Transparency Myanmar

transparency.myanmar@gmail.com

တစညပါတီက အစိုးရသစ်ပေါ်ပြီးမှသာ မေးခွန်းမေးမြန်းခြင်းများ စတင်မည်ပာုဆို

ရန်ကုန်၊ မတ် ၂၂။


            တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ အစိုးရသစ် ပေါ်ထွက်ပြီးမှသာ ပါတီမှ မေးခွန်းများမေးမြန်းခြင်း၊ အဆို တင်သွင်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ ဗပိာုအလုပ် အမှုဆောင် ဦးပာန်ရွှေက ပြောကြားခဲ့သည်။

            လွှတ်တော်အတွင်း၌ မိမိတို့ပါတီမှရောက်ရှိသွားသည့် ကိုယ်စားလှယ်များသည် အာဏာလွှဲပြောင်းပြီးချိန် အစိုးရသစ်တစ်ရပ် ပေါ်လာမှသာ မေးခွန်းများ၊အဆိုများ စတင် တင်သွင်းသွားမည်ဖြစ်ကြောင်း၊ ယခုလက်ရှိ အခြေအနေအရ အခြားပါတီများမှ တင်သွင်းသည့်အဆိုများကို ထောက်ခံခြင်းကိုသာ ပြုလုပ်နေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရသစ် အမြန်ဆုံး ပေါ်ပေါက်လာရန်သာ အဓိကဖြစ်ကြောင်း၊ ပါတီ၏ ရည်မှန်းချက်များ အရ အစိုးရသစ် ပေါ်ပေါက်လာမှသာ မေးခွန်းများ၊ အဆိုများ တင်သွင်းမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။

            ယခု လက်ရှိအခြေအနေတွင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များသည် မည်သည့်မေးခွန်းမှ မေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်း မရှိသေးကြောင်း သိရသည်။ အခြားပါတီ များမှ တင်သွင်းသည့် မေးခွန်းနှင့် အဆိုအချို့ကိုသာ ထောက်ခံအားပေးနေကြောင်း သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နားလည်မှုလွဲမှားနေသော စီးပွားရေးအမြင်များ


မတ်လ ၂၁ ရက်နေ့က ကျင်းပခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်()မှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာမြတ်ဥာဏစိုးမှ ပို့ကုန်သွင်းကုန်လုပ်ငန်း စဉ်များတွင် ကောက်ခံနေသော အခွန်များနှင့်ပတ်သက်၍ မေးမြန်းရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးလှထွန်းက ပြန်လည်ဖြေကြားခဲ့သည်ကို တွေ့ရပါသည်။ သို့ရာတွင် မေးခွန်းမေးသူ အမတ်မင်းသည် မိမိမေးမြန်းမည့် မေးခွန်း အပေါ်တွင် ပိုင်နိုင်ခြင်း၊ မိမိသိလိုသော မေးခွန်းအပြင် မိမိ၏ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ချပြနိုင်သည့် အထောက်အထားမတွေ့ရသကဲ့သို့ ပြန်လည်ဖြေကြားသူ ဝန်ကြီးမှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဖြစ်သော်လည်း ဈေးကွက်စီးပွားရေး  ဆိုသည်ကိုလည်း နားမလည်၊ ဝင်ငွေခွန်၏ ဘောဂဗေဒ အသုံး အနှုန်း အဓိပ္ပါယ်ကိုပင် ကောင်းစွာ နားမလည်ဘဲ ဖြေကြားခဲ့သည်ကိုလည်း တွေ့ရပါသည်။


ဒေါက်တာမြတ်ဥာဏစိုး မေးမြန်းသောမေးခွန်းကို အကျဉ်းချုပ်တင်ပြရသော် နိုင်ငံတော်အနေဖြင့် ပို့ကုန် ၁၀ ရာခိုင်နှုန်း ကောက်ခံနေခြင်းအစား ဘဏ္ဍာရေးနှစ်အလိုက် အမြတ်ခွန်ကိုသာ သီးသန့်ကောက်ခံရန် ဖြစ်နိုင်၊ မဖြစ်နိုင်နှင့် သွင်းကုန်လုပ်ငန်း တွင် ဒဿမ ရာခိုင်နှုန်း ကောက်ခံနေခြင်းကို ပယ်ဖျက်ပေးနိုင်ခြင်းရှိမရှိ တို့ကို မေးမြန်းခဲ့ပါသည်။ ထို့ပြင် အချို့သော နိုင်ငံကြီးများမှာကဲ့သို့ ပို့ကုန် အမယ်အချို့အပေါ်တွင် ထပ်ဆောင်းငွေကို နိုင်ငံတော်က ဖြည့်ဆည်းပေးနိုင်ခြင်း ရှိမရှိတို့ကိုပါ မေးမြန်းခဲ့ပါသည်။


ဒေါက်တာ မြတ်ဥာဏစိုးအနေဖြင့် မေးခွန်းမေးမြန်းခြင်းထက် အဘယ့်ကြောင့် ထိုအချက်ကို တောင်းဆိုရခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ တင်ပြခဲ့သည်ကိုမတွေ့ရပါ။  ဝင်ငွေခွန်ဆိုသည်မှာ မည်သို့အဓိပ္ပါယ်ရှိသည်ကို လည်း ဝန်ကြီးကို ရှင်းလင်းစွာ ပြန်လည်ပြောကြားခြင်း မရှိသကဲ့သို့ ဝန်ကြီးကိုယ်တိုင်ပင်လျှင်လည်း ရှင်းလင်းစွာ နားလည်ပုံမရပါ။


ပထမအချက်အနေဖြင့် ဝင်ငွေခွန် () ရာခိုင်နှုန်းနှင့်() ရာခိုင်နှုန်း စုစုပေါင်း ၁၀ ရာခိုင်နှုန်းကောက်ခံနေခြင်းနှင့် ပတ်သတ်၍ ဦးစွာ ရှင်းလင်းရလျှင် ဝင်ငွေခွန်ကို ဘောဂဗေဒ ဘာသာရပ်၌ အောက်ပါအတိုင်း ပြဆို ထားသည်ကို တွေ့ရသည်။


ဝင်ငွေခွန်ဆိုသည်မှာ တစ်နှစ်အတွင်းရရှိသော ဝင်ငွေကိုသာဆိုလိုပြီး လုပ်ငန်းသုံးအရင်းအနှီးငွေကို ဆိုလိုခြင်း မဟုတ်ကြောင်းကို ဘောဂဗေဒပညာရပ် အခြေခံကို အနည်းငယ်တီးခေါက်မိသူပင်လျှင် ကောင်းစွာ နားလည်ပါလိမ့်မည်။ သို့ရာတွင် ဝန်ကြီးက နားလည်ပုံမရဘဲ ဆက်လက် ရှင်းလင်းသွားသည်ကိုတွေ့ရသည်။


ဝင်ငွေခွန်ဥပဒေအရ ကောက်လျှင် အသားတင်အမြတ်၏ ၃၀ ရာခိုင်နှုန်းကို ကောက်ခံရမည်ဖြစ်ပြီး ထိုသို့ကောက်ခံလျှင် နစ်နာမည်စိုး၍ နိုင်ငံခြားငွေဖြင့်ရောင်းရငွေ (ပို့ကုန်မှရငွေ) အပေါ်တွင် ရာခိုင်နှုန်းနှင့် ရာခိုင် နှုန်းကောက်ခံလျှက်ရှိကြောင်း ၂ရာခိုင်နှုန်းကို နှစ်ကုန်သွားသည့်အခါ နိုင်ငံခြားငွေရှင်းလင်းသည့် အချိန်တွင် ပြန်လည်ခုနှိမ်ပေးထားကြောင်း ရှင်းပြသွားသည်။


မည်သို့ပင်ဆိုစေ ဝန်ကြီးသည် ဝင်ငွေခွန်ဆိုသည်မှာ ဘဏ္ဍာရေးနှစ်ပြီးမှ  လုပ်ငန်းလုပ်ပြီး အကျိုးအမြတ်ရရှိသည့် အမြတ်ငွေအပေါ်တွင်  အခွန်ကောက်ခံခြင်းဟု ဆိုလိုကြောင်း သဘောပေါက်ပုံမရခဲ့ပါ။


ပို့ကုန်အတွက် ပေးဆောင်ရငွေအခွန် ရာခိုင်နှုန်းနှင့် ရာခိုင်နှုန်းတို့အတွက် စုစုပေါင်း ၁၀ရာခိုင်နှုန်းကို လုပ်ငန်းမစတင်မီပင် ကြိုတင်ပေးသွင်းနေရသည်မှာ လုံးဝလွဲမှားနေသည့် အချက်ပင်ဖြစ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် လုပ်ငန်းလုပ်ဆောင်ရန် လိုအပ်သော လုပ်ငန်းရင်းနှီးငွေ(Working Capital)ကို အခြေခံတွက်ချက်ပြီး ၁၀ရာခိုင်နှုန်းဖြင့် ကောက်ယူနေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ပြည်ပသို့ ပို့ကုန် ပို့လိုသူသည် အမြတ် ၁၀ရာခိုင်နှုန်း အနည်းဆုံးကျန်ရှိရမည်ဖြစ်ပြီး ထိုထက်မြတ်မှသာ ရောင်းချနိုင်မည်ဖြစ်သည်။ ၁၀ ရာခိုင်နှုန်းအောက်လျော့၍ ရောင်းချလျှင် ရှုံးမည်ဖြစ်သည်။ ပို့ကုန်လုပ်ငန်း၏ လုပ်ငန်းသဘာဝအရ ပြည်တွင်း အရင်းအနှီး လိုအပ်သည်ဖြစ်ရာ ထိုအရင်းအနှီးအပေါ်တွင် အခွန်ကောက်ယူနေခြင်းမှာ လုံးဝ တည့်တည့်ကြီး လွဲမှားနေသော အခြေခံအကျဆုံး အချက်ပင်ဖြစ်ပေသည်။


ထို့ပြင် ဈေးကွက်တို့၏ သဘောအရ ရောင်းချရာတွင် အကျိုးအမြတ် ရသည်ဟု ဆိုနိုင်သော်လည်း ၁၀ခိုင်နှုန်းထက် နည်းပါးသည့်အချိန်လည်းရှိမည်။ ဈေးကွက်ဆက်လက် လည်ပတ်နေစေရန်အတွက် အရင်းထား၍ ရောင်းချရခြင်း၊ တစ်ခါတစ်ရံ အရှုံးခံ၍ ရောင်းချရခြင်းများပင်ရှိရာ လုပ်ငန်းအရင်းအနှီး(Working Capital)ပေါ်တွင် ကြိုတင်၍ အခွန်ကောက်ထားခြင်းသည် ပို့ကုန်လုပ်ငန်းကို ဟန့်တားနေသကဲ့သို့ ဖြစ်နေသည်ကို ဝန်ကြီး ကိုယ်တိုင် သဘောပေါက်နားလည်ပုံမရပေ။


ထို့ကြောင့် ပို့ကုန်ကို များများတင်ပို့ များများရောင်းချနိုင်ရန် ယှဉ်ပြိုင်ရသည့် ဈေးကွက်စီးပွားရေးစနစ်တွင် အခြားပြိုက်ဘက်များနှင့် မည်သို့မျှယှဉ်ပြိုင်နိုင်တော့မည် မဟုတ်သည့်အတွက် ဤအခွန်စနစ်များကို ပြန် လည် ပြင်ဆင်နိုင်မှသာ အမျိုးသား ယှဉ်ပြိုင် နိုင်စွမ်းကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။


အမြတ်ချည်းသက်သက် ပေါ်တွင် ၃၀ ရာခိုင်နှုန်း အခွန်ကောက်ယူခြင်းသည် နဲသည်များသည်ဟု သုံးသပ်ခြင်းထက် ယနေ့ခေတ်အခါအရ ရရှိသည့်အကျိုးအမြတ်ပမာဏကို အခြေခံသည့် သင့်တော်သော နှုန်းထား များဖြင့် အဆင့်ဆင့်ကောက်ခံခြင်းစနစ်ကသာ ဈေးကွက်စီးပွားရေး စနစ်ကို ပီပြင်စေမည် ဖြစ်ပါသည်။ ဥပမာ စင်္ကာပူတွင်  အရင်းအနှီးငွေထဲမှ ကြိုတင်ထုတ်ယူခြင်းမဟုတ်ဘဲ အမှန်တကယ်ရရှိသည့် ဝင်ငွေခွန်ပေါ်တွင် ကောက်ခံသည့် အခွန်နှုန်းထားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


ဝင်ငွေခွန် ဒေါ်လာ မှ ဒေါ်လာ သိန်း အတွင်းသည် အခွန်ငွေ ပေးဆောင်ရန်မလိုပါ။  သို့ရာတွင် နှစ်ခန့်အကြာ ကုမ္ပဏီ အရှိန်ရလာသည့်အခါတွင် ဝင်ငွေ ဒေါ်လာ ၁သောင်းမှ သိန်းအထိကို ဒဿမ ရာခိုင် နှုန်း စတင်ကောက်ခံပါသည်။


ဝင်ငွေခွန် ဒေါ်လာ သိန်းမှ သိန်းဖြင့် စတင်ရရှိသော ကုမ္ပဏီတစ်ခုအတွက် အခွန်ငွေမှာ ဒဿမ  ရာခိုင်နှုန်း၊  ၃သိန်းမှ ၂သန်းအကြားရရှိသူအတွက် ဝင်ငွေခွန်ကို ၁၇ ရာခိုင်နှုန်းထိ ကောက်ခံပါသည်။ သို့ရာ တွင် အမှန်တကယ် ဝင်ငွေခွန်မှ ကောက်ခံ ခြင်းဖြစ်သည်။ အသားတင်အမြတ်မှ ကောက်ခံခြင်းဖြစ်သည်။


အခြား အခွန်တစ်မျိုးဖြစ်သည့် သွင်းကုန်ခွန်ကို ကြည့်လျှင် ဒဿမ ရာခိုင်နှုန်းကောက်ခံသည်ကိုတွေ့ရပါသည်။  ဝန်ကြီး ဖြေကြားသည့်အချက်အတိုင်းတင်ပြရသော် ထိုအခွန်သည် ဝင်ငွေခွန် ပေးချေသူများက ပေးဆောင်ရသည့် အခွန်မဟုတ်ဘဲ ရောင်းချသူများက ပေးသွင်းရသည့်အခွန်ဖြစ်ကာ အထူးသဖြင့် နိုင်ငံခြားတွင်နေထိုင်သူ ပြည်ပနိုင်ငံမှ တင်သွင်းသူ နိုင်ငံခြားသားကို ကောက်ခံခြင်းဟု ဆိုသည်။


ကမ္ဘာပေါ်တွင် ပင်ရင်းမှ နှုတ်ယူပေးသွင်းငွေခွန် ကောက်ယူသည်ဆိုသည်မှာ လုပ်အားခငွေ၊ နိုင်ငံခြားသားများက မိမိနိုင်ငံတွင် လာရောက်မြှုပ်နှံထားသည့် ငွေများကို အကျိုးအမြတ်ခွဲဝေနိုင်ရန်၊ အိမ်ခြံမြေ ရောင်းဝယ် ခြင်းဆိုင်ရာမှ ရရှိသည့် အကျိုးအမြတ်များကို ခွဲဝေနိုင်ရန်၊ အခွန်ရှောင်မှုများ မဖြစ်ပွားစေရန် ကောက်ယူရာတွင် အသုံးပြုခြင်းဖြစ်သည်။


သို့ရာတွင်  ပင်ရင်းမှ ထုတ်နှုတ်ကောက်ခံခြင်းဟု ခေါင်းစဉ်တပ်ကာ တင်သွင်းသူ နိုင်ငံသားများအပေါ်တွင် ကောက်ခံနေသည့်ကိစ္စမှာ မသိနားမလည်၍လော၊ လုပ်ငန်းလုပ်ကိုင်သည့် ပြည်သူလူထုသည် ထိုဥပဒေ သကို သဘောမပေါက်ကြသေးဘဲ၊ နားမလည်သေးဘဲ  ကောက်ခံလျှင်လဲ ပေးမည်သာဖြစ်သည်ဟု ထင်မြင်ယူဆကာ ဝန်ကြီးဌာန ဝင်ငွေတိုးတက်ရန် အသာမှိန်း၍ ကောက်ခံနေခြင်းလောဟု မေးစရာ ဖြစ်လာပါသည်။


အခြားတစ်ချက်မှာ ဝန်ကြီးက နိုင်ငံ၏ ဂျီဒီပီသည် အခြားဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နဲပါးသေးပြီး ရသင့်ရထိုက်သည့် အခွန်ရမှသာ နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများကိုဆောင်ရွက်နိုင်မည် ဖြစ်သည်ဟု ပြောကြားခဲ့ပြီး အာဆီယံဒေသတွင်း နိုင်ငံများ ဂျီဒီပီနှင့် မြန်မာနိုင်ငံ၏ ဂျီဒီပီကို နှိုင်းယှဉ်ပြခဲ့ပါသည်။ထိုသို့ဆိုလျှင် အာဆီယံဒေသတွင်း နိုင်ငံများ၏  အခွန်ကောက်ခံပုံစနစ် ဥပမာ အထက်ကတင်ပြခဲ့သည့် စင်္ကာပူ၏ အခွန် စနစ်ကဲ့သို့ ပုံစံမျိုးများ ကိုလည်း နှိုင်းယှဉ်ပြသင့်ပါသည်။


ဝန်ကြီးအနေဖြင့် ဖွံ့ဖြိုးစ နိုင်ငံတစ်နိုင်ငံတွင် အခွန်ကို နဲနဲနှင့် ကဏ္ဍစုံအောင်ကောက်ယူရန် မကြိုးဘဲ ဈေးကွက်စီးပွားရေးသို့ ဝင်ရာက်ယှဉ်ပြိုင်ရန် အားယူနေသည့် အဖွဲ့အစည်းများအပေါ်တွင် များများစားစား ကောက်ခံပြီး အခြားကဏ္ဍများတွင် လျစ်လျူရှုထားသည်မှာ အပေါ်ထပ်အဆောက်အအုံခေါ် စီမံခန့်ခွဲမှု အပိုင်းမှပင် လွဲမှားနေကြောင်း နားလည်ပုံမရပါ။


ထို့ကြောင့် ဤကဲ့သို့ လွဲမှားသောစနစ်ကို တလျှောက်လုံး ကျင့်သုံးလာခဲ့သည့် ဝန်ကြီး၏ လက်ထက်တွင် ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်စွာဖော်ဆောင်မည်ဟု မည်မျှပင် ကြွေးကြော်နေစေကာမူ ဈေးကွက်စီးပွား ရေး စနစ်ကို နားမလည်သေးသည့် ထိုဝန်ကြီးကို ဆက်လက်တာဝန်ပေးမည်ဆိုပါက မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်မှာ မည်သို့မျှ အောင်မြင်နိုင်မည် မဟုတ်သည်ကို တွေ့ရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.