Transparency Myanmar

transparency.myanmar@gmail.com

၁၀.၃.၂၀၁
 
ပြည်တွင်းသတင်းများ

စာပေစိစစ်ရေးနေရာယူမှု အားနည်းတော့မည်ဟုဆို
ရန်ကုန်၊ မတ် ၉။


၂၀၁၀ ရွေးကောက်ပွဲ ကာလတွင် နိုင်ငံရေး ပါတီများအား ပါတီအာဘော်၊ လက်ကမ်းကြော်ငြာများ ထုတ်ဝေရာတွင် စာပေစိစစ်ရေး၏ ပုံမှန်အတိုင်း သတင်းဂျာနယ်များတွင် ကျင့်သုံးနေသည့် စိစစ်ရေးစနစ်မှ ခွဲထွက်ကာ ကြိုတင်ငွေတင်၍ စည်းကမ်းချက်အချို့သာ သတ်မှတ်ပြီး၊ ထိုစည်းကမ်းချက်ကို ဖောက်ဖျက်ပါက ကြိုတင်ငွေထဲမှ ထုတ်ယူ ဒဏ်ခတ်သော စနစ်အား ပြည်တွင်း သတင်းဂျာနယ်များကို ကျင့်သုံးစေတော့မည် ဖြစ်ကြောင်း စာပေစိစစ်ရေး အသိုင်းအဝိုင်းမှ သိရှိရသည်။

အထက်ပါ သတင်းနှင့် ပတ်သက်၍ ပြန်ကြားရေး ဝန်ကြီးဌာနမှ အကြီးတန်း ဝန်ထမ်းတစ်ဦးအား ဆက်သွယ်မေးမြန်းရာ ထိုစနစ်အား မည်သည့်အချိန်တွင် စတင်ကျင့်သုံးမည်ကို သက်ဆိုင်ရာအာဏာပိုင်များမှ ထုတ်ပြန်ရန် ဆိုင်းငံ့ ထားကြောင်း ဖြေကြားသည်။

ပြည်တွင်း သတင်းဂျာနယ်မှ “သတင်းအယ်ဒီတာတစ်ဦးက အစိုးရသစ် ပေါ်လာချိန်မှာ ဒီလို စတုတ္ထမဏ္ဍိုင်အတွက် လမ်းဖွင့်ပေးတာ ကြိုဆိုရမှာပါ။ ဒီစနစ်ကို မြန်မြန်လာပါစေလို့ မျှော်လင့်ပါတယ်။ ဒီစနစ် ပေါ်လာတဲ့အခါမှာလည်း ဈေကွက် စီးပွားရေးမူအတိုင်း ပြိုင်ဆိုင်မှုတွေ ပြင်းလာနိုင်လို့ ဒီလိုပြိုင်ဆိုင်မှုတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဘယ်လို ပြန်ထိန်းချုပ်မယ်ဆိုတာကို ဥပဒေတွေနဲ့ ထုတ်ပြန်မှာလား၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာလို ကိုယ့်စာစောင်မှာ ဖော်ပြတဲ့သတင်းရဲ့ ကောင်းမွေ၊ ဆိုးမွေကို ကိုယ်တိုင်လက်ခံ ရမှာလား ဆိုတာကိုတော့ စောင့်ကြည့်ဖို့ လိုပါတယ်” ဟုဆိုသည်။

“ဒီလို စိစစ်ရေးကို ကြိုတင်ငွေတင်ပြီး၊ ကိုယ်ရေးချင်တဲ့ သတင်းကို ရေးပြီးရင် ကိုယ်တင်ထားတဲ့ ပိုက်ဆံထဲက ဖြတ်တယ်  ဆိုတာက မီဒီယာသမား မပီသတဲ့သူတွေအတွက်တော့ အခွင့်ကောင်းဖြစ်နိုင်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆို သည်။ စာပေစိစစ်ရေးမှ ဝန်ထမ်းတစ်ဦးကလည်း “ဒီလိုစနစ်ကို ပြဌာန်းတာ သေချာရင်တော့ ကျွန်တော်တို့အတွက်တော့ တော်တော် ဝန်ပေါ့သွားမယ်’ ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ၄လအလိုတွင် နိုင်ငံရေးပါတီများအား နိုင်ငံရေးစာပေ ထုတ်ဝေခွင့် န/သ အား စည်းကမ်းချက်များ သတ်မှတ်ကာ ကြိုတင်ငွေတင်၍ ထုတ်ဝေခွင့်ပြုခဲ့ပြီး၊ ထိုကြိုတင်ငွေ ဖြတ်တောက် ခံခဲ့ရသော နိုင်ငံရေးပါတီ မရှိခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲပြီး ကာလတွင်လည်း ၈၈ မျိုးဆက် ကျောင်းသားများ ပါတီက နိုင်ငံရေးစာပေ ထုတ်ဝေခွင့်ဖြင့် ပါတီအာဘော် ဂျာနယ်များ ထုတ်ဝေကာ ပါတီရန်ပုံငွေ ရှာဖွေလျှက်ရှိကြောင်း သိရသည်။

-------------------------------------------------------------------------------------------------------------

နိုင်ငံပိုင် ဂြိုလ်တု လွှတ်တင်ရန် ကော်မတီဖွဲ့စည်း
ရန်ကုန်၊ မတ် ၉။


နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ အမိန့်ကြေငြာစာအမှတ် ၁၁/၂၀၁၁ ၌ ဖော်ပြထားရှိ ခဲ့သည့် နိုင်ငံအတွက် အရေးပါသည့် ဆက်သွယ်ရေးနှင့် ပြန်ကြားရေး စွမ်းဆောင်ရည် မြင့်မားနိုင်စေရန် နိုင်ငံတော်ပိုင် ဂြိုလ်တု လွှတ်တင်ရေး ဗပိာုကော်မတီနှင့် လုပ်ငန်းကော်မတီအား ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ၂၀၁၁ ဇန်နဝါရီ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာ လိုက်ကြောင်းသိရသည်။

၎င်း ဗပိာုကော်မတီမှ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများမှာ နိုင်ငံတော်ပိုင် ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်ရေးဆိုင်ရာ မူဝါဒ ချမှတ်ပေးသည့် ကိစ္စရပ်များ၊ စာချုပ်စာတန်းများ အတည်ပြုနိုင်ရေး လမ်းညွှန်ကော်မတီနှင့် အကာသ ဆိုင်ရာနည်းပညာများ ပြန့်ပွားနိုင်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်း ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ကော်မတီအဖွဲ့ဝင် (၇) ဦးထားရှိပြီး ဥက္ကဋ္ဌအဖြစ် ဆက်သွယ်ရေး ညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေး ဝန်ကြီးဌာန အတွင်းရေးမှူးအဖြစ် ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနတို့မှ တာဝန်ယူပြီး သိပ္ပံနှင့် နည်းပညာဝန်ကြီးဋ္ဌာန၊ အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန နှင့် ကာကွယ်ရေး ဝန်ကြီးဌာန များမှ တာဝန်ရှိသူများပါဝင်ကြောင်းသိရသည်။

အဆိုပါ ပုဂ္ဂိုလ်များသည် နိုင်ငံတော်ပိုင် ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်ရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းပြည်ပ ပညာရှင်များ ပေါင်းစည်း၍ နည်းပညာဆိုင်ရာ ကိစ္စရပ်များ တိုးတတ်အောင် ဆောင်ရွက်ရေး၊ ဂြိုလ်တု လွှတ်တင်ခြင်း၊ ထိန်းချုပ်ခြင်း၊ သုံးစွဲခြင်းနှင့် အခြားလိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ စီမံဆောင်ရွက်နိုင်ရေး၊ International Telecon munication Union (ITU) အပါအဝင် ပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ရေးနှင့် အကာသဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်း၊ သဘောတူညီမှု ကိစ္စရပ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း နှင့် အကာသဆိုင်ရာ နည်းပညာများ ရရှိပြန့်ပွားနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရေး စသည့် လုပ်ငန်းကိစ္စရပ်များကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

-------------------------------------------------------------------------------------------------------------

သီရိမင်္ဂလာဈေးသစ် အနီးတ၀ိုက်တွင် ပစ္စည်းအခိုးခံရမှုများ ယခင်ထက် ပိုမိုများပြားလာ
ရန်ကုန်၊ မတ် ၈။


ယခုနှစ်ဆန်းပိုင်းက ပိတောက်ချောင်းသို့ အသစ်ပြောင်းရွှေ့ ဖွင့်လှစ်လိုက်သော သီရိမင်္ဂလာဈေးသစ်ကြီး၏ အနီးအနား ရပ်ကွက်များတွင် စက်ဘီး၊ အဝတ်အထည်၊ အိုးခွက် အသုံးအဆောင်များ မကြာခဏ ပျောက်ဆုံးလျှက် ရှိကြောင်း ယင်းဈေး အနီးတွင်နေထိုင်သူများ၏ ပြောဆိုချက်များအရ သတင်းရရှိသည်။

ဈေးသစ်ကြီးနှင့်အတူ ပျံကျဈေးသည်များနှင့် ပျံကျလုပ်သားများပါ လိုက်လံပြောင်းရွှေ့လာပြီး ယင်းတို့ထဲတွင် ခိုး၊ ဆိုး၊ နှိုက်များလည်း ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ပါလာကြောင်း၊ အနီးအနား ရပ်ကွက်များရှိ အိမ်ရှင်များ၏ ပေါ့လျော့မှုကို အခွင့်ကောင်းယူ၍ အလစ်သုတ်မှုများ မကြာခနဖြစ်လေ့ရှိကြောင်း၊ တရားခံအများစုမှာ ဈေးသစ်ကြီးရှိ အောက်ခြေ လူ တန်းစားများနှင့် ဆက်စပ်နေကြောင်း ယင်းဈေးသစ်ကြီးအနီး လုံခြုံရေး တာဝန်ကျ အသက်၄၀အရွယ် ရဲတပ်ကြပ်ကြီး တစ်ဦးကဆိုသည်။

“ အိမ်ပေါ်မှာ ပစ္စည်းတစ်ခုသွားယူတုန်း စက်ဘီးကို ဒေါက်ထောက်ထားခဲ့တာ ပြန်ဆင်းလာတော့ မရှိတော့ဘူး။ ဟိုတစ်နေ့ကလဲ ကျွန်တော့်သူငယ်ချင်း စက်ဘီး ပါသွားသေးတယ်။ ရဲစခန်းလဲ သွားမတိုင်တော့ပါဘူးဗျာ။ နောက်တစ်ခါ ကိုယ့်ဟာကိုယ် သတိလေးနဲ့ ထိန်းသိမ်းရမှာပေါ့။” ဟု စက်ဘီးအခိုးခံခဲ့ရသူ အသက် ၃၀၀န်းကျင်ရှိ ဗီဒီယိုအခွေဌား ဆိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။

ယခင် သီရိမင်္ဂလာ ဈေးဟောင်းနေရာသည် ပြည့်တန်ဆာများ၊ လူဆိုး၊ လူမိုက်များ ကျက်စားရာနေရာ ဖြစ်ခဲ့သောကြောင့် ယခု သီရိမင်္ဂလာ ဈေးသစ်နေရာတွင် ယင်းကဲ့သို့ ဒုစရိုက်လုပ်ငန်းများ ကူးစက် ပြန့်ပွားလာမည်ကို ဒေသခံ ပြည်သူများက စိုးရိမ်လျှက်ရှိသည်။

The CJs

-------------------------------------------------------------------------------------------------------------

ညအိပ်ဆီတန်းစီသည့်ကားများ ပစ္စည်းအခိုးခံရ
ရန်ကုန်၊ မတ် ၈။


ရန်ကုန်မြို့ ကားလမ်းမများတွင် အချိန်ပြည့် နေရာယူလျှက်ရှိသော ဓါတ်ဆီတန်းစီသည့် ကားတန်းများသည် ညဘက် ဆိုင်ပိတ်ချိန်တွင် ဆိုင်ရှေ့၌ ညအိပ်တန်းစီလေ့ရှိရာ အချို့သော ဖြုတ်ရလွယ်သည့် ကားများ၏ နောက်မီးလုံးများ၊ ကားတံဆိပ်များ ခိုးယူခြင်းခံနေရကြောင်း ဓါတ်ဆီဆိုင် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ပါပလေကာ၊ ဆန်နီ စသည့် ကားများ၏ နောက်မီးလုံးများမှာ ဖြုတ်ရလွယ်ကူသောကြောင့် မကြာခဏ ခိုးယူခြင်း ခံနေရပြီး ဆူပါဆလွန်း၊ ကိုရိုနာ စသည့် ဆလွန်းကားများ၏ ကားတံဆိပ်များလည်း ဖြုတ်ယူခံနေရကြောင်း ညအိပ် ဆီတန်းစီသည့် ကားပိုင်ရှင်အချို့က ပြောကြားခဲ့သည်။

အချို့သော ဓါတ်ဆီဆိုင်များ၌ ဆိုင်ပိုင်လုံခြုံရေး ဝန်ထမ်းများ ထားရှိပြီး ညအိပ်တန်းစီသည့် ယာဉ်များအား လိုက်လံ စစ်ဆေးမှုများ ရှိသော်လည်း တန်းစီသည့် ကားတန်းမှာ အစီး ၃၀မှ ၅၀ခန့်အထိ ရှည်လျားသောကြောင့် ထိရောက်သော လုံခြုံရေးဝန်ဆောင်မှုများ မပေးနိုင်ကြောင်း၊ အချို့သော ဆီဆိုင်များတွင်မူ လုံခြုံရေး ဝန်ထမ်းများပင် မထားရှိကြောင်း ဗဟန်းမြို့နယ်ရှိ ဓါတ်ဆီဆိုင် တစ်ခုမှ ဝန်ထမ်းတစ်ဦးကဆိုသည်။

ပါပလေကာ၊ ဆန်နီ စသည့်ကားများ၏ နောက်မီးခွက်များမှာ ဈေးကွက်တွင်း ဘားမားမိတ် အသစ်တစ်စုံလျှင် ကျပ်ငွေ ထောင်ဂဏန်းသာ ရှိကြောင်း၊ ဆလွန်းကား တံဆိပ်များမှာမူ ကား၏ အနေအထားပေါ်လိုက်၍ ကျပ်သောင်း ဂဏန်းထိ ရှိကြောင်း၊ ယင်းကဲ့သို့ ကားတံဆိပ်များအား ကားပစ္စည်းဆိုင်များမှ ဝယ်ယူလေ့ရှိကြောင်း၊ တခါတရံတွင် ယာဉ်ပိုင်ရှင်က မှာထားသဖြင့် ကားပစ္စည်း အရောင်းဆိုင်များကလည်း လိုက်လံရှာဖွေခိုင်းလေ့ရှိကြောင်း တာမွေ အခွန်လွတ်ဈေးအနီး ကားပစ္စည်း အရောင်းဆိုင်များတွင် ပွဲကြိုလုပ်နေသော အသက် ၂၀အရွယ် လူငယ်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီ ဈေးနှုန်းများသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိနေပြီး မှောင်ခိုဈေးသည် ဆိုင်ထုတ်ဈေးထက် ကျပ်၁၀၀၀ ခန့် အမြတ်အစွန်း ရနေသဖြင့် ပင်စင်စားများ၊ အိမ်ရှင်မများနှင့် မော်ဒယ်၊ အက္ခရာနိမ့် ကားပိုင်ရှင်များသည် ဆီဆိုင်များ၌ ဆီတန်းစီ၍ မှောင်ခိုပြန်လည် ရောင်းချနေကြပြီး တစ်လလျှင် ၃သိန်းခန့် အသားတင် အမြတ်ငွေ ကျန်သော ကြောင့် စီးပွားရေးတစ်ခုအနေဖြင့် လုပ်ကိုင်လာကြကြောင်း ကားပိုင်ရှင်များ အသိုင်း အဝိုင်းက ဆိုသည်။

The CJs
 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 

ရွေးကောက်ပွဲရှုံးနိမ့် တစ်သီးပုဂ္ဂလအမတ်နှစ်ဦး စာအုပ်ထုတ်မည်
ရန်ကုန်၊ မတ် ၉။


၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သော တစ်သီးပုဂ္ဂလ အမတ်နှစ်ဦး ဖြစ်သည့် မြောက်ဥက္ကလာပ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ဦးဘတင့်ဆွေနှင့် ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ဦးရန်ကျော်တို့က ရွေးကောက်ပွဲကာလ တစ်လျှောက်လုံး ပြည်တွင်း သတင်းဂျာနယ်များတွင် ၎င်းတို့အကြောင်း ဖော်ပြခဲ့သော သတင်းနှင့် သတင်း ဆောင်းပါးများကို “ပြည်သူတို့ထံ ပေးထားခဲ့သောကျွန်တော်တို့၏ ဂတိများ” အမည်ဖြင့် မကြာမီ စာအုပ် ထုတ်ဝေတော့မည် ဖြစ်ကြောင်း သိရှိရသည်။

မကြာမှီ ထုတ်ဝေမည်ဖြစ်သော ယင်းစာအုပ်တွင် ဂျာနယ်၁၁စောင်မှ ဆောင်းပါးပေါင်း၂၉ စောင် ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။ ယခုအခါ စိစစ်ရေးတွင် စာအုပ်ထုတ်ဝေရန်နှင့် စာအုပ်အတွင်း ထည့်သွင်းဖော်ပြမည့် ဆောင်းပါးများကို စီစစ်ရန် တင်ပြထားပြီး ဖြစ်ကြောင်း၊ သို့သော် စာအုပ်တွင် ရွေးကောက်ပွဲကာလ တစ်ဦးချင်း မဲဆွယ်စည်းရုံးမှုနှင့် တစ်သီးပုဂ္ဂလအမတ်တို့ စုပေါင်းပြု လုပ်ခဲ့သော အစည်းအဝေးများ၊ မဲဆွယ် စည်းရုံးမှုမှတ်တမ်း ဓာတ်ပုံများကို ထည့်သွင်း ဖော်ပြရန် ကြံရွယ်ထားသော်လည်း ဓာတ်ပုံအချို့မှာ ပျောက်ဆုံးနေသဖြင့် ဓာတ်ပုံများ စိစစ်ရေးတင်ရန အခက်အခဲ တွေ့နေရကြောင်း သိရသည်။

ယင်း စာအုပ်ထုတ်ဝေရာတွင် ပါဝင်သည့် စီစဉ်သူတစ်ဦးက “ကျွန်တော်တို့ စာအုပ်မှာဖော်ပြမယ့် ဆောင်းပါးတွေ၊ ဓာတ်ပုံတွေက စိစစ်ရေးက ခွင့်ပြုပြီးသားတွေ ဖြစ်တဲ့အတွက် စာအုပ်ထုတ်ဝေခွင့်ပြုဖို့က သူတို့မှာ အခက်အခဲမရှိပါဘူးလို့ ထင်ပါတယ်” ဟု ဆိုသည်။ ထုတ်ဝေမည့် စာအုပ်တွင် ဖော်ပြမည့် သတင်း ဆောင်းပါးများကို ရေးသားခဲ့သူနှင့် ဖော်ပြခဲ့သည့် ဂျာနယ်များကို ဥာဏ်ပူ ဇော်ခ မည်ရွေ့မည်မျှပေးမည်ကို တိုင်ပင်နေဆဲဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်မှ ဆက်လက် ပြောကြားသည်။

“ကျွန်တော်က ဂျာနယ်မှာဦးရန်ကျော်နဲ့ ဦးဘတင့်ဆွေတို့ မဲဆွယ်စည်းရုံးပုံကိုသတင်းဆောင်းပါး ရေးထားတာရှိတော့ သူတို့လွှတ်လိုက်တဲ့ တစ်ယောက်က ကျွန်တော့်ရုံးကိုလာပြီး၊ ကျွန်တော်ရေးတဲ့ စာမူကို စာအုပ်မှာ ထည့်သွင်းဖော် ပြဖို့ ခွင့်လာတောင်းတယ်။ ကျွန်တော်လည်း အယ်ဒီတာကို ခွင့်တောင်းပြီး ပေးလိုက်ပါတယ်။ ဒီစာမူကို ယူတဲ့အတွက် ဘယ်ရွေ့ဘယ်မျှ ပေးမယ်ဆိုတာ ကတော့ သူတို့ဘက်က စကားမစလို့ ဘာမှမပြောလိုက်ရပါဘူး”ဟု ပြည်တွင်းသတင်း ဂျာနယ်တစ်ခုတွင် နိုင်ငံရေးသတင်း အစဉ်အမြဲရေးသားသူ သတင်းထောက်တစ်ဦးမှဆိုသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

 
"နိုင်ငံတစ်နိုင်ငံကို အကူအညီပေးတဲ့အခါ အီးယူရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေကို လိုက်နာရတယ်။ ဗြိ တိန်က ဒီစည်းမျဉ်းတွေနဲ့ အညီအကူအညီပေးတယ်။ ဒီအကူအညီတွေကို ဘယ်လိုသုံးစွဲရမယ် ဆိုတာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်း တိုင်ပင်ဖို့လိုတယ်"

မတ် ၁၀ ထုတ် Popular News အတွဲ(၃) ၊ အမှတ် (၁၀) မှာပါသည့် ဗြိတိန်အစိုးရ မြန်မာအပေါ် ကူညီမှုအများဆုံး သတင်းမှ မြန်မာနိုင်ငံအခြေစိုက် ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန ပေါလ်ဝှစ်တင်ဂမ် ၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

လွတ်လပ်ဈေးကွက်နှင့် ဒီမိုကရေစီသည် ဒဂါင်္းတစ်ခု၏ ခေါင်းနှင့်ပန်း ဖြစ်သည်။ အတွဲအစပ်အမှန်လည်း ဖြစ်သည်။ ဒီမိုကရေစီတွင် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသည်။ လွပ်လပ် ဈေးကွက်တွင်လည်း စားသုံးသူတို့အနေဖြင့် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသည်။  ဈေးကွက်တွင် လွတ်လပ်စွာ ငြင်းပယ်ပိုင်ခွင့်ရှိသည်။ ဒီမိုကရေစီတွင်လည်း ထိုနည်းတူ ပင်ဖြစ် သည်။ နိုင်ငံရေးစနစ်၏ ဒီမိုကရေစီမှာပင် ရွေးချယ်ခံတို့သည် သက်တမ်းတစ်ခုမျှ အာမခံချက် ရှိနေသော်လည်း ဈေးကွက်တွင်  အာမခံချက်  သက်တမ်းတစ်ခုမျှ အာမခံချက် ရှိနေနိုင်သော်လည်း  ဈေးကွက်တွင် အာမခံချက် သက်တမ်း မရှိ။ ပို၍ သာလွန်သော ယှဉ်ပြိုင်သူ ပေါ်လာလျှင် မူလကုန်ပစ္စည်းပေါ် မှီခိုမှု သက်တမ်းသည် ချက်ချင်းချုပ်ငြိမ်း ရရှာသည်။

စားသုံးသူများက ကုန်ပစ္စည်းအပေါ် Money for Value ဟူသော ရှုထောင့် (မိမိပေးသော ငွေအပေါ် ပြန်ရသည့် တန်ဖိုး)မှ အမြဲကြည့်ရှု တတ်သည်။ အပြိုင်အဆိုင်များသော ခေတ်ဖြစ်၍ ကုန်ပစ္စည်း ထုတ်လုပ်သူတို့အပေါ် Value for money ဖြင့် (ပေးသောငွေအတွက် တန်ဖိုးမြင့်) ပြန်လည် ပေးဆက်ကြရသည်။ တစ်နည်းဆိုလျှင် ကုန်ထုပ်လုပ်သူနှင့် စားသုံးသူတို့ကြား အပြန်အလှန် လေးစားမှု ဖြစ်သည်။ ဒီမိုကရေစီတွင်လည်း အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ လူတန်းစားတို့ကြား အပြန်အလှန် လေးစားမှု၊ တန်ဖိုးထားမှုတို့ ရှိကြရသည်။

မတ် ၉ ထုတ် The Myanmar Post အတွဲ(၃)၊ အမှတ် (၁၀) မှာပါသည့် "နေဇင်လတ်၏ ပြုပြင်ပြောင်း လဲခြင်းဖြင့် တိုးတက်မှုမှ ဖွံ့ဖြိုးရေးဆီသို့" ဆောင်းပါး ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"တိုင်းပြည်ရဲ့ စီးပွားရေးဟာ လူဘယ်လောက်ရဲ့ လက်ထဲကို ဖြန့်ခွဲပြီး ရောက်နေသလဲ မသိဘူးဆိုတဲ့ကိစ္စ အရေးကြီးတယ်။ လူတစ်စုလက်ထဲ ရောက်နေလို့ မဖြစ်ဘူး။ ဈေးကွက်မှာ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိရင်လူတစ်စုက လက်ဝါးကြီး အုပ်ထားလို့မရဘူး။ လွတ်လပ်စွာ ယှဉ်ပြိုင်မှုအရ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းကလည်း အရည်အသွေး ပိုကောင်းအောင်၊ ဈေးနှုန်းကလည်း ချိုသာ သထက် ချိုသာအောင် ကြိုးစားကြလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ လူတစ်စု သို့မဟုတ် တစ်ယောက် ထဲကနေ လက်ဝါးကြီး အုပ်ထားတာဆိုရင် သူတို့က ညှိမယ်၊ ဒီပစ္စည်းကို ဈေးဘယ်လောက်အထိ မချဘူးဆိုတာမျိုး လုပ် ကြမယ်။ monopoly ပေါ့။ အဲဒါကြောင့် လူတစ်စုလက်ထဲမှာ တိုင်းပြည်ရဲ့ သွင်းအားစုတွေ ရှိနေခဲ့ရင် အန္တရာယ် အရမ်းများတယ်"

မတ် ၁၀ ထုတ် ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၁၊ အမှတ် ၃၅ မှာပါသည့် ပါမောက္ခ ဦးမော်သန်းနှင့် အင်တာဗျူး ကောက်နှုတ် ချက်

-------------------------------------------------------------------------------------------------------------

 "ကုမ္ပဏီတစ်ခု ပြိုလဲသွားတာက အဲဒီ့ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကိုပဲ ထိခိုက်တယ်။ ဘဏ်တစ်ခု ပြိုလဲသွားရင်  ဘဏ်အစုရှယ်ယာရှင်တွေသာ မဟုတ်ဘူး။ ပြည်သူ တစ်ဦးချင်းစီရဲ့ စီးပွားရေးကိုလည်း ထိခိုက်နိုင်တာပေါ့။ အဲဒီတော့ ဘဏ်တွေဟာ တိုင်းပြည်စီးပွားရေးရဲ့ အဓိက သော့ချက်လိုလည်း ဖြစ်နေတာပေါ့။ ဒါကြောင့် ဘဏ်တွေဘက်ကလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်မယ်၊ ပြည်သူတွေဘက်ကလည်း ဖြစ်ပေါ်လာတဲ့ သတင်းပေါ်မှာ အယုံအကြည်မဲ့မယ် ဆိုရင်လည်း ဝုန်းခနဲ မယုံကြည်တာမျိုး၊ ယုံကြည်တာမျိုး မဖြစ်သင့်ဘူး။ ဒါပေမဲ့ လူတွေက ဘဏ်တွေကို တစ်ချိန်လုံး လေ့လာ စောင့်ကြည့်ရမယ်။ ဘဏ်တွေဘက်ကလည်း Transparency (ပွင့်လင်းမြင်သာမှု) ရှိရမယ်။ အဲဒီလိုရှိ ရင်ပြိုလဲစရာ မရှိဘူး" ဟု ဘဏ်ပညာရှင်ဦးဝင့်ကျောက်က ၂၀၁၀ ဇွန်လ ၁၉ ရက်ပြုလုပ်ခဲ့သော 7Day News နှင့် သီးသန့် အင်တာဗျူးတွင် အထက်ပါအတိုင်းပြောကြားသွားသည်။

မတ် ၁၀ 7Day အတွဲ(၁၀)၊ အမှတ် (၁) မှာပါသည့် သင်ခန်းသားများပေးခဲ့သော ဘဏ်များလဲပြိုမှု သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းဆောင်းပါး

စိုက်ပျိုးစီးပွားကို ဒီမိုကရေစီအစိုးရသစ်မှ အဓိကတည်ဆောက်ရန်လို

 ယခုအခါ၌ ပြင်ပသို့ ဆန်တင်ပို့မှုများ ရပ်ဆိုင်းနေသည်ဖြစ်ရာ ဆန်ဈေးကွက်မှာ အတက်အကျ များမည်ဟု အကဲခတ်များက ထင်ကြေး ပေးနေကြသည်။ ထိုအခြင်းအရာနှင့်အတူ လွှတ်တော်သို့ ရောက်ရှိသွားသော နိုင်ငံရေး သမားများ၊ ပညာရှင်များသာမက စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေကြသော စီးပွားရေးသမားများပါ စိုက်ပျိုးတောင်သူ လယ်သမားအရေးကို ထည့်သွင်း စဉ်းစားလျက် ရှိလေသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမှာ လယ်ယာ စိုက်ပျိုးရေး အခြေခံသည့် စီးပွားရေးလုပ်ငန်းဖြစ်သည့် အားလျှော်စွာ နိုင်ငံ GDP၏ အများဆုံး ကဏ္ဍအနေဖြင့် ရပ်တည်လျက်ရှိသည်။ လယ်ယာစိုက်ပျိုး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရုံမျှမက ကျေးလက်နေပြည်သူများ၏ လူမှုဘဝသည်လည်း ဖွံ့ဖြိုးလာစည်ပင်လာမည်။ "မြန်မာနိုင်ငံရဲ့ အဓိက အရေးကြီးဆုံး အချက် အဖြစ်ရှိနေတယ်။ ဈေးကွက် အခြေအနေတွေ အချိန်နဲ့ တစ်ပြေးညီ ချိန်ညှိလုပ်ပေးဖို့ လိုသလို လယ်ယာကဏ္ဍ သွင်းအားစုတွေရဲ့ ဈေးနှုန်းကို အတက်နိုင်ဆုံး တည်ငြိမ်မှုရှိအောင် လုပ်ဆောင်ပေးဖို့လိုတယ်။ နောက်ပြီး လယ်ယာကဏ္ဍတွေနဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ လူမှုအဆင့်အတန်း မြင့်မားတိုးတက်စေမယ့် ပညာပေး အစီအစဉ် အမျိုးမျိုးကို အဆက်မပြတ် လေ့ကျင့်ပေးနေဖို့ လိုတယ်။ ဘဏ်စနစ်တွေနဲ့ အကျွမ်းဝင်မှုရှိအောင် ပံ့ပိုးပေးဖို့ လိုသလို လယ်ယာကဏ္ဍမှာ ပုန်းကွယ်လျှိုး ပိုလျှံလုပ်သားအင်အားများ Disguised Labours တွေကို အတက်နိုင်ဆုံး ဝင်ငွေ အခွင့်အလမ်း ဖော်ထုတ်ပေးဖို့လိုတယ်။ ကျေးလက်နေပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး အဆင့်မြင့်တင်ပေးနိုင်မှ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ ပညာရေး အဆင့်မြင့်တင်ပေးနိုင်မှ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ကောင်မွန်လာမယ်။ လယ်သမားများတွေ ချမ်းသာမှ တိုင်းပြည်ချမ်းသာမယ်" ဟု စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက သုံးသပ်ပြောကြား သွားသည်။

 မတ် ၂ ထုတ် နိုင်ငံပိုင် သတင်းမီဒီယာ၏ ထုတ်ပြန်ချက်တွင် လွှတ်တော်ဥပဒေကြမ်းကော်မတီ ကော်မတီများ ဖွဲ့စည်းပြီးစီးခဲ့လေပြီ။ ထို့အပြင် ပြည်သူများနှင့် ပညာရှင်များမှ လွှတ်တော်ဥပဒေကြမ်း ကော်မတီသို့ ဥပဒေရေးရာ အကြံပြုခွင့် စတင်ရရှိဖြစ်ကြောင်းကို ကော်မတီလုပ်ပိုင်ခွင့် ၂(ခ) မှ ဖော်ပြထားသည့်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ပက်သတ်သည့် မူဝါဒရေးရာများကို စိုက်ပျိုးရေး ပညာရှင်များ၏ အကြံဉာဏ်ကို ရယူနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံမှာ ပို့ကုန်လုပ်ငန်းများ၏ ၆၅ ရာခိုင်နှုန်းသည် တောင်ယာလုပ်ငန်းများဖြစ်သဖြင့် လယ်ယာ အခန်းကဏ္ဍသည် များစွာ အရေးပါလျက်ရှိသည်။ သို့ဖြစ်၍ အဆိုပါ အခန်းကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်နှင့် လိုက်လျော ညီထွေဖြစ်သည့် ဥပဒေပြုရေးအပိုင်းကိုလည်း ဥပဒေမူကြမ်း ရေးဆွဲရေးကော်မတီက ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ " လယ်သမားတွေကို လိုအပ်ချက်တွေကို မေးမယ်။ ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေး ကြိုးစားရမယ်။ သက်ဆိုင်ရာ လွှတ်တော်ကို တင်ပြပြီး ကြိုးစားရမယ်။ လယ်သမားတွေအတွက် အကျိုးရှိရင် တိုင်းပြည်အတွက်လဲ အကျိုးရှိရင် ဥပဒေကို အတည်ပြုရမှာဖြစ်တယ်။ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေကလဲ လိုက်နာဆောင်ရွက် သွားရမှာ ဖြစ်တယ်" ဟု အမျိုးသား လွှတ်တော် လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

 ပေါ်ထွန်းလာမည့် ဒီမိုကရေစီ အစိုးရသစ်နေဖြင့်လည်း လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် ငွေကြေး၊ နည်းပညာ အစရှိသော မူဝါဒကောင်းများကို ချမှတ်ပေးဖို့အလွန်ပင်လိုပါသည်။ ၂၀၀၀ ပြည့်နှစ် တွင် ကုလသမဂ္ဂက ချမှတ် လိုက်သော Market Information Service စီမံကိန်းကြီးတွင် စိုက်ပျိုးရေး လုပ်ငန်းမှ ဝန်ထမ်းများက တစ်တပ်တစ်အား ပါဝင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးရှိ ကုန်စည်ဒိုင်များသို့ ဝန်ထမ်းများအား စေလွှတ်ပြီး ဈေးကွက် အနေအထားများ စုံစမ်းလေ့လာမှု များပြားခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းအရ ယခင်က မြန်မာအသံမှနေ၍ ညနေခင်းအချိန်အခါတွင် ကုန်ဈေးနှုန်း သတင်းများ ထုတ်ပြန် ကြေညာခဲ့သည်ဟုလည်း သိရသည်။ ယခုအခါတွင် လယ်ယာစီးပွားသတင်းမှ တောင်သူကြီးတို့ လိုအပ်သည့် သတင်း အချက်အလက်များအား ဖြန့်ဝေလျက်ရှိပေသည်။

"၂၁ရာစု IT ခေတ်ဖြစ်တဲ့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရကလဲ Informatio-n သတင်း အချက်အလက်တွေရအောင် လုပ်ရမယ်။ မီဒီယာလဲလိုတယ်။ တချို့ တောင်သူလယ်သမားတွေက အရိုးစွဲနေတယ်။ မြင်မှ လုပ်တတ်တယ်။ ဒါကြောင့် သူတို့ကို လက်တွေ့ပြဖို့လိုတယ်။ မြန်မာ့ စိုက်ပျိုးရေးဝန်ထမ်းတွေ ပုဂ္ဂလိကကုမ္ပဏီတွေက လက်တွေ့ပြဖို့လိုပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေက လက်တွေ့ပြဖို့လိုပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေက နည်းပေးလမ်းပြလုပ်ပြီး ခေါ်သွားဖို့လိုတယ်။ တောင်သူလယ်သမားတွေအနေနဲ့ ဖောက်ထွက်နိုင်တဲ့ အတွေးအခေါ်ရှိမယ်။ ဘယ်နိုင်ငံက ဘာကမ်းလှမ်းတယ်ဆိုတာသိရမယ်" ဟု ဦးမြတ်စိုး(လှိုင်) က သုံးသပ် ပြောကြားသွားခဲ့သည်။

Ref: The Flower News အတွဲ(၇)၊ အမှတ် (၁၀)

        The Voice Weekly အတွဲ(၇)၊ အမှတ်(၁၃)
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

၉..၂၀၁၁
 
ပြည်တွင်းသတင်းများ



ရန်ကုန်မြို့တွင်းညဘက်လုံခြုံရေးစစ်ဆေးမှုများပိုမိုတင်းကျပ်

ရန်ကုန်၊မတ်၈။


ဖေဖော်ဝါရီ လဆန်းပိုင်းမှစတင်ခဲ့သော ရန်ကုန်မြို့တွင်း လုံခြုံရေး စစ်ဆေးမှုများသည် ယခုလဆန်းပိုင်းမှ စတင်၍ ပိုမိုတင်းကျပ် လာကြောင်း၊ ယာဉ်စစ်ဆေးရေး ဂိတ်တိုင်းတွင်လည်း လက်နက်ကိုင် ရဲယူနီဖောင်းဝတ်များ အစောင့်ချထားကြောင်း ညဘက် အငှား ယာဉ်မောင်းများ ထံမှ စုံစမ်းသိရှိရသည်။

“သူတို့တွေက တက္ကစီတွေကို အဓိကထားပြီး စစ်နေတုန်းပဲ။ အိမ်စီးကားတွေ စစ်ဆေးခံဖို့ ဝင်လာရင်လဲ ဘာမှမမေးပဲ မောင်းသွားခိုင်းတယ်။ တက္ကစီတွေကိုတော့ အရင်ကလို မဟုတ်တော့ဘူး။ ကားဒက်ရှ်ဘုတ်တွေ၊ နောက်ဖုံးတွေ ဖွင့်ခိုင်းပြီး သေချာရှာကြတယ်။ အရင်တုန်းကတော့ တက္ကစီ သမားတွေကို ယာဉ်မောင်း နာမည်ပဲမေးပြီးတော့ ပြန်လွှတ်တာ။ တစ်ခုထူးဆန်းတာက ကားပေါ်မှာ ပါလာတဲ့ ခရီးသည်တွေကို လုံးဝ (လုံးဝ) စစ်ဆေး မေးမြန်းခြင်း မရှိဘူး။ တက္ကစီ သမားတွေကိုပဲ ပစ်မှတ်ထားပြီး စစ်ဆေးနေတာလား မသိဘူး” ဟု ညဘက် ကိုယ်ပိုင်အငှား ယာဉ်မောင်းတစ်ဦးက ဆိုသည်။

ယခုလ အစောပိုင်းက အင်းစိန်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် ထိုကဲ့သို့ လုံခြုံရေး တင်းကျပ်လာခြင်း ဖြစ်နိုင်ကြောင်း၊ တပ်တွင်း မတည်ငြိမ်မှုများ၊ အစိုးရသစ်အား ဖြုတ်ချမည်ဟု ကြွေးကျော် လှုပ်ရှားနေကြသည့် ဆန့်ကျင်ရေး အင်အားစုစသည် တို့ကြောင့်လည်း လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူ တစ်ဦးကဆိုသည်။

The CJs 

-------------------------------------------------------------------------------------------------------------

တပ်မတော်သားများဦးပိုင်တွင်တစ်လကျပ်တစ်သိန်းစုရမည်

ရန်ကုန်၊မတ်၈။


ယခုလကုန်ပိုင်းမှ စတင်၍ တပ်မတော်သားများ အားလုံး ၄င်းတို့၏ လစာထဲမှ အနည်းဆုံး တစ်လလျှင် ကျပ်တစ်သိန်း နှုန်းဖြင့် ကျပ်သိန်းသုံးဆယ် ပြည့်သည်အထိ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်တွင် လစဉ်စုဆောင်း သွားရမည်ဖြစ်ကြောင်း ၄င်း အသိုင်းအဝိုင်းမှ ထွက်ပေါ်လာသော သတင်းများအရ သိရှိရသည်။

လစာ ကျပ်တစ်သိန်းခွဲ ရရှိသော ဗိုလ်ကြီးအဆင့်ရှိ စစ်ဆေးရုံမှ ဆရာဝန်တစ်ဦးက“ ဒီလကစပြီး တစ်လကို တစ်သိန်းနှုန်းနဲ့ သိန်းသုံးဆယ် ပြည့်တဲ့အထိ သွင်းသွားရမယ်။ သိန်းသုံးဆယ် ပြည့်မှ တစ်လကို ၃ကျပ်တိုးနဲ့ အတိုးငွေ ထုတ်လို့ရမယ်။ မပြည့်မချင်း အဲဒီသွင်းထားတဲ့ ပိုက်ဆံထဲက ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး။ သိန်းသုံးဆယ်ထက် ပိုထည့်လို့လဲ မရဘူး။ လျော့ထည့်တော့လဲ အတိုးက မရနဲ့။ သိန်းသုံးဆယ် ပြည့်အောင် နှစ်နှစ်ခွဲလောက် စောင့်ရမှာ။ တွက်ကြည့်ရင် ကျွန်တော် တို့ဘက်က အရှုံးချည်းပဲ” ဟု ပြောကြားခဲ့သည်။

ယခုလမှ စတင်၍ ငွေစုရမည် ဆိုသည်မှာ ဟုတ်မှန်ကြောင်း၊ အောက်ဆိုဒ်ရသော ဌာနမှ တပ်မတော်သားများမှာ မထောင်းတာသော်လည်း လစာချည်းသာရ၍ အောက်ဆိုဒ်မရသော တပ်မတော်သားများမှာ မလောက်င၍ မကျေမနပ်ဖြစ်နေကြောင်း ရှမ်းပြည်မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်လျှက် ရှိသောအင်ဂျင်နီယာတပ်မှ အရာခံဗိုလ်တစ်ဦးက ဆိုသည်။

ယခုရက်ပိုင်းအတွင်း ဝန်ထမ်းလစာများအား ၃ရာခိုင်နှုန်းကျော် တိုးမြှင့်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေပြီး ကုန်ဈေးနှုန်းများလည်း တဖြည်းဖြည်း တက်လျှက်ရှိသည်။ ဤကဲ့သို့ တပ်မတော်သားများအား လက်ရှိ လစာ၏ ၇၅ ရာခိုင်နှုန်းအား စုငွေအဖြစ် ထည့်ခိုင်းခြင်းမှာ ဝန်ထမ်းလစာများ ကျိန်းသေတိုးမြှင့်ပေးမည့် သဘောကို ဖော်ပြနေကြောင်း နိုင်ငံရေးသိပ္ပံ ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။

The CJs

-------------------------------------------------------------------------------------------------------------

တောင်ကိုရီးယားကုမ္ပဏီများမှမြန်မာနိုင်ငံအထူးစီးပွားရေးစက်မှုဇုန်အတွင်းရင်းနှီးမြှုပ်နှံရန်စီစဉ်လျက်ရှိ

မတ်၇။


မြန်မာနိုင်ငံ၏ လက်ရှိ လုပ်ကိုင် ဆောင်ရွက်လျှက်ရှိသည့် အထူး စီးပွားရေး စက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် တောင်ကိုရီးယား ကုမ္ပဏီအများစုမှ အထူးစိတ်ဝင်စားလျှက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အထူးစီးပွားရေး စက်မှုဇုန် ဥပဒေ ပြဋ္ဌာန်းပြီး နောက် တောင်ကိုရီးယား နိုင်ငံမှ ကုမ္ပဏီ (၉၀) ကျော် လာရောက် ရင်းနှီးမြှုပ်နှံရန် နေ့စဉ် စုံစမ်းလျှက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား ပြည်သူ့ သမ္မတ နိုင်ငံသံရုံး စီးပွားရေးဋ္ဌာန သံမှူး ဒေါက်တာ ဘတ်ချော ပိာုလ် က ပြောခဲ့သည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံရန် လာရောက် စုံစမ်းမှုများတွင် တောင်ကိုရီးယား နိုင်ငံ၏ ထိပ်တန်း စီးပွားရေး လုပ်ငန်းစုကြီးများ ဖြစ်သော ပေါ်စကိုနှင့် အက်စ်ကေ ကုမ္ပဏီကြီးများ ပါ ပါဝင်ကြောင်း ၎င်းမှပင် ဆက်လက် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ အထူး စီးပွားရေး စက်မှုဇုန်၌ ရင်းနှီးမြှုပ်နိုင်မည့် အနေအထားကို စုံစမ်းလျှက်ရှိသော တောင်ကိုရီးယား ကုမ္ပဏီများမှာ နေ့စဉ် အနည်းဆုံး ကုမ္ပဏီတစ်ခုလောက်မှ စုံစမ်းလျှက်ရှိကြောင်း၊ အထူးစီးပွားရေး ဇုန်ဥပဒေ ပြဋ္ဌာန်းပြီးသည့် နောက်ပိုင်းတွင် တောင်ကိုရီးယားမှ ကုမ္ပဏီ (၉၀)ကျော် သာမက အာဆီယံနိုင်ငံများ ဖြစ်သည့် မလေးရှား ၊စင်္ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ် ကုမ္ပဏီများနှင့် ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးဆုံး နိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်နိုင်ငံများမှလည်း မြန်မာနိုင်ငံ၏ အထူးစီးပွားရေး စက်မှုဇုန်၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကုန်သည်စက်မှုအသင်းချုပ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် သြစတြေးလျ နိုင်ငံကလည်း ယခုလအတွင်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဆွေးနွေးဖို့ရန် ရှိကြောင်း၊ လက်တလောအတွင်း မြန်မာနိုင်ငံသည် စီးပွားရေး အရင်းအမြစ်များ မြှုပ်နှံရန် နိုင်ငံတိုင်းက စိတ်ဝင်စားသည့် အကောင်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဒေါတ်တာမောင်မောင်လေးကလည်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားမှ ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးထားသည့် ကုမ္ပဏီများအနက် ၅၀ကျော်မှာ အထည်ချုပ်လုပ်ငန်းများ ဖြစ်ကြောင်း၊ လက်ရှိ၌လည်း တောင်ကိုရီးယား နိုင်ငံသည် မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေကို သေချာစွာ အကဲခတ်လျှက် ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အထူးစီးပွားရေး ဇုန်ဥပဒေ ပြဋ္ဌာန်းပြီးသော်လည်း မည်သည့်၌ ရင်းနှီးမြှုပ်နှံရမည်ကို မသိသေးကြောင်း ဒေါက်တာဘတ်ချောပိာုလ်က ထပ်လောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အထူးစီးပွားရေး ဇုန်ဥပဒေ ထုတ်ပြန်ထားသည့် အချက်အလက်များကို နိုင်ငံခြားကုမ္ပဏီများမှလည်း လက်ခံနိုင်ကြကြောင်း၊ ဝန်ထမ်းဦးရေ ခန့်ထားရာ၌ မြန်မာနိုင်ငံမှ လူများကို ခန့်ထားရမည် ဆိုသည်မှာလည်း ဖြစ်သင့်ဖြစ်ထိုက်သော အခြေအနေ တစ်ရပ်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် အနေအထား အရလည်း ကုမ္ပဏီကြီးများတွင် အဆင့်မြင့် ကာကွယ်ရေး နည်းပညာများရှိသည့်အတွက် အဆင်သင့်ကြောင်း ၎င်းမှပင် ဆက်လက် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြား ကုမ္ပဏီများ လာရောက်လုပ်ကိုင် ဆောင်ရွက်ရန် အခက်အခဲတစ်ခုမှာ ကွာပာချက်ရှိသည့် ငွေလဲလှယ်နှုန်းပင် ဖြစ်ကြောင်းသိရသည်။

-------------------------------------------------------------------------------------------------------------

နိုင်ငံခြားအထည်ချုပ်ကုမ္ပဏီများပဲခူးဒေသကိုစိတ်ဝင်စား

အထည်ချုပ် လုပ်ငန်းများကို လုပ်ကိုင်သော ကုမ္ပဏီများ အနက် ကိုရီးယား နိုင်ငံမှ ရှင်ဆောင်း အထည်ချုပ် ကုမ္ပဏီသည်  ရန်ကုန်ပဲခူး ကားလမ်းမပေါ်ရှိ စက်မှုဝန်ကြီးဌာန မြန်မာ့အထည်အလိပ် လုပ်ငန်းပိုင် အဆောက်အအုံများကို နှစ်ချုပ်ငှားရမ်းပြီး အထည်ချုပ် လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လာရောက်ကြည့်ရှု လေ့လာလျှက် ရှိကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသမှာ အထည်ချုပ် လုပ်ငန်းအတွက် အထည်ချုပ် လုပ်သားများ အလွယ်တကူ ရှာဖွေငှာရမ်းနိုင်သည့် ဒေသဖြစ်ခြင်း၊ အခြေခံလူတန်းစား အလုပ်သမားများ ပေါများခြင်း စက်ရုံများမှ ထွက်ရှိသည့် ချုပ်ထည်များကို  ပြည်ပသို့ တင်ပို့ရန်အတွက် ပဲခူး-ရန်ကုန် ကားလမ်းမကြီး ဘေးတွင်ရှိခြင်း၊ အထည်ချုပ် စက်ရုံအတွက် အဓိက လိုအပ်သည့် လျှပ်စစ်မီးကို (၂၄)နာရီ ရရှိနိုင်ရန် မဟာဓာတ်အားလိုင်းနှင့် နီးကပ်စွာ တည်ရှိခြင်း၊ လျှပ်စစ်ဓာတ်အားခွဲရုံ အမှတ်(၃) ပဲခူးမြို့နှင့် နီးကပ်စွာ တည်ရှိခြင်း၊ အထည်ချုပ် ပစ္စည်းများ တင်ဆောင်ထားသော ကွန်တိန်နာကားများကို ရန်ကုန်သီလဝါ ဆိပ်ကမ်းသို့ သယ်ပို့ရန် အမှတ်(၁)လမ်း၊ အမှတ်(၂)လမ်းတို့နှင့် ချိတ်ဆက်မှုရှိခြင်း တို့ကြောင့် ပဲခူးတိုင်းဒေသကို ပိုမိုစိတ်ဝင်စား နေကြကြောင်းသိရသည်။   

-------------------------------------------------------------------------------------------------------------

အထူးစီးပွားရေးဇုန်များနှင့်အတူ အလုပ်သမား အကျိုးစီးပွား ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းတော့မည်

မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်များ ပေါ်ပေါက်လာတော့မည်ဖြစ်ရာ အလုပ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်ပေးနိုင်မည့်အဖွဲ့အား ဖွဲ့စည်းရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပုဒ်မ ၂၄ ၌ နိုင်ငံတော်သည် အလုပ်သမားများ၏ အခွင့်အရေးများ ကာ ကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းဆောင် ရွက်မည်ဆိုသောအချက် ပါဝင်ပြီး ထားဝယ် ရေနက် ဆိပ် ကမ်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းများ ပေါ်ပေါက်လာမှုနှင့်အတူ အထူးစီးပွားရေးဇုန်များ ပေါ်ပေါက်လာတော့မည် ဖြစ်ရာ အလုပ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနိုင်မည့် အဖွဲ့အား ဖွဲ့စည်းရန် စီစဉ်နေကြောင်း ပြည် ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ထို့အတူ အလုပ်သမားများ၏ အကျိုးစီးပွားနှင့်ပတ်သက်၍ ဥပဒေတစ်ရပ်ဖြင့် တိတိကျကျကာ ကွယ်ပေးနိုင်ရန် လည်း လိုအပ်ကြောင်း၊ လတ်တလောတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန်အားယူ နေသောအချိန် ဖြစ်သော ကြောင့် တိုးတက်ပြောင်းလဲလာသော အခြေအနေနှင့် လိုက်လျောညီထွေရှိသော ဥပဒေများလည်း အခိုင်အမာရှိရန်လိုအပ် ကြောင်း သုံးသပ်ကြသည်။
 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊နိုင်ငံရေးသတင်းများ 


အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို စီစစ်ရန် ကော်မတီဖွဲ့စည်း

မတ်၇။


အခြေခံ ဥပဒေထဲတွင် သတ်မှတ်ထားသည့် လွှတ်တော်ကော်မတီ လေးခုအနက် နောက်ဆုံးဖြစ်သည့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို စိစစ်ရန် ကော်မတီနှစ်ခုကို အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့တွင် ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

အမျိုးသားလွှတ်တော်၏ ကော်မတီ ၁၅နေရာတွင် ပြည်ခိုင်ဖြိုး၈ယောက်၊ တစ်သီးပုဂ္ဂလ တစ်ယောက်နှင့် ကျန်ပါတီများက ခြောက်ဦးပါဝင်ပြီး ကော်မတီဥက္ကဋ္ဌအဖြစ်  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဒေါက်တာအေးမောင်ကို ခန့်အပ်ခဲ့ကြောင်း သိရသည်။

လွှတ်တော်ကော်မတီလေးခုအနက် ယခုအစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီသည် အစိုးရ၏ လုပ်ငန်းများကို တိုက်ရိုက်စိစစ်သည့် ကော်မတီဖြစ်အတွက် အရေးအကြီးဆုံး ကော်မတီလည်း ဖြစ်ကြောင်း၊ ဒီကော်မတီတွင် ယခင်တုန်းက ဖွဲ့နည်းဖြစ်သည့် ပြည်ခိုင်ဖြိုးကဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် ဆယ်နေရာ၊ ကျန်ပါတီများ ငါးနေရာအစား ရှစ်ယောက်၊ ခုနှစ်ယောက်နှင့် ဥက္ကဋ္ဌက တိုင်းရင်းသား ပါတီမှ ဖြစ်လာသည့် အတွက် ထူးခြားသည့် တိုးတက်မှုဟု ဆိုနိုင်ကြောင်း အမျိုးသားလွှတ်တော် အမတ်တစ်ဦးက ပြောကြားသည်။

ပြည်သူ့လွှတ်တော်တွင် ယခင်ပုံစံတိုင်းပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဋ္ဌနှင့်၁၁နေရာ၊ ကျန်ပါတီများက လေးနေရာ ပါဝင်ကြောင်းသိရသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့်ဆောင်းပါးများမှကောက်နှုတ်ချက်များ


အမှန်တော့ ပြည်တွင်းမှာတတ်တဲ့ ပညာလေးနဲ့၊ ရှိတဲ့ပညာလေးနဲ့ အလုပ်လုပ်တက်ဖို့ လိုတာပဲ ဖြစ်တယ်။ များသောအားဖြင့် လူကုန်ကူးခံကြရတာ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ ပိုများတယ်။ ဒီနေရာမှာ ပြန်ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံမှာက အငှားမယားအဖြစ် နေထိုင်ဖို့ ရောင်းစားခံရတာ ဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကျတော့ အိမ်ဖော်အဖြစ်၊ ဒါမှမဟုတ် အလုပ်သမားအဖြစ် ရောင်းစားခံကြရတာပါ။

ဒီလိုလူကုန်ကူးမှု ဖြစ်ရပ်တွေကို ဖန်တီးနေတာကတော့ မြန်မာတွေပါပဲ။ ပြည်ပအလုပ်အကိုင်ဘက်ကို ကြည့်ပြန်ရင်လည်း ဒီလိုမြင်တွေ့ရမှာပါ။ ပြည်တွင်းမှာလိမ်ကြသလို ပြည်ပမှာလည်းလိမ်တက်ကြပါတယ်။ ပြောရရင် မြန်မာနိုင်ငံထဲမှာ မြန်မာအချင်းချင်း လိမ်ကြသလို မြန်မာနိုင်ငံပြင်ပမှာလည်း မြန်မာအချင်းချင်း လိမ်နေကြတာပါ။

မတ် ၁၀ ထုတ် ENVOY news မှာပါသည့် မြန်မာတွေကို လိမ်နေသော မြန်မာများခေါင်းကြီး ကောက်နှုတ်ချက်
-------------------------------------------------------------------------------------------------------------
"အလုပ်သမား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ အဖွဲ့ဆိုတာက တကယ် လိုအပ်ပါတယ်။ အလုပ်သမားအရေးဆိုတာ အစိုးရကချည်း လုပ်လို့မရဘူး။ အလုပ်သမား အချင်းချင်းကလည်း လုပ်ပိုင်ခွင့်ရှိရမှာပါ။ တောင်းဆိုပိုင်ခွင့်လည်းရှိရမှာပါ"

မတ် ၉ ထုတ် Weekly ELEVEN News မှာပါသည့် အထူးစီးပွားရေးဇုန်များ ပေါ်ပေါက်လာမှုနှင့်အတူ အလုပ်သမားများ၏ အကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်ပေးနိုင်မည့်အဖွဲ့ ဖွဲ့စည်းတော့သတင်း ဆောင်းပါးမှ တရားရုံးချုပ်ရှေ့နေတစ်ဦး၏ ပြောကြားချက် အပေါ်ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်တော့မယ်ဆိုရင် မူဝါဒပိုင်းကို အစိုးရကသော်လည်းကောင်း အစိုးရ တာဝန်ပေးတဲ့ အဖွဲ့အစည်းကသော်လည်းကောင်း ချပိုင်ခွင့်ရှိတယ်။ ဒါပေမယ့်လို့ စီးပွားရေးမူဝါဒကို အဆိုပြုနိုင်တာက အတိုက်အခံပါတီတွေလုပ်နိုင်တယ်။
မီဒီယာက လုပ်နိုင်တယ်။ ပြည်သူတွေ လုပ်နိုင်တယ်။ ဥပမာ ကမ္ဘာ့ဘဏ်တို့၊ အိုင်အမ်အက်ဖ်တို့ပေါ့။ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို မလုပ်ဘဲ မရတဲ့ တစ်နေ့မှာ  ဘယ်သူကလုပ်မှာပဲ။ အောင်မြင်အောင်လုပ်နိုင်တဲ့သူက ချန်ပီယံဖြစ်မယ်။ နိုင်ငံရေး ပါတီဆိုလဲ နိုင်ငံရေး ဦးဆောင်ပါတီ တစ်ခု၊ နိုင်ငံရေး ခေါင်းဆောင်ဆိုလဲ ဦးဆောင် တစ်ယောက် ဖြစ်သွားနိုင်တယ်။ အဲဒါက အဓိကကျတယ်"

မတ် ၁၀ ထုတ် ရန်ကုန်တိုင်းမ် မှာပါသည့် နိုင်ငံရေးတည်ငြိမ်ရေးနှင့် မူဝါဒချမှတ်မှု ဘယ်လိုယှဉ်တွဲပေါ် ပေါက်လာမလဲသတင်းဆောင်းပါးမှ ဒေါက်တာအောင်ကိုကို ပြောကြားချက်အပေါ်ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

လက်ရှိတွင် မြန်မာနိုင်ငံ ကွန်ပျူတာဖွံ့ဖြိုးရေးဥပဒေ(Computer Science၊ Development Law)၊ Electronic transistion Law  စသည်တို့ကို သက်ဆိုင်ရာပညာရှင်များနှင့် တိုင်ပင်ညှိုနှိုင်းပြီး အကြိမ်ကြိမ် ပြင်ဆင်ကာ ထုတ်ပြန်ပြဋ္ဌာန်းနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

"မြန်မာ့ဆက်သွယ်ရေးဥပဒေ(Telecommunication Law) ကို မူကြမ်းရေးဆွဲပြီးနေပြီဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ကွန်ပျူတာဥပဒေ(Computer Law) အပါအဝင် Cyber Law လို့ခေါ်ဆိုင်နိုင်မယ့် ဥပဒေတွေကို တဖြည်းဖြည်း ပြည့်စုံအောင် ပညာရှင် တွေနဲ့ တိုင်ပင်ပြီး ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။ ၎င်းဥပဒေများ အကောင်အထည်ပေါ်လာပါက ဆိုက်ဘာတိုက်ခိုက်မှုများ၊ အင်တာနက်ဆိုင်ရာ ပြဿနာများကို ဥပဒေဖြင့် ကာကွယ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

မတ် ၁၀ ထုတ် ပြည်မြန်မာ သတင်းဂျာနယ်မှာပါသည့် “ Cyber Laws ဟုခေါ်ဆိုနိုင်မည့် ဥပဒေများကို အကောင်အထည်ဖော်နေသတင်းမှ ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းဆောင်းပါး


ပေါ်ထွန်းလာသည့် နိုင်ငံရေးအခင်အကျင်းဖြင့် ဖော်ဆောင်လာမည့် စီးပွားရေးမူဝါဒ

ယခုအခါ၌ မြန်မာနိုင်ငံသည် အာဏာပိုင်စနစ်မှ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည့် ကနေဦးအပြောင်းအလဲကာလကို ရင်ဆိုင်ကြုံတွေ့နေရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အစိုးရသစ်အပါအဝင် အမျိုးမျိုးသော နိုင်ငံရေး အဆောက်အအုံ ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိသည်။ ထိုအတွက်ကြောင့် မြန်မာနိုင်ငံအတွက် ပေါ်ထွန်းလာမည့် ဒီမိုကရေစီအစိုးရသစ်နှင့် လွှတ်တော်မှ အဓိက လုပ်ဆောင်ရမည်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မှန်ကန်သည့် မူဝါဒများဖြင့် ပြဋ္ဌာန်းအကောင်အထည် ဖော်နိုင်ခဲ့ပါက နိုင်ငံရေးသဘောထားကွဲလွဲမှုများကို တစုံတရာ လျော့ပါးသွားလိမ့်မည်။

“သို့နှင့် နိုင်ငံစီးပွားရေးတိုးတက်ရန် စီးပွားရေးမူဝါဒများကို မည်ကဲ့သို့ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်မည်ကို ကျွမ်းကျင်သူပညာရှင်များ၏ တာဝန်ပင်ဖြစ်သည်။ ဤသည်ကို "ဘောဂဗေဒ သီအိုရီအရ ပြောရရင် မြန်မာနိုင်ငံရဲ့ စီးပွားရေး တည်ငြိမ်မှုကို ရှိဖို့ဆိုရာမှာ လာမယ့် အစိုးရသစ်အနေနဲ့ ပေါ်လစီကောင်းတွေ ရှိမှာဖြစ်သလို လိုက်နာဖို့လဲလိုတယ်၊ နိုင်ငံတိုင်းမှာတော့ ကောင်းတဲ့ပေါ်လစီမူဥပဒေတွေ ပြဋ္ဌာန်းထားတာပဲ၊ မလိုက်နာနိုင်ရင် စီးပွားရေးမတည်ငြိမ်မှုတွေဖြစ်လာမယ်၊ အဲဒီအတွက် ပြောရေးဆိုခွင့်ရှိတဲ့ ပညာရှင်တွေ လိုအပ်တယ်၊ ပြဿနာ တစ်ရပ်ကို ဖြေရှင်းပေးနိုင်ဖို့ရာ အကြံပေးနိုင်တဲ့သူတွေလိုအပ်တယ်" ဟု စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာတင်စိုးကဆိုသည်။

ဤကဲ့သို့ အကြံပေးတင်ပြနိုင်ရန်အတွက် မကြာမီကဖွဲ့စည်းခဲ့သည့် လွှတ်တာ်ဥပဒေကြမ်း ကော်မတီများ၏ ကော်မတီလုပ်ပိုင်ခွင့် ၂(ခ) အရ ပြည်သူများနှင့် သက်ဆိုင်ရာကျွမ်းကျင်သူများ၊ ပညာရှင်များက ဥပဒေရေးရာအကြံပြုချက်များကို  လွှတ်တော် ဥပဒေကြမ်း ကော်မတီများသို့ ပေးပို့အကြံပြု ခွင့်ရရှိမှာဖြစ်သည်။ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဝင်လွှတ်တော်အမတ် ဒေါက်တာ မြတ်ဉာဏစိုး(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF)က "ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီက ကော်မတီလုပ်ပိုင်ခွင့် ၂(ခ)မှာ ဖော်ပြထားသလို ပြည်သူတွေ၊ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေဆီက ဥပဒေရေးရာအကြံပြုချက်တွေ၊ ဝေဖန်သုံးသပ်ချက်တွေကို စိစစ်ပြီး အမျိုးသားလွှတ်တော်ကို တင်ပြ ခွင့်ရှိတယ်။ ပြည်သူတွေရဲ့ အကြံပြုချက်တွေ ကျွန်တော်တို့ဆီပို့ရင် ဆွေးနွေးမည်၊ ဥပဒေ ပြုမယ်ပေါ့" ဟု ရှင်းလင်ပြောကြားသွားခဲ့သည်။

စီးပွားရေမူဝါဒ အသစ်တစ်ခု ချမှတ်ရာ၌ ပြည်သူရေးရာမူဝါဒ ကျွမ်းကျင်သူများနှင့် ကဏ္ဍအ လိုက်ကျွမ်းကျင်သည့် ပညာရှင်များစွာ လိုအပ်သည်ဖြစ်လေရာ ပညာရှင်ရှားပါးသော မြန်မာနိုင်ငံကဲ့သို့ အခက်အခဲများစွာရှိလေသည်။ ထိုကြောင့် စီးပွားရေးမူဝါဒအသစ်ကို ချမှတ် အကောင်အထည် မဖော်သင့် ဘူးဟူ၍ကားမဟုတ်။ ရှိပြီးသားမူဝါဒကိုပဲ ဘယ်လိုကောင်းအောင်ပြုပြင်မည်ဆိုခြင်းမှာ ပို၍ လက် တွေ့ကြမည်ဖြစ်သည်။ " မူဝါဒအသစ်ချတယ် မချဘူးဆိုတာထက် လက်ရှိမူဝါဒထဲမှာ ကောင်းတာရှိ ရင်ဆက်သုံးရမယ်။ မကောင်းတာ ဆိုရင်ပြင်ရမယ်။ အသစ်ချမှတ်တာ မချမှတ်တာကို တစ်ပိုင်းထား၊ လက်ရှိရှိတဲ့အထဲကနေလူထုနဲ့တကွ စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင်  တစ်တိုင်းပြည်လုံးအကျိုးရှိ မယ့် မူဝါဒဆိုရင် ဆက်သုံးမယ်။ ဆက်သွားမယ့် စနစ်နဲ့ မကိုက်ညီဘူးဆိုရင် ဆန့်ကျင် ဘက်ဖြစ်နေရင် ပြင်ရမယ်။ ပြင်ရင်ပြင် မပြင်ရင်ဖျက်ရမယ်၊ ပြောင်းရမယ်။ နောက်မူဝါဒအသစ်တွေ ပြောင်းတော့မယ် ဆိုရင် ပိုပြီးကောင်းတာကတော့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ပုဂ္ဂလိကကဏ္ဍမှာ ရှိတဲ့ ငါးလုပ်ငန်းအ ဖွဲ့ချုပ်တို့လို၊ UMFCCI တို့လို အခု လွှတ်တော် ကိုယ်စားလှယ်တွေကို အဲဒီလိုရှိနေပြီဖြစ်တဲ့ အကြံပေး နိုင်တဲ့ ပုဂ္ဂိုလ်တွေပါဝင်ပြီး ဆောင်ရွက်ရမယ်။ အောက်ကနေအထက်၊ အထက်ကနေအောက် ဘာတွေ လိုအပ်နေကြတာဆိုတာကို မေးမြန်းရမယ်။ တင်ပြတောင်းဆိုရမယ်။ လက်ရှိ စနစ်အရ ဒါတွေပြင်မယ် ဆိုရင် ဘာတွေဖြစ်သွားနိုင်မလဲဆိုပြီး သက်ဆိုက်သူတွေကိုမေးရမယ်။ အချိန်တစ်ခုပေးပြီး အသေး စိတ်မေးရင် အဲဒီကနေ သက်ဆိုင်ရာကဏ္ဍအလိုက် အသံတွေထွက်လာမယ်။ တချို့နေရာမှာ တူတာ လဲရှိမယ်။ အချို့နေရာမှာ မတူတာလဲရှိမယ်။ အချို့က သူ့အကျိုးစီးပွားအတွက် ပြင်ချင်ပြင်မယ်။ နောက်လူက သူ့ကိုထိခိုက်မှာစိုးတဲ့အတွက် ပြင်ဖို့သဘောတူချင်မှတူမယ်။ ဒါတွေကို စဉ်းစားရမယ်။ နိုင်ငံရဲ့စီးပွားရေးဆိုတာ ပန်းပုထုသလိုပါပဲ။ တစ်ခါတည်းနဲ့တော့ ရုပ်လုံးအချောထည်ထွက်လာမှာ မဟုတ်ဘူး။ ဒါကြောင့် အကြမ်းထည်ဆွဲကတည်းက သက်ဆိုင်တဲ့သူတွေ Stake holder အားလုံး ပါဝင်စေသင့်တယ်" ဟု မူဝါဒအသစ်ချမှတ်ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး(၁) ဦးနှင်းဦးက သုံးသပ်ပြောကြားသွားခဲ့သည်။

ထို့ပြင် ယခုအငြင်းပွားနေကြသည့် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုသည်လည်း စီးပွားရေးဖွံ့ဖြိုးမှု အပေါ် တစ်စုံတစ်ရာ သက်ရောက်မှုရှိပါသည်။ အထူးသဖြင့် အနောက်နိုင်ငံမှ အရင်းအနှီးနှင့် နည်းစ နစ်ပိုင်းဆိုင်ရာ အကူအညီများ ဖြတ်တောက်ခံရသောကြောင့်ဖြစ်သည်။

ယင်းကို ဒီမိုကရက်တစ်ပါတီ ဦးသုဝေမှ "စီးပွားရေးပိတ်ဆို့မှုအပေါ် ကျွန်တော်အနေနဲ့ ပါတီ ၁၁ ခုပေါင်းပြီး အရင်ကိုယ့်ပါတီက  ထုတ်ပြန်ခဲ့တဲ့သဘောထားတွေအားလုံးကိုပေါင်းပြီး ပြည်ထောင်စုနေ့မှာ Sanction ကိုဖျက်သိမ်းပေးဖို့  ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အနောက် နိုင်ငံတွေအားလုံးက လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီအရေးတို့ ကို ဦးစားပေး၊ အာရုံစိုက်တဲ့နိုင်ငံတွေမို့ သူတို့ကုမ္ပဏီလာပြီး ရင်းနှီးမြုပ်နှံရင် ပြည်သူလူထုအတွက် အများကြီးအကျိုးရှိတယ်။ Sanctionကြောင့် သူတို့လည်း အကျိုးမရှိဘူး။ ကျွန်တော်တို့လည်း အကျိုးပျက်တယ်။ Sanction လုပ်ပြီဆိုကတည်းက အလုပ်ခံရတဲ့ တိုင်းပြည်၊ အစိုးရဟာ နိုင်ငံတကာနဲ့ ဆက် ဆံရတဲ့အခါမှာ သိပ်သိသာတယ်။ မျက်နှာငယ်ရတယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ် လို့ တိုးတက်ခေတ်မီအောင်လုပ်ဖို့ဆိုရင် Invesmentတွေ Capitalတွေ၊ Human Resourcesတွေ အများကြီးလိုတယ်။ အဲဒီလိုအပ်ချက်တွေ ခပ်များများဟာ အနောက်နိုင်ငံမှာရှိတယ်။ Sanction လုပ် တဲ့အတွက် သူတို့ဆီက ရနိုင်ခွင့်ဆုံးရှုံးသွားတယ်။ အဲဒီအရင်းအမြစ်တွေဟာ ကျွန်တော်တို့က တစ် ဆင့်ယူရတယ်။ ဒီတော့ တစ်ဝက်တစ်ပျက် အကျိုးအမြတ်ပဲရတော့တယ်။ အဲဒါတွေကိုလည်း ကျွန် တော်တို့တိုင်းပြည်ရဲ့ လူနည်းစုတစ်စုလောက်ပဲ ခံစားခွင့်ရတော့တယ်။ ဒီတော့ ပြည်သူတွေအနေနဲ့ ဘာတစ်ခုမှ အကျိုးခံစားခွင့်မရှိဘူး။ သိပ်နစ်နာနေတယ်ဆိုတာထင်ရှားတယ်" ဟု သုံးသပ်ပြောကြား သွားခဲ့သည်။

ဈေးကွက်စီးပွားရေး၌ ဘဏ္ဍရေးကဏ္ဍမှာလည်း အလွန်အရေးပါအရာရောက်ပါသည်။ မြန်မာ နိုင်ငံတွင် ဘဏ္ဍရေးဗဟိုပြု အရင်းအနှီးဈေးကွက် ပေါ်ထွန်းလာနိုင်သည့် ဘဏ္ဍရေးအခြေခံအဆောက် အအုံများ ယခုမှ စတင်ကာ တည်ဆောက်လျက်ရှိသည်။ ဘဏ်များ စတင်ဖွင့်ဖြိုးလာမှုဖြစ်ပါသည်။ သို့ သော် ဘေးထွက်ဆိုးကျိုးမရှိဘဲ မှန်မှန်ကန်ကန်ဘဏ္ဍရေးဈေးကွက်ကြီး ဖွံ့ဖြိုးသွားနိုင်ရန်မှာလည်း ကျွမ်းကျင်သည့် အတက်ပညာရှင်မြောက်မြားစွာလိုအပ်ပါသည်။ နိုင်ငံဖွံ့ဖြိုးရေးအတွက် ဘဏ္ဍရေး ကဏ္ဍနှင့် ပက်သက်၍ ဒေါက်တာ တင်စိုးက သုံးသပ်ပြောပြပုံမှာ "ဘဏ္ဍရေးနဲ့ပတ်သက်ပြီးတော့ ပြော ရရင် Banking(ဘဏ်လုပ်ငန်းနဲ့ပတ်သက်တဲ့ ကောလိပ်ဆိုတာတောင်မရှိသေးဘူး။ ဒီမှာက လူသန်း ၆၀မှာ ငွေကြေးဆိုင်ရာ စီးပွားရေးပညာ Financing Economy နဲ့ မဟာဘွဲ့ရတဲ့သူဆိုတာ မရှိသေးဘူး ထင်တယ်။ ဒီပလိုမာအဆင့်လောက်ပဲရှိကြသေးတယ်။ လူမျိုးရေး၊ ဘာသာရေးမခွဲခြားဘဲ ကျွမ်းကျင် သူတွေကို သင့်တင်ရာနေရာပေးရမယ်" ဟု ယင်းကဆိုသည်။ ဦးသန်းလွင်က ငွေးကြေးကဏ္ဍက " လက်ရှိမြန်မာကျပ်ငွေက နိုင်ငံတကာနဲ့ တပြေးညီမဖြစ်သေးဘူး။ နိုင်ငံတော်လဲလှယ်နှုန်းကတမျိုး မြေပြင်လဲလှယ်နှုန်းကတစ်မျိုးဖြစ်တာမျိုး၊ ဈေးလဲအကွာကြီးဖြစ်တာမျိုးတွေ ပြောင်းဖို့လိုနေသေးတယ်။ FEC ထုတ်နေတာမျိုးတွေ ရပ်သင်နေပြီ။ သူရှိနေတဲ့အတွက် ကြားခံငွေလဲလှယ်နေမှုတွေမှာ အနှောက် အယှက် ဖြစ်စေတယ်။ သူ့အတွက် ဈေးကွက်တစ်ခုသဖွယ်ဖြစ်နေရသေးတယ်။ ၁၉၉၃ ခုနှစ်ကတည်း ကထုတ်ခဲ့တာအခု လောက်ဆိုရင်သင့်နေပြီ။ သူကြောင့် ငွေလဲလှယ်နှုန်းတွေ တစ်ပြေးညီမဖြစ်နိုင် တော့ပဲ ထိန်းချုပ်ခက်နေတယ်။ တရုတ်မှာဆိုရင် FEC ကို နှစ်နှစ်ပဲ ထုတ်ပြီး နောက်ပိုင်းသူ့ငွေတန်ဖိုး တက်လာအောင်ကို နှစ်နှစ်ပဲထုတ်ပြီး နောက်ပိုင်းသူ့ငွေတန်ဖိုးတက်လာအောင်မြှင့်တင်လိုက်လို့ အခု ဆိုရင် နိုင်ငံတကာငွေကြေးနဲ့ကို ရင်ပေါင်တန်းနေပြီ" ဟု ပြောကြားသွားခဲ့သည်။

အချုပ်အားဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရန်  နည်းလမ်းများကို မျက်နှံစာပေါင်းဆုံမှ သုံးသပ် ကြည့်ရှုမှသာ သိမြင်နားလည်နိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက် မှုသည် နိုင်ငံတည်ဆောက်ရေးပင် ဖြစ်လေရာ  သိပ်မွေ့သည်နှင့်အမျှ နက်နဲသည့် ကိစ္စရပ်တစ်ခုဖြစ် သောကြောင့်ဖြစ်သည်။ စီးပွားရေးမူဝါဒကို အဓိက ချမှတ်မည့် လွှတ်တော် အမတ်များသာမက သက် ဆိုင်ရာကျွမ်းကျင်ပညာရှင်များပါ စုစုစည်းစည်း ညီညီညွတ်ညွတ် လက်တွဲ ကြိုးပမ်းမည်ဆိုပါက မြန်မာနိုင်ငံသည် ရှေ့မှသွားနေသည့် အရှေ့တောင် အာရှ နိုင်ငံများကို အမှီလက်နိုင်မည်ဖြစ်ပါကြောင်း။

 ×××××××××××××××××××××××××××××××××××××××××××××××××××
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

၈.၃.၂၀၁၁
 
ပြည်တွင်းသတင်းများ


ထားဝယ် အထူးစီပွားဇုန် ဥပဒေ ထုတ်ပြန်
မတ် ၇။


နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ထားဝယ် အထူးစီးပွားရေးဇုန်ဥပဒေကို ဥပဒေ အမှတ် ၁၇/၂၀၁၁ ဖြင့် ထုတ်ပြန် ကြေညာခဲ့ကြောင်း သတင်းရရှိသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေကို အခန်း ၁၂ ခန်း၊ ပုဒ်မ ၅၈ ခုဖြင့် ပြဋ္ဌာန်းထားပြီး အခန်း ၁၂ ခန်း၏ ခေါင်းစဉ်များမှာ အခန်း(၁) အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊ အခန်း(၂) ရည်ရွယ်ချက်များ၊ အခန်း(၃) ထားဝယ် အထူးစီးပွားရေး ဇုန်၊ အခန်း(၄) ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၅) ရင်းနှီးမြှုပ်နှံသူ၏ အထူးအခွင့်အရေးများ၊ အခန်း(၆) ရင်းနှီး တည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ၏ သီးခြားတာဝန်များ၊ အခန်း(၇) မြေအသုံးပြုခြင်း၊ အခန်း(၈) ဘဏ်နှင့် ငွေရေးကြေးရေး စီမံခန့်ခွဲခြင်းနှင့် အာမခံလုပ်ငန်း၊ အခန်း(၉) အကောက် ခွန် ဦးစီးဌာနက စီမံခန့်ခွဲ ခြင်းနှင့်ကုန်ပစ္စည်းများ စစ်ဆေးခြင်း၊ အခန်း(၁၀) ကူးစက်ရောဂါ ရှိ မရှိ စစ်ဆေးခြင်းနှင့် ကူးစက် ရောဂါပြန့် ပွားမှုမရှိစေရန် သီးသန့်ထားရှိခြင်း၊ အခန်း(၁၁) အလုပ်သမားရေးရာ ကိစ္စရပ်များ၊ အခန်း(၁၂) အထွေထွေတို့ ဖြင့် ပြဋ္ဌာန်းထားကြောင်း သိရသည်။

ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ၏ သီးခြားတာဝန်များနှင့်ပတ်သက်၍ မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေနှင့် ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေ နှစ်ခုစလုံးတွင် ပြဋ္ဌာန်းထားသော်လည်း အချို့ပြဋ္ဌာန်းချက်များသည် မြန်မာ့ အထူး စီးပွားရေးဇုန် ဥပဒေတွင် မပါဝင်ဘဲ ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေတွင်သာ ပါဝင်သည်ကို တွေ့ရှိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေတွင် ရင်းနှီးမြှုပ်နှံသူ၏ အထူး အခွင့်အရေးများကို အသေးစိတ် ပြဋ္ဌာန်းထားသည်ကို ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေပုဒ်မ ၁၂ အရ သိရသည်။
 
ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေအရ ထားဝယ် အထူးစီးပွားရေးဇုန်တွင် ပါဝင်မည့် ဇုန်များမှာ ၁။ အဆင့်မြင့် နည်းပညာစက်မှု ဇုန်များ၊၂။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဇုန်များ ၃။ ပို့ကုန် ပစ္စည်း ထုတ်လုပ်မှု ဇုန်များ ၄။ ဆိပ်ကမ်းနယ်မြေ ဇုန်များ ၅။ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဇုန်များ ၆။ သိပ္ပံနှင့် နည်းပညာ သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေးဇုန်များ
၇။ ဝန်ဆောင်မှု လုပ်ငန်း ဇုန်များ  ၈။ တစ်ဆင့်ခံ ကုန်သွယ်မှု ဇုန်များနှင့် ၉။ အစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့် ဇုန်များ ပါဝင်ကြောင်း သိရသည်
   
မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေကို ဥပဒေအမှတ် ၈/၂၀၁၁ ဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေကို ဥပဒေ အမှတ် ၁၇/၂၀၁၁ ဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။


--------------------------------------------------------------------------------------------

တန်ပိုတင်သည့် ကုန်တင်ယာဉ်နှင့် ကုန်တင်ဆောင်ပေးသည့် ကားဂိတ်ကိုပါ အရေးယူမည်
မတ် ၇။


၂၀၁၁ ခုနှစ် ဇန်န၀ါရီ လဆန်းပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံ၏ အဝေးပြေး လမ်းမကြီးများပေါ်တွင် သတ်မှတ်တန် ချိန်ထက် ပိုမိုတင်ဆောင် သွားလာသည့် ကုန်တင်ယာဉ်ကြီးများ ကုန်တင်ဆောင်ခြင်းနှင့် ပတ်သက်၍ အာဆီယံ စံနှုန်းနှင့် အညီ ဝင်ရိုးအလိုက်သာ ကုန်တင်ဆောင်ရန် သတ်မှတ်ထားပြီးဖြစ်ရာ အဆိုပါ အာဆီယံစံနှုန်းထက် ပိုမို တင်ဆောင်လာပါက ကုန်တင်ယာဉ်အပြင် ကုန်တင်ဆောင်ပေးသော ကားဂိတ်ကိုပါ အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သတိရသည်။

ကားဂိတ် လုပ်ငန်းရှင်များထံသို့လည်း ကုန်စည် တင်ဆောင်ရာတွင် အာဆီယံနှုန်းအတိုင်း ဝင်ရိုးအလိုက်သာ တင်ဆောင်ပေးကြရန် သက်ဆိုင်ရာက မတ်လ ၁ရက်နေ့မှ စတင်ကာ ညွှန်ကြားထာပြီး ဖြစ်ကြောင်းလည်း သိရသည်။

ထို့အတူ လမ်းတံတား လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များမှ အာဆီယံ စံချိန်စံညွှန်းအတိုင်း သတ်မှတ် ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို ဆောင်ရွက်နေမှုအား မည်သူမဆို အနှောင့်အယှက်ပေး ခြင်း ဖြစ်ပေါ်ပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

တန်ပိုတင်ဆောင်ခြင်းအား အရေးယူမှုများကို မတ်လ ပထမအပတ်အတွင်း စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

-------------------------------------------------------------------------------------------------------------

အစိုးရ ငွေတိုက်စာချုပ် အတိုးငွေများ မတ်လ ၁၅ ရက် စတင် ထုတ်ပေးမည်
မတ် ၇။


၂၀၁၀​ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ စနစ်သစ်ဖြင့် ရောင်းချခဲ့သော အစိုးရ ငွေတိုက်စာချုပ်များကို ရောင်းချခဲ့ရာ ငွေကျပ် ၂၃၅၃ သန်းကျော် ရရှိပြီး ရောင်းချထားသည့် အစိုးရ ငွေတိုက်စာချုပ်များအပေါ် အတိုးငွေ ကျပ် ၁၁၃ သန်းကျော်ကို မတ်လ ၁၅ ရက်နေ့မှ စတင်ကာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရ ငွေတိုက်စာချုပ်များကို ဘဏ်များသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တိုက်ရိုက်ရောင်းချပြီး ဘဏ်မဟုတ် သည့် အဖွဲ့အစည်းများနှင့်တစ်ဦးချင်းသို့ ဗဟိုဘဏ်၏ အရောင်းကိုယ်စားလှယ်ဖြစ်သော မြန်မာ့ ငွေချေး သက်သေခံလက် မှတ်များ လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက်(MSEC)မှ  ရောင်းချလျက်ရှိသည်။

အစိုးရ ငွေတိုက်စာချုပ်များသည် နှစ်နှစ်၊ သုံးနှစ်၊ ငါးနှစ် သက်တမ်းရှိ စာချုပ်များ ဖြစ်ကြပြီး အတိုးနှုန်းများမှာ ၁၀ ဒဿမ ၅ ရာခိုင်နှုန်း၊ ၁၁ ရာခိုင်နှုန်းနှင့် ၁၁ဒဿမ ၅ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာ ငွေတိုက်စာချုပ်ရဲ့ အတိုးနှုန်းက ဘဏ်တိုးထက် နိမ့်နေတော့ ဝယ်ယူဖို့ အားမသန်တာပါ။ ရေရှည်မှာ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးလာတာနဲ့အမျှ အတိုးနှုန်းကို ဈေးကွက်က ပြဌာန်းလာမှာဖြစ်လို့ ဈေးကွက်ရဲ့ တောင်းဆိုမှုအရ အတိုးနှုန်း အတက်အကျတွေ အထိုက်အလျောက် ရှိလာနိုင်ပါတယ်။ မျှော်မှန်းဖို့ စောသေးတယ်ဆိုရင်တောင် အတိုးနှုန်းရဲ့ သဘာဝဖြစ်တဲ့ အပ်ငွေ ဒါမှမဟုတ် ရင်းနှီးငွေ ကာလကြာရှည် ရင်းနှီးမှုအပေါ် မူတည်သတ်မှတ်တဲ့ အတိုးနှုန်း ပေါ်ပေါက်လာဖို့ သိပ်မဝေးတော့ဘူးထင်တယ်”ဟု (MSEC)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။  
 

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ


ထို့ပြင် ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြုပ်နှံသူသည် ထားဝယ် အထူးစီးပွားရေး ဇုန်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများအတွက် မြေဌားရမ်းခများ၊ မြေအသုံးချမှု ပရီမီယံကြေးများကို တည်ဆဲဥပဒေများ၊ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းသို့ ပေးချေရမည်ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေး ဇုန် ပုဒ်မ ၃၆ တွင် ပြဋ္ဌာန်းထားသော်လည်း မြန်မာအထူးစီးပွားရေးဇုန်ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားခြင်းမရှိ သည်ကို တွေ့ရသည်။

အလားတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်ပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့် မဆန့်ကျင်ပါက တည်ဆဲ ဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက် တရပ်ရပ်နှင့်  သက်ဆိုင်သည့် ကိစ္စရပ်များကို ဤဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဤဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိသည့် ကိစ္စရပ်များသည် မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေတွင် ပါရှိပါက ယင်း ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေပုဒ်မ ၅၅ တွင်ပြဋ္ဌာန်းထားသည်။

မတ် ၉ ထုတ် Weekly ELEVEN မှာပါသည့် ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေကို ထုတ်ပြန် သတင်း ဆောင်းပါးမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"သုံးချင်သလောက်လည်း သုံးနိုင်ချင်မှ သုံးနိုင်မှာဆိုတော့ မျှမျှတတသုံးစေချင်တယ်။ နိုင်ငံတော်ရဲ့ ရသုံးငွေကိုကြည့်ရင် ရငွေမှာလည်း အခွန်ဘယ်လိုကောက်တယ်၊ နည်းနေလား၊ များသွားလား၊ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုလုပ်သင့်တယ် စတာတွေကို ဆွေးနွေးတဲ့အခါကျမှ ဘတ်ဂျက်က ဘယ်လောက်ရနိုင်တယ်ဆိုတာ ရငွေကို တွက်ရမယ်၊ တွက်ပြီးတော့မှ ဘယ်ဌာနမှာ ဘယ်လောက် သုံးသင့်တယ်ဆိုတာမျိုး လုပ်ရတာကိုး။ ရှိတဲ့ငွေပေါ်မှာ မူတည်ပြီးမှ သုံးရတာဆိုတော့ ကိုယ် သုံးချင်သလောက်တော့ ဘယ်သုံးလို့ရနိုင်မလဲ"

မတ် ၉ ထုတ် Myanmar Post မှာပါသည့် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးသုဝေနှင့် အင်တာဗျူး ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"လယ်သမားတွေကို ပြည်သူ့လွှတ်တော် အမတ်တွေက လိုအပ်ချက်တွေကိုမေးမယ်။ သက်ဆိုင်ရာ လွှတ်တော်ကို တင်ပြ ပြီး ကြိုးစားရမယ်။ လယ်သမားတွေအတွက် အကျိုးရှိရင် တိုင်းပြည်အတွက်လည်းရှိရင် ဥပဒေကို အတည်ပြုရမှာ ဖြစ် တယ်။ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေကလဲ လိုက်နာဆောင်ရွက်သွားရမှာဖြစ်တယ်"

မတ် ၈ ထုတ် Flower news မှာပါသည့် တောင်သူလယ်သမားအရေး အစိုးရသစ်ဖော်ဆောင်ဖို့လို သတင်းဆောင်းပါးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"အခု တရုတ်၊ စင်ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေက နာမည်ကြီးဘဏ်တချို့က မြန်မာနိုင်ငံမှာ ဘဏ်ခွဲတွေ ဖွင့်နိုင်ဖို့အတွက် လာညှိနှိုင်းနေတယ်။  လောလောဆယ် ရှေ့ပြေးညှိနှိုင်းရေး ရုံးလေးတွေ ဖွင့်ပြီး လုပ်ငန်းဆောင်ရွက် နေပါ တယ်။ သူတို့ဘက်ကတော့ မြန်မာပြည်မှာ ဖွင့်ခွင့် ရချင်နေကြတယ်။ မြန်မာပြည်နဲ့ စီးပွားရေးဆက်နွယ်မှုရှိတဲ့သူတို့နိုင်ငံ ကလုပ်ငန်းကို ပံ့ပိုးပေးနိုင်ဖို့ အဓိကထားပြင်ဆင်နေတာပါ"

မတ် ၉ ထုတ် Weekly ELEVEN မှာပါသည့် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် ဖွံ့ဖြိုးရေး ဘဏ်အချို့ ဖွင့်လှစ်ခွင့်ရရှိနိုင်ရန် လာရောက်ညှိနှိုင်းနေ သတင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်
 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းဆောင်းပါး

လွှတ်တော်သို့ ဥပဒေကြမ်းတွေတင်သွင်းတော့မည်.........

 ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် လွှတ်တော်ကော်မတီ လေးခု၌ တစ်ခု အပါအဝင်ဖြစ်သော ဥပဒေကြမ်း ကော်မတီများကို မတ်လ ၁ရက်နေ့က အတည်ပြု ဖွဲ့စည်းရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ၁၀ ဦးနှင့် ကျန်ပါတီများမှ ၁၅ဦးပါဝင်ကြောင်း မတ်လ ၂ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းမီဒီယာများတွင် တရားဝင် ထုတ်ပြန် ထားချက်အရ သိရသည်။

ဥပဒေကြမ်းကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လိုက်နာရန်အချက်များတွင် "ကော်မတီသည် ဥပဒေ ကြမ်းတစ်ရပ်နှင့် စပ် လျဉ်း၍ ပြင်ဆင်ရန် အကြံပြုချက်များသည် ဥပဒေကြမ်းတွင်ပါရှိသည့် ကိစ္စနှင့် စပ်လျဉ်းသော အကြံပြုချက်များ ဖြစ်ရမည့် အပြင် ထိုဥပဒေကြမ်း၏ သဘောတွင် အကျုံးဝင်သော အကြံပြု ချက်များလည်း ဖြစ်ရမည်။ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်း ဆွေး နွေးနိုင်သည်" တို့ပါဝင်သည်။

အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့တွင် ဥပဒေကြမ်း ကော်မတီများ ဖွဲ့စည်းပြီးဖြစ်ရာ ကော်မတီ လုပ် ပိုင်ခွင့် ၂(ခ) အရ ပြည်သူများနှင့် သက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ပညာရှင်များက ဥပဒေရေးရာ အကြံပြုချက်များကို လွှတ်တော် ဥပဒေကြမ်း ကော်မတီများသို့ ပေးပို့ အကြံပြုခွင့် ရှိမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဝင် လွှတ်တော်အမတ် ဒေါက်တာ မြတ်ဉာဏစိုး (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF) ၏ ပြောပြချက်အရ သိရ သည်။ "ကျွန်တော်တို့ ဥပဒေကြမ်း ကော်မတီက ကော်မတီလုပ်ပိုင်ခွင့် ၂(ခ) မှာဖော်ပြထားသလို ပြည်သူတွေ၊ သက်ဆိုင် ရာ ကျွမ်းကျင်သူတွေဆီက ဥပဒေရေးရာ အကြံပြုချက်တွေ၊ ဝေဖန်သုံးသပ်ချက်တွေကို စိစစ်ပြီး အမျိုးသား လွှတ်တော်ကို တင်ပြခွင့်ရှိတယ်။ ပြည်သူတွေရဲ့ အကြံပြုချက်တွေ ကျွန်တော်တို့ဆီပို့ရင် ဆွေးနွေးမယ်၊ ဥပဒေပြုမယ်ပေါ့" ဟု ယင်းမှ ရှင်း လင်း ပြောကြားသွားသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် အခြားလွှတ်တော်အသီးသီးတွင် လွှတ်တော်အမတ်များ အဆိုနှင့် မေးခွန်းများ တင်သွင်းခွင့်ရရှိခြင်းမှာ ဥပဒေပြုလုပ်ငန်းများအတွက် အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ကြောင်း လွှတ် တော်အမတ်အချို့နှင့် နိုင်ငံရေး သုံးသပ်ဝေဖန်သူများက ထောက်ပြ ပြောကြားသည်။ "လွှတ်တော် အစည်းအဝေးရဲ့ ပထမ တစ်နာရီကို မေးခွန်း မေးခွင့် ရမယ်။ နောက်အဆိုလည်း တင်သွင်းခွင့် ရှိတယ်လို့ လွှတ်တော် နည်းဥပဒေတွေမှာ ဖော်ပြထား ပြီးသားပဲ။ သူတို့တင်တဲ့ မေးခွန်းတွေ ၊ အဆိုတွေက ဥပဒေတွေ ဖြစ်သွားတယ်။ ဒါမှ ပြည်သူ့အကျိုး သယ်ပိုးတယ်လို့ ဆိုနိုင်မှာ။ လွှတ်တော်ထဲမှာ ငူငူကြီးထိုင်နေလို့ကတော့ မထူးဘူး" ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်နေ အငြိမ်းစား တရားသူကြီးဟောင်းတစ်ဦးက ဆိုသည်။

လွှတ်တော်သို့ ဥပဒေကြမ်းများ ပေးပို့ရာတွင်လည်း ဥပဒေကြမ်း တင်သွင်းခွင့် ရှိသူများသည် ဥပဒေကြမ်း၏ ရည် ရွယ်ချက်နှင့် အကျိုးအကြောင်း ဖော်ပြချက်တို့နှင့်အတူ မိတ္တူသုံးစောင်ပြုစု၍ လွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံ ပေးပို့ရမည်။ ထို့ပြင် ဥပဒေကြမ်းတစ်ရပ် ပေးပို့ရာတွင် သာမန်အားဖြင့် လွှတ်တော်အစည်းအဝေး မကျင်းပမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ ပေးပို့ရမည် ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်က ပေးပို့သောဥပဒေကြမ်းကို လက်ခံ ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ပါက ဥက္ကဋ္ဌသည် ယင်းဥပဒေကြမ်းကို နိုင်ငံတော် ပြန်တမ်းတွင် ကြေညာစေရမည်ဟု သိရသည်။

 ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ လွှတ်တော် အခွင့်အရေးကော်မတီ၊ အစိုးရ၏ အာမခံချက်များနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီတို့ကို လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။

ထို့အပြင် မတ်လ ၁ ရက်နေ့၌ ကျင်းပခဲ့သော တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ် လွှတ်တော် ပုံမှန် အစည်း အဝေး အသီးသီး၌ ဥပဒေပြုရေး ကော်မတီများနှင့် တိုင်းရင်းသား လူမျိုးများအရေး ဆိုင်ရာ ကော်မတီတို့၏ အဖွဲ့ဝင် ဦးရေ နှင့် အမည်စာရင်းတို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က တင်ပြခဲ့ကြောင်း သိရသည်။

 ဥပဒေပြုရေးဆိုင်ရာ ကော်မတီအတွက် တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အသီးသီးမှ အနည်းဆုံး အဖွဲ့ဝင် ၅ဦးနှင့် အများဆုံး ၁၀ ဦးအထိ လွှတ်တော် ကိုယ်စားလှယ်များနှင့် သင့်လျှော်သည့် နိုင်ငံသားများကို အမည်စာရင်း တင်သွင်းခဲ့ပြီး တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာ ကော်မတီအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များ အသီးသီးမှ အနည်းဆုံး  အဖွဲ့ဝင် ၅ဦးမှ  အများဆုံး ၇ဦးထိ လွှတ်တော်ကိုယ်စားလှယ်များနှင့် သင့်လျှော်သည့် နိုင်ငံသားများ၏ အမည်စာရင်းကို တင်သွင်းခဲ့သည်။

ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းလျာထားချက်များကိုပါ သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များကို တင်ပြခဲ့သည်။ ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မတ် ၃ ရက်တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေး အသီးသီး၌ ဆွေးနွေးနိုင်ကြောင်း ဆွေးနွေးလိုပါက သက်ဆိုင်ရာ လွှတ်တော်ရုံးသို့ အမည်စာရင်းပေးပို့ရန် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌများက ကြေညာခဲ့သည်။

Ref:  True News အတွဲ(၃)၊ အမှတ် (၂၈)

          The Voice weekly အတွဲ(၇)၊ အမှတ် (၁၃)

          Weekly ELEVEN NEWS အတွဲ(၆)၊ အမှတ်(၂၃)
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

၇-၃-၂၀၁၁

ဘာသာပြန်သတင်းများ - ၂

ဂျပန်နှင့် တောင်ကိုရီးယား ကုမ္ပဏီများ ဘရာဇီးမှ Rare Earth ဝယ်မည်


(3 March 2011 ရက်စွဲပါ BBC News မှ “Japanese and Korean Firms Look to Brazil For Rare Earth” ကို ဘာသာ ပြန်ဆိုသည်)

ဂျပန်နှင့် တောင်ကိုရီးယား ကုမ္ပဏီများ စုပေါင်း ထားသော အဖွဲ့ကြီး (Consortium) သည် ဘရာဇီ ရှားပါး သတ္တုမြေ (Rare Earth) တူးဖော်ရေး ကုမ္ပဏီတွင် ရှယ်ယာ ပါဝင်မည် ဖြစ်သည်။

အဆိုပါ အဖွဲ့တွင် ဂျပန်၏ Nippon Steel နှင့် တောင်ကိုရီးယား၏ Posco နှင့် National Pension Service (NPS) တို့ ပါဝင်သည်။ ယင်းကုမ္ပဏီ များသည် ဘရာဇီး၏ Companhia Brasileira de Metalurgie e Mineracao (CBMM) တွင် ၁၅% ရှယ်ယာ ပါဝင်ရန် ဒေါ်လာ ၁.၉၅ ဘီလီယံ (ပေါင် ၁.၉ ဘီလီယံ) ပေးရမည် ဖြစ်သည်။

ဂျပန်နှင့် တောင်ကိုရီးယား တို့သည် အဆင့်မြင့် နည်းပညာသုံး ပစ္စည်းများ ထုတ်လုပ် ရာတွင် အသုံး ပြုသည့် တန်ဖိုး ကြီးမားသည့် သတ္တုများ လုံလောက်စွာ ရရှိ နိုင်ရေး အတွက် ထိုသို့ ပါဝင် ရခြင်း ဖြစ်သည်။

တရုတ် နိုင်ငံသည် လက်ရှိ အားဖြင့် ကမ္ဘာ ပေါ်တွင် လိုအပ်သော Rare Earth ၏ ၉၀% ကို တင်ပို့လျက် ရှိသည်။ သို့သော် တရုတ် နိုင်ငံသည် Rare Earth ကို ပြည်တွင်း အသုံး ပြုမှု တက်လာ သဖြင့် မကြာ သေးမီက နိုင်ငံခြား သို့ တင်ပို့မှုကို လျှော့ချ ခဲ့သည်။
ဂျပန်နှင့် တရုတ် နိုင်ငံ ကြား သံတမန် ရေးရာ အရ အဆင် မပြေမှု ကြောင့် ပြီးခဲ့သည့် စက်တင် ဘာလက တရုတ် နိုင်ငံက Rare Earth တင်ပို့မှုများ လုံးဝ ရပ်ဆိုင်း သွားခဲ့သည်။

အငြင်း ပွားနေသော အရှေ့ တရုတ် ပင်လယ် ကျွန်းများ အနီးတွင် ဂျပန် ရေတပ်က တရုတ် ငါးဖမ်း သင်္ဘော ကပ္ပတိန် အား ဖမ်းဆီး ခဲ့သော အခါ အငြင်းပွားမှု များစတင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အငြင်းပွား မှု ဖြစ်ပြီး နောင်နှစ်လ ကြာသော အခါ ပြဿနာ ဖြေရှင်း ပြီးချိန်တွင် တရုတ်သည် Rare Earth သင်္ဘော တင်မှုကို ပြန်လည် ပြု လုပ် ခဲ့သည်။

ဖေဖော်ဝါရီ လက ဂျပန် နိုင်ငံသည် တရုတ် နိုင်ငံမှ ရှားပါးမြေ တွင်းထွက် သတ္တုများ တင်သွင်း ရမှု အပေါ် မှီခို နေရခြင်းအား လျှော့ချ သွားမည်ဟု ပြော ခဲ့သည်။

တောင်ကိုရီးယား၏ National Pension Service မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား ရာတွင် Nippon Steel ၊ JFE ဦးပိုင်နှင့် Sojitz ကော်ပိုရေးရှင်း တို့ ပါဝင်သော ဂျပန် ရင်းနှီး မြှုပ်နှံ သူများသည် CBMM တွင် ၁၀% ပါဝင် နိုင်ရန် ဝယ်ယူ ကြမည် ဟု ဆိုသည်။
တောင်ကိုရီးယား၏ Posco နှင့် NPS တို့ ပူးပေါင်း၍ အဆိုပါ စတော့ ဈေးကွက်တွင် မပါဝင်သော ဘရာဇီး ကုမ္ပဏီ တွင် ၅% ဝယ်ယူ မည် ဖြစ်သည်။

CBMM သည် ကားနှင့် အခြား ထုတ်ကုန်များတွင် အသုံး ပြုသော အဆင့်မြင့် သံမဏိ ထုတ်လုပ် ရာတွင် အသုံး ပြုသော ရှားပါး သတ္တု Niobium ကို ထုတ်လုပ်သော ကုမ္ပဏီ ဖြစ်သည်။

-----------------------------------------------------------------

လာအိုတွင် မူးယစ် ဆေးဝါးမှု မြင့်တက်ပြီး မြန်မာတွင် မူးယစ် ဆေးဝါး ဖမ်းဆီးရမှု ကျဆင်း

(4 March 2011 ရက်စွဲပါ The Strait Times မှ “Drug Violence Up in Laos, Seizures Down in Myanmar” ကို ဘာသာ ပြန်ဆိုသည်)

ကွန်မြူနစ် နိုင်ငံ တစ်ခု ဖြစ်သော လာအို နိုင်ငံ အနေဖြင့် အိမ်နီးချင်း မြန်မာ၊ တရုတ် နှင့် ဗီယက်နမ် နိုင်ငံ များတွင် မူးယစ် ဆေးဝါး ရောင်းဝယ်မှု ရုတ်တ၏ရက် အံ့အား သင့်ဖွယ် မြင့်တက် လာမှု ကြောင့် ပြင်းထန်သော ရာဇဝတ် မှုများ မကြုံ ဖူးအောင် ဖြစ်ပွားလျက်  ရှိကြောင်း အမေရိကန် အစိုးရက ကြာသ ပတေး နေ့က သတင်း ထုတ်ပြန် ခဲ့သည်။

ဟီးရိုးအင်း၏ ကုန်ကြမ်း ဖြစ်သော ဘိန်း စိုက်ပျိုးမှု မှာ အရှေ့တောင် အာရှ၏ ရွှေတြိဂံ နယ်မြေတွင် လွန်ခဲ့သော ဆယ်စု နှစ် အတွင်း ကျဆင်း ခဲ့သည်။ သို့သော် အက်ဖက် တမင်း အမျိုး အစား မူးယစ် ဆေးဝါး နှင့် ရှု၍ ရသော မူးယစ် ဆေးဝါး ရောင်းဝယ်မှု ကြီးထွား လာသည်။

မြန်မာ စစ်ခေါင်းဆောင် များသည် နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင် များနှင့် စစ်ပွဲများ ဖြစ်လာမည်ကို မလိုလား သောကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် အကြီး အကျယ် ပတ်သက် နေသော တိုင်းရင်းသား လက်နက် ကိုင်များ နှင့် ထိပ်တိုက် ရင်ဆိုင် မှုများကို ရှောင်ရှား သည့် အနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို တားဆီးခြင်း ပြုပုံမရ ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ၂၀၁၀ အတွင်း ကမ္ဘာ့ မူးယစ် ဆေးဝါး ထုတ်လုပ်မှုနှင့် နှိမ်နင်းရေး ကြိုးပမ်း မှုများကို အကဲ ဖြတ်သော နှစ်ပတ်လည် အစီရင် ခံစာတွင် ဖော်ပြ ထားသည်။

မြန်မာ အစိုးရသည် ၂၀၁၀ ဇန်နဝါရီလမှ အောက်တိုဘာ လအတွင်း အင်ဖက် တမင်း အမျိုး အစား မူးယစ်ဆေးပြား နှစ်သန်း နီးပါး ဖမ်းဆီး ခဲ့ရာ ၂၀၀၉ ခုနှစ် အဆိုပါ ကာလ အတွင်း ဆေးပြား ၁၃ သန်းကျော် ဖမ်းဆီး ခဲ့ခြင်းနှင့် နှိုင်းယှဉ် အတော် နည်းသည်ကို တွေ့ရမည် ဖြစ်သည်။

မြန်မာ နိုင်ငံမှ မူးယစ် ဆေးဝါး ထုတ်လုပ် သူများ အတွက် အဓိက ဈေးကွက် ဖြစ်သော အိမ်နီးချင်း ထိုင်းနိုင်ငံသည် ၂၀၁၀ ခုနှစ် အတွင်း အင်ဖက် တမင်း ဆေးပြား ၃၂ သန်းကျော် ဖမ်းဆီး ရမိ ခဲ့သည်။
လာအို အစိုးရသည် မဲခေါင် မြစ်နှင့် တောင် ထူထပ်သော သစ်တော အုပ်ကြီးများ ရှိသည့် နိုင်ငံ တကာ နယ်စပ် ကီလိုမီတာ ငါးထောင်ကျော် ရှိသဖြင့် ထို ဒေသ တွင် ရဲတပ်ဖွဲ့မှ လုံခြုံရေး နှင့် တရား ဥပဒေ ကိစ္စများ ထိန်းချုပ်ရန် ကြီးမားသော အတား အဆီးများ ရှိနေသည်။ ထို့ကြောင့် လာအိုသည် ဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ညီလာခံများတွင် ပါဝင် သော်လည်း မူးယစ် ဆေးဝါး အမှုများနှင့် ပတ်သက်၍ သတင်း အချက် အလက် ပံ့ပိုးမှု အားနည်း လှသည်ကို တွေ့ရသည်။

-------------------------------------------------------------

မြန်မာ နိုင်ငံတွင် မြောက်ကိုရီးယား အကူအညီဖြင့် စကာ့ဒ် ဒုံးကျည် ထုတ်လုပ်နေ

(The Chosunilbo မှ 7th Mar 2011 ရက်စွဲပါ Myanmar Developing Scud Missiles with N. Korea Assistance သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံသည် မြောက်ကိုရီးယား၏ အကူ အညီဖြင့် ကိုယ်ပိုင် စကာ့ဒ် ဒုံးကျည်များ ထုတ်လုပ်ရန် ကြိုးစား နေကြောင်း ဂျပန် နေ့စဉ် သတင်းစာ ဆန်ကိုင်း ရှင်ဘွန်း၏ အဆိုအရ သိရှိ ရသည်။

လွန်ခဲ့သော နှစ်များ အတွင်း အဆိုပါ နှစ်နိုင်ငံ အကြား ဆက်ဆံရေး သိသိ သာသာ ကြီးထွား လာခဲ့သည့် အလျောက် ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် ၎င်းတို့ နှစ်နိုင်ငံက ရင်းနှီးသော စစ်ဖက် ဆက်ဆံရေးကို ထူထောင် ထိန်းသိမ်းလျက် ရှိကြသည်။

မြန်မာ နိုင်ငံ အလယ်ပိုင်း မင်းလှမြို့ အနီးရှိ ခဲယမ်း မီးကျောက် စက်ရုံမှာ အမှန် တကယ်တွင် မြောက်ကိုရီးယား ဒုံးကျည် ကျွမ်းကျင် ပညာရှင်များ အလုပ် လုပ်နေသော နေရာ ဖြစ်သည်ဟု ဆန်ကိုင်း ရှင်ဘွန်းက တနင်္ဂနွေနေ့တွင် ဖော်ပြ လိုက်သည်။

မြန်မာ အစိုးရ၏ လျှို့ဝှက် စစ်ရေး ရည်မှန်းချက် များသည် ဒေသတွင်း လက်နက် ပြိုင်ဆိုင်မှုကို အစပျိုး ပေးနိုင်ဖွယ် ရှိပြီး ထိုင်းနိုင်ငံ ကဲ့သို့ အိမ်နီးချင်း တိုင်းပြည် များအား ၎င်းတို့၏ ကိုယ်ပိုင် ဒုံးကျည် စီမံကိန်းများ အကောင် အထည် ဖော်အောင် လှုံ့ဆော် ပေးသလို ဖြစ်မည်ကို အကဲခတ် ကျွမ်းကျင် သူများက စိုးရိမ် ပူပန်လျက် ရှိသည်။

---------------------------------------------------------------

တောင်တရုတ် ပင်လယ်တွင် တရုတ် စစ်ရေး လေ့ကျင့်မှုကို ဗီယက်နမ် ကန့်ကွက်

(Monsters and Critics မှ 4th Mar 2011 ရက်စွဲပါ Vietnam protests Chinese military exercise in South China Sea သတင်းကို ဘာသာ ပြန်ဆိုသည်)

တောင်တရုတ် ပင်လယ် အတွင်းရှိ အငြင်းပွား စပရက်တလီ ကျွန်းစုများ အနီး လတ်တလော ပြုလုပ် ခဲ့သော တရုတ် စစ်ရေး လေ့ကျင့်မှုကို ဗီယက်နမ် တာဝန်ရှိ ပုဂ္ဂိုလ်များက ကန့်ကွက် ခဲ့ကြ ကြောင်း ဗီယက်နမ် နိုင်ငံပိုင် မီဒီယာက သောကြာနေ့တွင် သတင်း ထုတ်ပြန် လိုက်သည်။

တရုတ် ရေတပ်က ပင်လယ် ဓားပြ နှိမ်နင်းရေး စစ်ရေး လေ့ကျင့်ခန်းကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ် ခဲ့သည်။

အဆိုပါ စစ်ရေး လေ့ကျင့် မှုသည် ဗီယက်နမ်ပိုင် ကျွန်းများ၏ အချုပ် အခြာ အာဏာကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း တရုတ် နိုင်ငံနှင့် ပြုလုပ်သော အစည်း အဝေးတွင် ဗီယက်နမ်က ပြောကြား ခဲ့သည်ဟု နိုင်ငံ ခြားရေး ဝန်ကြီး ဌာနကို ကိုးကားကာ နိုင်ငံပိုင် သတင်းစာ Viet Nam News က ဖော်ပြ ထားသည်။

၂၀၀၂ ခုနှစ်က အာဆီယံ အဖွဲ့နှင့် တရုတ် နိုင်ငံတို့ လက်မှတ် ရေးထိုး ခဲ့ကြသည့် တောင်တရုတ် ပင်လယ် ဆိုင်ရာ စီမံ ခန့်ခွဲမှု ကြေညာ စာတမ်းကို ယခု စစ်ရေး လေ့ကျင့်စဉ်က တုန့်ပြန် ဆန့်ကျင်သည့် သဘော သက်ရောက် နေသည်ဟု ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆို လိုက်သည်။

ဗီယက်နမ် အစိုးရက ကြာသ ပတေးနေ့တွင် အစိုးရ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပကာ ပင်လယ်ပြင်၊ ကျွန်းစုများ၊ နယ်နိမိတ် မျဉ်းနှင့် နယ်ခြား မှတ်တိုင် ဆိုင်ရာ ဗီယက်နမ်ပိုင် အထောက် အထား စာရွက် စာတမ်း များကို ပြန်လည် သုံးသပ်မှု ပြုလုပ် နေသည်။
ပင်လယ်ပြင်နှင့် ကျွန်းစုများ ဆိုင်ရာ သတင်း အချက် အလက် ထုတ်ပြန်မှု များသည် တိုင်းပြည်၏ ပုံရိပ်ကို မြှင့်တင် ပေးနိုင်ပြီး မမှန်ကန်သော အချက် အလက်နှင့် အငြင်းပွားမှု များကို မှားယွင်းကြောင်း သက်သေ ပြနိုင်သည်ဟု ကွန်မြူနစ် ပါတီ တာဝန်ရှိ ပုဂ္ဂိုလ် ဒင်သီဟုယင် ပြောကြား သည့် အတိုင်း Viet Nam News သတင်းစာက ဖော်ပြခဲ့သည်။

တောင်တရုတ် ပင်လယ် ရေပြင် တဝိုက်နှင့် စပရက်တလီ ကျွန်းများ၏ ပိုင်နက် အချုပ်အချာ ကိစ္စရပ် များနှင့် ပတ်သက်၍ ဗီယက်နမ်နှင့် တရုတ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင် နိုင်ငံများ အကြား ယခင် ကပင် အငြင်းပွား မှုများ ရှိနေခဲ့သည်။
အဆိုပါ ကျွန်းများနှင့် ပတ်ဝန်းကျင် ရေပြင်တွင် ပင်လယ် ကြမ်းပြင် အောက် သယံဇာတများ ရှိနေ သည်ဟု ယုံကြည် ထားကြသည်။

--------------------------------------------------------------------------------

ဆန္ဒပြရန် လှုံ့ဆော်မှုများကို တရုတ် နိုင်ငံပိုင် သတင်းစာ ရှုတ်ချ

(AFP သတင်း ဌာနမှ 6 Mar 2011 ရက်စွဲပါ Chinese state media slams calls for protests သတင်းကို ဘာသာ ပြန်ဆိုသည်)

တနင်္ဂနွေ နေ့တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ ချီတက်ပွဲများ ပြုလုပ်ရန် လတ်တလော တောင်းဆို လှုပ်ရှား မှုများ အပေါ် ပြစ်တင် ဝေဖန်မှုကို တရုတ် နိုင်ငံပိုင် မီဒီယာက အရှိန် မြှင့်တင် လိုက်ပြီး အရှေ့ အလယ် ပိုင်းတွင် ပျံနှံ့ နေသည့် လူထု အုံကြွမှုများ တရုတ် နိုင်ငံသို့ ကူးစက် လာနိုင်ဖွယ် ရှိကြောင်း စိုးရိမ် ပူပန်နေသည့် ကြားမှပင် နိုင်ငံတော် တည်ငြိမ် ရေးသည် အရေးကြီး ကြောင်း သတိပေး ဖော်ပြခဲ့သည်။

တနင်္ဂနွေ လမ်းလျှောက် ချီတက်ပွဲ များတွင် ပါဝင်ရန် အတွက် တရုတ်နိုင်ငံ မြို့ကြီး များစွာတွင် နိုင်ငံသား များ စုဝေး ကြရန် Online တွင် ထပ်မံ လှုံဆော်မှုများ ပေါ်ထွက် လာခြင်းကြောင့် နိုင်ငံ သတင်းစာတွင် အလားတူ မှတ်ချက် ပေးမှုကို ပထမဆုံး အကြိမ် ဖော်ပြခဲ့ပြီး တစ်ရက် အကြာတွင် ယခုပြစ်တင် ဝေဖန်မှု ပေါ်ထွက် လာခြင်း ဖြစ်သည်။

ပြည်တွင်း၊ ပြည်ပရှိ လျို့ဝှက် လှုပ်ရှားသူ အချို့က လမ်းပေါ် နိုင်ငံရေး (သို့) ဆန္ဒ ပြပွဲများကို တိုက်တွန်း လှုံ့ဆော်ရန် နည်းလမ်း ပေါင်းစုံ အသုံးပြု နေကြ သည်ကို အရေးတကြီး သတိထား ကြရမည်ဟု ဘေဂျင်း လူငယ် နေ့စဉ် မျက်နှာဖုံး ဆောင်းပါးက ဆိုသည်။

ဆူပူ လှုံ့ဆော် လိုသူ များသည် သတင်းမှားများ ဖန်တီး ဖြန့်ချိရန်၊ အရှေ့ အလယ်ပိုင်းနှင့် အာဖရိက မြောက်ပိုင်းမှ ဗရုတ် သုတ်ခ အခြေ အနေမျိုး တရုတ် နိုင်ငံတွင် ဖြစ်ပွား စေလိုသည့် ရည်ရွယ် ချက်ဖြင့် တရားမဝင် စုဝေး ချီတက်ပွဲ များကို တိုက်တွန်း လှုံဆော်ရန်၊ တရုတ် နိုင်ငံကို ဖျက်ဆီးရန် အတွက် အင်တာနက်ကို အသုံးပြု နေကြ သည်ဟု အဆိုပါ ဆောင်းပါးတွင် ပြစ်တင် ဝေဖန်ထားသည်။

ရှန်ဟိုင်း မြို့တော်မှ အစိုးရ ကွန်မြူနစ် ပါတီ အာဘော် ဂျီဖန်း နေ့စဉ် သတင်းစာ ကလည်း အလားတူ ဝေဖန် ချက်မျိုးကို ဖော်ပြကာ လူမှု အဖွဲ့ အစည်း ညီညွှတ်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းကြရန် ပြည်သူ များကို တိုက်တွန်းခဲ့သည်။ ပြည်သူများ အနေဖြင့် မိမိတို့၏ ကိုယ်ကျိုး စီးပွားကို ဂရုစိုက်သည့် နည်းတူ ခက်ခဲစွာ ထူထောင် ထားသော တည်ငြိမ် အေးချမ်း နေမှုကို အမြတ်တနိုး ရင်ဝယ် ပိုက်ကာ ဂရုတစိုက် ထိန်းသိမ်း ကြရမည်ဟု အဆိုပါ သတင်းစာတွင် ဖော်ပြ ထားသည်။

အာရပ် ကမ္ဘာတွင် ရေပန်း စားနေသည့် လူထု အုံကြွမှုများ၏ လှုံဆော်မှုကြောင့် တရုတ် နိုင်ငံတွင် တနင်္ဂနွေ ချီတက်ပွဲများ ကျင်းပရန် တောင်းဆို လှုံ့ဆော်မှုများ မရေတွက် နိုင်အောင် များပြား လာခြင်းကြောင့်  တရုတ် အာဏာ ပိုင်များက လူထု မငြိမ်သက်မှု ဖြစ်ပေါ်မည်ကို ပိုမို စိုးရိမ် ပူပန်လျက် ရှိပြီး ဓနဥစ္စာ ကွာဟမှု၊ အဂတိ လိုက်စားမှု စသော ကိစ္စရပ်များ အပေါ် မကျေနပ်မှုများ ကြီးထွား နေသည့် ကြားတွင် ဗူးလေးရာ ဖရုံဆင့် မည်ကို တရုတ် အစိုးရက ကြောက်ရွံ့လျက် ရှိသည်။

----------------------------------------------------------------------

မြန်မာ၊ မလေးရှား ကုန်သွယ်ရေး ဆက်ဆံမှု တိုးမြှင့်မည်

(Daily News မှ 7 Mar 2011 ရက်စွဲပါ Myanmar Malaysia boost business ties သတင်းကို ဘာသာ ပြန်ဆိုသည်)

          မြန်မာ နိုင်ငံနှင့် မလေးရှား နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် များသည် လာမည့် အပတ် ရန်ကုန် မြို့တော်တွင် ကုန်သွယ်၊ စီးပွား ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကာ ကဏ္ဍ ပေါင်းစုံတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် နည်းလမ်းများ ရှာဖွေ ကြမည်ဟု နိုင်ငံပိုင် နေ့စဉ် သတင်းစာက တနင်္ဂနွေနေ့တွင် ဖော်ပြသည်။ ပြည်ထောင်စု မြန်မာ နိုင်ငံ ကုန်သည်ကြီး များနှင့် စက်မှု လုပ်ငန်း ရှင်များ အသင်း UMFCCI နှင့် တန်ချောင် အုပ်စု ဦးဆောင်သော မလေးရှား စီးပွားရေး ကိုယ်စားလှယ် အဖွဲ့တို့ အကြား ဆွေးနွေးမှုကို လာမည့် ကြာသ ပတေးနေ့တွင် ပြုလုပ်မည်ဟု အစိုးရ အာဘော် New light of Myanmar သတင်းစာက ဆိုသည်။

          ပြီးခဲ့ သည့်နှစ် မတ်လက အလားတူ မလေးရှား ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ မြန်မာ နိုင်ငံသို့ လာ ရောက်ခဲ့စဉ် အတော အတွင်း လျှပ်စစ် အသုံး အဆောင် ပစ္စည်း၊ သတင်း နည်းပညာနှင့် လယ်ယာ စိုက်ပျိုးရေး စသော ကဏ္ဍရပ်များတွင် ကျယ်ကျယ် ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်မှု ရရှိခဲ့ကြသည်။ နောက်ပိတ်ဆုံး ဖြစ်ပေါ် တိုးတက်မှု အဖြစ် မလေးရှား လုပ်ငန်းရှင်များက ရန်ကုန်တွင် ကျင်းပ ခဲ့သည့် ကုန်စည် ပြပွဲနှင့် ထွက်ကုန် မိတ်ဆက် ရှင်းလင်းပွဲမှ တစ်ဆင့် ၎င်းတို့၏ စားအုန်းဆီကို တင်သွင်း မိတ်ဆက် ခဲ့ကြသည် ဟုလည်း သိရှိ ရသည်။

          တရားဝင် ကိန်းဂဏန်းများ အရ ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ် အတွက် နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၃၁၂ သန်း ရှိခဲ့သည်ဟု ဆိုသည်။

          မလေးရှား နိုင်ငံသည် မြန်မာ နိုင်ငံ၏ ဆဌမမြောက် အကြီးဆုံး ပြည်ပ ကုန်သွယ်ဖက် ဖြစ်သော ထိုင်း၊ စင်ကာပူ၊ တရုတ်၊ အိန္ဒိယ၊ ဟောင်ကောင် တို့၏ နောက်တွင် ရပ်တည်လျက် ရှိသည်။

-------------------------------------------------------------------------

အပြောင်းအလဲ ကာလ အတွက် အကြမ်း မဖက်သော လုပ်ငန်းစဉ်

(4 March 2011 ရက်စွဲပါ Marila Bulletin မှ Dr.Florangel Rosario Braid ရေးသားသော Nonviolence ကို ဘာသာ ပြန်သည်)

ကမ္ဘာကြီးသည် အစောပိုင်းက ယူကရိန်း၊ ဆားဘီးယား၊ ယခု အရှေ့ အလယ်ပိုင်း တို့တွင် တော်လှန်ရေး ပြောင်းလဲမှုများ တသီ တတန်းကြီး ဖြစ်လိမ့်မည်ဟု ထင်မထား ခဲ့ပေ။ သို့သော် ထိုသို့ ဖြစ်ရန် အခြေ အနေ များတော့ ရှိခဲ့သည်။ ထိုသို့သော လှုပ်ရှားမှုများ ပေါ်ပေါက် လာရန် အီဂျစ်၊ အီရန်၊ တူနီးရှား၊ ဘာရိန်း၊ ယီမင်တို့မှ အတွေး အခေါ် ကောင်းသူ လူငယ် အုပ်စုများက ဦးဆောင် ခဲ့ကြပြီး သတင်း အချက် အလက်နှင့် ဆက်သွယ်ရေး နည်းပညာ များက အားကောင်း အောင် ပံ့ပိုး ခဲ့သည်။

ထင်ရှားသော အချက် တစ်ခုမှာ အာဏာရှင် အစိုးရ များမှာ ဆက်လက် မရှင်သန် နိုင်တော့ ဟူသော အချက်ပင် ဖြစ်သည်။ အင်အား သုံးခြင်းထက် စာလျှင် အကြမ်း မဖက်ခြင်း နည်းလမ်းသည် ဒီမိုကရေစီ အောင်မြင်ရေး အတွက် သင့်တော်သော မဟာဗျူဟာ ဖြစ်ပေသည်။

အသက် (၈၃) နှစ် ရှိပြီ ဖြစ်သော ပညာရှင်နှင့် အကြမ်း မဖက်ရေး မူဝါဒများ အမှတ် ပေးခဲ့သည်။ ၎င်းသည် အမြတ် အတွက် မဟုတ်သည့် Albert Einstein Institution ကို တည်ထောင် ခဲ့ပြီး ကမ္ဘာ တလွှား ပဋိပက္ခများကို အကြမ်း မဖက်သော နည်းဖြင့် တုန့်ပြန်ရန် ပညာ ပေးခဲ့သည့် အဖွဲ့ ဖြစ်သည်။ အီဂျစ်တွင် ဧပြီ ၆ လှုပ်ရှားမှုနှင့် ပတ်သက်သော သတင်း မှတ်တမ်းတွင် လူငယ် မျိုးချစ် အဖွဲ့ ခေါင်းဆောင်က ၎င်းတို့သည် Gene Shorp ၏ မဟာ ဗျူဟာကို အသုံးပြု ခဲ့ကြောင်း ဝန်ခံ ခဲ့သည်။ ထိုနည်း တူပင် ဆားဗီးယားရှိ otpor လှုပ်ရှားမှုတွင်လည်း Gene Sharp နည်းကို သုံး၍ Milosevic ကို အောင်မြင်စွာ ဖြုတ်ချ နိုင်ခဲ့သည်။ Sharp ၏ မက်ဆေ့ခ်ျမှာ ရိုးရိုးလေး ဖြစ်ပြီး အာဏာရှင်၏ ပါဝါသည် အအုပ်ချုပ်ခံ ပြည်သူ၏ နာခံရန် လိုလားမှုမှ ဆင်းသက် လာကြောင်း၊ အကယ်၍ ပြည်သူ လူထုက နာခံရန် ငြင်းဆန်ခဲ့ပါက အစိုးရသည် တစစီ ပြိုကွဲမည်ဟု ဆိုသည်။ ထိုမက်ဆေ့ခ်ျကို ၁၉၉၃ ခု နှစ်က  မြန်မာနိုင်ငံမှ ဒီမိုကရေစီ လှုပ်ရှားမှုများ အတွက် ၎င်းရေးသား ခဲ့သော “From Dictatorship to democracy စာအုပ်တွင် ထပ်မံ ထည့်သွင်း ရေးသား ခဲ့သည်။ အဆိုပါ မက်ဆေ့ခ်ျမှာ ထိုင်းနိုင်ငံနှင့် အင်နိုနီးရှား နိုင်ငံများသို့ ပျံ့နှံသွား ခဲ့သည်ဟု ဆိုခဲ့ပြီး၊ စစ်အာဏာရှင် စနစ်အား ဆန့်ကျင်ရာတွင် အသုံးပြု ခဲ့သည်။

၎င်း၏ စာအုပ်တွင် အကြမ်း မဖက်သော လက်နက် (၁၉၈) မျိုးကို ဖော်ပြ ထားရာ အရောင်များ သင်္ကေတ များ အသုံး ပြုပုံကို ပါဝင်သည်။ အဆိုပါ စာရင်းမှ အဓိက အချက် များကို ဖော်ပြ ရမည် ဆိုလျှင်
  • လွတ်မြောက်ခြင်း (Freedorm အောင်မြင် ရေးနှင့် လူ့အဖွဲ့ အစည်း အမြင် အတွက် မဟာ ဗျူဟာ တိုးတက်ရန် ပြုလုပ်ပါ။
  • အငယ်စား ပြန်လည် တွန်းလှန် မှုများ ပြုလုပ်ပြီး ကြောက်စိတ်ကို ကျော်လွှားပါ။
  • ပြန်လည် ခုခံမှုများ ညီညွှတ်မှု ရှိကြောင်း ပြသရန် အရောင်များ၊ သင်္ကေတများကို အသုံးပြုပါ။
  • သမိုင်းတွင် အကြမ်း မဖက်သော လှုပ်ရှားမှုများ၏ အောင်မြင်ခဲ့ပုံ ဥပမာများကို လေ့လာပါ။
  • အကြမ်း မဖက်သော လက်နက် များကို အသုံးပြုပါ။
  • အာဏာရှင် စနစ်ကို အထောက် အကူ ပြုနေသော ဒေါက်တိုင်များကို ဖော်ထုတ်၍ ၎င်းတို့ကို အားနည်းအောင် ပြုလုပ်သော မဟာ ဗျူဟာများ ချမှတ်ပါ။
  • အစိုးရ၏ ဖိနှိပ်မှု၊ သွေးထွက် သံယို ရက်စက် မှုများကို သင်တို့၏ လှုပ်ရှားမှုများ အတွက် အားအင် ဖြည့်တင်း ပေးသော လက်နက် အဖြစ် အသုံးပြုပါ။
  • လှုပ်ရှားမှုတွင် အကြမ်း ဖက်ရန် လုပ်ဆောင် သူများကို ဖယ်ရှား ပစ်ရမည်။
အီဂျစ်တွင် အောင်မြင်စွာ အသုံးပြု နိုင်ခဲ့သော မဟာ ဗျူဟာမှာ မူဘာရက်၏ အကြီးဆုံး အထောက် အပံ့ ဖြစ်သော စစ်တပ် ကဲ့သို့သော အစိုးရ၏ အဓိက ဒေါက်တိုင်ကို ဖော်ထုတ် နိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်။ ပြည် သူများက မိမိတို့၏ ကိုယ်ပိုင် စွမ်းအားဖြင့် အာဏာရှင်ကို ဖယ်ရှား နိုင်လိမ့် မည်ဟု ယုံကြည် နေသ၍ ကာလ ပတ်လုံး ကြောက်ရွံ့ နေခြင်းနှင့် စိတ်မဝင် စားမှုတို့ မဖြစ်အောင် ထိန်းချုပ် ထားနိုင်မည် ဖြစ်သည်။ သို့သော် အာဏာ ရှင်များ မရှိတော့လျှင် ဘာဆက် လုပ်ရမည် ကိုမူ Sharp က အကြံပြု နိုင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် အကြမ်း မဖက် သော ဝါဒကို ကိုင်စွဲ ထားသူ များသည် တော်လှန်ရေး ပြီးနောက် နောက်ထပ် ခြေလှမ်း အဖြစ် လုပ်ကိုင်ရန် များကို ထင်ရှားသော အတွေး အခေါ် ပညာရှင် များထံ အကြံဥာဏ် တောင်းခံ နေရသည်။

          ၎င်းတို့ ပြောကြားသော အချို့ အချက် များတွင် အကြီးမား ဆုံးသော စိန်ခေါ်မှုမှာ အရှိန်ကို ဆက်လက်၍ မည်သို့ ထိန်းသိမ်းမည် ဆိုသည်နှင့် စစ်တပ်ကို အာဏာရှင်တွင် မယစ်မူး အောင် ပြုလုပ်ရေးပင် ဖြစ်ကြောင်း ဆိုသည်။ ဒီမိုကရေစီကို ဆက်လက် ရှင်သန်ရေး မစုစည်း ရသေးသော လှုပ်ရှားမှုများ အတွက် ရှေ့ဆက်ရမည့် ခြေ လှမ်း အချို့မှာ          
(၁) အကြမ်း မဖက်ရေး နည်းဗျူဟာ များကို အသုံးပြု၍ ဆက်လက် စုစည်းထားကာ ရွှေ့လျား စေရန်
(၂)အခြေခံ ဥပဒေ ဆိုင်ရာများ ပြန်လည် သုံးသပ်ရာတွင် တရား မျှတပြီး ထိရောက်သော လုပ်ငန်းစဉ် များ ချမှတ် နိုင်ရန် အစိုးရ၏ ကျန်ရှိသော ထိရောက်သော လုပ်ငန်းစဉ်များ ချမှတ် နိုင်ရန် အစိုးရ၏ ကျန်ရှိသော အဓိက ပုဂ္ဂိုလ်များနှင့် မဟာဗျူဟာ ကျကျ မည်သို့ ဆွေးနွေး ညှိနှိုင်း နိုင်မည် ဆိုသည်ကို လေ့လာရန်
(၃) ပိုလန်နှင့် တောင်အာဖရိကမှ အသွင် ကူးပြောင်းရေး များကို လေ့လာရန်
(၄)အရှိန်ကို ဆက်ထိန်း နိုင်ရန် လေ့လာပါ။ အထူးသဖြင့် အသွင် ပြောင်းရေးနှင့် အချိန်နှင့် အမျှ အဓိပ္ပါယ် ကောက်ယူနိုင်ရေး (Transformation and deconatruction) စသော အသေးစိတ် အချက် များက အစ ထိန်းသိမ်း ထား နိုင်ရန်
(၅) တန်ပြန် အာဏာ မသိမ်း နိုင်ရေးကို ကာကွယ်ရန် လုံ့လ စိုက်ထုတ်ရန်
(၆) လူအဖွဲ့ အစည်း အတွက် စိန်ခေါ်မှု တစ်ခု ဖြစ်သော အသွင် ကူးပြောင်းရေးကို ပြီးစီးအောင် ပြုလုပ်ရန်၊ ဥပမာ အားဖြင့် မူဘာရတ်က အာဏာကို စစ်တပ်သို့ ပေးရာမှ၊ နောက်ဆုံး ပြည်သူထံ ရောက်ရှိရေး ဆောက်ရွက် ရန်၊
(၇) တော်လှန်ရေးမှ ရရှိသော အောင်မြင်မှု များကို စွမ်းအားနှင့် ကြံ့ခိုင်မှုတို့ အဆက် မပြတ် ဖြည့်ဆီးပြီး ထိန်းသိမ်း ထားရန်
(၈) အကြီးဆုံး စိန်ခေါ်မှုများ အကြမ်း မဖက်သော လုပ်ဆောင်မှု များကို နားမလည် သူများ၏ ယုံကြည် ချက်များ ကို နားလည်အောင် ထိန်းချုပ် ထားနိုင်ရေး စသည်များ ဖြစ်သည်။

----------------------------------------------------------------------------
 
အငြင်းပွားဖွယ် ကျွန်းစုအနီးသို့ ကပ်လာသော တရုတ်သင်္ဘောကို ဂျပန်သတိပေး

(AFP သတင်းဌာနမှ 5 Mar 2011 ရက်စွဲပါ Japan Warns China Ship mear disputed isles သတင်းကို ဘာသာ ပြန်ဆိုသည်)

ဒေသတွင်း ပြိုင်ဖက်များ ဖြစ်သော တရုတ်နှင့် ဂျပန်တို့ အကြားရှိ အစာ မကြေသော ရေပြင် နယ်နမိတ် စည်းပေါ်ရှိ အငြင်းပွား ကျွန်းစု အနီးသို့ တရုတ် ကမ်းခြေစောင့် သင်္ဘော ချဉ်းကပ် လာခဲ့ခြင်းကြောင့် ဂျပန် နိုင်ငံတွင် စနေနေ့က တပ်လှန့် သတိ ပေးမှုများ ဖြစ်ပေါ် ခဲ့သည်။

အရှေ့ တရုတ် ပင်လယ် တွင်းမှ ဂျပန်လို ဆင်ကာကူ၊ တရုတ်လို ဒေါင်ယု ဟု ခေါ်ကြသော လူသူ မနေသည့် ကျွန်းစု အနီးသို့ ချဉ်းကပ် လာသည့် တရုတ် သင်္ဘောကို ကင်းလှည့် လေယာဉ်က ထောက်လှမ်း တွေ့ရှိ ခဲ့ခြင်း ဖြစ် သည်ဟု ဂျပန် ကမ်းခြေ စောင့်တပ်က ပြောကြားသည်။

ဂျပန် ကမ်းခြေ စောင့်တပ်၏ ကြေညာ ချက်တွင် “ဂျပန် နိုင်ငံက ပိုင်ဆိုင်ကြောင်း ကြေညာ ထားသည့် ရေပြင် ပိုင်နက် အတွင်းသို့ တရုတ် သင်္ဘော ဝင်မလာ အောင် ဂျပန် အစိုးရ ကမ်းခြေစောင့် လေယာဉ်နှင့် သင်္ဘောများက သတိပေးမှု ပြုလုပ် ခဲ့ရသည်” ဟု ဖော်ပြ ထားသည်။

အထက်ပါ ရေပြင် ပိုင်နက်သို့ ဝင်ရောက် ခဲ့ခြင်း မရှိသည့် တရုတ် သဘောက နယ်မြေ ကင်းလှည့် ခြင်းသာ ဖြစ်ကြောင်း တုန့်ပြန် ခဲ့သည်ဟု သိရှိ ရသည်။

          ယခု ကဲ့သို့ အငြင်းပွား ကျွန်းစုများ အနီး အထိ တရုတ်သင်္ဘော ခုတ်မောင်း ချဉ်းကပ် လာခြင်းသည် ယခုနှစ် အတွင်း ယခုနှစ် အတွင်း ဒုတိယ အကြိမ် မြောက် ဖြစ်ပြီး တရုတ် နိုင်ငံ၏ ရေတပ် လှုပ်ရှားမှု တိုးမြှင့် လာခြင်းကြောင့် အိမ်နီးချင်း နိုင်ငံများနှင့် တင်းမာမှုကို အဆက် မပြတ် ဖြစ်ပေါ် စေမည်ဟု ဆိုသည်။

          ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ဘေဂျင်းက ၎င်း၏ ငါးဖမ်း နယ်မြေကို ကာကွယ်ရန် အတွက် အငြင်းပွား ကျွန်းစု များအနီး ကင်းလှည့်မှု များကို တိုးမြှင့် မည်ဟု ပြောကြားခဲ့ရာ၊ အလား အလာ ရှိသော ရေအောက် စွမ်းအင် သယံ ဇာတ များအား ရှာဖွေ နေခြင်းကို ပြနေသည်။

-----------------------------------------------------------------
အစိုးရနှင့် အတိုက် အခံများ တိုက်ပွဲ ဝင်ရန် အသင့်ပြင်

(The straits Times မှ 5 Mar 2011 ရက်စွဲပါ Govt , opposition get ready for battle သတင်းကို ဘာသာ ပြန်ဆိုသည်)

          ဖေဖော်ဝါရီ ၂၆ ရက်နေ့က ချက်တူ ချောက်ရို နာမည်ကျော် ဘန်ကောက် စနေ-တနင်္ဂနွေ ဈေးသို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ်မဲ့ ဂျာဂျီးဗား ရောက်ရှိ လာခဲ့ရာ ယင်းသို့ လာရောက် လည်ပတ် ခြင်းသည် သူ၏ ဒီမိုကရက် ပါတီ အတွက် ရွေးကောက်ပွဲ မဲဆွယ်ရန် ညင်ညင် သာသာ စတင် လိုက်ခြင်း ဖြစ်သည်ဟု ကျယ်ကျယ် ပြန့်ပြန့် ရှုမြင်လျက် ရှိကြသည်။

          ပြုံးနေသော အောက်စဖို့ ထွက် ဝန်ကြီးချုပ်ကို ဓာတ်ပုံထဲတွင် နှင်းဆီနီ တစ်ပွင့် ကိုင်ကာ ဝမ်းမြောက် ပျော်ရွှင်နေသော ဒေသခံ ပြည်သူများ ဝိုင်းရံလျက် မြင်တွေ့ရသည်။ အချက် ၄ ချက်ပါ မဲဆွယ် ဂတိ ပေးမှု ကိုလည်း အဆိုပါ သီတင်း ပတ်ကုန်တွင် ထုတ်ပြန် ခဲ့သည်။ ဝန်ကြီးချုပ် အဘီဆစ်က ဒီဇင်ဘာလအထိ ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆို ခဲ့ခြင်း မရှိသော်လည်း ဒုတိယ ဝန်ကြီးချုပ် ဆူသက် သောင်ဆူဗန်က ဇွန်လ မတိုင်မီ ရွေးကောက်ပွဲများ ကျင်းပ နိုင်ဖွယ် ရှိသည်ဟု ပြောကြား ခဲ့သည်။

          မည်သို့ပင် ဖြစ်စေ အစိုးနှင့် အတိုက် အခံ ပါတီများ နှစ်ဖက်စလုံး ရွေးကောက်ပွဲ ဝိဥာဉ် ပူးကပ် နေကြပြီ ဖြစ်ကာ၊ ကောင်းပေ့ ဆိုသော အရာများကို ကတိ ပြုခြင်း၊ ပါတီများ တစ်စုနှင့် တစ်ခု စည်းရုံး လှုပ်ရှား မဲဝယ်ခြင်း များနှင့် ပတ်သက်၍ အပြန် အလှန် စွပ်စွဲ ကြခြင်း စသည် တို့ကို ပြုလုပ် နေကြပြီ ဖြစ်သည်။

          အစိုးရ ကလည်း ဆင်းရဲ မွဲတေသူများကို ရည်ရွယ်သည့် စီးပွားရေး အစီအစဉ်များ၊ ချေးငွေ အစီ အစဉ်များ၊ ရထား ပို့ဆောင်ရေးနှင့် လျှပ်စစ် ဓာတ်အား ကဏ္ဍအပေါ် ထောက်ပံ့ ရန်ပုံငွေ တိုးချဲ့မည့် အစီ အစဉ်များ၊ လူမှု ဖူလုံရေး အလှူငွေ အစီ အစဉ် များကို ကြေညာ ခဲ့ပြီး ဖြစ်သည်။

          ပြီးခဲ့သည့် သီတင်း ပတ်ကုန်က ကြေညာ ကတိ ပေးမှု မှာလည်း မဲဆွယ်သည့် သဘောပင် ဖြစ်ပြီး အနိမ့်ဆုံး လုပ်ခ လစာ ၂၅% တိုးမြှင့်မှု၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့သစ် ဖွဲ့စည်းမှု၊ တက္ကသိုလ် ကျောင်းသား နှစ်သိန်းခွဲ အတွက် ချေးငွေ အစီအစဉ်များ၊ လယ်သမား ၂၅၀၀၀ ခန့်ကို အကျိုး ဖြစ်ထွန်း စေမည့် စိုက်ပျိုး မွေးမြူရေး အသိုင်း အဝိုင်းနှင့် ဆိုင်သည့် ပိုင်ဆိုင်မှု စာချုပ် စာတမ်း ကိစ္စများ စသည့် အစီ အစဉ်များ ပါဝင်သည်။ ယင်းသို့ ထုတ်ပြန် ကြေညာ မှုများသည် မဲဝယ်ခြင်းနှင့် သဘော တရား အတူတူပင် ဖြစ်ကြောင်း အတိုက် အခံ ထိုင်း ပါတီက ပြောကြား လိုက်သည်။
 
 
 
 
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp