Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၈.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. ရှမ်းလက်နက်ကိုင်အုပ်စုနှင့် အပစ်ရပ် သဘောတူညီမှု ရရှိကြောင်း နိုင်ငံပိုင်မီဒီယာအတည်ပြု

(AFP သတင်းမှ 4 Dec 2011 ရက်စွဲပါ “Myanmar State media confirms pact with rebel group” သတင်းကို ဘာသာပြန်ဆိုသည်)

  1. တရုတ်ကိုကြောက်၍ မြန်မာနိုင်ငံသည် အထီးကျန်အဖြစ်မှ စွန့်ရန် တွန်းအားပေး

(7 Dec 2011 ရက်စွဲပါ The Christian Science Monitor မှ John Hughes ရေးသားသော Fear of China pushes Burma ( Myanmar) out of isolation ကို ဘာသာပြန်ဆိုသည်)

  1. နေပြည်တော်၏ အကောင်းဆုံးအကျိုးစီးပွားများ

(New Starts Times မှ 8 Dec 2011 ရက်စွဲပါ “Naypyidaw’s best interests” သတင်းကို ဘာသာပြန်ဆိုသည်)

              

**************************************

ရှမ်းလက်နက်ကိုင်အုပ်စုနှင့် အပစ်ရပ် သဘောတူညီမှု ရရှိကြောင်း နိုင်ငံပိုင်မီဒီယာအတည်ပြု

(AFP သတင်းမှ 4 Dec 2011 ရက်စွဲပါ “Myanmar State media confirms pact with rebel group” သတင်းကို ဘာသာပြန်ဆိုသည်)

              မြန်မာနိုင်ငံ၏ အဓိကတိုင်းရင်းသားလက်နက်ကိုင်အုပ်စုများထဲမှ တစ်ဖွဲ့နှင့် ကနဦး အပစ်ရပ်သဘောတူညီမှုရရှိပြီပာု မြန်မာနိုင်ငံပိုင် မီဒီယာက တနင်္ဂနွေနေ့တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။

                ငြိမ်းချမ်းရေး ကြားဝင်စေ့စပ်သူ အကျိုးဆောင်တစ်ဦးက အဆိုပါ သဘောတူညီမှုအကြောင်း AFP သို့စနေနေ့တွင် ပြောကြားခဲ့ပြီးနောက် တနင်္ဂနွေနေ့ထုတ် New Light of Myanmar သတင်းစာတွင် ရှမ်းပြည်နယ်အစိုးရနှင့် ရှမ်းပြည်တောင်ပိုင်း တပ်မတော်ကိုယ်စားလှယ်များ သောကြာနေ့က အပစ်ရပ်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းဖော်ပြထားသည်ကို တွေ့ရသည်။

                ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း အင်္ဂလိပ် ဘာသာ မြန်မာသတင်းစာက ဆိုသည်။ ယခုနှစ်အတွင်း ပြုပြင် ပြောင်းလဲမှုများ တစ်သီတစ်တန်း ပြုလုပ်လာသော အရပ်ဖက် အစိုးရသစ်က အတိုက်အခံဆန့်ကျင်ဖက် အင်အားစုများအား လက်ကမ်းကြိုဆိုသည့် နောက်ဆုံးလက္ခဏာအဖြစ် ရှမ်းပြည်နယ် တောင်ကြီးမြို့တော်တွင် လက်မှတ်ရေးထိုးခဲ့သည့် ယခု သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

                ၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်းတစ်လျှောက်လုံး မြန်မာနိုင်ငံကို ပြည်တွင်းစစ်က ဝါးမြိုထားခဲ့ပြီး ယခုအခါ အစိုးရတပ်များနှင့် ပတ်သက်သည့် လူ့အခွင့်အရေး ညှင်းပန်းမှုများအပါအဝင် တိုက်ပွဲများကို အဆုံးသတ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက အဓိကတောင်းဆိုလျက်ရှိသည်။

                တပ်မတော်ဆန့်ကျင်ရေး အင်အားကြီးအုပ်စုတစ်စုဖြစ်သည့် ရှမ်းပြည်တောင်ပိုင်း တပ်မတော်သည် ပြောက်ကျားတပ်ဖွဲ့ဝင် ထောင်ပေါင်း များစွာ ဖြင့် ဖွဲ့စည်းထားပြီး ထိုင်းနိုင်ငံ နယ်စပ်အနီး မြန်မာနိုင်ငံအရှေ့ပိုင်းတွင် အဓိက အခြေစိုက်လှုပ်ရှားနေသော အဖွဲ့ဖြစ်သည်။

                ပြီးခဲ့သော လအတွင်းက မြန်မာအစိုးရ ကိုယ်စားလှယ်ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအကြား ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများကို ထိုင်းနိုင်ငံနယ်စပ်အနီးတွင် ပြုလုပ်ခဲ့သည်ပာု ပါဝင်သူများ၏ အဆိုအရ သိရှိရသည်။

                “သူတို့အဖွဲ့ (SSA.S) က ကျွန်တော်တို့ တွေ့ဆုံခဲ့တဲ့ အုပ်စု ၅ စုထဲမှာ အပစ်ရပ်သဘောတူညီချက် ပထမဆုံး လက်မှတ်ရေးထိုးတဲ့ အဖွဲ့ ဖြစ်ပါတယ်” ပာု အရပ်ဖက်လူမှုအဖွဲ့ Myanmar Egress ကို တည်ထောင်သူတစ်ဦးဖြစ်သည့် ဦးလှမောင်ရွှေက စာချုပ်ချုပ်ဆိုမှုအပြီးတွင် AFP သို့ ပြောကြားခဲ့သည်။

                ငြိမ်းချမ်းရေး ကြားဝင်ညှိနှိုင်းသူများအနေဖြင့် ကရင် KNU၊ ကချင် KIA၊ ချင်း CNF၊ ကရင်နီ KNPP အုပ်စုများနှင့်လည်းငြိမ်းချမ်းရေး သဘော တူညီမှုများ ရရှိနိုင်အောင် ကြိုးစားနေသည်ပာု ဦးလှမောင်ရွှေက ဆက်လက်ပြောကြားသွားသည်။

************************************************************************

တရုတ်ကိုကြောက်၍ မြန်မာနိုင်ငံသည် အထီးကျန်အဖြစ်မှ စွန့်ရန် တွန်းအားပေး

(7 Dec 2011 ရက်စွဲပါ The Christian Science Monitor မှ John Hughes ရေးသားသော Fear of China pushes Burma ( Myanmar) out of isolation ကို ဘာသာပြန်ဆိုသည်)

              ၁၉၆၀ ကာလများဆီက ကျွန်ုပ်သည် Monitor  ၏ သတင်းထောက်အဖြစ် အာရှတွင် လုပ်ကိုင်ခဲ့စဉ်က၊ မိမိ၏နယ်မြေအတွင်း တရုတ်၊ မြောက်ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့သည် အနောက်နိုင်ငံ သတင်းစာဆရာများအား ခွင့်မပြုသော နိုင်ငံများဖြစ်ကြသည်။

                ကျွှန်ုပ် ခြောက်နှစ်တာကာလ အာရှတွင် တာဝန်ကျစဉ်အတွင်း တရုတ်နှင့် မြောက်ဗီယက်နမ်တို့သည် ကျွှန်ုပ်၏ သွားရောက်လည်ပတ်ရန် အဆိုပြု ခြင်းကို ငြင်းပယ်ခဲ့ကြသည်။ အံ့သြစရာတစ်ခုမှာ မြန်မာနိုင်ငံသို့ လည်ပတ်ရန် အကြိမ်ကြိမ်လျှောက်ထားခဲ့ရာ တစ်ကြိမ်လည်ပတ်ရန် ဗီဇာရရှိခဲ့သည်။

                စစ်တပ်မှ အုပ်ချုပ်သော မဖွံ့ဖြိုးသော၊ ပိတ်ထားသော တိုင်းပြည်သို့ သွားရောက်လည်ပတ်ရသည်မှာ ထူးဆန်းပြီး၊ ကြောက်ရွံ့စရာကောင်းနေ သည်။ ကျွှန်ုပ်အား လာရောက်တွဲဖက်ပေးထားသူမှာ မည်သည့်သတင်းမျှ ထုတ်ပြန်ခြင်းမရှိသည့် သတင်းနှင့်ပြန်ကြားရေးဌာနမှ ဗိုလ်မှူးကြီးတစ်ဦးဖြစ် သည်။ ကျွှန်ုပ် မည်သူနှင့် မည်သည့်အချိန်တွေ့ရမည်ဆိုသည်ကို ၎င်းကပင် ဆုံးဖြတ်သည်။ ကျွန်ုပ်၏ ဘုန်းတော်ကြီးများ၊ အရပ်သားများနှင့် စကား ပြောခြင်းကိုမူ လျှို့ဝှက်ထားရသည်။

                စနေတနင်္ဂနွေနေ့များတွင် ကျွန်ုပ်သည် ဂျစ်ကားတစ်စီးငှား၍ ပုဂံသို့ သွားရောက်လည်ပတ်ခဲ့ပါသည်။ ကျွန်ုပ်ခရီးမှ ပြန်ရောက်ရောက်ချင်းပင် ဟိုတယ်သို့ ဖုန်းဝင်လာရာ ကျွန်ုပ်နှင့် တွဲဖက်ပေးထားသော ဗိုလ်မှူးကြီး ဖြစ်နေသည်။

                “ကျွန်တော်လည်း အခုမှ ပုဂံက ပြန်ရောက်တယ်” ဟုပြောရာ ၎င်းက “ကျွန်တော်တို့ သိပါတယ် Mr.Hughes” ဟု ပြန်ပြောသည်။ ထိုစဉ်က ရန်ကုန်မြို့ရှိ ထိပ်တန်းဟိုတယ်တွင် တည်းခိုသူ ဧည့်သည် ကျွန်ုပ်တစ်ဦးသာ ရှိသည်။

                ထိုစဉ်က အမေရိကန်ပြည်ထောင်စုသည် စစ်တပ်အစိုးရနှင့် သံတမန်ဆက်ဆံရေး ရှိနေဆဲဖြစ်သည်။ အမေရိကန် သံအမတ်ကြီး Henery Byroade သည် အပျော်တမ်းလက်သမားလုပ်ငန်း ဝါသနာပါသူဖြစ်ပြီး ၎င်းမှာခရီးသွားလာခြင်းမှအစ ကန့်သတ်မှုများ ရှိနေခြင်းကြောင့် ၎င်း၏ လက်သမား အလုပ်ရုံတွင်သာ အချိန်ကုန်ခဲ့ရသည်။

                မြန်မာစစ်တပ်အစိုးရသည် တရုတ်နှင့် မြောက်ကိုရီးယားတို့ကဲ့သို့ အာဏာရှင်နိုင်ငံဖြစ်သော်လည်း လာရောက်သော သတင်းစာဆရာများကို ခွင့်ပြုခဲ့သည်မှာ အံ့သြစရာကောင်းသောအချက်ဖြစ်သည်။ မြန်မာစစ်တပ်သည် နှစ်ပေါင်းငါးဆယ်ခန့် တိုင်းပြည်ကို တင်းကြပ်သောဥပဒေများနှင့် အမှောင် ထဲတွင် ထားရှိခဲ့သည်။

                ယခုအခါ အမေရိကန်၏ ဆက်ဆံရေးကို ပံ့ပိုးသည့် အနေဖြင့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သည်။ ထို့နောက်ပြုပြင်ပြောင်းလဲရေးများကို ကတိပေးခဲ့သည့် သမ္မတသစ်ဦးသိန်းစိန်နှင့်လည်းကောင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။ အမေရိကန် ၏ စီးပွားရေးကန့်သတ်မှု အချို့ကို ဖြေလျော့ကြောင်း ကြေညာခဲ့ပြီး သံအမတ်ကြီးအဆင့် ဆက်ဆံရေး ပြန်လည်ပြုလုပ်ရန် စဉ်းစားနေသည်။

                နိုင်ငံခြားရေးဝန်ကြီး ကလင်တန်၏ သတင်းစကားမှာ မြန်မာနိုင်ငံသည် ၎င်း၏ ကတိအတိုင်း နိုင်ငံရေးအကျဉ်းသားများ စေလွှတ်ခြင်း အထီးကျန် ပြုမှု အဆုံးသတ်ရေးနှင့် တိုင်းသူပြည်သားများ၏ ဘဝ တိုးတက်ရေးများကို ရိုးသားစွာနှင့် အလျင်အမြန် လုပ်ဆောင်နိုင်မှုအပေါ် မူတည်၍ အရေးယူမှုများ ဖြေလျော့သွားမည်ဟူ၍ ဖြစ်သည်။

                အကယ်၍ အစိုးရသည် အတိတ်က မှားခဲ့သည်များကိုကြည့်၍ ဒီမိုကရေစီသို့ လျှောက်လှမ်းမည်ဆိုလျှင် ပျော်ရွှင်ဖွယ် ကောင်းလိမ့်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမသည် ဦးသိန်းစိန်ကို ယုံကြည်ကြောင်း သို့သော် အစိုးရ အတွင်း လူတိုင်းက ၎င်းကဲ့သို့ ယုံရမည်ဟု မပြောနိုင်ကြောင်း ဆိုခဲ့သည်။

                သာသာထိုးထိုး မတွက်ဘဲ ဆိုရလျှင် အစိုးရသည် ကမ္ဘာတစ်ဝှမ်း အာဏာရှင် စနစ်များ ကျဆုံးနေမှုကို တွေ့မြင်နေရ သောကြောင့် မြန်မာနိုင်ငံ တွင် ကာလရှည်ကြာ ရက်စက်ကြမ်းကြုတ်စွာ အုပ်စိုးခဲ့သော အာဏာရှင်ကို ထိုသို့ အကျည်းတန်စွာ နိဂုံးမချုပ်အောင် လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

                အမေရိကန်နှင့် ရုတ်တရက် သဘောတူညီမှုရလာခြင်းအတွက် အဖြစ်နိုင်ဆုံးနှင့် လက်တွေ့ကျသော အကြောင်းပြချက် မှာ အိမ်နီးချင်း တရုတ်၏ ကျယ်လောင်လာသော အသံများကို စိုးရိမ်မှုကြောင့်ဖြစ်နိုင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် အရှေ့ တောင်အာရှ နိုင်ငံများနှင့် ပူးပေါင်းမည်ဖြစ်သည်။ အရှေ့တောင်အာရှ နိုင်ငံများသည် တရုတ်၏ စီးပွားရေးနှင့် စစ်ရေး အာဏာပြမှုသည် ခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေပြီဟု ရှုမြင်နေကြသည်။ မကြာသေးမီ က အရှေ့တောင်အာရှ နိုင်ငံတစ်ခုမှ သမ္မတဟောင်းတစ်ဦးက ကျွန်ုပ်အား ပြောကြားခဲ့ရာ “ ကျွန်တော်တို့က တရုတ်နဲ့ အမေရိကန်ကြားမှာ ညပ်နေတယ်ဗျ။ ဒါပေမယ့် ကျွန်တော်တို့က အမေရိကန်ကို ပိုကြိုက်တယ်” ဟူ၍ ဖြစ်သည်။

                အိုဘားမား အစိုးရ၏ နိုင်ငံခြားရေး မူဝါဒမှာ သမ္မတက ကြေညာချက်ထုတ်ခဲ့သည့် အတိုင်း အမေရိကန်သည် ပစိတ်ဖိတ် ပါဝါဖြစ်ပြီး စူပါပါဝါအဖြစ် ဖြစ်တည်ရေးအတွက် လိုအပ်သော အားကို အသုံးပြုလုပ်ဆောင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် လည်း ရည်မှန်းချက်ကြီးကြီးနှင့် ရန်လိုသည့် သဘော ထားရှိသည့် တရုတ်နှင့် အနီးကပ်ဆက်ဆံရမည်ကို စိုးရိမ်ပြီး အမေရိကန်နှင့် ချိန်ခွင်လျှာ ညီသော ဆက်ဆံရေးအတွက် လိုလားသော နိုင်ငံတစ်ခုဖြစ်သည်။

*******************************************************************

နေပြည်တော်၏ အကောင်းဆုံးအကျိုးစီးပွားများ

(New Starts Times မှ 8 Dec 2011 ရက်စွဲပါ “Naypyidaw’s best interests” သတင်းကို ဘာသာပြန်ဆိုသည်)

“အမေရိကန်-တရုတ်-မြန်မာ ၃ ပွင့်ဆိုင် တြိဂံဂိမ်းကို သုံးသပ်ထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်သည်”

              မြန်မာနိုင်ငံသည် တရုတ်သြဇာအောက်မှ ခွဲထွက်ရန် ကြိုးစားလျက်ရှိသော်လည်း အိမ်နီးခြင်း၊ အင်အားကြီးနိုင်ငံကို သတိကြီးစွာ ထားနေရဆဲပင် ဖြစ်ပေသည်။

                ပြီးခဲ့သော မေလတွင် University of Hong Kong က ယင်း၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အတွက် မြန်မာနိုင်ငံမှ အကျယ်ချုပ် လွတ်မြောက်စ ၆ လသာရှိသေးသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရာပြည့် ဒိုင်ယာလော့ကို ဗီဒီယိုဆက်ကြောင်းဖြင့် ကျင်းပခဲ့သည်။

                University ၏ ဖိတ်ကြားမှုကြောင့် ပြင်ပဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သူတစ်ဦးအနေဖြင့် ဆောင်းပါးရှင်စိုးရိမ်မိသော အချက်မှာ ကျွန်တော်တို့၏ မေးခွန်းများနှင့် သူမ၏ အဖြေများကြောင့် သူမနောက်တစ်ကြိမ် ထိန်းသိမ်းခံရနိုင်သော ကိစ္စပင်ဖြစ်သည်။

                တကယ်ဆွေးနွေးချိန်တွင်မူ မည်သည့်စိုးရိမ်စရာကိစ္စမှ မရှိခဲ့ပါ။ (သူမ၏ ထောက်ခံသူများ ခေါ်ဝေါ်ကြသည့်အတိုင်း) ‘လေဒီ’ သည်မေးခွန်းများကို သတိထား၍ ထိန်းထိန်းသိမ်းသိမ်း တုန့်ပြန်ခဲ့သည်။ ပထဝီ နိုင်ငံရေးကိစ္စရပ်များကို ကောင်းစွာခြုံငုံမိကြောင်း ပြသခဲ့ပြီး သူမ၏ ဒီမိုကရေစီ အယူအဆများ နှင့်လည်း သွေဖယ်သွားခြင်းမရှိခဲ့ပေ။ တစ်ချိန်ထဲတွင် တရုတ်နိုင်ငံကို ရန်စသလိုဖြစ်အောင် ဆွပေးခြင်းကိုလည်း ရှောင်ရှားငြင်းဆန်ခဲ့သည်။

                ထိုမှ ၆ လခန့်အကြာတွင်မူ ရာစုနှစ်ဝက်အတွင်း ပထမဆုံးရောက်ရှိလာသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်ကို လက်ခံ ကြိုဆိုခြင်းဖြင့် ကမ္ဘာ့သတင်းများထဲတွင် မြန်မာနိုင်ငံ များစွာနေရာယူခဲ့ပြန်သည်။

                ယခုအခါ သမ္မတဦးသိန်းစိန်၏ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ရိုးဖြောင့်မှု ရှိသလားဆိုသည်ကို ဝါရှင်တန်က ဒေါ်အောင်ဆန်းစုကြည် ထံမှ လမ်းညွှန်ချက် တောင်းလာခြင်းဖြင့် သူမအနေဖြင့် သော့ချက်ကျသော ကဏ္ဍမှ ပါဝင်နေရပြီဖြစ်သည်။

                အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့အလိုလျောက် အရေးပါနေချိန်တွင် ဒေသတွင်းသြဇာစိုးမိုးရေးအတွက် တရုတ်-အမေရိကန် ပြိုင်ဆိုင်မှုမှတဆင့် ထွက်ပေါ်လာသော နောက်ဆုံး တိုးတက်ပြောင်းလဲမှုများကို ကမ္ဘာတစ်ဝှမ်း အကဲခတ်လေ့လာသူများစွာက စောင့်ကြည့်နေကြရသည်။

                မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု ဆက်ဆံရေး တိုးတက်လာမှုရလဒ်အဖြစ် တရုတ်နိုင်ငံ၏ သြဇာထိခိုက်သွားမလား ပာူသော မေးခွန်းကို တရုတ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက “ဘေဂျင်း သည် မြန်မာနိုင်ငံ၏ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးမှုကို အားပေးမြှင့်တင်ရန်အတွက် နေပြည်တော်နှင့် အနောက် နိုင်ငံများ၏ ဆက်ဆံရေးပိုကောင်းလာသည်ကိုသာ တွေ့မြင်လိုသည်” ပာု တုန့်ပြန်ဖြေကြားခဲ့သည်။

                အလားတူပင် ကလင်တန်ကလည်း “တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ဆက်ဆံရေးကောင်းနေခြင်းအပေါ် အမေရိကန်က စိုးရိမ်ပူပန်စရာမရှိကြောင်း” ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံသည် မြန်မာတို့အတွက် ဘယ်လိုတည့်အောင် အတူနေကြမလဲပာု စဉ်းစားရမည့် အိမ်နီးခြင်းကြီးဖြစ်သည်” ပာု သူမက ဆိုသည်။ ထိုကဲ့သို့ မြန်မာနိုင်ငံက အခြားနိုင်ငံများနှင့် ဆက်ဆံရေးကောင်းအောင် ကြိုးစားနေမှုကို တရုတ်ကော၊ အမေရိကန်ကပါ မဆန့်ကျင်ကြခြင်းသည် အလွန်ကောင်းသောအချက်ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများအလိုကျရေးထက် မိမိ၏ အကောင်းဆုံးအကျိုးစီးပွားကိုသာ လုပ်ဆောင်ရပေလိမ့် မည်။ မြန်မာအစိုးရသည် မကြာသေးမီကပင် ထိုအချက်ကို ထင်ရှားစွာပြသခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံမြောက်ဖျား၌ တရုတ်နိုင်ငံက ငွေကြေးစိုက်ထုတ် တည်ဆောက်ကာ ထွက်သမျှ လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်သို့ ပြန်လည်တင်ပို့မည့် ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းထားရန် စက်တင်ဘာလက ဆုံးဖြတ်ခြင်းသည် တရုတ်အစိုးရကို အံ့အားသင့်စေသည့်အပြင် နေပြည်တော်အစိုးရသည် တရုတ်အကျိုးစီးပွားအတွက်မပာုတ်ပဲ မြန်မာတို့၏အကျိုးစီးပွားအတွက်သာ လုပ်နေခြင်းဖြစ်သည်ပာူသော လက္ခဏာကို ပြသလိုက်ခြင်းဖြစ်သည်ပာူသော လက္ခဏာကို ပြသလိုက်ခြင်းပင် ဖြစ်သည်။

                ပြီးခဲ့သော မတ်လက အာဏာရလာခဲ့သော (ဗိုလ်ချုပ်ကြီးပောာင်း) ဦးသိန်းစိန်၏ အရပ်ဖက်အစိုးရသစ်သည် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးနွေးထွေးလာစေမည့် နိုင်ငံရေးအကျိုးစီးပွား ပြုပြင်ပြောင်းလဲမှုများကို တစ်သီတစ်တန်း ပြုလုပ်ပြသလျက်ရှိသည်။ထို့အပြင် အရှေ့တောင်အာရှ နိုင်ငံများနှင့်လည်း ဆက်ဆံရေး ပိုမိုတိုးတက်အောင် ကြိုးစားလာခြင်းကြောင့် ၂၀၁၄တွင် အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌနေရာကို တာဝန်ယူခွင့် ရသွားပြီ ဖြစ်သည်။

                သို့သော် အမေရိကန်တို့ချမှတ်ထားသော Sanctions များ ရုတ်သိမ်းရေးကို ဆွေးနွေးရန် အချိန်မတန်သေးပာုဆိုကြသည်။ ကလင်တန်၏ ပြောစကားအရဆိုလျှင် “သမ္မတဦးသိန်းစိန်သည် ကြာမြင့်စွာ အများမျှော်လင့်စောင့်စားနေကြသော ပွင့်လင်းမှုကို ဦးတည်သည့် ပထမအဆင့် ဆောင်ရွက်မှု များကို လုပ်ဆောင်ခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများ အကုန်လွှတ်ပေးခြင်း၊ တိုင်းရင်းသားအုပ်စုပေါင်းစုံနှင့် တိုက်ခိုက်နေသော ပြည်တွင်းစစ် ပဋိပက္ခ ကို အဆုံးသတ်ခြင်း၊ မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ဖက်ဆက်ဆံမှုကို ဖြတ်တောက်ခြင်း တို့အပါအဝင် ယခုထက် ပို၍ လုပ်စရာများစွာကျန်နေသေးသည်”

                မြန်မာသမ္မတကလည်း ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို လာမည့်နှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုခြင်းအပါအဝင် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်မည့် သူ၏ ရည်ရွယ်ချက်ကို အထင်အရှားပြသထားသည်။ ထို့အပြင် ကလင်တန် ပြန်သွားပြီး နောက်တစ်ရက် တွင် ငြိမ်းချမ်းစွာဆန္ဒပြမှုများကို ခွင့်ပြုမည့် ဥပဒေကိုလည်း လက်မှတ်ထိုးထုတ်ပြန်လိုက်သည်။

                ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကို မြန်မာအစိုးရက ရက်ရက်စက်စက်ချေမှုန်းခဲ့ပြီးနောက် အနောက်နိုင်ငံများက အရေးယူချမှတ်ခဲ့သည့် Sanctions များက တရုတ်နိုင်ငံအား မြန်မာနိုင်ငံ၏ အရေးကြီးဆုံးစီးပွားဖက်ဖြစ်သွားစေခဲ့သည်။

                ယခုအခါ ၎င်းနှစ်နိုင်ငံသည် မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်၍ ရေနံစိမ်းနှင့် ဓာတ်ငွေ့များ တရုတ်နိုင်ငံအတွင်းပိုင်းသို့ သယ်ဆောင်မည့် ပိုက်လိုင်း များ နှင့် ကားလမ်း၊ ရထားလမ်း၊ ရေနက်ဆိပ်ကမ်း တို့ပါဝင်သော မပာာစီမံကိန်းကြီးကို သဘောတူလက်မှတ်ထိုးပြီး စတင်လျက်ရှိသည်။ အမှန်စင်စစ် တရုတ်နိုင်ငံအပေါ် မှီခိုရလွန်းသူအဖြစ်ကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ နောက်ဆုံးဆောင်ရွက်ချက်များက ပြသနေပြီ ဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံသည် နယ်စပ်ခြင်း ရှည်လျားစွာထိစပ်နေသော အိမ်နီးချင်းနိုင်ငံကြီးဖြစ်၍ မလိုလားအပ်သော ရန်စမှုများမလုပ်သင့်ကြောင်း ကိုလည်း မြန်မာတို့နားလည် သိရှိထားကြပြီးဖြစ်သည်။

                မကြာမှီက ပြုလုပ်ခဲ့သော အရှေ့အာရှထိပ်သီးညီလာခံတွင် အင်ဒိုနီးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား ၃ နိုင်ငံကသာ တရုတ်ကို သစ္စာမဖောက်ကြောင်း ပြသခဲ့ကြပြီး တောင်တရုတ်ပင်လယ်ကိစ္စကို ညီလာခံတွင် တင်ပြဆွေးနွေးမှုများ မပြုရန် တောင်းဆိုခဲ့ကြသည်ပာု သိရှိရသည်။ တကယ့် လက်တွေ့ အရှိတရားများကို မြန်မာတို့နားလည်သဘောပေါက်ကြောင်းကို ပြီးခဲ့သော မေလ ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်များက ထင်ပာပ်ပြသနေသည်။

                “မြန်မာနိုင်ငံနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေးပာာ တန်ဖိုးရှိတဲ့အရာတွေ မျှဝေမှုအပေါ်မှာ အခြေခံတဲ့ ချစ်ကြည်ရင်းနှီးမှုဖြစ်မယ်ဆိုရင် တရုတ် နိုင်ငံနဲ့ ကျွန်မတို့ရဲ့ ဆက်ဆံရေးပာာ အိမ်နီးချင်းတွေထဲက အထူးကိစ္စရပ်တစ်ခုဖြစ်ပါလိမ့်မယ်” ပာု သူမကပြောကြားခဲ့သည်။

****************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၈.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. မြန်မာနိုင်ငံအပေါ် စစ်ရာဇဝတ်မှု စုံစမ်းရေးကိစ္စကို ဟီလာရီလျှော့ပေါ့ပြောဆို

(APP သတင်းမှ 2 Dec 2011 ရက်စွဲပါ “Clinton downplays talk of Myanmar war crime probe” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံအတွက် အမေရိကန်အထူးကိုယ်စားလှယ် ဂျပန်၊ တောင်ကိုးရီးယားနှင့် တရုတ် နိုင်ငံသွားမည်

(7 December 2011 ရက်စွဲပါ The Japan Today မှ U.S envoy on Myanmar to visit Japan, China, S Korea ကို ဘာသာ ပြန်ဆိုသည်)

  1. အမေရိကန်-မြန်မာ ဆက်ဆံရေး ရှေ့သို့

(6 Dec 2011 ရက်စွဲပါ The Diplomat မှ Joshua Kurlant-zick ရေးသားသော  Moving U.S-Burma Ties forward ကို ဘာသာ ပြန်ဆိုသည်)

************************************

မြန်မာနိုင်ငံအပေါ် စစ်ရာဇဝတ်မှု စုံစမ်းရေးကိစ္စကို ဟီလာရီလျှော့ပေါ့ပြောဆို

(APP သတင်းမှ 2 Dec 2011 ရက်စွဲပါ “Clinton downplays talk of Myanmar war crime probe” သတင်းကို ဘာသာ ပြန်ဆိုသည်)

           အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်က မြန်မာခေါင်းဆောင်များအား အတိတ်အတွက် တာဝန်ယူနိုင်မည့် အခွင့်အရေးပေးမည် ဖြစ်ကြောင်း သောကြာနေ့က ထုတ်ဖော်ပြောကြားခဲ့ပြီး ကုလသမဂ္ဂထောက်ခံသော စစ်ရာဇဝတ်မှု စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရန် ယခင် တောင်းဆို ထားခြင်း ကို နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။

                "တရားမျှတမှုနှင့် တာဝန်ယူမှုကို စဉ်းစားသုံးသပ်နိုင်စေမယ့် မှန်ကန်တဲ့လုပ်ငန်းစဉ်နဲ့ တာဝန်ယူဆောင်ရွက်မှု ဆိုတဲ့ စည်းမျဉ်းကို ကျွန်မတို့ ထောက်ခံအားပေးနေပါတယ်” ပာု သူမက ပြောကြားသည်။ “ဒါပေမယ့်လည်း မြန်မာ အစိုးရသစ်နဲ့ အတိုက်အခံတွေ ဒီပန်းတိုင်ကို ရောင်အောင်သွားဖို့ သူတို့နည်း သူတို့ပာန်ရှိတယ်ဆိုတာကို ပြသနိုင်ဖို့ အတွက် ကြိုးစားဖို့ အခွင့်အရေးပေးတာပာာ အရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်” ပာု ဟီလာရီက သူမ၏ ၃ ရက် ခရီးစဉ် အပြီးတွင် သတင်းထောက်များကို ပြောကြားသည်။

                မြန်မာနိုင်ငံတွင် အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ အရပ်သားများကို တပ်မတော်ပေါ်တာ အဖြစ် အဓမ္မခိုင်းစေခြင်း စသော ညှင်းပန်းနှိပ်စက်မှု အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် အထောက်အထား ရရှိထားကြသော လူ့အခွင့်အရေးအုပ်စုများက ကာလကြာမြင့်စွာ အစဉ်တစိုက်တောင်းဆိုနေကြသည့် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရန် ကိစ္စကို ထောက်ခံကြောင်း ဟီလာရီက မနှစ်ကပြောကြားခဲ့ဖူးသည်။

                သို့သော်လည်း မတ်လက အာဏာရလာသော အရပ်ဖက်အစိုးရသစ်က အတိုက်အခံများ၊ တိုင်းရင်းသား အုပ်စုများနှင့် ဒိုင်ယာလော့ ဆွေးနွေးခြင်း အပါအဝင် ပြုပြင်ပြောင်းလဲမှုများ တသီတတန်း စတင်ပြုလုပ်လာသောကြောင့် မြန်မာနိုင်ငံမှ စတင်ကာစ ပြုပြင်ပြောင်းလဲမှုများကို အားပေး တိုက်တွန်းရန် အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်၏ အကျော်ဒေးယျ နေပြည်တော်၊ ရန်ကုန် ခရီးစဉ် ယခင်အပတ်က ထွက်ပေါ် လာခဲ့ပြီ ဖြစ်သည်။

                မြန်မာအစိုးရက ယခုထိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်လွှတ်ပေးခဲ့ပြီးဖြစ်သော်လည်း အကျဉ်းထောင် သံတိုင်များ နောက်တွင် များစွာ ကျန်ရှိ နေသေးသည်ပာု ဆိုကြသည်။

                သမ္မတဦးသိန်းစိန်နှင့်လည်းကောင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးပြီးနောက် ပီာလာရီ ကလင်တန်က “လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ယူမှုဆိုတာကို ကျွန်မတို့ အမြဲတမ်း၊ တသမတ်တည်း ထောက်ခံခဲ့ပါတယ်။အခုလည်း ဒီမှာ စတင်ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေကို အားပေးနိုင်မယ့် နည်းလမ်းတွေကို ကျွန်မတို့ ရှာနေပါတယ်” ပာု ပြောကြားသည်။

                ဒေါ်အောင်ဆန်းစုကြည်ကလည်း “သူမအနေဖြင့် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းမှုကို ထောက်ခံ ကြောင်း၊ သို့သော်လည်း ရည်ရွယ်ချက် မှာ အမှန်တရား မတိမ်မြှုပ်ရန်သာဖြစ်၍ လက်စားချေရန်၊ နိုင်ငံတကာခုံရုံးတွင် တရားစွဲရန် မပာုတ်ကြောင်း” ယခင်က ပြောကြားထားခဲ့ပြီးဖြစ်သည်။

                လူ့အခွင့်အရေးညှင်းပန်းကြောင်း စွပ်စွဲမှုများကို စုံစမ်းရန် ကုလသမဂ္ဂ၏ တောင်းဆိုမှုကို တုန့်ပြန်သောအားဖြင့် မြန်မာအစိုးရက သံအမတ် ပောာင်းများ၊ အစိုးရ အရာရှိပောာင်းများ၊ ပညာရှင်များပါဝင်သော လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ခြင်းကို ဟီလာရီက အသိ အမှတ်ပြု ပြောကြားသည်။

                သို့သော်လည်း အဆိုပါလူ့အခွင့်အရေးကော်မရှင်၏ တရားမျှတမှုနှင့် လက်ခံယုံကြည်စရာကောင်းမှုကို အာမခံ နိုင်ရန်အတွက် နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များကို ခေါ်ယူ၍ မြန်မာအစိုးရကို သူမက တိုက်တွန်းထားသည်။

************************************************************

မြန်မာနိုင်ငံအတွက် အမေရိကန်အထူးကိုယ်စားလှယ် ဂျပန်၊ တောင်ကိုးရီးယားနှင့် တရုတ် နိုင်ငံသွားမည်

(7 December 2011 ရက်စွဲပါ The Japan Today မှ U.S envoy on Myanmar to visit Japan, China, S Korea ကို ဘာသာပြန်ဆိုသည်)

              နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ တရုတ်မဟာမိတ် မြန်မာနိုင်ငံသို့ ခရီးစဉ်အပြီးတွင် အမေရိကန်နှင့် တရုတ်တို့သည် လာမည့် အပတ် တွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများအကြောင်း ဆွေးနွေးကြမည်ဟု အမေရိကန် တာဝန်ရှိသူ တစ်ဦးက အင်္ဂါနေ့က ပြောကြားလိုက်သည်။

                မြန်မာနိုင်ငံအတွက် အမေရိကန်အထူးကိုယ်စားလှယ် Derek Mitchell သည် ယခုအပတ်တွင် ဂျပန်နှင့် တောင်ကိုးရီးယားတို့၌ ဆွေးနွေးအပြီး ဒီဇင်ဘာ 12-13 တွင် Beijing သို့ သွားရောက်လည်ပတ်မည်ဟု အမည်မဖော်လိုသူ အဆိုပါတာဝန်ရှိသူက ဆိုသည်။

                ကလင်တန်၏ ပြီးခဲ့သည့်အပတ်က ခရီးစဉ်သည် နှစ်ပေါင်း ငါးဆယ်အတွင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံး အမေရိကန် ထိပ်တန်းတာဝန်ရှိသူ တစ်ဦး၏ ခရီးစဉ်ဖြစ်ခဲ့ပြီး အတိုက်အခံနှင့် တိုင်းရင်းသားများနှင့် တွေ့ဆုံမှုကို ဖွင့်ပေးခဲ့သော မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးများကို အားပေးရန် သွားခဲ့ခြင်း ဖြစ်သည်။

                သူမ၏ ခရီးစဉ်သည် ပူးပေါင်းဆောင်ရွက်ရေးအတွက်သာဖြစ်ပြီး တရုတ်ကို စိန်ခေါ်ရန်ရည်ရွယ်ခြင်း မဟုတ်ကြောင်း တရုတ်က လိုလားသည်။ သို့သော် သူမ၏ ခရီးစဉ်မှာ အမေရိကန်၏ အာရှတွင် ၎င်း၏ တည်ရှိမှု မြှင့်တင်ရန် ကြိုးစားချိန်တွင် ပစိဖိတ်အင်အားကြီးများကြား အဆင်မပြေသော ဆက်ဆံရေးများ ဖြစ်ပေါ်နေချိန်တွင် လာရောက်ခြင်း ဖြစ်သည်။

                မြန်မာနိုင်ငံ၏ စစ်တပ်နောက်ခံပြုအစိုးရသည် တရုတ်အပေါ်အဓိကထောက်ပံ့ပေးသူအဖြစ် သတ်မှတ်ထားသော်လည်း၊ မြန်မာနိုင်ငံတွင် ပြည်သူ အများစုက Beijing ၏ လွှမ်းမိုးမှုကြီးလာသောကြောင့် ခါးခါးသီးသီး ခံစားလာကြရသည်။

                အမေရိကန်အနေဖြင့် မြန်မာနိုင်ငံကို ချမှတ်ထားသော အရေးယူမှုများ ရုတ်သိမ်းပေးရန် တရုတ်က တိုက်တွန်းပြီး ကလင်တန်၏ ခရီးစဉ်ကို တုန့်ပြန်ခဲ့ သည်။ ဝါရှင်တန်ကမူ နောက်ထပ် ပြုပြင်ပြောင်းလဲမှုများ မရှိသေးပဲ ရုတ်သိမ်းရန် စောသေးသည်ဟု ပြောကြားခဲ့သည်။

                အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် ၎င်း၏ အိမ်နီးချင်းနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရှိနေစေရန် မျှော်လင့်ကြောင်း ပြောပြီး တရုတ်၏ စိုးရိမ်ပူပန်နေမှုကို ဖြေလျော့ပေးခဲ့သည်။

                Mitchell သည် ကြာသပတေးနေ့တွင် တောင်ကိုးရီးယား၌ ဆွေးနွေးမည်ဖြစ်ပြီး ထိုနေ့တွင်ပင် ဂျပန်နိုင်ငံသို့ ခရီးဆက်မည်ဖြစ်ကြောင်း အဆိုပါ အမေရိကန် တာဝန်ရှိသူက ပြောသည်။ အဆိုပါ နှစ်နိုင်ငံသည် အမေရိကန်မူဝါဒ နှင့် မတူဘဲ မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ဆက်သွယ်မှုကို ထိန်းသိမ်း ထားသော နိုင်ငံများ ဖြစ်သည်။

                ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ပြီး၊ သမိုင်းအကြောင်းအရ မြန်မာနိုင်ငံ၏ ထိပ်တန်းအကူအညီပေးသူ ဖြစ်ခဲ့သည်။ သို့သော် အမေရိကန်၏ ဖိအားပေးမှုကြောင့် ဂျပန်သည် 2003 ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရပြီးချိန်တွင် အကူအညီအများစုကို ဖြတ်တောက်ခဲ့သည်။ သို့သော် ဂျပန်နိုင်ငံသည် မကြာမီက အကူအညီများပြန်ပေးရန် စတင်စကားပြောနေပြီ ဖြစ်သည်။

*********************************

အမေရိကန်-မြန်မာ ဆက်ဆံရေး ရှေ့သို့

(6 Dec 2011 ရက်စွဲပါ The Diplomat မှ Joshua Kurlant-zick ရေးသားသော  Moving U.S-Burma Ties forward ကို ဘာသာပြန်ဆိုသည်)

(Joshua Kurlatzick သည် Council on Foreign Relations မှ အရှေ့တောင်အာရှဖဲလိုးဖြစ်သည်)

              ပီာလာရီကလင်တန်သည် သူမ၏ မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာအစိုးရအား ဆုလာဘ်နည်းငယ်ပေးခဲ့ရာ မဲခေါင် အောက်ပိုင်း အစီအစဉ်သစ်                                                                                                                 (Lower Mekong Initiative) တွင် မြန်မာနိုင်ငံကို ပါဝင်ရန်ခွင့်ပြုခဲ့သည်။ ၎င်းမှာ ဖိုရမ်ဖြစ်ပြီး လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနှင့် အမေရိကန်ုတို့ ပါဝင်ကာ မဲခေါင်မြစ်တစ်လျှောက် ရေကိစ္စနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေးရန် ရေးဆွဲထားသည်။ Los Angeles Times ၏ အဆိုအရ ကလင်တန်သည် ဒုတိယကမ္ဘာစစ် အတွင်းက ကျဆုံးသွားသော အမေရိကန်စစ်သားများအနက် ကျန်ရှိသော စစ်သား (၆၀၀)ကျော် ရှာဖွေရေးကို အမေ ရိကန်နှင့် မြန်မာ ပူးတွဲလုပ်ဆောင်ရန် အဆိုပြုခဲ့သည်ပာု သိရှိရသည်။ ထို့အပြင် အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် IMF နှင့် ကမ္ဘာ့ဘဏ် တို့မှ အကူအညီများကို ဆက်လက်ပိတ်ပင်ခြင်းမပြုတော့ပါ။

                ၎င်းတို့သည် ခြေလှမ်းငယ်လေးများဖြစ်သော်လည်း အမေရိကန်အစိုးရသည် ကလင်တန်၏ ခရီးစဉ်အပေါ်မှ အောက်ပါ လုပ်ငန်းများကို မကြာတင် သော ကာလတွင် လုပ်ဆောင်သင့်သည်။

(၁)            ပထမဦးစွာ အမေရိကန်ပြည်ထောင်စုသည် အခြေအနေ ပြန်လည်ကောင်းမွန်လာရေး ပူးတွဲလုပ်ဆောင်ရေး အစီအစဉ်သစ်ကို ဖြစ်နိုင်သမျှ အမြန်ဆုံးစတင်သင့်သည်။ အမေရိကန်နှင့် ကာလကြာရှည် ဆက်ဆံရေးမကောင်းခဲ့သည့် လာအိုကဲ့သို့သော နိုင်ငံများတွင် ပြန်လည်တိုးတက် ကောင်းမွန် ရေး ပူးတွဲလုပ်ဆောင်ရေးအစီအစဉ်များသည် နှစ်နိုင်ငံ ပြည်သူများ အချင်းချင်း ဆက်ဆံရေးကောင်းမွန်ရန် အားပေးရာတွင် များစွာအသုံးဝင်ပြီး၊ ပို၍ ကြီးမားသော ကြိုးပမ်းမှုများ အတွက် အစပြုမှုပင်ဖြစ်ပါသည်။ အစိုးရတာဝန်ရှိသူများအနေဖြင့်လည်း အမေရိကန်ပြည်ထောင်စု၏ အပေါင်းလက္ခဏာ ဆောင်သော သဘောထားကိုလည်း တွေ့မြင်နိုင်မည်ဖြစ်သည်။

(၂)            အမေရိကန်အစိုးရသည် မြန်မာနိုင်ငံနှင့် ပြည်သူချင်းဆက်ဆံရေး တည်ဆောက်နိုင်ရန် နီးစပ်သော ကြိုးပမ်းမှုများ ချမှတ်လုပ်ဆောင်သင့်သည်။ ထိုသို့လုပ်ဆောင်ရာတွင် မြန်မာကျောင်းသားများ အမေရိကန်ပြည်ထောင်စုသို့ လာရောက်နိုင်ရန် Fulbright စကောလားရှစ်များ အရေးကြီးစွာ တိုးချဲ့ရ မည်ဖြစ်သည်။ ရန်ကုန်ရှိ အမေရိကန်သံရုံးတွင် ဆွေးနွေးပွဲများ ပိုမိုကျင်းပပြီး လူမှုရေးမီဒီယာနှင့် အခြားရေစီးကြောင်း အကြောင်းအရာများ ဆွေးနွေး ရမည်ဖြစ်သည်။ သံရုံး၏ မာလ်တီမီဒီယာ ဗပိာုဌာန ဖြစ်သော အမေရိကန်စင်တာအားလည်း တိုးချဲ့ရမည်။

(၃)            အမေရိကန်ပြည်ထောင်စုသည် အနာဂတ်တွင် မြန်မာနိုင်ငံသို့ အကူအညီပေးရေးအစီအစဉ်များ ပြင်ဆင်လျက်ရှိရာ ထိုင်း-မြန်မာ နယ်စပ်တွင် ဆယ်စုနှစ် နှစ်ခုခန့် လုပ်ကိုင်ခဲ့သော အကူအညီပေးရေးအဖွဲ့များနှင့် မီဒီယာများ အတွေ့အကြုံများကို အစိုးရအနေဖြင့် စုစည်းအသုံးချရေး စတင်လုပ် ဆောင်သင့်သည်။ အဆိုပါ အုပ်စုများသည် တိုင်းရင်းသားများအရ လည်းကောင်း၊ စစ်ပွဲများ ဖြစ်ပွားခြင်းဖြင့်လည်းကောင်း၊ အုပ်စုကွဲများ အနေဖြင့် လည်း ကောင်း ကွဲပြားနေသော မြန်မာများအပေါ် အကူအညီများခွဲဝေပေးရာတွင် ရှုပ်ထွေးမှုများ ရှိခြင်းအပေါ် အတွေ့အကြုံ များစွာ ရှိထားကြသည်။ ထိုအထဲမှ အချို့ အကူအညီပေးရေးလုပ်သားများသည် အနာဂတ်တွင် မြန်မာနိုင်ငံ တွင်းတွင် ပြန်၍ လုပ်ကိုင်ကြရမည်ဖြစ်ရာ၊ အမေရိကန်နှင့် အခြား အလှူရှင်များ သည် ၎င်းအုပ်စုများ၏ အတွေ့အကြုံ များကို အားလုံးပါဝင်အောင်စုစည်းသင့်သည်။

(၄)            အမေရိကန်အစိုးရသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးမြို့တော် နေပြည်တော်တွင် သံတမန်တစ်ဦးအား ပုံမှန်နေရာ ချထားရေးကို ချက်ခြင်းဆောင်ရွက် သင့်သည်။ ရန်ကုန်တွင် သံရုံးကို ထားခြင်းသည် မြန်မာကို Burma ပာု ခေါ်သည်နှင့်တူပြီး ဗိုလ်ချုပ်များ၏အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံသည့်နည်းလမ်းဖြစ်သည်။ ထိုအခါ စစ်အစိုးရကလည်း အမေရိကန်သံတမန်များနှင့် တွေ့ဆုံသည့် အခါတိုင်း မနှစ်သက်သည့် သဘောကို ပြသခဲ့သည်။ ယခုအခါ အမေရိကန်သံအမတ်ကြီး ပြန်လာရန် အလားအလာများ ရှိနေသော်လည်း ၊ အစိုးရသည် သံရုံးကို ရွှေ့မည်မပာုတ်သေးပေ။ အဆိုပါ လုပ်ငန်းစဉ်သည် အချိန်ကြာပြီး ခက်ခဲသော လုပ်ရပ်ဖြစ်သည်။ ကျွနိုပ်အနေဖြင့် ငြင်းချက်ထုတ်ရသော် လွှတ်တော် ရှိပြီး အစိုးရဆုံးဖြတ်ချက်များ ချမှတ်သည့် နေပြည်တော်တွင် အမြဲတမ်း အမေရိကန်သံတမန်တစ်ဦး ရှိနေရေးသည် ယခုအခါ လိုအပ်ချက် တစ်ခုဖြစ်နေပါပြီ။

                            ***********************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs