Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၃.၇.၂၀၁၁

ဘာသာပြန်သတင်းများ

ပုဂံဘုရားများ ထိန်းသိမ်းစောင့်ရှောက်ပုံ နည်းလမ်းမကျဟု ဒေါ်အောင်ဆန်းစုကြည်ဝေဖန်

(Associated Press မှ 12 July 2011 ရက်စွဲပါ “Suu Kyi criticizes restoration of Shrines” ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရှိ ရာစုနှစ်များစွာ ကြာနေပြီဖြစ်သော ပုဂံဘုရားပုထိုးများ ပြုပြင်ထိန်းသိမ်းသည့်လုပ်ငန်းများသည် နိုင်ငံတကာစံချိန်စံညွှန်းနှင့် မကိုက် ညီခြင်းကို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့တွင် ထောက်ပြဝေဖန် ပြောဆိုလိုက်သည်။

ပုဂံဘုရားများကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် အဆင့်အတန်း သတ်မှတ်ရန်အတွက် မြန်မာနိုင်ငံက ၁၉၉၆ ခုနှစ်တွင် လျှောက်ထားခဲ့သော် လည်း ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းတွင် မူလဒီဇိုင်းပုံစံနှင့် မူလပစ္စည်းများ အသုံးပြုမှု မရှိခြင်းကြောင့် ကုလသမဂ္ဂယဉ်ကျေးမှုအဖွဲ့အစည်း UNESCO က ပယ်ချခဲ့သည်။

“ဘုရားတွေကို နည်းလမ်းတကျ ပြုပြင်ထိန်းသိမ်းမှု မရှိတာကို မြင်ရတာ သိပ်ကို ဝမ်းနည်းစရာကောင်းပါတယ်၊ ဘုရားပုထိုး ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းတွေက နိုင်ငံတကာစံညွှန်းတွေနဲ့ ကိုက်ညီခြင်းမရှိပါဘူး” ဟု တနင်္လာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့ သည်။

ယခင်အပတ်က ပုဂံသို့သွားခဲ့သည့်ခရီးစဉ်သည် နေအိမ်အကျယ်ချုပ်မှ မနှစ်က သူမလွတ်မြောက်လာပြီး နောက်ပိုင်း ရန်ကုန်မြို့တော် အပြင် ဖက်သို့ ပထမဆုံးထွက်သည့် ခရီးစဉ်ဖြစ်သည်။

မြန်မာနိုင်ငံမှ ပုဂံရှေးဟောင်းမြို့တွင် ၁၀ ရာစုနှင့် ၁၄ ရာစုအကြား တည်ဆောက်ခဲ့သော ရှေးဟောင်းအမွေအနှစ် ဘုရားပုထိုးပေါင်း ၂၈၀၀ ကျော် ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံမြို့ကို ကမ္ဘောဒီးယားမှ အင်ကောဝပ်နှင့် အင်ဒိုနီးရှားမှ ဘောရောဗူဒေါတို့ကဲ့သို့သော အရှေ့တောင်အာရှဒေသ၏ အဓိက ရှေးဟောင်းသမိုင်းဝင်နေရာများထဲမှ တစ်ခုအဖြစ်သတ်မှတ်ထားကြသည်။ ယူနက်စကိုကမူ ယင်း၏ လေ့လာစိစစ်ဆဲ စာရင်းထဲတွင်သာ ပုဂံမြို့ကို ထည့်သွင်းထားဆဲ ဖြစ်သည်။

အဆိုပါ ပုဂံဘုရားပုထိုး အဆောက်အအုံများသည် ပင်ကိုမူရင်းစစ်မှန်၍ တီထွင်ဆန်းသစ်သော ဗုဒ္ဓဘာသာဝင် အနုပညာရှင်အုပ်စု၏ အကောင်း ဆုံး အနုပညာမြောက် နည်းပညာဆိုင်ရာအောင်မြင်မှုကို ကိုယ်စားပြုနေသည်ဟု ယူနက်စကိုအဖွဲ့က မှတ်ချက်ပြုထားသည်။ သို့သော်လည်း ၂၀၀၃ ခုနှစ် တွင် ၆၀ မီတာ အမြင့်ရှိသော မျှော်စင်ကို တည်ဆောက်ခဲ့ခြင်းကြောင့် ရှေးရိုးစွဲဝါဒီများကို အလွန်တရာဒေါသထွက်စေခဲ့သည်။ ယူနက်စကိုကလည်း ယင်းမျှော်စင်သည် အချိုးအစားမကျသည့်အပြင် သမိုင်းဝင်ရှေးဟောင်းဘုရားများနှင့် အမြင်သွေဖယ်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။

အစိုးရဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အာဏာပိုင်များကလည်း ယင်းတို့၏ မျှော်စင်သည် အတားအဆီးမဲ့မြင်ကွင်းများကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး ကျိုးပဲ့လွယ်သော ပုဂံဘုရားများပေါ်သို့ ကမ္ဘာလှည့်ခရီးသွားများ တက်ခြင်း ကြောင့် ထိခိုက်ပျက်စီးမှုကို တားဆီးပေးမည်ဖြစ်သည်ဟု တုန့်ပြန် ပြောကြားခဲ့သည်။

နီပေါနိုင်ငံခတ္တမန္တုတောင်ကြားရှိ ဟာနုမာန်အဆောက်အဦး ထိန်းသိမ်းစောင့်ရှောက်ပုံကို ကိုးကားပြောဆိုသည့် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ အဆောက်အဦးကို ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းမစမီ ပညာရှင်များက ၅ နှစ် အချိန်ယူကာ လေ့လာခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

******************************************************

မလေးရှားရဲများ ဖြိုခွဲပုံကြောင့် ကုလလူ့အခွင့်အရေးအဖွဲ့ စိတ်အနှောင့်အယှက်ဖြစ်

(AFP သတင်းမှ 12 July 2011 ရက်စွဲပါ “UN Rights disappointed by Malaysian police crackdown” ကို ဘာသာ ပြန်ဆိုသည်)

ငြိမ်းချမ်းစွာဆန္ဒပြသူများအား မလေးရှားအစိုးရက နှိမ်နင်းဖြိုခွဲသည့်အပေါ် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့ ရုံးက အင်္ဂါနေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့အနေဖြင့် သိသိသာသာ အလွန်အကျွံ အင်အားသုံးခဲ့သည်ဟု ဝေဖန်ပြောဆိုလိုက်သည်။

မလေးရှားမြို့တော်တွင် စနေနေ့က ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်း ပြုပြင်ပြောင်းလဲရေး တောင်းဆိုသည့် ဆန္ဒပြ ချီတက်ပွဲများကို လူစုခွဲရန် အတွက် အဓိကရုဏ်းနှိမ်နင်းရေး ရဲများက မျက်ရည်ယိုဗုံးများ၊ မီးသတ်ရေပိုက်များ အသုံးပြုခဲ့ပြီး လူပေါင်း ၆၀၀ ကျော်ကို ဖမ်းဆီးခဲ့ခြင်းကြောင့် လူ့အခွင့် အရေး အုပ်စုများ၏ ပြင်းထန်စွာ ဝေဖန်ခြင်းကို ခံခဲ့ရသည်။

“မလေးရှားမှာ အစိုးရက ငြိမ်းချမ်းစွာဆန္ဒြုပသူတွေကို လတ်တလော ဖြိုခွဲခဲ့ပုံကြောင့် ကျွန်တော်တို့ အလွန်ပဲ စိုးရိမ်မကင်းဖြစ်နေရပါတယ်” ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူ Rupert Colville က ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံလို ဒီမိုကရေစီ အသားကျပြီးသား နိုင်ငံမှာ ဒီလောက်များပြားတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အလွန်အကျွံ အင်အားသုံး ဖြိုခွဲခဲ့တာကို မြင်ရတာ တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်ရပါတယ် ဟု ယင်းက ဆက်လက်ပြောသည်။

မလေးရှားရဲတပ်ဖွဲ့မူ စနေနေ့က ဖမ်းဆီးခဲ့သူများကို လွှတ်ပေးလိုက်ပြီဟု ပြောကြားလျက်ရှိသော်လည်း စနေနေ့ ချီတက်ပွဲတွင် အဖမ်းခံရသော အဆိုပါ ပုဂ္ဂိုလ်များနှင့်အခြား ပတ်သက်သူများအပေါ် အာဏာပိုင်များက လက်တုန့်ပြန်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့က စိုးရိမ်ပူပန် နေဆဲဖြစ်သည်။

မလေးရှားပြည်သူတွေ လွတ်လပ်စွာ ပြောဆို၊ ငြိမ်းချမ်းစွာ စုဝေးနိုင်ဖို့ အခွင့်အရေးအတွက် စည်းရုံးလှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်တွေကို ပစ်မှတ်ထား တိုက်ခိုက် တာမျိုးရှိနိုင်တယ်လို့ သတိပေး နှိုးဆော်မှုကို ကျွန်တော်တို့ လက်ခံရရှိထားပါတယ် ဟု Mr.Colville က ပြောကြားသည်။

****************************************************

ဘင်္ဂလားဒေ့ရှ်ရေနက်ပိုင်းတွင် Conco Phillips ဓာတ်ငွေ့ရှာတော့မည်

(Petroleum Economist မှ 12 July 2011 ရက်စွဲပါ “Conco Phillips primes for Bangladesh Deepwater” ကို ဘာသာပြန်ဆိုသည်)

ရေနံ၊ ဓာတ်ငွေ့ကုမ္ပဏီကြီး Conco Phillips သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် Petrobangla နှင့်ပူးတွဲထုတ်လုပ်ရေး ကန်ထရိုက် (PSC) လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဘင်္ဂလားပင်လယ်အော်ရေနက်ပိုင်းတွင် ရှာဖွေရေးလုပ်ငန်းများ စတင် တော့မည်ဟု သိရှိရသည်။

အဆိုပါကန်ထရိုက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးရေနက်ပိုင်းသယံဇာတရှာဖွေမှု လုပ်ငန်းတစ်ခုဖြစ်သည့် အပြင် ၂၀၀၁ ခုနှစ်နောက်ပိုင်း နိုင်ငံတကာရေနံကုမ္ပဏီတစ်ခုနှင့် ပထမဆုံး PSC လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

အမေရိကန်ကုမ္ပဏီက DS-08-10 နှင့် DS-08-11 ဓာတ်ငွေ့လုပ်ကွက်များတွင် ၁၀၀% လုပ်ကိုင်ခွင့်ကို ရယူမည် ဖြစ်သည်။ စစ်တကောင်းနှင့် ၂၈၀ ကီလိုမီတာအကွာရှိ ခွင့်ပြုနေရာသည် ၅၁၅၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ရေအနက် ၁၀၀၀ မီတာမှ ၁၅၀၀ မီတာအထိရှိသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လုပ်ငန်းစတင်မှုပြုလုပ်လျက်ရှိသည့် Conco Phillips ကုမ္ပဏီသည် အကယ်၍သာ အိမ်နီးချင်းမြန်မာ၊ အိန္ဒိယတို့နှင့် အငြင်းပွားနေသည့် ရေပြင်ပြဿနာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အသာစီးဖြင့် ဖြေရှင်းနိုင်ခဲ့ပါက နောက်ထပ် ၁၆၀၅ စတုရန်းကီလိုမီတာ ထပ်မံ ရရှိဦးမည် ဖြစ်သည်။

Conco Phillips သည် ပြည်တွင်းဈေးကွက်အတွက် ဓာတ်ငွေ့ထုတ်လုပ်နိုင်သော်လည်း ပြည်ပသို့တင်ပို့ရန်ကိုမူ Petrobangla နှင့် တိုင်ပင် ညှိနှိုင်းပြီးမှသာလျှင် သဘာဝဓာတ်ငွေ့ရည်အဖြစ် တင်ပို့ခွင့်ရရှိနိုင်မည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်အတိုက်အခံအုပ်စုများက နိုင်ငံပိုင်ရှာဖွေရေး လုပ်ငန်း Bapex ကို လုပ်ပိုင်ခွင့် ရစေလိုသော်ငြားလည်း နိုင်ငံပိုင်ကုမ္ပဏီသည် ရေနက်ပိုင်းလုပ်ငန်းများ ကျွမ်းကျင်မှုမရှိဟု သိရသည်။ လက်ရှိထုတ်လုပ်နေသော ဓာတ်ငွေ့သိုက်များမှာ ၂၀၁၅ ခုနှစ်တွင် ကုန်ဆုံးသွားလိမ့်မည်ဟု မျှော်လင့် ရပြီး ဘင်္ဂလားဒေ့ရှ်၏ ဓာတ်ငွေ့ လိုအပ်ချက်မှာ တစ်ရက်လျှင် ကုဗပေ သန်း ၅၀၀ ကျော်အထိ မြင့်တက်လျက်ရှိသည်။

*****************************************************

ကမ္ဘာ့ပါဝါနိုင်ငံအဆင့်သို့ တရုတ်ရောက်ရှိပြီဖြစ်ကြောင်း အမေရိကန်ထုတ်ဖော်

(CNN သတင်းကိုဘာသာပြန်ဆိုသည်)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ယခုအခါ ကမ္ဘာ့ပါဝါ အဆင့်သို့ရောက်ရှိသွားပြီဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု၏ ထိပ်တန်းစစ်ဘက် အရာရှိကြီးတစ်ဦးက ကြေညာလိုက်ကြောင်း CNN သတင်းဌာနက ရေးသား ဖော်ပြသည်။ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံအား တက်သစ်စ ပါဝါနိုင်ငံ အဖြစ်သတ်မှတ်ဖော်ပြခဲ့မှုမှာ ယခုအခါ အတိတ်ကာလက အကြောင်းအရာတစ်ခု ဖြစ်သွားကြောင်း တရုတ်နိုင်ငံ၊ ဘေဂျင်းရှိ Renmin တက္ကသိုလ် တွင် အမေရိကန် ပြည်ထောင်စု ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးများ၏ ဥက္ကဌ (US Chairman of Joint Chiefs of Staff) ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလန်က မှတ်ချက်ပေးပြောဆိုသည်။

"ယနေ့တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် ကွဲပြားခြားနားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နောင် ၁၀ နှစ်တာကာလမှာလည်း တရုတ်ပြည် ဟာ သေချာပေါက်ဆက်လက်ပြောင်းလဲသွားမှာဖြစ်ပါတယ်" ဟု မိုက်မူလန်က ပရိသတ်များကိုပြောဆိုသည်။ "တရုတ်နိုင်ငံဟာ ထွန်းသစ်စပါဝါနိုင်ငံမဟုတ် တော့ပါဘူး။ သူဟာ ကမ္ဘာ့ပါဝါ အဆင့်ကို အမှန်တကယ်ရောက်ရှိသွားပါပြီ" ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တရုတ်နိုင်ငံအား 'တက်သစ်စပါဝါ' အဖြစ်သတ်မှတ်ဖော်ပြ ပြောဆိုခဲ့သည်။ "အမေရိကန်ပြည်ထောင်စုလည်းပဲ ပြောင်းလဲနေတာပါပဲ။ နှစ်နိုင်ငံ စလုံးက အကောင်အထည်ဖော်လုပ်ကိုင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်နဲ့ အခြေအနေပါပြောင်းလဲနေတာပါ။ တရုတ်ပြည်နဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ဒိုင်ယာလော့ခ်ဟာလည်း အဲဒီအပြောင်းအလဲတွေနဲ့အတူ ဆက်လက် လျှောက်လှမ်းသွားဖို့ လိုမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ နောက်ပြီးကျွန်တော်တို့အနေနဲ့ အရေးကိစ္စတစ်ခုချင်းစီနဲ့ နှစ်နိုင်ငံအပြန်အလှန် ဆက်ဆံရေး အခြေအနေအရပ်ရပ်တွေအပေါ် ဒိုင်ယာလော့ခ်လုပ်ရာကနေ တူညီတဲ့ပန်းတိုင်တွေဆီ ရောက်ရှိဖို့ အတူလက်တွဲလုပ်ဆောင်သွားဖို့ လိုမယ်လို့ ထင်ပါတယ်” ဟု မိုက်မူလန်ကဆိုသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ပေါကြွယ်ဝသည့် တောင်တရုတ်ပင်လယ်ပြင်အတွင်း ရေပိုင်နက်ရရှိရေးအတွက် အငြင်းပွားမှုများနှင့် ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်မိကြောင်းလည်း ၎င်းကထုတ်ဖော်ပြောဆိုသည်။ “အဲဒီရေပိုင်နက်ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေအနေနဲ့ တာဝန်ရှိစွာ လုပ်ကိုင် ဖြေရှင်းလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စုမျှော်လင့်မိပါတယ်။ အဲဒါမှ တောင်တရုတ်ပင်လယ်ပြင်အတွင်းဖြစ်တဲ့ ဖြစ်ရပ်အသီးသီးဟာ ထိန်းချုပ်လို့ မရတဲ့အနေအထားမျိုး၊ အန္တရာယ်ရှိတဲ့ အဆင့်မျိုးကိုမရောက်ရှိမှာဖြစ်ပါတယ်” ဟု ၎င်းက မှတ်ချက်ပြု ပြောဆိုသည်။

တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက်ရရှိရေးတောင်းဆိုထားသောနိုင်ငံများမှာ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း နှင့် ထိုင်ဝမ် တို့ဖြစ်သည်။ မကြာသေးခင်ကာလက တရုတ်ကင်းလှည့်သင်္ဘောနှင့် ဗီယက်နမ် ရေနံလေ့လာရေးသင်္ဘောတို့ တောင်တရုတ်ပင်လယ်ပြင်တွင် ထိပ်တိုက် ပဋိပက္ခတစ်ရပ်ဖြစ်ပွားခဲ့ရာ နှစ်နိုင်ငံကွန်မြူနစ် အစိုးရတို့အကြား ဆက်ဆံရေးလည်းတင်းမာသွားခဲ့ရုံသာမက ဗီယက်နမ်အနေဖြင့် တစ်ချိန်က ရန်သူဖြစ်ခဲ့ သော အမေရိကန်ပြည်ထောင်စုနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများပိုမိုလုပ်ကိုင်ရန် ဖန်တီးပေးလိုက်သကဲ့သို့ဖြစ်သွားသည်။

“အင်အား ကြီးမားတဲ့ စစ်ရေးပါဝါဆိုတာ တာဝန်ယူမှုလည်း ပိုမိုကြီးမားမှဖြစ်မှာပါ။ ပူးပေါင်းဆောင်ရွက်မှုလည်း ကြီးမားရမှာဖြစ်သလို ပွင့်လင်း မြင်သာမှုလည်း အများဆုံးရှိထားဖို့ အရေးကြီးပါတယ်။ အဲဒီလို မဟုတ်ခဲ့ဘူးဆိုရင် ဒေသတွင်းပိုမိုလုံခြုံမှုရရှိရေးနဲ့ တည်ငြိမ်မှုဖြစ်ပေါ်ရေးအတွက် တရုတ် နိုင်ငံရဲ့စစ်ရေးအင်အားတိုးချဲ့တွေဟာ ဆန့်ကျင်ဘက် တုံ့ပြန်မှုတွေနဲ့ကြုံတွေ့ရပါလိမ့်မယ်” မိုက်မူလန်က တရုတ်နိုင်ငံ၏ စစ်ရေးအင်အားကြီးထွားလာမှုကို ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုလိုက်သည်။ ။

ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလန် တရုတ်နိုင်ငံသို့အလည်အပတ်သွားရောက်သည့် ခရီးစဉ်သည် နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှု တိုးမြှင့်နိုင်ရန် နှစ်ဖက်စလုံး၏ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်။ တရုတ်နှင့် အမေရိကန်ပြည်ထောင်စု တို့သည် ထိုင်ဝမ်သို့ အမေရိကန်လက်နက်ရောင်းချမှု၊ ဝါရှင်တန်သို့ တိဘက်အတိုက်အခံခေါင်းဆောင် ဒလိုင်းလားမား သွားရောက်လည်ပတ်မှု အပါအဝင် အာရှဒေသတွင်း အမေရိကန်စစ်ရေး လေ့ကျင့်မှုများ ကြောင့် သဘောထားကွဲလွဲမှုများ ရှိနေသည့်ကြားက မိုက်မူလန်၏ခရီးစဉ်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

တရုတ်နိုင်ငံက ၎င်းပိုင်ဆိုင်သည်ဟု တောင်းဆိုထားသော တောင်တရုတ်ပင်လယ်ပြင်တွင်းမှ ရေပိုင်နက်တွင်းသို့ အခြားနိုင်ငံများမှ ရေတပ် စစ်ရေး လေ့ကျင့်မှုများပြုလုပ်ခြင်းကို ကန့်ကွက်ထားသည်။ လတ်တလောအနေအထားတွင် ဗီယက်နမ်နိုင်ငံက အမေရိကန်ပြည်ထောင်စုနှင့် စစ်ရေး လေ့ကျင့်မှု သစ်များ ထပ်မံပြုလုပ်မည်ဟု ထုတ်ဖော် ကြေညာထားသည်။ ဖိလစ်ပိုင်နိုင်ငံသည်လည်း မကြာသေးခင်ကာလက အမေရိကန်ပြည်ထောင်စုနှင့် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ဗိုလ်ချုပ်ကြီးမိုက်မူလန်က မိန့်ခွန်းပြောကြားရာတွင် အမေရိကန်-တရုတ်ဆက်ဆံရေးတည်ဆောက်ရာ၌ ရေရှည်တည်တံ့မှု ရှိမည့် ကြိုးပမ်း အားထုတ်မှု တစ်ရပ်လိုအပ်သည်ဟု တိုက်တွန်းပြောဆိုကာ နှစ်ဖက်စလုံးက အပြန်အလှန် လေးစားမှုရှိသည့် ပုံစံမျိုးဖြင့်လုပ်ကိုင်ရန် လိုအပ်ကြောင်း ဆို သည်။

***********************************************

မနီလာက အငြင်းပွားသော ကျွန်းများ ကိစ္စ ကုလသမဂ္ဂ တရားရုံးသို့ တင်ပြရန် စီစဉ်နေဟု တရုတ်သို့ပြော

(11 July 2011 ရက်စွဲပါ AP မှ Monila tells China it’s taking spats to UN court ကို ဘာသာပြန်ဆိုသည် )

မနီလာသည် တရုတ်နှင့် နှစ်နိုင်ငံ အငြင်းပွားနေသော Spratly ကျွန်းများကိစ္စကို ကုလသမဂ္ဂ ခုံရုံးသို့ တင်ပြရန် စီစဉ်နေကြောင်း ဖိလစ်ပိုင် ထိပ်တန်း သံတမန်က တရုတ် သံတမန်အား ပြောကြားခဲ့သည်ဟု ယင်းက ဆိုသည်။

ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီး Albert del Rosario က တနင်္လာနေ့က ပြောကြားရာတွင် ယင်းက နယ်မြေ အငြင်းပွားမှုအား ပင်လယ်ပြင် ဥပဒေ ဆိုင်ရာ နိုင်ငံ တရားရုံးသို့ တင်ပြရန် စီစဉ်နေသည်ဟု တရုတ် နိုင်ငံခြားရေး ၀န်ကြီး Yang Jiechi အား ပြောကြားသော်လည်း တုန့်ပြန်ခဲ့ခြင်း မရှိဟု ဆိုသည်။

Rosario က ပြောကြားရာတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကြွယ်ဝသော တောင်တရုတ် ပင်လယ်တစ်ခုလုံးကို ပိုင်ဆိုင်ရန်သာ ထပ်တလဲလဲ ပြောကြားခဲ့ပြီး အခြား တောင်းဆိုသူများနှင့်လည်း နှစ်နိုင်ငံချင်း ဆွေးနွေးလိုသည်ဟု ဆိုသည်။

Rosario က ပြောကြားရာတွင် ယင်းက Yang အား ဖိလစ်ပိုင် အနေဖြင့် အငြင်းပွားမှုအား ညှိနှိုင်းရန် ကုလသမဂ္ဂကဲ့သို့သော နိုင်ငံစုံ ဆွေးနွေးပွဲ ကို ပိုမိုနှစ်သက်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

*****************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011
yangonchronicle 2011

၁၂.၇.၂၀၁၁

ပြည်တွင်းသတင်းများ

ရဲတံခွန် ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း၌ ရဟတ်ယာဉ်ပျက်ကျ

တနင်္သာရီကမ်းလွန်ပင်လယ်ပြင်ရှိ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းတွင် မလေးရှားနိုင်ငံ ပက်ထရိုနာ့စ်ကုမ္ပဏီမှအတွက် အလုပ်လုပ်ပေးနေ သည့် ရဟတ်ယာဉ်တစ်စီးသည်  ဇူလိုင် ၁၁ရက် နံနက် ၉နာရီခန့်က မုတ္တမပင်လယ်ထဲသို့ ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ရဟတ်ယာဉ်သည်  ဇူလိုင် ၁၁ရက် နံနက် ၉နာရီခန့်က ရဲတံခွန်သဘာဝဓာတ်ငွေ့ကမ်းလွန် စခန်းရှိ FSO (Floating  Storage Offshore) ရေယာဉ်ပေါ်မှ ရဟတ်ယာဉ်မှူး အပါအဝင် ၁၁ဦးကို တင်ဆောင်ကာ ပျံတက်စဉ် ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်း၏ အနောက်ဘက် ပေ ၃၀ အကွာ ခန့်တွင် မုတ္တမပင်လယ်ထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျက်ကျသည့် ရဟတ်ယာဉ်မှာ ပြင်သစ်နိုင်ငံ Heli Union ကုမ္ပဏီပိုင် Sikorsky SK 76 အမျိုးအစားဖြစ်ပြီး ရဟတ်ယာဉ် ပျက်ကျမှုတွင် မြန်မာဝန်ထမ်း(၃)ဦး သေဆုံးသွားကြောင်း အဆိုပါရဲတံခွန်စီမံကိန်း၏ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

ရဟတ်ယာဉ်သည် ရေထဲစုန်းစုန်းမြုပ်သွားခဲ့သော်လည်း သေဆုံးသူ(၃)ဦးအပါအဝင် ခရီးသည်များအားလုံးကို ပြန်လည်ဆယ်ယူရရှိခဲ့ကြောင်း၊ သေဆုံးသူများမှာ တွဲဖက်ရဟတ်ယာဉ်မှူးဦးအုန်းသိန်း၊ Uniteam ကုမ္ပဏီ မှ Assitant Operator ဦးဝင်းကြည်နှင့် Smart Technical Service မှ စားဖိုမှူး ဦးသန်းထွန်းတို့ဖြစ်ကြောင်း  ၎င်းက ဆက်လက်ပြောကြားသည်။

ရဲတံခွန်သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းကို မြန်မာအစိုးရ စွမ်းအင်ဝန်ကြီးဌာနနှင့်အတူ မလေးရှား  နိုင်ငံမှ PETRONAS၊ ဂျပန်နိုင်ငံမှ နီပွန်ကုမ္ပဏီ၊ ထိုင်း နိုင်ငံမှ PTTEP တို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်သည်။

Moe Z

-----------------------------------------------------------------------------------------------------------------------------------

ပထမဆုံး မြန်မာစတော့အိတ်ချိန်း ဈေးကွက်နှစ်ခု မကြာမီအချိန်တွင်း  စတင်နိုင်ဖွယ်ရှိ

အစိုးရသစ်လက်ထက်၌ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ မြန်မာနိုင်ငံ၏ အာဆီယံစံချိန်မီ စတော့အိတ်ချိန်း(Stock Exchange) ဈေးကွက်နှစ်ခုကို မကြာမီအချိန်အတွင်း၌ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကိုပါ အစဉ်တစ်စိုက် လုပ် ဆောင်လျက်ရှိပြီး လာမည့် ၂၀၁၅ တွင် ဖြစ်ပေါ်လာမည့် အာဆီယံမူဝါဒနှင့် ကိုက်ညီနိုင်စေရန် အာဆီယံစံချိန်မီ စတော့အိတ်ချိန်း(Stock Exchange) ဈေးကွက်စနစ်အား လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်း စတော့အိတ်ချိန်းဈေးကွက်ကြီးဖြစ်ပေါ်လာနိုင်စေရန် ထိုင်းနိုင်ငံရှိ နာမည်ကြီးဘဏ်တစ်ခုဖြစ်သည့် EXIM Bank(Export Import Bank of Thailand) နှင့် စာချုပ်ချုပ်ဆိုထားခြင်း မရှိသေးသော်လည်း ပူးပေါင်းလုပ်ဆောင်သွား နိုင်ဖွယ်ရှိကြောင်း သိရသည်။

၎င်း နိုင်ငံ၏ စီးပွားရေးကို အထောက်အပံ့ဖြစ်စေနိုင်မည့် စနစ်တစ်ခုဖြစ်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။ စတော့အိတ်ချိန်းဈေးကွက်စနစ် သည် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုစည်းမျဉ်းများအရ အာဆီယံဒေသတွင်း နိုင်ငံတိုင်း၌ ဘဏ်အချင်းချင်း ချိတ်ဆက်လုပ်ဆောင်သွားနိုင်မည့် ကိစ္စရပ် ဖြစ်သည့်အပြင် ၎င်းစနစ် စတင်ပါက စတော့အိတ်ချိန်း ရှယ်ယာများကို နိုင်ငံတိုင်းမှ လွတ်လပ်စွာဝယ်ယူခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံ စံချိန်မီစတော့အိတ်ချိန်းစနစ်ကိစ္စရပ်အတွက် မိမိတို့ ထိုင်းနိုင်ငံရှိ EXIM Bank မှ တာဝန်ရှိသူများ နှင့် မြန်မာနိုင်ငံရှိ တာဝန်ရှိသူများမှ တွေ့ဆုံ ဆွေးနွေးထားကြောင်း၊ မိမိတို့ဘက်မှလည်း အဆိုတင်သွင်းထားကြောင်း၊ မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းစနစ်မကြာမီအချိန်တွင် ရှိလာတော့မည် ဖြစ်ကြောင်း၊ ၎င်းစတော့အိတ်ချိန်းစနစ်ကို ရန်ကုန် တိုင်းဒေသနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ တစ်ခုစီထားရှိရန် ရည်ရွယ်ထားကြောင်း၊ ၂၀၁၅ AFTA မတိုင်မီအချိန်တွင် စတော့အိတ်ချိန်းစနစ်ကိစ္စရပ်အား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ EXIM Bank မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

(ပြည်မြန်မာ၊ အမှတ်-၇၇၆ ပါ “မြန်မာနိုင်ငံ၏ ပထမဆုံးစတော့အိတ်ချိန်းဈေးကွက်နှစ်ခု မကြာမီ စတင်ဖွယ်ရှိ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

တစ်နိုင်ငံလုံး လောင်းကစားပပျောက်ရေး ဆောင်ရွက်နေ

ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရသစ်လက်ထက်၌ တစ်နိုင်ငံလုံးတွင် ချဲထီ၊ နှစ်လုံးထီများအပါအဝင် လောင်းကစားမှု ပပျောက်နိုင်ရေးအတွက် သက်ဆိုင်ရာမှ အထူးဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ သည်။

မြန်မာနိုင်ငံရှိ လူတန်းစားအမျိုးမျိုးကြားတွင် လောင်းကစားတစ်ခုအနေဖြင့် အထူးခေတ်စားလျက်ရှိသည်မှာ ချဲထီနှင့် နှစ်လုံးထီတို့ပင်ဖြစ်ပြီး ၎င်း ချဲထီနှင့် နှစ်လုံးထီလောင်းကစားလုပ်ငန်းများ မြန်မာနိုင်ငံ၌ တွင်ကျယ်ခဲ့သော်လည်း အစိုးရသစ်လက်ထက်မှစတင်၍ တစ်နိုင်ငံလုံးတွင် လောင်းက စားမှုများကို စတင်အရေးယူဆောင်ရွက်နေခဲ့သည့်အတွက် အလွန်နည်းပါးသွားပြီဖြစ်ကြောင်း သိရသည်။

မှော်ဘီမြို့နယ်၌ နေထိုင်သည့် တက္ကစီယာဉ်မောင်းတစ်ဦးက လောင်းကစားမှု ပပျောက်ရေးစီမံချက်နှင့် ပတ်သက်၍ ယခင် ရန်ကုန်ဘက်မှ လူများပင် မှော်ဘီသို့ဆင်း၍ ချဲထီ၊ နှစ်လုံးထီများကို သိန်းနှင့်ချီ၍ လာရောက် လောင်းကစားကြကြောင်း၊ မှော်ဘီမြို့နယ်အတွင်း၌ လောင်းကစား ဒိုင်များမှာ ချဲထီ၊ နှစ်လုံးထီကို ပေါ်တင်ပင် ရောင်းချကြကြောင်း၊ မှော်ဘီ၌ လောင်းကစားလုပ်ငန်းကို တွင်ကျယ်စွာဖြင့် လုပ်ကိုင်ကြကြောင်း၊ ယခုအခါ၌ ၎င်း ချဲထီ၊ နှစ်လုံးထီ ရောင်းချသည့်သူများ လုံးဝမရှိတော့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ချဲထီ၊ နှစ်လုံးထီစသည့် လောင်းကစားများအား တောင်သူလယ်သမားများပါ လယ်ယာများ၊ မြေကွက်များကို ပေါင်နှံ၍ ထိုးကြကြောင်း သိရသည်။ ၎င်းလောင်းကစားမှုများကြောင့် လယ်ဧကများ ဆုံးရှုံးသွားရသည့် တောင်သူလယ်သမားများလည်း အများအပြားရှိကြောင်း သိရသည်။

တောင်သူလယ်သမားများမှာ ငွေရွှင်သည့်အခါမျိုး၌ ချဲထီ၊ နှစ်လုံးထီ လောင်းကစားကို အများအပြားထိုးကြကြောင်း၊ ထိုးသည့်အခါမျိုး၌လည်း လယ်မြေကွက်များ ပေါင်နှံသည်အထိ ဆိုးဆိုးရွားရွားထိုးကြကြောင်း၊ သို့သော် ယခုနှစ်၌ လောင်းကစားပြုလုပ်ခြင်းများတွေ့ရှိပါက အရေးယူမည်ပာု ဆိုင်းဘုတ်ကြီးများနှင့် ကပ်၍ ကြေညာထားသည့်အတွက် လောင်းကစားဒိုင်များပင်မရှိတော့ကြောင်း ဓနုဖြူမြို့နယ်ရှိ တောင်သူတစ်ဦးက ပြောကြားခဲ့ သည်။

ထို့ပြင် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်၊ ရှုခင်း သာဥယျာဉ်ဝင်း၊ ASIA POINT BOWLING CENTRE အဆောက်အဦးရှိ GOLDEN STAR GAME CENTRE အမည်ရှိ ငွေ ကြေးနှင့်လဲလှယ်၍ ကစားရသည့် အကြွေစေ့ဂိမ်းဆိုင် အား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

(ရန်ကုန်တိုင်းမ်၊ အတွဲ-၇၊ အမှတ်-၂၆ ပါ “ချဲထီ၊ နှစ်လုံးထီများအပါအဝင် လောင်းကစားလုပ်ငန်းများ ပပျောက်ရေးအတွက် သက်ဆိုင်ရာက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နေပြီပာု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ပြောကြား” သတင်းအား အကျဉ်းချုံး ဖော်ပြသည်။)

-----------------------------------------------------------------------------------------------------------------------------------

လမ်းကြေးပိုတောင်းသည့် ဂိတ်များအား စတင်အရေးယူဆောင်ရွက်

၂၀၁၁ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖွဲ့တို့က မန္တလေး- မိုးကုတ်- မိုးမိတ်လမ်းပိုင်းနှင့် မန္တလေး-သပိတ်ကျင်း-ဗန်းမော် လမ်းပိုင်းများတွင် လမ်းအသုံးပြုခအား BOT စနစ်ဖြင့် ကောက်ခံလျက်ရှိသည့် ကုမ္ပဏီများအား သွား ရောက် စစ်ဆေးခဲ့ရာ လမ်းကြေး ပိုမိုကောက်ခံလျက်ရှိကြောင်း တွေ့ရှိခဲ့ရသည့်အတွက် ၎င်းလမ်းပိုင်းရှိဂိတ်အချို့အား အရေးယူခဲ့ကြောင်း သိရသည်။

အရေးယူခံခဲ့ရသည့် ၎င်းလမ်းပိုင်းရှိ ဂိတ်များမှာ မန္တလေးမြို့မှအထွက် ကြာနီကန်ဂိတ်နှင့် မတ္တရာမြို့မှအထွက် ပန်းယျဂိတ်တို့ဖြစ်ပြီး အဆိုပါ ဂိတ်နှစ်ဂိတ်အား  လမ်းအသုံးပြုခ ပိုမိုကောက်ခံခဲ့သည့်အတွက် ဇူလိုင် ၁ ရက်နေ့မှစတင်၍ သြဂုတ်လ ၁ ရက်နေ့ထိတိုင် လမ်းအသုံးပြုကြေး ကောက်ခံ ခွင့်အား ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ယခုကဲ့သို့ လမ်းအသုံးပြုခနှုန်းထား ပိုမိုကောက်ခံသည့် ကြာနီကန်ဂိတ်နှင့် ပန်းယျဂိတ်တို့အား လမ်းအသုံးပြုခ ကောက်ခံခွင့် ရပ်ဆိုင်းလိုက်သည့် အတွက် အဝေးပြေးကားသမားများမှာ ပျော်ရွှင်လျက်ရှိကြကြောင်း၊ ယခင် ၎င်းဂိတ်များသည် ခရီးသည်ကားတစ်စီးလျှင် လမ်းအသုံးပြုခကြေး နှစ်ထောင်မှ လေးထောက်ထိတိုင် ကောက်ခံကြကြောင်း၊ ယခုအခါ ရပ်ဆိုင်းခံလိုက်ရသည့် ဂိတ်များတွင် သက်ဆိုင်ရာမှ ငွေပြန်လည်ကောက်ခံပေး သည့်အခါ ကားတစ်စီးလျှင် ၈၀ ကျပ်သာ ပေးရတော့ကြောင်း ရွှေခြင်္သေ့ မော်တော်ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မန္တလေးလမ်းပိုင်း၌ လက်ပံလှတံတားကြေး၊ တံငါတံတားကြေး၊ လက်ပံလှ ဂိတ်ကြေး၊ ဖော့တောဂိတ်ကြေးနှင့် ၇ မိုင်ဂိတ်ကြေးများတွင် လည်း သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံလျက်ပင်ရှိနေသေးကြောင်း မန္တလေးခရီးသွားယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦး ပြောကြားခဲ့သည်။

ဧရာဝတီမြစ်ကူး ရတနာပုံတံတားကြေးမှာ ၂၀၀ ကျပ်သာ ပေးရကြောင်း၊ လက်ပံလှတံတားနှင့် တံငါးတံတားတို့ သည် ရတနာပုံတံတားထက် သုံးပုံတစ်ပုံခန့်သာ ရှိသော်လည်း ၁၅၀၀၊ ၂၀၀၀ ခန့်ပေးနေရကြောင်း၊ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံသည့်အတွက် ပြောသည့်အခါ၌ မချေမငံ ပြန်လည်ပြောဆို ဆက်ဆံလေ့ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖွဲ့တို့မှ လမ်းတံတားကြေး ပိုမိုကောက်ခံနေသည့် ဂိတ်များအား အရေး ယူဆောင်ရွက်ရန် ကွင်းဆင်းလေ့လာခဲ့သော်လည်း လက်ပံလှတံတားဂိတ်ကြေး၊ တံငါတံတားဂိတ်ကြေး၊ ဖော့တောဂိတ်ကြေးနှင့် ၇ မိုင်ဂိတ်ကြေးများကို ယခုထိတိုင် ပြုပြင်ပြောင်းလဲခြင်းမရှိသေးဘဲ လမ်းတံတားကြေး ပိုမိုကောက်ခံလျက်ပင်ရှိကြောင်း သိရသည်။

(Venus News၊ အတွဲ-၂၊ အမှတ်-၄၈ ပါ “လမ်းကြေးပိုတောင်းခံသော ဂိတ် ၂ ဂိတ်အား ငွေကောက်ခံခွင့်တစ်လရပ်ဆိုင်း” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကေအိုင်ဟုစွပ်စွဲကာ အနှိပ်စက်ခံရသော လမ်းလုပ်သားများ ပြည်နယ်အစိုးရသို့ တိုင်ကြားမည်

 ရန်ကုန်၊ ဇူလိုင် ၁၀။

ကချင်ပြည်နယ် နော့မွန်းမြို့နှင့် ၁၀ မိုင်အကွာရှိ မကွေဇာရွာနှင့် ဒဇယ်ထုရွာကြားတွင်  နော့မွန်း - မချမ်းဘော လမ်းအား ဇွန်လ ၂၁ရက်နေ့က ပြုပြင်နေစဉ် ရဲများက  ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ) ဟုစွပ်စွဲကာ နှိပ်စက်ညှင်းပန်းခြင်းခံခဲ့ရသော လမ်းလုပ်သားများက ပြည်နယ် အစိုးရသို့ တိုင်ကြားရန် စီစဉ်နေကြောင်း သိရသည်။

နော့မွန်း-မချမ်းဘော လမ်းအားပြုပြင်နေသော ဦးချန်းဒီးရမ်(ရပ်ဘော့ရွာ)၊ ဦးချန်းခင်ရမ်(ဂတ်ထုရွာ)၊ ဦးချမ်းဆင် ရမ်(ဒန်ဆယ်ထုရွာ)နှင့် ဦးယုံ ထန်ယုံ(နော့မွန်းမြို့) လေးဦးအပါအဝင် လမ်းလုပ်သား ၁၂ ဦးသည် နေ့လည်ခင်း နားနေစဉ်အချိန်တွင် ခေါ်လန်ဖူးမြို့မှ နော့မွန်းသို့လာသော ဒုရဲအုပ် သောင်းထွန်းမော်နှင့် တပ်သားအောင်တိုးအပါအဝင် ရဲငါးဦး ရောက်လာပြီး ”ကချင်မှန်သမျှ ကေအိုင်အေပဲ”ဟုဆိုကာ အဆိုပါလမ်းလုပ်သားများအား နှိပ် စက်ခဲ့ကြောင်း၊ မြန်မာစကား အနည်းငယ်ပြောတတ်သော ဦးချန်းဒီးရမ်မှ မဟုတ်ကြောင်း ရှင်းပြခဲ့ရာ ဒုရဲအုပ်သောင်းထွန်းမော်မှ ၎င်းအား သေနတ်နှင့် ပစ်ရန် ချိန်ရွယ်ခဲ့ကြောင်း သို့သော် အခြားရဲများမှ ဝိုင်းဝန်းတားမြစ်ခဲ့သဖြင့် မပစ်ဖြစ်ခဲ့ကြောင်း၊ ထို့နောက် နှစ်နာရီခန့် ဒူး ထောက်ခိုင်းပြီး ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း ၎င်းတို့လမ်းပေါ်တွင်အနာတရဖြစ်နေကြစဉ် မိမိအပါအဝင် လမ်းသွားလမ်းလာများမှတွေ့ပြီး နော့မွန်းမြို့မှတဆင့် ပူတာအိုသို့ တိုင်ချက်ဖွင့်ရန် ခေါ်ခဲ့ကြောင်း ဦးဖလားနော်ဒင်းမ်ကဆိုသည်။

“ဇွန်လကုန်ကတည်းက ပူတာအိုက ခရိုင်ရဲမှူး ဦးမော်ထွန်းဆီကို တိုင်စာပို့ထားတာ အခုထိ အကြောင်းမပြန်သေးဘူး။ အခု ပြည်နယ်အစိုးရကို တိုင်မလို့စီစဉ်နေတယ်” ဟု အဆိုပါ လမ်းလုပ်သားများအား ကူညီလျက်ရှိသည့် ကချင်ပြည်နယ် ဒေသခံတစ်ဦးဖြစ်သည့် ခရစ်ယာန်သင်းအုပ်ဆရာ ဦးဖလားနော်ဒင်းမ်က ဆိုသည်။

အဆိုပါလမ်းလုပ်သားများအနေဖြင့် နော်မွန်းခရိုင်တရားရုံးသို့ အခင်းဖြစ်သည့်နေတွင် သွားရောက်တိုင်တန်းခဲ့သော်လည်း တရားရုံးမှ ရဲအရေး ပိုင်သည့်အမှု ဟုဆိုကာ လက်မခံခဲ့ကြောင်း၊ နော့မွန်းမြို့နယ် ရဲမှူးဦးဥာဏ်ဝင်းကလည်း တိုင်ကြားခြင်းမပြုရန်ပြောခဲ့ပြီး ကျေအေးပါက တစ်ယောက်လျှင် လျော်ကြေးငွေ ငါးသိန်းပေးအပ်မည်ဟုပြောခဲ့ကြောင်း ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာက “ဒီလိုမျိုး ပြည်သူဘက်ကတိုင်တဲ့အမှုကို လက်မခံရင် တရားရုံးက ဘယ်အမှုတွေကိုလက်ခံမှာလဲဆိုတာ ကျွန်မသိချင်တယ်”ဟု ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်မှာ အမျိုးသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များတွင် အင်အားအသင့်အတင့်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် မြန်မာစစ်တပ်တို့သည် ပြီးခဲ့သည့် လကတည်းက တိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး တိုက်ပွဲကြောင့် လူပေါင်း ၁၀၀၀၀ ကျော် နေရပ်စွန့်ခွာပြေးခဲ့ရသည်။

ပိုင်စိုး

-----------------------------------------------------------------------------------------------------------------------------------

ချင်းပြည်နယ်တွင် အကူအညီပိုမိုလိုအပ်နေ

ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်ကတည်းက ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့သည့် ချင်းပြည်နယ်သည် ယခုအစိုးရသစ် လက်ထက်၌လည်း ဖွံ့ဖြိုးမှုနောက်ကျနေသေးသည့်အတွက် အခြားပြည်နယ်များထက် အကူအညီ ပိုမိုလိုအပ်လျက်ရှိကြောင်း ချင်းအမျိုး သားပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန် အရေးမှာ သဘာဝကပင် မျက်နှာသာမပေးထားကြောင်း၊ ချင်းတောင်တန်း၏ ဖွဲ့စည်းတည်ဆောက်ပုံမှာလည်း ပေ ၃၀၀၀ အထက်ရှိသည့်အတွက် မြေပြန့်မရှိသလောက်ပင်ဖြစ်ကြောင်း၊ မိမိတို့၏ ချင်းအမျိုးသားပါတီ စတင်တည်ထောင်ရသည့် ရည်ရွယ်ချက်မှာ လည်း အမိနိုင်ငံကောင်းစားရန်နှင့် အဖချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန်ပင်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ချင်းပြည်နယ်တွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ ချင်းပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သင့်ကြောင်း ၎င်းက အကြံပြု ပြောကြားခဲ့ သည်။

ထို့ပြင် ချင်းပြည်နယ်ဒေသ၏ အဓိကစိုက်ပျိုးရေး ထွက်ကုန်ဖြစ်သည့် အာလူး၊ သစ်တော်သီး၊ နာနတ်သီး စသည့် အသီးများမှာလည်း ပြန်လည် ရောင်းချရာတွင် ဈေးကွက်အတွင်း၌ ဈေးကောင်းမရရှိသည့်အတွက် ချင်းပြည်နယ်၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်မှာ အခွင့်အရေး နည်းပါးလျက်ရှိ ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများမှာ ဆယ်တန်းထိတိုင် ချင်းတောင်၌ ပညာသင်ကြားနိုင်ကြောင်း၊ သို့သော် တက္ကသိုလ် ဝင်တန်း ကျော်သွားပါက ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ပညာသင်ကြားနိုင်ရန် တက္ကသိုလ်များ ချင်းတောင်၌ မရှိတော့ကြောင်း၊ ထို့ကြောင့် မကွေးတက္ကသိုလ်၊ ကလေးတက္ကသိုလ်နှင့် ပခုက္ကူတက္ကသိုလ်များတွင် သွားရောက်ပညာသင်ကြားရကြောင်း၊  ချင်းဒေသမှ ပြည်သူများမှာ ယခင်ကပင် စီးပွားရေး အခက်အခဲရှိသည့်အတွက် ရပ်ဝေး၌ ကျောင်းသွားတတ်နိုင်ရန်မှာ အဆင်မပြေကြောင်း၊ ထို့ကြောင့် ချင်းဒေသမှ လူငယ်များမှာ ပြည်ပနိုင်ငံ များသို့ ထွက်ခွာ၍ အလုပ်လုပ်ကိုင်သည့်သူများသာ ပိုမိုများပြားလာကြောင်း၊ ထိုသို့ ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ကြသည့်အတွက် ချင်းဒေသရှိ လူငယ်လုပ်အား ဆုံးရှုံးကြောင်း ချင်းအမျိုးသားပါတီမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၏ ၂၀၁၀ ခုနှစ်အတွက်ထုတ်ပြန်သော မှတ်တမ်းတစ်ခုအရ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးပြည်နယ်မှာ ချင်းပြည်နယ်ပင်ဖြစ်ကြောင်း သိရသည်။

(Venus News၊ အတွဲ-၂၊ အမှတ်-၄၈ ပါ “ချင်းပြည်နယ်သည် အခြားဒေသများထက် အကူအညီပိုမိုလိုအပ်ကြောင်း ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ပြောကြား” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ဒါဖြေလျှော့တဲ့အဆင့်ပါပဲ။ အားလုံး Liberalize လုပ်တယ်။ အတင်းမာဆုံးလို့ပြောတဲ့ အမေရိကန်ကိုယ်တိုင်က အများကြီး ဖြေလျှော့ပါတယ်။ အီးယူဆို ပိုတောင်ဖြေလျှော့မှုမြန်ဆန်သေးတယ်။ ကျန်တာတော့ ဒီနှစ်ခုပြီးရင် အလိုလိုမျောသွားမှာပါ။ ကျန်တာတော့ ဒီနှစ်ခုပြီးရင် အလိုလိုမျောသွားမှာပါ။ အီးယူထဲမှာ သိသိသာသာပြောရင် စကင်ဒီနေးဗီးယန်းတွေဆို အများကြီး သဘောထားကောင်းလာတယ်။ ဒါလဲ ဒီအတိုင်းဖြစ်ရမှာပဲ။ ချက်ချင်းလက်ငင်း Black and White ပြောင်းဖို့ သူတို့မှာ အခက်အခဲရှိတယ်။။ အမေရိကားမှာဆို အမေရိကန်နိုင်ငံရေး စနစ်မှာ လွှတ်တော်တွေအပေါ်မှာ တစ်စုံတစ်ရာ ရှိသြဇာရှိတဲ့ Community တွေရှိတယ်။ ဥပမာ- ဂျူး Community လိုဟာမျိုး။ အဲဒါတွေက Lobbiest ဆိုတဲ့ လူတွေလည်း ရှိတာကိုး။ သူတို့ကနေ တစ်ဆင့် ဝင်တာတွေရှိတယ်။ အဲဒီတော့ လုပ်သင့်လုပ်ထိုက်တာတစ်ခုဖြစ်အောင် ချက်ချင်းပြောင်းလို့တော့ မရဘူး။ ဒီမျက်နှာတွေ ပြန်ကြည့်ရသေးတာ ရှိတယ်။ ဒါကြောင့် ချက်ချင်းလက်ငင်း Black and White ပြောင်းဖို့တော့ မလွယ်ဘူး။ သို့သော် ဘာပဲပြောပြော အရင်နဲ့မတူတာတော့ သေချာတယ်။ အားလုံးက ဖြေလျှော့လာတယ်။ ဒီအတိုင်းပဲ သွားမှာပဲ"

ဇူလိုင် ၁၄ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၂၆) တွင်ပါသည့် "ရက် ၁၀၀ အရွေ့နှင့် မြန်မာ့နိုင်ငံရေး အချိုးအကွေ့" သတင်းဆောင်း ပါးမှ စာရေးဆရာကျော်ဝင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"စနစ်တကျ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း မရှိတဲ့အခါမှာ ဒီလုပ်ငန်းတွေက နေရာအတည်တကျမရှိဘဲ တရားမဝင် လုပ်ငန်းတွေ ဖြစ်လာခဲ့တယ်။ လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့သူတွေရော ဝမ်းရေးအတွက် မှန်မှန်ကန်ကန် လုပ်ကိုင်လိုသူတွေပါ အခက်အခဲတွေ့ကုန်တယ်။ နေရာအတည် တကျမရှိ၊ စည်းမျဉ်းစည်းကမ်းကလည်း သတ်မှတ်မထားဆိုတော့ လူနေရပ်ကွက်တွေထဲ ရောက်လာပြီးတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ကုန်ကြ တယ်။ အထူးသဖြင့်တော့ စည်းမျဉ်း စည်းကမ်း ဥပဒေဆိုတာမျိုး မရှိတဲ့အတွက် Public Area ကို အနှောင့်အယှက်ဖြစ်စေတဲ့ကိစ္စတွေ ဖြစ်လာခဲ့တယ်။ ဒီအခါမှာ အမှန်ကတော့ တားမရမယ့်အတူတူ နေရာသတ်သတ်မှတ်မှတ်နဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်မယ်ဆိုရင် ဒုစရိုက်မှုတွေလည်း ထိုက်သင့် သလောက်လျော့သွားပြီး Public Area ကို အနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စတွေလည်း ပပျောက်လာမယ်လို့ ထင်ပါတယ်"

ဇူလိုင် ၁၃ ထုတ် Weekly ELEVEN အတွဲ (၆) အမှတ် (၄၁) တွင်ပါသည့် "ခေတ်စနစ်အပြောင်းအလဲတွင် ဖျော်ဖြေရေးကဏ္ဍ၌ အကျုံးဝင် နေသောအရာများအားလုံးကို ယဉ်ကျေးမှုစံနှုန်းတစ်ခုတည်းဖြင့် တားဆီးကာကွယ်ရန် အခြေအနေမပေးတော့" သတင်းဆောင်းပါးမှ လူမှု ရေးသိပ္ပံကျောင်းသားတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"အမျိုးသား ပေါင်းစည်းညီညွတ်ရေးက ပြောလိုက်လို့ရှိရင် တကယ်ကြားလို့ကောင်းတယ်။ အခက်ခဲဆုံးအရာပဲ။ တိုင်းပြည် အတွက် တန်ဖိုးရှိသလို မရှိမဖြစ် လိုအပ်တယ်။ အမျိုးသားပေါင်းစည်းညီညွတ်ရေးလုပ်မယ်ဆိုရင် ကိုယ့်ဘက်က အများကြီး ပေးဆပ်ရမယ်။ ကိုယ့်ဘက်ကချည်းပဲ ရဖို့မစဉ်းစား ကြပါနဲ့။ စိတ်နှလုံးထဲက ထွက်လာတဲ့ ရင်ကြားစေ့ရေး ဖြစ်ဖို့လိုတယ်။ အဖွဲ့တစ်ဖွဲ့နှင့်တစ်ဖွဲ့ လွှတ်တော်ထဲမှာပဲဖြစ်ဖြစ်၊ မြေပေါ်မှာပဲဖြစ်ဖြစ်အခု ထက်ထိညှိနှိုင်းလို့ မရနိုင်တဲ့ အခြေအနေတွေ ဖြစ်နေတယ်"

ဇူလိုင် ၁၄ ထုတ် Venus News အတွဲ (၂) အမှတ် (၄၈) တွင်ပါသည့် "အစိုးရသစ်နှင့် ရက်ပေါင်း ၁၀၀" သတင်းဆောင်းပါးမှ ချင်းအမျိုးသား ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"နာရေးကူညီမှုအသင်းကို အခုဦးကျော်သူနေရာမှာ အခြားသူတစ်ယောက်ဆိုရင်လည်း အောင်မြင်စွာလုပ်ကိုင်နိုင်မှာပါ၊ ဒါပေမဲ့ နာမည်နဲ့ အောင်မြင်မှု အတိုင်းအတာမှာ ဦးကျော်သူကို လိုက်တုနိုင်မယ်မထင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဦးကျော်သူရဲ့ လုပ်ကိုင်နိုင်စွမ်းဟာ စိုးရိမ်စရာကောင်းလောက် အောင် လှုပ်ရှားနေတာ ဖြစ်ပါတယ်"

ဇူလိုင် ၁၁ ထုတ် The Messenger အတွဲ (၂) အမှတ် (၈) တွင်ပါသည့် "နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌနေရာတွင် ပြည်သူ့အကျိုး ပြုသော လူငယ်ခေါင်းဆောင်တစ်ဦး ရွေးချယ်ခန့်ထားရန် အစီအစဉ်ရှိ" သတင်းမှ အလင်းတန်းဂျာနယ်မှ ဆရာဦးဝင်းငြိမ်း၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

အိုင်ဒီယိုလိုဂျီ၊ အိုင်ဒီယာနှင့် နိုင်ငံတည်ဆောက်ရေး

အိုင်ဒီယိုလိုဂျီဆိုသည်မှာ အတွေးအခေါ်လမ်းကြောင်းတစ်ခု (Ideology is a way of thinking) ဖြစ်သည်ဟု အဘိဓာန်တွင် အဓိပ္ပယ်ဖွင့်ဆို ရှင်း လင်းထားလေသည်။ လူအသိပညာသမိုင်းတွင် အိုင်ဒီယိုလိုဂျီအမျိုးမျိုး ပေါ်ထွန်းဖူးလေရာ အားလုံးလိုလိုမှာ လူမှုရေးနှင့် နိုင်ငံရေး၊ စီးပွားရေး စသည့် ကိစ္စရပ်များတွင် ကိုင်စွဲဖြေရှင်းရမည့် အတွေးအခေါ်လမ်းကြောင်းများ ဖြစ်သည်ဟု ယေဘူယျအားဖြင့် ယူဆနိုင်ပါသည်။ ကုန်ထုတ်လုပ်မှု နည်းလမ်းများ မတူညီသည့် အရင်းရှင်စနစ်နှင့် ကွန်မြူနစ်စနစ်မှာ နှစ်ပေါင်းတစ်ရာကျော် အပြင်းအထန်ပြိုင်ဆိုင်ခဲ့သည့် အိုင်ဒီယိုလိုဂျီများ ဖြစ်လေသည်။

မြန်မာ့စာပေလောကတွင် အိုင်ဒီယိုလိုဂျီကို "ဝါဒမီး" ဟု သုံးနှုန်းခဲ့ကြသည်ကိုကြည့်ခြင်းအားဖြင့် အိုင်ဒီယိုလိုဂျီမှာ လက်တွေ့မဆန်သည့် တရား သေဆန်သော သဘောတရားများလည်းရှိကြောင်း သိရှိနိုင်လေသည်။ ထို့အပြင် နိုင်ငံတော် သီချင်းတွင် "အခွင့်တူညီမျှ၊ ဝါဒဖြူစင်တဲ့မြေ"ဟု စပ်ဆိုထား သဖြင့် ဝါဒမီးများ၊ ဂိုဏ်းဂဏအစွဲများသည် နိုင်ငံတည်ဆောက်ရေးတွင် အခက်အခဲတွေ့စေနိုင်သည်ဟု သရုပ်ဖော်ထားခြင်း ဖြစ်လေသည်။ သို့သော် နောက်ကွယ်အယူအဆ အတွေး အခေါ်အခံမရှိဘဲနှင့် နိုင်ငံရေး၊ နိုင်ငံတည်ဆောက်ရေးကို လုပ်၍တော့မဖြစ်။ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပါတီအသီး သီးမှာ ယင်းတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပေါ် ထားရှိမည့် သဘောတရားများကို ထုတ်ဖော်ကြေငြာကာ ရွေးကောက်ပွဲဝင်ခဲ့ကြလေသည်။

ဤနေရာ၌ မတူညီသည့် အိုင်ဒီယိုလိုဂျီများက နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး၊ နိုင်ငံရေးတို့တွင် မည်သို့လွှမ်းမိုး ကြီးစိုးပုံကို ဆင်ခြေသုံးသပ် ကြည့်ပါက မတူညီသည့် အသွင်ကွဲ အဆင်ကွဲများရှိနေပုံကို တွေ့မြင်ရလေသည်။ စီးပွားရေး Liberal(လွှတ်လပ်သူများ) ဖြစ်သောသူများသည် ဈေးကွက် တွင် အစိုးရပါဝင်ပတ်သက်မှုနည်းခြင်း၊ အခွန်အခကောက်ခံမှု နည်းခြင်း၊ ပုဂ္ဂလိကပိုင် အသွင်းပြောင်းခြင်းများကို ထောက်ခံသူများဖြစ်သည်။ သို့သော် ထိုစီးပွားရေးအရ လွှတ်လပ်သူများ သည် လူမှုရေးနှင့် နိုင်ငံရေးတွင် ရှေးရိုးစွဲများ(Socially and politically conservative) ဖြစ်ကြလေသည်။ ထို့ကြောင့် ယင်းတို့သည် လူအဖွဲ့အစည်းအတွင်း လူမှုရေးအဆင့်များ၊ တန်ဖိုးများရှိသည်ဟု ယုံကြည်သည့်အတွက် လူမှုရေးညီမျှမှုကို ဖြစ်စေသည့် လူမှုဖူလုံရေး ပေါ်လစီများကို လက်မခံခြင်းဖြစ်လေသည်။ တဖန် လူမှုရေးနှင့် နိုင်ငံရေးတွင် လွတ်လပ်မှုရှိသော သူများမှာ အခမဲ့ကျန်းမာရေး၊ ပညာရေး၊ ပင်စင်ရန်ပုံ ငွေများ ထားရှိခြင်းစသည့် လူမှုဖူလုံရေးမူဝါဒများ အကောင်အထည် ဖော်သည့်အပြင် gay right နှင့် skin colour (အသားအရောင်) အစရှိသည့် မတူကွဲ ပြားမှု (difference) များကို လက်ခံ နိုင်ခြင်း ရှိကြလေသည်။ သို့သော် ယင်းတို့မှာ စီးပွားရေးအရ ရှေးရိုးစွဲများဖြစ်ခြင်းကြောင့် အခွန်အခများကို တိုးမြင့် ကောက်ခံခြင်း၊ ဈေးကွက်တွင် အစိုးရ၏ ပါဝင်ပတ်သက်မှုများရှိလေသည်။ ဥပမာအားဖြင့် ယင်းစနစ်ကို အဓိကကျင့်သုံးသော အနောက်ဥရောပရှိ စကင် ဒီနေးဗီးယား နိုင်ငံတစ်ခုဖြစ်သော ဟော်လန်နိုင်ငံဆိုလျှင် အစိုးရမှ နိုင်ငံသားတစ်ဦးရရှိသော ဝင်ငွေ၏ ၆၀ ရာခိုင်နှုန်းကို ကောက်ခံခြင်းကြောင့် နိုင်ငံသား တိုင်းမှာ လစာ ၏ ၄၀ ရာခိုင်နှုန်းသာ ရရှိသော်လည်း ယင်းတို့အလုပ်မရှိသည့်အခါ အစိုးရမှ တစ်စုံတစ်ရာ ထောက်ပံ့ပေးထားမှု များရှိခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အခမဲ့နီးပါး ရှိခြင်းစသည့် အကျိုးခံစားခွင့်များရရှိလေသည်။

စီးပွားရေးအရ လွတ်လပ်သူတိုင်းမှာ လူမှုရေးနှင့်နိုင်ငံရေးတွင် ရှေးရိုးစွဲများမဟုတ်ကြသော်လည်း လူမှုရေးနှင့် နိုင်ငံရေးတွင် ရှေရိုးစွဲများ ဖြစ် နေကြသူတိုင်းကတော့ စီးပွားရေးအရ လွတ်လပ်မှုရှိကြသူများ ဖြစ်လေသည်။ စီးပွားရေးအရ လွတ်လပ်သူအချို့မှာ လူမှုဖူလုံရေး အစီအစဉ်အားလုံးကို လက်မခံသည့်တိုင် လူမျိုးစုအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ Gay အခွင့်အရေး၊ အသားအရောင်ခွဲခြားမှု မရှိခြင်းစသည့် မတူကွဲပြားမှုတွေကို စိတ်ရှည်သည်းခံနိုင်ကြသူများ ဖြစ်လေသည်။ ဤသို့ အခြေခံအတွေးအခေါ်ပိုင်း ကွဲပြားမှုကို ရွေးကောက်ပွဲကာလတွင် အများဆုံးတွေ့မြင်ကြလေသည်။ ပါတီ အသီးသီးမှ ယင်းတို့ မူဝါဒ၊ ရပ်တည်ချက်ပေါ် မူတည်ပြီး ပြည်သူများအတွက် လုပ်ဆောင်ပေးသင့်သည်များကို ဟောပြောစည်းရုံး၍ မဲရရှိအောင် ကြိုးစားရလေသည်။

အစိုးရသစ်တက်လာပြီးသည့် ရက် ၁၀၀ ပြည့်တွင် အစိုးရချမှတ်အကောင်အထည်ဖော်သည့် အရေးကြီးသည်ဟု ယူဆရသော မူဝါဒများကို သုံးသပ်ကြည့်လျှင် (၁) ယခင် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းအချို့တွင် ကုမ္ပဏီတစ်ခုတည်းမှ လက်ဝါးကြီးအုပ်မှုမျိုးမရှိအောင် စည်းမျဉ်းစည်းကမ်း အသစ်များ ပြဋ္ဌာန်းခြင်း၊ (၂) ဆင်းရဲမွဲတေမှုကို မဟာဗျူဟာကျကျ လျော့ချနိုင်ရန် ဆင်းရဲမွဲတေမှုဖိုရမ်ကိုကျင်းပခြင်း၊ (၃) ပင်စင်လစာများကို တိုးမြှင့် သတ်မှတ်ပေးခြင်းကို ကြည့်ခြင်းအားဖြင့် ဝင်ငွေပြန်လည်ခွဲဝေဖြန့်ဖြူးမှုကို ဖြစ်ပေါ်စေကြောင်းတွေ့ရလေသည်။ အစိုးရသစ်အနေဖြင့် နိုင်ငံ၏ အဓိက ထုတ်ကုန်ဖြစ်သော စိုက်ပျိုးသီးနှံကို ယခင်ထက် ပိုမိုထိရောက်စေရန်နှင့် ရေရှည်တွင် စက်မှုနိုင်ငံဖြစ်ပေါ်လာစေရန်အတွက် ထိရောက်သော စည်းမျဉ်း စည်းကမ်းများကို ပြဋ္ဌာန်းပေးခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ကြဉ်း နိုင်ရမည် ဖြစ်လေသည်။ ယင်းသို့ အစိုးရမှ ဈေးကွက်တွင် တစုံတရာ ပါဝင်ပတ်သက်နေသော ကိန်းမော်ဒယ် ဘောဂဗေဒမှာ ကမ္ဘာ့ ပေါ်တွင်လည်း လားရာတစ်ခုအဖြစ် အကောင်အထည်ဖော်နေလေသည်။ ထို့ပြင် မြန်မာနိုင်ငံသည် ကမ္ဘာကုလသမဂ္ဂ၏ သတ်မှတ်ထားချက်အရ ဆင်းရဲမွဲတေသူများသန်းချီရှိသော ကမ္ဘာအဆင်းရဲဆုံး နိုင်ငံတစ်ခုဖြစ်သည့် အတွက် အစိုးရမှ ဆင်းရဲမွဲတေမှု လျော့ချရေးနှင့်လူမှုဖူလုံရေး အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ငါးနှစ်သက်တမ်းအတွင်းမှာပင် ကမ္ဘာ့အဆင်းရဲ ဆုံးနိုင်ငံတစ်ခုအဖြစ်မှ လွန်မြောက်နိုင်ပါကြောင်း..........။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs