Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၂.၁၀.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် ရေကြီးမှုကြောင့် ဒါဇင်ပေါင်းများစွာ သေဆုံး (သို့) ပျောက်ဆုံးလျက်ရှိ

(21 Oct 2011 ရက်စွဲပါ BBC News မှ Burma flash floods leave dozens or missing ကို ဘာသာပြန်သည်)

  1. မလေးရှား ကမ်းလှမ်းထားသော စစ်သင်တန်းများ တက်ရန် မြန်မာတပ်ဖွဲ့ဝင်များ စေလွှတ်မည်

(Bernama News မှ 21 Oct 2011 ရက်စွဲပါ “ Myanmar to send troops for military courses in Malaysia” သတင်းကို ဘာသာပြန်သည်)

  1. ရေနံချောင်း၌  Interra ကရေနံတွင်း စတင်တူးဖော်

(21 Oct 2011 ရက်စွဲပါ The Business Times မှ Yeo Aigi ရေးသားသော Interra Starts drilling well in Myanmar ကိုဘာသာပြန်ပါသည်)

  1. ချောင်ပိတ်အမိခံရသော ကြမ်းကြုတ်သော အာဏာရှင်တစ်ဦး၏ ဥပမာဖြစ်သော ကဒါဖီ

(21 Oct 2011 ရက်စွဲပါ Foreign Policy In Focus မှ Russ Wellen ရေးသားသော Gaddafi just another tyrant who painted himself into a corner ကိုဘာသာပြန်ပါသည်)

  1.  တရုတ်နှင့် မြန်မာတို့ ပြောခဲ့သော ကတိစကားအတိုင်း လုပ်ဖို့လိုသည်ပာု ဝမ်ကျားပေါင်ပြောကြား

(Reuters မှ 21 Oct 2011 ရက်စွဲပါ “Wen Says China, Myanmar Should Stick to Their Word” သတင်းကိုဘာသာပြန်ဆိုသည်)

*************************************************************************************

မြန်မာနိုင်ငံတွင် ရေကြီးမှုကြောင့် ဒါဇင်ပေါင်းများစွာ သေဆုံး(သို့) ပျောက်ဆုံးလျက်ရှိ

( 21 Oct 2011 ရက်စွဲပါ BBC News မှ Burma flash floods leave dozens or missing ကို ဘာသာပြန်သည်)

မြန်မာပြည်အလယ်ပိုင်းမှ လာသော သတင်းများအရ ရေကြီးမှုကြောင့် ဒါဇင်ပေါင်းများစွာသော လူများ သေဆုံးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းများ ဖြစ်လျက်ရှိသည်ဟု ဆိုသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပခုက္ကူမြို့တွင် မြစ်ရေလျှံမှုများ ကြာသပတေးနေ့က ဖြစ်ပွားခဲ့သည်။

ဒေသခံများက BBC သို့ ပြောကြားရာတွင် ၎င်းတို့သည် အလောင်း ၅၀ ကျော် တွေ့ရှိထားကြောင်း၊ ဒေသခံ တာဝန်ရှိသူများမှ မည်သို့မျှ ပြောကြားခြင်း မရှိသေးဟု ပြောပြသည်။

အိမ်ပေါင်း ၂၀၀ ခန့် ရေမျှောသွားပြီး လူပေါင်းများစွာ ပျောက်ဆုံးလျက်ရှိကြောင်း သတင်းများက ဆိုသည်။

“အချို့လူတွေ၊ တိရိစ္ဆာန်တွေ၊ အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း ရေတက်လာတော့ မျှောပါသွားတယ်” ဟု AFP က ဘုန်းကြီးတစ်ပါး ပြောပြသည်ကို ပြန်လည်ဖော်ပြခဲ့သည်။

အရှေ့တောင်အာရှတွင် ဇူလိုင်လမှ စတင်သော မုတ်သုန်ရာသီ၏ ပုံမှန်မဟုတ်သော မိုးသည်းထန်မှုကြောင့် ပြင်းထန်သော ရေလွှမ်းမိုးမှုကို ခံနေရသည်။

ထိုင်းနိုင်ငံတွင် ပြည်နယ်အားလုံး၏ သုံးပုံတစ်ပုံသည် ရေကြီးမှုဒဏ် ခံနေရပြီး၊ မြို့တော် ဘန်ကောက်ကိုပင် ခြိမ်းခြောက်နေပြီ ဖြစ်သည်။ ကမ္ဘောဒီးယားတွင်လည်း ဆိုရွားစွာ ထိခိုက်လျက်ရှိသည်။

*************************************************************************************

မလေးရှား ကမ်းလှမ်းထားသော စစ်သင်တန်းများ တက်ရန် မြန်မာတပ်ဖွဲ့ဝင်များ စေလွှတ်မည်

( Bernama News မှ 21 Oct 2011 ရက်စွဲပါ “ Myanmar to send troops for military courses in Malaysia” သတင်းကို ဘာသာပြန်သည်)

မလေးရှား လက်နက်ကိုင်တပ်ဖွဲ့နှင့် စစ်ဖက်အရာရှိကောလိပ်မှ ကမ်းလှမ်းထားသော စစ်သင်တန်း ၁၆ မျိုး အနက်မှ ၉ မျိုးကို တက်ရောက်ရန် အတွက် မြန်မာနိုင်ငံက ၎င်း၏ တပ်ဖွဲ့ဝင်များ စေလွှတ်ရန် စီစဉ်နေသည်ဟု သိရှိရသည်။

အဆိုပါ ကမ်းလှမ်းချက်ကို ကြာသပတေးနေ့ကစ၍ မလေးရှားသို့ ၃ ရက်ခရီးစဉ် ရောက်ရှိနေသော မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းထံ ပေးအပ်ထားပြီး ဖြစ်သည်ဟု မလေးရှား ကာကွယ်ရေးဝန်ကြီး ဒါတွတ် ဆရီ ဒေါက်တာ အာမက်ဇာဟစ်ဟာမီဒီက ပြောကြားသည်။

သောကြာနေ့က ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်းနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များအား ပြောကြားရာတွင် မလေးရှား ကာကွယ်ရေးဝန်ကြီး အာမက်ဇာဟစ်က ယခု ကမ်းလှမ်းမှုသည် နှစ်နိုင်ငံအကြား စစ်ဖက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကြိုးပမ်းမှု အစီအစဉ်တစ်ရပ်ဖြစ်သည်ဟု ပြောဆို ခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသည် ၎င်း၏ လက်နက်တပ်ဆင်မှုနှင့် ကာကွယ်ရေးပစ္စည်းလုပ်ငန်း ခေတ်မှီအောင် ကြိုးပမ်းသည့်အနေဖြင့် မလေးရှား နိုင်ငံထုတ် ကာကွယ်ရေး လက်နက်ပစ္စည်းများကို လေ့လာရန်၊ ဝယ်ယူရန် စိတ်ဝင်စား နေသည်ဟု အာမက်ဇာဟစ်က ဆိုသည်။

သို့ဖြစ်၍ မလေးရှားထံမှ ဝယ်ယူဖွယ်ရှိသော လက်နက်ပစ္စည်းများကို တန်ဖိုးနှင့် အရည်အသွေး အကဲဖြတ်မည့် အကြီးတန်းအရာရှိ ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ရန် မြန်မာတို့က သဘောတူလိုက်ပြီဟု ဝန်ကြီးက ပြောကြားသည်။

ယခု ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၏ ခရီးစဉ်သည် ယခင်က မြန်မာ ကာကွယ်ရေးဝန်ကြီး မလေးရှားသို့ နောက်ဆုံးအကြိမ် လာရောက်ပြီးနောက်ပိုင်း နှစ်ပေါင်း ၃၀ အကြာတွင် ပထမဆုံး ပြန်လည် ရောက်ရှိလာခြင်းဖြစ်သည်။

လာမည့် ဒီဇင်ဘာလတွင် ပြုလုပ်မည့် “လန်ကာဝီ” နိုင်ငံတကာ ရေကြောင်းနှင့် လေကြောင်းပြပွဲ၊ ညီလာခံနှင့် အာရှကာကွယ်ရေးပြပွဲ များတွင် လည်း မြန်မာ ကာကွယ်ရေးဝန်ကြီးဌာနက ပါဝင်ဆင်နွှဲလိမ့်မည်ဟု အာမက်ဇာဟစ်က ပြောကြားသည်။

လတ်တလော မလေးရှားနိုင်ငံရောက် မြန်မာကာကွယ်ရေးဝန်ကြီးသည် ကာကွယ်ရေး လက်နက်ပစ္စည်းများ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ် နေသော Sapura အုပ်စုနှင့် Airod ကုမ္ပဏီသို့လည်း သွားရောက်ကြည့်ရှုခဲ့သည်ဟု သိရှိရသည်။

*************************************************************************************

ရေနံချောင်း၌ Interra ကရေနံတွင်း စတင်တူးဖော်

(21 Oct 2011 ရက်စွဲပါ The Business Times မှ Yeo Aigi ရေးသားသော Interra Starts drilling well in Myanmar ကိုဘာသာပြန်ပါသည်။)

Interra Resources Limited ၏ Gold petrol Joint Operating Company Inc သည် မြန်မာနိုင်ငံတွင် တွင်းပောာင်းများကြားရှိ ကွက်လပ် များတွင် တူးဖော်သော ရေနံတွင်းအမှတ် YNG 3241 ကို စတင် တူးဖော်နေပြီဖြစ်သည်။

YNG 3241 သည် ယခုနှစ်ရေနံချောင်း ရေနံမြေတွင် စတုတ္ထမြောက် တူးဖော်သော တွင်းဖြစ်သည်။

အဆိုပါတွင်းတွင် အပြီးသတ် အစီအစဉ်ရိုးရိုးကိုသာ အသုံးပြုမည်ဖြစ်သောကြောင့် ကုန်ကျစရိတ်မှာ သက်သာမည် ဖြစ်ပြီး၊ လက်ရှိ ရန်ပုံငွေဖြင့်ပင် လုံလောက်မည်ဖြစ်သည်။

၎င်းတွင်းတွင် ရေနံကို L900FT နှင့် 1600FT ကြားရှိ အလွှာမှ ထုတ်ယူရန် ရည်မှန်းထားရာ အဆိုပါ အလွှာမှ ရေနံများသည် ပတ်ဝန်းကျင်ရှိ တွင်းများသို့ စီးဆင်းသွားခြင်း မရှိသေးပေ။

တူးဖော်ခြင်းမှ ရလဒ်များကို ရက်သတ္တပတ် လေးပတ်အတွင်း ရလိမ့်မည်ပာု Interra က ခန့်မှန်းပါသည်။

သို့သော် အဆိုပါ တွင်းမှ ကုန်ကျစရိတ် ပြန်ရနိုင်သော ပိာုက်ဒရိုကာဗွန် သို့မပာုတ် အမြတ်ရနိုင်သော ထွက်ရှိမှု ရမည်/မရမည်ကို မသေချာ သေးကြောင်း ကုမ္ပဏီက သတိပေးပြောကြားခဲ့ပါသည်။

Interra Resources Limited ကို ရေနံရှာဖွေ ထုတ်လုပ်ရေးလုပ်ငန်းများ ခေါင်းစဉ်အောက်တွင် SGX Catalist နှင့် ASX စာရင်းတွင် စတော့ ရှယ်ယာစာရင်းဝင် တင်ထားပါသည်။

*************************************************************************************

ချောင်ပိတ်အမိခံရသော ကြမ်းကြုတ်သော အာဏာရှင်တစ်ဦး၏ ဥပမာဖြစ်သော ကဒါဖီ

(21 Oct 2011 ရက်စွဲပါ Foreign Policy In Focus မှ Russ Wellen ရေးသားသော Gaddafi just another tyrant who painted himself into a corner ကိုဘာသာပြန်ပါသည်။)

ကဒါဖီနှင့် ဆက်ဒမ်ပာူစိန် တို့ကဲ့သို့သော မတရား ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ခဲ့သော အာဏာရှင်တို့၏ ကံကြမ္မာကို မည်သူမျှ ကာကွယ် တားဆီး မပေးနိုင်ခဲ့ပေ။ Dictator Watch တွင် Poland Watson က မြန်မာနိုင်ငံ၏ စစ်အစိုးရ (ရွေးကောက်ပွဲဖြင့် အရပ်သားအစိုးရ အသွင်ပြောင်းခဲ့သူ) ကို ဥပမာပေး၍ ရှင်းလင်းထားသည်။

မြန်မာပြည်သာ လွတ်လွတ်လပ်လပ်ဖြစ်သွားခဲ့လျှင် ဗိုလ်ချုပ်များ ဘာတွေကြုံတွေ့ရမည်ဆိုသည်ကို စိတ်ကူး ကြည့်ကြပါ။ ပထမအချက်အားဖြင့် ၎င်းတို့ အသတ်ခံရကောင်း ခံရနိုင်သည်။ အသွင်ကူးပြောင်းရေး ကာလအတွင်း၌ပင် ရုတ်တရက်ပြောင်းလဲမှုများဖြစ်ပြီး ဗိုလ်ချုပ်များကို ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များကပင် အာဏာသိမ်းမှုမှတဆင့် တိုက်ခိုက်မှုများ ဖြစ်နိုင်သည်။ သို့မပာုတ် ပြည်သူများ၏ တိုက်ခိုက်မှုများကိုလည်း ခံရနိုင်သည်။ ဒုတိယအချက်အားဖြင့် ၎င်းတို့သည် အသတ်မခံရသည့်တိုင် ဖမ်းဆီးခြင်းကို ခံရနိုင်သည်။ ၎င်းတို့သည် စစ်ရာဇဝတ်မှုများ ကျုးလွန်မှုဖြင့် စွဲချက် တင်ခံရပြီး၊ ၎င်းတို့ အစိုးရဆန့်ကျင်သူများကို ဖမ်းဆီးနှိပ်စက်ခဲ့သည့် အင်းစိန်ထောင်တွင် အဆုံးသတ်နိုင်ဖွယ် ရှိသည်။ တတိယ အချက်အားဖြင့် ၎င်းတို့သည် ၎င်းတို့၏ မိသားစုများ၊ မိတ်ဆွေများအပါအဝင် စည်းစိမ်ချမ်းသာ၏ အစိတ်အပိုင်း အတော်များများ ဆုံးရှုံးရဖွယ်ရှိသည်။ ပိုင်ဆိုင်သမျှ အားလုံးကို စင်ကာပူရှိ ဘဏ်တွင် ဖွက်ထားနိုင်သည်မပာုတ်ပေ။ ၎င်းတို့ ပိုင်ဆိုင်သည်ပာု ယူဆရသော စီးပွားရေးလုပ်ငန်းများ ပြည်သူပိုင်သိမ်း ခံရနိုင်သည်။အတိုချုပ်ပြောရလျှင် ၎င်းတို့အားလုံး ဆုံးရှုံးသွားနိုင်သည်။

သို့မပာုတ် Foreign policy တွင် Daniel Drezner ရေးသားခဲ့သကဲ့သို့- ရိုးရိုးပြောရလျှင် ခေါင်းဆောင်များသည် အကယ်၍ ၎င်းတို့ အာဏာဆုံးရှုံးခဲ့ရလျှင် အသေဆိုးနှင့် သေရမည်ပာု ထင်မြင်လာလျှင် အာဏာတည်မြဲနေရေးအတွက် အင်အားသုံးရန် စိတ်ပြင်းထန်လာမည်ဖြစ်သည်။ သို့ဆိုလျှင် လစ်ဗျားကို ချီးကျူးရမည်ဖြစ်သည်။ သို့သော် လစ်ဗျား အဖြစ်အပျက်ကြောင့် အရှေ့အလယ်ပိုင်းရှိ Bashir Assad ကဲ့သို့သောသူများသည် အာဏာဆက်လက် တည်မြဲနေစေရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ကြတော့မည်ဖြစ်ပြီး၊ သို့ တည်မြဲစေရန် မည်သည့် နည်းကိုမဆို အသုံးပြုလိမ့်မည်ဖြစ်သည်။ နယ်စပ်ဖြတ်ကျော် ပဋိပက္ခများ ဖန်တီးခြင်း အပါအဝင်နည်းပေါင်းစုံ သုံးလိမ့် မည်ဖြစ်ပါသည် ပာု ဆိုရတော့မည်ဖြစ်သည်။

*************************************************************************************

တရုတ်နှင့် မြန်မာတို့ ပြောခဲ့သော ကတိစကားအတိုင်း လုပ်ဖို့လိုသည်ပာု ဝမ်ကျားပေါင်ပြောကြား

(Reuters မှ 21 Oct 2011 ရက်စွဲပါ “Wen Says China, Myanmar Should Stick to Their Word” သတင်းကို ဘာသာ ပြန်ဆိုသည်)

“တရုတ်နှင့် မြန်မာနိုင်ငံတို့သည် ၎င်းတို့ ပူးတွဲအကောင်အထည်ဖော်နေသော စီမံကိန်းများနှင့် ပတ်သက်သည့် ကတိများ၊ စကားများကို တည်အောင် ထိန်းသိမ်းကြရမည်” ပာု တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တောင်ဘက် အိမ်နီးခြင်း မြန်မာနိုင်ငံမှ ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးကို ပြောကြား ကာ မပြေလည်နိုင်သေးသော ရေလှောင်တမံ သဘောကွဲလွဲမှုများကို ရည်ညွှန်းလိုက်သည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရုတ်ကုမ္ပဏီများ ငွေကြေးမြှုပ်နှံ လာရောက်တည်ဆောက်နေသော ဒေါ်လာ ၃.၆ ဘီလျံတန် အငြင်းပွားဖွယ် ရေလှောင်တမံနှင့် ပတ်သက်ပြီး မြန်မာပြည်သူများက သီတင်းပတ်ပေါင်းများစွာ ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြကာ နောက်တွင် စက်တင်ဘာလကုန်၌ သမ္မတ ဦးသိန်းစိန်က အဆိုပါ စီမံကိန်းကို ရပ်ဆိုင်းထားခဲ့သည်။

အရေးကြီးသော တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ အကောင်အထည်ဖော်နေခြင်းသည် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက် ဖြစ်သည်ပာု ဝန်ကြီးချုပ် ဝမ်ကျားပေါင်က မြန်မာဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးကို ပြောကြားခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီ အာဘော် People’s Daily သတင်းစာက ဖော်ပြထားသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များ လက်မှတ်ထိုးခဲ့ကြသည့် စီမံကိန်းများနှင့် ပတ်သက်သည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် သူတို့၏ ကတိကဝတ်များကို ဖြည့်ဆည်းရန် နှစ်နိုင်ငံစလုံးက တည်တည်ကြည်ကြည် လုပ်ဆောင်ကြရမည်ဖြစ်ပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု သန်စွမ်း တိုးတက်အောင် သေချာလုပ်ဆောင်ကြရမည်ပာု ဝမ်ကျားပေါင် ကပြောကြားခဲ့သည်။

မြန်မာ ဒု-သမ္မတ ဦးတင်အောင်မြင့်ဦးသည် အခြားအာဆီယံခေါင်းဆောင်များနှင့်အတူ တရုတ်တောင်ပိုင်း နန်နင်း မြို့တော်တွင် ဖွင့်လှစ်မည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမတိုင်မှီ တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ဦးတင်အောင်မြင့်ဦးက မြစ်ဆုံအကြောင်းကို ပြောကြားခြင်းမရှိသော်လည်း မြန်မာတာဝန်ရှိသူများက “တရုတ်တို့ဖက်မှ ထိုကိစ္စကို အစဖော် လိမ့်မည်” ပာု အစောပိုင်းကပင် ပြောဆိုထားကြသည်။

မြန်မာ ဒုတိယသမ္မတက ၎င်း၏နှစ်နိုင်ငံသည်လည်း ပူးပေါင်းဆောင်ရွက်မှုရှိသော ဆက်ဆံရေးပုံစံကို တန်ဖိုးထားပါကြောင်း၊ ကိစ္စရပ်များ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို တက်တက်ကြွကြွ ရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ပာု တရုတ်နေ့စဉ်ထုတ် သတင်းစာက ရေးသား ထားသည်။

မိမိတို့ နှစ်နိုင်ငံ ဆက်ဆံရေးသည် သမိုင်း၏ စမ်းသပ်မှုကို ယခင်ကလည်း ကြံ့ကြံ့ခံ ရပ်တည်ခဲ့ကြသည်ပာု မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး လီဂျမ်ပွာာက Ximhua သတင်းဌာနသို့ ပြောကြားခဲ့သည်။

အတိတ်မှာကော၊ နောင်အနာဂတ်မှာကော ဘာပြဿနာမှ မရှိပါဘူး၊ တရုတ်နိုင်ငံပာာ မြန်မာနိုင်ငံကို အမြဲတမ်း နားလည်ပေးပြီး သူတို့ရဲ့ ဖွံ့ဖြိုးမှုလမ်းကြောင်း လွတ်လပ်စွာရွေးချယ်တာကို အားပေးနေပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီလုပ်ငန်းစဉ် အပါအဝင်နိုင်ငံရဲ့ အချုပ်အချာအာဏာကို လုံခြုံအောင် ထိန်းသိမ်းစောင့် ရှောက်တာကိုလည်း ထောက်ခံအားပေးနေပါတယ် ပာု တရုတ်သံအမတ်ကြီးက စကားလုံးချိုချိုများ ပြောကြားပါသည်။

ယခင် စစ်တပ်အုပ်ချုပ်သူများ ၂၀၀၆ ခုနှစ်က သဘောတူထားခဲ့သော စီမံကိန်းများကို ရပ်ဆိုင်းလိုက်ခြင်းသည် (အနောက်နိုင်ငံများ ကြာမြင့်စွာ ပစ်ပယ်ထားမိသော) မြန်မာနိုင်ငံတွင် တရုတ်တို့ စီးပွားရေးအင်ပါယာ ချဲ့ထွင်နေမှုအပေါ် မမျှော်လင့်သော စိန်ခေါ်မှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း အများစုက သုံးသပ်ရှုမြင်ကြသည်။

ပြီးခဲ့သောနှစ်များအတွင်း မြန်မာခေါင်းဆောင်များသည် ၎င်းတို့နိုင်ငံ၏ စွမ်းအင်ရင်းမြစ်များကို အရောင်းမြှင့်ရန်နှင့် အနောက် Sanctions ပိတ်ဆို့မှုကို တန်ပြန်ပာန်ချက် ထိန်းရန်အတွက် တရုတ်တို့ထံမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ကြိုဆိုခဲ့ကြသည်။

ထိုကဲ့သို့ ရေနံနှင့် ဓာတ်ငွေ့အမြွှာပိုက်လိုင်း တည်ဆောက်ခြင်းအပါအဝင် တရုတ်နှင့် မြန်မာ စီးပွားရေး၊ နိုင်ငံရေး ဆက်ဆံမှုများ နီးကပ်လာချိန် တစ်ချိန်ထဲ၌ အပြန်အလှန်သံသယများလည်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့သည်။

မြန်မာပြည်မြောက်ပိုင်း မေခနှင့် မလိခမြစ်ဆုံတွင် တည်ဆောက်မည့် အငြင်းပွားဖွယ် ကြီးမားလွန်းသော ရေလှောင်တမံသည် စင်ကာပူနိုင်ငံ အရွယ်အစားခန့်ရှိသော ဧရိယာများ ရေနစ်မြှုပ်သွားစေမည် ဖြစ်သောကြောင့် ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့ကြသည်။

တရုတ်အာဏာပိုင်များကမူ ယင်းစီမံကိန်းသည် ပတ်ဝန်းကျင်ထိခိုက်မှု ကြီးကြီးမားမားမရှိပဲ မြန်မာနိုင်ငံ ဖွံ့ဖြိုး ရေးကို ကျေးဇူးပြုလိမ့်မည်ပာု ခုခံ ပြောဆိုခဲ့ကြသည်။

*************************************************************************************

                 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

သတင်းလွှာ စာဖတ်ပရိတ်သတ်များခင်ဗျာ...


           သတင်းလွှာအမှတ် ၃၂ကို ပေးပို့လိုက်ပါတယ်။ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ တခုနဲ့တခု အပြန်အလှန် ဆက်နွယ်နေတဲ့အလျှောက် သက်ဆိုင်ရာ သတင်းထူး၊ သတင်းဦးများ၊ သုံးသပ်ဆောင်းပါးများ၊ အတွေးအမြင်ဆောင်းပါးများကို ထည့်သွင်းဖော်ပြထားပါတယ်။ ဘာသာပြန် အထူးသတင်းအနေနဲ့ လစ်ဗျားအာဏာရှင်တစ်ဦးဖြစ်သူ ဂဒါဖီရဲ့ နောက်ဆုံးအခြေအနေများကို ဖော်ပြထားပါတယ်။ ဖတ်ရှုကြပါဦးခင်ဗျာ...



လေးစားလျှက်..

သတင်းလွှာအဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

yangonchronicle 2011
yangonchronicle 2011

၂၁.၁၀.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. အလှည့်ကျ ဥက္ကဌရာထူး မြန်မာ ရယူမည့်ကိစ္စ ဆုံးဖြတ်ချက် မချမှတ်သေးရန် အာဆီယံကို တိုက်တွန်း 
    (The Jakarta Post သတင်းစာမှ၊ 19 Oct 2011 ရက်စွဲပါ "RI told to delay ASEAN decision on Myanmar chair bid ကို ဘာသာပြန်ဆိုသည်)
  2. နောက်ယောင်ခံဘဏ်လုပ်ငန်းနှင့် ပုဂ္ဂလိက ငွေချေးလုပ်ငန်းများကို တရုတ်နိုင်ငံ ထိန်းချုပ်သွားမည် 
    (BBC သတင်းဌာနမှ၊ 20 Oct 2011 ရက်စွဲပါ "China to control shadow banking and private lending" ကို ဘာသာပြန်ဆိုသည်)
  3. အာရပ် နွေဦးတော်လှန်ရေးနှင့်မြန်မာ
    (21 October 2011 ရက်စွဲပါ Asia Time Online မှ David I Steinberg ရေးသားသော The Arab Spring and Myanmar ကို ဘာသာပြန်ပါသည်)
  4. ဂတ်ဗိုလ် အပြောင်းအလဲ
    (New Statesman မှ 17.Oct.2011 ရက်စွဲပါ “The Shifting of the guard” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)
    ယခုဆောင်းပါးရှင် Peter Popham ၏ “The Lady and The Peacock” လေဒီ နှင့် ခွပ်ဒေါင်း (ဒေါ်စု အထုပ္ပတ္တိ) ကို နိုဝင်ဘာ ၃ ရက် တွင် ဖြန့်ချိမည် ဖြစ်သည်။

*************************************************************************

ဘာသာပြန်သတင်းများ

အလှည့်ကျ ဥက္ကဌရာထူး မြန်မာ ရယူမည့်ကိစ္စ ဆုံးဖြတ်ချက် မချမှတ်သေးရန် အာဆီယံကို တိုက်တွန်း 

(The Jakarta Post သတင်းစာမှ၊ 19 Oct 2011 ရက်စွဲပါ "RI told to delay ASEAN decision on Myanmar chair bid ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးတွင် စစ်မှန်သော တိုးတက်ဖြစ်ထွန်းမှုများ မဖော်ပြနိုင်သေးသရွေ့ ၂၀၁၄ ခုနှစ်၊ အလှည့်ကျ အာဆီယံ ဥက္ကဌရာထူး ရရှိရေးအတွက် သဘောတူညီမှု ပြုမည့်အရေးကိစ္စအား အချိန်ဆွဲ ထားသင့်ကြောင်း မြန်မာ့အရေးအာဆီယံ ပါလီမန်များအဖွဲ့(AIPMC) ကလက်ရှိ ဥက္ကဌရာထူး ရယူထားသည့် အင်ဒိုနီးရှားနိုင်ငံအား တိုက်တွန်းပြောဆိုလိုက်သည်။

လေ့လာစောင့်ကြည့်သူများနှင့် အာဆီယံအရေးတွင် ပါဝင်ပတ်သက်နေသူများက လာမည့်နိုဝင်ဘာလ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်မည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် ၂၀၁၄ ခုနှစ်၊ အာဆီယံ ဥက္ကဌရာထူး မြန်မာနိုင်ငံ လွှဲပြောင်းရယူမည့်ကိစ္စအပေါ် အာဆီယံ အဖွဲ့ဝင်ခေါင်းဆောင်များက သဘောတူ ခွင့်ပြုကြလိမ့်မည်ဖြစ်သည်ဟု ထင်မြင်ချက်ပေး ပြောဆိုလျက်ရှိသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ AIPMC က မြန်မာ လူ့အဖွဲ့အစည်းများကို ကိုယ်စားပြုသည့် Burma Partnership အဖွဲ့မှ အဆိုပြုချက်ကို ထောက်ခံကြောင်း၊ ပြုပြင်ပြောင်းလဲမှုများ ထပ်မံလုပ်ဆောင်လာရန် အားပေးအားမြှောက် ပြုသည့် အနေဖြင့် အင်ဒိုနီးရှားနိုင်ငံက တက်ကြွသည့် အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း တိုက်တွန်းပြောဆိုသည်။

"AIPMC နဲ့  အင်ဒိုနီးရှားအောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာကော်မရှင်အနေနဲ့ လာမယ့် အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာ အဖွဲ့ဝင်နိုင်ငံတွေ မြန်မာနိုင်ငံ ဥက္ကဌ ရာထူးရယူမယ့်ကိစ္စကို မဆုံးဖြတ်သေးဘဲ အချိန်စောင့်ဆိုင်းအောင် ပြောဆိုစည်းရုံးပေးဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာ လီဂါဝါကို ပြောဆိုသွားမှာဖြစ်ပါတယ်" ဟု AIPMC မှ အမှုဆောင်ဒါရိုက်တာ Agung Putri Astrid ကပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီလှုပ်ရှားမှုများ ဖြစ်ပေါ်လျက် ရှိဆဲပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက် တင်မြှောက်ခံရသော သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ဒီမိုကရေစီရေးအတွက် သိသာထင်ရှားသော တိုးတက်ဖြစ်ထွန်းမှုများ ထုတ်ဖော်နိုင်ခြင်းမရှိသေးကြောင်း Burma Partnership အဖွဲ့မှ Coordinator ဖြစ်သူ ခင်ဥမ္မာက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ မြန်မာနိုင်ငံတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများ အနေဖြင့် တိုးတက် ဖွံ့ဖြိုးမှုများရှိလာအောင် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း၊ လတ်တလော နိုင်ငံရေးအကျဉ်းသား ၂၂၀ ကျော်ကို လွှတ်ပေးလိုက်ခြင်းမှာလည်း အာဆီယံနှင့် အခြားကမ္ဘာ့နိုင်ငံများ၏ အာရုံစိုက်မှုကို ရယူနိုင်ရန် မည်ကာမတ်တ သဘောဖြင့် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ခင်ဥမ္မာကဆိုသည်။

"မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစနစ် ကောင်းမွန်စွာ ပေါ်ထွန်းလာရေးအတွက် ကြိုးကြိုးစားစား လုပ်ကိုင်သွားရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ လက်ရှိအနေအထားမှာ စစ်မှန်တဲ့ အာဏာရရှိထားတဲ့သူက သမ္မတဦးသိန်းစိန်မဟုတ်ပါဘူး။ ယခင် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အခြားစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီး အဖွဲ့ဝင်ရှစ်ဦးပါဝင်တဲ့ အမျိုးသားလုံခြုံရေး ကောင်စီရဲ့ လက်ထဲမှာရှိလို့ပါ" ဟု ၎င်းကပြောသည်။

"အစိုးရက အကျဉ်းသား ၁၈၀၀ ကျော်ကို လွှတ်ပေးဖို့ လိုအပ်ပါတယ်။ နောက်ပြီးတော့ ကချင်၊ ကရင် အစရှိတဲ့ တိုင်းရင်းသား လူနည်းစုတွေ အပေါ် အကြမ်းဖက်မှုတွေကိုလည်း ရပ်တန့်ပေးရပါမယ်" ဟု ၎င်းကပြောသည်။

အင်ဒိုနီးရှား ဒီမိုကရေစီလှုပ်ရှားရေးပါတီမှ ဥပဒေပြုအမတ်တစ်ဦးဖြစ်ပြီး AIPMC အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သော Eva Kusuma Sundari က ဥက္ကဌရာထူး လွှဲပြောင်းရေး ဆုံးဖြတ်ချက်မပြုလုပ်သေးဘဲ အချိန်ရွှေ့ဆိုင်းခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သော ဒီမိုကရေစီ ဖော်ဆောင်ရေး များကို အမှန်တကယ်လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြသရန် အချိန် ၂ နှစ် ရရှိမည် ဖြစ်သလို အာဆီယံအနေဖြင့်လည်း တိုးတက်ဖြစ်ထွန်းမှုများကို ကောင်းစွာ အကဲဖြတ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

"မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရတစ်ရပ်အမှတ်တကယ်ပေါ်ထွန်းနေပါတယ်ဆိုတဲ့အချက်ကို အာဆီယံနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကို ရိုးရှင်းစွာ ထုတ်ဖော်ပြသဖို့ အချိန်ပေးသင့်တယ်လို့ထင်ပါတယ်" ဟု မစ္စ Eva Kusuma က ဆက်လက်ပြောဆိုသည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး အနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ကာ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းမှုများကို အကဲဖြတ်သည့်အခါတွင် တိုင်းရင်းသား ခေါင်းဆောင်များအပါအဝင် အခြား Stakeholder များ အားလုံးနှင့် တွေ့ဆုံသင့်ကြောင်း ၎င်းကဆိုသည်။

*************************************************************************

နောက်ယောင်ခံဘဏ်လုပ်ငန်းနှင့် ပုဂ္ဂလိက ငွေချေးလုပ်ငန်းများကို တရုတ်နိုင်ငံ ထိန်းချုပ်သွားမည် 

(BBC သတင်းဌာနမှ၊ 20 Oct 2011 ရက်စွဲပါ "China to control shadow banking and private lending" ကိုဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံတွင်း နောက်ယောင်ခံဘဏ်လုပ်ငန်း(ShadowBanking)နှင့် ပုဂ္ဂလိကငွေချေးလုပ်ငန်းများ မြင့်တက်လာမှုကို ထိန်းချုပ်သွားရန် ကြိုးစားလျက် ရှိကြောင်း တရုတ်ဘဏ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်(CBRC)က ထုတ်ဖော် ပြောကြားသည်။

ယခုလို ပုဂ္ဂလိကငွေချေးလုပ်ငန်းများ တိုးပွားလာခြင်းကြောင့် နိုင်ငံ၏ဘဏ္ဍာရေးစနစ်အပေါ် ထိခိုက်မှုမရှိစေရန် မိမိတို့အနေဖြင့် ကြိုးစား လုပ်ဆောင်လျက်ရှိကြောင်း CBRC  ၏ ဥက္ကဌ Liu Mingkang ကပြောကြားသည်။ တရုတ်ပြည်တွင်း ပုဂ္ဂလိကချေးငွေလုပ်ငန်းများကြောင့် အစိုးရက၏ ငွေချေးလုပ်ငန်းများအပေါ် ထိန်းချုပ်ရန်ကြိုးပမ်းမှုအပေါ် ထိခိုက်နစ်နာစေမှုများ ဖြစ်ပေါ်လာမည်လောဟူသည့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ခန့်မှန်းချက်အချို့အရ ပုဂ္ဂလိကချေးငွေများမှာ ယွမ်ငွေ ၄ ထရီလီယံ အထိပင်ရှိသည်ဟု ဆိုသည်။

ပြည်တွင်းကြွေးမြီတိုးမြှင့်မှု လျော့နည်းလာစေရန် လတ်တလော တရုတ်အာဏာပိုင်များ၏ ကြိုးပမ်းချက်ကြောင့် နောက်ယောင်ခံ ဘဏ်လုပ်ငန်းများနှင့် ပုဂ္ဂလိကငွေချေးလုပ်ငန်းများ မြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ချမ်းသာကြွယ်ဝသူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းကြီးများက လူတစ်ဦးချင်းစီနှင့် အခြားသော ကုမ္ပဏီများကို ငွေထုတ်ချေးမှုများ လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါပုဂ္ဂလိကလုပ်ငန်းများက ငွေချေးရာတွင် အဆမတန်မြင့်မားသည့် အတိုးနှုန်း ကောက်ယူကြသည်။ ခန့်မှန်းချက်များအရ အတိုးနှုန်း ၁၄ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အထိရှိသည်။ CBRC အနေဖြင့် နောက်ယောင်ခံဘဏ်လုပ်ငန်းများနှင့် ပုဂ္ဂလိကငွေကြေးလုပ်ငန်းများနှင့် ပတ်သက်နေသည့် ပြဿနာများကို တင်းတင်းကြပ်ကြပ်ဆန့်ကျင်ကြောင်း မစ္စတာ Liu Mingkang ကပြောကြားသည်။

လတ်တလောနှစ်များတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမှာ ဘဏ္ဍာရေး အကျပ်အတည်းဖြစ်မှုများနှင့် ရောထွေးလျက်ရှိရာ တရုတ်ဘဏ်များ ကလည်း တိုင်းပြည်စီးပွားရေး တိုးတက်မှုထိန်းသိမ်းနိုင်ရေးအတွက် ငွေမြောက်မြားစွာ ထုတ်ချေးခဲ့သည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် နှင့် ၂၀၁၀ ပြည့်နှစ်များ အတွင်း တရုတ်ဘဏ်များက ထုတ်ချေးခဲ့သော ချေးငွေပမာဏမှာ ၁၇ ဒဿမ ၅ ထရီလီယံ ယွမ် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ပုဂ္ဂလိကငွေချေးမှုများ တိုးမြင့်လာခြင်းသည် အိမ်၊ ခြံ၊ မြေဈေးနှုန်းများ မြင့်တက်မှုများ ဖြစ်ပွားပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် အိမ်ခြံမြေဈေးကွက် ကျဆင်းမှုကြောင့် ဘဏ်များတွင် ကြွေးပူများမြင့်တက်လာကာ တစ်တိုင်းပြည်လုံး၏ စီးပွားရေးတိုးတက်မှု နှေးကွေးကျဆင်းနိုင်သည်ဟူသော စိုးရိမ်ထိတ်လန့်မှုများလည်း ရှိသည်။

မည်သို့ပင်ဆိုစေကာမူ အိမ်ခြံမြေနှင့်ပတ်သက်သည့် ချေးငွေအချိုးမှာ ၂ ရာခိုင်နှုန်းအောက်တွင်သာရှိပြီး ဆက်လက် ကျဆင်း လိမ့်မည်ဖြစ်ကြောင်း CBRC ဥက္ကဌက ပြောကြားသည်။ "နောက်ဆုံး စမ်းသပ်လေ့လာချက်တွေကြောင့် တွေ့ရှိရတဲ့စိုးရိမ်မှုကတော့ တရုတ်နိုင်ငံရဲ့ ဘဏ်လုပ်ငန်း အခန်းကဏ္ဍတစ်ခုလုံးမှာ အိမ်ခြံမြေထိန်းချုပ်ရေးဆိုတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာပါပဲ"။

တရုတ်ဘဏ္ဍာရေး အခန်းကဏ္ဍနှင့်ပတ်သက်သော အခြားအရေးကြီး ပြဿနာတစ်ရပ်မှာ ပြည်နယ်ဒေသအစိုးရများသို့ ဘဏ်များက ငွေကြေး အဆမတန် ထုတ်ချေးထားမှုလည်းဖြစ်သည်။ CRBC အဆိုအရ အဆိုပါချေးငွေစုစုပေါင်းမှာ ၂၀၁၀ ပြည့်နှစ်အတွင်း ၁၀ ဒဿမ ၇ထရီလီယံ ယွမ်သို့ ရောက်ရှိခဲ့ပြီး ဘဏ်ချေးငွေများ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းဖြစ်သည်။ ငွေကြေးအေဂျင်စီတစ်ခုဖြစ်သော Moody ကမူ "စီးပွားရေးအရ လှုပ်ရှားပြောင်းလဲမှု မရှိသော ချေးငွေပမာဏမှာ ၈ ရာခိုင်နှုန်းအထိ ရောက်ရှိလာနိုင်သည်" ဟု သတိပေးပြောဆိုသည်။

မည်သို့ပင်ဆိုစေ CBRC က တရုတ်ပြည်နယ်ဒေသအစိုးရအဖွဲ့များသည် ခိုင်မာသောဘဏ္ဍာရေးဆိုင်ရာ အနေအထားတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ရာ ၎င်းတို့၏ကတိကဝတ်များအတိုင်း လုပ်ဆောင်လာလိမ့်မည်သာဖြစ်ကြောင်း ပြောကြားသည်။

*************************************************************************

အာရပ် နွေဦးတော်လှန်ရေးနှင့်မြန်မာ

(21 October 2011 ရက်စွဲပါ Asia Time Online မှ David I Steinberg ရေးသားသော The Arab Spring and Myanmar ကို ဘာသာပြန်ပါသည်)

အာရပ်နွေဦးတော်လှန်ရေး (Arab Spring) သည် အရှေ့အလယ်ပိုင်းရှိ အာဏာရှင်အစိုးရများကို ဆန့်ကျင်တော်လှန်မှုများဖြစ်ပြီး အချို့အောင်မြင်၍ အချို့ဖြစ်ပေါ်ဆဲ ဖြစ်ပါသည်။ ၎င်းတို့သည် အာရပ်စကားပြောသော အသိုင်းအဝိုင်းတွင် သာမက အခြားနိုင်ငံများအတွက်ပါ တူညီသော လက္ခဏာများ ရှိနေပါသည်။ အားလုံးသည် အောက်ခြေမှစ၍ အခြေခံပါသည်။ ပြင်းထန်သော နိုင်ငံရေးနှင့် လူမှုရေး ကန့်သတ်ချုပ်ချယ်မှုများနှင့် စီးပွားရေးအရ တရားမျှတမှု မရှိခြင်းတို့ကြောင့် မကျေနပ်ကြသော ပြည်သူလူထုက စ၍ တော်လှန်ကြခြင်းဖြစ်ပါသည်။

တူနီးရှားတွင် လမ်းဘေးဈေးရောင်းသူတစ်ဦးက မိမိကိုယ်မိမိ မီးရှို့သတ်ခဲ့ရာမှ စတင်ဖြစ်ပွားပြီး၊ အဆိုပါလှုပ်ရှားမှုသည် အသိုင်းအဝိုင်း ခြောက်ခုခန့်အထိ ပျံ့နှံ့သွားခဲ့ပါသည်။ အဆိုပါတိုင်းပြည်များတွင် အမှန်တကယ် အပေါင်းလက္ခဏာဆောင်သည့် ပြောင်းလဲမှုများအတွက် ဒေသတွင်းနှင့် နိုင်ငံတကာ ကပါ မျှော်လင့်ခဲ့ကြပါသည်။

အဆိုပါလှုပ်ရှားမှုကို ကြည့်၍ ရင်ခုန်အားတက်မှုများ ဖြစ်ကြရပါသည်။ အချို့က အဆိုပါ လှုပ်ရှားမှုများသည် ဒေသတွင်း ပြင်ပရှိ အာဏာရှင် နိုင်ငံများတွင် ဒီမိုကရေစီလှိုင်းသစ်များ ဖြစ်ပေါ်အောင် သက်ရောက်မှုများ ရှိလိမ့်မည်ဟု ထင်မြင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့မှာ မီဒီယာများတွင် ထင်ရှားစွာ ဖော်ပြခြင်းခံရသော နိုင်ငံများဖြစ်ပါသည်။

နွေရာသီက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ထင်ရှားသည့် အမေရိကန်တစ်ဦးကမူ အာရပ်နွေဦး တော်လှန်ရေးသည် မြန်မာနိုင်ငံကို သက်ရောက်မှုများ ရှိနိုင်သည်ဟုထင်ကြောင်း မှတ်ချက်ပေးခဲ့ပါသည်။

သို့သော် အဆိုပါမှတ်ချက်သည် မကြာမီသော ကာလအတွင်း ထိုသို့သော တော်လှန်ရေးမျိုးဖြစ်နိုင်သည့် အခြေအနေမျိုးမရှိ ဟူသောအချက်ကို ထည့်သွင်းစဉ်းစားရန် လစ်လျူရှုခဲ့ပုံရပါသည်။

အများစုက စစ်တပ်က ချုပ်ကိုင်ထားသော အစိုးရသစ်ထံမှ မည်သည့်အရေးပါသော ပြောင်းလဲမှုမျှ ထွက်ပေါ်လာလိမ့်မည်မဟုတ်ဟု မျှော်မှန်းထားသည်နှင့် ဆန့်ကျင်လျှက် အရေးကြီးပြီး အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုများနှင့် ပိုမိုတိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်ရန် ထွက်ပေါ်လာလျှက်ရှိပါသည်။

အဆိုပါ အပေါင်းလက္ခဏာဆောင်သော လက္ခဏာများကို ကြည့်၍ လက်ရှိအာဏာ အဘယ်မှာတည်သနည်း ဆိုသည်ကို ရှင်းရှင်းလင်းလင်း မတွေ့နိုင်ပေ။ စစ်တပ်သည် အာဏာကို အမြဲတမ်းချုပ်ကိုင်နိုင်ရန် အခြေခံဥပဒေအသစ်ဖြင့် အရပ်သားဆန်ဆန်တည်ဆောက်လာပါသည်။ သို့သော် ပိုမိုပါဝင်လာရန်နှင့် အများကြိုက်အပြုသဘောတုံ့ပြန်သော အဖွဲ့အစည်းများ ပါဝင်ရန် လိုအပ်နေပါသေးသည်။

အာရပ်နွေဦးတော်လှန်ရေးနှင့် မတူသောအချက်မှာ မြန်မာနိုင်ငံတွင် ပြောင်းလဲမှု၏ အလားအလာများမှာ ထိပ်ပိုင်းမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အာရပ်ကမ္ဘာမှ အရပ်ဝတ် ဝတ်ဆင်ထားသော စစ်တပ်ခေါင်းဆောင်များသည် နောက်ဆုံးတွင် နောက်ကျစွာ သဘောပေါက်လာသော အချက်မှ အာဏာကို ဆက်လက်စွဲကိုင်ထားရန် လူမှုစီးပွား (Socio-economic) ဖြေလျော့မှုအချို့ ပြုရန်နှင့် အများပါဝင်သော နိုင်ငံရေးအလယ်အလတ် ဒီဂရီအဆင့်တစ်ခု ထားပေးရန်လိုသည်ဆိုသည့်အချက်များ ဖြစ်နိုင်ပါသည်။

မြန်မာနိုင်ငံတွင် အောက်ခြေမှစသော တော်လှန်ရေးများ ကြိုးစားခဲ့ဖူးပါသည်။ ၁၉၈၈ တွင် စစ်တပ်လွှမ်းမိုးသော တစ်ပါတီဆိုရှယ်လစ်အစိုးရကို ဆန့်ကျင်တော်လှန်ခဲ့ရာ၊ နောက်ဆုံးစစ်တပ်မှ အာဏာသိမ်းယူသော ဝမ်းနည်းဖွယ် ဖြစ်ရပ်ရှိခဲ့သည်။ ၂၀၀၇ ခုနှစ်က ဘုန်းတော်ကြီးများ၏ တော်လှန်ရေး မဟုတ်သော ဆန္ဒပြမှုများ ပျံ့နှံ့ခဲ့ရာ နောက်ဆုံးနိုင်ငံရေးအသွင်ပြောင်းလာသည်နှင့် သွေးထွက်သံယိုနှိပ်ကွပ်ခံခဲ့ရပါသည်။

ခေတ်သစ်အရှေ့အာရှ သမိုင်းတွင် အဆိုပါဒေသတွင်ရှိသော ဒီမိုကရေစီသည် အောက်ဆုံးအဆင့်မှ စတင်ဖြစ်ပေါ်လာသည်ကိုသာ သရုပ်ဖော်ပါသည်။ ဖိလစ်ပိုင်တွင် ၁၉၈၆ ခုနှစ်က အာဏာရှင် ဖာဒီနန်မားကို့စ်ကို ဖယ်ရှားသော ပြည်သူ့အာဏာ (People Power), ၁၉၈၇ တွင် ကိုရီးယား၌ ချွန်ဒူးဝှမ်၏ အာဏာရှင်အုပ်ချုပ်ရေးကို ဖယ်ရှားသော ငြိမ်းချမ်းသော ဆန္ဒပြမှုများနှင့် ၁၉၈၈ တွင် အင်ဒိုနီးရှား၌ ဆူဟာတို ကျဆုံးမှုတို့ အားလုံးသည် အာဏာတည်ဆောက်မှု၏ အောက်ဆုံးအဆင့်မှ စတင်ခဲ့ပါသည်။

တိုင်ဝမ်နိုင်ငံတွင်သာ သမ္မတ Chiang Ching-kuo သည် ၎င်း၏အစိုးရ တည်မြဲရေးအတွက် ပြောင်းလဲမှုများ လိုအပ်သည်ဟု အသိအမှတ်ပြုသောကြောင့် နိုင်ငံရေးစနစ် ထိပ်ပိုင်းမှစ၍ ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေး အလားအလာကောင်းများသည် မမျှော်လင့်ဘဲ ကျယ်ပြန့်လာနေပါသည်။ ပြည်တွင်းတွင် ပြောဆိုမှုများအရ ပြည်သူများသည် ယခင်ဆိုးရွားသော အခြေအနေမှနေ၍ နိုင်ငံရေးနှင့် စီးပွားရေး တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာနိုင်ခြေများကို စောင့်နေခဲ့ကြ သည်ဟု ဆိုပါသည်။ ယခုစီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စီစဉ်နေပါသည်။ နှစ်ပေါင်းငါးဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆင်းရဲမွဲတေမှုများကို ဝန်ခံခြင်း ရှိခဲ့ပါသည်။ အကျင့်ပျက်ခြစားမှုကို ပြဿနာတစ်ရပ်အဖြစ် အသိအမှတ်ပြုခဲ့ခြင်းတို့ ဖြစ်ပါသည်။

လူ့အခွင့်အရေး အခြေအနေများ ဆွေးနွေးလာပါသည်။ တိုင်းရင်းသားများ ၎င်းတို့၏ အရေးကိစ္စများ အနည်းငယ် ပြောခွင့်ရလာပါသည်။ ဆင်ဆာများ ဖြေလျော့ပေးလာပါသည်။ အလုပ်သမားသမဂ္ဂများ ခွင့်ပြုလာပါသည်။ ပြည်သူလူထုဆန္ဒကြောင့် အများမုန်းတီးနေသော တရုတ်ရေလှောင်တမံ စီမံကိန်းကို သမ္မတက ရပ်တံ့ခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသားများ ပိုမိုလွှတ်ပေးခြင်းနှင့် နိုင်ငံခြားရှိ အစိုးရဆန့်ကျင်သူများအား ပြန်လာရန် ဖိတ်ခေါ်ခြင်းများ ရှိလာပါသည်။

အထက်ဖော်ပြပါ ပြောင်းလဲမှုများသည် အချိန်မရွေး ပျက်သွားနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ယခင်စနစ်ဟောင်းကို ပိုမိုနှစ်သက်သော စစ်တပ်မှ အရာရှိကြီးများနှင့် ၎င်းတို့၏အရပ်သား မိတ်ဆွေများ၏ ယခင်စနစ်ပေါ်မှ အသာစီးရနေမှုကို ဝင်ရောက်အနှောင့်အယှက်ပေးနေသကဲ့သို့ ရှိခြင်းကြောင့် ဖြစ်ပါသည်။ သို့ကြောင့် မြန်မာနိုင်ငံတွင် အစိုးရသစ်သည် မကြာသေးသော်လည်း ၎င်းတို့အဆိုပြုထားသော ပြုပြင်ပြောင်းလဲမှုများကို အချိန်နှင့်အမျှ မည်မျှကြာကြာထိ လုပ်ဆောင်နိုင်မည်ဆိုသည်ကို မခန့်မှန်းနိုင်ပေ။

ပြည်သူများအနေဖြင့် ၎င်းတို့၏အနာဂတ်သည် စစ်တပ်ထိန်းချုပ်ထားသော လမ်းကြောင်းတစ်ခုတည်းမှသာ သွားရမည်မဟုတ်ဟု ခံယူထား ရမည်ဖြစ်ပါသည်။ သို့သော် ထိုကာလကို အတိအကျတော့ မသိနိုင်သေးပေ။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ပြီး၍ ဘဝများ တိုးတက်နိုင်သေးသည်ဟူသော အချက်ဖြစ်ပါသည်။ အထက်ပါအချက်များသည် မဝေးသောအနာဂတ်အတွက် မြန်မာနိုင်ငံ၏ လက်ခံနိုင်သော ရည်မှန်းချက်ပန်းတိုင်ပင် ဖြစ်သည်။

ထို့ကြောင့် ပြင်ပကမ္ဘာအနေဖြင့် အတွေးအမြင်မှားမှုများ၊ ချဲ့ကားရေးသားပြောဆိုမှုများကို ဘေးဖယ်၍ အထက်ပါ ပြောင်းလဲမှုများကို အားပေးသင့်လှသည်။ ဆီးရီးယားမှ စိတ်အနာတရများ၊သေဆုံးမှုများ၊ ယီမင်ကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေမျိုးကိုရှောင်ရှား၍ မြန်မာနိုင်ငံမှ ခြားနားသော အခြေအနေမျိုးကို လက်ခံရမည်ဖြစ်ပါသည်။ အရပ်သားနိုင်ငံတော်ဖြစ်ရန် အချိန်ကြာမြင့်စွာ စီမံနေသည်ဟု ဆိုနိုင်သော်လည်း မြန်မာစစ်တပ်သည် အရှေ့အလယ်ပိုင်းမှ သင်ခန်းစာဖြစ်သော ခေါင်းဆောင်ပိုင်းသည် ပြုပြင်ပြောင်းလဲရေးကို ငြင်းဆန်ပါက လူ့အဖွဲ့အစည်းက အင်အားဖြင့် ပြောင်းလဲလိမ့်မည်ဆိုသည်ကို နားလည်သဘောပေါက်နေပါသည်။ အချို့ဆန္ဒရှိကြသလို တော်လှန်ရေးတစ်ခု မဖြစ်နိုင်သော်လည်း၊ မြန်မာနိုင်ငံတွင် အပေါင်းလက္ခဏာဆောင်သော ပြောင်းလဲမှုများကို ယူဆောင်လာနိုင်တော့မည် ဖြစ်ပါသည်။

(David I Steinberg သည် ဂျော့တောင်းတက္ကသိုလ် School of Foreign Service ၏ အရှေ့တောင်အာရှလေ့လာရေးမှ ထင်ရှားသော ပါမောက္ခဖြစ်ပါသည်)

*************************************************************************

ဂတ်ဗိုလ် အပြောင်းအလဲ

(New Statesman မှ 17.Oct.2011 ရက်စွဲပါ “The Shifting of the guard” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

ယခုဆောင်းပါးရှင် Peter Popham ၏ “The Lady and The Peacock” လေဒီ နှင့် ခွပ်ဒေါင်း (ဒေါ်စု အထုပ္ပတ္တိ) ကို နိုဝင်ဘာ ၃ ရက် တွင် ဖြန့်ချိမည် ဖြစ်သည်။

ဒီမိုကရေစီသို့ ဦးတည်သော စစ်မှန်သည့် တိုးတက်ပြောင်းလဲမှုအားလုံး ရပ်ဆိုင်းနေခဲ့သော မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရ၏ နေ့ရက်များမှ လမ်းခွဲ ပြောင်းလဲတော့မည့် လက္ခဏာများ စတင်ပေါ်ထွက်လျက်ရှိသည်။ ယခုအချိန်သည် ဒေါ်အောင်ဆန်းစုကြည်၏ အကောင်းဆုံး အခါသမယ ဖြစ်နိုင်ဖွယ်ရှိပါသလား။

နောက်ဆုံးတွင်မူ မြန်မာနိုင်ငံ၌ အပြောင်းအလဲစတင်တော့မည်ဖြစ်ကြောင်း ခိုင်မာစွာ ရည်ညွှန်းသည် ဟုဆိုနိုင်သော ဖြစ်ရပ်တစ်ခု သြဂုတ်လ ၁၇ ရက်က ပေါ်ပေါက်ခဲ့သည်။ ဤကိစ္စသည် အများအံအား သင့်ကြသော ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သမိုင်းဝင်တွေ့ဆုံမှု မဟုတ်ပဲ တွေ့ဆုံမှုအပြီးတွင် သမ္မတကတော်က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ကာ ညစာဖြင့် ဧည့်ခံမှုပင် ဖြစ်ပေသည်။

အကယ်၍ ယခင်အာဏာရှင် ဦးသန်းရွှေ၏ အာဏာပါဝါများ အားနည်းလာပြီဆိုသည်ကို တစုံတယောက်က သံသယရှိသည်ဆိုပါက ဤအတွက် အထောက်အထားများရှိပြီး ဖြစ်ပါသည်။ ဦးသန်းရွှေသည် တချိန်က နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့များနှင့် အစည်းအဝေးဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ထွက်ပေါ်လာပါက ချက်ခြင်း ရုတ်သိမ်းတတ်ခြင်းကြောင့် နာမည်ဆိုးသောသူ တစ်ဦးဖြစ်ခဲ့သည်။ သို့သော်လည်း ဦးသန်းရွှေ၏ “ ဒေါ်အောင်ဆန်းစုကြည် အပေါ် မုန်းတီးမှု” သည် “ အတူအကွ စုဝေးကာ ဒေါ်အောင်ဆန်းစုကြည် ဟု ပညတ်ထားသော မှော်ဝင်အရုပ်ကို ပင်အပ်ဖြင့် ဝိုင်းထိုးတတ်ကြသော ဗိုလ်ချုပ်မှူးကြီးကတော် နှင့် အခြား ဗိုလ်ချုပ်ကတော်များ၏ မုန်းတီးမှု ” ကို လုံးဝယှဉ်နိုင်လိမ့် မဟုတ်ပါ။

ထိုသို့သော ထူးထူးဆန်းဆန်း အိမ်တွင်းပုန်း နိုင်ငံ၏ ကျိုးကြောင်းမဆီလျော် ရီရွှင်ဖွယ်ကောင်းသော နေပြည်တော် အဝေးမြို့တော်ကို အနောက်ကမ္ဘာ နာမည်ကျော် “လေဒီ” က ယခု အသိအမှတ်ပြု လက်ခံလိုက်ပြီ ဖြစ်လေသည်။

ထို့နောက်တွင်မူ အပြောင်းအလဲ လက္ခဏာများ မြန်မြန်ဆန်ဆန် ထွက်ပေါ်လာခဲ့သည်။ တစ်နှစ်ခန့် နှောင့်နှေးကြန့်ကြာနေသော ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်၏ ပြည်ဝင်ခွင့်ဗီဇာကို ခွင့်ပြုခဲ့သည်။ ၁၀လကြာအောင် ဆင်ဆာ စောင့်ခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူး အပါအဝင် သူမ၏ သတင်းနှင့် ရုပ်ပုံများ မြန်မာ့သတင်းစာစောင်များတွင် ၁၉၈၉ နောက်ပိုင်း ပထမဆုံးအကြိမ် စတင် ပါဝင်လာသည်။ (နိုင်ငံရေး ကိစ္စများကို ဖြတ်တောက်ထားသော်လည်း ကိစ္စမရှိပါ။) ထို့အပြင် လူ့အခွင့်အရေး ကောင်မရှင်ကိုလည်း ယခင်အစိုးရ လက်ထက်က လူဟောင်းများ ထည့်သွင်းကာ ဖွဲ့စည်းပေးခဲ့သည်။ ဤမျှမကသေးပဲ ခေတ်မမှီတော့သော တည်ဆဲဥပဒေများကို ပြန်လည် သုံးသပ် ပြင်ဆင်မည့် ကောင်မရှင် တစ်ခုကိုလည်း ဖွဲ့စည်းကာ ကုလသမဂ္ဂ လူသားခြင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံး အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ ထံမှ အကြံဉာဏ်များ ရယူလျက်ရှိသည်။  

မျှော်လင့်မထားသော အံ့အားသင့်ဖွယ် စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်ရပ်မှာ “ ထွက်ရှိသမျှ လျှပ်စစ်ဓါတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ သွယ်ယူရန်အတွက် ဧရာဝတီမြစ်ဖျားကို ကန့်လန့်ပိတ် တည်ဆောက်နေသော မြစ်ဆုံတရုတ်ရေလှောင်တမံ စီမံကိန်းကို ရပ်ဆိုင်းပစ်လိုက်သည့် လုပ်ဆောင်မှုပင် ဖြစ်သည်။ ယခုနှစ်ပိုင်းအတွင်း ထိုစီမံကိန်းကြောင့် နစ်နာဆုံးရှုံး ရသည့်အပြင် လတ်တလော အစိုးရတပ်များနှင့် တိုက်ခိုက်နေသော ကချင်တိုင်းရင်းသားများ၏ တရုတ်ဆန့်ကျင်ရေး မုန်းတီးမှုနှင့် မြန်မာပြည်သူများ၏ မျိုးချစ်စိတ်တို့ ပူးပေါင်းမိကာ မြစ်ဆုံတမံ ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်လှုပ်ရှားမှုများ ကြီးထွားလာခဲ့သည်။ ထိုလှုပ်ရှားမှုများကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံအားပေး ရပ်တည်လိုက်ပြီး နောက်တွင်မူ ထိုစီမံကိန်းကို ရပ်ဆိုင်းထားမည်ဟု သမ္မတ က ကြေငြာလိုက်လေသည်။ “ပြည်သူလူထု၏ ဆန္ဒနှင့်ဆန့်ကျင်နေသောကြောင့်” ဟူသော စကားလုံး သည် ယခင်က အကြောင်းမျိုးစုံပြကာ ထင်ရာလုပ်တတ်သော မြန်မာအစိုးရအပေါ် အံ့အားသင့်စရာ အကြောင်းရင်း တစ်ခုပင်ဖြစ်သည်။

ယခုလတ်တလောတွင် အစိုးရက နောက်ထပ် တက်ကြွသော ဆောင်ရွက်မှုတစ်ခုကို စတင်လိုက်ပြန် ပါသည်။ ထင်ရှားသော နိုင်ငံရေးသမားများ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ကို အစိုးရကလွှတ်ပေးလိုက်ခြင်းဖြစ်သည်။ မနှစ်က နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ပြီး နောက်ပိုင်း မည်သူကိုမျှ လွှတ်ပေးခြင်းမရှိသည့်အချက်ကပင် ယခု လွတ်ငြိမ်းချမ်းသာခွင့်ကို ထူးခြားစေခဲ့သည်။ သို့သော်လည်း ပြီးခဲ့သော မေလက ခပ်ပါးပါးလေး လွတ်ငြိမ်းချမ်းသာခွင့်ပေးသော အစီအစဉ်ကဲ့သို့ပင် နိုင်ငံရေးအကျဉ်းသား မဆိုသလောက်သာ အကြုံးဝင်ခဲ့ခြင်းကြောင့် အလားတူပင် ဝေဖန်ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ရန်ကုန်မြို့တော်နေအိမ်တွင် ၇ နှစ်ဆက်တိုက် အကျယ်ချုပ် ထိန်းသိမ်းခံရခြင်းမှ လွတ်မြောက်လာသည်မှာ တစ်နှစ်ခန့် ရှိတော့မည်ဖြစ်ပြီး သူမ၏ လွတ်လပ်မှုတွင် အပိုင်းနှစ်ပိုင်း လုံးဝကွဲနေသည်။ ပထမအပိုင်းမှာ လွန်စွာနှေးကွေးခြင်းဖြစ်သည်။ သူမ လွတ်မြောက်လာပြီးနောက် လူထုပရိသတ်ကို မိန့်ခွန်းပြောကြားခဲ့သော်လည်း ယခင် အာဏာရှင်အစိုးရကို လွန်စွာ ဒေါသထွက်စေခဲ့သော “အုတ်တံတိုင်းပေါ်မှ ကျော်၍ လူထုပရိသတ်နှင့် တွေ့ဆုံပွဲများ” ကိုပြန်လည် ပြုလုပ်ခြင်းမရှိတော့ပေ။ ထိုမျှမကသေးပဲ ၂၀၀၂ ခုနှစ်က ဒီပဲယင်းမြို့ အနီးတွင် တပ်မတော်အစိုးရ၏ လက်မရွံ့လူရမ်းကားများ ခြုံခိုတိုက်ခိုက်မှုကြောင့် သူမ၏ အမာခံ ထောက်ခံသူများစွာ အသက်ဆုံးရှုံးခဲ့ရကာ အဆုံးသတ် ခဲ့ရသော နိုင်ငံရေးစည်းရုံးမှု ခရီးစဉ်မျိုးကိုလည်း ပြန်လည် အကောင်အထည်ဖော်ခြင်း မရှိတော့ပေ။

အဝေးကပန်းတိုင်

ဒေါ်အောင်ဆန်းစုကြည်သည် သူမ လွတ်မြောက်လာပြီးနောက်ပိုင်း နိုင်ငံခြားသတင်းထောက်များစွာနှင့် အင်တာဗျူးပြုလုပ်ခဲ့ပြီး သူမထံသို့ နိုင်ငံခြား သံတမန်များ၊ ကိုယ်စားလှယ်များ အမြောက်အများ လာရောက် တွေ့ဆုံခဲ့ကြသော်လည်း သူမ၏ ပြည်တွင်း ရပ်တည်မှု အနေအထားမှာ စိုးရိမ်ဖွယ်ရာ “ပါးလျားလွန်း” နေသည်ပာု ရှုမြင်လျက်ရှိကြသည်။ မည်သည့်နေရာမဆို မည်သည့်နိုင်ငံရေးလောကမဆို ရယူခွင့်ရှိသော “ရွေးကောက်ပွဲအောင်ပွဲခံသည့် ရလဒ်အပေါ်အားပြုရပ်တည်ခွင့်” ကို သူမ လုံးဝမရနိုင်ခဲ့ပါ။ (သူမက ထို ၁၉၉၀ ရလဒ်ကို ဆုပ်ကိုင်ထားဆဲပာု ပြောကြားခဲ့ဘူးသည်)

ပြီးခဲ့သော မတ်လက ရန်ကုန်မြို့ NLD ပါတီ ဌာနချုပ်သို့ (ဆောင်းပါးရှင်) သွားရောက်ခဲ့စဉ်က သူမသည် ပါတီဝင်များကို ဖိတ်ခေါ်၍ အစည်းအဝေး ပြုလုပ်ကာ အလုပ်များနေခဲ့သည်။ သူမက သူတို့ထံသွားရမည့်အစား သူတို့က သူမထံ လာတွေ့ကြရခြင်းဖြစ်ပြီး ထိုနှစ်ခုသည် တူညီခြင်းမရှိပါ။ ရန်ကုန်မြို့ပြင် ထွက်၍ ပဲခူးသို့ သွားသော ခရီးမှာလည်း နေ့ခြင်းပြန် ခရီးစဉ်မျှသာ ဖြစ်ပေသည်။

ထိုအရာအားလုံးသည် သမ္မတဦးသိန်းစိန်နှင့် ရွေးကောက်တင်မြှောက်ခံ လွှတ်တော်တို့က ယခင်တပ်မတော်အစိုးရက တရားဝင် အာဏာလွှဲပြောင်းပေးလိုက်ချိန် (ဆောင်းပါးရှင်၏ မြန်မာခရီးအပြီး ၁၀ ရက်အကြာ) တွင် စတင်ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။

အညှာကြွေချိန်ဦးလာသော စစ်သားအို တစ်စု(အမှန်တကယ်မှာ တစ်ဦးထဲသာ) က သူတို့ယုံကြည်စိတ်ချသူများထံ အာဏာ အမွေပေးခြင်း ပာုယူဆရသောကြောင့် ကြီးမားသော အပြောင်းအလဲကို မျှော်လင့်ခဲ့ကြခြင်းမရှိပါ။ အထူးသဖြင့် မြန်မာပြည်မြောက်ပိုင်းမှ ရှမ်း၊ ကချင် အုပ်စုများနှင့် အနှစ် ၂၀ အပစ်ရပ်ထားခြင်း ပျက်ပြားကာ နယ်စပ်တစ်လျှောက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သောကြောင့် ပြည်သူတို့၏ “မျှော်လင့်ချက်မဲ့ ခံစားမှုများ” ကြီးထွားလာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း သမ္မတဦးသန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သြဂုတ်လ ၁၇ ရက် တွေ့ဆုံမှုသည် မြန်မာနိုင်ငံ၏ “နိုင်ငံရေး ရေမြေ ပြောင်းချိန်” ဖြစ်သွားခဲ့သည်။ အဝေးမြို့တော်နေပြည်တော်မှ သမ္မတအိမ်တော်သို့ အထူးဖိတ်ကြားခံရသော ဒေါ်အောင်ဆန်းစုကြည်သည် ယခင်အစိုးရ အကြီးအကဲက တမင် ချောင်ထိုးထားခဲ့သော သူမ၏ဖခင် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူကားချပ်၏ အောက်တွင် သမ္မတ ဦးသိန်းစိန်နှင့် နှုတ်ဆက်၍ ပြုံးရွှင်ကျေနပ်စွာ သတင်းဓာတ်ပုံ အရိုက်ခံခဲ့လေသည်။

အထက်ပါ လိုက်လျောမှုလက္ခဏာများအတွက် အပြန်အလှန်အားဖြင့် အစိုးရက ဘာကိုပြန်လိုချင်သလဲ ဆိုသည်မှာ အလွန်တရာ ရှင်းလင်း ပါသည်။ အာဆီယံအဖွဲ့၏ ၂၀၁၄ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူလိုခြင်း၊ အရေးယူပိတ်ဆို့မှု Sanctions များ ဖယ်ရှားပေးစေလိုခြင်း၊ ကမ္ဘာ့ဘဏ်နှင့် IMF အဖွဲ့အစည်းတို့ကို ပြန်လာစေလိုခြင်း(ကျပ်တည်းစွာ ရုန်းကန်နေရသော နိုင်ငံစီးပွားရေးကို သိသာစွာ အားဖြည့်ရန်) တို့ပင် ဖြစ်ပေသည်။ တကယ့် ဒီမိုကရေစီ ထွန်းကားရေးပာု ဆိုပါက နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးခြင်း၊ နယ်စပ်တောင်တန်းတွင် ငြိမ်းချမ်းအောင် ဆောင်ရွက်ခြင်း၊ အခြေခံဥပဒေကို ပြန်လည်ရေးသားခြင်း စသည်တို့ပါဝင်ရပေလိမ့်မည်။ တပ်မတော်(သို့) စစ်တပ်၏ သြဇာ အမြစ်တွယ်နိုင်အောင် အာမခံထားသည့် အခြေခံဥပဒေကို ဖန်တီးပေးသော အမျိုးသားညီလာခံကို ဦးသိန်းစိန်ကပင် တာဝန်ယူကျင်းပခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ မြန်မာ့ဒီမိုကရေစီ သည် အဝေးကပန်းတိုင်(သို့) အလှမ်းဝေးသော ပန်းကလေးဖြစ်နေဆဲပာု ဆိုသော်ငြားလည်း ကနဦး ခြေလှမ်းများကို ကျွန်တော်တို့ မြင်နေရပြီ။

*************************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs