Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၉.၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ပုဂ္ဂလိကဘဏ်များ ဒေါ်လာသတ်မှတ် ဈေးနှုန်းထက် ပိုရောင်းချပါက အရေးယူမည်
  2. ပြည်ပရင်းနှီးမြှုပ်နှံသူများ အချက်သုံးချက် လိုက်နာရန် သတ်မှတ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒုသမ္မတသတင်း ဦးဝင်းမြင့်မသိဟုဆို
  2. မြန်မာနိုင်ငံသို့ တောင်ကိုရီးယားသမ္မတ လာရောက်မည်
  3. မဲလက်မှတ်များတွင် ဖယောင်းသုတ်မှု မှန်ကန်မှုမရှိကြောင်း သတင်းထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ပုဂ္ဂလိကဘဏ်များ ဒေါ်လာသတ်မှတ် ဈေးနှုန်းထက် ပိုရောင်းချပါက အရေးယူမည်

ပြည်တွင်းရှိ နိုင်ငံခြားငွေလဲလှယ်ရောင်းချခွင့် လိုင်စင်(AD-Authorized Dealer) ရရှိထားသော ပုဂ္ဂလိက ဘဏ် (၁၁)ဘဏ် အနေဖြင့် ဒေါ်လာကို သတ်မှတ်ဈေးနှုန်းများထက် ပိုမိုရောင်းချခြင်းများ တွေ့ရှိရပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗပိာုဘဏ်က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒေါ်လာတွေကို ဘယ်ဈေးနှုန်းနဲ့ ရောင်းဝယ်ရမယ်ဆိုတာကို သတ်မှတ်ထားပါတယ်။ ဒီသတ်မှတ်ထားတဲ့ ဈေးနှုန်းတွေထက်ပို ရောင်းချ တယ်ဆိုရင် တိုင်လို့ရပါတယ်။ တိုင်ကြားလို့ရရှိရင်လည်း ဒီပုဂ္ဂလိကဘဏ်တွေက တာဝန်ရှိသူတွေကို အရေးယူမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက် လက် ဆိုသည်။

နိုင်ငံခြားငွေ ဝယ်လိုသော ကုမ္ပဏီများအနေဖြင့် ပုဂ္ဂလိကဘဏ်များတွင် ဒေါ်လာသွားရောက် ဝယ်ယူမည်ဆိုပါက ဗပာိုဘဏ်မှ နေ့စဉ် ထုတ်ပြန်ပေးထားသည့် Exchange Rate -0.3% ထက်ပိုမိုရောင်းချပါက နေ့ရက်အချိန်အတိအကျနှင့် ဒေါ်လာ ရောင်းဝယ်သည့် ဈေးနှုန်းများကို မှတ်သား၍ ဗပိာုဘဏ်သို့ တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံဗပိာုဘဏ်က တာဝန် ရှိသူတစ်ဦးက ဆိုသည်။

၂၀၁၂ ဧပြီ ၁ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံတော် ဗပိာုဘဏ်မှ ယခင်ကျင့်သုံးလျက်ရှိသော  Multiple Exchange Rate အစား Managed Floating Exchange Rate Regime ကို စတင်ကျင့်သုံးလျက်ရှိပြီး ဒေါ်လာငွေများ ရောင်းဝယ်ရာတွင် သတ်မှတ်ထားသည့် နှုန်းသည် ဗပိာုဘဏ်၏ Reference Rate ဖြစ်၍ ၎င်းအပေါ်မူတည်၍ MC လိုင်စင် ရရှိထားသော ဘဏ်များမှ +0.8% အတွင်းရောင်းဝယ်ကြရန် ဗပိာုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံတော်ဗပိာုဘဏ်အနေဖြင့်လည်း နိုင်ငံခြားငွေဈေးနှုန်း တည်ငြိမ်ရေးနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း ပေါင်း ည်းရေးလုပ်ငန်း ဆောင် ရွက်မှု လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည့်အတွက် ပုဂ္ဂလိကဘဏ်များမှ Policy ကို နားလည်၍ ဗပိာုဘဏ်နှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဗပိာုဘဏ်က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပြည်ပရင်းနှီးမြှုပ်နှံသူများ အချက်သုံးချက် လိုက်နာရန် သတ်မှတ်

မြန်မာနိုင်ငံအတွင်း ပြည်ပနိုင်ငံများမှ စီးပွားရေးလာရောက်ရင်းနှီးမြှုပ်နှံကြသည့် လုပ်ငန်းရှင်များလိုက်နာရန် အချက်သုံးချက် သတ်မှတ် ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံကြမည့် ပြည်ပစီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် အချက်သုံးချက်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက် မရှိအောင် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံသားများ၏ လူမှုရေးသက်ရောက်မှု (Social Impact) ရှိပါက လုပ်ငန်းလက်မခံခြင်းနှင့် ငွေကြေးနှင့် ပတ်သက်၍ တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှုရှိကြမည် ပာူသည့် အချက်များဖြစ်သည်။

ထိုသို့ ပြည်ပစီးပွားရေးရင်းနှီးမြှုပ်နှံသူများ လိုက်နာရန် အချက်သုံးချက် သတ်မှတ်သကဲ့သို့ ပြည်တွင်းသို့ စီးပွားရေးလာရောက် ရင်းနှီး    မြှုပ်နှံမည့် လုပ်ငန်းရှင်များ အဆင်ပြေနိုင်စေရန် ရင်းနှီးမြှုပ်နှံမှုများ အကာအကွယ်ပေးရေး၊ ပြည်သူပိုင် မသိမ်းရေးနှင့် ပြည်တွင်းမှ နှင်မထုတ်ရေး ကတိများကို ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။

“သူတို့ကိုလည်း ပြန်ပြီး ကတိပြန်ပေးမယ်။ ရင်းနှီးမြှုပ်နှံမှုကို အကာအကွယ်ပေးမယ်။ ပြည်သူပိုင်မသိမ်းဘူး။ မောင်းမထုတ်ဘူး။”ပာု ဦးစိုးသိန်း က ပြောကြားကြောင်း မပတ်စဉ်ထုတ် 7Day News ဂျာနယ်တွင် ဖော်ပြပါရှိသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်ပ စီးပွားရေးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် အဓိကအခက်အခဲမှာ လျှပ်စစ်မီးဖြစ်ပြီး အခြားသော အခြေခံ အဆောက်အအုံ မပြည့်စုံခြင်းနှင့် စီးပွားရေးပိတ်ဆို့မှုများ ရှိနေသေးသည့် အခက်အခဲများ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့် အတွက် မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့ အရေးယူမှု ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ နိုင်ငံများမှ ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ပြီး ပြည်ပစီးပွားရေး ရင်းနှီးမြှုပ်နှံမှုများမှာလည်း တရှိန်ထိုး ဝင်ရောက်လာခဲ့ ကြောင်း သိရသည်။

Ref:7Day News

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဒုသမ္မတသတင်း ဦးဝင်းမြင့်မသိဟုဆို

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က အစိုးရအဖွဲ့၏ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ အင်တာနက်နှင့် ပြည်ပသတင်းမီဒီယာများတွင် ပျံနှံ့နေသော နှုတ်ထွက်သွားသည်ဆိုသော သတင်းများနှင့်ပတ်သက်၍ ၎င်းအနေဖြင့် မသိပါကြောင်း ရန်ကုန်အခြေစိုက်သတင်းမီဒီယာများကို ပြောကြားသည်။

နေပြည်တော်ရှိ စီပွားကူးသန်းဝန်ကြီးဌာနခန်းမတွင် မေလ၇ရက်နေ့ နေလည်၂နာရီ ၄၅မိနစ်၌ ပြုလုပ်သည့် ၀န်ကြီးဌာန၏ တစ်နှစ်တာ တာဝန်ထမ်းဆောင်ချိန်အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းသမားတစ်ဦး၏ မေးမြန်းမှုကို အရပ်သားဝန်ကြီးဖြစ်သူ ဦးဝင်းမြင့်က ပွင်းလင်းစွာ ပြန်လည်ပြောကြားခဲ့သည်။

နိုင်ငံတကာက သဘောထားတင်းမာပြီး လက်အောက်ငယ်သားများအပေါ် ရိုင်းစိုင်းမောက်မာစွာ ဆက်ဆံလေ့ရှိသူ နာမည်ကြီး ရှစ်လုံးခေါ် ဒုတိယသမ္မတ သီဟသူရတင်အောင်မြင့်ဦးသည် ကျန်မာရေးမကောင်းသဖြင့် စင်္ကာပူတွင် ဆေးကုသမှုခံယူပြီးနောက် တာဝန်မှ နှုတ်ထွက်ကာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ တောရကျောင်းတစ်ကျောင်းတွင် လူဝတ်လဲကာ ရဟန်းဝတ်နေကြောင်း သတင်းများကျယ်ကျယ်ပြန့်ပြန့် ယခုရက်ပိုင်း အတွင်း ထွက်ပေါ်နေခဲ့သည်။

MP

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံသို့ တောင်ကိုရီးယားသမ္မတ လာရောက်မည်

တောင်ကိုရီးယားနိုင်ငံ၏ (၁၇) ဦးမြောက် သမ္မတ မစ္စတာလီမြောက်ဘတ် သည် ၂၀၁၂ မေလ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံသို့ ချစ်ကြည် ရေးလာရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

ယခုလာရောက်လည်ပတ်မည့် တောင်ကိုရီးယား သမ္မတ မစ္စတာလီမြောက်ဘတ်၏ မြန်မာနိုင်ငံခရီးစဉ်သည် နှစ်ရက်ကြာမြင့်မည်ဖြစ်ပြီး ၎င်း ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအဝင် ကိုရီးယားနိုင်ငံဆိုင်ရာ အဖွဲ့အစည်းများ၊ မြန်မာစီးပွားရေး လုပ်ငန်းရှင် များနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသွား မည်ဖြစ်ကြောင်း သိရသည်။

“ခုလို တောင်ကိုရီးယားနိုင်ငံက သမ္မတ ကိုယ်တိုင်လာပြီး မြန်မာနဲ့ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ဖို့တွေ လာဆွးနွေးမယ်ဆိုတာ တကယ်ကို ပွင့်လင်းမြင်သာမှုရှိတဲ့ အပြောင်းအလဲပါပဲ။ မြန်မာလုပ်ငန်းရှင်တွေနဲ့ပါ တွေ့ဆုံမှာဆိုတော့ ရင်းနှီးမြှုပ်နှံမှု ကိစ္စပဲထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂါတ် စီးပွားရေး အလားအလာကတော့ တော်တော်ကို ကောင်းနေပါပြီ”ပာု မြန်မာ့စီးပွားရေးလေ့လာနေသူတစ်ဦးက ဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၂ မေလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E.Mr.Kim Sung-Hwan ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။

၎င်း တွေ့ဆုံပွဲတွင် မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းဆက်ဆံမှုများ တိုးမြင့်ခိုင်မာရေး၊ အင်ဂျင်နီယာ ဘာသာရပ်များနှင့် အခြား အဆင့်မြင့်ပညာ ကဏ္ဍများ၊ အားကစားကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ စွမ်းအင်ကဏ္ဍ၊ သတ္တုကဏ္ဍ၊ စားသောက်ကုန် ကဏ္ဍများနှင့် ရေနက် ဆိပ်ကမ်းများ၊ အထူးစီးပွားရေးဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံခြင်းနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များအတွက် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မဲလက်မှတ်များတွင် ဖယောင်းသုတ်မှု မှန်ကန်မှုမရှိကြောင်း သတင်းထုတ်ပြန်

၂၀၁၂  ဧပြီ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ပြည်သူများ၏ ဆန္ဒမဲလက်မှတ်များပေါ်၌ ရေးခြစ်၍ မရစေရန် ဖယောင်းသုတ်ထားသည့် ကိစ္စရပ်မှာ မှန်ကန်မှုမရှိကြောင်း မေလ (၉)ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် သတင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲများတွင် လစ်လပ်မဲဆန္ဒနယ်များဖြစ်သည့် ပုလဲ၊ မော်လမြိုင်၊ မြန်အောင်၊ မကွေး၊ တောင်တွင်းကြီး၊ ကော့မှူး၊ မင်္ဂလာတောင်ညွှန့်၊ ဒဂုံဆိပ်ကမ်းနှင့် ကလော(အောင်ပန်း) မြို့နယ်များတွင် ပြည်သူများ၏ ဆန္ဒမဲလက်မှတ်များကို ရေးခြစ်၍ မရနိုင်စေရန် မဲရုံမှူး များက မဲလာပေးသူတို့အား ပေးအပ်နေကြောင်း၊ မဲလက်မှတ်လဲ လှယ်ပေးရန် တောင်းဆိုသော်လည်း မရရှိကြောင်း၊ ဆန္ဒမဲလက်မှတ်ကို ဖယောင်း သုတ်ခြင်းသည် မဲလက်မှတ်ကို ဖျက်ဆီးခြင်းဖြစ်၍ အမြန်ဆုံးအရေးယူပေးပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်သို့ စာရေးသားတိုင်ကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

ထိုသို့ တိုင်ကြားခဲ့သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဆန္ဒမဲလက်မှတ် ဖယောင်းသုတ်မှု ဖြစ်ပွားသည်ပာုဆိုသည့် မြို့နယ် (၁၀)မြို့နယ်လုံးသို့၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများနှင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီ(၂)ခုတို့မှ တာဝန်ရှိသူ များနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့များမှ သွားရောက်စစ်ဆေးခဲ့ပြီး မဲရုံအသီးသီးရှိ ဆန္ဒမဲလက်မှတ်များကို ဖွင့်ဖောက်စစ်ဆေးခဲ့ရာတွင် ဆန္ဒမဲလက်မှတ် များပေါ်တွင် ဖယောင်းသုတ်ထားသည် ဆို သည့် ကိစ္စရပ်များ မှန်ကန်မှုမရှိကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့ပါသည်။

ထို့ပြင် ဧပြီ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗပိာု အောင်နိုင်ရေးအဖွဲ့ အတွင်း ရေးမှူးက တင်ပြတိုင်ကြားသည့် ဆန္ဒမဲလက်မှတ်များတွင် ဖယောင်းသုတ်ထားသည် ဆိုသည့် ဖြစ်စဉ်မှာ မှန်ကန်မှုမရှိကြောင်း၊ ထို့ကြောင့် သတင်း ခြေမြစ် မှန်ကန်မှုမရှိသည့် တစ်ဆင့်ကြားစကားများဖြင့် ပြည်သူများကို ထင်ယောင်၊ထင်မှားဖြစ်စေရန် ထုတ်ဖော်ရေးသား၊ ပြောဆိုခြင်းမပြုရေး အတွက် သက်ဆိုင်ရာပါတီအတွင်းရေးမှူးအား လိုအပ်ပါက အရေးယူနိုင်ရန် ဥပဒေနှင့်အညီ ခေါ်ယူရှင်းလင်း အသိပေးပြောကြားပြီးဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ကြေညာခဲ့သည်။

                YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

 “ဗဟိုဘဏ်ကတော့ ဈေးနှုန်းသတ်မှတ်ပေးထားတာပဲလေ၊ ဒါပေမဲ့ ဘဏ်တိုင်းမှာ တစ်ဈေးတည်း ဖြစ်မနေဘူး။ တစ်ကျပ်၊ နှစ်ကျပ်တော့ ကွာနေ သေးတာပဲ၊ အဲဒီကောင်တာကဈေးနဲ့ ပြင်ပဈေးကွက်နဲ့လည်း ကွာတာပဲ၊ ခုချိန်အထိကတော့ နေရာအားလုံး တစ်ဈေးတည်းဖြစ်မနေသေးဘူး။ အရောင်းအဝယ်ကောင်းတာ၊ မကောင်းတာ နေရာလည်း ကွာတယ်လေ”

မေ ၉ ထုတ် newday news အတွဲ (၁) အမှတ် (၉) တွင်ပါသည့် “ရက်သတ္တပတ်လုံး ဒေါ်လာဈေးငြိမ်နေခဲ့ရာမှ အနည်းငယ် ပြောင်းလဲ” သတင်းမှ နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်နေသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ကျင့်သုံးတာ တစ်နှစ်ကျော်ပဲရှိသေးတယ်။ သက်တမ်းသိပ်ငယ်သေးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပြည်သူတွေအများစု မမေးကြဘူး။ ပြည်သူတွေက အဲဒီဥစ္စာကို စိတ်မဝင်စားဘူး။ ပြည်သူတွေနဲ့ ကျွန်တော်တို့ ထိတွေ့နေတာပဲ။ ပြည်သူတွေက စားဝတ်နေရေးဘယ်လို အဆင်ပြေမလဲ၊ စီးပွားရေး တွေ ဘယ်လိုအဆင်ပြေမလဲ၊ ဒါပဲ စိတ်ဝင်စားကြပါတယ်”

မေ ၉ ထုတ် newday news အတွဲ (၁) အမှတ် (၉) တွင်ပါသည့် “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပြည်သူများ စိတ်ဝင်စားမှုမရှိ၍ ပြင်ဆင်ရန် မလိုဟု USDP အထွေထွေအတွင်းရေးမှူး ဦးဌေးဦးပြောကြား” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဥပဒေပြင်ဆင်မှုအပိုင်းမှာ နှစ်မျိုးရှိပါတယ်။ တစ်ပိုင်းက ခေတ်နဲ့ မလျော်ညီတဲ့ အတွက်ပြင်ရမှာ၊ တစ်မျိုးက လိုအပ်လို့ အစားထိုးတာ ဆိုပြီးတော့ပေါ့ နော်၊ ပြင်ဆင်မယ်ဆိုရင် ဒီဥပဒေတွေကို ဘယ်တုန်းက ဘယ်သူတွေက တင်သွင်းတာလဲ။ ဥပဒေပြုအဖွဲ့ကို ဘယ်တော့တင်မှာလဲ။ ဘယ်သူ့တွေကို ဖိတ်ခေါ်ထားသလဲ။ ဒီမိုကရေစီ လွှတ်တော်ဆိုတော့ လွှတ်တော်အမတ် ဘယ်နှစ်ရာခိုင်နှုန်းက ပြုပြင်ဖို့ သဘောတူထားတာလဲ၊ ဒါတွေကို ပွင့်ပွင့်လင်း လင်းသိရရင် ပိုကောင်းပါတယ်”

မေ ၇ ထုတ် The Messenger အတွဲ (၂) အမှတ် (၅၀) တွင်ပါသည့် “လွှတ်တော်အတွင်းပြင်ဆင်ရန်နှင့် အသစ်ပြဋ္ဌာန်းရန် ဥပဒေ ၅၇ ခုရှိနေ” သတင်းမှ စီးပွားရေးနှင့် ဥပဒေအကြံပေးဦးတင်သန်းဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 

**************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၉.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရရဲ့ သစ္စာကို စောင့်သိရိုသေ လေးစားရမယ်

*****************************************

ဆောင်းပါးကဏ္ဍ

ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရရဲ့ သစ္စာကို စောင့်သိရိုသေ လေးစားရမယ်

မောင်ဝံသ

(မေ ၉ ထုတ် Popular News အတွဲ (၄) အမှတ် (၁၈) မှ ထုတ်ယူဖော်ပြသည်။)

နှစ်ပေါင်း ၂ဝ ကျော်ကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကတစ်ဆင့် တက်လာခဲ့တဲ့ စစ်အရာရှိဟောင်း အများစု ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် ပထမဆုံးကျင်းပခဲ့တဲ့ တပ်မတော်နေ့အခမ်းအနားမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပြောကြား ခဲ့တဲ့ မိန့်ခွန်းကို ရုပ်/သံကလွှင့်စဉ်ကတည်းက ကျွန်တော် အသေအချာ နားထောင်ခဲ့ပြီး နောက်တစ်နေ့ထုတ် သတင်းစာမှာ ပါလာတော့လည်း ကျွန်တော် ဂရုတစိုက် ဖတ်ရှုလေ့လာခဲ့တယ်ဗျ။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဲဒီမိန့်ခွန်းကို သုံးလေးခေါက်လောက် ဖတ်ရှုခဲ့ပြီးတဲ့နောက် သတင်းစာကို ဘေးမှာချပြီး ကျွန်တော်တို့ နိုင်ငံရဲ့ ပျော်စရာမကောင်းလှတဲ့ သမိုင်းကြောင်းကို ပြန်ပြောင်းစဉ်းစားနေခဲ့မိတယ်ဗျ။ အဲသလို စဉ်းစားနေရင်း စာရေးချင်စိတ်တွေ တဖျပ်ဖျပ်ခုန်လာ တာနဲ့ ရည်ညွှန်းကိုးကားနိုင်ဖို့ စာရွက်စာတမ်းပုံထဲ မွှေလိုက်တော့ တချိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်း မိန့်ခွန်း ပြောနေတဲ့ပုံနဲ့ အဲဒီပုံအောက်မှာ “လူထုတင်မြှောက်သည့် အစိုးရ၊ တပ်မတော်က သစ္စာရှိရမည်”ဆိုတဲ့ စာသားတွေရေးထားတဲ့ စာအုပ်ငယ်လေး တစ်အုပ် သွားတွေ့တယ်ဗျ။

ဗိုလ်ချုပ်ကြီးနေဝင်းမိန့်ခွန်း

အဲဒီစာအုပ်လေးရဲ့ ဒုတိယစာမျက်နှာမှာ ”၁၉၅၈ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် မင်္ဂလာဒုံလေတပ်စခန်း၌ ကျင်းပသော ၇ ကြိမ်မြောက် တပ်မတော်ညီလာခံ၌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း မိန့်ကြားသည့် မိန့်ခွန်း”လို့ ဖော်ပြထားတယ်ဗျ။ နောက်ဆုံး စာမျက်နှာ အောက်ခြေမှာ ပုံနှိပ် မှတ်တမ်းဖော်ပြ ထားချက်ကတော့ ပ၊မ၊ဗ၊စ၊ အမှတ် ၁၁၆၊ ပြန်၊ ညွှန်၊ ရုံး၊ ၈၊ ၇၊ ၅၈ – ၁ဝဝဝဝဝ + ၂- မိုနို ဟူ၍ ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း ခေတ်သစ်မြန်မာ့တပ်မတော်ရဲ့ အမြုတေဖြစ်တဲ့ ရဲဘော်သုံးကျိပ်အဖွဲ့မှာ ထိပ်တန်းခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပြီး မြန်မာ့သမိုင်းရဲ့ အရေးကြီးတဲ့ အလှည့်အပြောင်းအကွေ့အချိုးတစ်ခုကို ဦးဆောင်ဖန်တီးခဲ့သူလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စကားတွေ၊ လုပ်ရပ် တွေက ဒီကနေ့အထိ မြန်မာ့သမိုင်းအပေါ် သက်ရောက်မှု ကြီးမားနေဆဲဖြစ်ပြီး နောင်လာမယ့် ကာလတစ်ခုအထိလည်း သက်ရောက်မှု ကြီးမားနေဦးမှာ သေချာတာကြောင့် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တစ်ဦးရဲ့ မိန့်ခွန်း (အထူးသဖြင့် အခုလို ခေတ်သစ်တစ်ခုဘက်ဆီသို့ ကျွန်တော် တို့နိုင်ငံ ဦးတည်နေပုံရတဲ့ ကာလမျိုးမှာ ပြောကြားတဲ့ မိန့်ခွန်းကို) ကြားလိုက်ရတာနဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မိန့်ခွန်းတွေ၊ လုပ်ရပ် တွေကို ပြန်သတိရမိတာ ဖြစ်တယ်ဗျ။

ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အဲဒီမိန့်ခွန်းထဲက စိတ်ဝင်စားစရာ ပြောကြားချက်တချို့နဲ့ အဲဒီစကားနဲ့ ဆက်နွှယ်နေတဲ့ဖြစ်ရပ်တွေကို ကျွန်တော် တင်ပြ ချင်တယ်ဗျာ။

“… တပ်မတော်သည် အဖွဲ့အစည်းတစ်ခုအတွက်သာ တည်ထောင်ထားသည် မဟုတ်။ ပြည်ထောင်စုကြီးတစ်ခုလုံးအတွက် တည်ထောင်ထား ခြင်းဖြစ်သည်” ဆိုသည့်အချက်ကို တပ်မတော်သားတိုင်း နားလည်ထားပါသည်။ တပ်မတော်သားတို့သည် အဖွဲ့အစည်းတစ်ခုဝင်တွေသာ မဟုတ်။ ပြည်ထောင်စုသား အားလုံးပါဝင်သည်။ ထို ပြည်ထောင်စုသားတို့သည် နေရာတကာတွင် သဘောချင်းတိုက်ဆိုင်မှု ရှိချင်မှရှိမည် ဖြစ်သော်လည်း အောက်ပါအချက်တို့ တွင်ကား အကြွင်း မဲ့ သဘောတူ လက်ခံထားကြပါသည်။

(က) ဒီမိုကရေစီကို လက်ခံ ယုံကြည်၍ ထိုအတိုင်း လိုက်နာကျင့်သုံးရန်။

(ခ) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ထိုမှ ပေါက်ဖွားခက်ဖြာလာသော ဥပဒေတို့အတိုင်း လိုက်နာကျင့်သုံး ရန် စသည်တို့ ဖြစ်သည်။

…အာဏာကို ရယူတဲ့နေရာမှာ ပြည်သူ၏ ရွေးကောက်တင်မြောက်မှုနဲ့ပဲ ရယူရမယ်။ အခြား လက်နက်နည်းနဲ့ မရယူကောင်းဘူးဆိုတာ မှတ်သားပြီး သွားကြပါ။

... တိုင်းပြည်လူထုကို လေးစားသောအားဖြင့် ဒီမိုကရေစီကို ယုံကြည်လေးစားသောအားဖြင့်  ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လေးစား သောအားဖြင့် ထိုလူထုက တင်မြှောက်လိုက်တဲ့ အဖွဲ့အစည်းကိုပဲ သစ္စာရှိရှိနဲ့ ဥပဒေအတွင်းကနေပြီးတော့ လိုက်နာကျင့်သုံး ဆောင်ရွက်သွားဖို့ တိုက် တွန်းလိုက်တယ်။

…ကျွန်တော်တို့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ရိုသေ လေးစားသလို တစ်တိုင်းပြည်လုံး လည်းပဲ လေးစားနိုင်ပါစေ”

သစ္စာစောင့်သိရိုသေခြင်း

အဲဒီစကားတွေကို ကြည့်ပြီး ပြောမယ်ဆိုရင် ဗိုလ်ချုပ်ကြီးနေဝင်းဟာ တပ်မတော်ဆိုတာ ပြည်သူလူထုကရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရရဲ့ သစ္စာကို စောင့်သိရိုသေလေးစားရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်၊ ဒီမိုကရေစီစနစ်ကို မြတ်နိုးတန်ဖိုးထားရမယ်၊ အာဏာ ကို လက်နက်နည်းနဲ့ မယူကောင်းဘူးဆိုတဲ့ အယူအဆ သဘောတရားတွေကို ရင်ဝယ်ပိုက်ထားသူ တစ်ယောက်ဖြစ်တယ်လို့ သုံးသပ်ကောက်ချက် ဆွဲကြမှာအသေအချာပဲဗျာ။

အခုက ပြန်ကြည့်ရင် အဲဒီဖြစ်ရပ်တွေဟာ ကာလအတန်လည်း လှမ်းခဲ့ကြပြီဖြစ်ပေမယ့် အဲဒီတုန်းက အမှန်တကယ် ဘာတွေဖြစ်ပျက်ခဲ့တယ် ဆို တာနဲ့ပတ်သက်ပြီး အထင်အရှား အခိုင်အမာသိရှိနေသူတွေ သက်ရှိထင်ရှား ရှိနေပါ သေးတယ်ဗျ။ ဗိုလ်ချုပ်ကြီးနေဝင်း အဲဒီ မင်္ဂလာဒုံမိန့်ခွန်းပြောပြီး မကြာမီမှာ ဗိုလ်မှူးကြီးမောင်မောင်၊ ဗိုလ်မှူးကြီးအောင်ကြီးနဲ့ ဗိုလ်မှူးချုပ်တင်ဖေတို့ ဝန်ကြီးချုပ်ဦးနုဆီ ဘာကြောင့်သွားခဲ့ကြတယ်။ ဘာတွေပြောခဲ့ကြ တယ် ဆိုတာတွေကို ဒီက နေ့ နိုင်ငံရေး စိတ်ပါ ဝင်စားတဲ့ မြန်မာနိုင်ငံသားများ မြန်မာ့သမိုင်းအဖွဲ့က ထုတ်တဲ့ “၁၉၅၈ – ၆၂ မြန်မာ့နိုင်ငံရေး ” ဒုတိယတွဲ၊ စာ ၁၁၈-၁၁၉ မှာ လေ့လာနိုင်ကြပါတယ်။ အဲသလိုပဲ ၁၉၆၂ခုနှစ် မတ်လ ၂ ရက်နေ့မှာ ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရေးအချိုး အကွေ့နဲ့ ပတ်သက်ပြီးတော့ လည်း မြန်မာနိုင်ငံ လူထုတွေဟာ ဖြစ်ရပ် မှန်တွေကို သိရှိခဲ့ကြပြီးဖြစ်တယ်ဗျာ။

အဲသလို အဂတိတရားလေးပါး ကင်းရှင်းစွာ ဓမ္မဓိဋ္ဌာန်ကျကျ စစ်ဆေးကြရမှာ ဖြစ်တယ်။ အကြောင်းကတော့ အတိတ်ကို မှန်မှန်ကန်ကန် ဓမ္မ ဓိဋ္ဌာန်ကျ သုံးသပ်နိုင်မှသာ အနာဂတ်မှာ မှန်မှန်ကန်ကန် ဓမ္မဓိဋ္ဌာန်ကျကျ တည်ဆောက်နိုင်မှာကြောင့် ဖြစ်တယ်ဗျ။

ကျေးဇူးတင်ထိုက်စွာ မြင်တွေ့ရမည်

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ကြေညာခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းမှာ “တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး စတင်ထည်ထောင်ခဲ့သော တပ်မတော်ကို ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေတို့က လက်ဆင့်ကမ်း အမွေဆက်ခံပြီး စည်းကမ်း ကောင်းသော၊ စနစ်တကျရှိသော ခေတ်မီတပ်မတော်အဖြစ် ခေတ်ကာလနှင့်အညီ တည်ဆောက်ပေးခဲ့သည်ကို ကျေးဇူးတင်ထိုက်စွာ မြင်တွေ့ရမည် ဖြစ်ကြောင်း”လို့ ထည့်သွင်းပြောကြားသွားခဲ့တဲ့ အချက်ဟာ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တွေအနေနဲ့ အင်မတန်မှ စဉ်းစားစရာကောင်းတဲ့ အချက်ဖြစ်တယ် ဗျ။

ဗုဒ္ဓဘာသာဝင်တွေရဲ့ အနှိုင်းမဲ့ ကျေးဇူးရှင်မြတ်ဗုဒ္ဓနဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်မှာ ‘သမ္မာသင်္ကပ္ပ’ မှန်ကန်စွာ တွေးခေါ် ဆင်ခြင်မှုဟာ ရှေ့ဆုံးက လာ တာပဲဗျ။ မှန်ကန်စွာ တွေးခေါ်ဆင်ခြင်နိုင်မှသာ ‘သမ္မာဒိဋ္ဌိ’ မှန်သောအမြင်ရမှာ ဖြစ်တယ်ဗျ။ မှန်သောအမြင်ရှိမှ ကျန်တာတွေအားလုံးကို မှန်မှန် ကန်ကန် ဆက်လက်လုပ်ဆောင်သွားနိုင်မှာ ဖြစ်ကြောင်းပါဗျာ။

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs