Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

 ၄.၃..၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အလွဲတစ်ခု ပြန်လည် တည့်မတ်ခြင်း

*****************************************

ဆောင်းပါးကဏ္ဍ

အလွဲတစ်ခု ပြန်လည် တည့်မတ်ခြင်း

မောင်ဝံသ

(မတ် ၁ ထုတ် Popular News အတွဲ (၄) အမှတ် (၉) မှ ထုတ်ယူဖော်ပြသည်။)

တောင်အာဖရိကနိုင်ငံမှာ နိုင်ငံရဲ့ပထမဆုံး လူမည်းသမ္မတ နယ်လ်ဆင်မင်ဒဲလားရဲ့ရုပ်ပုံ ရိုက်နှိပ်ထားတဲ့ ယူနစ်အသေးဆုံးကနေ အကြီးဆုံးအထိ ငွေစက္ကူများကို ထုတ်ဝေ ဖြန့်ချိသုံးစွဲသွားဖို့ စီစဉ်နေတယ်ဆိုတဲ့ ဘီဘီစီ သတင်းတစ်ပုဒ်ကို မကြာသေးခင်က အင်တာနက်မှာ ဖတ်လိုက်ရတယ်ဗျ။ တောင် အာဖရိကနိုင်ငံမှာ ရာစုနှစ်နဲ့ချီပြီး ကြီးစိုးလွှမ်းမိုးတွင်ကျယ်ခဲ့တဲ့ ‘အပါသိုက်’ခေါ် အသားအရောင် ခွဲခြားမှုစနစ်ဆိုးကို ဒူးမထောက်လက်မမြှောက် အလျှော့ မပေးဘဲ မစေ့စပ်စတမ်း ရွပ်ရွပ်ချွံချွံ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့မှုကြောင့် ထောင်ထဲမှာ ၂၇ နှစ်နေခဲ့ရတဲ့ မင်ဒဲလားဟာ ၁၉၉ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့တယ်ဗျ။ သူပြန်လည်လွတ်မြောက်လာခဲ့ခြင်း ၁၂ နှစ်တင်းတင်း ပြည့်မြောက်တဲ့နေ့မှာ အဲဒီငွေစက္ကူတွေ ထုတ်ဝေဖြန့်ချီ မယ့်အစီအစဉ်ကို လက်ရှိ သမ္မတဂျက်ကော့ဇူးမားက ထုတ်ဖော်ကြေညာခဲ့တာ ဖြစ်တယ်ဗျ။ တောင်အာဖရိကနိုင်ငံက ဒေသခံတိုင်းရင်းသား လူမည်းများ အတွက်သာမက ကမ္ဘာတစ်လွှားက လူမည်းများအတွက်ရော ခွဲခြားဖိနှိပ်ဆက်ဆံ ခြင်းခံနေကြရတဲ့ လူနည်းစု၊ လူမျိုးစုဝင်များအားလုံး လူ့အခွင့်အရေး ချိုး ဖောက်ခြင်း ခံနေကြရသူ လူသားအားလုံးအတွက်ပါ မီးရှူးတန်ဆောင် တစ်ခုဖြစ်တဲ့ မင်ဒဲလားဟာ ကမ္ဘာ့ အကြီးဆုံး အံချော်လွဲမှားမှုတွေထဲ က တစ်ခုဖြစ်တဲ့ အသားအရောင် ခွဲခြားမှုစနစ်ဆိုးကို တစ်ဘဝလုံး ပေးဆပ်စတေးပြီး ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ သူ့ရဲ့လှုပ်ရှားမှုများအတွက် ၁၉၉၃ မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဆွတ်ခူးနိုင်ခဲ့တယ်ဗျ။

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့ခဲ့ပုံ

နောက်တစ်နှစ်မှာ ကျင်းပတဲ့ နိုင်ငံရဲ့ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲမှာ မင်ဒဲလားဦးဆောင်တဲ့ အာဖရိက အမျိုးသား ကွန်ဂရက် (ANC)က အဓိကပြိုင်ဘက် လူဖြူတွေရဲ့ပါတီအပေါ် မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တယ်ဗျ။ အခြေခံဥပဒေသစ်အရ သူ့ပါတီက တစ်ပါတီတည်း အစိုးရဖွဲ့နိုင်တဲ့ အနေအထားမှာ ရှိခဲ့ပေမယ့် အင်မတန်မှ အမြော်အမြင်ကြီးမားတဲ့ မင်ဒဲလားက လူဖြူတွေပါ ပါဝင်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းခဲ့တာကြောင့် သူ့ရဲ့လုပ်ရပ်ကို ကမ္ဘာက အံ့သြလေးစားချီးကျူးခဲ့ကြတယ်ဗျ။ ဒါ့အပြင် မင်ဒဲလားဟာ သူ့ရဲ့သမ္မတရာထူး ပထမသက်တမ်း ကုန်ဆုံးချိန်မှာ ပြည်သူတွေရဲ့ တစ်ခဲနက် ထောက်ခံမှုကို ဆက်လက်ရရှိနေဆဲဖြစ်ပေမယ့် ဒုတိယရာထူး သက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခြင်း မပြုတော့ဘူးဗျ။ အာဏာကို နည်းလမ်းမျိုးစုံသုံးပြီး ဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့ ကြိုးစားမှုတွေသာ တွင်ကျယ်လွှမ်းမိုးနေတဲ့ တိုက်ကြီးတစ်တိုက်အတွက် အင်မတန်မှ မြင့်မြတ် အဖိုးတန်တဲ့ အစဉ်အလာကောင်းတစ်ခုကို ချ ထား ခဲ့ တာ ပဲ ဖြစ်တယ်ဗျ။

အနားယူနေပါပြီ

အခုအချိန်မှာ အသက် ၉၃ နှစ်ရှိနေပြီဖြစ်တဲ့ မင်ဒဲလားဟာ ကျန်းမာရေးလည်း ချို့တဲ့နေပြီဖြစ်တဲ့အတွက် အများပြည်သူ မြင်ကွင်းက နောက်ဆုတ် ပြီး သူ့ရဲ့ဇာတိ ရွာကလေးမှာ အေးအေးချမ်းချမ်း အနားယူနေပြီ ဖြစ်တယ်ဗျ။

မှတ်လောက်သားလောက်စကား

မြို့တော် ပရီတိုးရီးယားက ဗဟိုဘဏ် အဆောက်အဦးမှာ ပြုလုပ်တဲ့ မင်ဒဲလားရုပ်ပုံပါတဲ့ ငွေစက္ကူတွေ ရိုက်နှိပ် ထုတ်ဝေမယ့်အကြောင်း ထုတ်ပြန် ကြေညာတဲ့ အခမ်းအနားမှာ တောင်အာဖရိကနိုင်ငံရဲ့ လက်ရှိသမ္မတ ဂျက်ကော့ဇူးမား ပြောသွားတဲ့စကားတစ်ခွန်းဟာ တကယ့်ကို မှတ်သားလောက်တယ်ဗျ။ မင်ဒဲလား အကျဉ်းထောင်က လွတ်မြောက်လာမှုကို “မျှော်လင့်ခြင်းခေတ်သစ်တစ်ခုရဲ့ နိဒါန်း” အဖြစ်တင်စားခဲ့တဲ့ ဇူးမားက မင်ဒဲလားရုပ်ပုံပါ ငွေစက္ကူတွေ ထုတ်ဝေမယ့် သူ့အစိုးရရဲ့အစီအစဉ်နဲ့ ပတ်သက်ပြီး ”အဲဒီ မကြီးကျယ်မခမ်းနားတဲ့ သာမညလုပ်ရပ်ကလေးနဲ့အတူ ကျွန်တော်တို့ တောင်အာဖရိက ပြည်သူ တွေက ဟောဒီနိုင်ငံပြည်သူတွေနဲ့ ကမ္ဘာ့လူသားထုတစ်ရပ်လုံးရဲ့ အကျိုးအတွက် စတေးပေးဆပ်ခဲ့တဲ့ ဘဝတစ်ခုအပေါ် ကျွန်တော်တို့ရဲ့ လေးနက်တဲ့ ကျေးဇူး တင်မှုကို ဖော်ပြကြမှာဖြစ်ပါတယ်”လို့ ပြောဆိုခဲ့တာ ဖြစ်တယ်ဗျ။ ဆိုလိုတာကတော့ မင်ဒဲလား ရုပ်ပုံပါတဲ့ ငွေစက္ကူထုတ်ဝေတဲ့ လုပ်ရပ်ဟာ မင်ဒဲလားက တောင်အာဖရိကနိုင်ငံအပေါ် ပြုခဲ့ဖူးတဲ့ ကျေးဇူးနဲ့ နှိုင်းစာလိုက်ရင် ဘာမှမပြောပလောက်အောင် သေးမွှားသိမ်နုတ် လွန်းလှပါတယ်လို့ ဝန်ခံပြောဆိုလိုက် တာ ဖြစ်တယ်ဗျ။ နိုင်ငံ့ဖခင်ကြီးတစ်ဦးအပေါ် နောက်မျိုးဆက် ခေါင်းဆောင်တစ်ဦးက ကျေးဇူသိစိတ်အပြည့်နဲ့ ပြောဆိုလိုက်တဲ့စကားမှန်း ပေါ်လွင်ထင်ရှား နေတယ်ဗျာ။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ

ကျွန်တော်တို့ဆီမှာလည်း လွတ်လပ်ရေးဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ရိုက်နှိပ်ထားတဲ့ ငွေစက္ကူတွေ ထုတ်ဝေ ဖြန့်ချိသွားဖို့ အစီအစဉ်ရှိ,မရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးမြန်းပြီး သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးက ပြန်လည်ပြောကြားသွားတဲ့ သတင်းကို တလောက သတင်းစာမှာ ဖတ်လိုက်ရတယ်ဗျ။ အားလုံးသိကြတဲ့အတိုင်း ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဖခင်လည်းဖြစ်၊ နိုင်ငံ လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ရင်း တိုင်းပြည်အတွက် အသက်ကို စတေးပေးဆပ်သွားခဲ့သူလည်း ဖြစ်တယ်ဆိုတဲ့အပေါ်မှာ မြန်မာ နိုင်ငံသားအားလုံးဟာ တစ်သဘောတည်း ရှိကြပေမယ့် ၁၉၆၂နောက်ပိုင်း ကာလတစ်ခုအတွင်း မြန်မာပြည်သူလူထု အများစုကြီးရဲ့ရင်ထဲမှာ ကသိ ကအောက် မကျေမချမ်းဖြစ်စရာ လေးတွေ ဖြစ်ခဲ့တယ်ဗျ။   ပြည်သူတွေရဲ့ရင်ထဲက အသံအစစ်အမှန်ကို နားစွင့်နေရတဲ့ မီဒီယာလောကသား တစ်ဦးအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာ ပြည်သူတွေက သူတို့မိဘ ဘိုးဘွားဘီဘင် အရင်းအခြာတွေထက်တောင် ပိုပြီးလေးစား မြတ်နိုးတန်ဖိုးထားတဲ့ ဗိုလ်ချုပ် အောင်ဆန်းဟာ အဲဒီနှစ် ၅ဝ ကာလ မှေးမှိန်ဖျော့တော့အောင် လုပ်ထားခြင်းခံနေခဲ့ရတယ်လို့ ခံစားနေခဲ့ကြတာ ဖြစ်တယ်ဗျ။ ဒီလိုခံစားရတာကလည်း အကြောင်းမဲ့ မဟုတ်ဘူး။ အကြောင်းအရင်း အလုံအလောက် ရှိတယ်ဗျ။ အထူးသဖြင့် ပါလီမန်ဒီမိုကရေစီ ခေတ်၊ ၁၉၄၈-၆၂ ကို သိမီလိုက် တဲ့ လူကြီးတွေမှာ ရှိတဲ့အကြောင်းအရင်းက ပိုလို့တောင်လုံ လောက်တယ်ဗျ။

ဧည့်ခန်းထဲမချိတ်ရဲအောင်

နိုင်ငံတော်က ဦးစီးကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို တစ်ချိန်က နိုင်ငံအကြီးအကဲကိုယ် တိုင် တက် ရောက်ရာကနေ နောက်ပိုင်းမှာ ဝန်ကြီးအဆင့်လောက်သာ တက်ရောက်စေခဲ့တာ အစ၊ အစိုးရရုံးဌာနကျောင်းတွေမှာ စတိလောက်သာ ကျင်းပလာခဲ့တာ အလယ်၊ ငွေစက္ကူပေါ်မှာ ဗိုလ်ချုပ်ပုံ အစား အခြားပုံတွေဝင်လာတာအဆုံး ဗိုလ်ချုပ်ရဲ့ အရေးပါမှု ဖျော့မှိန် လာတယ်ဗျ။

အလွဲတစ်ခု ပြန်တည့်သွားပြီ

              ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံရှေ့မှာ ဗိုလ်ချုပ်သမီးနဲ့ သမ္မတကြီးတို့ ကြည်လင်သော အပြုံးကိုယ်စီနဲ့ ရပ်နေကြတဲ့ပုံ သတင်းစာထဲ ပါလာပြီးတဲ့ နောက်မှာတော့ ကျွန်တော်တို့နိုင်ငံမှာ ရာစုတစ်ဝက်လောက် တည်ရှိနေခဲ့တဲ့ ‘အလွဲ’ တစ်ခု ပြန်တည့်သွားခဲ့ပြီဖြစ်တယ်ဗျာ။ ပွင့်ပွင့် လင်းလင်းပြောရရင် ပြည်သူတွေဟာ သူတို့နှစ်ပေါင်းများစွာ လိုလားတောင့်တနေခဲ့ကြတဲ့ သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ သတင်းထက် အဲဒီဓာတ်ပုံကြောင့် ပိုပြီး ‘ဟတ်ထိ’သွားခဲ့ကြတာ ဖြစ်တယ်ဗျ။ စစ်အစိုးရ အဆက်ဆက်နဲ့ ပတ်သက်ပြီး သူတို့ရင်ထဲက မကျေလည်မှုတွေဟာ အဲဒီဓာတ်ပုံကြောင့် အတော်များတဲ့ အတိုင်းအတာအထိ ပြေလျော့သွားခဲ့တာ ဖြစ်တယ်ဗျ။ ဒါကြောင့် ဒီအချက်ကို အလေးအနက်ပြုပြီး နိုင်ငံတော်အစိုးရ အနေနဲ့ ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူအသစ်တွေ ထုတ်ဝေခဲ့မယ်ဆိုရင် အစိုးရဟာ ပြည်သူတွေရဲ့ ချစ်ခင်နှစ်သက်မှုကို ထပ်မံရရှိမှာဖြစ်တဲ့အပြင် နိုင်ငံတော် အခုလျှောက်လှမ်းနေတဲ့ လမ်းကြောင်းနဲ့လည်း အံဝင်ခွင် ကျကွက်တိပဲလို့ ကျွန်တော်ကတော့ ယုံကြည်နေမိတယ်ဗျ။

**********************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၎.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ထိုင်းအစိုးရမှ မြန်မာပွာန်ဒီငွေစာရင်းပိတ်
  2. မြန်မာ-ထိုင်း နှစ်နိုင်ငံ၏ သေမင်းတမန် ရထားလမ်း ပြန်ဖောက်မည်
  3. Y Talk ခေါ်ဆိုခနှုန်းထားများ လျှော့ချသတ်မှတ်ရန်စီစဉ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် တပ်မတော်သားများ ပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
  1. ဒေါ်အောင်ဆန်းစုကြည်အား ဥရောပပါလီမန်၌ မိန့်ခွန်းပြောရန်ဖိတ်ကြား        

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ထိုင်းအစိုးရမှ မြန်မာပွာန်ဒီငွေစာရင်းပိတ်

ထိုင်းအစိုးရမှ မြန်မာပွာန်ဒီလုပ်ငန်းရှင်များ၏ ထိုင်းဘဏ်တွင် အပ်နှံထားသော ပွာန်ဒီငွေလွှဲဘဏ်စာရင်းများကို ဖေဖော်ဝါရီလနောက်ဆုံးပတ်မှ စတင်၍ ပိတ်သိမ်းလိုက်ကြောင်း ပွာန်ဒီလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့လို ပွာန်ဒီလုပ်ငန်းလုပ်ကိုင်နေတါံ လုပ်ငန်းရှင် ၃၀ ကျော်လောက်ရဲ့ ဘဏ်စာရင်းတွေကို ထိုင်းအစိုးရက ပိတ်ထားတဲ့ အတွက် တော်တော်ကို အခက်အခဲဖြစ်နေပါတယ်။ ထိုင်းအစိုးရကို အခွန်မပေးထားဘဲ ထိုင်းဘဏ်မှာ မြန်မာပွာန်ဒီလုပ်ငန်းရှင်က ကျပ်သိန်း ၅၀၀၊ ၁၀၀၀လောက် အထိ ထည့်ထားတဲ့အတွက် ထိုင်းအစိုးရက သိမ်းလိုက်တာပါ။ ငွေလွှဲတဲ့သူတွေအတွက်တော့ ဝန်ဆောင်ခတွေကို ပြောင်းလဲကောက်ခံတာ မတွေ့ရပါဘူး”ပာု အထက်ပါ ပုဂ္ဂိုလ်မှ ဆက်လက်ဆိုသည်။

မြန်မာပွာန်ဒီလုပ်ငန်းရှင်များ၏ ငွေစာရင်းပိတ်လိုက်သည့် ထိုင်းနိုင်ငံရှိ ဘဏ်နှစ်ခုမှာ ဘန်ကောက်ဘဏ်နှင့် KASIKORN Bank တို့ဖြစ်ပြီး ၎င်း ဘဏ်များ၌ ငွေသွင်းယူမှုများနှင့် ငွေထုတ်ယူမှုများ အလွန်များပြားနေသည့်အတွက် ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ဝင်ရောက် စစ်ဆေးကာ မြန်မာပွာန်ဒီလုပ်ငန်းရှင်များ၏ ပွာန်ဒီငွေ စာရင်းကို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလို ပွာန်ဒီငွေစာရင်းကို ပိတ်လိုက်တော့ ထိုင်းနိုင်ငံ နဲ့ အလုပ်ဆက်လုပ်ဖို့အတွက် တော်တော်ခက်ခဲ သွားတာ ပေါ့။ ဒီကိစ္စကို မြန်မာ-ထိုင်း နှစ်နိုင်ငံက အစိုးရတွေအနေနဲ့ တခုခုတော့ ဖြေရှင်းသင့်ပါတယ်”ပာု ပွာန်ဒီအပိတ်ခံရသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာ့ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာနိုင်စေရန် ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များမှ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ စသည့်နိုင်ငံတို့နှင့် ချိတ်ဆက်၍ နိုင်ငံခြားငွေလွှဲ လုပ်ငန်း လုပ်ကိုင်နိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

                YC

--------------------------------------------------------------------------------------------------------------------------------

မြန်မာ-ထိုင်း နှစ်နိုင်ငံ၏ သေမင်းတမန် ရထားလမ်း ပြန်ဖောက်မည်

မြန်မာ-ထိုင်းနှစ်နိုင်ငံ ဆက်သွယ်ထားသည့် သေမင်းတမန်ရထားလမ်းကို ပြန်လည်ဖောက်လုပ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ သေမင်းတမန်ရထားလမ်းကို ပြန်လည်ဖောက်လုပ်ရခြင်းမှာ ယခုအစိုးရသစ်လက်ထက်၌ ပြည်တွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်း အချို့နှင့် ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိပြီးဖြစ်သည့်အတွက် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

“သေမင်းတမန်ရထားလမ်း ပြန်ဖောက်ဖို့အတွက် ကိုရီးယားအစိုးရအေဂျင်စီတစ်ခုဖြစ်တဲ့ KOICA အာရှဖွံ့ဖြိုရေး ဘဏ်ဖြစ်တဲ့ ADB ဘဏ်နဲ့ ဂျပန် နိုင်ငံက ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေက လာရောက်ဆွေးနွေးခဲ့ကြပါတယ်”ပာု အထက် ပါ ပုဂ္ဂိုလ်က ဆက်လက်ပြေကြားသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ၏ မီးရထားလမ်းဖြစ်သည့် သေမင်းတမန်ရထားလမ်းကို မြန်မာနိုင်ငံရှိ မွန်ပြည်နယ်၊ မော်လမြိုင်၊ သံဖြူဇရပ်၊ ဘုရားသုံးဆူ မြို့များနှင့် ချိတ်ဆက်၍ ထိုင်းနိုင်ငံ ခနပူရီ၊ ကချနာဘူရီမြို့အထိ ဖောက်လုပ် သွား မည်ဖြစ်ကြောင်း သိရသည်။

                “ဒီရထားလမ်းပြီးသွားပြီဆိုရင်တော့ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ ပိုပြီးဝင်လာတော့မှာပါ။ ပြီးတော့ မပာာမဲခေါင်ဒေသရဲ့ ကုန်သွယ်မှု တွေ အားကောင်းလာပြီးတော့ ခရီးသွားလုပ်ငန်းအတွက် အရေးပါတဲ့ အရှေ့တောင်အာရှ ရထားလမ်း ဖြစ်လာမှာပါ”ပာု မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေမင်းတမန်ရထားလမ်းကို ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်ထိ ဂျပန်တပ်မတော်မှ ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ပေါင်ဘူတာမှ မြန်မာနိုင်ငံ သံဖြူဇရပ်ထိတိုင် ၁၇၅ မိုင်ရှည်လျားကြောင်း သိရသည်။

                Ref:The Voice

--------------------------------------------------------------------------------------------------------------------------------

Y Talk ခေါ်ဆိုခနှုန်းထားများ လျှော့ချသတ်မှတ်ရန်စီစဉ်

Y Talk ခေါ်ဆိုခနှုန်းထားများကို ယခုလက်ရှိ သတ်မှတ်ထားသည့်နှုန်းထားများမှ လျှော့ချသတ်မှတ်ရန် စီစဉ်လျက်ရှိကြောင်း VMG Telecoms ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ Y Talk VolP Calling ဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမီတက်နှင့် VMG Telecoms ကုမ္ပဏီ တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီကတ်ကို ဝယ်သုံးရင် ဝယ်သုံးတဲ့တန်ဖိုးအတွက် ပေးရတဲ့ငွေနဲ့ တန်ဖိုးညီမျှအောင် လုပ်နေတာဖြစ်ပါတယ်။ အခုလက်ရှိ ဈေးကြီးတယ်လို့ ကြားတယ်။ ဒီထက်သက်သာအောင် အောင်ရွက်သွားမယ်။ ဈေးနှုန်းတွေ လျှော့ချဖို့အတွက် မြန်မာ့ဆက်သွယ်ရေးနဲ့ ညှိနှိုင်းလျက်ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ စနစ်မှာ နိုင်ငံခြားသို့ အင်တာနက်အသုံးပြုပြီး တရားဝင် ဖုန်းခေါ်ဆိုနိုင်သော စနစ်ဖြစ်ပြီး ဖုန်းခေါ်ဆိုရန် Softphone နှင့်ငွေဖြည့်သွင်းရန် Customer Self Care Interface ကို ဆောင်ရွက်ထားရှိပေးကြောင်း အင်တာနက်ရ ရှိနိုင်သော မည်သည့်နေရာမှမဆို နိုင်ငံခြားတိုင်းပြည်များသို့ ခေါ်ဆိုနိုင် မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ခေါ်ဆိုရန် Account Card များနှင့် Recharge Cards (Prepaid Cards)များကို ဝယ်ယူရမည်ဖြစ်သည်။ ထိုသို့ ခေါ်ဆိုရာတွင် ခေါ်ဆိုသည့် နိုင်ငံပေါ်မူတည်၍ ကျသင့်ငွေကို Prepaid Cardsထဲမှ နုတ်ယူသွားမည်ဖြစ်ကြောင်း ယခုကျသင့်သည့် နှုန်းထားများထက် ပိုမိုသက်သာစေရေး ဈေးနှုန်း လျှော့ချသတ်မှတ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ Y Talk Soft Phone မှနေ၍ Softphone to Softphone, Softphone to Mobile, Softphone to PSTN (Public Switched Telephone Network) များသို့ ဆက်သွယ်ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ်မတ်လ ၁ ရက်နေ့ ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် တပ်မတော်သားများ ပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ၏ ၉၆ရာခိုင်နှုန်းဖြင့် ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် တပ်မတော် သားများအနေဖြင့် ပါဝင်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့ ခရီးစဉ်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

မေလ ၁ရက်နေ့ မနက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးမြို့သို့ မြန်မာ့လေကြောင်းဖြင့် ဆိုက်ရောက်လာပြီး ယင်းမှ တဆင့် ကလောမြို့နှင့် အောင်ပန်းမြို့များသို့ ဆက်လက်ထွက်ခွာခဲ့သည်။

“ကလောမှာက တပ်မတော်သားတွေများတော့ ကျွန်မတို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့လုပ်နေတာ ရှိပါတယ်။  ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရာမှာ ပါဝင်နိုင်ဖို့ အတွက် ကျွန်မတို့ပါတီကို မဲပေးစေချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ကလောမြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းတွင် ပြည်သူများအား ပြောကြားခဲ့သည်။

ကလောမြို့တွင် စစ်ဘက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ၊ စစ်လက်ရုံးတပ်များစွာ ရှိသော်လည်း မကြာမီကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရမည်မှာ သေချာနေပြီဖြစ်ကြောင်း ယင်းမြို့ခံအများစုက ဆိုကြသည်။

“တပ်ထဲမှာလည်း မိတ်ဆွေတွေရှိတော့ ညိနှိုင်းကြည့်တဲ့အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကို မဲပေးဖို့ သေချာနေပြီဆိုတာ သိရတယ်။ ဒါပေမယ့် သူတို့က တပ်မတော်သားဆိုတော့ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ဖြစ်လာနိုင်တဲ့ အခြေအနေတစ်ချို့ကိုတော့ ကြောက်နေကြတာ ရှိတယ်”ဟု အောင်ပန်းမြို့နယ်မှ ဒီချုပ်အဖွဲ့ဝင် ဦးမျိုးသန့်က ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ပါတီကို ထောက်ခံမဲပေးရန်အတွက် တပ်မတော်သား မိသားစုများစွာ အခြေချ နေထိုင်သည့် လှည်းကူးမြို့သို့လည်း စည်းရုံးရေး ခရီးထွက်ခဲ့သည်။

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် သေချာအချိန်ယူ လေ့လာခဲ့ခြင်းကြောင့် လတ်တလောတွင် ပြင်ဆင်ရန် အကြောင်းအခြင်းရာများ မရှိကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

KP

--------------------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်အား ဥရောပပါလီမန်၌ မိန့်ခွန်းပြောရန်ဖိတ်ကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား  ဥရောပပါလီမန်၌ မိန့်ခွန်းပြောကြားပေးရန် ဖိတ်ကြား ခဲ့ကြောင်း ဥရောပပါလီမန်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ဥရောပပါလီမန် လွှတ်တော်အမတ် Werner Langen ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပါလီမန် ဥက္ကဋ္ဌ Martin Schulz ၏ ဖိတ်ကြားချက်အား ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဥရောပပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ခွန်းပြောဖို့အတွက် ဖိတ်ကြားထားပါတယ်။”ပာု ဂျာမနီ လွှတ်တော်အမတ် Werner Langen ပြောကြားသည်။

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသ ခဲ့သည့်အတွက် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဂျာမနီမှ လွှတ်တော်အမတ် Werner Langen ဦးဆောင် သည့် ကိုယ်စားလှယ် ၁၁ ဦးပါအဖွဲ့သည် ဖေဖော်ဝါရီ ၂၈ ရက် နေ့၌ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ၎င်း ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ သမ္မတ၊ သက်ဆိုင်ရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အခြား လူမှု အဖွဲ့အစည်းများနှင့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ်၌ ဒေါ်အောင်ဆန်းစုကြည်အား ဥရောပ ပါလီမန်မှ Sakharov ဆုအား ချီးမြှင့်ခဲ့ပြီးကြောင်း သိရသည်။

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေး ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုများပြုလုပ်ထားသည့် ဥရောပသမဂ္ဂ(EU)မှ မြန်မာနိုင်ငံအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် လာမည့်ဧပြီလတွင် အီးယူ အစည်းအဝေးခေါ်ယူကာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုတ် သိမ်းရေးကိစ္စရပ်အားဆွေးနွေးမည်ဖြစ်သည်။

“EU နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကိုသာ ရုတ်သိမ်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံထဲကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဒီ့ထက်ပိုဝင်လာတော့ မှာပါ။ ပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေကို အထောက်အကူပြုပေးမယ့် နိုင်ငံခြားနည်းပညာတွေ၊ ငွေကြေးတွေ ပိုမိုရရှိလာနိုင်မှာပါ။ ကြားဖြတ် ရွေးကောက်ပွဲသာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ်ဆိုရင်တော့ EU ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေပာာ ရုတ်သိမ်းသွားမယ်လို့ထင်ပါတယ်”ပာု မြန်မာ့ နိုင်ငံရေး လေ့လာနေသူ တစ်ဦးက ဆိုသည်။

YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

 “အရင်က ကျပ်သုံးသိန်းတန် ဂျီအက်စ်အမ်ဖုန်းတွေ ချပေးမယ်ဆိုပြီး သတင်းတွေထွက်နေရာကနေ ကျပ် နှစ်သိန်းတန် ထွက်မယ်၊ ငွေကျပ် ငါးထောင်တန် ဖုန်းလည်းထွက်မယ်ဆိုပြီး အမျိုးမျိုးကြားနေခဲ့တာ။ အခုတော့ ကျပ်တစ်သိန်းရှစ်သောင်းနဲ့ ထွက်မယ်လို့ သိရတယ်။ ကျပ်ငါးထောင်တန် ဖုန်းမဟုတ်ပေမယ့် လည်း ကျပ်တစ်သိန်းရှစ်သောင်းနဲ့ဆိုတော့ လူတန်းစားမရွေး ၀ယ်နိုင်မှာပါ။ ဒါပေမယ့် ကျပ်ငါးထောင်တန်ဖုန်းတွေ ချပေးမယ်ဆိုရင်တော့ အတိုင်းမသိ ၀မ်းသာကြမှာပါ”

မတ် ၂ ထုတ် Biweekly ELEVEN   အတွဲ (၄) အမှတ် (၄၈) တွင်ပါသည့် “ဂျီအက်စ်အမ်ဖုန်းများကို ကျပ် ၁၈၀၀၀၀ ဝန်းကျင်ဖြင့် မတ် ၅ ရက်နေ့မှ စ၍ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ချပေးမည်ဟု သတင်းထွက်ပေါ်” သတင်းမှ ပျဉ်းမနားတွင် နေထိုင်သည့် ဒေသခံတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်က ဖြေလျှော့  ပေးလိုက်သော မီဒီယာ စည်းကမ်းများ၊ သတ်မှတ်ချက်များကြောင့် အဆိုပါ ဂျာနယ်၊ မဂ္ဂဇင်းများ သည် ပြည်သူများအကြား ထဲထဲ ဝင်ဝင် ရောက်ရှိလာသည်။ ၎င်းတို့၏   ရေးသားဖော်ပြချက်များသည် ပြည်သူများ၏ အားနည်းချက်၊ အားသာချက်ကို ထောက်ပြနိုင်သလို ဌာနဆိုင်ရာများ၏ အားနည်းချက်၊ အားသာချက်များကို လည်း ထောက် ပြနိုင်လာသည်။

စတုတ္ထမဏ္ဍိုင်ဟူသော စာနယ်ဇင်းများ၏ ဂုဏ်ပုဒ်ကို ပိုမိုပီပြင်စွာ ဖော်ညွှန်းလာသည်။ မီဒီယာဟူသည် ဤသို့ ဖြစ် ရမည်ဟု စာရေးသူ ခံယူသည်။ သို့ဆိုလျှင် စာရေးသူတို့အိမ်တွင် မိသားစုဝင်သဖွယ်ဖြစ်နေသော နိုင်ငံပိုင်သတင်းစာများလည်း အလားတူ အားကောင်းလာစေချင်သည်။ နောက်ကျန်ခဲ့၍ တော့ မဖြစ်။ ယခုအချိန်တွင် နိုင်ငံပိုင် သတင်းစာ များအပေါ် ပြည်သူများ အဓိက အားထားရာအချက်နှစ်ခု ရှိနေသည်။ ပထမအချက်မှာ နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် သတင်း ထုတ်ပြန်ချက်များကို နိုင်ငံပိုင် သတင်းစာများမှ စဉ်ဆက်မပြတ် ဖတ်ရှုနိုင်သောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ သတင်းဖော်ပြချက် များခိုင်မာသောကြောင့် ဖြစ်သည်။ သို့သော် ခေတ်အခြေအနေအရ နိုင်ငံပိုင်သတင်းစာများသည် ပြည်သူများကို ဆွဲဆောင်နိုင်ဖို့ လိုအပ်လာသည်။ ပြုပြင် သင့်သည်များကို ရဲရဲတင်း တင်းပြုပြင်ရန် လိုအပ်သည်။

မတ် ၁ ထုတ် Popular News တွဲ (၄) အမှတ် (၉) တွင်ပါသည့် ဆောင်းပါးရှင် မြင့်ဝေလှိုင်၏ “စတုတ္ထမဏ္ဍိုင်နှင့် နိုင်ငံပိုင်သတင်းစာများ” ဆောင်းပါးမှ ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“ပြည်သူ့လှုပ်ရှားမှု မှန်သမျှဟာ အစိုးရကို ဆန့်ကျင်တယ်ဆိုတဲ့အတွေးမျိုး၊ အဲဒါဟာ အန္တရာယ်ရှိတယ်ဆိုတဲ့ အတွေးမျိုး ကျွန်တော်တို့ ပွင့်လင်း လူ့အဖွဲ့ အစည်းမှာ မရှိတော့ပါဘူး။ ပြည်သူရဲ့နစ်နာဆုံးရှုံးချက်မှန်သမျှကို ပြောဆိုဆွေးနွေးပြီး ထုတ်ဖော်ပြသနေရမယ်။ စုပေါင်းအင်အားနဲ့ လက်မှတ်ထိုးပြီးတော့ ဖော်ထုတ်တာမျိုး၊ ပြည်သူ့လှုပ်ရှားမှုတွေဟာ ထင်သာမြင်သာရှိပြီး အကြောင်းအကျိုးလည်း လျော်တယ်၊ ဥပဒေဘောင်ထဲမှာ ရှိတယ်ဆိုတာကို ပွင့်လင်း လူ့အဖွဲ့အစည်းက ဖော်ပြသွားမှာ ဖြစ်ပါတယ်”

မတ် ၂ ထုတ် Biweekly ELEVEN   အတွဲ (၄) အမှတ် (၄၈) တွင်ပါသည့် “ဥပဒေဘောင်အတွင်း လှုပ်ရှားမှုများဖြင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဖြစ်နိုင်ရန် အတွက် အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်နှင့် ပူးပေါင်းပြီးဆောင်ရွက်သွားမည်ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပြောကြား” သတင်းမှ ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs