Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃၀.၄.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ယဉ်ကျေးမှုနှင့် ခေတ်ကာလ

*****************************************

ဆောင်းပါးကဏ္ဍ

ယဉ်ကျေးမှုနှင့် ခေတ်ကာလ

မိုးမြင့်ငြိမ်း

ယဉ်ကျေးမှုဆိုသည့် စကားစုကို အဓိပ္ပယ်ဖွင့်ရ အတော်ခက်ခဲပါသည်။ ယခုအချိန်ထိ လူမှုပညာရှင်များကြား၊ မနုဿဗေဒပညာရှင်များကြား၊ စာပေပညာရှင်များကြားတွင် ယဉ်ကျေးမှုဆိုသည့် အဓိပ္ပယ်ကို တစ်ကျောင်းတစ်ဂါထာဆိုသလို ဖွင့်ဆိုမှု အမျိုးမျိုးရှိကြသည်။ မည်သို့သော အဓိပ္ပယ် ဖွင့်ဆိုမှုများ ရှိနေစေတော့ ယဉ်ကျေးမှုဆိုသည်မှာ ထုံးတမ်းစဉ်လာသဘော (super custom) သဘော၊ လူ့အဖွဲ့အစည်းအတွင်း ကန့်သတ်ထားသည့် (taboo) သဘောများ ပါဝင်နေမည်သာဖြစ်သည်။ ထိုထုံတမ်းစဉ်လားများ၊ အကန့်အသတ်များကို ဖောက်ထွက်လုပ်ဆောင်သည့်သူသည် ပင်မရေစီ ကြောင်း ယဉ်ကျေးမှု (mainstream cultural) မှ သွေဖယ်သွားသည့်သဘော ဖြစ်သွားသည်။

              မြန်မာယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်သည့် သင်္ကြန်ပွဲတော်ကျင်းပပုံသည် ခေတ်ကာလများ၊ လူနေမှုပုံစံများ ပြောင်းလဲလာခြင်းနှင့်အတူ လိုက်ပါ ပြောင်းလဲလာခဲ့သည်။ ပွဲတော်ကျင်းပပုံပြောင်းလဲမှုမှာ နယ်များ၊ ကျေးလက်များတွင် မသိသာသော်လည်း မြို့ကြီးများတွင်မူ အတော်ကြီးသိသာသည်။ ရေကစားမဏ္ဍကြီးများ၊ စင်တင်တေးဂီတဖျော်ဖြေပွဲများဖြင့် သင်္ကြန်ကို ခေတ်နှင့်လျှော်ညီအောင် အသွင်ပြောင်းကျင်းပလာခဲ့သည်။ သို့သော် သင်္ကြန်၏ အနှစ်သာရမပျက်၊ ရှင်းရှင်းပြောရလျှင် သင်္ကြန်အနှစ်သာရပါသော ခေတ်မီမှုရှိသည်။ သင်္ကြန်ကာလအတွင်း နာမည်ရမင်းသမီးတစ်ဦး၏ ဝတ်စား ဆင်ယင်မှုမှာ ခေတ်မီမှုထက်ပိုသည့် သရုပ်ပျက်မှုအဆင့် ရောက်သွားပြီဟု မီဒီယာအသိုင်းအဝိုင်းမှ ဝိုင်းဝန်ဝေဖန်မှုများ ရှိခဲ့သည်။ သူကဲ့သို့ လိင်ဆွဲဆောင် အားကောင်းသည့် ဝတ်စားဆင်ယင်မှုမျိုးများ၊ အပြုအမူများ အခြားသူအချို့လည်း ဆင်ယင်ပြုမှုခဲ့သည်ကို မီဒီယာများက ဖော်ပြခဲ့သည်။ သို့သော် သူ့မှာ လူအများသိသည့် မင်းသမီးတစ်ဦးဖြစ်သောကြောင့် တနည်းယဉ်ကျေးမှု ဆိုင်ရာအီလစ် (cultural elite) ဖြစ်သောကြောင့် ပိုမိုဝေဖန်ခြင်း ခံခဲ့ရသည့် သဘော ရှိသည်။

ဤအဖြစ်အပျက်နှင့် ဆက်လျဉ်းပြီး ဆရာသူ တိုက်တိုက်ဆိုင်ဆိုင် အဖြစ်အပျက်နှစ်ခုကို သတိရမိသည်။ စာရေးသူ၏ ဆရာတစ်ဦးမှာ သမိုင်း သုတေသီတစ်ဦးဖြစ်သည်နှင့်အညီ သူ့ဆီရောက်လေတိုင်း သူ၏ အသစ်သစ်သော တွေ့ရှိမှုများကို ပြောဆိုလေ့ရှိသည်။ တနေ့သ၌ သူက ကုန်းဘောင် ခေတ် နန်းတွင်းမင်းမျိုးမင်းနွယ်များ နေထိုင်ပုံနှင့် ကိုလိုနီခေတ်ဦး ပြည်သူများ၏ လူမှုဘဝနေထိုင်ပုံများအား ပန်းချီရေးဆွဲထားမှုကို ကူးယူထားသည့် မိတ္တူ စာရွက်များကို ထုတ်ပြသည်။ မင်းတုန်းမင်း၏ ညီလာခံကျင်းပပုံနှင့် ဗြိတိန်သံအမတ်များကို မြန်မာသံအဖွဲ့က ဧည့်ခံနေပုံများဖြစ်ပြီး ယင်းတို့ထဲမှ ပုံတစ်ပုံမှာ ထူးခြားသည့် အသွင်သဏ္ဍန်ရှိသည်။ မြို့ထဲ လူစည်ကားရာနေရာတွင် ဈေးရောင်းနေသူများ၊ ပေါက်ဖော်ကြီး (တရုတ်)တစ်ဦး လမ်းလျှောက် နေပုံ၊ ကုလားတစ်ဦး လမ်ချားဆွဲနေသည့်ပုံနှင့် အမျိုးသမီးတစ်ဦး ရင်သားဖော်ထားပြီး ကလေးချီနေသည့်ပုံ ဖြစ်သည်။ ဤသို့ ဖော်ထားမှုကို ဆရာအား မေးကြည့်ရာ ယင်းမှာ ကုန်ဘောင်ခေတ်နှောင်းနှင့် ကိုလိုနီခေတ်ဦး မိခင်များ၏ လူနေမှုပုံစံတစ်မျိုးဖြစ်သည်ဟု ပြောသည်။ နောက်အဖြစ်အပျက် တစ်ခုမှာ တလောက Facebook ပေါ်တွင် မိန်းမပျိုတစ်ဦး၏ ရင်သားကိုဖော်ထားသည့် အလှဓာတ်ပုံဖြစ်သည်။ သူတို့၏ အဆိုအရ မိန်းမပျိုများသည် ကာမပိုင် မရှိသည့်အတွက် သူမ၏ရင်သားအလှကို ဖော်ပြခွင့်ရှိပြီး ကာမပိုင်ရှိသည်နှင့် ဖော်ပြခွင့် မရှိတော့ပေ။ ယခုနာဂလူမျိုးစုတွင် ထိုသို့ ဓလေ့ထုံးတမ်းမျိုး ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

လူ့အဖွဲ့အစည်းအတွင်း ယဉ်ကျေးမှုဆိုင်ရာကိုယ်စားပြုမှု (cultural representation) မှာ ထိုယဉ်ကျေးမှုကို ပုံဖော်သည့် ကိုယ်စားလှယ်ပေါ် (agent) မူတည်၍ တစ်ခေတ်နှင့် တစ်ခေတ်မတူညီသလို မျိုးဆက်တစ်ဆက်မှ တစ်ဆက် အသွင်းပြောင်းလဲသွားမှုမျိုးလည်း ရှိသည်။ ကိုလိုနီ ခေတ်ဦးတွင် အင်္ဂလိပ်များကို အတုယူ၍ အထက်တန်းလွှာမြန်မာများသည် မိမိတို့၏ မြန်မာနာမည်များရှေ့တွင် အင်္ဂလိပ်နာမည်ဖြင့် တွဲဖက်ပေးလာခြင်းမျိုး၊ အင်္ဂလိပ် လူနေမှုဟန်ပန်ကို အတုယူနေထိုင်လာခြင်းမျိုးရှိခဲ့သည်။ ဤတွင် ဦးလွန်းမှာ မောင်မှိုင်းဆိုသည့် ဗီလိန်၊ ကြာကူလီဇာတ်ကောင်ကို သူ၏ဝထ္ထုထဲတွင် ထည့်၍ မောင်မှိုင်း၏ရှေ့တွင် မစ္စတာတပ်ကာ အင်္ဂလိပ်များကို အားကျနေသောမြန်မာများကို သရော်ခဲ့သည်။ ဤသို့နှင့် ကိုလိုနီခေတ်ဦး လူ့အဖွဲ့ အစည်းတွင် မစ္စတာမောင်မှိုင်း၏အမည်ကို ဗီလိန်ဇတ်ရုပ်ဖြင့်သာ တွဲ၍မြင်လေသည်။ သို့သော် ဦးလွန်းမှာ ဤနာမည်ကို ယူ၍ သခင်ကိုယ်တော်မှိုင်း အမည်ဖြင့် နိုင်ငံလွတ်လပ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို စွမ်းစွမ်းတမန်ဆောင် ရွက်ခဲ့လေရာ နောက်မျိုးဆက်တစ်ဆက်အတွင်းတွင် ယင်းနာမည်ဂုဏ် သတင်းမှာ အောက်မှအထက်သို့ ပြောင်းပြန်ရောက်ရှိသွားခဲ့သည်။

ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြောင့်လည်း လူ့အဖွဲ့အစည်းအတွင်း ယဉ်ကျေးမှုဖက်တာ အပြောင်းအလဲများရှိမည်သာဖြစ်သည်။ ဂလိုဘယ် လိုက်ဇေးရှင်းဖြစ်စဉ်မှာလည်း လှိုင်းကြီးတစ်ခုဖြစ်သည့်အလားလျှော်စွာ တံခါးဖွင့်ထားသည့် လူ့အဖွဲ့အစည်းတိုင်းလိုလို ရိုက်ခတ်မှုရှိနေမှာဖြစ်သည်။ ဂလို ဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကြီးကို ပုံဖော်နေသည့် အဓိကနိုင်ငံများကို ကြည့်လျှင်လည်း ဖွံ့ဖြိုးတိုးတက်ပြီးသည့် အနောက်နိုင်ငံများသာ ဖြစ်ကြောင်း တွေ့ရမည်။ ထိုကြောင့် ဝေဖန်သုံးသပ်သူတစ်ချို့က ဂလိုဘယ်လိုက်ဇေးရှင်းဆိုသည်မှာ အနောက် ဇာတ်သွင်းရေး (westernization)သာ ဖြစ်သည်ဟု သုံးသပ်ကြသည်။ ဤတွင် အနောက်ယဉ်ကျေးမှုနှင့် အခြားသော ယဉ်ကျေးမှုများ၏ ပဋိပက္ခဖြစ်မှု ဖြစ်လာနိုင်ခြေရှိသည်ဟု နိုင်ငံရေးသိပ္ပံပညာရှင် ဆယ် မြူရယ်(ပီ) ဟန်တင်တန်က သူ၏ ယဉ်ကျေးမှုများတိုးတက်မှုခြင်း (Clash of Civilization) စာအုပ်တွင် ရေးသားတင်ပြထားသည်။ သင်္ကြန်ဝတ်စား ဆင်ယင်မှုကို မီဒီယာများမှ ဝေဖန်ရေးသားခြင်းသည် ယဉ်ကျေးမှုခြင်း ပွတ်တိုက်မှု တစ်မျိုးသာ ဖြစ်သည်။ ယဉ်ကျေးမှုတန်ဖိုးစံဆိုသည်မှာ ထိန်းသိမ်း စောင့်ရှောက်အပ်သလို ခေတ်နှင့်အညီ ပြင်ဆင်ပြောင်းလဲမှုများ လိုအပ်နေမည်ဖြစ်ပါကြောင်း။

****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၃၀. ၄.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ဇွန်လအတွင်း ကမ္ဘာ့ဘဏ် ရုံးခွဲများ ပြန်ဖွင့်မည်
  2. ပထမဆုံးအကြိမ် မကွေး လယ်သမားသမဂ္ဂဖွဲ့စည်း

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကုလအတွင်းရေးမှူးချုပ် နေပြည်တော်သို့ ရောက်ရှိ
  1. ပြည်သူနှင့်မဟာမိတ်တို့ကို လေးစားသဖြင့် လွှတ်တော်တက်ကြောင်း ဒေါ်ဆောင်ဆန်းစုကြည်ဆို
  2. NLD လွှတ်တော်တက်ခြင်းကို ပြည်ခိုင်ဖြိုးကြိုဆို

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ဇွန်လအတွင်း ကမ္ဘာ့ဘဏ် ရုံးခွဲများ ပြန်ဖွင့်မည်

၂၀၁၂ ဇွန်လအတွင်း မြန်မာနိုင်ငံ၌ ကမ္ဘာ့ဘဏ်ရုံးခွဲများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အရှေ့ဘာရှ၊ ပစိဖိတ်ဒေစဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လာမယ့် ဇွန်လအတွင်းမှာကို မြန်မာနိုင်ငံမှာ ကမ္ဘာ့ဘဏ်ရုံးခွဲတစ်ခု ဖွင့်သွားမယ်လို့ ကြားပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အလား အလာကောင်းတွေကို စမြင်နေရပါပြီ”ပာု မြန်မာ့အရေးလေ့လာနေသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံအတွင်း ယခုကဲ့သို့ ကမ္ဘာ့ဘဏ်ရုံးခွဲ လာရောက်ဖွင့်လှစ်ရခြင်းမှာ မြန်မာနိုင်ငံရှိ ပြည်သူများအား ကူညီနိုင်ရန်နှင့် လူထုဝန်ဆောင် မှုလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအတွက် မြန်မာအစိုးရနှင့် ပူးပေါင်းဆောင် ရွက်သွားနိုင်ရန်အတွက်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

“လက်ရှိ မြန်မာနိုင်ငံရဲ့ အဓိက လိုအပ်ချက်ကတော့ နိုင်ငံဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာ အကူအညီတွေ၊ ရသုံးမှန်းခြေ ငွေစာရင်းနဲ့ စီးပွားရေးရာ ကိစ္စတွေပဲဖြစ်ပါတယ်။ ဒီကိစ္စရပ်တွေကို ကမ္ဘာ့ဘဏ်ကျွမ်းကျင်သူတွေက ကူညီသွားမှာပါ”ပာု ကမ္ဘာ့ဘဏ်၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံအတွင်း ရုံးခွဲများလာရောက်ဖွင့်လှစ်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်အား ပေးချေရန် ကျန်ရှိနေ သေးသည့် အကြွေး အမေရိကန်ဒေါ်လာ ၃၉၃ သန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ်အား ပေးချေရန်ရှိသည့် အကြွေးအမေရိကန် ဒေါ်လာ သန်း ၅၀၀ ကို ပေး ချေရမည်ဖြစ်ပြီး ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံအတွင်း ဆင်းရဲမွဲတေမှု လျှော့ချရေး၊ အလုပ်အကိုင် ဖန်တီးရေးများအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားရန် ဆန္ဒရှိနေကြောင်း သိရသည်။ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိ ကြွေးမြီပြဿနာရပ်များအတွက် ဇွန်လအတွင်း ကမ္ဘာ့ဘဏ်၏ အရှေ့ အာရှ၊ ပစိဖိတ်ဒေသဆိုင်ရာ ဒုဥက္ကဋ္ဌ Pamela cox မှ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံအား ငွေချေးမှုများကို ၁၉၈၇ ခုနှစ်တွင် ရပ်တန့်ခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပထမဆုံးအကြိမ် မကွေး လယ်သမားသမဂ္ဂဖွဲ့စည်း

တောင်သူလယ်သမားများ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ အကြပ်အတည်းများကို စုပေါင်း ဖြေရှင်းဆာင်ရွက်နိုင်ရန် မကွေး တိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၁၀၀ မှ တောင်သူလယ်သမားများမှ စုပေါင်း၍ ပထမဆုံးအကြိမ်အဖြစ် လယ်သမား သမဂ္ဂကို စတင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း မကွေး တိုင်းဒေသကြီးမှ တောင်သူတစ်ဦးက ပြောကြားသည်။

“မကွေးတိုင်းဒေသကြီးထဲမှာရှိတဲ့ တောင်သူတွေရဲ့ အခက်အခဲတွေကို ဒီလယ်သမားသမဂ္ဂက စုပေါင်းပြီး ဖြေရှင်းနိုင်ဖို့အတွက် ဖွဲ့လိုက်တာပါ။ ဒီလယ်သမားသမဂ္ဂက လယ်သမားတွေရဲ့ အခွင့်အရေး အပြည့်အဝ ရရှိဖို့အတွက် ဦးစားပေးလုပ်ဆောင်သွားမှာပါ”ပာု မကွေးလယ်သမားသမဂ္ဂမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မကွေးလယ်သမားသမဂ္ဂအဖြစ် တရားဝင်မှတ်ပုံတင်နိုင်ရန် အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၁၀၀ မှ ကိုယ်စား လှယ်များ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဇူလိုင်လအတွင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လွှတ်တော်အဆင့်ဆင့်နှင့် နိုင်ငံတော်သမ္မတ ထံသို့ တင်ပြနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း တောင်သူတစ်ဦးက ဆိုသည်။

“မြန်မာနိုင်ငံရဲ့ အဓိကထွက်ကုန်တွေကို စိုက်ပျိုးနေတဲ့ တောင်သူတွေမှာ လက်ရှိ အခက်အခဲအများကြီးကို ကြုံတွေ့နေရပါတယ်။ ဒီတောင်သူ တွေရဲ့ အခက်အခဲတွေကို လွှတ်တော်ထဲမှာလည်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနေတာ မတွေ့ရသေးပါဘူး။ ဒီကိစ္စတွေကို ပြေလည်စေနိုင်ဖို့အတွက် လယ်သမားသမဂ္ဂကို ဖွဲ့စည်းလိုက်ရတာပါ။ တစ်နိုင်ငံလုံးမှာလည်း ဒီလိုမျိုး လယ်သမားသမဂ္ဂတွေ များများပေါ်ပေါက်လာဖို့ လိုအပ်ပါတယ်”ပာု မကွေး လယ်သမားသမဂ္ဂမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံရှိ တောင်သူများသည် လက်ရှိအချိန်တွင် အဓိကအခက်အခဲများအဖြစ် လယ်ယာမြေမှတ်ပုံတင်ခြင်း၊ ချေးငွေလုံလောက်စွာမရရှိခြင်း၊ ရာသီဥတုဖောက်ပြန်မှုများ ကြုံတွေ့ရခြင်း၊ လယ်ယာမြေလုပ်သား ရှားပါးခြင်း၊ တောင်ယာအထွက်နှုန်း လျော့ကျခြင်းများကို ခံစားရလျက်ရှိကြောင်း သိရ သည်။

YC

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကုလအတွင်းရေးမှူးချုပ် နေပြည်တော်သို့ ရောက်ရှိ

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် ဖိတ်ခေါ်ချက်ဖြင့် ရောက်ရှိလာသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် ဧပြီ ၃၀ ရက်နေ့ မနက် ကိုးနာရီက သမ္မတအိမ်တော်တွင် သမ္မတဦးသိန်းစိန် ခေါင်းဆောင်သည့်   ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ယဉ်ကျေးမှုနှင့် ပြန်ကြားရေးဝန်ကြီး ဦးကျော် ဆန်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီနှင့်အခြားသော ပြည်ထောင်စုဝန်ကြီးသုံးဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် နိုင်ငံ ရေး အခြေအနေများကို ဦးစားပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် ယင်းနေ့ ၁၀ နာရီခန့်မှာ ပြည်သူ့လွှတ်တော်သို့ သွားရောက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နှင့် တွေ့ဆုံခဲ့ပြီး၊ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် နာရီဝက်ကြာ မိန့်ခွန်းပြောခဲ့သည်။

ယင်း၏မိန့်ခွန်းတွင့် မြန်မာသမ္မတသိန်းစိန်အနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးလိမ့်မည်ဟု မိမိမျှော်လင့်ထားကြောင်း၊ ကရင် များနှင့် အပစ်အခတ်ရပ်ဆဲရေးကိစ္စ အောင်မြင်စွာ လုပ်ဆောင်နေသည်ကို မိမိတို့ကြိုဆိုပါကြောင်း၊ ကချင်များနှင့် ပတ်သက်၍မှု မည်သည့်အတွက်ကြောင့် အပစ်အခတ် မရပ်ဆဲနိုင်သည်ကို မိမိတို့ စိတ်မကောင်းဖြစ်မိပါကြောင်း ပါရှိသည်။

ဆက်လက်၍ ကုလသမဂ္ဂအနေဖြင့် မြန်မာအစိုးရ၏ ပြန်လည်သင့်မြတ် စည်းလုံးရေးလုပ်ငန်းစဉ်အတွက် ပံ့ပိုးပေးနိုင်သည့် ကိစ္စမှန်သမျှအတွက် ပံ့ပိုးပေးသွားမည်ဖြစ်သည့် မိမိတို့အနေဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လုပ်ငန်းများ အပြည့်အ၀ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့် ထားကြောင်း ပြောကြားသွားသည်။

မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံတွင် သုံးရက်ကြာနေထိုင်မည်ဖြစ်သည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် မေလ ၁ရက်နေ့တွင် တွေ့ဆုံရန် ရှိကြောင်း သိရသည်။

 -----------------------------------------------------------------------------------------------------------------------------------

ပြည်သူနှင့်မဟာမိတ်တို့ကို လေးစားသဖြင့် လွှတ်တော်တက်ကြောင်း ဒေါ်ဆောင်ဆန်းစုကြည်ဆို

ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ထောက်ခံမဲပေးခဲ့သည့် ပြည်သူလူထုနှင့် လွှတ်တော်အတွင်း NLD ကို စောင့် ကြိုနေသည့် မဟာမိတ်တို့ကို လေးစားသဖြင့် လွှတ်တော် အစည်းအဝေးများကို တက်ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၃၀ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနဖြင့် လွှတ်တော်တွင်းသို့ ရောက်သည့်အခါ ဗမာပါတီများ၊ တိုင်းရင်း သားပါတီများနှင့် လက်တွဲ၍ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်များကို လုပ်ဆောင်ရန်ရှိ ကြောင်း သိရသည်။

"အစကတည်းက ကျွန်မတို့က ပါတီမှတ်ပုံတင်ဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေတွေမှာ စာသားတွေပြင်ဖို့ ပြောတုန်းက ကျွန်မတို့ တစ်ချိန်တည်း မှာ ဒီဇယားထဲမှာပါတဲ့ ကျမ်းကျိန်လွှာကိစ္စကို ကိုင်တွယ်ဖို့ ကျွန်မအနေနဲ့ လစ်ဟင်းခဲ့ပါတယ်။ အဲဒီတော့ ဒါကို ကျွန်မ တာဝန်ယူတယ်။ ကျွန်မရဲ့ လစ်ဟင်း ချက် တစ်ခုကြောင့်မို့လို့ ပြည်သူရဲ့ဆန္ဒနဲ့ ကျွန်မတို့ မဟာမိတ်တွေရဲ့ဆန္ဒကို ထိပါးတဲ့အခြေအနေမျိုး လုံးဝမဖြစ်စေချင်ဘူး"ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားသည်။

တတိယအကြိမ် ပထမပုံမှန်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသည် ဧပြီ ၃၀ ရက်နေ့တွင် ရပ်နားလိုက်သော်လည်း၊ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာမှု မေလ ၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ လွှတ်တော်အစည်းအဝေး တက်ရောက်မည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏လွှတ်တော်ကိုယ်စားလှယ်များသည် မေလ ၁ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိလာမည် ဖြစ်သည်။

KP

 -----------------------------------------------------------------------------------------------------------------------------------

NLD လွှတ်တော်တက်ခြင်းကို ပြည်ခိုင်ဖြိုးကြိုဆို

လွှတ်တော်ကိုယ်စားလှယ်အဖြစ် လွှတ်တော်အစည်းအဝေး တက်ရောက်ရာတွင် ရွတ်ဆိုရမည့် ကျမ်းကျိန်စာသားကြောင့် လွှတ်တော်တက် ရောက်ရန် ဆိုင်းငံ့နေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် မေလ ၂ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးများကို တက်ရောက်မည် ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်ကို လွှတ်တော်တွင်း အင်အားကြီးပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီက ကြိုဆိုပါကြောင်း ယင်းပါတီ၏ ဦးဆောင်ပုဂ္ဂိုလ် အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဆိုသည်။

ယင်းတို့ပါတီသည်လည်း ပြည်သူ့အကျိုးရှေ့ထား၍ လွှတ်တော်တွင်း နိုင်ငံရေးလုပ်ငန်းများကို လုပ်ဆောင်နေခြင်းကြောင့် မူဘောင်ထဲမှနေ၍ NLD လွှတ်တော်တက်ခြင်းကို ကြိုဆိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်တက်ရောက်မည်ဟု ပြောကြားသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်သင့်သည် များရှိကြောင်း ဆိုသည်။

"ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တစ်ခုနဲ့တစ်ခု မဆီလျော်တဲ့ စကားလုံးတွေ အများကြီး ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ လွှတ် တော်ကိုယ်စားလှယ်များ ကျမ်းကျိန်တဲ့အခါ သုံးရတဲ့စကားလုံးနဲ့ သမ္မတကြီး ကျမ်းကျိန်တဲ့အခါ သုံးရတဲ့ စကားလုံးနဲ့ စကားတွေကလည်း မတူပါဘူး။ အဲ ဒါကြောင့်မို့လို့ ဥပဒေစိုးမိုးရေး သဘောတရားအရ ဥပဒေရဲ့ လုပ်ထုံးလုပ်နည်းအရ ပြင်ဆင်စရာတွေ အများကြီးရှိတယ် ဆိုတာကို ဥပဒေရှုထောင့်ကနေ လေးလေးနက်နက် ပြောချင်ပါတယ်"ဟု ၎င်းက ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၄၃ ယောက်သည် ပြည်သူတို့အကျိုးမရှိသည့် ဥပဒေ များကို ပြင်ဆင်ရန်အတွက် အခြားသော လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

KP

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“လောလောဆယ်တော့ အရင်တုန်းက ငွေလွှဲကောင်တာ ငွေလွှဲခွင့်မရတာတွေ အခုဆိုရင်တော့ LC တွေကိုတိုက်ရိုက် ဖွင့်လာနိုင်မယ်။ Transaction Cost တွေလျှော့ချလာနိုင်မယ်၊ Sanction တွေ လျော့လာတယ်ဆိုပေမယ့်လည်း မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ အဆင်သင့် မဖြစ်သေးတာများတယ်။ နိုင်ငံတကာစံနှုန်းနဲ့ညီတဲ့ စီးပွားရေး အလေ့အကျင့်ကလည်း မရှိသေးဘူးဆိုတော့ အဓိကကတော့ Transaction Cost ပါပဲ။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုက တော့ ချက်ချင်း တက်လာဦးမှာမဟုတ်ဘူး။ တစ်နှစ်လောက်တော့ ကြာဦးမှာပါ”

ဧပြီ ၃၀ ထုတ် The Voice Weekly အတွဲ (၈) အမှတ် (၁၉) တွင်ပါသည့် “နိုင်ငံကြီးများ၏ အရေးယူပိတ်ဆို့မှု လျှော့ချလိုက်၍ မြန်မာ့ စီးပွား ရေးစိန်ခေါ်မှု များလာနိုင်” သတင်းမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအောင်ခင်မြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“မြန်မာ့နိုင်ငံရေး၏ Mainstream Politics ခေါ် ပင်မနိုင်ငံရေးလမ်းကြောင်းသည် လွှတ်တော်နိုင်ငံရေး ဖြစ်လာပြီဖြစ်၍ လက်ရှိဂိမ်းတွင်ရှိနေသော ဂိမ်းစည်းမျဉ်းများကို ပြင်ဆင်မှသာဂိမ်းအတွင်း ပါဝင်မည်ဟူသော တွေးဆချက်များကိုလည်း သတိဖြင့်ဆင်ခြင်နိုင်ကြရန် လိုအပ်သည်။ မိမိစိတ်ကြိုက် မဟုတ်သော အခင်းအကျင်းဖြစ်ရေးထက် မိမိစိတ်ကြိုက် မဟုတ်သော ဂိမ်းတွင် ပါဝင်ပြီးနောက် ဂိမ်းစည်းမျဉ်းများ အပြောင်းအလဲ ဖြစ်လာစေရန် ကြိုးစား ရေးကိုသာ သုံးသပ်ကြရန် ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မူလရည်မှန်းချက်မှာ လွှတ်တော်တွင်းရောက်ရှိပြီး ဂိမ်း စည်းမျဉ်းများ အပြောင်းအလဲဖြစ်စေရန် ကြိုးပမ်းမည်ဟု သဘောရသောကြောင့် လွှတ်တော်တွင်းရောက်ရှိရေးအတွက် ကြိုးစားခဲ့ရသည်များကို ‘စကား လုံးအသုံးအနှုန်း’ အချို့ကြောင့် သဲထဲရေသွန် မလုပ်ဆောင်ခြင်းသည် သန်း ၆၀ နှင့် ကင်းကွာနေကြောင်းသတိပြုမိစေလိုသည်။

ဧပြီ ၃၀ ထုတ် The Voice Weekly အတွဲ (၈) အမှတ် (၁၉) တွင်ပါသည့်ဆောင်းပါးရှင် ထက်ခိုင်၏ “ ကြားဖြတ် ရွေးကောက်ပွဲအလွန် နိုင်ငံတည် ဆောက်ရေး” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တာကို ဆရာ့အနေနဲ့ ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ။

အခြေခံဥပဒေရဲ့ လိုအပ်တဲ့အချက်တွေကို ပြင်ဆင်တာကလည်းကာကွယ်စောင့်ရှောက်တာပဲ။ ကျွန်တော်တို့နေတဲ့ အိမ်ကြီးတစ်အိမ်မှာ ခေါင်းမိုးပျက် တယ်။ အဲဒါကြောင့် ပြင်တယ်။ ကာကွယ်စောင့်ရှောက်တာ မဟုတ်လား။ အဲဒီအိမ်ကြီးကို ဖျက်ပြီး တခြားအိမ်သွားဆောက်တာက ကာကွယ်စောင့်ရှောက် တာမဟုတ်ဘူး။ နောက် ငါးနှစ်၊ ဆယ်နှစ်၊ ဒီနေ့ ဒီအခြေအနေနဲ့ မလုံလောက်ဘူး။ မညီညွတ်ဘူးဆိုရင် လိုအပ်လို့ ပြင်ဆင်တယ်။ ပြင်ဆင်တဲ့အခါမှာ နည်းလမ်း၊ ဥပဒေနဲ့ ပြင်ဆင်တယ်။ လေးစားလိုက်နာတာလည်း ဒါပဲ၊ ကာကွယ်စောင့်ရှောက်တာလဲ ဒါပဲ၊ ငါပြောတိုင်း ဖြစ်ရမယ်ဆိုတာကတော့ အာဏာ ရှင်ဆန်သွားပြီပေါ့။ အာဏာရှင်ကို တိုက်နေတဲ့ လူထုက အာဏာရှင်ဆန်တဲ့ အာဏာရှင်မျိုးဆက်အသစ်တွေကို မလိုလားဘူး။

မေ ၁ ထုတ် The Street View အတွဲ (၁) အမှတ် (၁၆) တွင်ပါသည့် “ဥပဒေပညာရှင် ဦးသန်းမောင်နှင့် အင်တာဗျူး” ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs