတွက် ၁၂ကြိမ်မြောက် ငါးနှစ်စီမံကိန်း မူကြမ်းတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ ယူနစ်တစ်ခုချင်း စီတိုင်းအတွက် စွမ်းအင်သုံးစွဲမှုနှင့် ကာဗွန်ဒိုင် အောက်ဆိုက်ထုတ်လွှတ်မှု ပမာဏကို ၁၆ ရာနှုန်းမှ ၁၇ ရာနှုန်းအထိ အသီးသီးလျော့ချမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

စွမ်းအင်သုံးစွဲမှုတွင် ဒီဇယ်၊ ဓါတ်ဆီကဲ့သို့ ရုပ်ကြွင်းလောင်စာမဟုတ်သည့် လောင်စာဆီသုံးစွဲမှုပမာဏ တိုးမြှင့်နိုင်ရန် အတွက် နေစွမ်းအင်၊ လေစွမ်းအင်ကဲ့သို့ သန့်စင်သောစွမ်းအင်ကို ၂၀၁၀ခုနှစ်က ၈.၃ရာခိုင်နှုန်းသာ သုံးစွဲခဲ့ရာမှ ၁၁.၄ ရာခိုင်နှုန်း အထိတိုး၍ ရောနှော သုံးစွဲရန်လည်း ရည်ရွယ်ကြောင်း သိရသည်။

အဆိုပါ မူကြမ်းကို အမျိုးသားပြည်သူ့ကွန်ဂရက်နှင့် တရုတ်ပြည်သူနိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရန့်၏ အမျိုးသား ကော်မတီတွင် မကြာမီရက်များအတွင်း ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရည်မှန်းချက်များသည် ရာသီဥတုပြောင်းလဲမှုအပေါ် အဓိကသက်ရောက်နေသည့် အစိတ် အပိုင်း ဖြစ်သော ကာဗွန်ထုတ်လွှတ်မှု ပမာဏကို ၂၀၀၅ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ၄၀မှ ၄၅ရာနှုန်း အထိ လျှော့ချနိုင်ရေးအတွက် နိုင်ငံအနှံ့ ကျယ်ပြန့်စွာ ဆောင်ရွက်မည့် စီမံချက်များ၏ အစိတ်အပိုင်း ဖြစ်သည်ဟု ဝမ်ကျားပေါင်က ပြောကြားခဲ့သည်။

ပေကျင်းရှိ ရာသီဥတုဆိုင်ရာအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဝူချမ်းဝှါက ဝန်ကြီးချုပ်ပြောသည့် စွမ်းအင်နှင့် ကာဗွန်ထုတ်လွှတ်မှု ပမာဏဆိုင်ရာ ရည်မှန်းချက်များသည် လေထုတွင်းရှိ ဖန်လုံအိမ်ဓါတ်ငွေ့ ပမာဏကို ချိန်ညှိ နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီက ခန့်မှန်းထုတ်ပြန်ထားမှုများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်သည် ဟု ဆိုသည်။

အေဂျင်စီ၏ ပြောဆိုချက်အရ ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှုကို တစ်သန်းအောက် ၄၅၀ ပုံတစ်ပုံ အထိ ထိမ်းသိမ်းထားသင့်ပြီး ယင်းသည် အပူချိန်မြင့်မား လာမှုကြောင့် ဖြစ်ပေါ်နိုင်ဖွယ် ရှိသော ပြင်းထန်သည့် သဘာဝ ဘေးအန္တရာယ်များမှ ကမ္ဘာကြီးကို ကာကွယ် နိုင်ပေးနိုင်မည့် အနိမ့်ဆုံး အမှတ်ဖြစ်သည်ဟုဆိုသည်။

ပြီးခဲ့သည့် ၂၀၀၆ မှ ၂၀၁၀ ခုနှစ်တွင် တရုတ်သည် စွမ်းအင်သုံးစွဲမှုကို GDP ၏ တစ်ယူနစ်ဖြစ်သော ၁၉.၁ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပြီး ၎င်း၏ ငါးနှစ်အတွင်း နှစ်ဆယ်ရာနှုန်းလျှော့ချရေး ရည်မှန်းချက်ကို ပြည့်လု နီးပါးအထိ နီးကပ်ခဲ့ကြောင်း ဝမ်ကျားပေါင်၏ အဆိုအရ သိရသည်။ နိုင်ငံ၏ နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို အလားတူ ကာလအတွင်း ၇.၅ ရာခိုင်နှုန်း ရည်မှန်းခဲ့သော်လည်း ၁၁ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။

ဒေသတွင်း အစိုးရများသည် စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်များကို အနိမ့်ဆုံး လိုအပ်ချက်အဖြစ် ရှေ့ရှုဆောင်ရွက်နေစဉ်တွင် ထိပ်ပိုင်းခေါင်းဆောင်များက သတ်မှတ်ထားသည့် ဖွံ့ဖြိုးရေး ရည်မှန်း ချက်ကို မျက်နှာလိုအားရ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းမျိုး မလုပ်သင့်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများက ဆိုသည်။

တရုတ်လူမျိုး ပါမောက္ခတစ်ဦးကလည်း တရုတ်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်သည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ပျမ်းမျှလိုအပ်ချက်ထက် ၁.၅ဆ ပိုများနေသည့်အတွက်ကြောင့် ရေရှည်တွင် စွမ်းအင်လိုအပ်ချက် ဆက်လက်ရှိ နေဦးမည်ဟု ဆိုသည်။

သို့သော် အခြားအကြီးတန်း သုတေသနသမားတစ်ဦးက တရုတ်နိုင်ငံသည် စွမ်းအင်ပိုမိုအကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် လွန်ခဲ့သည့် ငါးနှစ်က ဈေးနှုန်းမြင့်မားစွာ ပေးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

၂၀၁၁ ခုနှစ်တွင် တရုတ်သည် ကာဗွန်နှင့် စွမ်းအင်ထုတ်လွှတ်မှုကို ယမန်နှစ်ကနှင့် နှိုင်းယှဉ်ပါက ၃.၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် ရည်ရွယ်ထားသည်ဟု အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ဖွဲ့စည်းရေး ကော်မရှင်ကထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်တွင် ပြောကြားခဲ့သည်။

အဆိုပါ ငါးနှစ်စီမံချက်သည် သဘာဝပတ်ဝန်းကျင်ကို အဓိကညစ်ညမ်းစေသည်များအား ထုတ်လွှတ်မှု ကို ၂၀၁၅တွင် ၈ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ သိသိသာသာ လျှော့ချရန် အတွက်လည်း ရည်မှန်းထားသည်။
 

ဆင်ဟွာသတင်းဌာနမှ China's five-year blueprint significant to whole world ကို ဘာသာပြန်ဆိုသည်။

××××××××××××××××××××××××××××××××
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

၅.၃.၂၀၁၁


ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 


အစိုးရသစ်ဘတ်ဂျက် သတင်း ပိတ်ပင်

ရန်ကုန်၊ မတ် ၃။


အငြင်းပွားဖွယ်ရာ အစိုးရသစ် တာဝန်ယူမည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ အရသုံးဆိုင်ရာ ဥပဒေ (ဘက်ဂျက်)ကို ပြည်တွင်းဂျာနယ်များတွင် ဖော်ပြခွင့်ပေးသော်လည်း ဘဏ္ဍာငွေ ပမာဏ အတိအကျနှင့် ကဏ္ဍအလိုက် သုံးစွဲထားသည့် ရာခိုင်နှုန်း အတိအကျကို ဖော်ပြခွင့် မရရှိခဲ့ကြောင်း ပြည်တွင်း ဂျာနယ်များထံမှ စုံစမ်းသိရှိရသည်။

“ဘက်ဂျက်နဲ့ ပတ်သတ်ပြီး ဥပဒေထုတ်တာလောက်ပဲ ဖော်ပြခွင့်ရတာ။ ဘက်ဂျက်က ဘယ်လောက်လဲ ဘယ်ကဏ္ဍမှာ ဘယ်လောက် သုံးထားလဲဆိုတာ ရေးပေမဲ့ စိစစ်ရေးက ဖြုတ်လိုက်တယ်”ဟု ရသုံးမှန်းခြေ ငွေစာရင်း ဥပဒေပြဌာန်းခြင်း သတင်းကို အနည်းငယ်သာ ဖော်ပြခွင့်ရသော ပြည်တွင်းဂျာနယ်တစ်ခုမှ အယ်ဒီတာ တစ်ဦးက ပြောကြားသည်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော ယင်း ဥပဒေကို ပြည်တွင်း သတင်းဂျာနယ်များက အသေးစိပ် ရေးသားရန် ကြိုးစားကြသော်လည်း ထိုကဲ့သို့ ပါဝင်သော အပိုင်းများနှင့် ထုတ်ပြန်သော ရက်စွဲတို့ကိုသာ ဖော်ပြခွင့်ရခဲ့ခြင်း ဖြစ်သည်။

“ဒီလို ပြည်သူအများကို အသိမပေးချင်တာ စစ်ရေးမှာ အများဆုံးသုံးတာ မသိစေချင်လို့ဖြစ်မယ်”ဟု ပြည်တွင်း သတင်းမီဒီယာတစ်ခုမှ အယ်ဒီတာ တစ်ဦးကဆိုသည်။

ဥပဒေ ထုတ်ပြန်ပြီး ၁ လ ကျော် ကြာသည်အထိ စီးပွားရေးပညာရှင်များ၊ လုပ်ငန်းရှင်များမှာ ထိုရသုံးမှန်းခြေ ငွေစာရင်း ထုတ်ပြန်ခြင်းကိုပင် မသိရှိကြောင်း စုံစမ်းသိရှိရသည်။

“မဖတ်ရသေးတော့ မှတ်ချက်ပေးလို့မရဘူး”ဟု ပြည်တွင်း စီးပွားရေးပညာရှင်တစ်ဦးက ပြောဆိုသည်။ “အဲဒါ ဘယ်မှာ ဝယ်လို့ ရနိုင်လဲ”ဟု သူကထပ်မေးသေးသည်။

နိုင်ငံအများအပြားတွင် အစိုးရ၏ ရသုံးမှန်းခြေ ငွေစာရင်းကို ပြည်သူများကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးလေ့ရှိပြီး စီးပွားရေး ပညာရှင်များ၊ လေ့လာသူများက ထိုရသုံးမှန်းခြေ ငွေစာရင်းကို လေ့လာကာ တိုင်းပြည်၏ အလားအလာကို ခန့်မှန်းလေ့ရှိသည်။

ရသုံးမှန်းခြေ ငွေစာရင်းကို ၁၉၈၇ ပြည့်နှစ်နောက်ပိုင်းတွင် ရပ်နားခဲ့ကြောင်း စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် တစ်ဦး၏ အဆိုအရ သိရသည်။

စစ်အစိုးရသည် စစ်မှုထမ်းဥပဒေကိုလည်း ၎င်းတို့ကိုယ်တိုင် အတင်းအကျပ် အတည်ပြုထားသော ၂၀၀၈ အခြေခံ ဥပဒေ အတည်မဖြစ်မီ ကတည်းကပင် တိတ်တဆိတ်ထုတ်ပြန်ခဲ့ပြီး မြန်မာအထူးစီးပွားရေးဇုန် ဥပဒေကိုလည်း အင်္ဂလိပ် ဘာသာဖြင့် ဦးစွာထုတ်ပြန်ခဲ့ပြီးမှ နောက်ပိုင်းတွင် မြန်မာဘာသာဖြင့်ပါ အစိုးရ စာအုပ်အရောင်းဆိုင်များတွင် ထုတ်ပြန် ရောင်းချခဲ့သည်။

၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် ဧပြီ ၁ ရက်မှ စတင် အကျိုးသက်ရောက်မည့် အစိုးရ ရသုံးမှန်းချေ ငွေစာရင်း စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ၇ ဘီလျံခန့်ရှိပြီး ကာကွယ်ရေးကဏ္ဍအတွက် အများဆုံးခွဲဝေ အသုံးပြုထားသည်။ ဥပဒေအရ ကာကွယ်ရေးအတွက် ၂၁.၇ ရာခိုင်နှုန်း၊ ပညာရေး ကဏ္ဍအတွက် ၄.၄၅ ရာခိုင်နှုန်းနှင့် ကျန်းမာရေး ကဏ္ဍ အတွက် ၁.၄ ရာခိုင်နှုန်းခန့်သုံးစွဲရန် ရေးဆွဲထားကြောင်း ထုတ်ပြန်ထားသော ဥပဒေအရ သိရသည်။

“အိမ်နီးခြင်း နိုင်ငံတွေအနေနဲ့ ကြည့်ရင် ဒီလို ကာကွယ်ရေးကို အများကြီး သုံးစွဲထားတာ မတွေ့ရဘူး။ ကျန်းမာ ရေးနဲ့ ပညာရေးက အဓိကအရေးကြီးတယ်။ ဒီနေရာတွေမှာ ပိုသုံးရမယ်”ဟု ရန်ကုန်အခြေစိုက် နာမည်ကြီး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

အဆိုပါ ဥပဒေနှင့်အတူ ကာကွယ်ရေးနှင့် သက်ဆိုင်သည့် အသုံးစရိတ်ဆိုင်ရာ အထူးရန်ပုံငွေ ဥပဒေကိုပါ ဇန်န၀ါရီ ၂၇ ရက်စွဲဖြင့်ပင် တစ်ပါတည်း ထုတ်ပြန်လိုက်သည်။

ယင်း အထူးရန်ပုံငွေ ဥပဒေအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တင်ပြခဲ့လျင် ကာကွယ်ရေး အသုံးစရိတ်ကို လက်ရှိဘက်ဂျက် အသုံးစရိတ်များအပြင် ထပ်မံလိုအပ်သော ငွေကြေးပမာဏကို နိုင်ငံတော် သမ္မတ၏ သဘောတူညီချက်ဖြင့် အထူးရန်ပုံငွေအနေဖြင့် ဖြည့်ဆည်းပေးရမည် ဖြစ်သည်။  
 
အဆိုပါ ရန်ပုံငွေ သုံးစွဲခြင်းနှင့် စပ်လျဉ်းပြီး မည်သည့်ပုဂ္ဂိုလ်(သို့မဟုတ်) မည်သည့်အဖွဲ့အစည်းကမျှ မေးမြန်း ခြင်း၊ တင်ပြစေခြင်း၊ စာရင်းစစ်ဆေးခြင်း ခံယူရန်မလိုဟု စာမျက်နှာ ၂ မျက်နှာသာ ပါရှိသော ထို ဥပဒေတွင် ဖော်ပြထားသည်။ 

စနိုင်း (BHO News)

--------------------------------------------------------------------------------------------------------------------------------------------


ဥပဒေ ကျွမ်းကျင်သူများနှင့် ပညာရှင်များ ဥပဒေရေးရာ အကြံပြုချက်များ စတင်ရရှိပြီပာု အမျိုးသား လွှတ်တော်အမတ် ဒေါက်တာမြတ်ဥာဏစိုးပြောကြား

အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့၌ ဥပဒေကြမ်း ကော်မတီ ဖွဲ့စည်းပြီးသည်ဖြစ်ရာ ပြည်သူများနှင့် ဥပဒေကျွမ်းကျင်သူ ပညာရှင်များမှ ဥပဒေရေးရာ အကြံပြုချက်များကို စတင်ပေးပို့အကြံပြုခွင့် ရရှိတော့မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ၂၀၁၀ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ရသည့် ဒေါက်တာ မြတ်ဥာဏစိုးမှ ပြောကြားခဲ့သည်။

ပြည်သူများ၊ ဥပဒေရေးရာကျွမ်းကျင်သူများရေးသားသည့် ဥပဒေအကြံပြုချက်များကို သေချာစွာရွေးချယ်၍ အမျိုးသားလွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူများထံမှ အကြံပြုချက်များကို လွှတ်တော်ထဲ၌ သေချာစွာ ဆွေးနွေး၍ ဥပဒေပြုလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ လွှတ်တော်အမတ် ဒေါက်တာ မြတ်ဥာဏစိုးက ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့၌ ကော်မတီ(၄)၇ပ်ဖြင့်ဖွဲ့စည်းသွားမည်ဖြစ်ရာ ၎င်းကော်မတီ (၄) ရပ်မှာ-(၁) ဥပဒေကြမ်း ကော်မတီ(၂) ပြည်သူ့ ငွေစာရင်း ကောက်မတီ (၃) လွှတ်တော် အခွင့်အရေးဆိုင်ရာ ကော်မတီနှင့်(၄) အစိုးရအာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စီစစ်ရေးကော်မတီတို့ ဖြစ်ကြောင်းသိရသည်။

--------------------------------------------------------------------------------------------------------------------------------

၈၈ မျိုးဆက်သစ်ပါတီ၌ ပါတီဝင်များ နှုတ်ထွက်သွားသည်ပာူသော သတင်း မမှန်ကန်

ရန်ကုန်၊ မတ် ၄။


၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ ပါတီ(ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီသည် ပါတီဝင် အများအပြား နုတ်ထွက်သွားကြောင်း သတင်းပြေးလျက်ရှိရာ ၎င်းကိစ္စရပ်နှင့် ပတ်သတ်၍ ပါတီဥက္ကဋ္ဌ ဦးရဲထွန်းမှ ပါတီမှ နုတ်ထွက်သည် ဆိုသော သတင်းများမှာ မမှန်ကန်ကြောင်း ပြောကြားခဲ့သည်။

ပါတီဥက္ကဋ္ဌ ဦးရဲထွန်းမှ ပါတီမှနုတ်ထွက်မည်ဆိုသော သူများသည် ယနေ့အချိန်အထိ တရားဝင်ထွက်စာ တစ် စောင်မှ တင်ပြခြင်းမရှိသေးကြောင်း၊ ထို့ကြောင့် ပါတီ၏မူများနှင့်အညီ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ၈၈ မျိုး ဆက်သစ် ပါတီ၏ ဥက္ကဋ္ဌ ဦးရဲထွန်းက ပြောကြားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲ၌ ၈၈မျိုးဆက်ပါတီမှ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အမတ် ဦးကျော်မျိုးသည်လည်း ပါတီသို့ ထွက်စာ မတင်သည့်အတွက် နှုတ်ထွက်သွားသည်ပာု ဆို၍မရကြောင်း၊ ပါတီမှ ၎င်းအားထွက်သွားသည့်အနေအထား၊ ထုတ်ပယ်သည့် အနေအထားမျိုး သတ်မှတ်၍မရကြောင်း၊ ပါတီမှလည်း ရန်ကုန်တိုင်းဒေသကြီး၌ ကိုယ်စားလှယ်တစ်ဦး သာရရှိသည့်အတွက် ပါတီကိုယ်စားပြု အဆို တင်သွင်းခြင်းများ၊ ထောက်ခံခြင်းများ၊ မူဝါဒများပြုလုပ်ရန် ခက်ခဲကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးမှ အခြား လွှတ်တော်အမတ်များမှ ပြည်သူများအတွက် အကျိုးရှိမည့် မူဝါဒမျိုး တင်မည် ဆိုပါက မိမိတို့ပါတီမှ ထောက်ခံဆန္ဒပြုပေးမည် ဖြစ်ကြောင်း၊ ပြည်သူများ အတွက် အကျိုးမရှိသည့် မူဝါဒမျိုး တင်သွင်းမည် ဆိုပါက မိမိတို့ပါတီမှ ကန့်ကွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်သစ်ပါတီမှ ပါတီဥက္ကဋ္ဌ ဦးရဲထွန်းမှ ပြောကြားခဲ့သည်။

---------------------------------------------------------------------------------------------------------------------------------------------------------

လွှတ်တော်အတွင်း မေးခွန်းများနှင့် အဆိုများ တင်သွင်းခွင့် ရရှိခြင်းသည် ကောင်းသည့် အလား အလာကောင်းများဖြစ်

ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ လွှတ်တော်အမတ်များ၊ လွှတ်တော်ပြင်ပမှ ဥပဒေရေးရာ ကျွမ်းကျင်သူများတို့၏ အဆိုများ၊ မေးခွန်းများကို တင်သွင်းခွင့်ရရှိခြင်းမှာ နိုင်ငံအတွက် ရှေ့ဆက်သွားမည့် အနာဂါတ်တွင် ကောင်းမွန်သော အလားအလာကောင်းများကို ဖန်တီးခြင်းဖြစ်ကြောင်း ခေတ်သစ် နိုင်ငံရေးသမား တစ်ဦးမှ ပြောကြားသည်။

နည်းဥပဒေ၌ ဖော်ပြထားချက်အရ လွှတ်တော်အစည်းအဝေး စတင်သည့်အချိန် တစ်နာရီခန့်တွင် မေးခွန်းများ၊ အဆိုများ မေးခွင့်၊ တင်သွင်းခန့်ရရှိမည်ပာု သိရကြောင်း၊ ၎င်းတို့ တင်သွင်းသည့် မေးခွန်းများ၊ အဆိုများသည် ဥပဒေများ ဖြစ်သွားနိုင်သည့်အတွက် အရေးကြီးကြောင်း၊ ပြည်သူများ၏ အကျိုးကို အမှန်တကယ် ဆောင်ရွက်တော့မည် ဖြစ်သည့်အတွက် ကောင်းမွန်သောလက္ခဏာများပင် ဖြစ်ကြောင်း၊ ယခုကဲ့သို့ လွှတ်တော်အတွင်း၌ မေးခွန်းများ၊ အဆိုများ တင်သွင်းခွင့် ရရှိခြင်းမှာ ကြီးမားသော အခွင့်အရေး တစ်ရပ်ပင်ဖြစ်ကြောင်း၊ ၎င်းအခွင့်အရေးအား ပိုင်ပိုင်နိုင်နိုင် အသုံးချသင့်ကြောင်း၊ ရသည့်အခွင့်အရေးအား အသုံးမချပဲ ဘေးပြောနေခြင်းထက် ပြည်သူ့အကျိုးရရှိရန် ဘောင်အတွင်းမှနေ၍ လုပ်ဆောင်သင့်ကြောင်း၊ ထို့ပြင် လွှတ်တော်အမတ်များ အနေဖြင့် မိမိ၏ အရည်အချင်းအား ပိုမို မြင့်မားလာစေရန် လေ့လာမှုများပို၍ လုပ်ဆောင်သင့်ပြီ ဖြစ်ကြောင်း အငြိမ်းစား တရားသူကြီးပောာင်းမှ အကြံပြု ပြောကြားခဲ့သည်။

လွတ်တော် နည်းဥပဒေပုဒ်မ ၁၁၉၊ ၁၂၂ နှင့် ၁၂၃ တို့၌ လွှတ်တော်အတွင်း မေးမြန်းသည့် မေးခွန်းများ၊ အဖြေ များကို လွှတ်တော်မှတ်တမ်းတွင် ထည့်သွင်းသွားမည် ဖြစ်ကြောင်း၊ နိုင်ငံသားအား အကျိုးဖြစ်ထွန်းစေမည့် မေးခွန်းများ၊ အဖြေများကို နိုင်ငံတော် ပြန်တမ်း တွင် ထည့်သွင်းသွားမည် ဖြစ်သည့်အတွက် ကောင်းမွန်သော စနစ်တစ်ခုဖြစ်ကြောင်း၊ ပြည်သူတို့၏ အရေးကြီး ကိစ္စရပ်များကို ဆွေးနွေးရာ၌ နေ့ရက်နှင့် အချိန်များကို ဥက္ကဋ္ဌမှ သတ်မှတ်ပေးရမည်ပာု နည်းဥပဒေစာအုပ်၌ ပါဝင်ကြောင်း၊ ထို့ကြောင့် လွှတ်တော် အမတ်များနှင့် အကြံပေး ပုဂ္ဂိုလ်များ၏ မေးခွန်းများမှာ နိုင်ငံ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် များစွာပင် အရေးပါကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာမြတ်ဥာဏစိုးကလည်း ပြောကြားသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

 

မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး Grand Strategy တွင်လည်း မတူကွဲပြားသော နိုင်ငံမျိုးစုံ၊ Stakeholder မျိုးစုံ၊ နည်းဗျူဟာမျိုးစုံ ပါဝင်နေမည်ဖြစ်ရာ နိုင်ငံသားတို့၏ အကျိုးစီးပွား ဖြစ်ထွန်းမှုကို မျက်ခြည်မပြတ်သရွေ့ မဟာဗျူဟာ သဘောလမ်းကြောင်း မှန်နေသောကြောင့် နည်းဗျူဟာ ကွဲပြားခြားနားမှုကို ပုံကြီးချဲ့၍ ရန်သူသဖွယ် သံသယများ ထားရှိခြင်းသည် အမျိုးသား စည်းလုံးညီညွတ်ခြင်းကိုသာ ထိခိုင်စေမည်ဖြစ်ကြောင်း သတိချပ်သင့်ပါသည်။

အဓိကကျသည်မှာ မဟာဗျူဟာသဘောနှင့် နည်းဗျူဟာသဘောကိ ဆက်စပ်ရှုမြင်နိုင်သော StateMan ရှုထောင့် မှ မြန်မာနိုင်ငံရေးကို တက်ကြည့်ရန် ဆော်သြလိုခြင်း ဖြစ်ပါသည်။ Microသဘောကို အထအနကောက်လျှင် Macro သဘောကို မြင်ရန်ခဲယဉ်းပါသည်။

မတ် ၇ထုတ် The Voice weekly မှာပါသည့် မဟာဗျူဟာသဘောနှင့် နည်းဗျူဟာသဘော မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ဒီဇယ်ဈေးသည် မတ်လနှင့် ဧပြီကာလ မြန်မာနိုင်ငံ၌ ခရီးသွားလာမှုနှင့် တခြားစက်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် လုပ်ကိုင်သော ကာလဖြစ်၍ ပုံမှန်အားဖြင့် ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း၊ သို့ရာတွင် ယခုနှစ် ရေနံအဓိက ထုတ် လုပ်ရာဒေသများ မငြိမ်သက်မှုကြောင့် ရေနံထုတ်လုပ်မှု ကျဆင်းလာခြင်းဖြစ်ပြီး ယခုနှစ်တွင် ပိုမိုထူးကဲဖွယ်ရာ ရှိကြောင်းလည်း ဒီဇယ် တင်သွင်း ရောင်းချသူတစ်ဦးက ပြောကြားသည်။

 ဒီဇယ်ဈေးသည် ဖေဖော်ဝါရီ လလယ်ပိုင်းက (ဂါလန် ၅၀) တစ်ပီပါလျှင် ကျပ်တစ်သိန်းခွဲခန့်ရှိရာမှ တစ်ပီပါလျှင် ကျပ်ခုနှစ်သောင်းခန့်အထိ ယခုရက်ပိုင်းအတွင်း ဈေးတက်လာခြင်းဖြစ်ကြောင်း၊ ဒီဇယ်ဈေး ထူးကဲမှုကြောင့် ပြည်တွင်း ကုန်ထုတ်မှု ကဏ္ဍအသီးသီးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် သက်ရောက်မှုများ ရှိနိုင်ကြောင်းလည်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

မတ်လ ၇ ထုတ် The Voice Weekly မှာပါသည့် ဒီဇယ်ဈေး ဆက်လက်ထူးကဲ သတင်းမှ ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

"သတင်းစာနှင့် နိုင်ငံရေးသည် အမြွှာ ဖြစ်သည်" (Journalism and Politic are twin) ဟူသော နိုင်ငံတကာ သတင်းလောက၌ ဆိုရိုးစကား ရှိသည်။ "နိုင်ငံရေး" ကို "ပါတီ" ဖွဲ့ထောင်၍ လုပ်ကြသည်။ နိုင်ငံ၏ ဥပဒေပြုရေးအာဏာ၊ တရားစီရင် ရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာတို့ကို လူထုအတွက် စွန့်လွှတ်အနစ်နာခံ လုပ်ဆောင် ပြသကြပြီး လူထုထံမှ ဆန္ဒမဲဖြင့် တောင်ခံကြသည်။ ပုံနှိပ်မီဒီယာသည် မည်သူကမှ ခိုင်းစေခြင်း တာဝန်ပေးခြင်းမရှိဘဲ မိမိတို့၏ စေတနာအလျှောက် (Volunteer) လူထုအတွက် ဥပဒေပြုရေး၊ တရာစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်(၃) ရပ်ဖြစ်တည်စေရန် စောင့်ရှောက်ပေးကြ သည်။ ခြားနားခြင်းမှာ ပုံနှိပ်သတင်းမီဒီယာသည် အာဏာ(၃)ရပ်ကို တောင်ခံကြသူများ မဟုတ်ပေ"

မတ် ၇ ထုတ် Favourite News weekly မှာပါသည့် အယ်ဒီတာ့အာဘော် မှန်ကန်ခြင်း ညီမျှခြင်းထက် မျှတခြင်း(FAIR) မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"လုပ်စရာတွေ ရှိတယ်၊ လုပ်နိုင်မယ့်သူတွေရှိတယ်။ လုပ်နေဖို့လည်း လိုတယ်၊ ဒါပေမယ့် ငွေကြေးစိုက် ထုတ်ပေးမယ့်သူ မရှိလို့ မလုပ်နိုင်ကြဘူး" လို့ သူက ပြောပါတယ်။ တကယ်တော့ ငွေကြေး စိုက်ထုတ်မှုတင်သာမကပဲ အဖြစ်မှန်တွေကို တင်ပြတဲ့ မှတ်တမ်းရုပ်ရှင် ဖန်တီးသူတစ်ယောက်မှာ တခြားသော ရင်းနှီးရတာတွေ ရှိပါသေးတယ်။ "ရိုက်ကူးတဲ့ နေရာမှာ အမှန်တရားအပေါ် သစ္စာစောင့်သိဖို့ အရေးကြီးဆုံးပဲ။ အမှန်တရားအပေါ် ကိုယ့်ရဲ့ခံစားချက်ကို ထည့်လို့မရဘူး။ ဒါပေမယ့် ကိုယ့်ရဲ့အနုပညာနဲ့ လူစိတ်ဝင်စားအောင် ရိုက်ကူးပြရတာ။ ဒီလိုလုပ်ပြဖို့ငွေကြေးများစွာ ကုန်ကျခံရတာ၊ ပင်ပန်းဆင်းရဲတာလည်းရှိမယ်။ တစ်ခါတစ်လေ အသက်နဲ့ ရင်းရတာတွေတောင်ရှိ တယ်" လို့ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ မှတ်တမ်းရုပ်ရှင်အပေါ် ပရိသတ်နဲ့ စိတ်ဝင်စားမှုကလည်း နည်းနေသေး တယ်လို့ သူ့ရဲ့ အတွေ့အကြုံတချို့နဲ့ ယှဉ်ပြီး သုံးသပ်ပြပါတယ်။ "ကျွန်တော်တို့ရဲ့ 'အင်းသီး' ကို ကြည့်ပြီး အဲဒီအထဲမှာ ပါဝင်တဲ့သူတွေကို သရုပ်ဆောင်တွေလို့ တစ်ချို့က ထင်နေတယ်။ တကယ့်အဖြစ်အပျက်တွေကို မှတ်တမ်းတင် ရိုက်ကူးထားတယ်လို့ မထင် ဘူး။ အပြီးထိ ကြည့်ပြီးကြတာတောင် ဒီလို ပြန်မေးကြတယ်။

မတ် ၄ ထုတ် မြန်မာတိုင်းမ်မှာပါသည့် ဖန်တီးနိုင်သူတွေရှိပေမယ့် မှတ်တမ်းရုပ်ရှင်ဈေးကွက်ပျောက် သတင်းဆောင်းပါးမှ မင်းထင်ကိုကိုကြီး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

" ကျွန်တော်တို့မူကို ပြန်ပြုပြင်ရမှာပေါ့။ ပြည်သူအတွက် အမှန်တကယ် အကျိုးမပြုနိုင်ဘူးဆိုရင် ပြန်ပြီးတော့ ကျွန်တော်တို့ ဗဟိုကော်မတီဝင် အားလုံးနဲ့ ညှိနှိုင်းပြီး ပြည်သူရဲ့ဆန္ဒကို ခံယူမယ်။ ကျွန်တော်တို့က ပြည်သူအခြေခံတဲ့ နိုင်ငံရေး လုပ်တာပါ။ နိုင်ငံတော်ကို အခြေခံတဲ့ ပြည်သူအတွက်လုပ်တာ မဟုတ်ဘူး။ ပြည်သူကို အခြေခံပြီးတော့ နိုင်ငံတော် အတွက် လုပ်တာပါ"

မတ် ၇ ထုတ် The Voice weekly မှာပါသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဗဟိုကော် မတီဝင် ဦးစောသန်းမြင့်နှင့်တွေ့ဆုံခြင်း

----------------------------------------------------------------------------------------------------------------------

သတ်မှတ်ထားတဲ့ ရက်မတိုင်မီ တစ်ပတ်ကြိုတင် ရမယ်ဆိုတာက ကျောင်းသားရဲ့ ကျမ်းကို ပြင်ပစာစစ် ပုဂ္ဂိုလ်ကြီးတွေ အပါအဝင် ပါမောက္ခကြီးတွေဆီကို အရင်ပို့ပေးရတယ်။ ဆရာကြီးတွေရဲ့ ပါမောက္ခကြီးတွေက စစ်ဆေးပြီး နုတ်ဖြေ ဖြေရမယ့် ရက်ကို စာရင်းထုတ် ပေးတယ်။ ကျောင်းသားက များတဲ့အတွက်ကြောင့် အချိန်မီ ပြီးစီးသွားအောင်လို့ပါ။ အဓိကကတော့ ကလေးတွေ အတွေ့အကြုံတစ်ခု ရသွားစေချင်တယ်။ တချို့ဆို ဒီဘာသာနဲ့ ဘွဲ့သာရလိုက်တယ်။ တိတိကျကျ မသိသွားတာမျိုးတွေ ရှိတက်တယ်။ ဘွဲ့ယူစာတမ်း တွေ ပြုစုခိုင်းတဲ့အတွက် ကလေးတွေက ကိုယ်ယူတဲ့ ဘာသာရပ်အပေါ် မှာ အထိုက်အလျောက်တော့ သဘောပေါက် နားလည်မှုရှိသွားတယ်" ဟု ဒဂုံတက္ကသိုလ်မှ ကထိက ဆရာမတစ်ဦးက ပြောကြားသည်။

မတ် ၃ ထုတ် Popular news မှာပါသည့် မဟာကျောင်းသား ရေဖြေအစား ကျမ်းပြုစုရခြင်းကြောင့် ဘာသာရပ်အပေါ် ပိုမို နားလည်သွား သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်

 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××



ဆောင်းပါးကဏ္ဍ


ဘဏ်များကို အပြည့်အဝ ယုံကြည်နိုင်ပြီလော........။

လက်ရှိအခြေအနေတွင် ဘဏ်လုပ်ငန်းများ ပြန်လည်ရှင်သန် နိုးကြားလာသည်ဟု ဆိုနိုင်သော်လည်း  ဘဏ်ပိုင်ရှင်များနှင့် ပတ်သက်သည့် ကောလဟာလ တစ်စုံတစ်ရာ ထွက်ပေါ်တိုင်း ဘဏ်မှာ ငွေအပ်နှံထားသူတွေကြား ဘဏ်နဲ့ ပတ်သက်သည့် ကောလဟာလတွေပါ မကြာခဏဖြစ်ပေါ်နေသည်ဟု သိရသည်။ "ပထမဦးဆုံး သိဖို့က ဘဏ်တွေလုပ်တာ  ရိုးရိုးရှင်းရှင်းပဲ လုပ်နေတာ။ ပြည်သူတွေဆီက အပ်ငွေကို လက်ခံတယ်။ အတိုးပေးတယ်။ ဘဏ်ကနေရင် ရင်းနှီး အပ်နှံငွေကို ပြန်ပြီး ချေးငွေ ချေးပေးတယ်။  သည်လုပ်ငန်းက တော်တော်လေး ရိုးပါးတယ်။  နောက်တစ်ခုက အပ်ငွေ လက်ခံချင်တိုင်း လက်ခံလို့မရဘူး။ ဗဟိုဘဏ်ကနေပြီး Financial ratio လို့ခေါ်တာပေါ့။ Financial Institution တစ်ခု တည်ငြိမ်အောင်  ထိန်းချုပ်ထားတာတွေရှိတယ်။

တချို့ဘဏ်တွေဆို သိန်းတစ်ထောင် အပ်ငွေအပ်မယ် ဆိုရင်တောင် လက်မခံနိုင်တာ ရှိတယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း ဥပမာ တစ်ကျပ် အရင်အပ်တယ်ဆိုရင်တောင် လက်မခံနိုင်တာ ရှိတယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဥပမာ တစ်ကျပ် အရင်အပ်ထားရင် တစ်ဆယ်အထိ လက်ခံရမယ်ဆို ၁၀ ပြည့်နေတဲ့သူက နောက်ထပ် ငါးကျပ်သွင်းမယ်ဆို လက်ခံလို့မရဘူး။ ဘဏ်တွေက ထိန်းကွပ်ထားတဲ့အတွက် တော်တော်လေး စနစ်တကျ လုပ်နေတယ်။" အာရှ စိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် (Asian Development Bank) မှ Executi ve Director ဦးသက်လွင်ရွှေက ပြောကြားသွားသည်။

ထို့အပြင် ရွေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းများနှင့် ၎င်းတို့နှင့် ဆက်စပ်သည့် အပေါင် ပစ္စည်းများပေါ်တွင် ငွေချေးပေးခြင်းမျိုး မပြုလုပ်တော့ပဲ အပေါင်ပစ္စည်းအပြင် လုပ်ငန်း၏ ခိုင်မာမှု ပြနိုင်မှသာလျှင် ငွေချေး ပေးတော့ကြောင်း သိရှိရသည်။ "ကျွန်တော်အိမ်နဲ့ ခြံကို ကာလတန်ဖိုးတွေ မြင့်တက်လာတဲ့အတွက် ငွေပြန်ပေါ်ချင်တဲ့အခါ ဘဏ်မှာ အတိုးနဲ့ သွားချေးတယ်။ မြေကွက်ကို ပေါင်ပြီး ကန်ထရိုက်တိုက် ဆောက်လုပ်မယ်ဆိုပြီး ငွေသွားချေးတော့ ဘဏ်ကမချေးလိုက်ပါဘူး။ ဘဏ် တော်တော်များများ ကိုလည်း လိုက်မေးကြည့်ပါတယ်။ သူတို့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိဘူးဆိုပြီး ငွေမချေးဘူး။ ပြီးတော့ လုပ်ငန်းလည်း ပြရမယ်လို့ ပြောပါတယ်" ဟု ရန်ကုန်မြို့ခံ ခြံပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။

သို့သော် ဘဏ်များအနေဖြင့် ဝန်ဆောင်မှုသုံးစွဲသူ ဖောက်သည်များ ချေးငွေယူချင်သည့်အခါ ဖောက်သည်လည်း အဆင်ပြေအောင် ဘဏ်လည်း အမြတ်ကျန်အောင် သေချာစီစပ်ပြီးမှ ထုတ်ချေးလေ့ရှိပါသည်။ အထူးသဖြင့် ဖောက်သည်၏ စီးပွားရေးလုပ်ငန်း အရှိန်မပြတ် လည်ပတ်နိုင်ရန် အရင်းအနှီး စိုက်ထုတ်ပေးခြင်း ဖြစ်သည်။ " နိုင်ငံတကာ တိုင်းပြည်တွေမှာ ဘဏ်က ငွေချေးတယ်ဆိုတာ လုပ်ငန်းရဲ့ခိုင်မာမှုရှိ၊ မရှိနဲ့ ဒီလုပ်ငန်း ရဲ့ အလားအလာကို ကြည့်ကြပါတယ်။ ကျွန်တော်တို့ နိုင်ငံအပါအဝင် အာရှနိုင်ငံ တချို့မှာတော့ လုပ်ငန်းဆိုတာထက် အပေါင်ပစ္စည်းပေါ်မှာ အဓိကထားပြီးတော့ ငွေချေးခဲ့ကြလေ့ ရှိပါတယ်။ အခုတော့ အပေါင်းပစ္စည်း အပြင်လုပ်ငန်းရဲ့ Future ဆိုတာနဲ့ လုပ်ငန်းရေရှည်ခိုင်မာမှု ရှိ၊ မရှိဆိုတာကိုပါ ထည့်တွက်လာကြတဲ့သဘောပါ။

ဘဏ်တစ်ဘဏ်မှာ ငွေချေးရင် ငွေချေးလို့ရတဲ့သတ်မှတ်ချက်တွေ အများကြီးပါ။ ဥပမာ-ပစ္စည်းကို ရာဖြတ်ပြီး  လက်ရှိပမာဏရဲ့ ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက်ပဲ အများဆုံး ချေးရမယ် ဆိုတာမျိုး၊ ဒါတွေအားလုံးဟာ ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတော့ သတ်မှတ်ချက်အတိုင်းပဲ လုပ်လို့ရပါတယ်။  တစ်ချိန် တုန်းကတော့ ဘဏ်တွေအပြိုင်အဆိုင် ဖြစ်လာတဲ့အချိန်မှာ  ရာဖြတ်တွေ၊ ဘာတွေ မစီစစ်နိုင်တော့ဘဲ ပြီးစလွယ်ချေး ကြတာမျိုး ရှိခဲ့ပါတယ်။ အခုကတော့ အတိတ်က သင်ခန်းစာတွေအရ ဗဟိုဘဏ်က ထန်းချုပ်ထားတာလည်း ဖြစ်နိုင်ပါတယ်" ဟု စီးပွားရေး ပညာရှင်တစ်ဦးက ပြောပြခဲ့သည်။

ယခင်အခါက ဘဏ်တွေ ပိတ်သွားခဲ့သည်နှင့် ပတ်သက်၍ ပြည်သူလူထုမှာ Financial Institution များကို ယုံကြည်မှု အပြည့်အဝ မထားရဲကြပေ။ ဘဏ်များကို ပြည်သူအများ ယုံကြည်မှုရရန် ယခုအစိုးရသစ် အပါအဝင် ဗဟိုဘဏ်မှလည်း စည်းမျဉ်းစည်းကမ်း အသစ်များကို ပြဋ္ဌာန်းပေးဖို့လိုပါသည်။ သို့မှသာ တိုင်းပြည် ဖွံ့ဖြိုးဖို့အတွက် အလွန် အရေးကြီးတဲ့ ဘဏ္ဍရေးကဏ္ဍကို ခိုင်မာအောင် ပြုလုပ်နိုင်ရုံမျှမက ပြည်သူများမှာ ဘဏ်၊ ငွေရေးကြေးရေး အဖွဲ့အစည်း များကို အပြည့်အဝ ယုံကြည်လာမည်ဖြစ်သည်။ " အရင်က အကြောင်းတစ်စုံတစ်ရာရှိလို့ ဘဏ်တွေ ပိတ်သွားပေမဲ့ အပ်ငွေတွေကိုတစ်ပြားမှ မဆုံးရှုံးစေဘဲ တစ်လုံးတစ်ခဲတည်း မပေးပေမဲ့ အတိုးနဲ့အတူ အရစ်ကျ ပြန်ထုတ်ပေးတာမျိုး လုပ် ပါတယ်။ ဘဏ်ပိတ်လိုက်တယ်။ ဘဏ်လုပ်ငန်းလိုင်စင် သိမ်းလိုက်တယ် ဆိုပေမဲ့ အတိုးနဲ့အတူ အရစ်ကျ ပြန်ထုတ်ပေးတာမျိုး လုပ်ပါတယ်။ ဘဏ်ပိတ်လိုက်တယ်။ ဘဏ်လုပ်ငန်း လိုင်စင် သိမ်းလိုက်တယ်ဆိုပေမဲ့ ငွေတွေက သွားထုတ်လို့ရတယ်။ နှစ်နဲ့ချီပြီး ထုတ်ပေးတယ်။ ဘဏ်မှာ ငွေအပ်တယ်ဆိုတာ စိတ်ချလက်ချ အပ်လို့ရတယ်။ ဘယ်တော့မှ မဆုံးရှုံးဘူး။ ပျက်သွားရင်တောင် မဆုံးဘူး။ အပ်ငွေတွေကို တစ်ဖက်မှာ စနစ်တကျသုံးထားတာမို့ (ဥပမာ) တစ်သိန်း အပ်ထားတာကို တစ်ဖက်မှာ ရာခိုင်နှုန်းနဲ့ သုံးထားတာမို့ တစ်သိန်းလုံး လာပြန်ထုတ်လို့ မပေးနိုင်ပေမဲ့ ငွေပြန်ရတာနဲ့ ပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့မှ ဘဏ်မှာငွေဆုံးရှုံး  ဖို့လမ်းမရှိဘူး။ ဒါကို သိထားဖို့လိုတယ်။" ဟု အာရှ စိန်းလမ်း ဖွံ့ဖြိုးရေး ဘဏ် (Asian Develo pment Bank) မှ Executive Director ဦးသက်လွင်ရွှေက ပြောကြားသွားသည်။

ဘဏ်များ၏ ဝန်ဆောင်မှု ပေးမှုများလည်း ယခင်ကလောက် မရှိတော့ပေ။ သို့သော် ယခုနောက်ပိုင်း ဘဏ်များ အသစ်ပေါ်လာသည်များရှိရာ ဈေးကွက်စီးပွားရေး၏ သဘာဝအရ ပြိုင်ဆိုင်မှုများ ရှိလာမည် ဖြစ်သည့်အတွက် ယခင် ဝန်ဆောင်မှုများ ပြန်လည် ရရှိမည်ဟု ခန့်မှန်းမှုများလည်း ရှိသည်။ " အရင်တုန်းကတော့ တန်ဖိုးမြင့်ပစ္စည်းတစ်ခု ဝယ်ချင်တယ်ဆိုရင် အရင်ဦးဆုံး Saving account တစ်ခု ဖွင့်လိုက်တယ်။ နောက် ဘဏ်အလိုက် သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခု ရောက်ပြီဆိုရင် ဘဏ်က တာဝန်ရှိသူနဲ့ တွေ့ပြီး ပစ္စည်းတန်ဖိုးအပြည့် လိုအပ်တဲ့ငွေကို ဘဏ်ကနေ ချေးယူလို့ ရတယ်။ ဆိုလိုတာက ဥပမာ ကွန်ပြူတာတစ်လုံး ဝယ်မယ်။ တန်ကြေးက ၁၀ သိန်းရှိတယ်။ ဦးဆုံး ကိုယ်က ငွေနှစ်သိန်း သွင်းလိုက်တယ်။ နောက် ဘဏ် တာဝန်ရှိသူနဲ့ တွေ့ပြီး ဘဏ်ကနေ ရှစ်သိန်း ချေးတယ်။ ဒီပိုက်ဆံကို အချိုးကျ ပြန်ဆပ်သွားတာမျိုးပါ။ အရင်တုန်းကတော့ ဒီလိုချေးပေးတာမျိုးကို ဘဏ်တွေက ဝန်ဆောင်မှုပေးတယ်။ အခု စုံစမ်းရသလောက်တော့ ဘဏ်တွေကနေ ဒီလိုဝန်ဆောင်မှု ပေးတာမျိုး မရှိတော့ဘူးလို့သိရတယ်" ဟု အငြိမ်းစား ကုန်သွယ်ရေး ဝန်ထမ်းတစ်ဦးက ပြောပြခဲ့သည်။

လက်ရှိအချိန်သည် ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးလာရန် အားယူနေသည်ဟု ယေဘုယျအားဖြင့် သတ်မှတ် ထားကြသော်လည်း ဘဏ်တစ်ဘဏ်နှင့် တစ်ဘဏ် ပေးအပ်နေသော ဝန်ဆောင်မှုများ မတူညီဘဲကွဲလွဲမှုရှိနေ သေးကြောင်းကြား သိရသည်။

Ref:   အမှတ် ၂၄၉ မော်ဒန်သတင်းဂျာနယ်
        အမှတ် ၄၉ အတွဲ ၃ BiWeekly ELEVEN
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

ဘာသာပြန်သတင်းများ

ဂျပန် အာဏာရ ပါတီ ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်နှင့် ဒေါ်အောင်ဆန်းစုကြည် တယ်လီဖုန်းဖြင့် ပြောဆိုဆွေးနွေး


(Japan Today မှ 5 March 2011 ရက်စွဲပါ “DPJ’s Okada Speaks by Phone to Suu Kyi” ကို ဘာသာ ပြန်ဆိုသည်)

ဂျပန် နိုင်ငံ၏ အာဏာရ ဒီမို ကရက်တစ် ပါတီ အထွေထွေ အတွင်း ရေးမှူးချုပ် ကာဆူယာ အိုကာဒါက ကြာသ ပတေး နေ့တွင် မြန်မာ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တယ်လီ ဖုန်းဖြင့် ဆက်သွယ် စကား ပြောဆို ခဲ့သည်ဟု သိရသည်။

ဒေါ်အောင်ဆန်း စုကြည် မနှစ်က နိုဝင်ဘာ လက နေအိမ် အကျယ် ချုပ်မှ လွတ်မြောက် လာပြီး နောက်ပိုင်း ဂျပန် အာဏာရ ပါတီ၏ ထိပ်ပိုင်း အဖွဲ့ဝင် တစ်ဦးနှင့် ပြောဆို ဆွေးနွေး ခြင်းမှာ ယခု ပထမဆုံး အကြိမ်ပင် ဖြစ်သည်။

ဒေါ်အောင်ဆန်း စုကြည်နှင့် အိုကာဒါတို့၏ မိနစ် ၄၀ ကြာ ပြောဆိုမှု အတွင်း မြန်မာ နိုင်ငံမှ ဒီမိုကရေစီ ထွန်းကား ရေးနှင့် Sanctions များ အကြောင်းကို ဆွေးနွေး ခဲ့ကြသည် ဟု NLD ပါတီမှ ထိပ်ပိုင်း တာဝန် ရှိသူ တစ်ဦး၏ အဆိုအရ သိရသည်။

၇ နှစ် ဆက်တိုက် နေအိမ် အကျယ်ချုပ် ထိန်းသိမ်း ခံရပြီးနောက် နိုဝင်ဘာ ၁၃ ရက်က လွတ်မြောက် လာခဲ့သော ဒေါ်အောင်ဆန်း စုကြည်က “နိုင်ငံ တကာ အသိုင်း အဝိုင်းက မြန်မာ တပ်မတော် အစိုးရ အပေါ် အရေးယူ ချမှတ် ထားသော Sanctions များကို ဆက်လက် ထားရှိ စေလိုကြောင်း” ပြောကြား ထားသည်။
--------------------------------------------------------

မြန်မာ အစိုးရ ဘတ်ဂျက်ကို ဒီမိုကရေစီ လိုလားသော အုပ်စု ပြစ်တင် ဝေဖန်

(Associated Press မှ 4 March 2011 ရက်စွဲပါ Kate McGeoun ရေးသားသော “Myanmar Pro-Democracy Group Slams Govt’s Budget” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ အစိုးရက လတ်တလော ထုတ်ပြန် ကြေညာ ခဲ့သော ဘတ်ဂျက်တွင် လူမှု ဝန်ဆောင်မှု ကဏ္ဍများ အတွက် လုံလောက် အောင် မပေးဘဲ တပ်မတော်ကိုသာ ငွေများစွာ သုံးစွဲခွင့် ပေးခဲ့ခြင်းကို မြန်မာ နိုင်ငံမှ ဒီမိုကရေစီ လိုလားသော အုပ်စုက ပြစ်တင် ဝေဖန် လိုက်သည်။

ဒေါ်အောင်ဆန်း စုကြည်၏ “တရားဝင် ဖျက်သိမ်းခံ” အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သောကြာ နေ့တွင် အဆိုပါ ဘတ်ဂျက်ကို ဖျက်သိမ်း ကာနီး တပ်မတော် အစိုးရက ဆုံးဖြတ် သည်ထက် အသစ် တင်မြှောက်သော လွှတ်တော် ကသာ ထုတ်ပြန် သင့်သည်ဟုလည်း ဖော်ပြ ထားသည်။

မြန်မာ နိုင်ငံ တွင် နှစ်ပေါင်း ၂၀ ကျော် အတွင်း ပထမဆုံး အကြိမ် လွှတ်တော် ခေါ်ယူခြင်း မပြုမီ ရက်အနည်းငယ် အလို ဇန်နဝါရီ ၂၇ တွင် အဆိုပါ ဘတ်ဂျက်ကို လက်ရှိ အစိုးရက ပြဋ္ဌာန်း ခဲ့ခြင်း ဖြစ်သည်။

အစိုးရ အာဘော် နေ့စဉ် သတင်းစာတွင် ဖော်ပြ ခဲ့သော အသေးစိတ် အချက် အလက်များ အရ နိုင်ငံတော် ဘတ်ဂျက်၏ လေးပုံ တစ်ပုံ နီးပါး ဖြစ်သော ကျပ်ငွေ ၇.၆ ထရီလီယံ (ဒေါ်လာ ၈.၄၅ ဘီလျံ) ကို ကာကွယ်ရေး ကဏ္ဍ အတွက် သုံးစွဲခွင့် ပေးထားသည်။ ပညာရေး ကဏ္ဍ အတွက် ၄.၃ % နှင့် ကျန်းမာရေး ကဏ္ဍ အတွက် ၁.၃ % သာ ခွဲတမ်း ချပေး ခဲ့သည်ဟု သိရသည်။
-----------------------------------------------------

၂၀၁၁ တွင် တရုတ် ကာကွယ်ရေး ဘတ်ဂျက် ၁၃ % နီးပါး တိုးမြှင့်

(AFP မှ 4 March 2011 ရက်စွဲပါ “China’s Defence Budget to Rise 12.7% in 2011” ကို ဘာသာ ပြန်ဆိုသည်)

နိုင်ငံ တကာတွင် ဘေဂျင်း၏ စစ်ရေး တည်ဆောက် မှုနှင့် ပတ်သက်၍ အဆက် မပြတ် စိုးရိမ် ပူပန် မှုများ ဖြစ်ပေါ် နေသည့် ကြားမှပင် ၂၀၁၁ ခုနှစ်တွင် တရုတ် နိုင်ငံ၏ ကာကွယ်ရေး ဘတ်ဂျက်ကို ၁၂.၇ % တိုးမြှင့်ကာ ယွမ် ၆၀၁.၁ ဘီလျံ (အမေရိကန် ဒေါ်လာ ၉၂ ဘီလျံ) သုံးစွဲ သွားမည်ဟု တရုတ် အစိုးရ ပြောရေး ဆိုခွင့် ရှိသူက သောကြာ နေ့တွင် ပြောကြား လိုက်သည်။

အဆိုပါ ကိန်းဂဏန်းသည် အမျိုးသား ပြည်သူ့ ကွန်ဂရက် NPC သို့ တင်ပြသည့် ဘတ်ဂျက် အစီရင် ခံစာတွင် ပါဝင် သည်ဟု NPC နှစ်ပတ်လည် အစည်း အဝေး ဖွင့်ပွဲတွင် လွှတ်တော် ပြောရေး ဆိုခွင့် ရှိသူ လီရှောက်ဇင်က သတင်းထောက် များအား ပြောကြား ခဲ့သည်။

“တရုတ် နိုင်ငံက ကာကွယ်ရေး အသုံး စရိတ် ပမာဏကို ထိန်းချုပ်ဖို့ အမြဲတမ်း ဂရုတစိုက် သတိ ထားခဲ့ ပါတယ်၊ တရုတ် နိုင်ငံရဲ့ သုံးစွဲ မှုဟာ ကျန်ကမ္ဘာ့ နိုင်ငံ ကြီးတွေနဲ့ နှိုင်းယှဉ် ကြည့်ရင် မများ ပါဘူး” ဟု လီရှောက်ဇင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“ဒီပမာဏဟာ စုစုပေါင်း နိုင်ငံတော် ဘတ်ဂျက်ရဲ့ ၆ % ပဲ ရှိပါတယ်၊ ဒီလောက် နဲ့တော့ တခြား နိုင်ငံ တွေကို ခြိမ်းခြောက် နိုင်မှာ မဟုတ်ပါဘူး” ဟု ယခင် နိုင်ငံခြားရေး ဝန်ကြီးဟောင်း လီရှောက်ဇင်က ဆက်လက် ပြောသည်။

မည်သို့ပင် ဆိုသော်လည်း အဆိုပါ ပမာဏသည် ဂဏန်း ၂ လုံး မြင့်တက် လာခြင်း ဖြစ်သောကြောင့် တရုတ်၏ အိမ်နီးချင်း အာရှ နိုင်ငံ များနှင့် အမေရိကန် ပြည်ထောင်စု တို့ကို သတိပေး တပ်လှန့် သကဲ့သို့ ဖြစ်စေခဲ့သည်။ မနှစ်က ကာကွယ်ရေး ဘတ်ဂျက်ကို ၇.၅% တိုးမြှင့် ခဲ့ချိန် တွင် နိုင်ငံ တကာ၏ စိုးရိမ် ပူပန်များ စတင် ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ အကြီးဆုံး ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် ယင်း၏ ကာကွယ်ရေး အစီ အစဉ် များနှင့် ပတ်သက်၍ အလွန် အမင်း လျှို့ဝှက် ထားသော်လည်း တရုတ် တပ်မတော် ခေတ်မီ တိုးတက်ရေး ဆောင်ရွက်မှု များသည် မိမိ နိုင်ငံ မိမိ ကာကွယ်ရေး အတွက်သာ ဖြစ်သည်ဟု ခုခံ ကာကွယ် ပြောကြားလျက် ရှိသည်။

သို့သော်လည်း တိုကျို၊ ဝါရှင်တန်နှင့် အခြား အာရှ အစိုးရ များက တရုတ် နိုင်ငံ၏ စစ်ရေး ရည်ရွယ်ချက် များ အပေါ် စိုးရိမ် ပူပန် နေမှု လုံးယ လျော့ပါး သွားခြင်း မရှိဟု သိရှိ ရသည်။
------------------------------------------------

အရှေ့တီမော အာဆီယံ အဖွဲ့ဝင် ဖြစ်ရန် လျှောက်ထား

(BBC News မှ 4 March 2011 ရက်စွဲပါ Kate McGeoun ရေးသားသော “East Timor Applies to Join Asean” ကို ဘာသာ ပြန်ဆိုသည်)

အရှေ့ တီမောသည် အရှေ့တောင် အာရှ ဒေသတွင်း အသင်းကြီး ဖြစ်သော အာဆီယံသို့ ဝင်ရောက်ရန် တရားဝင် လျှောက်ထား လာသည်။

နိုင်ငံခြားရေး ဝန်ကြီး Zacarias da Costa သည် ယင်း၏ အင်ဒိုနီးရှား နိုင်ငံ ခရီးစဉ်တွင် အဖွဲ့ဝင် အဖြစ် လက်ခံရန် လျှောက်လွှာတွင် လက်မှတ် ရေးထိုး ခဲ့သည်။ အင်ဒိုနီးရှားသည် လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖြစ်သည်။ အရှေ့တီမော နိုင်ငံ အနေနှင့်မူ အာဆီယံ အဖွဲ့ဝင် အမြန်ဆုံး ဖြစ်ရန် ဆန္ဒ ရှိလျက် ရှိသည်။

သို့သော် ဝေဖန် သုံးသပ် သူများက ပြောကြား ရာတွင် အာဆီယံ အနေဖြင့် ပြဿနာ ပေါင်းစုံ ရှိနေပြီး ဖြစ်ရာ ဆင်းရဲသော တိုင်းပြည် တစ်ခု ဝင်ရောက် လာခြင်း ကြောင့် ရှိရင်းစွဲ စီးပွားရေး ဝန်ထုတ် ဝန်ပိုးများ ပိုလာဖွယ်သာ ရှိသည်ဟု ဆိုသည်။

အရှေ့ တီမောသည် တစ်နေ့တွင် အာဆီယံ အဖွဲ့ဝင် ဖြစ်လာမည် ဆိုသည်မှာ သံသယ ဖြစ်ဖွယ် မရှိ သော်လ်း မည်သည့် အချိန်တွင် ဖြစ်လာမည် ဆိုသည်သာ မေးခွန်း ထုတ်ဖွယ် ဖြစ်သည်။

အင်ဒိုနီးရှား ကဲ့သို့သော နိုင်ငံ များက အဖွဲ့ဝင် အဖြစ် လက်ခံရန် ချက်ချင်း ထောက်ခံ ကြမည် ဖြစ်သည်။ အင်ဒိုနီးရှားသည် လွန်ခဲ့သော ၁၂ နှစ်က အရှေ့ တီမောကို သိမ်းပိုက် ထားခဲ့သည်။

အရှေ့ တီမော၏ အဖွဲ့ဝင် အဖြစ် လျှောက်လွှာကို တရားဝင် လက်ခံ ပြီးနောက် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ပြောကြား ရာတွင် အရှေ့ တီမောသည် ပထဝီ အနေ အထား အရ လည်းကောင်း၊ နိုင်ငံရေး အရ လည်းကောင်း၊ စီးပွားရေး အရ လည်းကောင်း အရှေ့တောင် အာရှ၏ အနာဂတ်နှင့် ဆက်နွယ်လျက် ရှိခြင်းကြောင့် မဆိုင်းမတွ ကြိုဆို သင့်ကြောင်း ဆိုခဲ့သည်။

သို့သော် အခြား အာဆီယံ အဖွဲ့ဝင် များက ရှိနှင့်နေ ပြီးသော ဆင်းရဲသော အဖွဲ့ဝင်များ ဖြစ်သော မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံ များကို ကူညီ ရန်သာ အာရုံ ပြုသင့် ကြောင်း ယုံကြည်လျက် ရှိသည်။ အာဆီယံသည် ၂၀၁၅ တွင် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု ဇုန် ဖွင့်လှစ်ရန် ပြင်ဆင်လျက် ရှိသည်။
---------------------------------------------------

စင်ကာပူတွင် တပ်မတော် အကြီးအကဲသစ် ပြောင်းလဲ ခန့်အပ်မည်

(Straits Times မှ 4 March 2011 ရက်စွဲပါ “New Chief of Army for Singapore” ကို ဘာသာ ပြန်ဆိုသည်)

လာမည့် မတ်လ ၂၅ ရက်တွင် ဗိုလ်မှူးချုပ် ရာဗင်ဒါဆင်းသည် စင်ကာပူ တပ်မတော်၏ အကြီး အကဲသစ် ဖြစ်လာ တော့မည် ဖြစ်သည်။ ဗိုလ်မှူးချုပ် ရာဗင်ဒါ ဆင်းသည် လက်ရှိ အကြီး အကဲ ဗိုလ်ချုပ် ချန်ချွန်စင်း ထံမှ တာဝန် ပြောင်းလဲ လက်ခံ မည်ဟု ဆိုသည်။
ဗိုလ်ချုပ် ချန်ချွန်စင်း (၄၁ နှစ်) သည် စင်ကာပူ လက်နက်ကိုင် တပ်ဖွဲ့ SAF မှ အနား ယူတော့ မည် ဖြစ်ပြီး တာဝန် ဆက်ခံမည့် ဗိုလ်မှူးချုပ် ရာဗင်ဒါဆင်း (၄၆ နှစ်) သည် လတ်တလောတွင် ကာကွယ်ရေး ဝန်ကြီးဌာန နည်းပညာ ဆိုင်ရာ ဒုတိယ ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် နေသည်။

ဗိုလ်မှူးချုပ် ရာဗင်ဒါ ဆင်းသည် ၁၉၈၂ ခုနှစ် ဒီဇင်ဘာ လတွင် စင်ကာပူ လက်နက်ကိုင် တပ်ဖွဲ့သို့ ဝင်ရောက် အမှု ထမ်းခဲ့ သည်။ သူသည် စင်ကာပူ လက်နက်ကိုင် တပ်ဖွဲ့ SAF အသွင် ပြောင်းလဲရေး ကြိုးပမ်းမှု များတွင် အဓိက ပဲ့ကိုင် သူ အဖြစ် ပေါင်းစည်း ဗဟု သုတ အခြေပြု ကွပ်ကဲရေး ဌာန အသုံး ပြုခြင်း အပါ အဝင် SAF တတိယ မျိုးဆက်များ တိုးတက် ပြောင်းလဲ ရေး အတွက် အဓိက ကျစွာ ပါဝင် ဆောင်ရွက် ခဲ့သူ ဖြစ်သည်။

လက်ရှိ SAF အကြီးအကဲ ဗိုလ်ချုပ် ချန်ချွန်စင်းသည် ၁၉၈၇ ခုနှစ်တွင် သူ၏ စစ်မှုထမ်း ဘဝကို စတင် ခဲ့သည်။ သူသည်လည်း SAF တတိယ မျိုးဆက် အသွင် ပြောင်းလဲရေး အစီ အစဉ်၏ စစ်ဆင်ရေး စွမ်းရည် ဆိုင်ရာ အရေးကြီး ကဏ္ဍ ရပ် များတွင် အဓိက ကျသော နေရာမှ ပါဝင် ဆောင်ရွက် ခဲ့သူ ဖြစ်သည်။ ယင်း လုပ်ဆောင် ခဲ့သော အစီ အစဉ် များထဲတွင် တပ်မတော်၏ သံချပ်ကာ ခြေလျင် စစ်ဆင်ရေး ယှဉ်ပြိုင်မှု စွမ်းရည် တိုးတက် စေရန် သံချပ်ကာ ခြေလျင် လေ့ကျင့်ရေး တက္ကသိုလ် တည်ထောင် မှုလည်း တစ်ခု အပါ အဝင် ဖြစ်သည်။
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

၎. ၃.၂၀၁၁
 
ပြည်တွင်းသတင်းများ

ဒန်ကလေကို ဒုတိယအကြိမ် ရုံးထုတ်

ရန်ကုန်၊ မတ်လ ၃
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးတွင် တရားစွဲခံထားရသော မြန်မာတိုင်းမ်ဂျာနယ် အမှုဆောင်အရာရှိချုပ် မစ္စတာ ရော့စ် ဒန်ကလေအား မတ်လ ၃ ရက်နေ့တွင် ဒုတိယ အကြိမ်မြောက် ရုံးထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တရားခွင်၌ တရားလိုပြသက်သေ ၆ ဦးကို တရားသူကြီးက စစ်မေးခဲ့ပြီး အပြန်အလှန် မေးခွန်းတွေကို မစ္စတာ ဒန်ကလေအား မေးမြန်ခဲ့ကြောင်း  ၎င်း၏ ရှေ့နေများ နှင့် ဒေါက်တာ တင်ထွန်းဦးတို့က အာမခံရရေး ကြိုးပမ်းခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့ကြောင်း သိရသည်။

မစ္စတာ ဒန်ကလေကို လာမည့် မတ်လ ၈ ရက်နေ့တွင် တတိယအကြိမ် ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။
--------------------------------------------------------------------------------------------------------------------------------

ရန်ကုန်မြစ်ဝမှ ၄၈ ကီလိုမီတာအထိ သောင်တူးဖော်မည်

ရန်ကုန်၊ မတ်လ ၃

ရန်ကုန် မြစ်ကြောင်းတစ်လျှောက် တန်ချိန် ၃၀,၀၀၀ ကျော် ပင်လယ်ကူး သင်္ဘောများအထိ အလွယ်တကူ ဝင်ထွက်နိုင်ရေးအတွက် ရန်ကုန်မြစ်ကြောင်း တစ်လျှောက် ရန်ကုန်မြစ်ဝမှ ၄၈ ကီလိုမီတာအထိ သောင်တူးဖော်ခြင်း၊ မြစ်ကြောင်း ရှင်းလင်းခြင်းများကို ယခု မတ်လတွင် စတင် အကောင်အထည်ဖော် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြစ်ကြောင်း ထိန်းသိမ်းရေးအတွက် အဓိက လုပ်ဆောင်ရမည့် နေရာမှာ ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန် တောင်ချောင်း သုံးခုဆုံရာ အတွင်းစည်းခုံ (Inner Bar)နှင့် သီလဝါ အောက်ဘက်ရှိ အပြင်စည်းခုံ (Outer Bar) နေရာတို့ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် လုပ်ကိုင်ခွင့် ရထားသည့် ထိုင်းအီတာလျံ ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ(CCCC TDG.Tainjin Derdging )တို့က ကမ်းလှမ်းထားပြီး ညှိနှိုင်းမှု အဆင်ပြေသည့် ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ အဆိုပါ ကုမ္ပဏီများနှင့် ဆွေးနွေးနေဆဲ အဆင့်ပင် ရှိနေသေးကြောင်း မည်သည့် ကုမ္ပဏီအား လုပ်ပိုင်ခွင့်ပေးမည်ကို အတည်မပြုရသေးကြောင်း သတင်းရရှိသည်။


×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
 


ချင်းပြည်နယ်လွှတ်တော်တွင် ကော်မတီ ဥက္ကဋ္ဌများအဖြစ် တိုင်းရင်းသားပါတီများကို အဆိုတင်သွင်း

ဟားခါး၊ မတ်လ ၃။

မတ်လ ၁ ရက်နေ့က ကျင်းပခဲ့သည့် ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြည်နယ် ဥပဒေပြုရေး ကော်မတီနှင့် တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာ ကော်မီတီ နှစ်ရပ်ကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဖွဲ့စည်းရာတွင် ကော်မီတီ ဥက္ကဋ္ဌများအဖြစ် ချင်းပါတီများက ကိုယ်စားလှယ်များကို အဆိုတင် သွင်းခဲ့ကြ

ကြောင်းသိရသည်။

၎င်းကော်မီတီ ၂ ရပ်ကို အဖွဲ့ဝင် ၉ ဦးစီဖြင့် ဖွဲ့စည်းမည် ဖြစ်ကြောင်း ပြည်နယ် ဥပဒေပြုရေး ကော်မီတီ ဥက္ကဋ္ဌအဖြစ် ချင်းတိုးတက်ရေးပါတီ ဖလမ်းမြို့ မဲဆန္ဒနယ်မြေ(၁)မှ ဦးနထန်းနှင့် တိုင်းရင်းသားများအရေးဆိုင်ရာ ကော်မီတီ ဥက္ကဋ္ဌအဖြစ် ချင်းအမျိုးသားပါတီ တီးတိန်မြို့မဲဆန္ဒ နယ်မြေ(၂)မှ ဦးဇမ်ကျင့်ပေါင် (ခ) ဦးဇိုး

ဇမ် တို့ကို အဆိုတင်သွင်းခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ဖွဲ့စည်းမည့် ဥပဒေပြုရေးကော်မီတီတွင် လွှတ်တော်အမတ် ၅ ဦးနှင့် အရပ် သား ၄ ဦး ၊ တိုင်းရင်းသား လူမျိုးများဆိုင်ရာ ကော်မီတီတွင် လွှတ်တော်အမတ် ၆ ဦးနှင့် အရပ်သား ၃ ဦးတို့ အသီးသီး ပါဝင်ကြမည် ဖြစ်ကြောင်းသိရသည်။

ပြည်နယ် ဥပဒေပြုရေး ကော်မီတီတွင် ဥက္ကဋ္ဌအဖြစ်  ဦးနထန်း (စီပီပီ)၊ အထွေထွေအတွင်းရေးမှူး အဖြစ် ဦးချန်ပွန် (စီအဲန်ပီ)၊ အဖွဲ့ဝင်များအဖြစ်  ဦးကွီးထန် (ပြည်ခိုင်ဖြိုး)၊ ဦးလလ်မောင်ကျူံး (စီအဲန်ပီ)၊ ဗိုလ်ကြီးညီညီဦး (တပ်မတော်သား ကိုယ်စားလှယ်)၊ ဦးခွထီးယိုး (ပြည်နယ်ဥပဒေအရာရှိ)၊ ဦးအောင်လိုင်စိုး (ပြည်နယ်

စာရင်းရုံးမှ ညွန်ကြားရေးမှူး)၊ ဒေါက်တာမှုထန်း (မြို့နယ်အငြိမ်းစား ဆရာဝန်)၊ ဦးမြင့်ဆွေ (မြို့နယ်လက်ထောက်ပညာရေးမှူး-အငြိမ်းစား)တို့ ပါဝင်ကြောင်း သိရသည်။

တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာ ကော်မီတီတွင် ဥက္ကဋ္ဌအဖြစ်– ဦးဇမ်ကျင့်ပေါင် (ခ) ဦးဇိုးဇမ် (စီအဲန်ပီ)၊ အထွေထွေ အတွင်းရေးမှူး – ဦးနန်းဆိုက် (စီပီပီ)၊ ဦးဗန်ကျင်း (အီးအဲန်ဒီပီ)၊ ဦးကီးထန်းလွင် (ပြည်ခိုင်ဖြိုး)၊ ဦးရိုဘင်း (စီအဲန်ပီ)၊ ဦးနိုးဆွန် (စီပီပီ)၊ ဦးအွန်ခန့်ကပ် (ပြည်နယ် ယဉ်ကျေးမှုဌာနမှ လက်ထောက်
ညွန်ကြားရေးမှူး)၊ ဒေါက်တာထပ်မန်း (ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး အငြိမ်းစား)၊ ဦးအောင်ထန်း (မတူပီမြို့နယ် မြို့မိမြို့ဖ)တို့ ပါဝင်ကြောင်း သတင်းရရှိသည်။


-------------------------------------------------------------------------------------------------------------


တိုင်းနှင့် ပြည်နယ်အဆင့် NLD ပါတီအား ပြန်လည်ဖွဲ့စည်း



ရန်ကုန်၊ မတ်လ ၃။

NLDပါတီ၏ ရန်ကုန်တိုင်းရုံးကို မတ်လ ၃ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း NLDမှ ဦးဝင်းထိန်က ပြောကြားသည်။

မတ်လ ၃ရက်နေ့မှ ၁၈ရက်နေ့အထိ ပြည်နယ်နှင့်တိုင်းရှိ NLDပါတီဝင်များနှင့် ရုံးချုပ်ရှိ ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံပြီး အထက်ပါ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပထမဆုံး ခေါ်ယူတွေ့ဆုံသည့် ရန်ကုန်တိုင်းအဆင့် အစည်းအဝေးကို မတ်လ ၃ရက်နေ့တွင် ရုံးချုပ်၌်ပြုလုပ်ခဲ့ပြီး မြို့နယ်ပေါင်း ၄၀မှ ပါတီဝင် တစ်ရာကျော် တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

၎င်းအပြင် NLDလူငယ်အဖွဲ့များနှင့် အမျိုးသမီးအဖွဲ့များကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာအထိ တိုးမြှင့်ဖွဲ့စည်း သွားရန်ဆွေးနွေးခဲ့ကြောင်း ဦးဝင်းထိန်ကပြောကြားသည်။

“ပြည်သူတွေမှာ ကြောက်စိတ်က ရှိနေကြတုန်းပဲ။ ဒါပေမဲ့ အရင်ကထက်စာရင် ပူးပေါင်းပါဝင်လာမှု ပိုများလာတာ ကို တွေ့ရတယ်။”ဟု ရန်ကုန်တိုင်း အစည်းဝေးသို့ တက်ရောက်လာသူ NLDပါတီဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် NLDပါတီနှင့် ပြည်သူလူထုအကြား ဆောင်ရွက်ရမည့် လုပ်ငန်းများကို မည်သို့မည်ပုံ ဆောင်ရွက်ကြရန် NLDမှ ဦးတင်ဦးက ဆွေးနွေးခဲ့ကြောင်း သိရသည်။

တိုင်းနှင့် ပြည်နယ် အဆင့် ဒုတိယ အကြိမ်အစည်းအဝေးကို မတ်လ ၅ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပဲခူးတိုင်း NLD ရုံး ပြန်လည်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ရုံးချုပ်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Peace Press
--------------------------------------------------------------------------------------------------------------------------------


ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကော်မတီနှစ်ရပ် ဖွဲ့စည်းရန်ရှိ

ရန်ကုန်၊ မတ်လ ၃။
 
မတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၏ လွှတ်တော်အစည်းဝေး၌ ဥပဒေပြုရေးဆိုင်ရာ နှင့် တိုင်းရင်းသား လူမျိုးများအရေး ဆိုင်ရာ ကော်မတီနှစ်ရပ်တို့ကို ဖွဲ့စည်းရန် လွှတ်တော်ဥက္ကဋ္ဌက တင်ပြခဲ့ကြောင်း သတင်းရရှိသည်။

ယင်း ကော်မတီနှစ်ရပ်ကို လွှတ်တော်ကိုယ်စားလှယ် ကိုးဦးဖြင့် ဖွဲ့စည်းမည်ဟု သိရပြီး ဥပဒေပြုရေး ဆိုင်ရာ ကော်မတီတွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်ရှစ်ဦးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ကိုယ်စားလှယ် တစ်ဦးတို့ကို လွှတ်တော် ဥက္ကဋ္ဌက တင်ပြခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းရင်းသားအရေးဆိုင်ရာ ကော်မတီတွင် ကရင်ပြည်သူ့ပါတီကိုယ်စားလှယ် ဦးစောထွန်းအောင်မြင့်က ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်ရန် တင်သွင်းထားသည့် အမည်စာရင်းတွင်ပါဝင်ပြီး ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ခြောက်ဦး၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး

ပါတီတို့မှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်ကြောင်း သိရသည်။
 
 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ


"ပြီးခဲ့သည့် ရွေးကောက်ပွဲမတိုင်မီက ပါတီတွေ အလျင်စလို  စုဖွဲ့ကြတာ၊ ရွေးကောက်ပွဲဝင်မည့် သူများ ရရှိဖို့အတွက် အပြေးအလွှား လိုက်လံရှာဖွေစည်းရုံကြတာ အားလုံးအသိ ဖြစ်သည်။ အဲသည် တုန်းက ပါတီထူထောင်ဖို့ စုဖွဲ့ကြသူများ ထဲတွင် အများစုက နိုင်ငံရေးစိတ်ဓာတ် ထက်သန်သူတွေ နိုင်ငံရေး အတွေ့အကြုံရှိ

ပြီးသူတွေ  ဖြစ်ပါလိမ့်မည်။ သို့သော်ရွေးကောက်ပွဲဝင်သည့် ကိုယ်စားလှယ် များထဲမှာတော့ မူလ နိုင်ငံရေးသမားများထက် စီးပွားဥစ္စာ၊ ကျောင်းပညာ၊ အသိုင်းအဝိုင်း အရှိန်အဝါ  စသည်တို့အရ ရပ်ရွာ၌ တင်ပြ၍ ကောင်းသူတွေက ပို၍များနေနိုင်သည်။ အကြောင်းက ပါတီငယ်များရော ပါတီကြီးများပါ ရုပ်ပြကောင်းသူတို့ကို

မိမိတို့ ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးချယ်နိုင်ကြသောကြောင့် ဖြစ်သည်။

 အကြောင်းအားလျှော်စွာ သည်ပုဂ္ဂိုလ်တွေ နိုင်ငံရေးရာထူး ယူကြသည့်အခါ ရာထူးနှင့် ထိုက်တန်စွာ ဆောင်ရွက်နိုင် စွမ်းရှိ၊ မရှိဟူသည် တိုင်းပြည်အတွက် လည်းကောင်း၊ ပြည်နယ်များ တိုင်းရင်းသားဒေသများအတွက်လည်းကောင်း၊ အရေးကြီးသော ကိစ္စဖြစ်သည်။ အကြောင်းက စီမံခန့်ခွဲသူတို့ ညံ့ဖျင်းလျှင် တိုင်းပြည်ရော

လူမျိုးပါ နစ်နာနိုင်သောကြောင့် ဖြစ်သည်"

မတ် ၃ ထုတ် ပြည်သူ့ခေတ်မှာပါသည့် " နိုင်ငံရေးသမား၏ အရည်အသွေးကိုဘယ်အရာနှင့်တိုင်း တာမည်နည်း" အယ်ဒီတာ ခေါင်းကြီးမှ ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံတွင် ၁၉၉၀ ကျော်ကာလများအထိ ငွေကြေးမည်မျှရှိလျှင် ချမ်းသာကြွယ်ဝသည်ဟု ပြောနိုင်သော ကိန်းဂဏန်း ရှိသော်လည်း  ၂၀၀၀ ဝန်းကျင်သို့ ရောက်သောအခါ ကိန်းဂဏန်း မှန်းဆ၍ မရတော့သလို ချမ်းသာသူဦးရေမှာလည်း တစ်စစများပြားလာကြောင်း စီးပွားရေးကျွမ်းကျင်သူက ဆိုသည်။
 
" ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ဖူးပါတယ်။ ကုဋေ ၈၀ သူဌေးသားဆိုတာ။ ကုဋေ ၈၀ ဆိုရင်  အင်မတန်မှ ကြွယ်ဝတဲ့ သူပဲလေ။ ၁၉၉၀ ကျော်အထိ ယေဘုယျ သတ်မှတ်လို့ရသေးတယ်။ ဒီဘက် နောက်ပိုင်းကျတော့ ကြွဝ်ဝတဲ့ ကိန်းဂဏန်း တွေက ဘယ်လိုမှ မှန်းလိုမရတော့ ဘယ်လောက်ရှိရင် ချမ်းသာတယ်ဆိုတာ

မပြောတက်ကြတော့ဘူး"

မတ် ၃ ထုတ် Pupular News မှာပါသည့် " လူများစု စီးပွားသာယာရေး အဓိက အာရုံပြုဖော်ဆောင်ရန်လို" သတင်းမှ စီးပွားရေးကျွမ်းကျင်သူတစ်ဦး၏ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဦးစီးအဖွဲ့တွေဖွဲ့စည်းခြင်းနဲ့ပတ်သက်ပြီး ဘာမှ မဝေဖန်လိုပါဘူး။ ကျွန်တော်တို့က အဲဒါနဲ့ ပတ်သက်ပြီး လေ့လည်းမလေ့လာဘူး။ ဘယ်သူရလို့ ဘယ်သူမှန်းတောင် မသိဘူး။ ကျွန်တော်တို့က ပြည်ထောင်စု လွှတ် တော် ရောက်နေတော့ပြည်နယ်လွှတ်တော်က အုပ်ချုပ်ရေးခွင့်ရဒေသနဲ့

တိုင်းတွေက လူတွေလည်းကျွန်တော်တို့ မသိဘူး။ အခုအချိန်က အနယ်မထိုင်သေးတော့ ကျွန်တော်တို့လည်း ဘာမှ ပြောလို့မရသေးဘူး။ ပြည်နယ်လွှတ်တော်မှာဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် သိကြမှာပေါ့"
 
မတ် ၃ ထုတ် ပြည်သူ့ခောတ်မှာပါသည့် “တစ်ပတ်အတွင်းနိုင်ငံရေးပါတီ လှုပ်ရှားမှု သတင်းများ” မှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှဦးစိုင်းဆောင်ဆီ၏ ပြောကြားချက်အပေါ်   ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

"ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စပြီး ရပ်ဆိုင်းထားတော့ပေါ့။ သင်္ဘောတင်ဖို့ ရက်တွေဘာတွေတောင် ယူပြီးတဲ့ ကုမ္ပဏီတွေ လည်းရှိတယ်။ဘာကြောင့်ယာယီရပ်ဆိုင်းတာလဲ ဆိုတာကတော့ အဓိက အချက်အနေနဲ့ ပြည်တွင်းဆန်ဈေးကွက်၊ဈေးနှုန်း ရေရှည်တည်ငြိမ်အောင် ရည်ရွယ်လုပ်ကိုင်တာလို့ ပြောရမှာပဲ။

ဘာကြောင့်လည်းဆိုတော့ အခု ရေနံထွက်တဲ့ နိုင်ငံတွေမှာနိုင်ငံရေးအခြေအနေတွေကြောင့် ရေနံဈေးက ကမ္ဘာမှာ တက်သလို ပြည်တွင်းမှာလည်း မြင့်တင်နိုင်တယ်။ ပြည်တွင်းမှာက ကုန်စည်သယ်ယူမှုကို အာဆီယံစံနှုန်းနဲ့ သတ်မှတ်လိုက်တော့ အစကတည်းက ကုန်စည်သယ်ယူစရိတ် မြင့်တက်နေတာ။

ဒီဇယ်ဈေးထပ်တက်ရင် သယ်ယူစရိတ် ပိုကြီးလာမယ်။ ဒီတော့ ပြည်ပကို မပို့ဘဲနဲ့တောင် ပြည်တွင်းမှာ စားကုန်တွေ ဈေးတက် လာနိုင်တယ်လေ။ ဒါမျိုးကို ရေရှည်မျှော်ပြီး အခုကတည်းက ပြည်ပပို့ တာရပ်ဆိုင်းထားတဲ့အတွက် ပြည်တွင်းဈေးကွက်မှာ ဆန်ပိုလျှံနေမှာ ဖြစ်သလို သယ်ယူစရိတ်ကြောင့် မဟုတ်ဘဲ

ထပ်တက်တာမျိုးကို ထိန်းပြီးသား ဖြစ်အောင်ရည်ရွယ်ပြီး လုပ်တာလို့ သုံး သပ်ရပါတယ်"

မတ် ၄ ထုတ် BiWeekly ELEVEN မှာပါသည့် ပြည်ပသို့ဆန်တင်ပို့မှုယာယီရပ်ဆိုင်းထား သတင်းမှ ပြည်ပသို့ ဆန်တင်ပို့သူ လုပ်ငန်းရှင်ကြီးတစ်ဦး၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဆန်ဈေးကွက်အတက်အကျများ

 မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်တင်ပို့နေမှုအား ယာယီရပ်ဆိုင်းထားကြောင်းနှင့် ပြည်တွင်းဆန် ဈေးကွက် ဈေးနှုန်း ပိုမို တည်ငြိမ်စေရန် ရည်ရွယ်၍  ရပ်ဆိုင်းဖြစ်နိုင်ကြောင်းပြည်ပသို့ဆန်တင်ပို့ နေသည့် လုပ်ငန်းရှင်များထံမှသိရသည်။

       မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြာချက်အရ ဆန်တင်ပို့မှုကို ယာယီပိတ်ထားကြောင်း၊ ဆန်ဈေးပိုမိုမြင့်တက် လာမည်ကို ကြိုင်တင် ကာကွယ်သည့်အနေဖြင့် ပြုလုပ်ခြင်းသာဖြစ်ကြောင်း၊ နာဂစ် မုန်တိုင်းကာလ၌ပင် ဆန်ပြတ်လတ်မှု မရှိသောကြောင့် ယခုလည်း စိုးရိမ်စရာ

မရှိကြောင်း၊ ဆန်းဈေးများ မြင့်တက်လာ ခြင်းသည် လောင်စာဆီ ဈေးနှုန်းများနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ မြင့်တက်လာခြင်းကြောင့်သာ ပြောသည်။

            ဖေဖော်ဝါရီလနောက်ဆုံးပတ်မှ စတင်ကာ တင်ပို့မှုယာယီရပ်ဆိုင်းထားခြင်းဖြစ်ကြောင်းနှင့် ပြည်တွင်း ဆန်စပါး ဈေး ကွက်၊ ဈေးနှုန်းများ ယခုထက်ပို၍ တည်ငြိမ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဟု သုံးသပ်ကြောင်း ဆန်လုပ်ငန်းရှင်များ ကပြောကြခဲ့သည်။ "ဖေဖော်ဝါရီလ နောက်ဆုံးပတ်လ နောက်ဆုံးပတ်က
 
စပြီး ဆန်တင်ပို့တာ ယာယီရပ်ဆိုင်းထားပါတယ်။ ဒါကလည်း ပြည်တွင်းဆန်စပါးဈေး ကွက်၊ ဈေးနှုန်း တည်ငြိမ်မှုပိုရှိအောင် ရည်ရွယ်ပြီး စီမံတာလို့ သုံးသပ်ရမှာပါ" ဟု ပြည်ပသို့  ဆန်တင် ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

       "ဖေဖော်ဝါရီ ၂၄ ရက်နေ့က စပြီးရပ်ဆိုင်းထားတာပေါ့။ သင်္ဘောတင်ဖို့ရက်တွေဘာတွေတောင် ယူပြီးတဲ့ ကုမ္ပဏီတွေ လည်း ရှိတယ်။ ဘာကြောင့် ယာယီရပ်ဆိုင်းတာလဲ ဆိုတာကတော့ အဓိကအချက် အနေနဲ့ ပြည်တွင်းဆန်ဈေးကွက်၊ ဈေးနှုန်း ရေရှည်တည်ငြိမ်အောင် ရည်ရွယ်လုပ်ကိုင်တာလို့ ပြောရမှာပဲ။  

ဘာကြောင့်လည်းဆိုတော့ အခု ရေနံထွက်တဲ့ နိုင်ငံတွေ မှာ  နိုင်ငံအရေးအခြေအနေတွေကြောင့် ရေနံဈေးကကမ္ဘာမှာ တက်သိလို ပြည်တွင်းမှာလည်း မြင့်တက်နိုင်တယ်။

ပြည်တွင်းမှာက ကုန်စည် သယ်ယူမှုကို အာဆီယံစံနှုန်းနဲ့ သတ်မှတ်လိုက်တော့ အစကတည်းက ကုန်စည် သယ် ယူစရိတ် မြင့် တက်နေတာ။ ဒီဇယ်ဈေးထပ်တက်ရင်သယ်ယူစရိတ်ပိုကြီးလာမယ်။ ဒီတော့ ပြည်ပကို မပို့ဘဲနဲ့တောင် ပြည်တွင်းမှာ စားကုန်တွေ ဈေးတက်လာနိုင်တယ်လေ။ ဒါမျိုးကို ရေရှည်မျှော်ပြီး အခုကတည်း

ကပြည်ပပို့တာ ရပ်ဆိုင်းထားတဲ့အတွက် ပြည်တွင်းဈေးကွက်မှာ ဆန်ပိုလျှံနေမှာဖြစ်သလို သယ်ယူစရိတ်ကြောင့်မဟုတ်ဘဲ ထပ်တက်တာမျိုးကို ထိန်းပြီးသား ဖြစ်အောင်ရည်ရွယ်ပြီးလုပ်တာလို့ သုံးသပ်ရပါတယ်" ဟု ပြည်ပသို့ ဆန်တင်ပို့သူ လုပ်ငန်းရှင်ကြီးတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်တင်ပို့ရာတွင် ကုမ္ပဏီအလိုက် လစဉ်တင်ပို့ရမည့် နှုန်းထားတစ်ခု သတ်မှတ်ကာ တင်ပို့ ခြင်း ဖြစ်ကြောင်း၊ တင်ပို့ရမည် တန်ချိန်ပမာဏကို ကုမ္ပဏီအလိုက် မည်မျှဝယ်ယူ စုဆောင်းထားသည့်ဆိုသည့်အပေါ် မူတည်တွက်ချက်ခြင်းကြောင်းသိရသည်။ " ပြည်တွင်း စားသုံးသူ ဈေးကွက်ကို

တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ယာယီ ရပ်ဆိုင်းတာလို့ ပြောရမှာပါ။ ဒီအစီအမံကြောင့် တင်ပို့ဖို့ဆဲဆဲလုပ်ငန်းရှင်တချို့ ခက်ခဲမှုတွေ့တယ်ဆိုပေမယ့် စားသုံးသူတွေ အတွက်တော့ အကျိုးရှိ လာမှာပါ" ဟု ပြည်ပဆန်တင်ပို့သူလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

 ယခုတင်ပို့ခွင့်ရပ်ဆိုင်းလိုက်သည့် ဆန်များမှာ မနောသုခ၊ ရွှေဝါထိန်းစသည့် အကျိုးအကြေ ၂၅ ရာခိုင်နှုန်း ပါဝင် သည့် ဆန်ကြမ်းများဖြစ်ကြောင်း၊ ထိုသို့ ရပ်ဆိုင်းလိုက်သည့်အတွက် ဈေးကွက်တွင် ပြည်ပပို့ဆန် ဝယ်ယူမှု ရပ်ဆိုင်းသွားပြီး ဈေးနှုန်းလည်း အနည်းငယ် ကျဆင်းသွားကြောင်း အဆိုပါဆန်ကုန်သည်က

ပြောသည်။

သို့သော် ဆန်းဈေးကွက်တွင် လူအများစားသုံးနေသည့် ပေါ်ဆန်းမွေး၊ အင်းမ စသည့် ဆန်များနှင့် အခြေခံလူတန်းစား စားသုံးသည့် ဆန်အကြမ်း ဈေးနှုန်းမှာကျဆင်းခြင်းမရှိကြောင်းသိရသည်။

ယနေ့ ဆန်ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ဆန်ဈေးနှုန်းမှာ အကျိုးအကြေ ၂၅ ရာခိုင်နှုန်းပါ ပြည်ပပို့ဆန်သည် ယ ခင်က ပိဿာ ၃၀ ပါ တတင်းခွဲ တအိတ်လျှင်၁၃၅၀၀ ကျပ်ခန့် ဈေးရှိသော် လည်း ယနေ့ဈေးကွက်ဖွင့်ချိန်တွင် ၁၂၅၀၀ ကျပ် ဈေးအထိ ကျဆင်းသွားကြောင်း၊ ပေါ်ဆန်းမွှေးဆန် ပထမတန်းစားနှင့်

ဒုတိယတန်းစားဆန်များသည် ၃၃၀၀၀ကျပ်နှင့် ၃၅၀၀၀ ကျပ်ဈေး ခန့်တွင်သာ ဆက်လက်တည်ရှိနေပြီး အခြေခံလူတန်းစား စားသုံးသည့် မနောသုခ၊ ရွှေဝါထွန်း၊ ဇီယာ ဆန်ကြမ်း များမှာ ၁၈၀၀၀ ကျပ်ခန့်တွင်သာ ဈေးငြိမ်နေသည်ဟု သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှဆန်များကို အာဖိရိကနိုင်ငံများ၊ ဘင်္ဂလာဒေရှ်နိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ တင်ပို့ လျက်ရှိကြောင်းလည်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့သည့် ပမာဏမှာ ၂၀၁၁ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့အထိ တန်ချိန် ၃၀၀၅၈၁ သာရှိကြောင်းလည်း မြန်မာ-ထိုင်း ဆန်စပါးလုပ်ငန်းရှင်များ တွေ့ဆုံပွဲသို့တက် ရောက်ခဲ့သော ဆန်စပါးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍတွင် ရင်းနှီးမြုပ်နှံရန် ကမ်းလှမ်းလာကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ သိရသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိ သူ များ၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံမှ

ဆန်စပါးလုပ်ငန်းရှင်များသည် ဖေဖော်ဝါရီ လဆန်းတွင် တွေ့ဆုံဆွေးနွေးရာတွင် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

" ဆန်းစပါးနဲ့ပတ်သက်ပြီး သူတို့နိုင်ငံကို လာပြီး လေ့လာမယ်ဆိုရင်လည်းသူတို့က ကြိုဆိုပါ မယ်။ ဒီမှာကလည်း စပါးနဲ့ ပတ်သက်ပြီးလုပ်ငန်းရှင်တွေများတဲ့အခါကျတော့ လေ့လာရေးအနေနဲ့ ဒီ နှစ်သွားနိုင်ခြေရှိတယ်" ဟု ဆန်စပါး လုပ် ငန်း အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထိုင်းနိုင်ငံကဲ့သို့ပင်

မြန်မာ့ဆန်စပါးဈေးကွက်တွင် ရင်းနှီးမြုပ်နှံရန်အတွက် ဘင်္ဂလာဒေရှ်နိုင်ငံကလည်း လာရောက် လေ့လာမှုများ ရရှိနေကြောင်းသိရသည်။ ထိုင်းသည် အာရှတွင် ဆန်အများဆုံး တင်ပို့နေသည့် နိုင်ငံဖြစ်ပြီး မြန်မာ့ဆန်ပေါ်ဆန်းကို နှစ်သက်မှုရှိကြောင်း ဈေးကွက်မှ သိရသည်။

Ref:    Popular News အမှတ်(၉) အတွဲ(၃)

           BiWeeklyELEVEN အမှတ်(၄၉) အတွဲ(၃)

          ဧရာဝတီ သတင်းဌာန



Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp