Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၅.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ရန်ကုန်ထွက် အမှိုက်များအား အိန္ဒိယနိုင်ငံမှ ဝယ်ယူမည်
  2. မပာာဓာတ်အားလိုင်းတည်ဆောက်ရန် လွတ်ကင်းမှုမရှိသည့် နေအိမ်များ ဖယ်ရှားရမည်
  3. ရွှေမျောတိုက်ခြင်း လုပ်ဆောင်သည့် ကုမ္ပဏီများအား တောင်သူများ တရားစွဲဆိုမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကြောင့် ခရီးစဉ်များ ဖျက်သိမ်း
  2. ဒိုမန်းငြိမ်းမောင်အား ပြန်လည်ပေးအပ်ခဲ့ပြီး ဒုတိယအဆင့်အဖြစ် ရန်ကုန်တွင် တွေ့ဆုံမှုများပြုလုပ်မည်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ရန်ကုန်ထွက် အမှိုက်များအား အိန္ဒိယနိုင်ငံမှ ဝယ်ယူမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ သုံးစွဲမှုများကြောင့် နေ့စဉ်ထွက်ရှိသည့် စွန့်စပ်ပစ္စည်းများကို အိန္ဒိယနိုင်ငံရှိ ဘာဂမ်ကုမ္ပဏီမှ ဝယ်ယူနိုင်ရန် သက်ဆိုင်ရာသို့ တင်ပြခဲ့ကြောင်း သိရသည်။

“ရန်ကုန်ကထွက်တဲ့ အမှိုက်တွေကို အိန္ဒိယကုမ္ပဏီတစ်ခုက ဝယ်ဖို့ဆိုပြီး ကမ်းလှမ်းထားပါတယ်။ ရန်ကုန်မှာက နေ့စဉ် အမှိုက်က တန်ချိန် ၂၀၀၀ လောက်ထွက်ပါတယ်။”ပာု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့်အမှိုက်များကို အိန္ဒိယကုမ္ပဏီတစ်ခုမှ ဝယ်ယူနိုင်ရန်ကမ်းလှမ်းရခြင်းမှာ ယင်းအမှိုက် များမှ ထွက်ရှိသည့် မီသိန်းဓာတ်ငွေ့ဖြင့် တစ်နေ့လျှင် လျှပ်စစ်ဓာတ်အား ၅ မဂ္ဂါဝပ်ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ထိုသို့ ထုတ်လုပ်ခြင်းအားဖြင့် မှန်လုံအိမ် ဓာတ်ငွေ့ ထုတ်လုပ်မှုကို လျော့ကျစေနိုင်သည့်အတွက်ကြောင့် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒီလို ရန်ကုန်ထွက်အမှိုက်တွေကို အိန္ဒိယနိုင်ငံက ဝယ်ယူမယ်ဆိုတာ နှစ်ဖက်နှစ်လမ်း အကျိုးရှိနိုင်မယ့် ကိစ္စတွေပါ။ လက်ရှိ အိန္ဒိယနိုင်ငံမှ လျှပ်စစ် ဓာတ်အားထုတ်လုပ်ဖို့အတွက် သုံးစွဲရမယ့် ရုပ်ကြွင်းလောင်စာတွေက အခြားမှန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု မရှိတော့တဲ့အတွက် ဒီလိုမြန်မာနိုင်ငံ က အမှိုက်ဝယ်ယူရတာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

“ရန်ကုန်က နေ့စဉ် စွန့်ပစ်နေတဲ့ပစ္စည်းတွေက တော်တော်များပါတယ်။ လိုအပ်တာတွေရော မလိုအပ်တာတွေကောပေါ့။ ဒီလို အမှိုက်တွေ များလာပေမယ့် ဒီအမှိုက်တွေကို စွန့်ပစ်ဖို့အတွက်ကျတော့ နေရာအခက်အခဲ ရှိလာပြီ။ မီးရှို့လိုက်မယ်ဆိုရင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့ အပြင် အဖိုးတန် သယံဇာတတွေလည်း ဆုံးရှုံးသွားနိုင်ပါတယ်။ ဒီလို ရန်ကုန်ကထွက်တဲ့အမှိုက်တွေကို အိန္ဒိယနိုင်ငံက ဝယ်ယူပြီး လျှပ်စစ်ထုတ်မယ်ဆို တော့ အမှိုက်စွန့်ပစ်ဖို့တွေ၊ မီးရှို့ဖို့တွေအတွက် အချိန်နဲ့နေရာ မပေးရတော့ဘူးပေါ့”ပာု ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မပာာဓာတ်အားလိုင်းတည်ဆောက်ရန် လွတ်ကင်းမှုမရှိသည့် နေအိမ်များ ဖယ်ရှားရမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မပာာဓာတ်အားလိုင်းကြိုးများအား အသစ်ပြန်လည်တည်ဆောက်နိုင်ရန် လွတ်ကင်းခြင်းမရှိသည့် မင်္ဂလာဒုံ မြို့နယ်၊ နွယ်ခွေကျေးရွာအုပ်စုအတွင်းရှိ နေအိမ် ၁၅၀ ကျော်ကို ဖယ်ရှားပေးရန် သက်ဆိုင်ရာမှ ညွှန်ကြားထားကြောင်း ကျေးရွာအုပ်စုတွင်း နေထိုင်သူ များက ဆိုသည်။

“မပာာ ဓာတ်အားလိုင်းရဲ့ ကေဘယ်ကြိုးပာာ လောပိတစက်ရုံကနေ ရန်ကုန်မြို့(ဘိုခြံ)စက်ရုံအထိကို သွယ်တန်းထားတဲ့ ပင်မကြိုးဖြစ်ပါတယ်။ ဒီလို သက်တမ်းတော်တော်ကြာကြာ မပာာဓာတ်အားလိုင်း ကေဘယ်ကြိုးတွေကို အသုံးပြုခဲ့တဲ့အတွက် ကြိုးတွေပာာ အောက်ကိုအိုက်ကျပြီး အန္တရာယ် ရှိနိုင်တဲ့ အနေအထားတစ်ခုကို ရောက်သွားတဲ့ အတွက် ခုလို ပြုပြင်ရတာပါ”ပာု လျှပ်စစ်ဓာတ်အားလိုင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုသို့ မပာာဓာတ်အားလိုင်းအား ပြန်လည်တည်ဆောက်နိုင်ရန် ပေ ၅၀ အတွင်းမှ နေအိမ်များကို ဖယ်ရှားရန် သက်ဆိုင်ရာမှညွှန်ကြားပြီး ဖယ်ရှား ခံနေအိမ်များမှ ပြည်သူများမှာ မည်သည့်နေရာသို့ ပြန်လည်ပြောင်းရွှေ့ရမည်ဆိုသည်ကို တရားဝင်ညွှန်ကြားထားခြင်းမရှိသေးကြောင်း သိရသည်။

“အရင်ကတည်းက မပာာဓာတ်အားလိုင်းအောက်မှာ လူတွေမနေရဘူးလို့ ညွှန်ကြားထားပါတယ်။ နောက်ပိုင်းကျ နေစရာမရှိလို့ဆိုပြီး အဲ့ဒီ နေရာ တွေမှာ လူတွေလာနေကြတာပါ။ တချို့ဆို မပာာဓာတ်အားလိုင်းအောက်တွေမှာ နေထိုင်ခဲ့တာက အနှစ် ၃၀ကျော်ပြီ”ပာု ၎င်းက ဆက်လက်ပြောကြား သည်။

မပာာဓာတ်အားလိုင်း ပြန်လည်ပြုပြင်ရန် မလွတ်ကင်း၍ ပြောင်းရွှေ့ရမည့် ကျေးရွာအုပ်စုတွင် စုစုပေါင်းအိမ်ခြေ ၂၁၇၈ စုရှိပြီး ၎င်းကျေးရွာ၌ လူဦးရေ ၉၈၃၄ ဦးတို့ နေထိုင်လျက်ရှိကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ရွှေမျောတိုက်ခြင်း လုပ်ဆောင်သည့် ကုမ္ပဏီများအား တောင်သူများ တရားစွဲဆိုမည်

သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိဘဲ ရွှေမျောတိုက်ခြင်း ကိစ္စရပ်အား လုပ်ဆောင်လျက်ရှိသော ကုမ္ပဏီများကို နွေစပါးစိုက်တောင်သူများမှ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပာုမ္မလင်း ဒေသခံတောင်သူတစ်ဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပာုမ္မလင်းမြို့နယ်၊ နောင်တောကျေးရွာ လယ်သမား ၄၀ ခန့်၏ လိုင်ကောက်ခံကွင်းနှင့် ဝှေ့ဖလားကွင်းတို့တွင် လယ်ဧက ၂၀၀ ကျော်ခန့်ကို ၁၉၇၈ ခုနှစ်ဝန်းကျင်ခန့်မှ စတင်၍ နှစ်စဉ် နွေစပါးစိုက်ပျိုးခြင်းများကို လုပ်ဆောင်ခဲ့ပြီး ၎င်း စိုက်ခင်းများအနီးတွင် ကုမ္ပဏီ(၂၀) ခန့်မှ ရွှေမျောတိုက်ခြင်းလုပ်ငန်းကို လာရောက်လုပ်ဆောင်နေသည့်အတွက် တောင်သူများ၏ လယ်မြေများမှာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံတောင်သူ တစ်ဦးက ဆိုသည်။

ထိုသို့ ကုမ္ပဏီများ၏ ရွှေမျောတိုက်မှုကြောင့် နွေစပါးစိုက်တောင်သူများ၏ လယ်မြေများ ဆုံးရှုံးခဲ့ရသည့်အတွက် ၂၀၁၁ ဒီဇင်ဘာ ၂၁ရက်နေ့ တွင် သက်ဆိုင်ရာသို့ တားမြစ်ပေးပါရန် တင်ပြခဲ့သော်လည်း ကုမ္ပဏီများမှ ရပ်တန့်ခြင်းမရှိဘဲ ရွှေမျောတိုက်ခြင်းကိစ္စရပ်များကို ဆက်လက်လုပ်ဆောင် နေသည့် အတွက် ယခုကဲ့သို့ ထပ်မံ၍ တရားစွဲဆိုရန် ပြင်ဆင်ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နွေစပါးစိုက်တောင်သူများ၏ လယ်ဧကများအနီး ကုမ္ပဏီများမှ ရွှေမျောတိုက်ခြင်းများကို လာရောက် လုပ်ဆောင်နေသည့်အတွက် နွေစပါးစိုက်ခင်းများထဲသို့ မျောစီးသဲစာကျောက်များ ဖုံးလွှမ်းခဲ့ပြီး လယ်မြေများ ပျက်စီးဆုံးရှုံးလျက်ရှိကာ တောင်သူများမှ လယ်မဲ့၊ ယာမဲ့ အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူတစ်ဦးက ဆိုသည်။

Ref:နေပြည်တော်တိုင်းမ်

 

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကြောင့် ခရီးစဉ်များ ဖျက်သိမ်း

ရန်ကုန်၊ မတ် ၂၅။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးချို့ယွင်းမှုကြောင့် မတ်လ ၂၅ရက် နှောင်းပိုင်းကာလများတွင် စီစဉ် ထားသည့် ရွေးကောက်ပွဲ အောင်နိုင်ရေးနှင့်စည်းရုံးရေး ခရီးစဉ်များကို ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်ကြေငြာသည်။

မတ်လ ၂၅ ရက်က ထွက်ခွာသည့် မြိတ်ကျွန်းစုခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးမှာ ရုတ်တရက် ချို့ယွင်းခဲ့ပြီး ယင်းမြို့ရှိ အဖွဲ့ချုပ် ပါတီဝင်တစ်ဦးနေအိမ်တွင် ခေတ္တတည်းခိုကာ ဆေးဝါးကုသမှုခံယူခဲ့ရသည်။

“မနေ့က စက်လှေပေါ်မှာလည်း တစ်လမ်းလုံး အန်တယ်။ ဒီနေ့လည်း လေယာဉ်ပေါ်မှာ အန်တယ်ကြားတယ်။ ဒီလို အခြေအနေတွေကို ဆရာဝန်က ဆေးစစ်ကြည့်တော့ ခရီးထွက်ဖို့ကို ထောက်ခံချက်မပေးနိုင်ဘူး။ ဒါကြောင့် ခရီးစဉ်တွေ ဖျက်လိုက်ရတာပါ”ဟု ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။

“ဒေါ်စုက ခရီးပန်းသွားတာပေါ့။ မြိတ်ကိုသွားတုန်းကလည်း လှေမူးတာကြောင့် အခုလို နေမကောင်းဖြစ် သွားတာလို့ ထင်တယ်။ ပြီးတော့ မကြာ ခဏဆိုသလို အန်လည်းအန်တယ်။ သွေးပေါင်ချိန်ကြည့်တော့လဲ သွေးပေါင်ကျနေတယ်။ အဖျားလည်းရှိနေတာကြောင့် ခရီးဆက်မထွက်ဖို့ ဒေါက်တာ တင်မျိုးဝင်းကပြောတာနဲ့ မကွေးတိုင်းက ခြောက် မြို့နယ်မှာ ပါတီးစည်းရုံးရေးလုပ်ဖို့ စီစဉ်ထားတာကို ဖျက်လိုက်ရပါတယ်။ ဒီနေ့ လောက်တော့ ရန်ကုန်ကို ပြန်ရောက်မှာပါ”ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သည့် ညောင်ဦးနှင့် မကွေးမြို့သို့ ခရီးထွက်ခွာရန် ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခရီးစဉ်များအား မည်သည့်အချိန်တွင် ပြန်လည်စတင်မည်ကို ပြောနိုင်ခြင်းမရှိကြောင်း ယင်းပါတီမှ ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဆက်လက်ထွက်ခွာမည့် မကွေးခရီးစဉ်ဖျက်သိမ်းခဲ့ပြီး မကွေးမြို့၊ တောင်တွင်းကြီး မြို့နှင့် နတ်မောက်မြို့များရှိ ပြည်သူလူထုအား တောင်းပန်ကြောင်းပါသည့် ကြေညာချက်တစ်စောင်အား ထုတ်ပြန်ခဲ့ရသည် ဟုလည်း သိရသည်။

KP

--------------------------------------------------------------------------------------------------------------------------------

ဖဒိုမန်းငြိမ်းမောင်အား ပြန်လည်ပေးအပ်ခဲ့ပြီး ဒုတိယအဆင့်အဖြစ် ရန်ကုန်တွင် တွေ့ဆုံမှုများပြုလုပ်မည်

လက်ရှိတွင် ဒေသတွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများပြုလုပ်နေသည့် မြန်မာအစိုးရမှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကေအန်ယူမှ ငြိမ်းချမ်းရေးအဖွဲ့တို့သည် မဲဆောက်မြို့တွင် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများကို မဲဆောက်မြို့၌ ပြုလုပ်ခဲ့ကြပြီး နောက်ထပ် ဆွေးနွေးမှုများကို ဧပြီလ ၄ရက်နေ့မှစတင်၍ ရန်ကုန်တွင် ပြုလုပ်သွားရန်ရှိကြောင်း သတင်းရရှိသည်။

ထိုသို့ ဆွေးနွေးမှုများပြုလုပ်ခြင်းနှင့် ပတ်သက်၍ ကေအန်ယူ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက “အခုဆွေးနွေးတာက နိုင်ငံရေးကိစ္စတွေရယ်၊ ပြန်လည်နေရာချထားပေးရေးတို့ပေါ့။ ပြီးတော့ မကြာသေးမီရက်ပိုင်းကလည်း အစိုးရက တစ်သက်တစ်ကျွန်းချခံထားရတဲ့ ကေအန်ယူက ဖဒိုမန်းငြိမ်းမောင်ကို ပြန်အပ်ပြီး အမျိုးသားပြန်လည် စည်းရုံးရေး ယုံကြည်မှုကိုတည်ဆောက်တာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ထို့နောက် နောက်ထပ် ဒုတိယအဆင့် ဆွေးနွေးမှုအား ရန်ကုန်မြို့၌ ဧပြီလ ၄ရက်နေ့မှစ၍ ၁၁ရက်နေ့အထိ ဆွေးနွေးဖို့ရှိကြောင်းနှင့် ၉ရက် နေ့တွင် ကေအန်ယူမှ ဆက်ဆံရေးရုံးများ ဖွင့်လှစ်သွားရန်ရှိကြောင်း သိရှိရသည်။

ထို့နောက် အထက်ပါပုဂ္ဂိုလ်မှ ဆက်လက်၍ “ကေအန်ယူက ဆက်ဆံရေးရုံးတွေကို ကရင်ပြည်နယ်က သံတောင်မြို့ရယ်၊ နောက်ပြီး ပဲခူးတိုင်းက ကျောက်ကြီးမြို့တွေမှာရယ်၊ တနင်္သာရီတိုင်းက ထားဝယ်မြို့တို့မှာ ဖွင့်သွားဖို့ အစီအစဉ် ရှိပါတယ်”ဟု ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ကေအန်ယူအဖွဲ့မှ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် ဖဒိုမန်းငြိမ်းမောင်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး စနေနေ့မနက်တွင် ကေအန်ယူမှတာဝန်ရှိသူများဆီိသို့ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သည် မဲဆောက်မြို့သို့ သွားရောက်၍ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သတင်းများအရ သိရသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"အက်ဖ်အီးစီကို စထုတ်ကတည်းကိုက ပြည်တွင်းကိုရောက်လာတဲ့ နိုင်ငံခြားသားတွေ ငွေကြေးကိုင်ဆောင် သုံးစွဲရမှု အဆင်ပြေအောင် လုပ်ပေးထားတဲ့ သဘောပဲလေ။ အခု နိုင်ငံခြားငွေ လဲလှယ်တဲ့ကောင်တာတွေကို လွတ်လွတ်လပ်လပ် ဖွင့်ပေးထားတဲ့အတွက် ဒီအက်ဖ်အီးစီကို ပြန်သိမ်းတဲ့သဘောပါပဲ။ လက်ရှိကိုင်တွယ် သုံးစွဲနေမှုနဲ့ ပတ်သက်လို့ ဘာပြဿနာမှ မဖြစ်စေရပါဘူး။ ဆက်သုံးနေလို့ရပါတယ်။ ဘယ်သူ့အတွက်မှ နစ်နာဆုံးရှုံးမှု မရှိစေအောင် စီစဉ်ထားတာပါ။ ဒီအတွက် ဘာမှစိုးရိမ်စရာမရှိပါဘူး”

မတ် ၂၂ ထုတ် Popular News အတွဲ (၄) အမှတ် (၁၂) တွင်ပါသည့် “ဘဏ်သို့ရောက်လာသောအက်ဖ်အီးစီ များကို ပြန်မ ထုတ်သောနည်း လမ်းဖြင့် ပြန်လည်သိမ်းဆည်းနေပြီ” သတင်းမှ ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

စိုက်ပျိုးစရိတ်ချေးငွေများအား အတိုးနှုန်း ၁၇ ရာခိုင်နှုန်းဖြင့် သတ်မှတ်ကောက်ခံခဲ့ရာမှ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် အတိုးနှုန်း ၁၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၁၂ ခုနှစ်ဇန်န၀ါရီလ ၁ ရက်နေ့တွင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းသို့ လည်းကောင်း လျော့ချသတ်မှတ်ပေးခဲ့ပြီး အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ သတ်မှတ်မှုမှာလာမည့် ဧပြီလ ၁ ရက်နေ့မှ စတင် အကျုံးဝင်မည်ဖြစ်ကြောင်းသိရသည်။

မတ် ၂၁ ထုတ် Biweekly ELEVEN အတွဲ (၄) အမှတ် (၄၉) တွင်ပါသည့် “မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်ချေးငွေ အတိုးနှုန်းအား ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ လျော့ချပေးမည်ဟုသိရ” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အခုဆိုရင် ဘတ်ဂျက်တွေ၊ စီမံကိန်းတွေနဲ့ပတ်သက်လို့ အပြန်အလှန် ထိန်းကျောင်းမှု အသက်ဝင်လာပြီဆိုတာကိုလည်း ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါ တယ်။ ထိန်းကျောင်းမှုရဲ့ Timing နဲ့ လက်ဆချိန်ဆနိုင်ရေးဟာအရေးကြီးပါတယ်။ နောက်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံဟာ အာဏာသုံးရပ်ခွဲဝေကျင့်သုံးခြင်း၊ အပြန်အလှန်ထိန်းကျောင်းခြင်း လုပ်ငန်းစဉ်တွေကို အခုမှ အသစ်တစ်ဖန်စတင်ရတာဖြစ်ပါတယ်၊ ခွဲဝေကျင့်သုံးတာနဲ့ အပြန်အလှန်ထိန်းကျောင်းတာ မတူပါဘူး။ အသွင်ကူးပြောင်းစအခြေအနေဖြစ်တဲ့အတွက် ဒီအချိန်မှာအပြန်အလှန်နားလည်မှု၊ ယုံကြည်မှု Common Ground ရှာဖွေနိုင်မှု ဒါတွေကိုအလေးထားဖို့လိုပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ပြည်သူတွေ ဆန္ဒ မစော ဖို့လည်း လိုပါတယ်။ Check and Balance အလေ့အကျင့်က အခုမှ စအသက်ဝင်ကာစ ဖြစ်ပါတယ်။ ဒီ့အပေါ်မှာ ခေတ်ဟောင်း စနစ်ဟောင်းမာန်မာနတွေ လည်းရှိနေတတ်ပါတယ်။ အီနားရှား သဘောတရားတွေလည်း သေချာသလောက် ဖြစ်ပါတယ်။ ဒီတော့ နှစ်ဖက် စလုံးကလိမ္မာပါးနပ်ကြဖို့ အမြော်အမြင်ကြီးကြဖို့ အရေးကြီးပါတယ်”

မတ် ၂၁ ထုတ် Biweekly ELEVEN အတွဲ (၄) အမှတ် (၄၉) တွင်ပါသည့် “မဏ္ဍိုင်အချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှု စတင်အသက်ဝင် လာ” သတင်းမှ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၄.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ယိုယွင်းနေဆဲ စိတ်ဓာတ်များနှင့် ပြန်လည်ရှာဖွေရဦးမည့် ပညာရေး

****************************************

ဆောင်းပါးကဏ္ဍ

ယိုယွင်းနေဆဲ စိတ်ဓာတ်များနှင့် ပြန်လည်ရှာဖွေရဦးမည့် ပညာရေး

အောင်မောင်း

သမ္မတကြီး ဦးသိန်းစိန် အစိုးရသက်တမ်း တစ်နှစ်ပြည့်တွင် ပြောကြားခဲ့သည့်မိန့်ခွန်း၌ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိနေပြီလောဟု မေးလာပါက များစွာကြိုးစားရပါဦးမည်ဟု ထည့်သွင်းဖြေကြားခဲ့သည်။ ဤသည်မှာ လက်တွေ့အကျဆုံးနှင့် ဖြစ်သင့်ဖြစ်ထိုက်သော အဖြေတစ်ခုဟု ဆိုရမည်ဖြစ်ပါသည်။ ၎င်း၏မိန့်ခွန်းတွင် မတူကွဲပြားမှုများကို လက်ခံနိုင်စွမ်းရှိမှုကိုလည်း ထည့်သွင်းပြောကြားသွားသည်။ ဒီမိုကရေစီ၏ အနှစ်သာရမှာ မတူကွဲပြားမှုများ ကို လက်ခံ၍ အများဆန္ဒနှင့်အညီဆုံးဖြတ်၍ အနည်းစု၏ အခွင့်အရေးကိုလည်း ကာကွယ်ပေးရခြင်းဖြစ်သည်မဟုတ်လော။

လက်ဝဲဝါဒဖြင့် ရာစုနှစ်တစ်ဝက်ကျော် ပျော်မွေ့ခဲ့ရသည့် မြန်မာ့နိုင်ငံရေးမှာ ကွန်မြူနစ်တို့၏ ရန်၊ငါစည်း စိတ်ဓာတ်အကြွင်းအကျန်များ ရှိနေကြဆဲဖြစ်သလို မိမိဟာဒယနှင့်မတွေ့လျှင် လက်ခံနိုင်စွမ်းခဲယဉ်းသည့် မိမိတို့လူမျိုးစိတ်ဓာတ်မှာလည်း သမိုင်းတင်တည်းက ရှိနေခဲ့သည်ဖြစ်ရာ မတူကွဲပြားမှုကို လက်ခံနိုင် စွမ်းရှိသည့် အလေ့အကျင့်ကောင်းများကို မွေးမြူနိုင်ရန် အချိန်ယူကြိုးပမ်းရပေလိမ့်ဦးမည်။ ထိုသို့ကြိုးပမ်းရာတွင် တစ်ရက်တည်းတစ်နေ့တည်းဖြင့် ကြိုးပမ်း ၍မရဘဲ အနည်းဆုံး မျိုးဆက်တစ်ခုခန့် အချိန်ယူရဦးမည်ဖြစ်ရာ ယနေ့လူငယ်တွေသည် စစ်မှန်သော ဒီမိုကရေစီနိုင်ငံအတွက် မျိုးစေ့ကလေးများ ဖြစ်ကြ သည်။ မျိုးစေ့မှန်မှ အပင်သန်မည်ဖြစ်ရာ ယနေ့လူငယ်တွေကို ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနှင့် ဆုံးဖြတ်နိုင်စွမ်းရှိရန် လေ့ကျင့်ပျိုးထောင်ပေးရမည် ဖြစ်ပါ သည်။ ထိုသို့ လေ့ကျင့်ပျိုးထောင်ပေးရာ၌ အရင်းစစ်တော့ အမြစ်ပေါ်ဆိုသကဲ့သို့ ပညာရေးက အဓိကကျလာသည်ဟု ဆိုရမည်ဖြစ်သည်။ ပညာဆိုသည်မှာ အဆိုးအကောင်း အကျိုးအကြောင်းကို ဆင်ခြင်တတ်သောဥာဏ်ဟုဆိုပေရာ စာတတ်သည်နှင့် ပညာတတ်သည်ဟူသော သဘောသဘာဝ နှစ်ရပ် ခြားနား နေသည်ကို သတိပြုရာသည်။ ယနေ့လူငယ်တွေကြားမှာ စာတတ်တွေများသော်လည်း ပညာမတတ်တွေများနေသည်ဟု ဆိုရမည်ဖြစ်သလို စာပင် မတတ်တော့သည့် လူငယ်တွေလည်း များပြားလာသည်။ ဒီမိုကရေစီဟူသောစနစ်တွင် အားလုံးက ကိုယ့်တာဝန်ကိုယ်ယူရသည်ဖြစ်ရာ သဘောထား ကွဲပြားမှုတွေ လက်သင့်ခံနိုင်ရုံ၊ ကျိုးကြောင်းဆင်ခြင်နိုင်ရုံထက် မိမိကိုယ်ကို ပရော်ဖက်ရှင်နယ်ပီသအောင်လည်း ပြုမူနေထိုင်ရတော့မည်ဖြစ်သည်။ ထောင်ကျဖူးရုံဖြင့် နိုင်ငံရေး လုပ်၍မရ၊ ပြည်သူ့ရေးရာမူဝါဒနှင့် နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်တွေကို ပေါက်မြောက်အောင်မြင်ဖို့လိုသည်။ အစိုးရ ရုံးတစ်ရုံးတွင် ညွှန်ကြားရေးမှူးဖြစ်ရန် စစ်မှုထမ်းဟောင်း ဖြစ်ရုံဖြင့်မရ၊ ဗျူရိုကရေစီ၏ သဘောသဘာဝ၊ မားကတ်တင်းအမြင်နှင့် သက်ဆိုင်ရာလုပ်ငန်းပိုင်း ကျွမ်းကျင်မှုရှိရန် လိုအပ်လာမည်ဖြစ်သည်။ ထိုပညာတွေသည် စာကိုအလွတ်ကျက်ရုံဖြင့် ရနိုင်မည်မဟုတ်ဘဲ ကိုယ်တိုင်လေ့လာ၍  ကိုယ်တိုင်တတ်ကျွမ်း ရန် လိုအပ်သည်။ ထိုဘာသာရပ်တွေ မတတ်ဘဲ ဒီမိုက ရေစီ စနစ်ကို တည်ဆောက်ရန် ကြိုးပမ်းခြင်းသည် ဝမရှိဘဲ ဝိလုပ်သည့် ကိစ္စပင်ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံတွင် လူငယ်အမျိုးအစားတွေ များစွာခွဲရန်မလိုသလို ၎င်းတို့တတ်သည့် ပညာတွေကလည်း ထူးမခြားနားသာရှိသည်။ ဤသည်မှာ အပြစ်မဲ့လူငယ်တွေမှာ စစ်အာဏာရှင်စနစ်အောက်တွင် စနစ်တကျ ဖျက်ဆီးခြင်းခံထားရသော ပညာရေးကိုသင်ယူခဲ့ရသည့် အကျိုးဆက်ပင် ဖြစ်သည်။ ရပ်ကွက်ထဲတွင် ဆယ်တန်းမအောင်ဘဲ လေလွင့်နေသည့်လူငယ်နှင့် ဆယ်တန်းအောင်ဘွဲ့ရလူငယ်မှာ များစွာကွာခြားမှုမရှိလှ။ စနစ်တကျ ဖျက်ဆီးထားသည့် သင်ရိုးညွှန်းတမ်းကို နည်းနည်းသာကျက်နိုင် ၍ ဆယ်တန်းမအောင်သူနှင့် များများကျက်နိုင်၍ ဘွဲ့ရသူဟူ၍ နှစ်မျိုးသာရှိသည်။ ဘွဲ့မရ လျှင် ရေခဲရေပင်ရောင်းရန် မလွယ်သော အခြေအနေကြောင့်သာ ဘွဲ့ရပညာတတ်ဟု ဟန်ကိုယ့်ဖို့လုပ်နိုင်ခြင်းဖြစ်သည်။ ပညာမတတ်သော လူငယ်များ နိုင်ငံရေးနယ်ပယ်အတွင်း ဝင်လာခြင်းက ဒီမိုကရေစီ အခြေခံတည်ဆောက်ရာတွင် ဘိလပ် မြေအစား သဲရောသကဲ့သို့ ဖြစ်စေမည်။ ယနေ့ ရပ်ကွက်ထဲတွင် လူပေလူတေလေး နှစ်ဖွဲ့ရှိပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့မတည့်ကြ၊ အလုပ်အကိုင် မယ်မယ်ရရမရှိ၍ ကြံ့ခိုင်ရေးပါတီထဲ ရောက်သူကရောက်၊ မီးသတ်ထဲ ရောက်သူကရောက်၊ စွမ်းအားရှင်ထဲ ရောက်သူကရောက် NLDနှင့် အခြားဒီမိုကရေစီပါတီထဲ ရောက်သူကရောက်ဖြင့် ထူးမခြားနားသော လူငယ်တွေ၏ အဖြစ်ကို တွေ့မြင်ရမည်ဖြစ်သည်။ ကြံ့ခိုင်ရေးဖြစ်စေ၊ NLD ဖြစ်စေ အရည်အချင်းမရှိသည့် လူငယ်ဆိုသောအချက်က အဓိကဖြစ်နေသည်။ ဒို့တာဝန် အရေးသုံးပါးကို နှုတ်တိုက်ရွတ်ဆိုခြင်းသည် ဒီမိုကရေစီမဟုတ်သလို ဒေါ်အောင်ဆန်းစုကြည်ပုံကို ခုတုံးလုပ်၍ လမ်းပေါ်တက်ကြွေးကြော်ခြင်းသည် လူငယ် နိုင်ငံရေးသမားမဟုတ်ပါဟု ဆိုရပေလိမ့်မည်။ ထိုလူငယ်များက နိုင်ငံတော်ကြီးကို ကယ်တင်မည်ဆိုသည်မှာ သံသယဖြစ်ဖွယ်ကောင်းသည်။ အရူးက တမူးသာဆိုသကဲ့သို့ ဘွဲ့လေးတခုအချောင်ရ၍ NGO လိုလို၊ မီဒီယာလိုလိုဖြစ်သွားသည့် လူငယ်တွေမှာလည်း သူတို့သာလျှင် နိုင်ငံတော်ကြီးကို ကယ်တင် မည့်သူများဟု စိတ်ကြီးဝင်၍ ကြံ့ခိုင်ရေးရော၊ NLDရော သုံးစား၍မရသည့်အမှိုက်တွေဟု ခပ်နှိမ်နှိမ်သုံး ပြောဆိုလေ့ရှိသည်။ စာရေးသူမှာလည်း ထိုအမျိုး အစားတွင် ပါဝင်သည်။ နွားခြေရာခွက်ထဲမှ ဆင်ခြေရာခွက်ထဲရောက်၍သာ အမြင်ကျယ်နေသယောင်ရှိပြီး ပြင်ပလောကကမ္ဘာကြီးကို အမှန်တကယ် မတွေ့သေးသည့် စာရေးသူတို့ကဲ့သို့ လူငယ်အမျိုးအစားဖြစ်သည်။  လခကောင်းကောင်းနှင့် အဖမ်းမခံရသော နိုင်ငံရေး၊ လူမှုရေးလုပ်၍ ရနေသော အီလစ် ဂိုက်ဖမ်း လူငယ်လေးများသာဖြစ်သည်။ အရည်အချင်းမှာ ဒေသတွင်းနိုင်ငံများမှ လူငယ်တွေ အသာထား၍ International School များမှ အလယ်တန်း ကျောင်းသားမျှပင် တွေးခေါ်နိုင်စွမ်းမရှိသည့် လူငယ်များပင်ဖြစ်သည်။  မြန်မာ့နိုင်ငံရေးတွင် လက်ဝဲအပျက်တွေ ကြီးစိုးနေသည်ဟုဆိုရလျှင် အဆိုပါ အီလစ်ဂိုက်ဖမ်းလူငယ်လေးများမှာ ဇော်ကန့်လန့် လက်ယာသမားလေး တွေပင်ဖြစ်ပေတော့သည်။

ယနေ့အချိန်အခါသည် မြန်မာလူငယ်များအတွက် အကောင်းဆုံးအချိန်အခါပင် ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံတကာ အသိုင်း အဝိုင်းမှ လူသားအရင်းအမြစ်နှင့် သက်ဆိုင်သော အကူအညီများပေးလျှက်ရှိနေရာ ပြည်သူ့ရေးရာမူဝါဒ၊ နိုင်ငံရေးသိပ္ပံ၊ ဖွံ့ဖြိုးရေး စသည့် ဘာသာရပ်များ အတွက် စကော်လားရှစ်များ အလွယ်တကူ ပေးအပ်နေသော အချိန်အခါလည်းဖြစ်သည်။ လာမည့်သုံးနှစ်အတွင်း ထိုကဲ့သို့ အခွင့်အရေးများရရန် ခက်ခဲ လာမည်ဖြစ်သည်။ လက်ရှိအခြေနေတွင် အရည်အချင်းစစ်ဆေးမှုတွေက သာမန်မျှသာရှိသေးသည်ဖြစ်ရာ မိမိတို့အတွက်လိုအပ်သည့် ဘာသာစကားနှင့် စာဖတ်လေ့ကျင့်မှုတို့ကို အလျင်အမြန်ဖြည့်တင်း၍ နိုင်ငံအတွက် လိုအပ်မည့်ဘာသာရပ်တွေ သင်ယူရန်ကြိုးပမ်းသင့်သည့် အခါလည်းဖြစ်သည်။ မည်သူ့ မည်သူမျှ အပြစ်မတင်ဘဲ ယခုမှစတင်ပြောင်းလဲကြပါစို့ဟူသော စကားသည် အပြောလွယ်သလောက် အလုပ်ခက်လှပြီး ဖန်တရာတေအောင် ပြောဆိုခဲ့ကြ သည့်တိုင် ယနေ့မြန်မာ့နိုင်ငံရေးတွင် တစ်ဦးနှင့်တစ်ဦး လက်ညှိုးထိုးမှုတွေက လည်းရှိနေဆဲသာဖြစ်သည်။ ယခုလည်း စာရေးသူအနေဖြင့် ရှိသမျှ လူငယ်တွေကို လက်ညှိုးထိုး ပြစ်တင်နေခြင်းသာဖြစ်သည်။ သို့ရာတွင် လူငယ်များဖြစ်သည့်အားလျော်စွာ လက်ညှိုးထိုးမှုတွေလျော့၍ အနာဂတ်အတွက် ယခုမှစတင်ပြင်ဆင်ပြီး ပါဝါနိုင်ငံရေးကို ကစားနိုင်သော လူငယ်နိုင်ငံရေးသမားများအဖြစ် အနာဂတ်မြန်မာ့နိုင်ငံရေးကို စိတ်ကူးယဉ်မိသည်ကတော့ အမှန်ပင်ဖြစ်သည်။

********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs