Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၃.၅.၂၀၁၂

ဘာသာပြန်သတင်းများ

  1. လေဒီမရှိမည့် ပါတီ

(16 May 2012 ရက်စွဲပါ New York Times မှ Swe Win ရေးသားသော The Party without the Lady ကိုဘာသာပြန်သည်)

(Swe Win သည် ရန်ကုန်အခြေစိုက် လွတ်လပ်သော သတင်းစာဆရာဖြစ်သည်)

  1. ·တရုတ်က ရွှေလီတွင် ယွမ် ဗဟိုဌာနဖွင့်

( 21 may 2012 ရက်စွဲပါ Bloomberg News မှ China to start Yuan Centre in Yunan as Myanmar opens up trade ကို ဘာသာပြန်ပါသည်။)

  1. ·အမေရိကန်-မြန်မာ ဆက်ဆံရေး၏ ကဏ္ဍသစ်

(VOA News မှ 22 May 2012 ရက်စွဲပါ “A news chapter in US.Burma relations”ခေါင်းကြီးပိုင်းသတင်းကို ဘာသာပြန်ဆိုသည်)

  1. ·ဂျပန် SMBC ဘဏ်က မြန်မာ KBZ ဘဏ်ကို နည်းပညာ အကူအညီပေးတော့မည်။

(Japan Today မှ 23 May 2012 ရက်စွဲပါ “SMBC bank to help Myanmar Lender ”သတင်းကို ဘာသာပြန်ဆိုသည်။)

***************************

ဘာသာပြန်သတင်းများ

လေဒီမရှိမည့် ပါတီ

(16 May 2012 ရက်စွဲပါ New York Times မှ Swe Win ရေးသားသော The Party without the Lady ကိုဘာသာပြန်သည်)

(Swe Win သည် ရန်ကုန်အခြေစိုက် လွတ်လပ်သော သတင်းစာဆရာဖြစ်သည်)

ယနေ့ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်မှ အဖွဲ့ဝင်များ လွှတ်တော်သို့ ရောက်ရှိခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်ရမည် ဖြစ်သည်။ သူသည် အဓိက အတိုက်အခံပါတီ၏ ခေါင်းဆောင် အဖြစ်သာမက ၁၉၈၈ တွင် စစ်တပ်မှ ရက်စက်မှုများ အပြီးတွင် ပြည်သူလူထုကို ဆွဲဆောင်နိုင်သော လူထုခေါင်းဆောင် ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် လက သူမသည် လွှတ်တော်မတက်ရန် သေးငယ်သော မူဝါဒကိစ္စ ဆုပ်ကိုင်ထားမှုအပေါ် အဆုံးအဖြတ်ပေးရာတွင် အဓိကကျခဲ့သည်။

NLD သည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ပာူသော ကိစ္စအပေါ် ဒီမိုကရေစီမကျပာုဆိုကာ လွှတ်တော်မတက်ရန် ငြင်းဆန်ခဲ့သည်။ သို့သော် လွှတ်တော်တွင် ရက်အနည်းငယ် လစ်လပ်ပြီးနောက် NLD သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့ရာ ပါတီ၏ အတွင်းလူများ ပြောဆိုချက်အရ NLD ပါတီမှ ပဲာဗီးဝိတ်များ၏ ကန့်ကွက်မှုကို ကျော်လွန်၍ ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်ဖြင့် ဆုံးဖြတ်ချက်ကို ပြင်ခဲ့ခြင်း ဖြစ်သည်ပာု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သြဇာလွှမ်းမိုးနိုင်မှုသည် ပါတီအတွက် ကောင်းသလော။ ကောလပာာလများကလည်း သူ၏ ကျန်းမာရေးမှာ သိပ်မကောင်းပာု ဆိုကြရာ သူမရှိသော NLD မည်သို့ရှိအံ့နည်း။

၁၉၈၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်သည် Oxford မှ ပညာရှင်၏ ဇနီးအဖြစ်သာ ရှိနေခဲ့ရာမှ ယင်းနှစ်တွင်ပင် နေမကောင်းသော မိခင်အား ပြုစုရန်အတွက် မြန်မာနိုင်ငံသို့ ပြန်သွားခဲ့သည်။ သူရောက်သည့် နှစ်တွင် မြန်မာနိုင်ငံ၌ လူထုအုံကြွမှုနှင့် အစိုးရမှ နှိမ်နင်းမှုအား လုပ်ဆောင်ခြင်းကို တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့ရသည်။ အဆိုပါ အခြေအနေများတွင် သူ့အား နိုင်ငံရေး လောကသို့ မမျှော်လင့်ပဲ တွန်းပို့ခဲ့သည်။ သူသည် သူ၏ အနေအထားသစ်ကို ချက်ခြင်း လက်ခံခဲ့ပြီး မြန်မာပြည်သူများအတွက် သူ၏ ဘဝတစ်ခုလုံး အဆုံးရှုံးခံခဲ့သည်။

ထိုစဉ်မှစ၍ လေဒီသည် NLD ၏ အဓိက ဆုံးဖြတ်ချက်များတွင် အဓိက ကျသောနေရာမှ ပါဝင်ခဲ့သည်။ ၁၉၉၅ တွင် အစိုးရမှ စီမံသော အမျိုးသားညီလာခံမှ ထွက်ခွာရန် သူက ထောက်ခံခဲ့ပြီး၊ တစ်ဖန် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် နှစ်က စစ်ဖက်အုပ်ချုပ်သူများသည် အမည်ခံ ဒီမိုကရက်တစ်အစိုးရ တစ်ခုကို ပြောင်းလဲပေးခဲ့ရာ NLD သည် တရားဝင် နိုင်ငံရေးသို့ ပြန်လည် ဝင်ရောက်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ခဲ့သည်။ အတိုက်အခံအချို့က လက်ရှိ ပြုပြင် ပြောင်းလဲရေးများကို သံသယ ရှိနေသော်လည်း သူမသည် အခြားပါတီအဖွဲ့ဝင်များကို ကြားဖြတ်ရွေးကောက်ပွဲဝင်စေခဲ့သည်။

သူမ နေအိမ် အကျယ်ချုပ်ကျခံနေစဉ်က NLD ၏ မှတ်တမ်းများမှာ တစ်ခါတစ်ရံ စိတ်ဝင်စားဖွယ်မရှိခဲ့ပေ။ ၂၀၀၇ ခုနှစ် ဘုန်းတော်ကြီးများ ဦးဆောင်သော အရေးအခင်းတွင် NLD က စိတ်ဝင်စားမှု မရှိခဲ့ခြင်းကြောင့် အများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။ အပြင်သို့ သတင်း ပေါက်ကြားခဲ့သော အမေရိကန် သံတမန်ကြေးနန်းစာများအရ ထိုအချိန်က NLD ခေါင်းဆောင်များ (ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေရ၍ မပါဝင်)သည် မျိုးဆက်သစ် အစိုးရ ဆန့်ကျင်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပူးပေါင်း ဆောင်ရွက်လိုခြင်းမရှိပဲ ခေါင်းမာသည်ပာု ဖော်ပြထားသည်ကို တွေ့ရသည်။

လက်ရှိအားဖြင့် NLD ကိုထူထောင်ခဲ့သူ သုံးဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်နှင့် ဦးတင်ဦး တို့သည် ပါတီ၏ ဗပိာု အလုပ်အမှုဆောင်များဖြင့် အကန့်အသတ်ဖြင့်သာ တိုင်ပင်ပြီး အရေးပါသော ဆုံးဖြတ်ချက်များကို ချမှတ်ကြသည်။ ဦးတင်ဦးသည် အကောင်းအဆိုး မဝေဖန်ပဲ ဒေါ်အောင်ဆန်းစုကြည် နောက်မှ လိုက်ခဲ့သော်လည်း ဦးဝင်းတင်မှ ထိုသို့ မပာုတ်ပေ။ သို့သော် ၎င်း၏အသံများမှာ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများကြားတွင် ပျောက်ကွယ်ခဲ့သည်။

         “လေဒီက သူ့အမြင်ကို တင်ပြတဲ့နေရာမှာ အာဏာရှင်မဆန်ပါဘူး။ ဒါပေမယ့် သူ့အမြင်ကို နောက်က သဘောတူဖို့ အများစုက အသင့် ဖြစ်နေတယ်။ ဒီလိုပုံစံနဲ့ပဲ ပါတီမှာ အများဆန္ဒမဲ ယူခဲ့ကြပါတယ်”ပာု ဦးဝင်းတင်က ယခုလ အစောပိုင်းက စာရေးသူအား ပြောသည်။

သူမ၏ ကျန်းမာရေးနှင့် ပတ်သက်သော ကောလပာာလများ ထွက်လာချိန်တွင် သူမ၏ NLD အပေါ် သြဇာ လွှမ်းမိုးမှုကြီးမားခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ဖွယ်ဖြစ်သည်။ နေအိမ် အကျယ်ချုပ်ကာလကလည်း ဆေးကုသမှု အကြိမ်ကြိမ်ယူခဲ့ရပြီး၊ ပြီးခဲ့သည့်လက သူ အားနည်းချက်ကြောင့် စည်းရုံးရေးခရီးစဉ်များ ဖျက်သိမ်းရသည်များ ရှိခဲ့သည်။ ကျန်းမာရေး ကိစ္စကြောင့် သူမသည် ၂၀၁၅ တွင် သမ္မတရာထူးရနိုင်သည့် အခွင့်အရေး မရမီ နားလိုက်ရမည်ကို စိုးရိမ်ရသည်။ သို့ဆိုလျှင် ပါတီကြီးတစ်ခုလုံး၏ အလားအလာများ အန္တရာယ်ရှိလှသည်။

NLD သည် ဒေါ်အောင်ဆန်းစုကြည် မပါသော ဘဝမျိုးကို ပြင်ဆင်ရမည်ဖြစ်သည်။ ထိုလမ်းကြောင်းသို့ ခြေလှမ်းအချို့ လှမ်းပြီး ဖြစ်သော်လည်း လုံလောက်မှု မရှိသေးပေ။ ၎င်းသည် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် လူငယ်များကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြင့် လူစားရွေးချယ်ခန့်ထားမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ သို့သော် အသစ် ဝင်ရောက်လာသူများသည် ပညာအနည်းငယ်သာ တက်သော(သို့) ကျွမ်းကျင်မှု လေ့ကျင့်ပညာပေးမှုနည်းသော အခြေခံလူတန်းစား တက်ကြွလှုပ်ရှားသူများသာ ဖြစ်နေသည်။ NLD သည် ငယ်ရွယ်သော နိုင်ငံရေးအသိရှိသော ပညာရှင်များ၊ အတတ်ပညာရှင်များကို မဆွဲဆောင်နိုင်သေးသည်ကို တွေ့ရသည်။ အဆိုပါ ပညာရှင်များသည် လူမှုရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုများကို လွတ်လပ်စွာ လုပ်ကိုင်ရသည်ကို နှစ်သက်မည် ဖြစ်သော်လည်း ပါတီတွင် ပြင်ရခက်သော ဖွဲ့စည်းပုံနှင့် အော်ပရေးရှင်းများကို ကြုံရမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လူကြိုက်များမှုဖြင့် ပါတီကို ဆွဲတင် လာခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုအခါ ထိုသို့ ဆက်လက် ထိန်းသိမ်းထားရေး အတွက် ခြိမ်းခြောက်မှုများ ရှိလာပြီဖြစ်သည်။

****************************************

တရုတ်က ရွှေလီတွင် ယွမ် ဗဟိုဌာနဖွင့်

( 21 may 2012 ရက်စွဲပါ Bloomberg News မှ China to start Yuan Centre in Yunan as Myanmar opens up trade ကို ဘာသာပြန်ပါသည်။)

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ထိစပ်နေသော အနောက်တောင်ပြည်နယ်တွင် နယ်စပ်ဖြတ်၍ ယွမ်ဗဟိုဌာန တစ်ခု ဖွင့်လှစ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံခြားစီးပွားရေးနှင့် ပက်သက်၍ တံခါးဖွင့်လှစ်ခဲ့ခြင်းကြောင့်ပာု တရုတ်အစိုးရ ဝက်ဆိုဒ်၏ အဆိုအရ သိရှိရသည်။

ယူနန်ပြည်နယ် ရွှေလီမြို့ရှိ ယွမ်ဗဟိုဌာနသည် ယွမ်အား မြန်မာကျပ်နှင့် လဲလှယ်ရေးကို မြှင့်တင်မည် ဖြစ်ကြောင်း ယမန်နေ့က   ရွှေလီဝက်ဆိုဒ်တွင် တင်ထားသော ကြေညာချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်မှု ပါတနာဖြစ်သော တရုတ်သည် အခြားနိုင်ငံများအား စီပွားရေးအရ အရေးယူမှုများကို ရုတ်သိမ်းရန် တိုက်တွန်းခဲ့ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ ပြောင်းလဲမှုများသည် တရုတ်မှ အန်ဒမင် ပင်လယ်နှင့် ဘင်္ဂလားပင်လယ် အော်သို့ ကုန်သွယ်မှု လမ်းကြောင်းသစ်ကို ဖွင့်လှစ် ပေးမည်ဖြစ်ပြီး ၊ တရုတ်အလယ်ပိုင်းမှ ပို့ကုန်တင်ပို့သူများ အား သင်္ဘောခ သက်သာစေမည်ဟု ဟောင်ကောင်ရှိ Credit Agricole CIB မှ အကြီးအကဲ Dariusz Kowalczyk အီးမေးလ်တွင် ရေးသားထားပါသည်။

“မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုပမာဏ တိုးမြင့်ရန် မျှော်လင့်သည့်အလျောက် ရွှေလီရှိ  CNY  ဗဟိုဌာနသည် အဆိုပါ လုပ်ငန်းအရှိန်မြှင့် တင်ရေး အထောက်အကူဖြစ်လိမ့်မည် ဖြစ်ပါသည်” Kowalczyk က ရေးသားထားသည်။

ရွှေလီရှိ CNY  ဗဟိုဌာနသည် တိုက်ရိုက်ငွေ ပြန်လည်ထုတ်ပေးခြင်း ( Direct Settlement) နှင့် စာရင်ပြောင်းခြင်းများ လုပ်ကိုင်ရန် ရည်ရွယ်သည်ဟု ကြေညာချက်အရ သိရှိရသည်။တရုတ်ပြည်မကြီးတွင် ယွမ်ဖြင့် ငွေပြန်လည် ထုတ်ပေးခြင်းကို ဗဟိုဘဏ်၏ တစ်နိုင်ငံလုံးစနစ်အရ လုပ်ဆောင်ရပါသည်။

အမေရိကန် အစိုးရသည် ယခုလတွင် မြန်မာနိုင်ငံတွင် အမေရိကန် ရင်းနှီးမြှပ်နှံမှုများ ပိတ်ထားခြင်းကို ဖြေလျော့ ပေးခဲ့ပါသည်။

****************************************

အမေရိကန်-မြန်မာ ဆက်ဆံရေး၏ ကဏ္ဍသစ်

(VOA News မှ 22 May 2012 ရက်စွဲပါ “A news chapter in US.Burma relations”ခေါင်းကြီးပိုင်းသတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရ ပြုလုပ်လျက်ရှိသော အပြုသဘောဆောင် ပြောင်းလဲပြင်ဆင်မှုများကို ထပ်မံ အသိအမှတ်ပြု တုန့်ပြန်သည့် အနေဖြင့် အမေရိကန်ပြည်ထောင်စုက ၂၂ နှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး သံအမတ်ကြီးကို ခန့်အပ် တာဝန်ပေးအပ်လိုက်ပြီဖြစ်ပြီး၊ အမေရိကန် ကုမ္ပဏီများ အသစ် ရင်းနှီးမြှုပ်နှံမှုကို တားမြစ်ထားခြင်း၊ ငွေကြေးလုပ်ငန်းများကို တားမြစ်ထားခြင်းတို့ကို ဖြေလျော့ပေးမည့် အစီအစဉ်ကို ထုတ်ပြန် ကြေညာလိုက်ပြီ ဖြစ်သည်။ မေလ ၁၇ ရက်က သမ္မတ ဘားရက်အိုဘားမား ကြေညာလိုက်သော အစီအစဉ်များသည် နှစ်နိုင်ငံအကြား ဆက်ဆံရေး အသစ်စတင်ခြင်းကို ထင်ပာပ်နေသည်။

လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသော အာရှရေးရာကျွမ်းကျင်သူ စစ်မှုထမ်းပောာင်း သံတမန် ဒဲရစ်မစ်ချယ်သည် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး တာဝန်ကို လက်ခံလိုက်ပြီ ဖြစ်ရာ၊ နှစ်ပေါင်းများစွာ တန်းနေခဲ့သော သံတမန် ဆက်ဆံရေးကိစ္စများ တရားဝင် ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သည်။ စီးပွားရေးဆိုင်ရာ တားမြစ်ချက်များကို ဖြေလျော့ ပေးခြင်းအားဖြင့်လည်း အမေရိကန် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများကို ပထမဆုံးအကြိမ် ခွင့်ပြုလိုက်ပေပြီ။ ထိုကဲ့သို့ အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံ အကြား စီးပွားရေးအရ ပိုမိုထိတွေ့ ဆက်ဆံလာခြင်းသည် မြန်မာအစိုးရထံမှ ပြုပြင်ပြောင်းလဲရေး သမားများနှင့် အရပ်ဖက် လူ့အဖွဲ့အစည်းတို့ကို အားပေး ထောက်ခံရာတွင် အသက်တမျှ အရေးကြီးလှသည်။ ထို့အပြင် ယင်းသို့ ထိတွေ့ ဆက်ဆံခြင်းကြောင့် မြန်မာပြည်သူများ၏ စီးပွားရေးခြုံငုံတိုးတက်မှုကို အားပေးမြှင့်တင်မှုနိုင်မည့် အပြင် အပယ်ခံ စည်းအတွင်းမှ မြန်မာနိုင်ငံကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဝင်ဆန့်အောင် ဆွဲခေါ်နိုင်ပေလိမ့်မည်။

အမေရိကန်တို့သည် ပြီးခဲ့သော နှစ်များ အတွင်း ဒီမိုကရေစီကူးပြောင်းရေးအတွက် တိုက်ပွဲဝင် ရုန်းကန်ခဲ့ကြသော မြန်မာပြည်သူများနှင့်အတူ ရပ်တည်ခဲ့ကြသည်။ မကြာသေးမီ လပိုင်းများကမူ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လာခဲ့သော နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကြောင့် အမေရိကန်တို့အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အတွင်းမှ အများစုအနေဖြင့် များစွာ ကျေနပ်အားရခဲ့ကြသည်။ ယင်းသို့ တိုးတက် ပြောင်းလဲမှုများနှင့် ပတ်သက်၍ သမ္မတ ဘားရက်အိုဘားမားက “မြန်မာနိုင်ငံမှာ သံလက်သီးဆုပ် ပြေသွားပြီ ဆိုတော့ မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီ ပိုမိုပြည့်ဝတောက်ပတဲ့ အနာဂါတ်ကို ကိုယ်စားပြုဖို့ ထိတွေ့ဆက်ဆံတဲ့ အစီအစဉ်မှာ ကဏ္ဍသစ်ရှာဖွေဖို့အတွက် ကျွန်တော်တို့လက်ကို ဆန့်တန်း ကမ်းလှမ်း ထားပါတယ်”ပာု ပြောဆိုခဲ့သည်။

သို့သော်လည်း ဒီမိုကရေစီဆက်လက်ကူးပြောင်းရေး၊ တိုင်းရင်းသား နယ်မြေများတွင် ထိုးစစ်ရပ်ဆိုင်းရေး၊ ကျန်ရှိနိုင်ငံရေးသမားများ ခြွင်းချက်မရှိ လွှတ်ပေးရေးတို့အတွက် အမေရိကန်ပြည်ထောင်စု အနေဖြင့် ဆက်လက် ဖိအားပေးပါလိမ့်မည်။ နောက်ဆုံးအနေဖြင့် ငြိမ်းချမ်း၍ တရားမျှတလွတ်လပ်သော နိုင်ငံဖြစ်လာအောင် မြန်မာပြည်သူများ ကြိုးပမ်းနေခြင်းကို မိမိတို့ ကျေနပ်အားရသည်။ သူတို့၏ ကြိုးပမ်းအားထုတ်မှုကို မိမိတို့ အမေရိကန်များက အားပေးထောက်ခံလျက်ရှိသည်ပာု တင်ပြလိုက်ရပါသည်။

****************************************

 ဂျပန် SMBC ဘဏ်က မြန်မာ KBZ ဘဏ်ကို နည်းပညာ အကူအညီပေးတော့မည်။

(Japan Today မှ 23 May 2012 ရက်စွဲပါ “SMBC bank to help Myanmar Lender ”သတင်းကို ဘာသာပြန်ဆိုသည်။)

နှစ်ပေါင်း ၅၀ တံခါးပိတ် မူဝါဒကို အဆုံးသတ်ကာ ပြုပြင်ပြောင်းလဲမှုများ စတင်နေသော မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ဂျပန်တို့က လေ့လာ သုံးသပ်နေပြီဖြစ်၍ မြန်မာနိုင်ငံမှ အကြီးဆုံး ဘဏ်တစ် ခုကို နည်းပညာ ပံ့ပိုးပေးတော့မည် ဖြစ်ကြောင်း ဆူမီတိုမိုမစ်ဆူအိ ဘဏ်လုပ်ငန်း (SMBC) က အင်္ဂါနေ့တွင် ပြော ကြားသည်။

ဆူမီတိုမိုမစ်ဆူအိ ဘဏ္ဍာရေးလုပ်ငန်း အုပ်စု၏  လက်လီဘဏ်လုပ်ငန်း SMBC  သည် မြန်မာနိုင်ငံ၌ လုပ်ငန်းချဲ့ထွင်ရန် ရည်ရွယ်သည့် အနေဖြင့် အကြီးဆုံး မြန်မာဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်နှင့် တနင်္လာနေ့ တွင် သဘောတူ လတ်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

“SMBC ဘဏ်လုပ်ငန်း အနေဖြင့် မြန်မာ KBZ (ကမ္ဘောဇဘဏ်)ဘဏ်ကို ဘဏ်လုပ်ငန်းနှင့် ပက်သက်၍ အကြံဥာဏ်ပေးမည့်အပြင် မြန်မာဘဏ်ဝန်ထမ်းများ ကိုလည်း လေ့ကျင့်သင်တန်းပေးရန် ကူညီမယ်” ဟု ဆူမီတိုမို ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီကူးပြောင်းမှုများ စတင်ပြုလုပ်လာပြီး နောက်ပိုင်း ဤကဲ့သို့ ဂျပန်ဘဏ်နှင့် မြန်မာပုဂ္ဂလိကဘဏ် အကြား သဘောတူ လက်မှတ်ရေးထိုးမှုမျိုးမှာ ပထမဆုံး အကြိမ်ဖြစ်သည်ဟု SMBC ၏ အင်္ဂါနေ့ ကြေညာချက်တွင် ဖော်ပြထားသည်။ ဘဏ်နှစ်ခုအကြား စီးပွားရေး ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး အပါအဝင် ဖြစ်နိုင်ခြေ အလားအလာများကို စဉ်းစား သုံးသပ်နေချိန်တွင်မြန်မာနိုင်ငံအတွင်းသို့ တစ်ဖွဲဖွဲ ဝင်ရောက်နေသည့် မိမိတို့ဘဏ်၏ ဖောက်သည်များ အတွက် အရေးကြီးသော ပံ့ပိုးမှုစနစ်ကို တည်ဆောက်ပေးထားရန် ရည်မှန်းတားသည်ဟု SMBC ဘဏ်ကဆိုပါသည်။

မြန်မာနိုင်ငံတွင် ရာစုနှစ်ဝက် တံခါးပိတ်အမှောင်ချ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ကာ စီးပွားရေးပြုပြင် ပြောင်းလဲရန် ကြိုးပမ်းခြင်းဖြင့် ကမ္ဘာတစ်လွှားမှ ဈေးကွက်သစ် ရှာဖွေနေသော ကုမ္ပဏီ  များစွာကို ဆွဲဆောင် နေချိန်တွင် ဂျပန်တို့၏ ပူးပေါင်းဆောင်ရွက်မှုများ ပေါ်ထွက်လာခြင်းဖြစ်သည်။

ဒီမိုကရေစီပြောင်းလဲမှုများကို လိုက်လျောခွင့်ပြုခြင်းကြောင့် အနောက်အုပ်စု၏ လက်ခုပ်သံကိုရရှိနေသော မြန်မာနိုင်ငံထဲသို့ ကုမ္ပဏီများ ဆက်တိုက် ဝင်လာနေပြီဖြစ်၍ တိုကျို အာဏာပိုင်များက မြန်မာတို့၏ ကြွေးမြီ ဒေါ်လာ ၃.၇ ဘီလျံခန့်ကို လျော့ပေါ့ပေးသည့်အပြင် ကယ်ဆယ်ရေး ရန်ပုံငွေကိုလည်း ပြန်လည်ပေးကမ်းထောက်ပံ့တော့မည် ဖြစ်သည်။

ဂျပန်နှင့် မြန်မာအကြား ရင်းနှီးမြှပ်နှံမှု သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှု ဒုတိယအကြိမ် အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် နေပြည်တော်၌ စတင်ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံ အနေဖြင့်လည်း စီစစ် တွက်ချက်နိုင်လွန်းသော အိန္ဒိယကုမ္ပဏီများ၊လတ်တလောအကျိုး အမြတ်ကိုသာ ကြည့်တတ်သော တရုတ်ကုမ္ပဏီများထက် ပိုမို လူကြီးလူကောင်းဆန်၍ ကျင့်ဝတ်သိက္ခာရှိသော ဂျပန်ကုမ္ပဏီများ၊အနောက်နိုင်ငံကုမ္ပဏီများကို ပိုမိုသဘောကျ နှစ်သက်သည်ဟု မြန်မာစီးပွားရေး အကဲခတ်သမားများက မှတ်ချက်ပေးထားသည်။

********************************************************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၂.၅.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ကလင်တန်နှင့် ဒေါ်စု အမေရိကန် အရေးယူမှုများ ဖြေလျော့မှုကိစ္စ ဆွေးနွေး

(21 May 2012 ရက်စွဲပါ The Washington Post မှ AP ၏ Clinton, Suu Kyi discuss easing of US sanctions, agree Myanmar reforms 'fragile' ကို ဘာသာပြန်သည်)

  1. ဒေါ်အောင်ဆန်းစုကြည် ၂၁ နှစ်နောက်ကျ၍ နိုဘယ်မိန့်ခွန်းခြွေမည်

(The Independent မှ 22 May 2012 ရက်စွဲပါ “Suu Kyi to give Nobel Speech, 21 years late”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရင်းနှီးမြှုပ်နှံမှု စာချုပ်ဆိုင်ရာ ဆွေးနွေးမှုများကို ဂျပန်-မြန်မာ စတင်

(Japan Today မှ 22 May 2012 ရက်စွဲပါ “Japan, Myanmar start investment tready talks” သတင်းကို ဘာသာပြန်ဆိုသည်)

  1. လျှပ်စစ်မီး မရရှိမှုကြောင့် မြန်မာနိုင်ငံတွင် ဆန္ဒပြပွဲများဖြစ်

(22 May 2012 ရက်စွဲပါ iol News မှ Blackouts spark protests in Myanmar ကို ဘာသာပြန်သည်)

***************************

ဘာသာပြန်သတင်းများ

ကလင်တန်နှင့် ဒေါ်စု အမေရိကန် အရေးယူမှုများ ဖြေလျော့မှုကိစ္စ ဆွေးနွေး

(21 May 2012 ရက်စွဲပါ The Washington Post မှ AP ၏ Clinton, Suu Kyi discuss easing of US sanctions, agree Myanmar reforms 'fragile' ကို ဘာသာပြန်သည်)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည် မကြာသေးမီက ဖြေလျော့ပေးခဲ့သော အမေရိကန်၏ အရေးယူမှုများ အကြောင်းနှင့် ပြုပြင်ပြောင်းလဲမှုများ နောက်ပြန်မလှည့်ရေး ကာကွယ်ရန် လိုအပ်ပုံတို့ကို ဆွေးနွေး ခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက တနင်္လာနေ့က ပြောကြားလိုက်သည်။

အမေရိကန်က သောကြာနေ့က အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ ပိတ်ပင်ထားခြင်းနှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ မြန်မာနိုင်ငံသို့ ပေးခြင်းအား တားဆီးပိတ်ပင်ထားခြင်းများကို ယာယီ ရုတ်သိမ်းကြောင်း ကြေညာခဲ့သည်။ ယခု ခြေလှမ်းမှာ မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ငါးခုကျော် အာဏာရှင်အုပ်ချုပ်ရေးမှ ပြောင်းလဲလာမှုအပေါ် ဆုလာဘ်ပေးသည့် အိုဘားမားအစိုးရ၏ အရေးပါသော ခြေလှမ်းဖြစ်သည်။ လူ့အခွင့်အရေး အုပ်စုများကမူ အဆိုပါ လုပ်ရပ်ကို အချိန်မတန်သေးကြောင်း ဝေဖန်ခဲ့သည်။

ကလင်တန်သည် တနင်္ဂနွေနေ့ညက ဒေါ်အောင်ဆန်းစုကြည် နှင့် စကားပြောခဲ့ပြီး၊ ယင်းတို့ နှစ်ဦးသည် ပြီးခဲ့သည့် လများက အရေးကြီးသည့် တိုးတက်မှုများသည် အချိန်မရွေး ပြောင်းလဲသွားနိုင်သည့် (fragile) အခြေအနေတွင် ရှိနေသေးကြောင်း သဘောတူခဲ့ကြသည်။ အမေရိကန်အနေဖြင့် အရေးယူမှုများကို အာမခံထားသည့် မူဝါဒမျိုးအဖြစ် ဆက်လက် ထားရှိမည်ဖြစ်ကြောင်း ကလင်တန်က ပြောခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ သိရှိရသည်။

ယင်းတို့နှစ်ဦးသည် တာဝန်ယူပြီး၊ ပွင့်လင်းမြင်သာသော ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးအတွက် တိကျသောခြေလှမ်းများ လိုအပ်ပုံ၊ ပြုပြင်ပြောင်းလဲရေးသမားများအား အင်အား မြှင့်တင်ပေးရန်နှင့် ဖိနှိပ်သူများကို ပစ်မှတ်ထားရန် ဆွေးနွေးခဲ့ကြသည်ဟု ကြေညာချက်ကဆိုသည်။ ယင်းတို့နှစ်ဦးသည် ကာလရှည်နေပြီဖြစ်သော မြန်မာနိုင်ငံ၏ တိုင်းရင်းသားပဋိပက္ခများ ဖြေရှင်းရာတွင် တိုးတက်မှုရှိရန် အရေးတကြီး လိုအပ်ပုံနှင့် တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ဆိုင်းသွားရန် ကိစ္စများကို ဆွေးနွေးခဲ့သည်။

ကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဆက်လက်၍ အနီးကပ် အဆက်အသွယ်မပြတ် ရှိနေစေရန် သဘောတူကြသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီမှအဖွဲ့ဝင်များသည် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းကို အသိအမှတ် ပြုသောအားဖြင့် ဥရောပသမဂ္ဂမှ အရေးယူမှုများ ယာယီရုတ်သိမ်းခြင်းနှင့် အမေရိကန်၏ အလားတူလုပ်ဆောင်မှုများကို ဒေါ်အောင်ဆန်းစုကြည်က သတိကြီးစွာဖြင့် ထောက်ခံခဲ့သည်။

လူ့အခွင့်အရေးအုပ်စုများနှင့် အချို့မြန်မာလှုပ်ရှားသူများက ကချင်ပြည်နယ်မှ ပြင်းထန်သောတိုက်ပွဲများအတွက် စိုးရိမ်ပူပန်ရမှုများနှင့် နိုင်ငံရေး အကျဉ်းသားများ ကျန်ရှိနေမှုကို ပြောဆိုခဲ့ကြသည်။ လှုပ်ရှားသူများက အရေးယူမှုများ၊ ယာယီ ရုတ်သိမ်းထားပြီး ပြန်လည်ချမှတ်ရန် ခက်ခဲသွားမည်ကို စိုးရိမ်ပူပန်လျက် ရှိသည်။

****************************************

ဒေါ်အောင်ဆန်းစုကြည် ၂၁ နှစ်နောက်ကျ၍ နိုဘယ်မိန့်ခွန်းခြွေမည်

(The Independent မှ 22 May 2012 ရက်စွဲပါ “Suu Kyi to give Nobel Speech, 21 years late”သတင်းကို ဘာသာပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိပြီး ၂၁ နှစ်နီးပါး ကြာမြင့်ခဲ့ချိန်၊ ယခု နောက်ဆုံးတွင်မူ ဆုလက်ခံ ရရှိခြင်းအတွက် ကျေးဇူးတင်စကား ပြောဆိုခွင့်ကို ရရှိတော့မည် ဖြစ်သည်။

မြန်မာအတိုက်အခံခေါင်းဆောင်သည် သူမ၏ နော်ဝေး ခရီးစဉ်အတွင်း ဇွန် ၁၆ ရက်တွင် အော့စလိုမြို့တော်ခန်းမ၌ မိန့်ခွန်းပြောကြား လိမ့်မည်ပာု ငြိမ်းချမ်းရေး အဖွဲ့အစည်း ပြောရေးဆိုခွင့်ရှိသူ ဆီဂရစ် လန်ဂီဘရက်က မနေ့က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဇွန်လ ၁၅-၁၈ ခရီးစဉ်တွင် နော်ဝေနိုင်ငံ ဝန်ကြီးချုပ် ဂျင်စတော်လတန်ဘတ်ဂ်နှင့်လည်း တွေ့ဆုံမည်ပာု နော်ဝေးအစိုးရ သတင်းထုတ်ပြန်သည်။

သူမသည် ဗြိတိန်နိုင်ငံသို့လည်း သွားရောက်မည်ပာု မျှော်လင့်ရပြီး ယခင် တောင်အာဖရိက ခေါင်းဆောင် နယ်လဆင်မင်ဒဲလားနှင့် အမေရိကန် သမ္မတအိုဘားမား တို့ကဲ့သို့သော ပုဂ္ဂိုလ်များကိုသာ ရှားရှားပါးပါး ဂုဏ်ပြုဖိတ်ကြားသည့် ဗြိတိန်လွှတ်တော် နှစ်ရပ်လုံးတွင်လည်း မိန့်ခွန်း ပြောကြားဦးမည် ဖြစ်သည်။ ထို့အပြင် ၁၉၇၀ ခုနှစ်များက သူမ ပညာသင်ကြားခဲ့သော အောက်စဖို့တက္ကသိုလ်သို့လည်း သွားရောက် လည်ပတ်မည်ပာု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၄ နှစ်အတွင်း သူမ၏ ပထမဆုံး နိုင်ငံကူးလက်မှတ်ကို ယခုလတွင်ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေးကာလ ၂၂ နှစ်အတွင်း စစ်အစိုးရဆန့်ကျင်ရေး ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဖြစ်လာခဲ့သော သူမအား ယခင် အာဏာပိုင်များက ၁၅ နှစ်သို့ အကျယ်ချုပ် ထိန်းသိမ်းထားခဲ့ကြသည်။ ထိုကာလအတွင်း အထိန်းသိမ်းမခံရသောအချိန် (ခေတ္တလွတ်မြောက်ချိန်)များတွင်မူ နိုင်ငံခြားခရီးစဉ် ထွက်ခွာရန် သူမငြင်းဆန်ခဲ့ရခြင်းမှာ ပြည်ဝင်ခွင့်ပြန်မပေးမည် ကို စိုးရိမ်ရသောကြောင့်ဖြစ်သည်။

ထိုကဲ့သို့ အထိန်းသိမ်းခံနေရ ခြင်းကြောင့် ၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်ဆုပေးပွဲ အခမ်းအနားကို သူမတက်ရောက်နိုင်ခဲ့ခြင်းမရှိပါ။ သူမ၏ ကိုယ်စား သားကြီး အလက်ဇန္ဒားအဲရစ်က ဆုကို လက်ခံယူခဲ့ခြင်းဖြစ်သည်။

ယခု ဥရောပ ခရီးစဉ်သည် ၁၉၈၈ ခုနှစ်က သူမ၏ မိခင်ကျန်းမာရေးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာပြီးနောက်ပိုင်း ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်လာမည် ဖြစ်သည်။

****************************************

ရင်းနှီးမြှုပ်နှံမှု စာချုပ်ဆိုင်ရာ ဆွေးနွေးမှုများကို ဂျပန်-မြန်မာ စတင်

(Japan Today မှ 22 May 2012 ရက်စွဲပါ “Japan, Myanmar start investment tready talks” သတင်းကို ဘာသာပြန်ဆိုသည်)

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိုစတင် အားပေးနေပြီဖြစ်သော အထီးကျန်အပယ်ခံ မြန်မာနိုင်ငံမှ  နိုင်ငံခြားကုမ္ပဏီများအား ကူညီ အားပေးနိုင်မည့် အစီအစဉ်များကို လေ့လာနေသူ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု သဘော တူညီချက် ရရှိရေးအတွက် မြန်မာတို့နှင့် စတင် ဆွေးနွေး နေပြီဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားသည်။

ဖေဖော်ဝါရီလက စတင်ခဲ့သော နှစ်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး များအကြား ဆွေးနွေး ညှိနှိုင်းမှုများ၏ ဒုတိယ အချီ အစည်းအဝေးကို မြို့တော်နေပြည်တော်တွင် ဗုဒ္ဓပာူးနေ့၌ စတင်ပြုလုပ်မည်ပာု ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

“နိုင်ငံခြား ကုမ္ပဏီတွေကို ခွဲခြားဆက်ဆံခြင်းမပြုတဲ့ ရင်းနှီးမြှုပ်နှံမှု စည်းကမ်း တွေကို ကြိုတင် ပြင်ဆင်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ဂျပန် ကုမ္ပဏီ တွေ ရင်းနှီး မြှုပ်နှံတာ ကို အားပေးနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ပာု ဂျပန် တာဝန်ရှိသူ က AFP သို့ပြောကြားသည်။

“ဒီနှစ်ကုန်ပိုင်းလောက်မှာ သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထား ပါတယ်။ အထူးသဖြင့် နိုဝင်ဘာလ အာဆီယံ ထိပ်သီး ညီလာခံ မတိုင်ခင် ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ပာု ၎င်းတာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

နှစ်ပေါင်း ၅၀ ခန့် တံခါးပိတ် သံချေး ကိုက်နေခဲ့သော မြန်မာနိုင်ငံသည် ယခု စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင် ပြုလုပ်လာခဲ့ပြီးနောက် အကျိုးအမြတ် အလားအလာ ကောင်းသော ဈေးကွက်သစ်များကို ရှာဖွေနေသည့် အာရှတစ်လွှား ကုမ္ပဏီများအား ဆွဲဆောင်နေပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ ဂျပန်တို့၏ ခြေလှမ်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ ဂျပန်ကုမ္ပဏီများ ဆက်တိုက် ဝင်ရောက်နေပြီ ဖြစ်သောကြောင့် ဂျပန် အစိုးရက မြန်မာတို့ပေးရန်ရှိသော ကြွေးမြီဒေါ်လာ ၃.၇ ဘီလျံကို လျော့ပေါ့ပေးခဲ့ပြီး၊ ယခု ရပ်ဆိုင်းထားသော ထောက်ပံ့ကယ်ဆယ်ရေး ရန်ပုံငွေ ပေးအပ်ခြင်းကို ပြန်လည် စတင်နေပြီပာု တိုကျိုမှ အာဏာပိုင်များက ပြောကြားသည်။

မြန်မာနိုင်ငံသည် တရားဥပဒေ စိုးမိုးမှု အားနည်းခြင်း၊ အရေးကြီးသော အခြေခံ အဆောက်အဦးပိုင်း နိမ့်ကျခြင်းစသော စိန်ခေါ်မှုများ ရှိနေ သော်လည်း မတို့ထိရသေးသော ဓာတ်သတ္တု၊ ကျောက်မျက်နှင့် ရေနံဓာတ်ငွေ့ သယံဇာတများ အပါအဝင် အလားအလာ ကောင်းသော ခရီးသွားလုပ်ငန်း ကဏ္ဍများက ထိထိမိမိ ဆွဲဆောင်လျက်ရှိသည်။

အမေရိကန်ပြည်ထောင်စုကလည်း မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှု တားမြစ်ချက်များကို ယခင်အပတ်က ဖြေလျော့ပေးခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးသံအမတ်ကြီးကို ခန့်အပ်ခဲ့သည်။

ယခု သတင်းပတ်ကုန်တွင် အမေရိကန် ပြည်ထောင်စု၌ တွေ့ဆုံဆွေးနွေးခဲ့ကြသော ကမ္ဘာ့စက်မှုထိပ်သီး ၈ နိုင်ငံ(G-8)ခေါင်းဆောင်များ ကလည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီအပြောင်းအလဲများ စတင်နိုင်အောင် ကြိုးစားနေသော သမ္မတ ဦးသိန်းစိန်နှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့၏ အထင်ကရ အားထုတ် ကြိုးပမ်းမှုများကို ဂုဏ်ပြုကြိုဆိုခဲ့သည်။

****************************************

လျှပ်စစ်မီး မရရှိမှုကြောင့် မြန်မာနိုင်ငံတွင် ဆန္ဒပြပွဲများဖြစ်

(22 May 2012 ရက်စွဲပါ iol News မှ Blackouts spark protests in Myanmar ကို ဘာသာပြန်သည်)

တနင်္လာနေ့က လျှပ်စစ်မီး ပြတ်တောက်ခဲ့မှုကြောင့် မြန်မာနိုင်ငံ၏ မြို့ကြီးတစ်ခုတွင် ရာပေါင်းများစွာသော လူများ ဒုတိယနေ့အဖြစ် စီတန်း လှည့်လည်ခဲ့ကြရာ လွန်ခဲ့သည့် ငါးနှစ်က ဘုန်းတော်ကြီးများ ဦးဆောင်သော အရေးအခင်း အပြီးတွင် အကြီးဆုံး ဆန္ဒပြမှုကြီးဖြစ်သည်။

တနင်္လာနေ့က မန္တလေးမြို့တွင် ရာပေါင်းများစွာသည် ငြိမ်းချမ်းစွာ ချီတက်ကြသည်ဟု မြင်တွေ့သူများက Reuters သို့ ပြောကြားခဲ့သည်။ ယခင်နေ့ကလည်း လူ ၁၀၀၀ ခန့် အဆက်မပြတ် မီးဖြတ်တောက်ထားမှုအတွက် စုဝေး ဆန္ဒပြခဲ့သည်။

"ည ရှစ်နာရီ လောက်မှာ နေရာ နှစ်နေရာလောက်မှာ အလားတူ ချီတက်မှုတွေ ရှိခဲ့ပါတယ်" ဟု မျက်မြင် ကိုယ်တွေ့ဖြစ်သူ ကိုထွန်းမြင့်က Reuters သို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့က ဆန္ဒပြမှုနှင့် ပတ်သက်၍ ယင်းက ပြောကြားရာတွင် ဆန္ဒပြသူများသည် ဖယောင်းတိုင်များ ကိုင်ဆောင်၍ မန္တလေးမြို့လယ်တွင် ချီတက် ကြပြီး အချို့က လျှပ်စစ်မီး ပိုမိုမှန်မှန် ရရှိရေး တောင်းဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ တက်လာပြီးနောက် တရားဝင် ဆန္ဒပြမှုများ ရရှိလာသည်။ သို့သော် ဥပဒေတွင် ဆန္ဒမပြမီ ရက်အတန်ငယ် ကြိုတင်၍ အာဏာပိုင်များထံ ကြိုတင်အသိပေးရန် လိုအပ်ခြင်းများ အပါအဝင် ကန့်သတ်ချက်များစွာ ပါဝင်ကြောင်း လူ့အခွင့်အရေး အုပ်စုများက ပြောကြားခဲ့သည်။

မုံရွာ တွင်လည်း လျှပ်စစ်မီး မလုံလောက်မှုကြောင့် အလားတူ ချီတက်မှုများ ရှိကြောင်း မုံရွာမှမျက်မြင်သက်သေ တစ်ဦးက Reuters သို့ ပြောသည်။ အသေးစိတ်ကိုမူ ချက်ခြင်းအတည်မပြုနိုင်ပေ။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်များ ထုတ်လုပ် နေသော်လည်း အများစုကို တရုတ်နိုင်ငံသို့ ရောင်းချခြင်းကြောင့် ပြည်သူများက မကျေနပ် ကြပေ။ မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စီစဉ်ထားသော ရေအားလျှပ်စစ် စီမံကိန်း (၄၅)ခု ရှိသည့်အနက် ၃၃ ခုကို တရုတ်ကုမ္ပဏီများက တည်ဆောက် လည်ပတ်ရန် မျှော်လင့်ချက် ရှိသည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ရှိသည့်အနက် ၇၆%မှာ မီးမှန်မှန် မရရှိကြကြောင်း အာရှဖွံ့ဖြိုးရေး ဘဏ်၏အဆိုအရ သိရှိရသည်။ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်တွင်ပင် လျှပ်စစ်မီး နေ့စဉ်ပြတ်တောက်မှု ရှိနေပြီ ဖြစ်သည်။

လျှပ်စစ်မီးကိစ္စမှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားသည့် မြန်မာရော နိုင်ငံခြား ကုမ္ပဏီများပါ ကြုံတွေ့နေရသော ကိစ္စများစွာအနက် တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကြီးမားသော သယံဇာတ အလားအလာကောင်း ရှိသော်လည်း မဖွံ့ဖြိုးသေးသော သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အဦက ကန့်သတ်ချက်များအဖြစ် ရင်ဆိုင်နေရသည်။

ကိုထွန်းမြင့်က ပြောကြားရာတွင် တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီးက တနင်္ဂနွေနေ့က မန္တလေးတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် လျှပ်စစ် ဓာတ်အား မလုံလောက်မှုကို ရှင်းပြခဲ့ပြီး နေအိမ်များ ဓာတ်အားပိုမို ပေးနိုင်ရန် အာမခံခဲ့သည်ဟု ဆိုသည်။

********************************************************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs