Transparency Myanmar

transparency.myanmar@gmail.com

..၂၀၁၁


ပြည်တွင်းသတင်းများ



ချော်တွင်းကုန်း ကဗစ၀င်း ဗိုလ်ချုပ်မှုးကြီးသမီးများယူမည်

ရန်ကုန်၊မတ်လ၁၅။


လက်ရှိဆိုင်ခန်းများ ဖျက်သိမ်းနေသော မရမ်းကုန်းမြို့နယ် ချော်တွင်းကုန်းမီးပွိုင့် အနီးရှိ ကာကွယ်ရေး ပစ္စည်းထိန်းတပ်(ကဗစ) ၀င်းကြီးတစ်ခုလုံးကို စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွေ၏သမီးများကယူပြီး ပြန်ရောင်းစားမည် ဖြစ်ကြောင်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အဲဒီဝင်းကြီးတစ်ခုလုံးကို ဦးသန်းရွှေသမီးတွေက ယူမယ်။ ပြီးတော့ တစ်စတုရန်းပေ ပတ်လည်ကို နှစ်သိန်းနဲ့ ပြန်ရောင်းမယ် ကြားတယ်။ သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းတွေက ပြန်ဝယ်မယ်ထင်တယ်”ဟု အဆိုပါ လုပ်ငန်းရှင် က ပြောသည်။

အဆိုပါ ကဗစ၀င်းမျက်နှာစာတွင် ရောင်းချနေသော ဆိုင်ခန်းများကို ပြီးခဲ့တဲ့ လပိုင်းကဖျက်သိမ်း  ခိုင်းခဲ့ပြီး ဆိုင်ရှင်များ အတွက် နစ်နာကြေး တစ်စုံတစ်ရာ ပေးဆောင်ခြင်း မရှိကြောင်း သိရသည်။

 “ကျွန်တော်တို့က ငှားတာဆိုတော့ တော်သေးတယ် တစ်ချို့ဆိုသိန်းရာနဲ့ချီပြီး အဲဆိုင်ခန်းတွေကို ၀ယ်ထားတာ ရှိတယ်။ သူတို့လည်း လျော်ကြေးမရဘူး ပြောတယ်” ဟု အဆိုပါ ဆိုင်ခန်းများတွင် ရောင်းချသူ တစ်ဦးကဆိုသည်။

အဆိုပါ ဆိုင်ခန်းများတွင် မဖျက်သိမ်းခင်က လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်၊ကေ၀ိုင်ကေ ရေခဲမုန့်ဆိုင် နှင့် အခြား ဆိုင်ခန်းများ စွာ ဖွင့်လှစ် ရောင်းချခဲ့ကြောင်းသိရသည်။

 “ဆိုင်ခန်းကို အစကတည်းက တပ်က ရန်ပုံငွေ အနေနဲ့ ငှားပဲ ငှားတားတာ အဲဒါကိုလူတွေက အဆင့်ဆင့် ပြန်ရောင်းစားတယ်။ မသိဘဲ ၀ယ်လိုက်တဲ့ လူတွေက နစ်နာသွားတယ်” ဟု ကဗစ၀င်းတွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ကဗစ၀င်းတွင် နေထိုင်သည့် တပ်မိသားစုများကို ယခင်က နေပြည်တော်တွင် ပြောင်းရွှေ့ရန် အမိန့်ထုတ် ထားသော်လည်း အဆိုပါ ဆိုင်ခန်း ဖျက်သိမ်းပြီးနေက်ပိုင်း နေပြည်တော်ပြောင်းရွှေ့ခြင်း လုပ်ငန်းတွေကို အလျင်အမြန် ဆောင်ရွက်လာစေကြောင်း တပ်မိသားစုဝင် တစ်ဦးက ပြောသည်။

 “ဒီဝင်းတစ်ခုလုံး နေပြည်တော် ပြောင်းရမယ်ဆိုတာ အမိန့်ထုတ်ထားပြီးသား။ ဒါပေမဲ့ ဖြည်းဖြည်းနဲ့ အလှည့်ကျ ပြောင်းနေရတယ်။ အခုဆိုင်ခန်းတွေ ဖျက်ကတည်းက တစ်ချို့လူတွေကို မြန်မြန်ပြောင်း ခိုင်းနေတယ် ကျွန်မတို့ အလှည့်တော့ မရောက်သေးဘူး။ ဒီဝင်းကြီး တစ်ခုလုံးကို ဦးတေဇကယူပြီး အိမ်ယာတွေ ဆောက်မယ်လို့ ကြားတယ်” ဟု ၄င်းကဆိုသည်။

ကဗစ၀င်းကြီးသည် ချော်တွင်းကုန်းမီးပွိုင့် အနီး ပါရမီလမ်းပေါ် အချက်အချာကျသည့် နေရာတွင် ရှိနေပြီး အဆိုပါ နေရာအနီးတွင် အိမ်ခြံမြေများ ဈေးကောင်းလျက် ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ဦးသန်းရွှေ၏ သားသမီးများသည် လုပ်ပိုင်ခွင့်များ ရှိသော်လည်း စီးပွားရေး လုပ်ငန်းများကို ကျွမ်းကျွမ်း ကျင်ကျင် လုပ်ကိုင် တတ်ခြင်း မရှိဘဲ လူထုဆီမှ ရရှိလာသည့် ငွေများကို ၄င်းတို့နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းသို့ အတိုးဖြင့် ပြန်လည် ထုတ်ချေးခြင်းယခုကဲ့သို့ ရရှိလာသော မြေကွက်များကို အသုံးမချဘဲ ပြန်လည် ရောင်းချခြင်းများသာ ဆောင်ရွက် လျက်ရှိသည်ဟု အထက်ပါ လုပ်ငန်းရှင် ကပြောသည်။

စနိုင်း(BHO)

-------------------------------------------------------------

တက္ကသိုလ်ရိပ်သာလမ်းရှိ စစ်မှုထမ်းဟောင်းရုံး အဆောက်အဦ ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေး၏ မိတ်ဆွေရရှိ

ရန်ကုန်၊မတ်၁၅။


ရန်ကုန်မြို့၊ တက္ကသိုလ် ရိပ်သာလမ်းရှိ စစ်မှုထမ်းဟောင်းရုံး အဆောက်အဦအား ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေး ၏ အနီးကပ် မိတ်ဆွေတစ်ဦး ဖြစ်သူဦးစိုးမြင့် ဆိုသူက ရရှိသွားကြောင်း နေပြည်တော် သတင်းရပ်ကွက် များနှင့် ယင်းနှင့်နီးစပ်သော အသိုင်းအဝိုင်းမှ စုံစမ်း သိရသည်။

ယင်းအဆောက်အဦအား လေလံတင်ခြင်း မဟုတ်ပဲ လက်သိပ်ထိုး ရောင်းချခဲ့သည်ဟု ဆိုကြောင်း၊ ယင်းအဆောက်အဦမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကပင် တည်ရှိခဲ့ကြောင်း ထပ်မံသိရှိရသည်။

ဦးစိုးမြင့်သည် စီးပွားရေး လောကတွင် လားစိုးမြင့်ဟု ထင်ရှားကြောင်း၊ ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေး အရှေ့ပိုင်းတိုင်း (ရှမ်းပြည်နယ်) တိုင်းမှူးအဖြစ် ရှိစဉ်ကပင် ၎င်းတို့နှစ်ဦးကြား စီးပွားရေးအရ ဆက်ဆံမှုရှိခဲ့ကြောင်း သတင်းဆန်းစစ်သူ အချို့က ဆိုသည်။

ထို့ပြင် Super One ကုမ္ပဏီ လက်အောက်ရှိ ရွှေဘုံသာ Super One အဆောက်အဦ ကိုလည်း ယင်းကုမ္ပဏီကပင် လေလံပြန်လည် အောင်မြင်သွားကြောင်း စုံစမ်းသိရှိရသည်။

ထိုကဲ့သို့ မိမိတို့ လိုချင်သော နေရာများ ရရှိရေးအတွက် ထိပ်ပိုင်း ပုဂ္ဂိုလ်များ (ကြီးငါးကြီး) နှင့် နီးစပ်သော သူများကို အကျိုးဆောင်ခ အနေဖြင့် လေလံတစ်ပွဲလျှင် ကျပ်သိန်း ငါးထောင်မှ သိန်းတစ်သောင်း အထိ ဝန်ဆောင်ခများ ပေးခဲ့ရကြောင်း လေလံဆွဲသူ အချို့နှင့် နေပြည်တော်မှ လာသော သတင်းများ အရသိရသည်။

The CJs News

-----------------------------------------------------------------

၁၇၃ယာဉ် လိုင်းယာဉ်စီးခ ၂၀၀ကျပ် ကောက်ခံနေဆဲ

ရန်ကုန်၊ မတ်၁၅။


၂၀၁၀ နှစ်ကုန်ပိုင်းကပင် ရိုးရိုးယာဉ်လိုင်းအဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သော ၁၇၃ ယာဉ်လိုင်းသည် အထူး ယာဉ်စီးခ နှုန်းထားအတိုင်း ခရီးစဉ် တစ်ပိုင်းလျှင်၂၀၀ကျပ် ကောက်ခံနေဆဲ ဖြစ်ကြောင်း ကိုယ်တွေ့ ကြုံခဲ့ရသူ ခရီးသွားများ ထံမှသိရသည်။

အရှေ့ပိုင်း တက္ကသိုလ် (တာဝ) တွင် ကျောင်းတက်နေသော ကျောင်းသားတစ်ဦးက “ တာမွေကနေ ရွှေဂုံတိုင်ကို စီးတာ ၂၀၀ကျပ် ပေးရတယ်။ ကျောင်းအထိ စီးလို့ ၂၀၀ကျပ်ပေးရတာ ဘာမှ မပြောလိုပါဘူး။ တစ်မှတ်တိုင်လည်း ၂၀၀ပဲ ဆိုတော့ လွန်တာပေါ့။ မတ်တပ်တွေလဲ တင်သေးတယ်။ ရိုးရိုးယာဉ်လိုင်း ပြောင်းထား ပြီးသား လို့သာ ပြောတယ်။ အဓိပတိ ပုံသေ ၂၀၀ကျပ် ဆိုတဲ့ စာတန်းကြီးက မဖျက်သေးတော့ ကျွန်တော်တို့ ပြောရတာ ခက်နေတာပေါ့” ဟု ပြောကြားသည်။

ယင်း ယာဉ်လိုင်းသည် ဗန္ဒုလ ပို့ဆောင်ရေး ကုပ္မဏီပိုင် ဖြစ်သော်လည်း မ.ထ.သ ဗဟိုကွပ်ကဲမှု အောက်တွင် ရှိကြောင်း၊ မ.ထ.သ ဗဟိုမှ ယာဉ်စီးခ ပိုတောင်းလျှင် တိုင်ကြား နိုင်ကြောင်း တရားဝင် ထုတ်ပြန် ထားသော်လည်း အရေးယူမှု အားနည်းကြောင်း၊ ဗန္ဓုလ ပို့ဆောင်ရေး ကုမ္ပဏီသည် တပ်မတော်သား များနှင့် တပ်မတော်သား ဟောင်းများ ဦးစီး လုပ်ကိုင်နေသည့် အားလျော်စွာ စည်းမျဉ်း စည်းကမ်းများကို သာမန် အဖွဲ့အစည်း များထက် လေးစား လိုက်နာရမည်ဟု မျှော်လင့်ကြောင်း ယင်းယာဉ်လိုင်းကို အဓိက အသုံးပြုနေရသည့် ကျောင်းသား ကျောင်းသူများနှင့် ခရီးသည်များက ဆိုသည်။

ရန်ကုန်မြို့တော်နေ ဝန်ထမ်းများမှာ ၎င်းတို့ရသော လစဉ် ဝင်ငွေ၏ သုံးပုံတစ်ပုံကျော်မှာ ခရီးစရိတ် ကုန်ကျနေရကြောင်း၊ သို့ဖြစ်ခြင်းကြောင့် ၎င်းတို့၏ နေ့စဉ်လူမှု ဘ၀အပေါ် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုး သဖွယ် ဖြစ်နေကြောင်း၊ အချို့ဆိုလျှင် လ၏ နောက်ဆုံးပါတ်တွင် ခရီးစရိတ် လည်းပြတ်၊ ရုံးမသွား လျှင်လည်း လခ ဖြတ်တောက်ခံရမည် ဖြစ်ခြင်းကြောင့် အကြွေး သံသရာတွင် လည်ပတ် နေရကြောင်း မီဒီယာများတွင် ဖော်ပြပါရှိခဲ့သည်။

၁၇၃ ယာဉ်လိုင်းသည် ပါရမီ ညောင်ပင်မှ သန်လျှင် အရှေ့ပိုင်း တက္ကသိုလ် (တာဝ) အထိ ပြေးဆွဲနေသော ယာဉ်လိုင်းတစ်ခု ဖြစ်သည်။

The CJs News

-----------------------------------------------------

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံ၍ နိုင်ငံဝန်ထမ်း လစာတိုးခြင်းကို ဆောင်ရွက်သွားမည်

ရန်ကုန်၊မတ်၁၅။


နိုင်ငံဝန်ထမ်းများနှင့် အငြိမ်းစား လစာများကို နိုင်ငံတော် ဖွံ့ဖြိုးတိုးတတ်မှုကို အခြေခံ၍ သင့်တော်သည့် အချိန် ကာလတွင် တိုးပေးသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ၌ နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု အပေါ် အခြေခံ၍ နိုင်ငံသား များတို့၏ လုပ်ခလစာ တိုးမြှင့်နိုင်ရန် ဆောင်ရွက်လျှက်ရှိရာ ၂၀၁၀ ရွေးကောက်ပွဲပြီး နောက်ပိုင်း ကာလများတွင် ယင်းကိစ္စအား အထူးအလေးပေး ဆောင်ရွက် လာခဲ့သည်။ မြန်မာနိုင်ငံ၌ ၁၉၈၈ နောက်ပိုင်း ၁၉၈၉၊ ၂၀၀၀ပြည့်နှစ် တို့တွင် ဝန်ထမ်းများ၏ လစာနှုန်း၊ ကုန်ဈေးနှုန်း အခြေအနေ အရ ပင်စင်လစာနှင့် လုပ်ခများကို တိုးမြှင့်ပေးခဲ့သည်။

နောက်ဆုံး ၂၀၁၀ ပြည့်နှစ်တွင် ဝန်ထမ်းများ၏ လစာနှုန်းနှင့် လုပ်ခများကို တိုးမြှင့်ပေး နိုင်ခဲ့သည်။

မတ်လ ၁၀ရက်နေ့၌ နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး ၌လည်း နမ့်ခမ်း မဲဆန္ဒနယ်မှ ဒေါက်တာ စိုင်းကျော်အုန်း က "နိုင်ငံ ဝန်ထမ်းများနှင့် ယခင် ပင်စင်စား နိုင်ငံ့ ဝန်ထမ်းများ၏ လစာနှုန်း များ တိုးပေးရန် အစီအစဉ်ရှိမရှိ " မေးခွန်းဖြင့် ဆွေးနွေးခဲ့ ရာတွင် ဘဏ္ဍာရေးနှင့် အခွန် ဦးစီးဌာနမှ ဝန်ကြီး ဦးလှထွန်းက ၁၉၈၈ နောက်ပိုင်း ၂၀၁၀ ပြည့်နှစ် အထိ ကာလများကို သုံးသပ်ကြည့်မည် ဆိုပါက ပျှမ်းမျှအားဖြင့် ၄၊၅၊၆နှစ် ကြာ လစာနှုန်းများ တိုးမြှင့်ပေးခဲ့သည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ဝန်ထမ်း လစာနှင့် အငြိမ်းစား လစာတို့ကို တိုးမြှင့် ဆောင်ရွက်လိုသည့် အခါတိုင်း ငွေကြေး ဖောင်းပွမှုနှုန်း၊ နိုင်ငံတော်တွင်း လှည့်ပတ် သုံးငွေပမာဏ၊ တစ်မျိုးသားလုံး၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး၊ ပတ်ဝန်းကျင် နိုင်ငံများ၏ ငွေကြေး အခြေအနေ စသည်တို့ကို စဉ်းစား၍ ချင့်ချိန် တွက်ချက် ရပါကြောင်း၊ ယခုအချိန်အခါ သည် လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတတ်မှုကို အခြေခံ၍ အထက်ပါ အချက်များကို သုံးသပ် စဉ်းစားပြီး သင့်လျော်သည့် အချိန်အခါတွင် ဆောင်ရွက် ပေး သွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးလှထွန်း၏ ပြောပြချက်များကို နိုင်ငံပိုင် သတင်းစာ များ၌ ဖော်ပြထားခဲ့သည်။

ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေ ဘတ်ဂျက်ကိုလည်း မကြာသေးမီ ကာလအတွင်းက ထုတ်ပြန်ပြီး ဖြစ်သည့် အတွက် ပြင်ပတွင် ကောလပာလအဖြစ် ထွက်ပေါ်လျှက် ရှိသည့် ဧပြီလအတွင်း လစာ တိုးမည်ဆိုသော သတင်းများမှာ ပာုတ်မှန်သည်ပာု ယူဆဖွယ် မရှိကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကလည်း သုံးသပ် ပြောကြားခဲ့သည်။

-----------------------------------------------------

ငွေအကြွေစေ့များ ဈေးကွက်မှ ပျောက်ကွက်

ရန်ကုန်၊မတ်၁၅။


ပြည်ထောင်စု မြန်မာ နိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ဝေသည် ဟူသော အမှတ်တံဆိပ်ဖြင့် ထုတ်ဝေခဲ့သော ငွေအကြွေစေ့ များသည် လက်ရှိ ပြည်သူများ အကြားတွင် အသုံးပြုမှု မရှိတော့ သည်မှာ ကြာပြီဖြစ်ကြောင်း  သိရှိ ရသည်။

လက်ရှိ ကာလသည် အကြွေရှားပါးသော ကာလဖြစ်သဖြင့် အစိုးရမှ ထုတ်ဝေခဲ့သော ငွေအကြွေစေ့ များကို ပြန်လည် အသုံးပြုလို လာခြင်းများ ရှိသော်လည်း လက်ခံမှု မရှိတော့ ကြောင်း သိရှိရသည်။

“ အခုလို ကျွန်တော်တို့ ဆီမှာ ငွေအကြွေတွေ ရှားနေတဲ့ အချိန်မှာ အရင်တုန်းက ဖြန့်ခဲ့တဲ့ အကြွေစေ့ တွေကိုတော့ ပြန်သုံးချင် ပါတယ်။ ဒါပေမယ့် ကိုယ်က သုံးပေမယ့် လက်ခံချင် သူက ရှိမှ ဖြစ်မှာကိုး၊ ကျွန်တော်တို့ ဆီမှာက ကိစ္စတစ်ခုကို ကြာရှည် လုပ်ပြီးရင် ဓလေ့ တစ်ခုလို ဖြစ်သွားတာလေ။ ဒီတော့ ဒီအကြွေစေ့ တွေကို ပြန်ဖော်ထုတ် ပေးဖို့က အစိုးရ အပိုင်းမှာ တာဝန် ရှိတယ်လေ။ ဒီတော့ အစိုးရမှာ လုပ်ချင်တဲ့ စိတ်ရှိပါ့မလား ဆိုတာကို စောင့်ကြည့်ရမှာပဲ” ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ငွေ အကြွေစေ့များအား ဈေးကွက်မှ ပျောက်ကွယ် သွားသည့် ဖြစ်ရပ်သည် နိုင်ငံတော်မှ ဈေးကွက်တွင် လည်ပတ် နိုင်လောက်သည့် ပမာဏအား လုံလောက်စွာ ဖြည့်ဆည်း ပေးနိုင်မှု မရှိခြင်းပေါ် မူတည်လျှက် ရှိကြောင်း  စီးပွားရေး ပညာရှင် တစ်ဦးက ဤသို့ သုံးသပ်သည်။

“ငွေအကြွေစေ့က ထုတ်ထားတာ ကြာပြီ။ ထုတ်ကာစ နှစ်တွေမှာတော့ ၂နှစ် လောက် သုံးတာကို တွေ့ရတယ်။ အခုတော့ ဈေးကွက်ထဲမှာ မတွေ့ရတော့ဘူး။ ဘယ်လိုကြောင့် မသုံးတော့ တာလည်း ဆိုတာကတော့ ထုတ်လုပ်တဲ့ ပမာဏက တစ်တိုင်းပြည် လုံးမှာ လည်ပတ် စီးဆင်းနေတဲ့ ဈေးကွက် လိုအပ်ချက်ကိုပြည့်မှီအောင် မဖြည့်ဆည်း နိုင်တာက အဓိက အချက်လို့ ထင်ပါတယ်။ ဒီလို တတိုင်းပြည်လုံး အတွက် ကျယ်ကျယ် ပြန့်ပြန့် ထုတ်လုပ်ဖို့မလုပ်နိုင်တာက ဒီအကြွေစေ့ တစ်စေ့ ထုတ်လုပ်တဲ့ အခါမှာ ကုန်ကျတဲ့ တန်ဖိုးရယ်၊ သတ်မှတ်ထားတဲ့ ငွေတန်ဖိုးရယ်က မညီမျှလို့ပါ။ ဒီတော့ ကျွန်တော်တို့ နိုင်ငံမှာက ဒီအကြွေစေ့တွေကို ဆက်မထုတ် နိုင်တော့ဘူး ဆိုတော့ အကြွေစေ့ ဆိုတာလည်း ဈေးကွက်မှာ ထင်ထင်ရှားရှား မရှိနိုင် တော့တာ သေချာပါတယ်။” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

နိုင်ငံတကာတွင် ငွေအကြွေစေ့အား တွင်ကျယ်စွာ သုံးနေကြ သော်လည်း မြန်မာနိုင်ငံတွင် လူအများကြား ပြန့်နှံမှု မရှိခြင်းကို “ငွေအကြွေစေ့ ကတော့ နိုင်ငံတိုင်းမှာ သုံးနေကြပါတယ်။ သယ်ဆောင် ရတာလည်း လွယ်ကူတယ်။ အဆင်ပြေတယ် ဆိုတဲ့ အားသာချက်တွေရှိလို့ သုံးနေကြတာတွေ များပါတယ်။ နိုင်ငံတကာနဲ့ မြန်မာ နိုင်ငံ ကွာတာက နိုင်ငံတကာမှာက ဖုန်းဆက်တာတို့၊ အအေးဘူး ဝယ်တာတို့၊ ကားစီးတာတို့ တွေကို ငွေအကြွေစေ့နဲ့ သုံးနေကြ တာတွေ ရှိတယ်။ ဒီတော့ သူတို့ရဲ့ နေ့စဉ် ဘဝမှာ ငွေအကြွေစေ့က အသုံးဝင်တယ်။ မြန်မာနိုင်ငံမှာတော့ ဒီလို စနစ်တွေ မရှိဘူး။ ဒီတော့ ငွေအကြွေစေ့က မြန်မာနိုင်ငံက လူတွေရဲ့ နေ့စဉ် ဘဝမှာ အသုံးမဝင်ဘူးလေ။ ဒီတော့ လူတွေ ကြားထဲကနေ အကြွေစေ့ ပျောက်ကွယ် သွားတာပါ။”  ဟု ထိုင်းနိုင်ငံရောက် မြန်မာ ကျောင်းသားတစ်ဦးက သုံးသပ်သည်။

ငွေအကြွေစေ့ ထုတ်လုပ် ထားသော ပမာဏသည် များပြားသဖြင့် ဈေးကွက်ထဲမှ ငွေအကြွေစေ့များ ပျောက်ကွယ် သွားခြင်းသည် ပြဿနာ တစ်ရပ်ဖြစ်နိုင်ကြောင်း “ အစိုးရက ထုတ်ထားတဲ့ အကြွေစေ့ ပမာဏက နည်းတာတော့ မဟုတ်ဘူးလေ။ ဒီအကြွေစေ့တွေ ဈေးကွက်ထဲကနေ ပျောက်သွား တာလား၊ ဒါမှမဟုတ် လူတွေရဲ့ အိတ်ထောင် တွေထဲမှာ အိပ် နေတာလား၊ ဆိုတဲ့ မေးခွန်းတွေတော့ မေးစရာရှိတယ်။ ဒီငွေတွေ ငွေကြေး ဈေးကွက်ထဲမှာ မရှိဘဲ၊ အိပ်နေတာ ဆိုရင်တော့ ပြဿနာရှိတယ်။”  ဟု မြန်မာ့စီးပွားရေး လေ့လာသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ငွေအကြွေစေ့များအား ၁၉၆၆-ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် တော်လှန်ရေး ကောင်စီအစိုးရ၊ ဘဏ္ဍာရေးနှင့် အခွန်ဌာနမှ(၅၀) ပြား၊ (၂၅) ပြား၊ (၁၀) ပြား၊ (၁)ပြား စသော ငွေအကြွေ သစ်များ ထုတ်ဝေခဲ့ပြီး ၁၉၉၀ ခုနှစ် နောက်ပိုင်း နဝတ အစိုးရ တက်လာချိန်တွင် ထိုအကြွေစေ့များအား တရားမဝင်ကြောင်း ကြေညာခဲ့သည်။

နဝတအစိုးရသည်လည်း နအဖဟူသည့် အမည်ပြောင်းပြီး နောက်ပိုင်းတွင် ၂၀၀၀ ပြည့်နှစ် ကာလများတွင် ငွေအကြွေစေ့ များကို ၅၀တန်၊ ၁၀၀တန်၊ ၂၀၀တန်ဟူ၍ ထုတ်ဝေခဲ့ပြီး ပြည်သူများ ကြားတွင် ဖြန့်ချိခဲ့သည်။

××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊နိုင်ငံရေးသတင်းများ 


ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဟုဆိုသော်လည်းနိုင်ငံရေးပါတီများစိတ်ဝင်စားမှုနည်း

ရန်ကုန်၊မတ်၁၅။


လစ်လပ်သွားသော လွှတ်တော် ကိုယ်စားလှယ်များ၏ နေရာတွင် အစားထိုး ခန့်အပ်ရန် ကြားဖြတ် ရွေးကောက်ပွဲကို အောက်တိုဘာနှင့် နိုဝင်ဘာလ ပိုင်းများတွင် ကျင်းပမည်ဟု ၁၄.၃.၂၀၁၁ နေ့တွင် ပြုလုပ်သော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသိန်းစိုးမှ ဖြေကြားခဲ့သော်လည်း နိုင်ငံရေး ပါတီများမှာ ယင်းရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှု မရှိကြောင်း နိုင်ငံရေး ပါတီအချို့ ထံမှသိရသည်။

“လုပ်မယ်သာ ပြောတာပါ။ တကယ်တော့ ဖြစ်လာဖို့ မလွယ်ပါဘူး။ မူအရ ကတော့ ကျွန်တော်တို့က ဝင်ပြိုင်မှာပါ။ ဒါပေမဲ့ ဘယ်လောက်အထိ တရားမျှတမှု ရှိမယ်ဆိုတာ ဘယ်သူ အာမခံမှာလဲ။ တကယ်တမ်း ပြောရရင် ပထမ ရွေးကောက်ပွဲကတည်းက ကျွန်တော်တို့က ပါတီ ဆက်လက် ရပ်တည်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ပဲ ဝင်ပြိုင်ခဲ့တာ” ဟု ရွေးကောက်ပွဲတွင် အနိုင်မရရှိခဲ့သည့် ပါတီတစ်ခု၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

“ တရားဝင် ပါတီတစ်ခု အနေနဲ့ ဝင်ပြိုင်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ လက်လှမ်းမှီ နိုင်တဲ့ မဲဆန္ဒနယ် ဖြစ်မှသာ ပြိုင်မယ်။ ဒီကြားဖြတ်  ရွေးကောက်ပွဲကို သိပ်အား မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပထမ ကတည်းက အတွေ့အကြုံ ရခဲ့ပြီပဲ” ဟု ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပါတီကြီး တစ်ခု၏ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၈၀%ကျော် အနိုင်ရရှိခဲ့ပြီး အချို့သော မဲဆန္ဒနယ်များတွင်  မဲမသမာ မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ပြိုင်ဖက် နိုင်ငံရေး ပါတီ အချင်းချင်း စွပ်စွဲမှုများ
ရှိခဲ့သည်။

အဆိုပါ ဖြစ်ပွားခဲ့သော မဲမသမာမှု များနှင့် တရားမျှတမှု မရှိခြင်း တို့ကြောင့် ယခု ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲ အပေါ် နိုင်ငံရေး ပါတီအချို့မှာ မူအရ ဝင်ပြိုင်ခြေ ရှိသော်လည်း  ယုံကြည်မှု အားနည်းနေကြသည်။

The CJs News

×××××××××××××××××××××××××××××××××××

သတင်းနှင့်ဆောင်းပါးများမှကောက်နှုတ်ချက်များ

"အပြင်မှာ ကုန်ဈေးနှုန်းတက်တယ် ဆိုတာ အခုမှ တက်တာမဟုတ်ပါဘူး။ အမြဲတမ်း တစ်ခုခုဆို တက်တာပဲလေ။ ဓာတ်ဆီဈေးတွေ ဘာတွေ ဆိုတာလည်း အခု ပြန်ကျလာတာလို့ ပြောလို့ရတယ်လေ။ ဟိုတုန်းကဆိုရင် ဓာတ်ဆီတွေက ဝယ်လို့မရဘဲ တန်းစီနေရတာလေ။ နောက်တစ်ခုက ကုန်သည်တွေ စီးပွားရေးသမားတွေကြောင့်လည်း ဖြစ်မှာပေါ့။ လွှတ်တော်ကြောင့်လား အစိုးရသစ်ကြောင့်လား ဆိုတာတော့ အဲဒီလောက် ကျွန်တော် မသိဘူး"

မတ် ၁၇ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ() အမှတ် (၃၆) မှာဖော်ပြထားသည့် NDF ပါတီ(လွှတ်တော်ရေးရာအဖွဲ့ခေါင်းဆောင်)နှင့် အင်တာဗျူး ကောက်နှုတ်ချက်

-----------------------------------------------------------

"မနက် ၉ နာရီ အလုပ်တက်ရတယ်။ ညနေ ၆ နာရီခွဲမှ အလုပ်ဆင်းရတယ်။ ဒါတောင် အလုပ်ရှင်ရှိနေသေးရင် ပြန်ဖို့မလွယ်သေးဘူး။ ပြန်ချင်ရင်တော့ ပြန်လို့ရပါတယ်။ ဒါပေမဲ့ အလုပ်ရှင်ရဲ့ ငြိုငြင်ခံရပြီ လေ။ အလုပ်ရှင်က ပြောပြီးသား၊ ကုမ္ပဏီအပေါ် ဘယ်သူက ဘယ်လောက်အနာခံပြီး လုပ်ပေးလဲ။ ဒါကိုကြည့်ပြီး လစာကိစ္စ စဉ်းစားမယ်လို့"

မတ် ၁၇ ထုတ် Popular News အတွဲ() အမှတ်(၁၁) မှာပါသည့် "အချိန်ပိုကြေးမရသည့် ပြဿနာ ပုဂ္ဂလိကလုပ်ငန်းများတွင် ကျယ်ပြန့်နေသေး" သတင်းမှ အီလက်ထရောနစ် ကုမ္ပဏီတစ်ခုမှ ဝန်ထမ်း တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------

"ကျွန်တော် ရုံးတက်၊ ရုံးဆင်းလုပ်နေတာတွေရှိတော့ ဘုရင့်နောင်လုံးဆုံပွိုင့်မှာကော အလုံထော်လီကွေ့မှာပါ စပယ်ယာက မီးပွိုင့်တွေကျရင် ပိုက်ဆံအကြွေ ပစ်ပစ်ချနေတာ နေ့စဉ်လို တွေနေရပါတယ်" ဟုဆိုသည်။ မြောက်ဥက္ကလာပမြို့နယ်မှ ဆူးလေသို့ရုံးလာတက်ရသူ ဆူးလေသို့ရုံးလာတက်ရသူ တစ်ဦးကလည်း "ကျွန်တော် မနက်ပိုင်း ပုလဲကနေဘုန်းကြီးလမ်းကို သွားတဲ့ ၄၃ အထူးကို စီးလာရင် နဝဒေး ပွိုင့်မှာရယ်၊ လမ်းနီ ပွိုင့်မှာရယ်၊ ဗဟန်း ၃လမ်းပွိုင့်မှာရယ် စပယ်ယာက ပိုက်ဆံအကြွေတွေ ပစ်ပစ် ချနေတာတွေ့တယ်၊ ဘာကြောင့် စပယ်ယာကို ပစ်ချတာလဲလို့ မေးတော့ ကျွန်တော်တို့ အခေါ်တော့ နားလည်မှုကြေးလို့ ပြောလို့ရတယ်ဟု ပြန်လည် ပြောကြားသည်" ဟု ဆိုကြောင်း ပြောပါသည်။

မတ် ၁၇ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ() အမှတ် (၃၆) မှာဖော်ပြထားသည့် "မီးပွိုင့်များတွင် ပုံမှန် မဟုတ်သော ငွေကြေး ပစ်ချမှုများရှိလာ" သတင်းမှ ကောက်နှုတ်ချက်
-----------------------------------------------------------

" ဝန်ထမ်းများ လာဘတ်ပေးလာဘ်ယူ ကိစ္စရပ်များ လျော့နည်းပပျောက်ရန်အတွက် လစာတိုးပေးခြင်း နည်းလမ်းတစ်ခုတည်း ဆောင်ရွက်ရုံဖြင့် မလံလောက် နိုင်ပါကြောင်း၊ ဝန်ထမ်းများအား လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းသည် ဝန်ထမ်းတစ်ဦးချင်းအနေဖြင့် လည်းကောင်း၊ ဌာနအနေဖြင့်လည်းကောင်း၊ နိုင်ငံတော် အနေဖြင့် လည်းကောင်း ဂုဏ်သိက္ခာ ညှိုးနွမ်းစေကြောင်း၊ ပညာပေးခြင်းနှင့် လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းကို ဖော်ထုတ်တွေ့ရှိပါက ထိရောက်စွာ အပြစ်ပေး အရေးယူခြင်းတို့ကိုဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ တစ်ဆက်တည်းမှာပင် ပြည်သူလူထု အနေဖြင့်လည်း ဝန်ထမ်းများအား လာဘ်ပေး လာဘ်ယူမပြုရအောင် ပူးပေါင်း ဆောင်ရွက် ကြပါရန် အသိပေး နှိုးဆော်ခြင်း တို့ကို ဆောင်ရွက် သွားရမှာဖြစ်ပါကြောင်း၊ ထို့အပြင် လာဘ်ပေးလာဘ်ယူ ပြုလုပ်သူ ဝန်ထမ်းကိုသော်လည်းကောင်း၊ ပြည်သူကို သော်လည်းကောင်း၊ တာဝန်ရှိသူများအား အသိပေးတိုင်ကြားနိုင်ရန်ဌာနများ သတ်မှတ်ပေးခြင်း၊ တိုင်ကြားစေခြင်း နည်းလမ်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း"

မတ် ၁၇ ထုတ် 7Day အတွဲ(၁၀) အမှတ်() မှာပါသည့် "လာဘ်ပေးလာဘ်ယူပြုလုပ်သူများကို ထိ ရောက်စွာ အရေးယူ တော့မည် ဟုဆို" သတင်းမှ ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာ ဝန်ကြီး၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××

သတင်းဆောင်းပါးကဏ္ဍ


ဗလာစာအုပ်ဖြင့် ဓာတ်ဆီရောင်းသည်

ပုဂ္ဂလိကစက်သုံးဆီဆိုင်များ၌  မတ်လ၁၀ရက်နေ့မှစတင်၍ ဓာတ်ဆီ ဝယ်ယူရမည့် မော်တော်ယာဉ် များအား ဓါတ်ဆီထုတ် စာအုပ်များ ပြုလုပ်၍ တစ်ဆိုင်တည်းတွင်သာ ဝယ်ယူခွင့် ရရှိမည်ဖြစ်သည်။ အဆိုပါ ဓာတ်ဆီ စာအုပ်ကို ကားအုံနာ စာအုပ်၊ကားဝှီးတက် (ဘီးခွန်ဆောင်ပြီးကြောင်းအထောက်အထား စာရွက်) ဖြင့် ပြုလုပ်ရမည် ဖြစ်ပြီး ဓာတ်ဆီ ဝယ်ယူမည့် ကားတစ်စီးတွင် ဆီစာအုပ် နှစ်အုပ် တွေ့ရှိပါက ဆီထုတ်ခွင့် ၆လ ပိတ်မည်ဟု သက်ဆိုင်ရာက ညွှန်ကြားထားပြီး ဖြစ်သည်။ ဓာတ်ဆီ ဂါလန် ကန့်သတ်ချက်ကိုမူ တစ်ဆိုင်နှင့် တစ်ဆိုင် မတူညီသောကြောင့် ကြိုက်နှစ်သက်ရာ ဆိုင်တိုင်း၌ ဝယ်ယူနိုင်ပြီး တစ်နေ့တစ်ကြိမ်သာ ဝယ်ယူခွင့် ပြုရန် ညွှန်ကြားထားကြောင်း စော်ဘွားကြီးကုန်းရှိ မြဝတီ စက်သုံးဆီဆိုင် တာဝန်ရှိသူက ရှင်းပြသည်။ "တိုင်းရုံးမှာ ဒီနေ့ အစည်းအဝေး လုပ်တယ်၊ ယာဉ်တန်းတွေ ပျောက်အောင်ပုံစံတွေ ပြောင်းမယ်၊ စာအုပ်စနစ် ပြန်ကျင့် သုံးမယ်၊ ကားတစ်စီးကို ဆီစာအုပ် တစ်အုပ်ပဲ လုပ်ရမယ်၊ အဲဒီ စာအုပ်က ကြိုက်တဲ့ ကုမ္ပဏီဆိုင်မှာ ထုတ်လို့ရတယ်" ဟု နီလာရိုးမ ဓာတ်ဆီ အရောင်းဆိုင် မန်နေဂျာတစ်ဦးက ပြောကြားသွားခဲ့သည်။ ဆီစာအုပ်ကို ကြိုက်တဲ့ ကုမ္ပဏီ ဆိုင်တွေမှာ ပြုလုပ်လို့ရသည်ဟု ဆိုသည်။ ယင်းဆီစာအုပ်ဖြင့် တစ်ရက်ကို တစ်ကြိမ်နှုန်းသာ ဆီထုတ်ခွင့်ရှိသည်။ ဆီဆိုင် တစ်ဆိုင်မှာ ပြုလုပ်ထားသည့် ဓါတ်ဆီစာအုပ်ဖြင့်  တစ်ခြား ဆီဆိုင်တွေမှာ သွားပြီး ထုတ်ယူနိုင်သည်ဟု သိရသည်။

"ကားတစ်စီးကို ဆီစာအုပ် တစ်အုပ်ပဲ ရှိရမယ်၊ ဆီစာအုပ်ကို နှစ်အုပ်သုံးအုပ် လုပ်ထားတယ် ဆိုရင် ဆီထုတ်ခွင့် ခြောက်လ ပိတ်တဲ့ အထိ အရေးယူမယ်၊ မန်နေဂျာကပဲ စစ်ဆေးရေး အဖွဲ့ သီးသန့်ရှိပါတယ်။ အဲသည် အဖွဲ့ကို  ကျွန်တော်တို့ ဆီဆိုင်တွေက နေ့စဉ်ဆိုင်ပိတ်ချိန်မှာ တစ်နေ့တာ ရောင်းထားတဲ့ ဆီဂါလန်နဲ့ ကားနံပါတ် စာရင်းကို ပို့ပေးရမယ်။ အဲသည်အဖွဲ့ကနေ စစ်ဆေးလို့ ကားထပ်တာ တွေ့ရင် စာအုပ် နှစ်အုပ် သုံးအုပ် ရှိတယ်လို့ ယူဆပြီး အရေးယူမယ်၊ တစ်ရက်ကို ကုမ္ပဏီတွေ ရောင်းနိုင်သလောက် ရောင်းပေးလို့ရတယ်၊ လေးဂါလန် တတ်နိုင်ရင် လေးဂါလန်ရောင်း၊ အဲဒီအတွက် ကန့်သတ်ချက် မရှိဘူး၊ ကားစီရေ နည်းသွားရင်တော့ ပိုပြီး ရောင်းနိုင်မှာပါ" ဟု နီလာရိုးမ မန်နေဂျာက ပြောကြားသည်။ ယခုအချိန်အခါ၌ ဆီစာအုပ်ကို ဗလာစာအုပ်နှင့် ပြုလုပ်ပေး နေသည်ဟု သိရသည်။ ဗလာစာအုပ် အပေါ်မှာ ကုမ္ပဏီတံဆိပ်နှင့် ဆီဆိုင်နံပါတ်များ ရိုက်နှိပ်ထားသည်ဟု သိရသည်။

အဆိုပါ ဆီဝယ်ယူခွင့် စာအုပ်ပြုလုပ်ရာ၌ မည်သည့် ဆီဆိုင်များ၌ မဆို ယာဉ်အမှတ်၊ ယာဉ်အမျိုးအစား၊ ယာဉ်ပိုင်ရှင် အမည်နှင့် လိပ်စာများအား မှတ်ပုံတင် စာရင်းပေးသွင်း၍ ပြုလုပ်နိုင်ပြီး စာအုပ်ဖိုး ကျပ်၂၀၀သာ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ ဓာတ်ဆီ ထုတ်ယူခွင့် စာအုပ်ပျောက်ဆုံးသွားပါက အခြားဆီဆိုင်များ၌  အသစ်တစ်အုပ် ထပ်မံပြုလုပ်ရန် မလိုအပ်ကြောင်း နယူးဒေးလီ ဆိုင်မန်နေဂျာမှ ပြောကြားသည်။  "ဆီထုတ် တဲ့ စာအုပ် ပျောက်သွားလို့၊ ပျက်စီးသွားလို့ ရှိရင် အခြားဆီဆိုင်မှာ အသစ်တစ်အုပ် ထပ်မလုပ်မိဖို့ အရေးကြီးပါတယ်။ စာအုပ် ပျောက်သွားလို့ ကိုယ်ကလဲ အသစ်တစ်အုပ် လုပ်ထားတယ်။ အခြား တစ်ယောက် ကလဲ ပျောက်သွားတဲ့ စာအုပ်ကို ကောက်ရလို့  ဆီသွား ထုတ်တယ်ဆိုရင် စာအုပ်ပိုင်ရှင်ပဲ ပြဿနာတက်မှာပါ။ အဲဒါကြောင့် စာအုပ်ပျောက်လို့၊ ပျက်စီသွားလို့ ဆိုရင် ကိုယ်စာအုပ် လုပ်တဲ့နေရာကို အကြောင်းကြားပါ။ အဲဒါဆိုရင် ဆိုင်က စာအုပ်ပျောက်လို့၊ ပျက်စီးသွားလို့ ဆိုရင် ကိုယ့်စာအုပ် ပျောက်ဆုံး ပျက်စီးကြောင်း ထောက်ခံချက်နဲ့ အသစ်တစ်အုပ် လုပ်ပေးမှာပါ" ဟု ယင်းကဆိုသည်။

ယင်းသို့ တစ်နေ့တစ်ကြိမ်သာ ဝယ်ယူခွင့် စာအုပ်ဖြင့် ရောင်းချပေး သွားမည် ဖြစ်ရာ အမှန်တကယ် ဆီသုံးစွဲသူများ အတွက် ပိုမို အဆင်ပြေ လာမည်ဖြစ်ကြောင်း အိမ်သုံးရန် အတွက် မြဝတီ စက်သုံးဆီ ဆိုင်တွင် ဆီလာထည့်သူ တစ်ဦးက ပြောသည်။ " ဒီလိုလုပ်လိုက်တာ ကောင်းပါတယ်။ မဟုတ်ရင် အပြင်မှာ ပြန်ရောင်းဖို့ ဆီတန်းစီတဲ့ သူတွေက အချိန်ပြည့် ရှိနေတော့ တကယ် သုံးမယ့်သူတွေက နေရာမရတော့ဘူး။ အပြင် ဈေးနဲ့လဲ ဝယ်မသုံးနိုင်တော့ တန်းစီရတာ အရမ်းဒုက္ခရောက်တယ်။ အခုလို လုပ်လိုက်တော့ အရမ်း အဆင်ပြေတာပေါ့" ဟု ယင်းကဆိုသည်။

ယခုလို စာအုပ်စနစ် ကျင့်သုံးခြင်းကို ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးမှာပင် အသုံးပြုသည်ဟု ဆိုသည်။ အခြား အဝေးပြေး လမ်းမှ ဆိုင်များ မပါကြောင်း သိရှိရသည်။ "ကျွန်တော်တို့ ဆိုင်တွေက ခရီးဝေး သွားမယ်ဆိုရင်လဲ သတ်မှတ်ထားတဲ့ အရေအတွက်ထက် လုံးဝ ပိုရောင်းမပေးဘူး၊ တစ်ရက်ကို ဘယ်နှစ်ဂါလန် ရောင်းပေးမယ်ဆိုတာ ကိုတော့ ပြောင်းသွားမှာပါ" ဟု ယင်းက ဆက်လက် ပြောကြားသွားသည်။
ယခုလို ဆီစာအုပ်နှင့် သတ်မှတ်ပြီး လုပ်ခြင်းမှာ ဓာတ်ဆီတစ်မျိုးတည်းကိုပင် အသုံးပြုသည်ဟု ဆိုသည်။ အခြားဒီဇယ်နှင့် အောက်တိန်း ဆီများ မပါကြောင်းနှင့် လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း သိရသည်။ "ဆီဈေးနှုန်း မပြောင်းလဲဘူး၊ တစ်ဂါလန်ကို ၂၅၀၀နဲ့ ရောင်းပေးတယ်၊ အခုလို လုပ်လိုက်တော့ ဆီကိုလိုက်ပြီးတော့မှ တစ်ဆိုင်ပြီး တစ်ဆိုင် ထုတ်တဲ့ ကားတွေတော့ ပျောက်သွားမယ်၊ အဲဒီကားတွေ ပျောက်သွားတဲ့အတွက် ဆီလဲ တိုးမြင့် ရောင်းနိုင်မယ်လို့တော့ ထင်တယ်" ဟု နီလာရိုးမ ဆီဆိုင်မန်နေဂျာက ပြောကြားခဲ့သည်။

×××××××××××××××××××××××××××××××××××××××

Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

၁၆.၃.၂၀၁၁


ပြည်တွင်းသတင်းများ



စမတ်ကဒ် ယာဉ်မောင်း လိုင်စင်အတုများ ထွက်ပေါ်လျှက်ရှိ

ရန်ကုန် ၊ မတ် ၁၄။


၂၀၁၀ခုနှစ် အတွင်း မြန်မာနိုင်ငံ၏ ယာဉ်မောင်းလိုင်စင်များကို နိုင်ငံတကာ အဆင့်မီ စမတ်ကဒ်အဖြစ် ပြောင်းလဲ ခဲ့ပြီး နောက်ပိုင်းတွင် ယင်းကဒ်များကို အတုပြုလုပ်မှုများ ထွက်ပေါ်လျှက်ရှိကြောင်း ကားလောက အသိုင်းအဝိုင်းမှ စုံစမ်း သိရှိရသည်။

ယင်းကဒ်အတုကို ကိုယ်တိုင် ကိုင်ဆောင်ထားသူတစ်ဦးက “ ဒီကဒ်က လုပ်ရတာ သိပ်မခက်ပါဘူး၊ ဒရိုင်ဘာ လိုင် စင်က နှစ်သောင်း၊ စပယ်ယာဆိုရင် နှစ်ထောင်လောက်ပဲကျတယ်။ လက်တွေ့သုံးလို့လဲရတယ်။ ယာဉ်ထိန်းရဲတွေ ကိုယ်တိုင်တောင် အတုအစစ် မခွဲနိုင်ဘူး။ လတ်တလောတော့ အရမ်းအဆင်ပြေတယ်။ လိုင်စင်သိမ်းရင်တော့ အဲဒီကဒ်ပဲ ပေး လိုက်တာပဲ ” ဟုဆိုသည်။

တရားဝင် လိုင်စင်ပြုလုပ်ရာတွင် ကျပ်တစ်သောင်းခွဲ ဝန်းကျင်သာ ကျသင့်သော်လည်း ကိုယ်တိုင်သွားရောက် လုပ်ရခြင်း၊ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်တို့ကို ကျော်လွှားလိုခြင်း တို့ကြောင့် ယင်းကဒ်များ အသုံးတွင်ကျယ်လာ နိုင် ကြောင်း အဆိုပါပုဂ္ဂိုလ်မှ ဆက်လက် ပြောကြားခဲ့သည်။

ယာဉ်မောင်းတစ်ဦးကလည်း “ သူ့လမ်းကြောင်းအတိုင်း သွားရင် ၅နှစ်ကြာမှ ‘င’ လိုင်စင်ရမယ်။ အခု ဒီကဒ်နဲ့ဆိုတော့ မောင်းသက်လပိုင်းပဲ ရှိလည်း လိုင်းဝင်လို့ရနေတယ်။ တော်ရုံတန်ရုံ အဖမ်းအဆီးဆိုလည်း ဒီကဒ်ပဲ ပေးလိုက်တယ်။ ရုံး သွားတာ အလုပ်ပျက်တယ်၊ ပိုက်ဆံလဲ ကုန်တယ်။ နောက်အသစ်ပဲ ထပ်လုပ်လိုက်တယ် ” ဟု ပြောကြားသည်။

ဝါရင့် အငှားယာဉ်မောင်း တစ်ဦးကမူ “ လူတိုင်းလုပ်ပြီး ကိုင်နေရင်တော့ မကျွမ်းကျင်သေးပဲ လိုင်စင်အမြင့်ကိုင်ပြီး ကားကြီးတွေ မောင်းတာ အန္တရာယ် အရမ်းကြီးတယ်။ ကျနော်ကတော့ အားမပေးဘူး။ တာဝန်ရှိသူတွေ အနေနဲ့လဲ လုပ် ထုံးလုပ်နည်းတွေကို လျှော့ပေါ့ ပြင်ဆင် လိုက်မယ် ဆိုရင်တော့ အားလုံးအဆင်ပြေသွားမယ်ထင်တယ်။” ဟု ၎င်း၏ အမြင် ကို ပြောကြားသည်။

အဆိုပါ ကဒ်အား စမ်းချောင်းမြို့နယ်၌ပင် အလွယ်တကူ ပြုလုပ်ရရှိနိုင်ကြောင်း စုံစမ်းသိရသည်။

The CJs News

-------------------------------------------------------------------------------------------------------------

ပဒုမ္မာ ကဇာတ်ရုံ တစ်ပေ ပတ်လည် ကျပ်ငါးသိန်းဖြင့် လေလံအောင်မြင်

ရန်ကုန်၊ မတ်၁၄။


ရန်ကုန်မြို့တော်၏ အထင်ကရနေရာတစ်ခုဖြစ်သော စမ်းချောင်းမြို့နယ် ပဒုမ္မာဇာတ်ရုံအား တစ်ပေပတ်လည် ကျပ် ငါးသိန်းနှုန်းဖြင့် ဒိုင်းမွန်းစတား ကုမ္ပဏီက ရရှိသွားကြောင်း နေပြည်တော်မှလာသော သတင်းများကဆိုသည်။

လေလံ အောင်မြင်သွားသူမှာ ဦးထွန်းရင်ဆိုသူ ဖြစ်သော်လဲ ၎င်း၏နောက်ကွယ်မှ အဓိကလူမှာ ဒေါက်တာ ကိုကို ကြီး ဆိုသူဖြစ်ကြောင်း၊ ဦးထွန်းရင်သည် Premier Coffee ကုမ္ပဏီ အကြီးအကဲဖြစ်ပြီး၊ Delta United ဘောလုံးအသင်း ပိုင်ရှင်လည်း ဖြစ်ကြောင်း၊ ဒေါက်တာ ကိုကိုကြီး လုပ်ဆောင်ချင်သည့် ကိစ္စများကို ဦးထွန်းရင်က နာမည်ခံ လုပ်ဆောင်ပေးရ ကြောင်း၊ Delta United အသင်းကို Max ဇော်ဇော်က ဦးထွန်းရင်သို့ လွှဲပြောင်းပေးရာတွင် အခကြေးငွေ တစ်စုံတစ်ရာ မယူပဲ လွှဲပြောင်းပေးခဲ့သည့် နောက်ကွယ်တွင် ဒေါက်တာ ကိုကိုကြီး ပါဝင်ပတ်သက်ဖွယ် ရှိကြောင်း၊ ဒေါက်တာ ကိုကိုကြီးနှင့် ဦးထွန်းရင်တို့ ဆက်စပ်မှုကို လေ့လာဆဲ ဖြစ်ကြောင်း သတင်းဆန်းစစ်သူများက ဆိုသည်။

ပဒုမ္မာ ဇာတ်ရုံ ပတ်လည်ရှိ ဆိုင်ခန်းများနှင့် ပဒုမ္မာ ပန်းခြံဘေး ဆိုင်ခန်းများလည်း ပြောင်းရွှေ့ရမည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိကြောင်း၊ သို့သော် မည်သူက ဝယ်ယူပြီး မည်သည့်လုပ်ငန်း လုပ်ကိုင်မည် ဆိုသည်ကိုမူ ရေရေရာရာ မသိရသေးကြောင်း ပဒုမ္မာ ပန်းခြံတွင်း ၌မူ မုခ်ဦးနှင့် ပန်းခြံတွင်း အုတ်ခုံနှင့် ပန်းဘောင်များကိုမူ မကြာမီရက်ပိုင်း အတွင်းက ပင် အသစ်ပြန်လည် မွန်းမံခဲ့ကြောင်း၊ ပဒုမ္မာပန်းခြံမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများ ဌာန အောက်တွင် ရှိနေဆဲဖြစ်ပြီး သန့်စင်ခန်း မှာမူ ပုဂ္ဂလိက လုပ်ကိုင်လျှက်ရှိကြောင်း ယင်းအနီးတွင် ဆိုင်ခန်းဖွင့်လှစ် ထားသူများက ဆိုသည်။

The CJs News

-------------------------------------------------------------------------------------------------------------

လျှပ်စစ်ဓာတ်အား ပေးဝေမှု မြေအောက်ကြိုးများဖြင့် အစားထိုး ပြောင်းလဲမည်

ရန်ကုန်၊ မတ် ၁၅။


ရန်ကုန်မြို့တွင်၏ လျှပ်စစ်ဓာတ်အား ပေးဝေမှု စနစ်တွင် လက်ရှိအသုံးပြုနေသည့် လျှပ်စစ်ဓာတ်ကြိုးများအား မြေအောက်ကြိုးများဖြင့် အစားထိုး ပြောင်းလဲ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းသို့ ပြောင်းလဲရန် စီစဉ်ရခြင်းမှာ အန္တရာယ် ကင်ရှင်းစေရန်နှင့် မိုးဒဏ်လေဒဏ် ခံနိုင်မှုရှိကာ ပိုမို ကြံခိုင်စေရန် ဖြစ်ကြောင်း၊ မြေအောက် လျှပ်စစ်ဓာတ်ကြိုးများကို လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် ဆက်သွယ်ကာ မြေအောက်မြောင်း ကြီးများ တွင် ထည့်သွင်း အသုံးပြုပြီး အများပြည်သူသို့ ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

မြေအောက် လျှပ်စစ်ဓာတ်ကြိုး သွယ်တန်းနေမှုကို အသစ်တည်ဆောက်နေသည့် ကမ်းနားလမ်းသစ်တွင် လေး ပေ အကျယ်ရှိ မြောင်းကြီးများတူးကာ  မြေအောက်လျှပ်စစ်ကြိုးများ ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။

ထို့အပြင် ရန်ကုန် - ပြည်လမ်းမကြီး တလျှောက်တွင် မြေအောက်ကြိုးများ အစားထိုးပြောင်းလဲ ဆောင်ရွက်လျက် ရှိပြီး ယခင်က မြေအောက်ကြိုး မသွယ်တန်းရသေးသည့် နေရာများတွင်လည်း အစားထိုး သွယ်တန်းမှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြေအောက် လျှပ်စစ်ကြိုး သွယ်တန်းမှု၌ Conduit Culvert ထည့်သွင်းရေး အတွက် Box Type Whert များကို ထည့်သွင်း တည်ဆောက် နိုင်ရန်အတွက် သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ဆက်သွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

-------------------------------------------------------------------------------------------------------------

အစိုးရ ငွေတိုက် စာချုပ်များအတွက် အတိုးငွေ ကျပ်သိန်း ၁၂၀၀ခန့် ထုတ်ဝေ

ရန်ကုန်၊ မတ် ၁၅။


မြန်မာ့ ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ရေး ကုမ္ပဏီမှ ရောင်းချခဲ့သော အစိုးရငွေတိုက် စာချုပ်များ အတွက် အတိုးငွေကျပ် သန်း ၁၂၀၀ ခန့်ကို မတ်လ ၁၅ ရက်၌ ထုတ်ဝေသွားမည်ဖြစ် ကြောင်းသိရသည်။
      
မြန်မာနိုင်ငံ ဗဟိုဘဏ်မှ တိုက်ရိုက် ရောင်းချပေးလျက်ရှိသော အဆိုပါ အစိုးရ ငွေတိုက်စာချုပ် များကို  ဘဏ်မဟုတ်သည့် အဖွဲ့အစည်းများနှင့် တစ်ဦးချင်း ဝယ်ယူရင်းနှီးမြုပ်နှံသူများသို့ ဗဟိုဘဏ်၏ အရောင်းကိုယ်စားလှယ် ဖြစ်သော မြန်မာ့ငွေချေး သက်သေခံ လက်မှတ်များ ရောင်းဝယ်ရေးကုမ္ပဏီ (Myanmar Security exchange company) နှင့်  မြန်မာ့စီးပွားရေးဘဏ်တို့မှရောင်းချပေးလျက်ရှိ သည်။

 "MSEC ကနေ ၂၀၁၀ ဇန်နဝါရီ ၁ ရက်ကနေ ရောင်းချပေးခဲ့တဲ့ ငွေတိုက်စာချုပ်တန်ဖိုးက သန်းပေါင်း ၂၃၅၃ သန်းကျော် ရှိပါတယ်။ အဲ့ဒီငွေတိုက်စာချုပ်တွေရဲ့အတိုးတွေကို ခြောက်လတစ်ကြိမ် နှစ်စဉ် မတ် ၁၅ ရက်ကနေ စက်တင်ဘာ ၁၅ ရက်အထိ ထုတ်ပေးသွား မှာပါ" ဟု မြန်မာ့ငွေချေးသက် သေခံလက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ အစိုးရငွေတိုက် စာချုပ်များမှာ နှစ်နှစ်၊ သုံးနှစ်နှင့် ငါးနှစ်သက်တမ်းရှိစာချုပ်များရှိပြီး ယင်းသက်တမ်း အမျိုးမျိုးအတွက်အတိုးနှုန်းမှာ ၁၀ ဒဿမ ၅ ရာခိုင်နှုန်း၊ ၁၁ ရာခိုင်နှုန်း၊ ၁၁ ဒဿမ ၅ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်းသိရသည်။

 ယင်း ငွေတိုက်စာချုပ်များကို ပုဂ္ဂလိကဘဏ်များသာ အများဆုံး ဝယ်ယူကြ၍ တစ်ဦးချင်ရင်းနှီး မြုပ်နှံမှုများ နည်းပါးနေခြင်းကြောင့် အဆိုပါ ငွေတိုက်စာချုပ်ဈေးကွက်၏ လက်ရှိအခြေအနေနှင့် အနာဂတ်အလားအလာနှင့် ဆက် လျဉ်း၍ " ငွေတိုက်စာချုပ်ဈေးကွက် ဖွံ့ဖြိုး တိုးတက်ရေးက နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ အလွန်အရေးကြီးတယ်လို့ ဆိုလို ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ  ဖော်ဆောင်ဖို့ကြိုးစား နေတဲ့ ငွေချေးစာချုပ်ဈေးကွက်ရဲ့ အစိတ်အပိုင်းနှစ်ရပ်အနက် အစိတ်အပိုင်း တစ်ရပ်ဖြစ်တဲ့ ငွေချေးစာချုပ် ဈေးကွက်ကို ငွေတိုက်စာချုပ် ဈေးကွက်၊ ဒေသဆိုင်ရာ အုပ်ချုပ်မှု အဖွဲ့အစည်းများနှင့် မြူနီစီပယ် ငွေချေးစာချုပ် ဈေးကွက်နှင့် ကော်ပိုရိတ် ငွေချေးစာချုပ် ဈေးကွက်ဆိုပြီး အကြမ်းအားဖြင့် သုံးပိုင်းလောက် ခွဲခြားနိုင်ပါတယ်။ ဒီဈေးကွက်တစ်ခုလုံးရဲ့ ရာခိုင်နှုန်း ၉၀ ကျော်က ငွေတိုက်စာချုပ် ဈေးကွက် ဖြစ်ပါတယ်။ ဈေးကွက်ပမာဏကြီးမားခြင်း၊ အာမခံချက် အပြည့်အဝရှိခြင်း၊ ငွေကြေးကဏ္ဍတစ်ခုလုံးရဲ့ အတိုးနှုန်း အထွေထွေ အရပ်ရပ် ကို ဈေးကွက်က ပြဋ္ဌာန်းထားရာ ငွေချေးစာချုပ်ဈေးကွက်ကို ဖော်ဆောင်ရာမှာ ငွေတိုက်စာချုပ် ဈေးကွက်ဖြင့်သာ စတင် ဆောင်ရွက်ရခြင်းများကြောင့် ဒီဈေးကွက်ဖွံ့ဖြိုး တိုးတက်ဖို့ အခြေခံကျတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။

ထို့အပြင် ယင်းနှင့်ပတ်သက်၍ ရေရှည်မှာ ငွေရေးကြေးရေး ကဏ္ဍ ဖွံ့ဖြိုးလာတာနှင့်အမျှ အတိုးနှုန်းကို ဈေးကွက်က ပြဋ္ဌာန်းလာမှာဖြစ်ပြီး ဈေးကွက်၏ တောင်းဆိုမှုအရ အတိုးနှုန်းအတက်အကျများ ရှိလာမှာ ဖြစ်ကြောင်း သိရသည်။

"ဥပမာအားဖြင့် ပြောရရင် သုံးလအပ်ငွေ၊ ခြောက်လအပ်ငွေ၊ ကိုးလအပ်ငွေဆိုပြီး အတိုးနှုန်း တွေက  မတူနိုင်ဘူး။ ကာလရှည်ကြာ ရင်းနှီးမြုပ်နှံမှုအရ တဖြည်းဖြည်း အတိုးနှုန်းတွေ မြင့်တက်သွားမယ်။ အဲဒီ အခြေအနေမျိုးဆိုရင် ငွေတိုက်စာချုပ်တွေက ရင်းနှီးမြုပ်နှံမှုတွေ အတွက် ရွေးချယ်စရာ ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်လာနိုင်ပါတယ်" ဟု ယင်းက ဆက်လက် ပြောကြားသည်။

ငွေတိုက် စာချုပ်ဈေးကွက် ဖွံ့ဖြိုးလာချိန်တွင် ရောင်းချမှုပုံသဏ္ဍာန်များတွင်လည်း ပြောင်းလဲမှု များစွာ ရှိလာနိုင် မည်ဖြစ်ပြီး နိုင်ငံတကာတွင် ကျင့်သုံးနေသည့် လေလံစနစ်ဖြင့် ရောင်းချမည့် ပုံစံများအထိ ဖြစ်လာနိုင်ကြောင်း ပညာရှင် တစ်ဦးက သုံးသပ်ပြသည်။
 

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 


ကြားဖြတ်ရွေးကောက်ပွဲ နိုဝင်ဘာတွင် ကျင်းပနိုင်မည်ဟု ဦးသိန်းစိုးပြောကြား

မတ် ၁၅။


ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး နဝမနေ့အဖြစ် မတ်လ(၁၄)ရက်နေ့တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်  ကျောက်မဲ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနယ်လ်ဆင်(ခ) စိုင်းဆောင် ဆီက သမ္မတ၊ ဒုတိယသမ္မတ ရွေးချယ်ခံထားရသူများ အပါအဝင် အုပ်ချုပ်ရေး အာဏာအတွင်းသို့ ရောက်သွားကြမည့် လွတ်တော် ကိုယ်စားလှယ်များ၏ နေရာတွင် အစားထိုးရွေးချယ်ရန် ကြားဖြတ်ရွေးချယ် တင်မြှောက်ပွဲများကို ကျင်းပရန် မည်သို့ ပြင်ဆင်ထားသည်၊ မည်သည့်အချိန်တွင်ကျင်းပမည်။ လွတ်လပ်၍ တရားမျှတမှုရှိစေရန် မည်သို့စီမံထားသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲများကို ကျင်းပနိုင်ရန် လွှတ်တော်ကိုယ်စား လှယ်နေရာ လစ်လပ်သွားသည့် မဲဆန္ဒနယ်များအတွက် မူလမဲစာရင်းကို အခြေပြု၍ နောက်ဆုံး အခြေအနေနှင့် ကိုက်ညီ မှန်ကန်အောင် မဲစာရင်းများ ပြုစုခြင်း၊ မဲရုံ / မဲပုံး အစရှိသည့် ရွေးကောက်ပွဲအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှု လုပ် ငန်းများကို ဆောင်ရွက်ထားမည် ဖြစ်ပါကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ခန့်မှန်းအချိန်ကာလမှာ ပွင့်လင်းရာသီ မိုးအကုန် ဆောင်းအကူးဖြစ်သော ၂၀၁၁ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာလခန့်တွင် ကျင်းပနိုင်မည်ဟုခန့်မှန်းပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲ များကို လွပ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန် သက်ဆိုင်ရာ လွတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ များနှင့် အညီ ကြီးကြပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြန်လည် ဖြေကြား သွားသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် တရားဝင် နိုင်ငံရေးပါတီတွေကလည်း တောင်းဆိုကြတာရှိတယ်။ အစိုးရကလည်း သတင်း စာ ထဲကနေ ပိတ်ဆို့မှု ရုပ်သိမ်းသင့်တဲ့ အကြောင်း ပြောနေကြတယ်။ အခုက ပိတ်ဆို့ မှုရုပ်သိမ်းရေးနှင့် မရုပ်သိမ်းရေး အင်အားစုကြီး နှစ်ခုကွဲနေတဲ့ သဘောပေါ့။ ပြဿနာကို အဖြေရှာတဲ့ နေရာမှာ လမ်းလွဲ နေတာတွေကြောင့် ပြဿနာ အဖြေမှန် မရတက်တာတွေ ရှိပါတယ်။ ဒါကလည်း အားလုံး သတိချပ်သင့်ပါတယ်"

မတ် ၁၄ ထုတ် The Voice Weekly အတွဲ(၇) အမှတ်(၁၄) မှာပါသည့် "မြန်မာနိုင်ငံအပေါ် ဥရောပသ မဂ္ဂ စီးပွားရေး ပိတ်ဆို့မှု ပြန်လည်သုံးသပ်မည်" သတင်းမှ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော အသက် ၄၀ အရွယ် ပြည်တွင်း နိုင်ငံရေး သမားတစ်ဦးက သုံးသပ်ချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------
"လိုတာတော့ အကုန်လိုတာပဲ။ လိုတာတော့ ဖွံ့ဖြိုးဆဲ နိုင်ငံဆိုတဲ့အခါကျတော့ အစစအရာရာ လိုတာပဲ။ ဘယ်စီးပွားရေး ကဏ္ဍကမှ မလိုဘူးလို့တော့ ပြောစရာတောင် မရှိပါဘူး။ နောက်တစ်ခုက ဝေဖန်ချက်တွေ တစ်ဆင့်ပြန်ကြားရတယ်။

စုစုပေါင်းဘတ်ဂျက် အသုံးစရိတ်က နည်းတယ်လို့ တစ်ဆင့် ပြန်ကြားရတယ်။ အဲ့တော့ ကိုယ့်တိုင်းပြည်ကလည်း သိပ် အချမ်းသာကြီး မဟုတ်တဲ့ အခါကျတော့ သိပ်မများဘူးလို့ ယူဆတယ်။ မလိုအပ်တဲ့ နေရာလို့ကို သိပ်မမြင်ဘူး။  ဘယ်နေ ရာဖြစ်ဖြစ် ဥပမာ- လမ်းပန်း ဆက်သွယ်ရေးကဏ္ဍတွေ ဘာတွေ ဒါတွေလည်းလိုတာပေါ့။ အခု ဝန်ဆောင်မှုသိပ်မရဘူး၊ ဖုန်းခေါ် မရဘူး။ ဒါတွေက Basic Infrastructure လိုအပ်တဲ့ သဘောတွေပဲလေ"

မတ်လ ၁၆ ထုတ် The Myanmar Post အတွဲ(၃) အမှတ်(၁၁) မှာပါသည့် "ပြည်ထောင်စုဘဏ္ဍငွေ သုံးစွဲရာတွင် ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်သည်နှင့်အညီ လိုအပ်မှုများ ရှိနေသေးကြောင်း" သတင်းမှ ဆရာ ခင်မောင်ညို(ဘောဂဗေဒ) ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"လွှတ်တော်မှာ ကျားကျား မီးယပ်ဆိုပြီး လုပ်လို့ ရတော့မယ် မထင်ဘူး။ တကယ့်လက်တွေ့ လုပ်ရမယ့်အပေါ်မှာ လုပ်နိုင်၊ မလုပ်နိုင် စောင့်ကြည့်ရမှာဖြစ်ပါတယ်"

မတ် ၁၇ ထုတ် ရန်ကုန်တိုင်းမ် အတွဲ(၇) အမှတ် (၁၁) မှာပါသည့် "ပြည်သူကိုယ်စား ပြည်သူ့ကိုယ်စား လှယ်များ လွှတ်တော် အတွင်းမှာ ဘယ်လို ထိန်းညှိ ဆောင်ရွက်ကြမလဲ" သတင်းဆောင်းပါးမှ  တိုင်း ရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဟန်ရွှေ၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

ယခုပြဋ္ဌာန်းထားသည့် ပြည်သူ့ စစ်မှုထမ်း ဥပဒေသည် ၁၉၅၉ ခုနှစ် ပြည်သူ့ စစ်မှုထမ်း အက်ဥပဒေကို ခေတ်ကာလနှင့် လျှော်ညီစွာ ပြုပြင် ပြဋ္ဌာန်းထားခြင်း ဖြစ်ပြီး ပြည်သူ့ စစ်မှုထမ်းဥပဒေ ပုဒ်မ-၁ ပုဒ်မခွဲ(ခ) တွင် "ဤဥပဒေသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌက အမိန့်ကြေငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင် အာဏာ တည်ရမည်" ဟု ပြဋ္ဌာန်းပါရှိသည်။ ထိုပြဋ္ဌာန်းချက်ပါ "နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဆိုသည့် စကားရပ်ကို ၂၀၁၁ ခုနှစ် စကားရပ်များ အစားထိုး ဥပဒေအရ နိုင်ငံတော်သမ္မတ" ဆိုသည့် စကားရပ်ဖြင့် အစား ထိုးပြီးဖြစ်သည်ဟု မတ်လ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစားများတွင် ဖော်ပြထားသည်။

မတ် ၁၄ ထုတ် The Messenger အတွဲ(၁) အမှတ်(၄၄) မှာပါသည့် "လိုအပ်သည့် အချိန်တွင် အမိန့် ကြေငြာစာ ထုတ်ပြန်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်မည်" သတင်းမှ ကောက်နှုတ်ချက်

 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းဆောင်းပါးကဏ္ဍ

 
ပြည်ထောင်စုလွှတ်တော်တွင် ပထမအကြိမ် မေးမြန်းခြင်းနှင့် ဖြေကြားခြင်းများ

ပြည်ထောင်စု လွှတ်တော်၌ လွှတ်တော်အမတ်များက မတ်လ ၉ ရက်နေ့က စတင်တင်သွင်းသော မေးခွန်းများ နှင့် အဆိုများမှ လွှတ်တော်အမတ်များသဘောတူသည့် အဆိုများကို သက်ဆိုင်ရာ လွှတ်တော်များတွင် ယနေ့ မတ်လ ၉ ရက်နေ့မှစ၍ စတင် ဆွေးနွေး နေပြီဖြစ်ကြောင်း မတ်လ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြထားသည်။ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နည်း ဥပေဒ ပုဒ်မ  ၁၁၉၊ ၁၂၂ နှင့် ၁၂၃ တို့တွင်  လွှတ်တော်၌ မေးမြန်းထား သော မေးခွန်းအားလုံးနှင့် ပြောကြားပြီးဖြစ်သော အဖြေများကို လွှတ်တော် မှတ်တမ်းတွင် ထည့်သွင်းရမည်။ နိုင်ငံသားများ အတွက် အကျိုးဖြစ်ထွန်းစေမည့် မေးခွန်းဟု ဥက္ကဋ္ဌက သတ်မှတ်သော မေးခွန်းများနှင့် ဖြေကြားချက်များကို နိုင်ငံတော် ပြန်တမ်းတွင် ထည့်သွင်းနိုင်သည်။  သို့နှင့်  ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့၌ လွှတ်တော် ကိုယ်စားလှယ် များက ယဉ်ကျေးမှု၊ လယ်ယာမြေသိမ်းယူခြင်း၊ ဆက်သွယ်ရေး၊ နိုင်ငံဝန်ထမ်းများ၏ လစာနှုန်းထားများ တိုးပေးရန် ရှိ၊ မရှိ စသည့် မေးခွန်းများကို စတင်မေးမြန်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများက ပြည်လည် ဖြေကြားပေးခဲ့ပါသည်။

လွှတ်တော် နှစ်ရပ်အနက် အမျိုးသား လွှတ်တော်သည် လက်ရှိ ပြည်သူများအကြား ဂယက်ရိုက်နေသာ ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များသာ ဆွေးနွေးသွားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြထားချက်အရ သိရသည်။ ကြိုးမဲ့ တယ်လီဖုန်းများ အသုံးပြုရာတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ပေးသွင်းရသည့် ကနေဦး တပ်ဆင်ခကို ပယ်ဖျက်ပြီး ကြိုတင်ငွေဖြည့် SIM Card များကို သင့်တော်သော နှုန်းထားအလိုက် ရောင်းချပေးနိုင်ကြောင်း ပထမအကြိမ် အမျိုးသား လွှတ်တော် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ဆွေးနွေးခဲ့သည်။ ထိုအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ် ၄ မှ ဒေါက်တာ မြတ်ဉာဏစိုးက ကြိုးမဲ့ တယ်လီဖုန်း ဆက်သွယ်ရေးစနစ်များကို အသုံးပြုနေသော် လည်း အဆိုပါ ဆက်သွယ်ရေးစနစ်များ၏ တူညီသော အခြေခံမှာ SIM Card များကိုသာ အသုံးပြုရ ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတကာရှိ ဆက်သွယ်ရေး ဝန်ဆောင်မှုများတွင် ကြိုးမဲ့ တယ်လီဖုန်းစနစ်အတွက် ကနေဦး တပ်ဆင်ခများ လုံးဝ ပေးသွင်းစရာ မလိုဘဲ ကြိုတင်ငွေဖြည့်စနစ် SIM Card များကိုသာ ဝယ်ယူအသုံးပြုရန် လိုအပ်သည်ကို လေ့လာ တွေ့ ရှိရပါကြောင်း၊ The Myanmar Wireless Tel egraph Act သည် ၁၉၃၃ မှ စတင်အသုံးပြုခဲ့ခြင်း ဖြစ်ပြီး အီလက်ထရော နစ် ဆက်သွယ်ရေး ဥပဒေဖြစ်သည့် ဥပဒေအမှတ် ၅/၂၀၀၄ မှာလည်း ပြင်ဆင်သင့်သည်များ ရှိနေပါကြောင်း၊ သို့ပါ၍ လွှတ်တော်များ သို့ တင်ပြပြင်ဆင်သွားရန် လိုအပ်ပါကြောင်း၊ ပြည်သူများအနေဖြင့် အပိုဆောင်း ထပ်မံကုန်ကျစရိတ် များကို ကျခံသုံးစွဲရခြင်း မရှိဘဲ ဆက်သွယ်ရေး ကဏ္ဍတွင်လည်း ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး ကြိုတင်ငွေဖြည့် SIM Card များကိုသာ သင့်တော် နှုန်းထား အလိုက် မြန်မာကျပ်ငွေဖြင့်  စီစဉ် ရောင်းချပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ပုဂ္ဂလိကနှင့် နိုင်ငံရပ်ခြား ရင်းနှီးမြုပ်နှံသူများကိုပါ ဆက်သွယ်ရေး ကဏ္ဍတွင် ရင်းနှီး မြုပ်နှံ၊ ပြိုင်ဆိုင်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ပြောကြား ပေးစေလို ပါကြောင်းဖြင့် မေးမြန်းခဲ့ကြောင်းသိရသည်။

ဒေါက်တာ မြတ်ဉာဏစိုး၏ မေးမြန်းချက်နှင့် ပတ်သက်၍ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေး နန်းဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဇော်က အထက်တွင် တင်ပြခဲ့သော အချက်အလက်များမှာ ကိုယ်စားလှယ်ကြီး တင်ပြထားသည့်အတိုင်း မိမိတို့ ဝန်ကြီးဌာန ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်မည့် ရည်မှန်းချက်များတွင် ပါဝင်ပြီးဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးကဏ္ဍတွင် ပုဂ္ဂလိကနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ အပြိုင်အဆိုင် ဆောင်ရွက်ခွင့်နှင့်ပတ်သက်၍ လက်ရှိ တွင်လည်း ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက်ကို ဝန်ကြီးဌာန၏ ထည့်ဝင်ငွေ ၆၀ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေ၊ တည်ဆဲ ဥပဒေများနှင့်အညီ ဆောင်ရွက်နေပါကြောင်း၊ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများလည်း ရေးဆွဲပြီး ဖြစ်ပါ ကြောင်းနှင့် အတည်ပြုနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်း ဖြေကြားခဲ့သည်။

နောက် ထူးခြားသည်မှာ ပြည်သူ့လွှတ်တော် နမ့်ခမ်းမဲဆန္ဒနယ်မှ ဒေါက်တာစိုင်းကျော်အုန်း၏ နိုင်ငံဝန်ထမ်းများ နှင့် ယခင်ပင်စင်စား နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများ တိုးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုဖြစ်သည်။ ဤသည်ကို ဘဏ္ဍရေးနှင့် အခွန် ဝန်ကြီးဌာန ဝန်ကြီးဦးလှထွန်း၏ မှ နိုင်ငံတော်အစိုးရသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများအား ပြင်ဆင်တိုးမြင့် ထောက်ပံ့မှုများကို အမြဲသုံးသပ်ဆောင်ရွက် ပေးလျက်ရှိပါ ကြောင်း၊ ၁၉၇၂ ခုနှစ်၊ ၁၉၇၆ခုနှစ်၊ ၁၉၈၁ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့တွင် အစိုးရဝန်ထမ်းများ၏လစာနှင့် လုပ်ခများ ပြင်ဆင် တိုး မြင့်ပေးခြင်း၊ ယာယီရှားပါးစရိတ် ခွင့်ပြုပေးခြင်း၊ အပို ထောက်ပံကြေး ခွင့်ပြုပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ၁၉၈၉ခုနှစ်၊ ၁၉၉၃ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ် တို့တွင်  ဝန်ထမ်းများ၏ လစာနှုန်း၊ ပင်စင် လစာနှင့် လုပ်ခများ တိုးမြင့်သတ်မှတ်ပေးခြင်း၊ ၂၀၀၆ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်တို့တွင် ဝန်ထမ်းများ၏ လစာနှုန်းနှင့် လုပ်ခ များ တိုးမြင့်ပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ အထက်ပါအတိုင်း လွတ်လပ်ရေး ရပြီး နောက်ပိုင်း ခေတ်အဆက် ဆက်မှာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အပေါ်မူတည်၍ နိုင်ငံ့ဝန်ထမ်းများ လစာနှင့် အငြိမ်းစား ဝန်ထမ်းများ၏ လစာများ တိုးမြင့်ပေးခြင်း၊ အပို ထောက်ပံ့ကြေးများ၊ ရှားပါးစရိတ်များစသည်ဖြင့် ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့သည်ကို တွေ့ ရှိရမှာ ဖြစ်ပါကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ၂၀၁၀ ပြည့်နှစ်အထိ ကာလများကို သုံးသပ် ကြည့်မည်ဆိုပါက ပျမ်းမျှအား ဖြင့် (၄၊ ၅၊ ၆) နှစ်အကြား လစာနှုန်းများ တိုးမြင့်ပေးခဲ့သည်ကို တွေ့ရှိရမှာ ဖြစ်ပါကြောင်း၊ ဤသည်မှာလည်း တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းများနှင့်  အငြိမ်းစား ဝန်ထမ်းများ၏ သက်သာ ချောင်ချိရေးနှင့် နေထိုင် စားသောက်ရေးတို့ကို ရှေ့ရှုပြီး နိုင်ငံတော်က နိုင်ငံ့ဝန်ထမ်းများအပေါ် မိမိ ရင်ဝယ်သားကဲ့သို့ ထားရှိသည့် စေတနာဖြင့် ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဝန်ထမ်းလစာနှင့် အငြိမ်းစား လစာ တိုးမြင့်ခြင်း ဆောင်ရွက်လိုသည့်အခါတိုင်း ငွေကြေးဖောင်းဖွမှုနှုန်း၊ နိုင်ငံတော်အတွင်း လှည့်ပတ် သုံးစွဲငွေ ပမာဏ၊ တစ်မျိုးသားလုံး၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး၊ ပတ်ဝန်း ကျင်နိုင်ငံများ၏ ငွေကြေးအခြေအနေ စသည်တို့ကို စဉ်းစား၍ ချင့်ချိန် တွက်ချက် ရပါကြောင်း၊ သို့ဖြစ်၍ ယခုအချိန်အခါ တွင်လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံ၍ အထက်ပါအချက်များကို သုံးသပ်ပြီး သင့်လျှော်သော အချိန်အခါတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

သို့သော် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ရှင်းလင်းပြောကြားမှုအရ လွှတ်တော် တက်ရောက်နေကြသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အချို့၏ မေးခွန်းနှင့်အဆိုများ မှားယွင်းရောထွေးမှုများ ရှိနေကြောင်းနိုင်ငံပိုင် မီဒီယာများ၏ ဖော်ပြချက်အရသိရသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာ ပြည်သူ့ လွှတ်တော်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မေးခွန်းများ၊ အဆိုများနှင့် ဥပဒေကြောင်းများအား တင်သွင်းနိုင်ကြောင်း ပြော ကြားခဲ့အပြီး ယခုရရှိထားသည့် မေးခွန်းများ၊ အဆိုများ အနက် မေးခွန်းနှင့်အဆိုကို မှားယွင်းရောထွေးမှုများ တွေ့ရှိနေ သောကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား မေးခွန်းဆိုသည်မှာ  မိမိမသိသည်ကို သိအောင်၊ သိလိုသည်ကို သိခွင့်ရအောင် မေးမြန်းခြင်းဖြစ်ကြောင်း၊ မေးခွန်းမေးမြန်းရာတွင်  မိမိ သိချင်သည့် အချက်ကို အဓိကမေးရန်ဖြစ်ပြီး၊ ရှင်းလင်းစေရန် တစ်ဆက်တည်းဖြေသင့်သည်ဟု ယူဆပါက မေခွန်းတွင် တစ်ဆက်တည်း မေးမြန်းနိုင်ကြောင်း ရှင်းလင်း ပြောကြားသွားသည်။ ဆက်လက်၍ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက အဆိုကို ရှင်းလင်းပြော ကြားရာတွင်  မိမိသိထားသည့် အပေါ် အခြေခံပြီး မိမိ ဖြစ်စေချင်သည့် ဆန္ဒအတိုင်း ဖြစ်ပေါ်လာစေရေး အတွက်လည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိ သည့် ဌာနဆိုင်ရာများ အနေဖြင့် လိုအပ်သလို အရေးယူ ဆောင်ရွက် နိုင်စေရေးအတွက်လည်းကောင်း အဆို တင်သွင်း ရခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

××××××××××××××××××××××××××××××××××××××××××××
 
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

၁၅.၃.၂၀၁၁

ပြည်တွင်းသတင်းများ



အထူးစီးပွားရေးဇုန် အတွင်း ဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြည်ပဘဏ်များ လာရောက် ဆွေးနွေး

မတ် ၁၄။


မြန်မာနိုင်ငံ၌ စီးပွားရေး ဖွံ့ဖြိုး တိုးတတ်မှု အတွက် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိသည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန်များအတွင်း ရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင်များအတွက် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဦးစားပေး အနေဖြင့် ကိုယ်စားလှယ်ရုံး များထား ရှိနိုင်ရေးအတွက် ပြည်ပ ဘဏ်များက လာရောက် ဆွေးနွေးလျှက် ရှိကြောင်း သိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တို့သည် စတင် အကောင်အထည်ဖော် ဆောင်ရွက်သည့် အချိန်မှစ၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ပြည်တွင်း၊ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များမှ အထူးစိတ်ဝင်စားလျှက်ရှိရာ ယခုအခါ တွင်လည်း ဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ အခြေစိုက် ဘဏ်ကြီးများက စုံစမ်း ဆွေးနွေးမှုများ ပြုလုပ်လျှက် ရှိကြောင်း ပြည်ပဘဏ် ကိုယ်စားလှယ်ရုံး တစ်ခုမှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးမှ ပြောခဲ့သည်။

ထုတ်ပြန်ထားသည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ဥပဒေတွင်လည်း ဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဥပဒေများ ပါရှိသည့်အတွက် ဇုန်များအတွင်း ဘဏ်များ ဖွင့်လှစ်နိုင်ရေး၊ ဝန်ဆောင်မှုများ ပေးနိုင်ရေး၊ ချေးငွေ ဝန်ဆောင်မှုများ ပေးနိုင်ရေး နှင့် နိုင်ငံခြားငွေ လဲလှယ်မှုများ ပြုလုပ်ပေးနိုင်ရေး တို့အတွက် ဘဏ်ကိုယ်စားလှယ် ရုံးများ ဖွင့်လှစ်နိုင်ရန် ဆွေးနွေး ညှိနှိုင်း မှုများ ပြုလုပ်နေကြောင်း သိရသည်။

ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်နိုင်ရန် ဗီယက်နမ် အခြေစိုက် တရုတ် ICBT ဘဏ်ကြီးမှ လာရောက် ဆွေးနွေးမှုများ ပြုလုပ်လျှက် ရှိကြောင်း၊ အထူးစီးပွားရေးဇုန် ဥပဒေတွင်လည်း ဘဏ်နှင့် ပတ်သတ်သည့် ဥပဒေများ ပါဝင်နေသည့် အတွက် ဘဏ်များ ဖွင့်လှစ်နိုင်ရန်၊ နိုင်ငံခြားငွေများ လဲလှယ်နိုင်ရန် ဆွေးနွေးလျှက်ရှိကြောင်း၊ လက်ရှိ ဆွေးနွေးမှုမှာ ဦးစားပေး အနေဖြင့် ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း၊ ပြည်ပဘဏ် ကိုယ်စားလှယ်ရုံး မှ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

-------------------------------------------------------------------------------------------------------------


နိုင်ငံတကာအဆင့်မီ မြို့တော်များဖြစ်လာစေရေး စည်ပင်ဝန်ထမ်းများအား ကိုရီးယားနိုင်ငံသို့စေလွှတ်

မတ် ၁၄။



မြန်မာနိုင်ငံ၏ မြို့ကြီးများ ဖြစ်သည့် နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့ကြီးများအား နိုင်ငံတကာ အဆင့်မီ မြို့တော်ကြီးများ ဖြစ်လာနိုင်စေရန် စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများအား ကိုရီးယားနိုင်ငံ၏ စည်းကမ်း ထိန်းသိမ်းမှု ဆိုင်ရာများ လေ့လာနိုင်ရန် ကိုရီးယားနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စည်ပင်သာယာရေး ဝန်ထမ်းများအား ကိုရီးယားနိုင်ငံ၏ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု နည်းပညာနှင့် ပြည်လည်သုံးစွဲမှု အရင်းအမြစ် နည်းပညာရပ်များ လေ့လာနိုင်ရန် စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံသို့ သွားရောက် လေ့လာမည့် စည်ပင်ဝန်ထမ်း ဦးရေမှာ (၁၀) ဦးဖြစ်ပြီး ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ အကူအညီဖြင့် မတ်လ ၆ ရက်မှ ၂၃ ရက် အထိ ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် solid waste management သင်တန်းအား တတ်ရောက်ရန် စေလွှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

သင်တန်းသားများသည် သင်တန်း တတ်ရောက်နေစဉ် ကာလများ တွင်လည်း ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ စိန့်မယ်ရီ ဆေးရုံ၊ ပွာန်ဒိုင်းအကြီးစား စက်မှုလုပ်ငန်းနှင့် အခြားပုဂ္ဂလိက လုပ်ငန်းများသို့ လေ့လာဆည်းပူးခွင့် ရရှိမည် ဖြစ် ကြောင်း သိရသည်။

 
-------------------------------------------------------------------------------------------------------------


ပညာရေးဝန်ဆောင်မှုအေဂျင်စီများအပေါ် ယုံကြည်မှု လျော့နည်းလာ

ရန်ကုန်၊ မတ် ၁၄။


နိုင်ငံတကာရှိ တက္ကသိုလ်များသို့ သွားရောက် ပညာသင်ယူရန်အတွက် အကျိုးဆောင်ပေးသော ပညာရေး ဝန် ဆောင်မှု အေဂျင်စီများ၏ အပြုအမူ တစ်ချို့ကြောင့် ကျောင်းသားမိဘများအနေဖြင့် အေဂျင်စီများအပေါ် ယုံကြည်မှု လျော့နည်း လာကြောင်း သိရှိရသည်။

“ကျွန်တော့်သား ဆယ်တန်း စာမေးပွဲပြီးတဲ့ အချိန်နဲ့ အေဂျင်စီတစ်ခုက စီစဉ်တဲ့ နိုင်ငံတကာ ပညာရေး လေ့လာရေး ခရီးစဉ် ရှိတဲ့အချိန် တိုက်နေလို့ အဲဒီကိစ္စကို ဖုန်းဆက် စုံစမ်းကြည့်တာ သူတို့က ဘယ်လောက် ကုန်ကျလဲဆိုတာကို ဖုန်းထဲက မပြောဘူး။ ရုံးလာပါဆိုတာနဲ့ သွားတာ သူတို့ရုံးရောက်တာနဲ့ ဖောင်တွေ တစ်စောင်ပြီး တစ်စောင်ဖြည့်ခိုင်းတာ ၃စောင် လောက်လည်း ဖြည့်ပြီးရော ဒီခရီးသွားဖို့ လိုတာတွေ ပြောတယ်။ ဂျာနယ်မှာ သူတို့ပြောထားတဲ့ ဈေးနဲ့ အခုပြောတဲ့ ဈေးနဲ့က ဒေါ်လာ၅၀၀ နီးပါးကွာနေတော့ သူတို့က ဂျာနယ်က အမှားဆိုပြီး ပြောတယ်။ ကျွန်တော်လည်း ကိုယ်မှန်းထားတဲ့ ဈေးနဲ့ တော်တော်ကွာနေတော့ အဆင်မပြေဘူးဆိုပြီး ပြန်မယ်လုပ်တော့ သူတို့ထဲက ဦးဆောင် ပြောတဲ့တစ်ယောက်က ဖောင်ဖြည့်ခနဲ့ ဆွေးနွေးခဆိုပြီး ၂သောင်း တောင်းလို့ ပေးခဲ့ရတယ်။ ဒီလိုလုပ်တော့ဗျာ နောက်တစ်ခါ ဒီလို အေ ဂျင်စီကို ကျွန်တော်လည်း မသွားဘူး။ ကျွန်တော့် မိတ်ဆွေတွေကိုလည်း ဒီလိုမျိုး လုပ်တယ် ဆိုတာ ပြောပြလိုက်မယ်။” ဟု ပညာရေး အေဂျင်စီတစ်ခုနှင့် ကြုံတွေ့ခဲ့ရသူတစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြောကြားသည်။

မြန်မာနိုင်ငံရှိ ပညာရေး အေဂျင်စီများအား နိုင်ငံတကာ တက္ကသိုလ်များသို့ တက်ရောက်မည့် ကျောင်းသားများအပေါ် ဝန်ဆောင်ခမယူဘဲ တက္ကသိုလ်မှ ပေးသည့် ၁၀ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းကိုသာ ယူပေးကြပါရန် တက္ကသိုလ်များက ပြောထားသော်လည်း အေဂျင်စီတစ်ချို့မှာ တက္ကသိုလ်မှပေးသော ရာခိုင်နှုန်းအပြင် ကျောင်းသားဆီမှ တက္ကသိုလ်နှင့် ချိတ် ဆက်ပေးခ application form တင်ခဟူ၍ ခေါင်းစဉ် အမျိုးမျိုးတပ်ကာ ငွေကြေး ရယူနေခြင်းများ ရှိကြောင်း သိရသည်။

“ဦးရဲ့သား ကျောင်းရောက်တော့မှ ဒီလို အပိုကြေးတွေ ပေးရတာကို တက္ကသိုလ်တွေက မလုပ်ခိုင်းမှန်း သိရတာ တက္ကသိုလ်တွေက အေဂျင်စီတွေကို ရာခိုင်နှုန်းပဲ ယူရမယ်လို့ ပြောထားတာ။ ဒါပေမယ့် အေဂျင်စီတွေ ယူတော့လည်း တက္ကသိုလ်က ဘာမှလုပ်လို့ မရဘူးလေ။ ဒီတော့ အေဂျင်စီတွေက ထင်တိုင်းကြဲ နေတာပေါ့ဗျာ”ဟု သြစတေးလျရောက် ကျောင်းသားတစ်ယောက်၏ ဖခင်က ဆိုသည်။

“တစ်ချို့ အေဂျင်စီတွေက ကျောင်းသားမိဘတွေ၊ ကျောင်းသားတွေကို ရှိုးပြပြီး သူတို့အပေါ် ရှိန်အောင် လုပ်ထား တာတွေ ရှိတယ်။ ကျောင်းအုပ်ရဲ့ ရုံးခန်းကို ဝင်ရမယ်ဆိုရင်ပဲ appointment တွေလုပ်ရ၊ အောက်ကနေ intercom နဲ့ အကြောင်းကြားရနဲ့ ဝန်ကြီးတစ်ပါးကို တွေ့ရစလိုမျိုး လုပ်ထားတော့ တစ်ချို့လူတွေက ဒီလိုလုပ်ထားတဲ့ နောက်ကို ကျောင်းသားမိဘတွေက လိုက်သွားတော့ အေဂျင်စီတွေ လှိမ့်သမျှ ခံနေရတာတွေ ရှိလာတာပေါ့။ ဘယ်လိုပဲ လုပ်ပါစေ ဗျာ လိမ်တဲ့လူဆိုတာ ဒီလောကမှာကြာရှည်မခံပါဘူးဗျာ”ဟု ပညာရေး ဝန်ဆောင်မှု အေဂျင်စီနှင့် နိုင်ငံတကာ ကျောင်းခွဲတစ်ခုကို တည်ထောင်ထားသူတစ်ဦးမှဆိုသည်။

ပညာရေးဝန်ဆောင်မှု အေဂျင်စီများနှင့် ပတ်သက်၍ နိုင်ငံတော်မှ ဥပဒေတစ်ရပ် ထုတ်ပြန်ထားခြင်း မရှိခြင်းသည့် အတွက်လည်း အေဂျင်စီများ လုပ်ချင်သလို လုပ်ခြင်းအား ခွင့်ပြုပေးနေသကဲ့သို့ ဖြစ်နေကြောင်း တရားရုံးချုပ် ရှေ့နေတစ်ဦးက ဆိုသည်။

-------------------------------------------------------------------------------------------------------------


မြန်မာနိုင်ငံတွင် ဘီလျံနာတစ်ဦး ထွက်ပေါ်ပြန်

ရန်ကုန်၊မတ် ၁၂။


မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်းထောင်ချီချမ်းသာသည့် ဘီလျံနာတစ်ဦး ယခုရက်ပိုင်းတွင်း ထွက်ပေါ် လာကြောင်း နေပြည်တော် အသိုင်းအဝန်းနှင့် ယင်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

၎င်း၏ အမည်မှာ ရန်ချန်းဝင်း(ခ)ဦးစိန်ဝင်း ဖြစ်ကြောင်း နေပြည်တော်တွင် ယခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည် နိုင်ငံပိုင် အဆောက်အဦးများ လေလံတင်ပွဲတွင် ၎င်းသည် ရန်ကုန်မြို့တော် ကမ္ဘာအေးစေတီလမ်းရှိ စိမ်းလဲ့မြေ၊ ခုနှစ်မိုင် ရှိ အဆောက်အဦးအချို့၊ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးရုံး အပါအဝင် နေရာကောင်း အများအပြားတွင် လေလံ အောင်မြင် ခဲ့ကြောင်း၊ ယင်း အဆောက်အဦး များ၏ စုစုပေါင်း တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်းတစ်ရာ့ငါးဆယ်ကျော် ရှိကြောင်း ယင်း၏ လေလံအဆိုပြုငွေမှာ ဒေါ်လာ သန်းနှစ်ရာကျော် ဖြစ်ကြောင်း၊ လေလံအောင် ပမာဏ၏ သုံးဆယ်ရာခိုင်နှုန်းကို ယခုလ ၂၃ ရက် နောက်ဆုံးထား ပေးသွင်းရမည် ဖြစ်ကြောင်း လေလံပွဲတွင် ပါဝင်ခဲ့သူအချို့နှင့် ယင်းနှင့် နီးစပ်သည့် အသိုင်း အဝိုင်းမှသိရှိရသည်။

၎င်းသည် ဖားကန့်ကျောက်စိမ်း သူဌေးတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် လူသိနည်းသေးသူ ဖြစ်ကြောင်း အမေရိကန် နှင့် အနောက်နိုင်ငံများက Sanction ပြုလုပ်ထားသည့် ပုဂ္ဂိုလ် များထဲတွင် ၎င်းမပါဝင်ကြောင်းထပ်မံစုံစမ်းသိရှိရသည်။

အတည်မပြုနိုင်သေးသော သတင်းများအရ ၄င်းသည်NLD ပါတီဝင်ဟောင်း တစ်ဦးဖြစ်ကြောင်း သတင်းဆန်းစစ် သူအချို့က ဆိုသည်။

The CJs News

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့၏မေးခွန်းများအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဝေဖန်

နေပြည်တော်၊ မတ် ၁၄။


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့၏ မေးခွန်းများနှင့် အဆိုများသည် မှားယွင်းရောထွေးမှုများ ရှိနေကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့၌ ရှင်းလင်း ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

ပြည်သူ့လွှတ်တော်၌ မေးခွန်းများနှင့် အဆိုများ စတင် တင်သွင်းနိုင်သည့် အချိန်မှ စတင်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် မေးခွန်းနှင့် အဆိုများ စတင် တင်သွင်းလာခဲ့ကြရာ ၎င်းတို့၏ မေးခွန်းနှင့် အဆိုများသည် ကွဲပြားမှု မရှိပဲ မေးခွန်းနှင့် အဆိုများ မှားယွင်း ရောထွေးမှုများ ဖြစ်နေကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြော ကြားခဲ့သည်။

မေးခွန်းဆိုသည်မှာ မိမိ မသိသည်ကို သိစေရန်၊ သိလိုသည်များကို သိခွင့်ရရှိစေရန် မေးမြန်းခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မေးခွန်းများ မေးမြန်းရာတွင် မိမိသိလိုသည့်အချက်အား အဓိကထား မေးရန်ဖြစ်ကြောင်း၊ ရှင်းလင်းစေရန် အလို့ဋ္ဌာ တစ်ဆက်တည်း ဖြေသင့်သည်ပာု ယူဆပါက မေးခွန်းတွင် တစ်ဆက်တည်း မေးမြန်းနိုင်ကြောင်းနှင့် အဆို(Proposal) ဆို သည်မှာ မိမိသိထားသည့် အပေါ် အခြေခံပြီး မိမိ ဖြစ်စေချင်သည့်အတိုင်း ဖြစ်ပေါ်လာစေရေးအတွက်လည်းကောင်း သက် ဆိုင်ရာတာဝန်ရှိသည့် ဌာနဆိုင်ရာများအနေဖြင့် လိုအပ်သလိုအရေးယူဆောင်ရွက်နိုင်စေရေးအတွက် လည်းကောင်း အဆို တင်သွင်းရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးဆဋ္ဌမနေ့၌ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

-------------------------------------------------------------------------------------------------------------

“ပူးပေါင်းဆောင်ရွက်ခြင်းက ပိုကောင်းပါတယ်” ပာု ရှမ်းပြည်နယ်ဝန်ကြီး ပြောကြား

လက်ရှိ မြန်မာနိုင်ငံတွင် လွှတ်တော်များ ခေါ်ယူကျင်းပ၍ သမ္မတများနှင့် အစိုးရ အဖွဲ့ဝင်များ ဖွဲ့စည်းလျှက်ရှိရာ တိုင်းရင်းသား များထဲမှ ဝန်ကြီးအဖြစ် ရွေးချယ် ခန့်အပ်ခြင်း ခံခဲ့ရသည့် ရှမ်းပြည်နယ်မှ ဝန်ကြီးတစ်ဦး ဖြစ်သူ ဦးသောင်းရွှေ မှ ပြည်နယ်ဖွံ့ဖြိုး တိုးတတ်ရေးနှင့် ပတ်သတ်၍ ပြောကြားခဲ့သည်။

ပထမဦး ရွေးကောက်ပွဲ၌ အရွေးခံခဲ့ရသည့် အကြောင်းကိစ္စနှင့် ပတ်သတ်၍ မေးမြန်းရာ ဒီမိုကရေစီသို့ ကူးပြောင်း သည့် စနစ်သစ် ဖြစ်သည့်အတွက် မိမိသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စား ပြု၍ ကလောမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ယှဉ်ပြိုင် အနိုင်ရခဲ့ကြောင်း၊ ထိုသို့ အရွေး ချယ်ခံရ ပြီးနောက် ရှမ်းပြည်နယ် ပြည်နယ်ဝန်ကြီးအဖြစ် အရွေးချယ်ခံခဲ့ ရကြောင်း ရှမ်းပြည်နယ်ဝန်ကြီး ဦးသောင်းရွှေက ပြောကြား ခဲ့သည်။

ဦးသောင်းရွှေ သည် ပြည်နယ်ဝန်ကြီးအဖြစ် အရွေးချယ်ခံရပြီး နောက်တွင် လုပ်ငန်း တစ်ခုအနေဖြင့် သေသေချာချာ လေ့လာ၍ တဖြည်းဖြည်းနှင့် လုပ်သွားမည် ဖြစ်ကြောင်း၊ နောက်ပိုင်း ကာလများတွင် မိမိတို့အပေါ်၌ ညွှန်ကြားချက်၊ လမ်းညွှန်ချက်များ ရှိလာဦးမည် ဖြစ်ကြောင်း၊ လမ်းညွှန်ချက်များပေါ် မူတည်၍ မိမိဒေသ ပိုမိုကောင်းမွန်တိုးတတ်စေရန် နှင့် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသရွေ့ ကိုယ့်ဒေသ တိုးတတ်စေရန် စုပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကလောမြို့နှင့် အောင်ပန်းမြို့တို့ကို ရေရရှိနိုင်စေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နွေရာသီကာလသို့ ရောက်ရှိတော့မည် ဖြစ်သည့်အတွက် ရေရှားပါးလာတော့ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကြိုတင် ရေ ရရှိနိုင်ရန်အတွက် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရှမ်းပြည်နယ်တစ်ခုလုံး တိုးတတ်စေရန် ပြည်နယ်တစ်ခုလုံး၏ ပြဿနာ ကိစ္စရပ်များ အားလုံးကို ဝန်ကြီးများက ကိုင်တွယ် ဖြေရှင်းဆောင်ရွက် သွားနိုင်မှသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ ဝန်ကြီးဋ္ဌာန တစ်ခုချင်းအလိုက် ဆောင်ရွက် နေမည် ဆိုပါက အဆင်ပြေနိုင်မည် မပာုတ်ကြောင်း၊ ဝန်ကြီးဋ္ဌာန အသီးသီးရှိ ဝန်ကြီးများနှင့် တိုင်ပင် ဆောင်ရွက် နိုင်မှသာ ပြဿနာများကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မည်သည့် ပြည်နယ်မဆို ဝန်ကြီးအားလုံးက ပူးပေါင်းဆောင်ရွက် နိုင်မှသာ အောင်မြင်နိုင် မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဝန်ကြီး ဦးသောင်းရွှေက ပြောကြားခဲ့သည်။

 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"အခု အိမ်ခြံမြေကို အားပြုပြီး လုပ်လာကြတယ်။ အကျိုးအမြတ် များတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ယူဆလာ တယ်။ ဘဏ်တွေကလည်း ချေးငွေထုတ်ချေးလာတယ်။ အရင်က အိမ်၊ ခြံ၊ မြေတို့လို မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းကို အပေါင်ထားချေးတာ တခြား ကဏ္ဍတွေမှာ ရင်းနှီးမြုပ်နှံဖို့ ချေးတာများပါ တယ်။ အခု ဒီလိုမဟုတ်တော့ဘူး။ အိမ်ခြံမြေကို အပေါင်ထားပြီး ချေးတဲ့ငွေက အိမ်ခြံမြေထဲ ပြန်စီးဝင်တဲ့ သဘောဖြစ်ပါတယ်။  ဘဏ်ချေးငွေတွေက ကဏ္ဍ တစ်ခု တည်းမှာ ၅၀ ရာခိုင်နှုန်းကျော် ၆၀ ရာခိုင် နှုန်းထိ ဖြစ်လာရင် မကောင်းဘူး။ အခု ဘဏ်တိုးနှုန်းက တော်ရုံ လုပ်ငန်းတွေအတွက် မြင့်တယ်လို့ ပြောလို့ရပေမယ့် လောလောဆယ်တော့ အိမ်ခြံမြေက အကျိုးအမြတ် များနေတယ်။ ရေရှည်ကိုတော့ စဉ်းစား သင့်ပါတယ်"

မတ် ၁၆ ထုတ် Weekly ELEVEN အတွဲ(၆)၊ အမှတ် (၂၄) မှာပါသည့် "ပုဂ္ဂလိက လွှဲပြောင်း ရောင်းချသော နိုင်ငံပိုင် အိမ်ခြံမြေ၊ စက်ရုံများ ဝယ်ယူခွင့်ရရှိကာ ၁၀ ရာခိုင်နှုန်း ငွေးပေးသွင်းပြီးသူများအား ပုဂ္ဂလိက ဘဏ်အချို့ ချေးငွေထုတ်ပေး" သတင်းဆောင်းပါးမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"အဆိုပါ ဥပဒေပါ အခန်း(၂) အထူးရန်ပုံငွေ ထူထောင်ခြင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ တင်ပြချက်အရ အထူးရန်ပုံငွေသို့ နှစ်စဉ်လိုအပ်သော ငွေကြေးပမာဏကို နိုင်ငံတော်သမ္မတ၏ သဘောတူညီချက်ဖြင့် ဖြည့်ဆည်း ပေးရမည်ဟု ပါရှိပြီး၊ အခန်း(၃) တပ်မတော် ကာကွယ်ရေး ဦးစီချုပ်၏ လုပ်ပိုင်ခွင့်တွင် (၁) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး တာဝန်များကို ထမ်းဆောင်ရာတွင် ကုန်ကျသော အသုံးစရိတ်များအား အထူးရန်ပုံငွေမှ ပြည်တွင်း (သို့) နိုင်ငံခြားသုံးစွဲခွင့် ရှိပြီး၊ (၂) အထက်ပါအထူးရန်ပုံငွေ သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ်(သို့) အဖွဲ့အစည်း ကမျှ မေးမြန်းခြင်း၊ တင်ပြခြင်း၊ စာရင်းစစ်ဆေးခြင်း ခံယူရန်မလို၊ (၃) နှစ်စဉ် အထူး ရန်ပုံငွေ အသုံးစရိတ်များကို ဘဏ္ဍရေးနှစ် ကုန်ဆုံးသည့် အခါတွင် နိုင်ငံတော် သမ္မတထံ ရှင်းလင်းတင်ပြ ဆောင်ရွက်ရမည်ဟု ပါရှိသည်။

မတ် ၁၅ ထုတ် TRUE NEWS အတွဲ(၃) အမှတ်(၂၉) မှာပါသည့် "ဥပဒေဆိုင်ရာ အထူးရန်ပုံငွေ ဥပဒေပြဋ္ဌာန်း" သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"အခုအချိန်မှာ လူတိုင်းဟာ ပြောင်းလာတဲ့ နိုင်ငံရေးစနစ်ထက် ဖြစ်လာနိုင်တဲ့ စီးပွားရေး အခြေအနေကို ပိုစိတ်ဝင်စား နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြောင်းလဲလာတဲ့ နိုင်ငံရေးထက် စီးပွားရေး ပြောင်းလဲမှုက အများပြည်သူ တွေကို သက်ရောက်မှု ပိုရှိတဲ့အတွက်ပါ။ နိုင်ငံရေးကောင်းမှ စီးပွားရေးကောင်း မယ်ဆိုပေမယ့် အများပြည်သူတွေ အတွက်ကတော့ စီးပွားရေး ကောင်းမှ နိုင်ငံရေး ကောင်းမယ် ထင်နေကြပါတယ်။ ဘာတွေပဲဖြစ်ဖြစ် နိုင်ငံတစ်ခု တည်ငြိမ်အေးချမ်းဖို့ဆိုတာ အခြေခံ လူတန်းစား အများပြည်သူတွေ စီးပွားရေးကောင်းဖို့ လိုပါတယ်"

မတ် ၁၅ ထုတ် THE FLOWER NEWS အတွဲ(၇) အမှတ်(၁၁) မှာပါသည့် Public Talk  မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

" ၁၉၆၂ ခုနှစ် ကတည်းကစပြီး ရပ်နားသွားတဲ့ ပါတီစုံလွှတ်တော်တွေက အခု ၂၀၁၁ မှာမှပြန်စတာ။ ကလာကြာရှည် အဆက်ပြတ် သွားတာဆိုတော့ စစချင်းမှာ လိုအပ်ချက်တွေ ရှိမှာပဲ။ လွှတ်တော်တွေ ဘယ်လောက် အလုပ်ဖြစ် မလဲဆိုတာ လွှတ်တော်အမတ်တွေရဲ့ အရည်အချင်း၊ အခြေအနေ၊ စိတ်စေတနာတွေနဲ့ ဆိုင်သလို ဥပဒေပြုရေး အာဏာနဲ့ Check and Balance လုပ်မယ့် ရေးရာကော်မတီတွေ ဘယ်လောက် အလုပ်ဖြစ်မလဲ ဆိုတာကလည်း ရေးရာကော်မတီမှာ ပါမယ့် လွှတ်တော်အမတ်တွေရဲ့ စိတ်စေတနာ၊ အရည်အချင်းနဲ့အခြေအနေပေါ် မူတည်တယ်"

မတ် ၁၄ ထုတ် The Voice Weekly  အတွဲ(၇) အမှတ်(၁၄) မှာပါသည့် "ဥပဒေပြုရေးနှင့် တရားစီ ရင်ရေးအာဏာဖွဲ့စည်းမှု ရာနှုန်းပြည့်ပြီးစီး၊ အာဏာလွှဲပြောင်းရန်နီးကပ်" သတင်းဆောင်းပါးမှ ငါးလုပ် ငန်းအဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဦးလှမောင်ရွှေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


ဆောင်းပါးကဏ္ဍ



နဂါးကြီးရဲ့ မျိုးပြုတ်ဝါးရေး ဗျူဟာသစ်

အပိုင်း(၂)


             နယ်စပ်ဒေသများ အေးချမ်းသွားသည်နှင့် တပြိုင်နက်တည်းမှာပင် တရုတ်အစိုးရက ရှမ်းပြည် မြောက်ပိုင်း လမ်းများကို စနစ်တကျ ဖောက်လုပ်ပေးခဲ့သည်။ နယ်စပ်ဒေသများ တိုးတက်ရေးအတွက် အကူအညီ အမြောက်အများ ပေးခဲ့သည်။ ဘိန်းဘုရင် ခွန်ဆာကို မြန်မာအစိုးရထံ လက်နက်ချစေခဲ့ရာတွင် တရုတ်သြဇာ များစွာပါခဲ့သည်။ ခွန်ဆာသည် အမေရိကန်က ၎င်း၏ နယ်ထဲတွင် တရုတ်ပြည်ကို ချိန်ရွယ်မည့် ဒုံးပျံစခန်း ချထားရန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ထိုသို့ ငြင်းပယ်ခဲ့ခြင်းမှာ အင်အားကြီးနှစ်နိုင်ငံ ထိပ်တိုက်တွေ့လျှင် မြန်မာနိုင်ငံ နစ်နာမည်စိုး၍ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့သည့် မျိုးချစ်စိတ် ရှိသူတစ်ဦးအဖြစ် မြန်မာအစိုးရက ပုံဖော်ခဲ့သည်။ အမှန်တကယ်မှာ ခွန်ဆာသည် မြန်မာ နိုင်ငံအတွက် စဉ်းစား ခြင်းထက် ၎င်းကိုယ်တိုင် တရုတ်လူမျိုးဖြစ်ကာ တရုတ်ပြည်ကို ထိပါးမခံနိုင်ခြင်း၊ ထို့ပြင် အမေရိကန်က ၎င်းကို ဖမ်းဆီးရန် ကြိုးပမ်းလာခြင်းတို့ကြောင့် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့ခြင်းဖြစ်သည်။ မြန်မာ အကျိုးထက် တရုတ်ပြည် အကျိုးကို ကြည့်ခဲ့ခြင်းဖြစ်ပြီး ခွန်ဆာ၏ ရှမ်းတပ်မတော်တွင်ပင် ထိပ်တန်း ခေါင်းဆောင်များမှာ တရုတ်များ ဖြစ်ကြ၍ ရှမ်းစစ်သားများနှင့် ရှမ်းပြည်သူတို့က မကြည်ဖြူမှုများ ရှိခဲ့သည်ဟု သိရသည်။ ခွန်ဆာ လက်နက် ချအပြီး ရှမ်းတရုတ် အမည်ခံ တရုတ်လူမျိုးများ မြန်မာနိုင်ငံအတွင်း စုပြုံ ဝင်ရောက်လာကြပြီး ယနေ့ မန္တလေးမြို့သည် တရုတ်ပြည် အငယ်စားမျှ ဖြစ်နေပြီး တရုတ်လူမျိုးဆိုလျှင် မော်မကြည့်ရဲသည့် အနေအထား ပင်ဖြစ်နေပေပြီ။ အကယ်၍ တရုတ်လူမျိုးတစ်ဦးနှင့် ဒေသခံတစ်ဦး ပြဿနာတက်လျှင် ထိုတရုတ်လူမျိုးက ဒေသခံနှင့် ရဲများကို ၎င်းတို့သည် ငြိမ်းချမ်း ရေး မိသားစုမှ ဖြစ်သည်ဟု ဆိုကာ အထက်ဆိုင်ရာဆိုင်ရာများအထိ အကျပ်ကိုင်၍ နောက်ဆုံးတွင် ဒေသခံကသာ ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုသူဟူ၍ တံဆိပ်တပ် အရေးယူခံရမည်ဖြစ်သည်။

           ခွန်ဆာ လက်နက်ချပြီးနောက် ရှမ်းပြည် မြောက်ပိုင်းလမ်းသည် လွယ်ကူချောမွေ့သွားပြီး တည်ငြိမ် အေးချမ်းမှု ရရှိလာသည်နှင့်အမျှ  တရုတ်ပို့ကုန်များ မြန်မာနိုင်ငံအတွင်းသို့ ဆက်တိုက်ဆိုသလို ဝင်ရောက် လာခဲ့တော့သည်။ ဈေးနှုန်းချိုသာခြင်း၊ လူတိုင်းဝယ်ယူ သုံးစွဲနိုင်ခြင်း စသည်တို့ကြောင့် တရုတ်ပစ္စည်းများ မြန်မာနိုင်ငံအတွင်း ပေါများစွာ ဝင်ရောက်လာသည်။ ထိုပစ္စည်းများ သည် တရုတ်စက်ရုံများမှ အရည်အသွေးညံ ပစ္စည်းများ၊ နယ်စပ်တွင် ဈေးပေါပေါနှင့် ထုတ်သည့် အပေါစား ပစ္စည်းများဖြစ်ပြီး တရုတ်ပြည်တွင် အမှိုက် နီးပါးဖြစ်မည့် ပစ္စည်းများကို  မြန်မာတို့က ဝယ်ယူသုံးစွဲ ကြရခြင်း ဖြစ်ကာ တရုတ်ပြည်တွင်  အမှိုက်ထဲမှ ရွှေဖြစ်ကာ အကျိုးအမြတ် ဒေါ်လာ သန်းနှင့်ချီ၍ ရရှိနေသည်မှာ ယနေ့ တိုင်ဖြစ်သည်။ ယနေ့သုံးစွဲ နေရသော CDMA 450/800 များသည် တရုတ်ပြည်တွင် အမှိုက်ဖြစ်မည့် ပစ္စည်းများကို မြန်မာ နိုင်ငံသို့ ရောင်းချ၍ အမြတ်ရှာရန် မြန်မာအစိုးရကို တွန်းအားပေး ရောင်းစေခဲ့ခြင်းဖြစ်သည်။  ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ သည့် တရုတ်ပစ္စည်းများသည် အရည်အသွေး ကောင်းမွန်သော်လည်း မြန်မာနိုင်ငံဘက်သို့ ရောင်းချသည့် တရုတ်ပစ္စည်း များသည် အရည်အသွေး လွန်စွာညံ့ဖျင်းပြီး မြန်မာနိုင်ငံသားများ တတ်နိုင်သော ဈေးနှုန်းဖြင့် ထုတ်လုပ် ရောင်းချသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် ပေးရသည့်ဈေးနှင့် ပစ္စည်း အရည်အသွေးမှာ မတန်တဆ ဈေးနှုန်းပင်ဖြစ်သည်။ တရုတ်ပြည်မှ အရည်အသွေးနိမ့် စက်မှု လုပ်ငန်းများနှင့် အိမ်တွင်းမှု လုပ်ငန်းများ အတွက် မြန်မာနိုင်ငံကို ဈေးကွက်တစ်ခု အဖြစ် ရှုမြင်ထားခြင်းဖြစ်ပါသည်။

            ရင်းနှီးမြှပ်နှံမှုများတွင် တရုတ်တို့အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုသည် သစ်တောကဏ္ဍ၊ ရေအား လျှပ်စစ် ထုတ်ယူရန် ဆည်တည်ဆောက်ခြင်း၊ သတ္ထုကဏ္ဍ စသည်ဖြင့် မြန်မာနိုင်ငံ၏ သယံဇာတ ပစ္စည်းများကို ထုတ်ယူရန်သာ ဖြစ်ပြီး မြန်မာနိုင်ငံအပေါ်သို့ နည်းပညာ လွှဲပြောင်း ပေးနိုင်သည့် လုပ်ငန်းများ၊ လူသား အရင်းအမြစ် တိုးတက်နိုင်မည့် လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမှု မရှိသည်ကိုတွေ့ရသည်။ ယခု မြစ်ဆုံတွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းသည် ဧရာဝတီမြစ်တည်ရှိမှုကို အကြီးအကျယ် ခြိမ်းခြောက်လာဖွယ်ရှိပြီး မြစ်ဝှမ်း ယဉ်ကျေးမှုများသည် လူ့သမိုင်းနှင့် ထိုနိုင်ငံ၏ လူမျိုး၊ ယဉ်ကျေးမှုတို့ကို ထင်ဟပ်နေရာ ဧရာဝတီ မြစ်ပျောက်လျှင် မြန်မာလူမျိုးပါ ပျောက်သွားသည်အထိ အန္တရာယ် ကြီးလှပါသည်။ မြန်မာနိုင်ငံကို တရုတ်နိုင်ငံအတွက် ရိက္ခာ နှင့် စွမ်းအင် လိုအပ်ချက်အတွက် ကုန်စည်ဂိုဒေါင် တစ်ခု သဖွယ် သဘောထားသည့် ပုံဖြစ်ပါသည်။ အဆိုးဝါးဆုံးမှာ တရုတ်နိုင်ငံသားများအတွက် မြန်မာမိန်းကလေးများကို အတင်းအဓမ္မ လက်ထပ် ပေါင်းသင်းရန် လူမှောင်ခိုဂိုဏ်းများဖြင့် သွေးဆောင် ဖြားယောင်းခြင်း၊ တရုတ လူကုံတန် သက်ကြီးရွယ်အိုများ အတွက် သွေးလဲလှယ်ရန် ကလေးမှောင်ခို ဂိုဏ်းများမှတဆင့် မြန်မာ ကလေးငယ် များကို ဝယ်ယူနေခြင်းများသည် မြန်မာ တို့ကို ကြက်ကလေး၊ ငှက်ကလေးများသဖွယ် ကျေးကျွန်များသဖွယ် သဘောထား ခြင်းဟု ယူဆနိုင်ပါသည်။ ဤဖြစ်ရပ်များ သည် အမှန်တကယ် ရှိနေပါသည်။ ဂျာနယ်များတွင် မကြာခဏ ဖော်ပြနေသည့် သတင်းများဖြစ်ပါသည်။

ဤကဲ့သို့ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအပေါ် ထင်တိုင်းကြဲနေနိုင်ခြင်းမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ပိတ်ဆို့ အရေးယူ ထားခြင်းကြောင့် အထီးကျန်လာသော မြန်မာ စစ်ခေါင်းဆောင်များသည် အားကိုးရှာရာမှ အကျိုး အမြတ်ကို မြင်တတ်သော တရုတ်နိုင်ငံဘက်သို့ တဖြည်းဖြည်းချင်းဆီမှသည် လုံးဝဥသုံ နီးပါး တရုတ်လက်အောက်ခံ ဖြစ်မှန်းမသိ ဖြစ်သွားသည်အထိ  တရုတ် ဘက်သို့ နီးစပ်သွားခဲ့ပါသည်။ ယခုဆိုလျှင် မြန်မာ့မြေပေါ်တွင် တရုတ်ပိုင် လယ်ယာများ ရှိနေပြီး မြန်မာ လယ်သမားတို့က တရုတ် လယ်ပိုင်ရှင်များကို အလုပ်အကျွေး ပြုနေရသည်ဖြစ်ရာ ခေတ်သစ်ကျွန်ပြုနည်းပင် ဖြစ်တော့သည်။

ထို့ကြောင့် နိဂုံးချုပ် ပြောရလျှင် သမိုင်းအဆက်ဆက် မည်သို့မျှ နဂါးကြီး၏ ဝါးမြိုမှုကို မခံခဲ့ရသည့် ကျွန်ုပ်တို့နိုင်ငံ လေးသည် ယခုမူ နဂါးကြီး၏ ခံတွင်းထဲသို့ ရောက်နေပေပြီ။ အပြီးတိုင် ဝါးမြိုခြင်း မခံရမီ အမျိုးသားရေး အသိဖြင့် နိုင်ငံ အစိုးရများကရော၊ ပြည်သူများကပါ သတိရှိရှိ တရုတ်သြဇာ လွှမ်းမိုးမှုမှ ရုန်းထွက်ရပေမည်။ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြန်လည်ဆက်ဆံခြင်း၊ တရုတ် ပါဝါကို ယှဉ်ပြိုင်နိုင်မည့် အင်အားကြီး နိုင်ငံများနှင့် သံတမန်ရေး နီးကပ်စွာ ဆက်ဆံခြင်း၊ နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းများတွင် ပိုမိုတိုးချဲ့ခြင်း၊ နိုင်ငံ၏ ပိုင်နက် နယ်မြေများကို ငွေကြေးတစ်ခုတည်း ကြည့်၍ အလွယ်တကူ အဆုံးရှုံး ခံနေမှုများကို ပြန်လည်သုံးသပ်ခြင်း၊ တိုင်းပြည်တွင်းသို့ တရုတ်လူမျိုးများ အကန့်အသတ်မရှိ ဝင်ရောက်နေခြင်းကို ငွေမျက်နှာ တစ်ခုတည်းကြည့်၍ မသိကျိုးကျွံ ပြုမနေသင့်ဘဲ အမျိုးသားရေး အန္တရာယ်အဖြစ် ရှုမြင်၍ နဂါးကြီး၏ အပြီးသတ် ဝါးမျိုလာမှုကို ခုခံ တွန်းလှန်သွားကြရန် ကြိုးပမ်းသင့်လှပေသည်။
 
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

၁၄-၃-၂၀၁၁               ဘာသာပြန် သတင်းများ
 
မြန်မာ့ နိုင်ငံရေး သမားများထဲမှ ပြုပြင် ပြောင်းလဲရေး သမားများကို ပျိုးထောင်ရန်လို


(The Australian မှ 12 March 2011 ရက်စွဲပါ Morten B. Pederson ရေးသားသော “Burma have reformers to cultivate” ကို ဘာသာ ပြန်ဆိုသည်)

          မြန်မာ နိုင်ငံတွင် ၂၂ နှစ်ကြာ စစ်တပ်မှ တိုက်ရိုက် အုပ်ချုပ် ပြီးနောက် စစ်သားနှင့် အရပ်သား အရော အစိုးရသစ် တစ်ခု ထွက်ပေါ် လာပြီး အငြိမ်းစား ဗိုလ်ချုပ်ကြီးနှင့် ဝန်ကြီးချုပ် ဖြစ်သူ ဦးသိန်းစိန်က အရပ်သား သမ္မတ အဖြစ် ဦးဆောင်မည် ဖြစ်သည်။ ယမန်နှစ် နိုဝင်ဘာလက ရွေးကောက်ပွဲများ ကျင်းပပြီး အခြေခံ ဥပဒေ အသစ်ဖြင့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီကို ဖော်ဆောင်မည်ဟု ဆိုသည်။

          စနစ် အသစ်သည် ဒီမိုကရက်တစ် အစိုးရလည်း မဟုတ်၊ အရပ်သား အစိုးရ စစ်စစ်လည်း မဟုတ်ပေ။ လွတ်လပ်သော ပါတီများသည် အာဏာအတွက် ပြိုင်ဆိုင်ရန် အခွင့် အလမ်းများ ရရှိ ခဲ့သော်လည်း၊ အဓိက နေရာများကို အငြိမ်းစား စစ်တပ်မှ ပုဂ္ဂိုလ်များသာ ရရှိသည်။ သို့ဆိုရာတွင် ဦးသိန်းစိန် တစ်ဦးတည်း သာမက ဒုသမ္မတ ဦးတင်အောင်မြင့်ဦးနှင့် အခြား ကက်ဘိနက် စာရင်းတွင် စစ်သားဟောင်းများ အများစု ပါဝင်သည်။

          သို့သော် အစိုးရ သစ်သည် အဟောင်းနှင့် အရေးကြီးသော အချက်များတွင် ခြားနားလျက် ရှိသည်။ ယခင် စစ်ခေါင်းဆောင်များကို အသွင် ခြားနားသော ဖွဲ့စည်းပုံ နှစ်ခု ခွဲပစ်လိုက်သည်။ အဖွဲ့ တစ်ခုကို ကန့်သတ်ချက်များ ရှိသော ရွေးကောက်ပွဲတွင် ဝင်ပြိုင် ခိုင်းခဲ့သည်။ အရေးကြီးသော အချက်မှာ ယခု အရပ်သား ခေါင်းဆောင် သစ်များသည် စစ်တပ်မှ မျိုးဆက်သစ် ခေါင်းဆောင်များ၏ အထက်မှ တာဝန် ထမ်းဆောင် ခဲ့ဖူးသူများ ဖြစ်ပြီး၊ ၎င်းတို့ ထိန်းချုပ် ထားမည် အရပ်သား ဖွဲ့စည်းပုံကို အာဏာ လွှဲပြောင်း ပေးသွားဖွယ် ရှိသည်။ အနည်းဆုံးတော့ ထိုအချက်ကပင် အစိုးရ အဖွဲ့တွင်း အဖွဲ့ လေးများ ဖန်တီးပေး နိုင်မည် ဖြစ်ပြီး၊ တင်းမာမှုကို ဆိုလိုခြင်း မဟုတ်ပေ။

ဦးသိန်းစိန်အား ပါလီမန်သစ်မှ ရွေးချယ်သည် ဆိုသော်လည်း အမှန်တကယ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွေးချယ်ခြင်း ဖြစ်ပြီး၊ စောင့်ကြည့် နေသူများကို အံ့အားသင့် စေခဲ့သည်။ အများစုက သမ္မတ နေရာကို ၎င်းအတွက် ချန်ထားသည်။ သို့မဟုတ်လျှင်လည်း ၎င်း၏ ညာလက်ရုံး ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းကို ပေးလိမ့်မည်ဟု ငြင်းခုန်နေခဲ့ကြသည်။

လက်ရှိ နိုင်ငံရေး အသွင် ကူးပြောင်းမှုသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ပိုင် အနားယူရေး အစီ အစဉ်၏ မရှိ မဖြစ် အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။ ၎င်းသည် သမ္မတ နေရာကို မယူပဲ နောက်ကွယ်မှ ၎င်း၏ ယုံကြည်ရသော တပည့်များ မှတဆင့် အာဏာကို ကိုင်ထားပြီး အာဏာ ဆက်ခံရေးကို နေသားတကျ ဖြစ်အောင် ပြုလုပ်ခြင်းသည် ၎င်းအတွက် ပို၍ သင့်တော်ပေသည်။ ဦးသိန်းစိန်သည် ထူးထူး ခြားခြား ရည်မှန်းချက်များ ရှိမနေသည့် အတွက် ဗိုလ်ချုပ်မှူးကြီးအဖို့ ဦးသိန်းစိန်ကို ရွေးချယ် ရသည်မှာ ပို၍ အန္တရာယ် ကင်းပေသည်။ ၎င်းအား အစိုးရ အဖွဲ့ခေါင်းဆောင် အဖြစ် ခန့်ထား၍ စမ်းသပ်ပြီး ဖြစ်ရာ စစ်တပ်ထဲမှလည်း လေးစားမှု ရှိပြီး၊ နိုင်ငံ တကာကလည်း လက်ခံ နိုင်သောကြောင့် ဖြစ်သည်။

ဦးသိန်းစိန်သည် နိုင်ငံရေး သမား တစ်ဦး၊ စစ်သား တစ်ဦးထက် စာလျှင် မန်နေဂျာ တစ်ဦးနှင့် ပိုတူပြီး၊ လက်ရှိ အာဏာ တည်ဆောက်ပုံကို စိန်ခေါ်မည့် သဘော မရှိပေ။ ၎င်းသည် လူကြီး လူကောင်း တစ်ဦးဟု ယေဘူယျ သုံးသပ်ရမည် ဖြစ်ပြီး၊ သန့်ရှင်းသည်ဟု ဆိုရမည် ဖြစ်သည်။ ကက်ဘိနက် အသစ်တွင် ပညာရှင် အချို့ ပါဝင်လာရာ အစိုးရ အုပ်ချုပ်မှုတွင် တိုးတက်မှု အချို့ တွေ့ရနိုင်သည်။ သမ္မတ အသစ်သည် နိုင်ငံခြားသားများ အတွက် ချဉ်းကပ်ရ လွယ်ကူနိုင်ပုံ ရှိပြီး၊ နိုင်ငံခြားရေး ဝန်ကြီး အသစ် ကလည်း နိုင်ငံတကာ အသိုင်း အဝိုင်းနှင့် စကား ပြောရာတွင် ပံ့ပိုးမှုများ ပေးနိုင်မည်။

သို့သော်လည်း မသေချာ မရေရာမှု များစွာ ရှိနေသေးသည်။ အဖွဲ့ အစည်း အသစ်တွင် အစိုးရ အဖွဲ့အတွင်း စစ်တပ် အတွင်း၌ သဘောထား ပျော့ပြောင်းသူနှင့် သဘောထား တင်းမာသူများကို ဟန်ချက် ညီအောင် ထားရှိပြီး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာဖြင့် နောက်ကွယ်မှ ထိန်းချုပ် ထားမည် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသည် ၎င်းဖွင့်ဆို ခဲ့သော ပိုမို လမ်းဖွင့်ပေးသော စနစ်အတွက် အသွင် ကူးပြောင်းရေး (သူ၏ နေရာ သေချာ စေရေး အတွက်ပါ) အဆို မှန်ကန်စေရန် စီးပွားရေးနှင့် နိုင်ငံရေး အရ ဖြေလျော့မှု များကို အကန့် အသတ်များ ပြုထားမည် ဆိုသည်ကို တွေ့နေရပြီ ဖြစ်သည်။ သို့သော် ၎င်းသည် ခြိမ်းခြောက်မှု မရှိသော နိုင်ငံရေး ပတ်ဝန်းကျင်နှင့် ပြုပြင် ပြောင်းလဲ လွယ်သော နိုင်ငံရေး ဝန်းကျင်ကို ဖြစ်စေ နိုင်မည် ဖြစ်ပြီး ၎င်းသည်လည်း လျင်မြန်စွာ ပျက်စီး သွားနိုင်သေးသည်။
မကြာမီက လွတ်မြောက် ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ယခု အချိန် အထိ အငြင်း အခုန် မပြုလုပ်သည့် သဘောကို တွေ့ရပြီး၊ သူမ၏ အစိုးရ ပြောင်းလဲ လိုသည့် အစီ အစဉ်သည် အစိုးရ သစ်နှင့် ထိပ်တိုက် တွေ့ပြီး ပြင်းထန်သော ဖြစ်ရပ်များနှင့် နိဂုံးချုပ် ရဖွယ် ရှိသည်။

တိုင်းရင်းသား လူမျိုးများ၏ ဒေသများ တွင်လည်း ကာလ ရှည်ကြာ အပစ် အခတ် ရပ်စဲ ထားမှုမှာ ပျက်စီး သွားခဲ့ပြီး တိုက်ခိုက်မှုများ ဖြစ်နိုင်သည့် အန္တရာယ်များ ရှိနေသည်။

နိုင်ငံတကာ အသိုင်း အဝိုင်းတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများက စနစ်သစ်ကို ကြိုဆို ခဲ့ကြပြီး၊ အနောက် နိုင်ငံ အစိုးရ အများစုကလည်း စနစ်သစ်သည် ခြားနားမှု ရှိမရှိ စမ်းသပ်ရန် ပြင်ဆင် ထားကြသည်။ ဗြိတိန်ကမူ အမေရိကန် လက်သစ် ဖြစ်လာပြီး၊ အစိုးရ အဖွဲ့သစ်မှ လူများကို အရေးယူ ပိတ်ဆို့မှု စာရင်းတွင် ချက်ချင်း စာရင်း သွင်းရန် တွန်းအား ပေးလျက် ရှိသည်။ ထိုလုပ်ရပ်သည် အဓိပ္ပာယ် မရှိသော သဘော ရှိပြီး၊ ပြုပြင် ပြောင်းလဲရေး သဘောထား ရှိသူများကို ပစ်ပယ်ရာ ရောက်ပြီး၊ ကမ္ဘာကြီးနှင့် ပြန်လည် ဆက်ဆံရေး လမ်းစကို ပိတ်ပင် သလို ရှိသည်။

သေချာသည့် တစ်ချက်မှာ မြန်မာ နိုင်ငံ၏ အာဏာ အခြေခံ တည်ဆောက်ပုံမှာ မပြောင်းလဲပဲ ရှိနေသည်။ ထို့အတူ ရာစုနှစ် တစ်ဝက်ခန့် ပုံဖော် လာသည့် လက်နက်ကိုင် ပဋိပက္ခများနှင့် စစ်အုပ်ချုပ်ရေးက ပုံဖော်ခဲ့သည့် နိုင်ငံရေး ယဉ်ကျေးမှု အခြေခံ အကြောင်းတရား များကလည်း မပြောင်းလဲပေ။ ထို့ကြောင့် အစိုးရ အဖွဲ့သစ်သည် ပြုပြင် ပြောင်းလဲမှု များကို အချိန်မီ မလုပ်နိုင် ခဲ့လျှင်၊ ပြောင်းလဲမှု အတွက် လမ်းပွင့် လာမှုမှာ ပြန်ပိတ် သွားနိုင်သည်။

၁၉၆၂ မတိုင်မီက အစိုးရနှင့် ၁၉၈၈ မတိုင်မီက အစိုးရ နှစ်ခု ဖြစ်ပျက် ခဲ့ပုံမှာ ဤအကြောင်း ကြောင့် ဖြစ်သည်။ အဆိုပါ အစိုးရ များသည် ပြုပြင် ပြောင်းလဲရေး အစီအစဉ် များနှင့် စတင်ခဲ့ သော်လည်း၊ မကြာမီ အဝေဖန် မခံတော့ပဲ လူမှုရေးနှင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ လုပ်ရန် ငြင်းဆန်လာ ကြတော့သည်။ ထို့ကြောင့် ပြောင်းလဲမှု အတွက် လုပ်ကိုင်နေသူ များသည် ယခုလို အခွင့် အလမ်း ပေါ်ခိုက်တွင် ပြုပြင် ပြောင်းလဲရေး သမား ဖြစ်နိုင်ချေ ရှိသူ များကို အားပေး ကြရေးမှာ အရေးကြီး လှသည်။

ထိုသို့ ပြုလုပ်နိုင်ရန် အစိုးရသစ်တွင် ပြုပြင် ပြောင်းလဲရေး အစီ အစဉ်များ ရှိသည် ဆိုသည်ကို ရဲရဲဝံ့ဝံ့ ယုံကြည် ကြရန်နှင့် ကံကြမ္မာကို အပြည့်အဝ ယုံကြည်ရန် လိုအပ်မည် ဖြစ်ပြီး၊ ထိုစိတ်ဓာတ်ဖြင့် ဆက်ဆံ ကြည့်ကြရန် ဖြစ်သည်။ ယခုအခါ နောက်ထပ် စိတ်ပျက်ဖွယ် အဖြစ်များ၊ ထိပ်တိုက် ရင်ဆိုင်မှုများ ရပ်သင့်ပြီ ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ပြောလိုသည်မှာ ဆက်လက် ရှင်သန် နိုင်ရေး အတွက် ပြုစု ပျိုးထောင် ပေးကြပါစို့ ဟုသာ ပြောလိုသည်။

(ဤစာ ရေးသားသူ Morten B. Pedersen သည် သြစတြေးလျ နိုင်ငံ NSW တက္ကသိုလ် Defence Force Academy မှ နိုင်ငံရေး အကြီးတန်း ကထိက တစ်ဦး ဖြစ်ပြီး၊ မြန်မာ နိုင်ငံ၏ International Crisis Group မှ အကြီးတန်း သရုပ်ခွဲ ပညာရှင် ဟောင်း ဖြစ်သည်။)
------------------------------------------------------

ဂျပန်တွင် ငလျင် ကယ်ဆယ်ရေး မစ်ရှင်များစတင်

(11 March 2011 ရက်စွဲပါ BBC News မှ Japan Begins quake relief mission ကို ဘာသာ ပြန်သည်)

          ဂျပန် နိုင်ငံ အရှေ့ မြောက်ဖက်တွင် ရာပေါင်း များစွာသော အသက်များ ဆုံးရှုံး နိုင်သော ဆူနာမီ အပြီးတွင် အလွန် တစ်ရာ ကြီးမားသော ကယ်ဆယ်ရေး မစ်ရှင်သည် စတင် လုပ်ဆောင် နေပြီ ဖြစ်သည်။
          ၈.၉ Magnitude ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ၊ ဂျပန် နိုင်ငံတွင် မှတ်တမ်း တင်နိုင်သော ကာလ အတွင်း အကြီး မားဆုံး ဖြစ်ဖွယ် ရှိသည်။
          ဂျပန် နိုင်ငံ၏ စစ်တပ်သည် စစ်သား ထောင်ပေါင်း များစွာ၊ လေယာဉ်နှင့် ချီ၍ သော်လည်းကောင်း၊ သင်္ဘောများ ဒါဇင် ချီ၍ လည်းကောင်း ရွှေ့လျားမှုများ ပြုလုပ်နေပြီ ဖြစ်သည်။
          မြေငလျင်ကြောင့် ရပ်ဆိုင်းသွားသော နျူကလီးယား ဓာတ်ပေါင်းဖိုမှ ရေဒီယို သတ္တိကြွများ စိမ့်ထွက်နိုင် ကြောင်းလည်း အစိုးရက သတိပေးခဲ့သည်။
          သောကြာနေ့က ဂျပန်နိုင်ငံ စံတော်ချိန် နေ့လယ်ခန့်တွင် တိုကျိုမြို့ အရှေ့မြောက် ၄၀၀ ကီလိုမီတာ (၂၅၀) အကွာတွင် ၂၄ ကီလို အနက်ရှိ ငလျင် လှုပ်ခဲ့သည်။
           အဆိုပါ ဘေးဒဏ်ကြောင့် ယခု အချိန် အထိ လူ(၃၀၀) သေဆုံးပြီး (၅၀၀)ခန့် ပျောက်ဆုံးလျက် ရှိသည်ဟု သိရှိ ရသည်။ သေဆုံးမှု မှာ (၁၀၀၀) ခန့်ထိ ရှိနိုင်ကြောင်း ဂျပန် မီဒီယာက ပြောသည်။
          ဝန်ကြီးချုပ် Naoto Kan သည် အဆိုပါ ဒေသသို့ ရဟတ်ယာဉ်ဖြင့် မသွားရောက်မီ၊ စနေနေ့ နံနက် အစောပိုင်းတွင် အရေးပေါ် ကက်ဘိနက် အစည်း အဝေး ကျင်းပရန် ပြင်ဆင်လျက် ရှိသည်။
          ဂျပန် စစ်တပ် အနေဖြင့် လည်း စစ်သားပေါင်း များစွာ၊ လေယာဉ်ပျံ (၃၀၀)၊ သင်္ဘော အစီး (၄၀) ခန့်ဖြင့် ကယ်ဆယ် ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။
          ငလျင်ကြောင့် ၁၀ မီတာ၊ ပေ (၃၀) မြင့်ပြီး (၇) မီတာ ရှည်သော ဆူနာမီ လှိုင်းများ ဂျပန် ကမ်းခြေကို ရိုက် ခတ်စေသည်။
          အမေရိကန် သမ္မတ Barack Obama က ပြောကြားရာတွင် အမေရိကန် လေယာဉ်တင် သင်္ဘော တစ်စီးသည် ဂျပန် နိုင်ငံတွင် ရောက်ရှိနေပြီး၊ နောက်တစ်စီးမှာ လမ်းတွင် သွားနေဆဲ ဖြစ်ကြောင်း ပြောသည်။
          ရွံ့များ ပြည့်နေသော ရေများသည် ကားများနှင့် အိမ်များကို ဆွဲယူသွားပြီး၊ လူနေ ရပ်ကွက်များ၊ စပါး ခင်းများကို ပင်လယ် ရေငံများက လွှမ်းမိုးသွားသည်။
          အဆိုးဝါးဆုံး ထိခိုက်သော ဒေသမှာ Miyagi ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ဆိပ်ကမ်းမြို့ Sendai ဖြစ် ပြီး ရပ်ကွက် တစ်ခုတည်း မှာပင် လူသေ အလောင်း ၃၀၀ ခန့် တွေ့ရသည်။
          ဂျပန် မီးရထား ဌာနက ပြောကြားရာတွင် အရှေ့မြောက် ကမ်းခြေ တစ်လျှောက် ဆွဲသော ရထား လေးစင်း၏ သဲလွန်စ မတွေ့သေးကြောင်း ပြောကြား ခဲ့သည်။ လူတစ်ရာခန့် သယ်ဆောင် လာသော သင်္ဘော တစ်စီးမှာလည်း ပျောက်ဆုံးလျက် ရှိသည်ဟု ဆိုသည်။
          Miyagi ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ Kesenuma ကျွန်း သုံးပုံ တစ်ပုံမှာ ရေမြှုပ်သွားပြီး ကျန်အပိုင်းများတွင် ညဉ့်နက်သည် အထိ မီးလောင်လျက် ရှိသည်။
          Fukushima ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ Minamisoma မြို့တွင် အိမ်ခြေ ၁၈၀၀ ခန့် ပျက်စီး ခဲ့သည်။
          Fukushima ဒေသ အရှေ့မြောက် ဒေသတွင် ဆည်ကျိုး ခဲ့သောကြောင့် အိမ်များ ရေထဲ မျောပါခဲ့ကြောင်း ကျိုဒို သတင်း ဌာနက သတင်း ထုတ်ပြန်ခဲ့သည်။
          တချိန်တည်းမှာပင် Fukushima I နှင့် II မှ ဓာတ်ပေါင်းဖို ငါးခုရှိ အအေးပေး စနစ်သည် ငလျင် ကြောင့် ရပ်ဆိုင်း သွားခဲ့ရာ ဂျပန် အာဏာပိုင်များက အရေးပေါ် အခြေအနေ ကြေညာ ခဲ့ရသည်။
          ဓာတ်ပေါင်းဖိုများမှ ထုတ်လွှတ်သော ရေနွေးငွေ့များတွင် ဓာတ်ရောင်ခြည်များ ယိုစိမ့် နိုင်ကြောင်း သတိ ပေးချက်များ ထုတ်ပြန်ခဲ့ပြီး အဆိုပါ စက်ရုံ နှစ်ခု အနီးရှိ လူထောင်ပေါင်း များစွာ ပြောင်းရွှေ့လျက် ရှိကြောင်း  သိရသည်။
          ဂျပန် နိုင်ငံ တဝှမ်းတွင် ၆.၀ Magnitude ကျော်ရှိ ငလျင်အသေး ငါးဆယ်ကျော် ဆက်တိုက် လှုပ်ခဲ့သည်။
          “ကျွန်တော့် ဘဝမှာ အကြီးဆုံး ငလျင်ပါပဲ။ သေပြီ လို့ ပဲ ထင်လိုက်တာ” ဟု Hakodate ဆိပ်ကမ်းသို့ လာရောက် လည်ပတ်သူ အသက် ၂၂ နှစ် အရွယ် ကျောင်းသား တစ်ဦး ဖြစ်သူ Sayaka Umezawa က ပြောကြားခဲ့သည်။
          တိုကျို မြို့လယ်တွင် ရုံးဝန်ထမ်း အတော် များများသည် ဓာတ်လှေကား အလုပ် မလုပ် နိုင်သဖြင့် ရုံးတွင်ပင် ညအိပ်ကြရသည်။
          ရထားများ ရပ်သွားသောကြောင့် လူသန်းပေါင်း များစွာ ပိတ်မိ နေခဲ့ပြီး အချို့မှာ လမ်းလျှောက်၍ အိမ်ပြန် ကြရသည်။
          တိုကျိုရှိ ဘွဲ့ပေးသည့် အခမ်းအနား တစ်ခုတွင်လည်း ခေါင်မိုး ပြိုကျမှုကြောင့် လူနှစ်ဆယ်ခန့် ဒဏ်ရာ ရခဲ့သည်။
          တိုကျို မြို့တော်နှင့် အနီးတဝိုက်တွင် အိမ်ပေါင်း လေးသန်းခန့် လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုနှင့် ကြုံတွေ့ ခဲ့ရသည်။
          ပစိဖိတ် အနှံ့အပြားတွင် ဆူနာမီ လှိုင်းများသည် ဂျက်လေယာဉ် အမြန်နှုန်းဖြင့် ဖြစ်ပေါ် ခဲ့သော်လည်း ဟာဝိုင်ယီနှင့် အမေရိကန် အနောက်ဖက် ကမ်းခြေသို့ မရောက်မီ အားပျော့ သွားခဲ့သည်။
          ကယ်လီဖိုးနီးယား၊ အိုရီဂွန်နှင့် ဝါရှင်တန်ရှိ ကမ်းရိုးတန်း တလျှောက်ရှိ လူထောင်ပေါင်း များစွာကို ပြောင်းရွှေ့ စေခဲ့သည်။
          အိုရီဂွန်ရှိ ဆိပ်ကမ်း တစ်ခုတွင်လည်း လှိုင်းများကြောင့် ကြီးကြီး မားမား ထိခိုက်မှု ရှိခဲ့သည်ဟု ဆိုသည်။
          ငလျင်ပြီးနောက် ဆူနာမီ သတိ ပေးချက်များကို ပစိဖိတ် တစ်လျှောက် မြောက်မှတောင် အမေရိက တစ်လျှောက် ထုတ်ပြန်ခဲ့ပြီး၊ ကမ်းရိုးတန်း တစ်လျှောက် လူများကို ရွှေ့ပြောင်း စေခဲ့သည်။
          သို့သော် နောက်ပိုင်းတွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ သြစတြေးလျနှင့် တရုတ် နိုင်ငံ တို့တွင် သတိ ပေးချက်ကို ရုတ်သိမ်း ခဲ့သည်။
--------------------------------------------------------------

တရုတ်ထောင်ချောက် အတွင်း သက်ဆင်းခြင်း မရှိဟု ထိုင်ဝမ်ခေါင်းဆောင် ငြင်းဆို

(AFP သတင်းမှ 8 March 2011 ရက်စွဲပါ “Taiwan’s leader denies falling into China trap” သတင်းကို ဘာသာ ပြန်ဆိုသည်)

ထိုင်ဝမ် သမ္မတ မာရင်ကျိုးက သူ့အား ဘီဂျင်း၏ ထောင်ချောက် အတွင်း သက်ဆင်း သွားခဲ့ကြောင်း စွပ်စွဲချက်ကို ပယ်ချ လိုက်ပြီး တရုတ် ပြည်မကြီးနှင့် စီးပွားရေးအရ ပိုမို ပေါင်းစည်းရေး အငြင်း ပွားဖွယ် မူဝါဒကို ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ် ထားသည်ဟု ပြောကြား လိုက်သည်။

          ထိုင်ဝမ်က ရရှိမည့် ကုန်သွယ်ရေး အကျိုး အမြတ် များအတွက် အပြန် အလှန် အားဖြင့် နိုင်ငံရေး အလျော့ ပေးမှုကို ဘီဂျင်းက အမြတ် ထုတ်မည် ဖြစ်၍ ပြန်လည် ပေါင်းစည်းရေးကို မလွှဲ မရှောင်သာ အောင် ပြုလုပ်ရန် ရည်ရွယ် နေသည် ဟူသော ထိုင်ဝမ် အတိုက်အခံ ပါတီ၏ စွပ်စွဲချက် များကို ငြင်းပယ်ကြောင်း သမ္မတ မာရင်ကျိုးက Financial Times နှင့် အင်တာဗျူးတွင် ပြောကြား ခဲ့သည်။

လာမည့် နှစ်တွင် ပြန်လည် အရွေးခံရန် မျှော်လင့် ထားသော သမ္မတ မာရင်ကျိုးက “လုံးဝ မပေါင်းစည်းရေး၊ လွတ်လပ်ရေး မကြေညာရေး၊ အင်အား အသုံးမပြုရေး စသော လက်ရှိ လိပ်ခဲ တည်းလည်း အနေ အထားကို ကျွန်တော်တို့ ထိန်းသိမ်း သွားမှာပါ” ဟု ပြောကြား ခဲ့ကြောင်း အင်္ဂါနေ့ သတင်းတွင် ဖော်ပြ ထားသည်။

          ထိုင်ဝမ် ကျွန်းသည် ပြည်မကြီးသို့ စီးပွားရေး အရ တံခါးဖွင့် ဝင်ရောက်မည့် လမ်းကြောင်းတွင် လေးပုံ တစ်ပုံမှ သုံးပုံ တစ်ပုံခန့်သာ ခရီးပေါက် သေးသည်။ သို့သော် နိုင်ငံရေး ကိစ္စများ ဆွေးနွေးရန် လိုအပ်သည့် ဖိအားများ မရှိပါဟု မာရင်ကျိုးက ပြောကြားကြောင်း သိရှိရသည်။

“အရေးကြီးဆုံး အချက် ကတော့ ပဋိပက္ခ ဖြစ်မယ့် အလား အလာကို သေးငယ် လျော့ပါးအောင် လုပ်ဖို့ပါပဲ” ဟု ဆက်လက် ပြောကြားခဲ့သည့် သမ္မတ မာရင်ကျိုးက ထိုင်ပေသည် ယခင် ခါးသီးသော ပြိုင်ဖက် ဘီဂျင်းအပေါ် အလွန် အကျွံ မှီခိုရသည့် အနေ အထားသို့ ရောက်လာ တော့မည် ဆိုသည့် အချက်ကို ငြင်းဆို လိုက်သည်။

သမ္မတ မာရင်ကျိုးသည် ဘီဂျင်းနှင့် ချစ်ကြည် ရင်းနှီးရေး မူဝါဒဖြင့် ၂၀၀၈ မေလတွင် အာဏာ ရလာခဲ့ပြီး နောက်ပိုင်း ၎င်း၏ အစိုးရက ကုန်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်း ကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်သည့် သဘော တူညီချက် တစ်ဒါဇင်ကျော်ကို တရုတ် ပြည်မကြီးနှင့် လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့သည်။
--------------------------------------------------------

မြန်မာမှ ဘိန်းစိုက်ပျိုး ထုတ်လုပ်သူများ တရုတ်အတွက် ပြဿနာတစ်ရပ်ဖြစ်လာ

(China Daily မှ 10 March 2011 ရက်စွဲပါ “ Poppy farmers in Burma a growing problem in China” သတင်းကို ဘာသာ ပြန်ဆိုသည်)

          အိမ်နီးချင်း မြန်မာ နိုင်ငံမှ တရားမဝင် ဘိန်းစိုက်ပျိုးမှုသည် လွန်ခဲ့သည့်၃နှစ်အတွင်း ၂ဆ ပွားလာခဲ့ပြီး တရုတ် နယ်စပ် ဒေသကို ကာကွယ် နေသူများ အတွက် ကြီးမားသော ပြဿနာ တစ်ရပ် ဖြစ်လာသည်ဟု တရုတ် အနောက် တောင်ပိုင်း ယူနန်ပြည်နယ်မှ ရဲအရာရှိကြီး တစ်ဦးက ပြောကြား လိုက်သည်။

          ယူနန် ပြည်နယ် ပြည်သူ့ လုံခြုရေး ဌာန ညွှန်ကြားရေးမှုး မင်ဆုတိုင်က China Daily နှင့် သီးသန့် အင်တာဗျူး တစ်ခုတွင် ပြောကြားရာ၌ အဆိုပါ ဘိန်းစိုက်ပျိုး ထုတ်လုပ်သူ များသည် ၎င်းတို့၏ မူးယစ် ဆေးဝါး အများစုကို နယ်စပ် ဖြတ်ကျော် ခိုးထုတ်ရန် ကြိုးစား နေကြကြောင်း၊ သို့သော်လည်း မြန်မာ နိုင်ငံမှ တရုတ် နိုင်ငံ တွင်းသို့ တရား မဝင် တင်သွင်း နေသော ဓာတ်ခွဲခန်း ထုတ် မူးယစ် ဆေးပြား များ၏ ပမာဏက ဟီးရိုးအင်းနှင့် ဘိန်း ကဲ့သို့သော သမားရိုးကျ မူးယစ် ဆေးများ၏ ပမာဏထက် ကျော်လွန် သွားပြီ ဖြစ်ကြောင်း ပြောဆို ခဲ့သည်။

ယခု အပတ် ကျင်းပသော အမျိုးသား ပြည်သူ့ ကွန်ဂရက် မျက်နှာ စုံညီ အစည်း အဝေး၏ အဝန်း အဝိုင်းတွင် China Daily နှင့် အင်တာဗျူး ပြုလုပ် ခဲ့သည့် မင်ဆုတိုင်က “မြန်မာ နိုင်ငံရဲ့ ဘိန်း စိုက်ပျိုး ဧကဟာ နှစ်သောင်း ခြောက်ထောင် ရှစ်ရာ ဟတ်တာလောက် ရှိနေပါပြီ” ဟု ပြောကြားသည်။

ဘိန်းစိုက်ပျိုးမှု အနေ အထားကို စောင့်ကြည့်ရန် အတွက် ဂြိုလ်တု ထောက်လှမ်းရေး နည်းပညာဖြင့် လည်းကောင်း၊ မြန်မာ ပြည် မြောက်ပိုင်းကို ကွင်းဆင်း သုတေသန ပြုခြင်းဖြင့် လည်းကောင်း နှစ်နိုင်ငံ စလုံးက ကာလ ရှည်ကြာ ကြိုးပမ်း ရာမှ ရရှိသော သတင်း အချက် အလက် များကို အခြေခံကာ ယခု ကဲ့သို့ ခန့်မှန်း ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြန်မာ နိုင်ငံ၏ ဘိန်းစိုက် ပျိုးမှု လတ်တလော ကြီးထွား လာသည်ဟု ဆိုသော်ငြားလည်း ၁၉၉၀ ခုနှစ် များက ဘိန်းစိုက် ဧက ၂၀၁၀၀၀ ဟတ်တာနှင့် နှိုင်းယှဉ်လျှင် ၂၀၀၇ ခုနှစ်တွင် ၁၃၄၀၀ ဟတ်တာသို့ ကျဆင်း သွားသည်ကို နှစ်နိုင်ငံ ပူးတွဲ လေ့လာရေး စီမံချက် အဖွဲ့က တွေ့ရှိ ခဲ့သည်ဟု လည်း မင်ဆုတိုင်က ထောက်ပြသည်။

ယူနန် ပြည်နယ်သည် မြန်မာ၊ လာအို၊ ဗီယက်နမ် နိုင်ငံ များနှင့် ၄၀၆၁ ကီလိုမီတာခန့် နယ်စပ်ချင်း ထိစပ် နေသည်။ အဆိုပါ ဒေသမှ မြန်မာ၊ လာအို နှင့် ထိုင်းနိုင်ငံတို့ သုံး နိုင်ငံ နယ်စပ် ဆုံတွေ့သည့် ရွှေတြိဂံ နယ်မြေသည် ဘိန်းစိုက်ပျိုးမှု ကြောင့် ထင်ရှားသည်။
နယ်စပ် ဒေသ ရှည်လျားခြင်း၊ ဘိန်းစိုက်ပျိုး ဒေသများ နှင့် နီးကပ်ခြင်း တို့ကြောင့် မူးယစ်ဆေး တရား မဝင် သယ်ဆောင်သူ တစ်သောင်းကျော်ကို တရုတ် ရဲများက နှစ်စဉ် ဖမ်းမိလေ့ ရှိသည်။

မြန်မာ နိုင်ငံမှ မူးယစ်ဆေး ကုန်သည်များသည် ယူနန် ပြည်နယ်သို့ မူးယစ် ဆေးဝါး အဓိက ဖြန့်ဖြူးသူ များ ဖြစ်သည်။ ပြည်နယ် အတွင်းသို့ တရား မဝင် သွင်းလာသည့် မူးယစ်ဆေးဝါး ၈၀ %မှ ၉၀ % အတွက် တာဝန် ရှိသူများ ဖြစ်သည်ဟု မင်ဆုတိုင်က ပြောသည်။
ပြီးခဲ့သည့် ငါးနှစ်တာ တရုတ် မြန်မာ ပူးပေါင်း ဆောင်ရွက်မှု ကာလ အတော အတွင်း ဘိန်းနှင့် ဆက်စပ် မူးယစ်ဆေးဝါး တရား မဝင် ရောင်းဝယ်မှုကို တိုက်ဖျက်ရန် ကြိုးပမ်း မှုများ ကြီးကြီးမား မား အောင်မြင်မှု ရခဲ့သည် ဟုလည်း မင်ဆုတိုင်က အလေး ထား ပြောကြားသည်။

ယူနန် ရဲတပ်ဖွဲ့က နှစ်စဉ် ကြားဖြတ် ဖမ်းဆီး ရမိသော ဘိန်းနှင့် ဟီးရိုးအင်း စုစုပေါင်း ပမာဏသည် လွန်ခဲ့သော ငါးနှစ်က ခြောက်တန်- ရှစ်တန်ခန့် လက်ရှိ အချိန်တွင် နှစ်တန် - သုံးတန်သို့ ကျဆင်း သွားခဲ့သည်ဟု ၎င်းက ဆိုသည်။

“သမားရိုးကျ မူးယစ်ဆေးဝါး ကီလိုဂရမ် ငါးရာကျော် ဖမ်းမိတဲ့ အမှုတွေ၊ ကီလိုဂရမ် တစ်ရာကျော် ဖမ်းမိတဲ့ အမှုတွေ အရင် တုန်းက ရှိခဲ့ ပေမဲ့ လက်ရှိ နှစ်တွေမှာ ဒီလို အမှုကြီးတွေ မရှိ သလောက် နည်းသွား ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယင်းသို့ ကျဆင်း လာခြင်းသည် ဘိန်းစိုက် တောင်သူ အများစုကို ဂျုံ အပါအဝင် ဘိန်း အစားထိုး သီးနှံများ စိုက်ပျိုး အောင် စည်းရုံး နိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်။ သို့သော်လည်း ဓာတ်ခွဲခန်းထုတ် ဓာတု မူးယစ် ဆေးဝါးများ အင်အား ကောင်းကောင်းနှင့် ဝင်ရောက် လာနေသည်ဟု မင်ဆုတိုင်က သတိပေး ပြောကြားသည်။

“မီသိုင်းအင်ဖက်တမင်းနှင့် အက်တာဆီလို ဓာတု မူးယစ် ဆေးအမျိုး အစား သစ်တွေက သမား ရိုးကျ မူးယစ်ဆေးဝါး တွေကို အပြတ် အသတ် ကျော်ဖြတ် သွားပြီး ယူနန် ပြည်နယ် ထဲကို အလုံး အရင်းနဲ့ ဝင်ရောက် နေပါတယ်” ဟု ၎င်းက ဆိုသည်။
ယခင်က ယူနန် ရဲများ တစ်နှစ်လျှင် ဓာတု မူးယစ် ဆေးဝါး ကီလို ဂရမ် ရာဂဏန်းမျှသာ ဖမ်းမိ ခဲ့သော်လည်း ၂၀၁၀ တွင် လေးတန် ကျော်ထိ ဖမ်းဆီး ရမိ ခဲ့သည်ဟု သိရှိ ရသည်။

တားမြစ် မထားသည့် ဆေးဝါးများ အပါအဝင် ပေါင်းစပ် ပစ္စည်းများကို အသုံး ပြုကာ သာမန် ဓာတ်ခွဲခန်း လေးများတွင် အဆိုပါ မူးယစ်ဆေး အမျိုး အစား သစ်များကို အလွယ် တကူ ဖော်စပ် ထုတ် လုပ်နိုင် သည်ဟု မင်ဆုတိုင်က ပြောကြားသည်။

ယူနန် လက်နက်ကိုင် တပ်ဖွဲ့ အကြီးအကဲ ဝမ်ဟိုင်လျန်၏ အဆို အရ လွန် ခဲ့သောငါးနှစ် အတွင်း လက်နက်ကိုင် မူးယစ် ကုန်သည်များနှင့် ပစ်ခတ်မှု ဖြစ်စဉ် များတွင် ရဲ အရာရှိ ၂၅ ဦး အသက် ဆုံးရှုံး ခဲ့ရသည်ဟု သိရသည်။ ၂၀၁၀ တစ်နှစ်တည်းမှာပင် လက်နက်များနှင့် ဆက်စပ်နေသည့် မူးယစ် ဆေးဝါး အမှု ၂၈ မှု ရှိသည်ဟု ဆိုသည်။

ယူနန် ပြည်နယ် အတွင်းသို့ မူးယစ် ဆေးဝါးများ တရား မဝင် ခိုးသွင်းသည့် နည်းလမ်း များမှာလည်း အမျိုးမျိုး ပြောင်းလဲ နေသည်။ အချို့ ကုန်သည်များက မူးယစ် ဆေး ပျော်ဝင် နေသည့် ရေထဲသို့ အဝတ် အစားများ နှစ်ကာ စုပ်ယူ ပြီး နယ်စပ်ကို ဖြတ်ကျော် ပြီးချိန်တွင် အဝတ်မှ ဆေးရည်ကို ပြန်ညှစ်ယူကာ ဆေးပြား ပြန်ချက်သည်ဟု မင်ဆုတိုင်က ပြောကြားသည်။

“မူးယစ်ဆေး ပြဿနာကို ကိုင်တွယ်ဖို့ တရုတ် နိုင်ငံက တာဝန် သိသိနဲ့ လုပ်ဆောင် ခဲ့ပါတယ်၊ လမ်းက အချိုး အကွေ့ အလိမ် အကောက်တွေ များပေမဲ့ တောက်ပတဲ့ အနာဂတ်ကို မြင်နေ ရပါပြီ” ဟု မင်ဆုတိုင်က သုံးသပ် ပြောကြားသည်။
----------------------------------------------------------------
 
တရုတ်လွှတ်တော် ဥက္ကဋ္ဌက ပါတီစုံ စနစ်ကို မသင့်တော်ဟု ငြင်းပယ်

(AFP သတင်းမှ 11 Mar 2011 ရက်စွဲပါ China congress chief rules out multi-party system သတင်းကို ဘာသာ ပြန်ဆိုသည်)

          တရုတ် နိုင်ငံ၏ လွှတ်တော် ဥက္ကဌက ကြာသ ပတေးနေ့တွင် မိန့်ခွန်း ပြောကြားရာ၌ ပါတီစုံ ဒီမိုကရေစီ စနစ် သို့ ကူးပြောင်းရန် မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ရာ၊ ယခင်နှစ်က ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ မှတ်ချက်များက အစပျိုး ပေးခဲ့သည့် နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး မျှော်လင့်ချက် များကို ရေအေးဖြင့် ပက်ဖြန်း ငြိမ်းသတ် သကဲ့သို့ ဖြစ်သွားသည်။

          တရုတ်နိုင်ငံ ခေါင်းဆောင်ပိုင်းတွင် သမ္မတ ဟူကျင်းတောင် ပြီးလျင် တရားဝင် နံပါတ်နှစ် အဆင့် ရှိသော ဖူဘန်ရှိက လွှတ်တော် နှစ်ပတ်လည် အစည်း အဝေးတွင် မိန့်ခွန်း ပြောကြားစဉ် “ကွန်မြူနစ် ပါတီ လွှမ်းမိုးသော စနစ်ကို စွန့်လွှတ်ခြင်းသည် ဗရမ်းဗတာ အခြေအနေကို ဖြစ်ပေါ် စေနိုင်ကြောင်း ပြောကြားခဲ့သည်။

          “တကယ်လို့ ကျွန်တော်တို့ ဗျာများနေမယ် ဆိုရင် ရရှိ အောင်မြင် ထားပြီး ဖြစ်တဲ့ ဖွံ့ဖြိုး တိုးတက်မှု အသီး အပွင့်တွေကို ဆုံးရှုံး သွားမှာပါ။ တိုင်းပြည် ကလည်း ပြည်တွင်း ဝိရောဓိ ပဋိပက္ခ ချောက်ကမ်းပါးထဲကို ကျသွား နိုင်ပါတယ်”ဟု ရှုဘန်ဂိုက ၎င်း သဘာပတိအဖြစ် ဆောင်ရွက်သော အမျိုးသား ပြည်သူ့ ကွန်ဂရက် (လွှတ်တော် အစည်းအဝေး) တွင် ပြောကြားလိုက်သည်။

          တရုတ်နိုင်ငံ အတွက် သင့်တော်သည့် တစ်ခုထဲသော စနစ်မှာ အာဏာရှင် အုပ်ချုပ်ရေး စနစ်သာ ဖြစ် သည် ဆိုသော အယူအဆကို တိုင်းပြည်အား သွတ်သွင်းရန် အတွက် ကွန်မြူနစ် ပါတီက ဂူဘန်ဂို၏ နှစ်စဉ် မိန့်ခွန်း ကို အသုံးပြုလေ့ ရှိခဲ့သော်လည်း ကြာသပတေးနေ့က မိန့်ခွန်းကမူ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို အားပေးမည် ဟု အများက ယူဆခဲ့သည့် ဝမ်ကျားပေါင်၏ ပြီးခဲ့သော သြဂုတ်လက မှတ်ချက်များ အပေါ် နောက်ဆက်တွဲ အဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

          မနှစ်က သြဂုတ်လတွင် တောင်ပိုင်း ရန်ဇင်းမြို့တော်၌ ဝမ်ကျားပေါင်က တရုတ် နိုင်ငံသည် နိုင်ငံရေး စနစ် ပြုပြင် ပြောင်းလဲရေးကို တွန်းအား ပေးရမည် ဖြစ်ကြောင်း နိုင်ငံသားများ၏ ဒီမိုကရေစီ အခွင့် အရေးများကို မြှင့်တင်ရမည် ဖြစ်ကြောင်း အစိုးရ၏ အာဏာကို စစ်ဆေး ထိန်းကျောင်း ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။

          အထက်ပါ မှတ်ချက်များ အပါအဝင် CNN နှင့် မရှေးမနှောင်း ပြုလုပ်သော အင်တာဗျူးတွင် ထိပ်ပိုင်း ခေါင်းဆောင်များ အကြား သဘော ကွဲလွဲမှု ရှိနေကြောင်း မှန်းဆမှုများ ပေါ်ထွက် လာခဲ့သည်။ အထူးသဖြင့် အဆိုပါ ကိစ္စအပေါ် နောက်ပိုင်း ပြောဆိုသည့် မှတ်ချက်များ အားတက် သရော မရှိသည့် သမ္မတ ဟူကျင်းတောင်နှင့် ဝန်ကြီးချုပ် ဝမ်ကျားပေါင်တို့ သဘောထား မတိုက် ဆိုင်ကြဟု ယူဆ ခဲ့ကြသည်။
--------------------------------------------------------------
 
တရုတ်က စီးပွားရေး စီမံကိန်းကို အတည်ပြု၊ နိုင်ငံရေး ပြောင်းလဲမှု မလုပ်ဟုဆို

(Associated Press မှ 14 March 2011 ရက်စွဲပါ Christopher Budeen ရေးသားသော “China Approves Economics Plan, No Political Changes” ကို ဘာသာပြန်ဆိုသည်။)

          တရုတ် နိုင်ငံသည် စားသုံး သူများ၏ လိုအပ် ချက်များ ဖြည့်ဆည်း နိုင်ရန် ရည်ရွယ်၍ လာမည့် ငါးနှစ် အတွက် စီးပွားရေး စီမံကိန်းများကို အတည် ပြုခဲ့ပြီး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အတွက် လမ်းစ များကိုမူ ပယ်ချ ခဲ့ကြောင်း တနင်္လာနေ့က ၎င်း၏ နှစ်ပတ်လည် ဥပဒေပြု အဖွဲ့ အစည်း အဝေး အပြီးတွင် အတည် ပြု ခဲ့သည်။

          ငါးနှစ် စီမံကိန်းတွင် လျင်မြန်သော စီးပွားရေး တိုးတက်မှုမှ အရည် အသွေး ပိုမို မြင့်မား ရေးကို ဦးတည်ရန် ရည်မှန်း ချက် ပြောင်းရန် ပြုလုပ် ထားသည်။ ထို့အပြင် အဆက် မပြတ် ဖွံ့ဖြိုး တိုးတက်ရန် အထူးသဖြင့် ဝန်ဆောင်မှု လုပ်ငန်းများနှင့် ချမ်းသာမှု ခွဲဝေမှု ပိုမို ကျယ်ပြန့်ရေး များကို အထူး အလေး ပေးမည် ဖြစ်သည်။ အကယ်၍ အကောင် အထည် ဖော်နိုင် ခဲ့ပါက ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေးကို စရိတ် သက်သာသော စက်ရုံက အဓိက စားသုံးသူ ဈေးကွက်သို့ အသွင် ပြောင်း နိုင်မည် ဖြစ်သည်။

စားသုံးသူ ဈေးကွက် ကြီးလာမှသာ သွင်းကုန် တိုးမြင့်ရေးကို အထောက် အကူ ပြုမည် ဖြစ်ပြီး တရုတ် နှင့် အမေရိကန် အခြား စီးပွားရေးများ အကြား ရှိ တရုတ်၏ ကုန်သွယ်မှု ပိုငွေ ကွာဟမှုကို ကျဉ်းမြောင်း သွားစေမည် ဖြစ်သည်။

တရုတ်သည် ငွေများကို ကုမ္ပဏီများ ထံမှ လူတစ်ဦးချင်းဆီသို့ ပြောင်းရွှေ့ရန် လိုအပ် နေပါသေးသည်။ သို့မှသာ တရုတ် နိုင်ငံ၏ ဆင်းရဲသော လူများစုနှင့် ချမ်းသာသော ပညာတတ်များနှင့် တိုးတက် လာနေသော လူလတ် တန်းစားများ အကြား ကွာဟမှု ကျဉ်းမြောင်း လာမည် ဖြစ်သည်။

ကျယ်ပြန့်စွာ ချမှတ် ထားသော စီမံကိန်းတွင် ကျေးလက် ကျန်းမာရေး စောင့်ရှောက်မှုတွင် ပိုမို သုံးစွဲရန်နှင့် အလုပ် မရှိသော လယ်သမား များအတွက် အလုပ်အကိုင် ရှာဖွေပေးရန် ကတိများ ပါဝင်သည်။ ထိုသို့ ပြုလုပ် ခြင်းကြောင့် ဝန်ဆောင်မှု လုပ်ငန်းနှင့် စားသုံးသူ လိုအပ်ချက် ပိုမို တိုးတက် လာရေး အတွက် ခြေလှမ်း တစ်ရပ်ပင် ဖြစ်သည်။

အဖွဲ့ဝင် သုံးထောင် နီးပါးရှိ အမျိုးသား ပြည်သူ့ ကွန်ဂရက်သည် ဆယ်ရက် အကြာ အစည်း အဝေး ပြုလုပ် ပြီးနောက် စီးပွားရေး စီမံကိန်းကို တနင်္လာနေ့က အတည်ပြု ခဲ့သည်။ ယခု ငါးနှစ် စီမံကိန်းသည် ဗဟို စီမံကိန်းနှင့် အတူတူ ပင် ဖြစ်သည်။ သို့သော် ကွန်မြူနစ် ပါတီ၏ ရည်မှန်းချက် ပန်းတိုင် အတွက် အသုံးဝင်မည့် လမ်းပြ မြေပုံ ဖြစ်သည်။

အစိုးရက ပြောကြား ရာတွင် ကွန်ဂရက် အစပိုင်းတွင် ယခုနှစ်၌ ကာကွယ်ရေး အသုံး စရိတ် ၁၂.၇% မြှင့်တင်ရန် စီစဉ် ခဲ့သည်ဟု ဆိုသည်။ ဥပဒေ ရေးရာ ပြောခွင့်ရ ပုဂ္ဂိုလ်က ဘေဂျင်း၏ စစ်တပ် ကြီးထွား လာမှုသည် ၂၀၁၀ တွင် ဂဏန်း နှစ်လုံးသို့ ရောက်ရှိ လာရာ အခြား တိုင်းပြည်များကို ခြိမ်းခြောက်ခြင်း မဟုတ်ဟု ဆိုသည်။

ယခု စီးပွားရေး အသွင် ပြောင်းလဲမှုသည် လာမည့် နှစ်တွင် သမ္မတ ဟူကျင်တောင်နှင့် အခြား ပါတီ ခေါင်းဆောင်များက ငယ်ရွယ်သော မျိုးဆက်သစ်များသို့ အာဏာ လွှဲပြောင်းရန် ပြင်ဆင် နေချိန်တွင် လုပ်ဆောင် လာခြင်း ဖြစ်သည်။ ၎င်းတို့သည် အသွင် ကူးပြောင်းရေးကို ချောမွေ့အောင် ကြိုးစား လုပ်ဆောင် နေကြခြင်း ဖြစ်သည်။

ကျန်းမာရေး စောင့်ရှောက်မှု တိုးချဲ့ရန် စီစဉ်ခြင်းမှာ စားသုံးသူများ အသုံး စရိတ်များ ရရှိရေး အတွက် ငွေများ ဖော်ထုတ် ပေးခြင်း ဖြစ်ပြီး ပိုမို စားသုံးမှုကို ဖြစ်စေသော တွန်းအား ဖြစ်သည်။

တရုတ် နိုင်ငံ၏ ကျေးလက် များတွင် လူဦးရေ သန်း ၈၀၀ ခန့် နေထိုင် ကြရာ စီမံကိန်းတွင် လယ်ယာ စိုက်ပျိုးရေး ခေတ်မီရေးနှင့် သီးနှံ ထုတ်လုပ်မှု တိုးတက်ရေး များအတွက် ပိုမို အသုံး ပြုရန် ကတိ ကဝတ်များ ပါဝင်သည်။ ဘေဂျင်း၏ အဓိက စိုးရိမ် ပူပန်မှုမှာ စားနပ် ရိက္ခာ လုံလောက်မှု အတွက် ဦးစား ပေးရေး ဖြစ်သည်။

၂၀၁၅ နှစ်ကုန် ထိ အကောင် အထည် ဖော်မည့် အဆိုပါ စီမံ ကိန်းတွင် လူမှုရေး အသုံး စရိတ်များ ပိုမို မြင့်မား လာရေး၊ ငွေဖောင်းပွမှု ထိန်းချုပ် နိုင်ရေးနှင့် ဆင်းရဲ ချမ်းသာ ကွာဟမှု မရှိရေး အမြန်ဆုံး ဖြစ်စေရန် လုပ်ဆောင် နိုင်ရေးများကို ဖော်ပြ ထားသည်။ လူနေမှု အဆင့် မြင့်လာခြင်း၊ ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးခြင်းနှင့် ဥပဒေ လိုက်နာ အောင် တင်းတင်း ကြပ်ကြပ် ပြုခြင်း များသည် ပြည်သူက နိုင်ငံရေး ပြောင်းလဲမှု အတွက် မျှော်လင့်ချက် ကြီးထွား လာမှုကို လျော့နည်း သွားစေနိုင်သည်ဟု ဆိုသည်။

တရုတ် ခေါင်းဆောင်များ မကြာ သေးမီက ထပ်တလဲလဲ ပြောခဲ့သော အချက်မှာ အာဏာရှင် အစိုးရသည် လူထုကြား မငြိမ်သက်မှု များကို မဖြစ်စေရန် အရေး ကြီး သဖြင့် မူဝါဒများ ပေါင်းစပ် ကျင့်သုံး ခဲ့ရသော်လည်း ယခု အခါ ပိုမို ချမ်းသာ ကြွယ်ဝရေးနှင့် ပို၍ မျှော်လင့် လာခြင်းကို သဘော ပေါက်လာပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခု အခါ အစိုးရက တိုး၍ စိုးရိမ် လာရသော အချက် တစ်ခုမှာ အွန်လိုင်းမှ တရုတ် ပြည်သူများ အား တူနီးရှားနှင့် အီဂျစ်တွင် အာဏာရှင် များအား ဖြုတ်ချ သကဲ့သို့ တနင်္ဂနွေ နေ့တိုင်း ငြိမ်းချမ်းစွာ ချီတက်ရန် ဆွဲဆောင် နေမှုများ ဖြစ်သည်။ လွန်ခဲ့သော တစ်လကျော် အင်တာနက်မှ နှိုးဆော်ချက်များ ထွက်ပေါ် ပြီးချိန်မှ စ၍ ဘေဂျင်းတွင် လုံခြုံရေးများ ထူထပ်စွာ ချထား ခဲ့ရသည်။

အစိုးရသည် ပညာရေး၊ အလုပ် အကိုင် ဖန်တီးရေး၊ ဝင်ငွေ နည်းသူများ အတွက် အိမ်ရာများ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပင်စင်နှင့် လူမှုရေး အာမခံများတွင် တိုးတက်၍ ၁၂.၅% တိုး သုံးမည် ဖြစ်သည်။ ရဲ၊ တရားရုံး ရှေ့နေ၊ အခြား ပြည်တွင်း လုံခြုံရေး တို့တွင် စစ်တပ် ဘတ်ဂျက်ထက် ကျော်လွန်၍ ၁၃.၈% တိုးသုံးကာ ဒေါ်လာ ၉၅ ဘီလျံ သုံးစွဲမည် ဖြစ်သည်။
------------------------------------------------------

အသက်အန္တရာယ် စိုးရိမ်ဖွယ် မြန်မာ့အဝေးပြေးလမ်း

(Asia Sentinel မှ 10 March 2011 ရက်စွဲပါ “Burma’s Highway of Death” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

အဝေးပြေး လမ်းသစ်ကြီး မကျွမ်းကျင်သော ယာဉ်မောင်းများနှင့် ပြုပြင် ထိန်းသိမ်းခြင်း ညံ့ဖျင်းမှုတို့ အားလုံး ပေါင်းဆုံ သွားမှုက ကြေကွဲ ဝမ်းနည်းစရာ များကို ဖြစ်ပေါ် စေသည်။

          နှစ်ပေါင်း များစွာ အတွင်း ကုန်ကျ စရိတ် အကြီးမားဆုံးဖြင့် တည်ဆောက်ခဲ့သော ၃၂၀ ကီလိုမီတာ ရန်ကုန်-နေပြည်တော် အဝေးပြေး ကွန်ကရစ်လမ်းကို မြန်မာ့ ပထမဆုံး နိုင်ငံတကာ အဆင့်မှီ ကားလမ်း အဖြစ် ဖွင့်လှစ် ပေးခဲ့ရာ နောက်ဆုံးတွင် ဆိုက်ကား၊ နွားလှည်းနှင့် လူတစ်ဖက်စာ ကျင်းပေါက်ကြီး များကို ရှောင်စရာ မလိုတော့ပဲ သင်၏ လင်ခရူဆာ ကားသစ်ကို လီဗာတစ်ဆုံး ဖိနင်း နိုင်ပြီပာု ဆိုရပါမည်။

          ရှုပ်ထွေးမှု မရှိခြင်း၊ လူသူ နည်းပါးခြင်းနှင့် လုံလောက်သော ကျယ်ဝန်းမှု တို့ကြောင့် အဆိုပါ လမ်းသည် အထူးသဖြင့် မြို့သစ် တည်သူတို့၏ အမြင်တွင် နေပြည်တော်နှင့် ပတ်သတ် လာလျှင် အားလုံး ကောင်းပါသည်ပာု ယူဆစရာ ဖြစ်စေသည်။ ယခင်က အနည်းဆုံး ၇ နာရီခန့် ကြာသော ခရီးသည် ယခုအခါ ၄ နာရီပင် မောင်းစရာ မလိုတော့ပဲ ယာဉ်ရှုပ်ထွေးမှုလည်း နည်းပါးပြီး တရက်လျှင် မော်တော်ယာဉ် ၅၀၀၀ ခန့်သာ ဖြတ်သန်းသည်ပာု ခန့်မှန်းရသည်။

          သို့သော်လည်း ၂၀၀၉ ခုနှစ် အစောပိုင်း လမ်းဖွင့် ပြီးချိန်မှ စ၍ ယာဉ်မတော်တဆဖြစ် သေဆုံးမှု များက ဒုက္ခ ပေးခဲ့သည်။၂၀၁၀ နှစ်ကုန်တွင် ရရှိသော တရားဝင် ကိန်းဂဏန်းများက ဆိုးဝါးသော ယာဉ်မတော်တဆ ဖြစ်မှု ၁၅၆ မှုတွင် လူ ၈၀ သေဆုံးကာ ၂၇၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဖြစ်နေသော်လည်း အမှန်တကယ် အရေ အတွက်မှာ ပို၍ များပြားဖွယ် ရှိသည်ပာု ဆိုသည်။

          ယာဉ်တစ်စင်းထဲ မတော်တဆ တိမ်းမှောက်မှု တစ်ခုတွင် ရန်ကုန် မြို့တော်ဝန် ဦးအောင်သိန်းလင်း၏ မွေးကင်းစ အရွယ် မြေးကလေး သေဆုံးခဲ့မှု သည် လူသိများသော ဖြစ်ရပ် ဖြစ်သည်။ သေဆုံးသူ တစ်နှစ်သား အရွယ် ဆက်နိုင်လင်း၏ မိဘများ ဖြစ်သော မြို့တော်ဝန်၏ သားနှင့် ချွေးမမှာမူ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရခဲ့သည်ပာု သိရှိ ရသည်။

          မကြာသေးမီက အကယ်ဒမီ ဆုပေးပွဲ ပြုလုပ်သော သီတင်းပတ်တွင် မော်တော်ကားဖြင့် ခရီး သွားခဲ့သော ဂျပန် နိုင်ငံသား တစ်ဦး အပါအဝင် အစိုးရ ဝန်ထမ်း၃ ဦး သေဆုံးခဲ့သည် ပာုလည်း ကြားသိ ရသည်။

          အကျိုးသင့်၊ အကြောင်းသင့် အဖြေများ ရှားပါးလွန်းသော တိုင်းပြည် တစ်ခုတွင် ၂၀၀၅ ခုနှစ်က မြို့တော် ပြောင်းရွှေ့မှုသည် ဗေဒင် အယူ အဆကြောင့်ပာု အကဲခတ် လေ့လာသူများ ယူဆစရာ ဖြစ်စေ သကဲ့သို့ ယခု လူအသေပျောက် များပြား လွန်းသော နေပြည်တော် အဝေးပြေးလမ်း ယာဉ်တိုက်မှုများ အတွက် ကျိုးကြောင်း ခိုင်လုံသည့် ဖြေရှင်းမှု ရရှိရန် အထပ်ထပ် သုံးသပ်မှု ပြုလုပ်ရပါမည်။

          ပထမဦးဆုံးနှင့် အရေးကြီးဆုံးမှာ လမ်းအန္တရာယ် ကင်းရေး စံချိန် စံညွှန်းများကို ထိထိ ရောက်ရောက် လုပ်ဆောင်ရန် ပျက်ကွက်မှု၏ ရလဒ် ဖြစ်သည် ဆိုသော အချက်ပင် ဖြစ်သည်။ မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းမှု ဆိုသည် မှာလည်း ဝေလာဝေးပာု ဆိုရမည်။ မော်တော်ယာဉ် များကို တစ်စစီ ကျိုးပဲ့မှသာ ပြုပြင်ကြပြီး တာယာများ မကွဲထွက်မီ လဲလှယ်ခြင်း သည်လည်း ချမ်းသာသူ အနည်းငယ်သာ တတ်နိုင်သော ကိစ္စတစ်ခု ဖြစ်နေသည်။ ယာဉ်ထိန်းရဲများက  ကားများကို တားကာ   ယာဉ် မှတ်ပုံတင် စစ်ဆေးရာ တွင်လည်း “မောင်းနှင်ရန် သင့်လျှော်မှု” ကိစ္စ လုံးဝ မပါဝင်ပါ။ ဖွံ့ဖြိုးဆဲ နိုင်ငံ အများစု ကဲ့သို့ပင် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်း ထားသော လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ဥပဒေများကိုလည်း လမ်းအသုံးပြုသူ များအား အကာ အကွယ် ပေးခြင်းထက် စားဝတ် နေရေး ပိုက်ဆံရှာရန် အတွက်သာ ယာဉ်ထိန်းရဲများက အသုံးချ နေကြပါသည်။

          WHO ၏ ၂၀၀၉ ခုနှစ် လမ်း အန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြချက် အရ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ ပြီးလျှင် အာဆီယံ ဒေသတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးမှု ဒုတိယ အများဆုံး နိုင်ငံ ဖြစ်ကြောင်း တွေ့ရှိရသည်။ အရက်သောက် မောင်းနှင်မှုနှင့် အရှိန်လွန် မောင်းနှင်မှုများကို တားမြစ် ထားသည့်တိုင် ဥပဒေများကို ထိရောက်စွာ အကောင် အထည် ဖော်မှု အားနည်း ခြင်းကြောင့် မြန်မာ နိုင်ငံ လမ်းများ ပေါ်မှ များပြားသော သေဆုံးမှု များကို ဖြစ်ပွား စေခဲ့သည်။

          အထက်ပါ ပြဿနာ၏ အကျိုးဆက် များမှာ ရန်ကုန် ဆင်ခြေဖုံး လမ်းများ ပေါ်တွင် မရှိသလောက် ရှားပါး သော်လည်း ကျယ်ပြော လွန်းသော အဝေးပြေးလမ်း ပေါ်တွင်မူ တစ်မူ ကွဲပြား နေသည်ပာု ဆိုရမည်။ ယင်းဖြစ်ရပ် များသည် နေပြည်တော် အဝေးပြေး လမ်းကို မကြာခဏ အသုံးပြု နေကြရသော စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရ ဝန်ထမ်းများ အတွင်း ဖြစ်ပွားနေခြင်း ဖြစ်သည်။ နောက်ဆုံးပေါ် မော်ဒယ် မော်တော်ယာဉ်၏ တာယာများ ပွင့်ထွက်ကာ မြို့တော်ဝန်၏ မြေးကလေး အသက်ကို နှုတ်ယူသွားခဲ့သည့် ဖြစ်ရပ်မျိုးနှင့် အလားတူ ပုံစံတူ ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

          သတ်မှတ် အမြန်နှုန်းထက် ကျော်လွန်မှုနှင့် မေးခွန်း ထုတ်စရာ လမ်းဒီဇိုင်းတို့ ပေါင်းလိုက် သောအခါ ကားဘီးများ လေဖိအား ပုံမှန်ထက် ပို၍ မြင့်လာသည်။ ယာဉ်ကြော ရှင်းလင်းနေမှု ကလည်း ယာဉ်မောင်းသူများအား တစ်နာရီလျှင် ၁၅၀ ကီလိုမီတာထက် ကျော်သွားအောင် အားပေး တိုက်တွန်းသလို ဖြစ်နေသည်။ အဝေးပြေး လမ်းပေါ်မှ ကားအများစုတွင် လုံခြုံရေး ခါးပတ် ပါသော်လည်း အသုံးပြုမှု နည်းပါးသည်။ (မြန်မာ မော်တော်ယာဉ် ဥပဒေများတွင် ယာဉ်မောင်းသူနှင့် ခရီးသည်များ လုံခြုံရေး ခါးပတ် အသုံးပြုရန် ကြတ်မတ်ထားခြင်း မရှိပါ။)

          ယခင်နှစ် ပြည်တွင်း မီဒီယာပါ သတင်း တစ်ပုဒ်က ယာဉ်မောင်းသူ အများစု၏ သဘော သဘာဝကို ပြသနေသည်။ ပြီးခဲ့သော နိုဝင်ဘာ လကုန်က  ယာဉ်မတော်ဆမှု တစ်ခုတွင် သေဆုံးခဲ့သည့် ရန်ကုန်မှ မိသားစုဝင် ၄ ဦး၏ ဆွေမျိုး တစ်ယောက်က ပြောကြား ထားသည့် အတိုင်း မီဒီယာများက ဖော်ပြခဲ့ရာ “အဝေးပြေး လမ်းပေါ်တွင် အရှိန်လျှော့ရန် ပြောသည့် အခါ တိုင်းတွင် ထိုမိသားစုထဲမှ ဖခင် ဖြစ်သူက ရန်ကုန် နေပြည်တော် ခရီးကို အချိန် ၃ နာရီ ခွဲမျှနှင့် ရောက်အောင
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp