Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၆.၅.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ·ဆန္ဒပြမှုများကို ဖြေရှင်းရာတွင် အကြမ်းဖက်ခြင်းများကို ရှောင်ရှားရန် အာဆီယံအကြီးအကဲ သတိပေး

(Reuters News မှ 24 May 2012 ရက်စွဲပါ “Myanmar must Cope with protest,aroid xiolence: ASEAM chief”သတင်းကို ဘာသာပြန်ဆိုသည်)

  1.  မြန်မာနိုင်ငံသည် အိန္ဒိယ၏ အိမ်နီးချင်း စွမ်းအင်တင်သွင်းမှု ဖြစ်လာမည်ပာု တရုတ်ပညာရှင်ပြော

(25 May 2012 ရက်စွဲပါ Indo Asian News Service မှ Myanmar could be India’s next-door energy supplier: Chinese export ကိုဘာသာပြန်ဆိုသည်)

  1.  မြန်မာဓာတ်အားကဏ္ဍကို တရုတ် လှမ်းမျှော်

(IANS News မှ 25 May 2012 ရက်စွဲပါ “China eyes Myanmar Power Sector”သတင်းကို ဘာသာပြန်ဆိုသည်)

***************************

ဘာသာပြန်သတင်းများ

ဆန္ဒပြမှုများကို ဖြေရှင်းရာတွင် အကြမ်းဖက်ခြင်းများကို ရှောင်ရှားရန် အာဆီယံအကြီးအကဲ သတိပေး

(Reuters News မှ 24 May 2012 ရက်စွဲပါ “Myanmar must Cope with protest,aroid xiolence: ASEAM chief”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအာဏာပိုင်များအနေဖြင့် လျှပ်စစ်မီးပြတ်တောက်မှုအပေါ် ဆန္ဒပြမှုများကို အကြမ်းဖက်မနှိမ်နင်းပဲ အေးအေးဆေးဆေး ကိုင်တွယ်ထိန်းသိမ်းရန်လိုအပ်ပြီး၊ ၎င်းဆန္ဒပြမှုများကို စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် ဖြစ်ရိုးဖြစ်စဉ်တစ်ခုအဖြစ် ရှုမြင်သင့်ကြောင်း အာဆီယံအဖွဲ့အကြီးအကဲက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြောင်းလဲမှုရေချိန်ကို စမ်းသပ်သည့်အနေဖြင့် ရန်ကုန်မြို့တော်အပါအဝင် နိုင်ငံအနှံ့အပြားတွင် လျှပ်စစ်မီးပြတ်တောက်မှုအပေါ် ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိရာ အာဏာပိုင်များ တုန့်ပြန်ရခက်အောင် အကျပ်ရိုက်မှုကို ဖြစ်ပေါ်စေသည်။

ဆန္ဒပြပွဲများကို ရက်အနည်းငယ် စောင့်ကြည့်ပြီးနောက်တွင် ပြည်မြို့၌ ရဲတပ်ဖွဲ့အကြမ်းဖက်ဖြိုခွဲခဲ့ပြီး၊ မန္တလေးမြို့တော်တွင်လည်း NLD ပါတီဝင်များကို ခေါ်ယူမေးမြန်းလျက်ရှိသည်။

အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က မြန်မာနိုင်ငံအနေဖြင့် အသွင်ကူးပြောင်းလမ်းကြောင်းပေါ်မှ ချော်မသွားရန်နှင့် ဆန္ဒပြပွဲနှိမ်နင်းမှုမှန်သမျှကို ရှောင်ရှားရန် အရေးကြီးသည်ပာု ထုတ်ဖော်ပြောဆိုသည်။

“နိုင်ငံတစ်ခု(သို့) လူ့အဖွဲ့အစည်းတစ်ခုပာာ ဒီမိုကရေစီစနစ်ကို တံခါးဖွင့်ကူးပြောင်းတော့မယ်ဆိုရင် တင်းမာမှုတွေ တခါတရံ အကြမ်းဖက်မှုတွေကို အေးအေးဆေးဆေးရင်ဆိုင်ဖို့ ပြင်ဆင်ထားရပါလိမ့်မယ်”ပာု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပောာင်း ဆူရင်က ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးတွင်ပြောကြားသည်။

မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ အုပ်ချုပ်ခဲ့သော တပ်မတော်အစိုးရသည် အဆိုပါကာလအတွင်း ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများကို နှိမ်နင်းရာတွင် အင်အားအသုံးပြုသည့် အလေ့အထရှိခဲ့သည်။

ထိုကဲ့သို့ ဆိုးဝါးသော လူ့အခွင့်အရေးမှတ်တမ်းများကြောင့် အနောက်အင်အားကြီးနိုင်ငံများက မြန်မာတပ်မတော်အစိုးရကို အရေးယူဒဏ်ခတ်ပစ်ပယ်ထားခဲ့ချိန်တွင် မျက်နှာမပျက်လိုသော အာဆီယံအိမ်နီးခြင်းနိုင်ငံများက အပြုသဘောထိတွေ့ဆက်ဆံကာ မြန်မာနိုင်ငံကို အားပေးခဲ့ကြသည်။

အာဆီယံမိတ်ဆွေ အနောက်နိုင်ငံများ၏ သံသယများ အဖိနှိပ်ခံ ဒီမိုကရေစီလှုပ်ရှားမှု ထောက်ခံသူတို့၏ ကန့်ကွက်မှုများ ရှိနေသည့်ကြားမှပင် ၁၉၉၇ တွင် အာဆီယံအဖွဲ့ထဲသို့ မြန်မာနိုင်ငံဝင်ရောက်လာခဲ့သည်။

အာရပ်နွေဦးပုန်ကန်မှုကာလတွင် တိုက်တိုက်ဆိုင်ဆိုင် အာဏာရလာသော လက်ရှိအရပ်သားတစ်ပိုင်း မြန်မာအစိုးရသည် ကျယ်ပြန့်သော နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ရုတ်တရက်မြန်မြန်ဆန်ဆန် ပြုလုပ်လာခဲ့သည်။

 

အကြမ်းမဖက်ရ

အာဆီယံအဖွဲ့အနေဖြင့် အဖွဲ့ဝင်များ၏ အတွေ့အကြုံများကို အခြေခံကာ ရေ၊ စားနယ်ရိက္ခာ၊ သယ်ယူပို့ဆောင်ရေး စသော လိုအပ်ချက်မပြည့်မှီမှု ပြဿနာများတွင် ကျရောက်လာမည့် ဖိအားများကို မြန်မာနိုင်ငံ ဖြေရှင်းနိုင်အောင် ကူညီသွားမည်ပာု ဆူရင်ကဆိုသည်။

“ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အကြမ်းဖက်နှိမ်နင်းမှုမျိုးမရှိတာကိုပဲ ကျွန်တော်တို့မြင်ချင်ပါတယ်”ပာု ဆူရင်က ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား ရာချီလွှတ်ပေးခဲ့သော၊ ဆင်တာတင်းကြပ်မှုကို ဖြေလျော့ပေးခဲ့သော၊ တိုင်းရင်းသားအုပ်စုများနှင့် ငြိမ်းချမ်းရေး စတင်ညှိနှိုင်းနေသော ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲသို့ ရောက်အောင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော ဗိုလ်ချုပ်ကြီးပောာင်း ပြုပြင်ပြောင်းလဲရေးဝါဒီသမ္မတသစ် ဦးသိန်းစိန်ကို ယခုသီတင်းပတ်ဆန္ဒပြပွဲများက စမ်းသပ်မှုပြုလုပ်လျက်ရှိသည်။

သို့သော်လည်း လက်ရှိပြူပြင်ပြောင်းလဲမှုအနေအထားများက အစိုးရနှင့် အတိုက်အခံတို့ နှစ်ဖက်စလုံးမှန်းချက်ကိုက်အောင် ရုန်းကန်ကြရလိမ့်မည်ပာူသော မျှော်မှန်းမှုများကို ဖြစ်ပေါ်စေမည့် လက္ခဏာရှိသည်။

လူဦးရေ သန်း ၆၀ ကို လျှပ်စစ်မီးလုံလောက်အောင် မဖြန့်ဖြူးနိုင်ခြင်းသည် အာဆီယံအဖွဲ့၏ ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံတစ်နိုင်ငံရင်ဆိုင်နေရသော စိန်ခေါ်မှုများထဲမှတစ်ခုမျှသာ ဖြစ်ပေသည်။

အာဆီယံ ၄ နိုင်ငံအပါအဝင် ၉ နိုင်ငံညှိနှိုင်းနေသော အမေရိကန်ဦးဆောင် ပစ္စဖိတ်အနားသတ်ကုန်သွယ်ဖက်စာချုပ်၏ သက်ရောက်မှုအလားအလာကို မေးမြန်းရာတွင် ဆူရင်က ယင်းကိစ္စကြောင့် အာဆီယံနိုင်ငံ၏ မူပိုင်စီးပွားရေးပေါင်းစည်းမှု အစီအစဉ်ကို အနှောက်အယှက်မရှိပါပာု ဖြေကြားသည်။

ဆင်းရဲသော လာအိုမှသည် သယံဇာတပေါသော အင်ဒိုနီးရှား၊ ချမ်းသာသော စင်္ကာပူတို့ အထိကွာခြားလွန်းအားကြီးသော အာဆီယံအနေဖြင့် ၂၀၁၅ တွင် ကုန်စည်၊ ငွေကြေး၊ ဝန်ဆောင်မှု၊ လုပ်သားများ လွတ်လပ်စွာ စီးမျောခွင့်ပေးမည့် ပေါင်းစည်းမှုအစီအစဉ်ကို ပြင်ဆင်ဆောင်ရွက်နေသော်လည်း စီးပွားရေးပညာရှင်များကမူ ၎င်းရည်မှန်းချက်သည် လက်တွေမကျ၊ သဘာဝမကျပာု သံသယရှိနေကြသည်။

ပစ္စဖိတ်ကုန်သွယ်ဖက် စာချုပ်ဆွေးနွေးပွဲများတွင် စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်းတို့ ပါဝင်ဆွေးနွေးနေကြပြီး၊ အကယ်၍ သူတို့ ၄ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းသည်ဆိုပါက ကျန်အာဆီယံအဖွဲ့ဝင်များကလည်း ပစ္စဖိတ်ကုန်သွယ်ရေးစာချုပ်သို့ ပူးပေါင်းပါဝင်ရန် စဉ်းစားကြလိမ့်မည်ပာု ဆူရင်က မှတ်ချက်ပေးပြောကြားသည်။

****************************************

မြန်မာနိုင်ငံသည် အိန္ဒိယ၏ အိမ်နီးချင်း စွမ်းအင်တင်သွင်းမှု ဖြစ်လာမည်ပာု တရုတ်ပညာရှင်ပြော

(25 May 2012 ရက်စွဲပါ Indo Asian News Service မှ Myanmar could be India’s next-door energy supplier: Chinese export ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ပထဝီမပာာဗျူပာာ(geostrategic)၏ အရေးပါမှုကို ထည့်သွင်းစဉ်းစားမည်ဆိုပါက အိန္ဒိယသည် မြန်မာနိုင်ငံနှင့် မိတ်ဆွေဖြစ်ရန် အရေးပါလှသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် အိန္ဒိယကို အရှေ့တောင်အာရှနှင့် ဆက်သွယ်ပေးသည့် တံတားသဖွယ်ဖြစ်ခြင်း၊ အိန္ဒိယ၏ တိုးတက်လာသော စီးပွားရေးတွင် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ကို အလွန်အမင်လိုအပ်ခြင်းတို့ကြောင့်ဖြစ်သည်ပာု တရုတ်ပညာရှင်တစ်ဦးက ပြောသည်။

အိန္ဒိယဝန်ကြီးချုပ် မန်မိုပာန်ဆင်းသည် တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ရာ ၁၉၈၇ ခုနှစ်က ရာဂျစီဂန္ဒီ သွားရောက်ပြီးကတည်းက ၂၅ နှစ်အတွင်း ပထမဆုံး သွားရောက်မည့် အိန္ဒိယဝန်ကြီးချုပ်ဖြစ်သည်။

Chinese Academy of social Science မှ တောင်အာရှလေ့လာရေးပညာရှင် Ye Hailin က Global Times နေ့စဉ်သို့ပြောကြားရာတွင် “အချို့အိန္ဒိယပညာရှင်တွေက ဒီခရီးစဉ်ပာာ အိန္ဒိယရဲ့ ကစားပွဲကို နောက်ကျမှ ဝင်တဲ့ ဥပမာတစ်ခုလို့ပြောကြတယ်။ ဘာလို့လဲဆိုတော့ တရုတ်ရယ်၊ အမေရိကန်က ခေါင်းဆောင်တွေတောင် မြန်မာပြည်ကိုသွားပြီးကြပြီ”ပာု ဆိုသည်။

သို့သော် ၎င်းကပြောကြားရာတွင် ၎င်းအနေဖြင့် မန်မိုပာန်ဆင်း၏ မြန်မာနိုင်ငံခရီးစဉ်သည် အရေးပါသော ပြောင်းလဲမှုပာုလည်းကောင်း၊ သို့မပာုတ် အမေရိကန်နှင့် အခြားသူများ၏ နောက်မှလိုက်ခြင်းပာုလည်းကောင်း မမြင်မိကြောင်းဆိုသည်။

အိန္ဒိယ၏ “အရှေ့မျှော်ဝါဒ”အရ၊ အိန္ဒိယသည် မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒ၏အရေးပါသောပြောင်းလဲမှုများ ၁၉၉၀ ခုနှစ်များက စတင်ခဲ့သည်။ ၎င်းသည် ဒီမိုကရေစီလှုပ်ရှားမှုများကို ထောက်ခံနေရာမှာ စစ်တပ်အစိုးရကို စတင်ပြောင်းလဲဆက်ဆံခဲ့သည်ပာု ၎င်းကပြောသည်။

“မြန်မာနိုင်ငံရဲ့ ပထဝီမပာာဗျူပာာရဲ့အရေးပါမှုကို စဉ်းစားမယ်ဆိုရင်၊ မြန်မာနိုင်ငံနဲ့ မိတ်ဆွေဖြစ်ဖို့ အရေးပါလှပါတယ်။ မြန်မာနိုင်ငံပာာ အိန္ဒိယနိုင်ငံနဲ့ ၁၆၀၀ ကီလိုမီတာ ကုန်းတွင်းနယ်စပ်ထိစပ်နေတဲ့ တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံ ဖြစ်ပါတယ်။ အာဆီယံနဲ့ အိန္ဒိယ ဆက်စပ်ပေးတဲ့ မြေပေါ်တံတား(Land-bridge)တစ်စင်းဖြစ်ပါတယ်”ပာု အဆိုပါတရုတ်ပညာရှင်က ဆိုသည်။

“မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတည်ငြိမ်အောင် ဆက်လက်ထိန်းသိမ်းထားရမယ့် အခြားအဓိကအကြောင်းကတော့ အိန္ဒိယရဲ့ တိုးတက်လာတဲ့စီးပွားရေးမှာ အငမ်းမရ လိုအပ်နေတဲ့ မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ပဲဖြစ်ပါတယ်”ပာု ၎င်းကပြောသည်။

အိန္ဒိယသည် ကမ္ဘာပေါ်တွင် စွမ်းအင်အရင်းအမြစ်များကို လိုက်လံရှာဖွေလျက်ရှိရာ မြန်မာနိုင်ငံသည် အိန္ဒိယ၏ အိမ်နီးချင်းဖြည့်ဆည်းပေးမယ့်သူဖြစ်လာနိုင်သည်။ အိန္ဒိယအတွက် သယ်ယူပို့ဆောင်ရေးစရိတ်လျှော့ချနိုင်ပြီး စွန်းစားရမည့်အန္တရာယ်ကိုလည်း လျော့နည်းသွားနိုင်သည်။

ထို့ပြင် အိန္ဒိယအရှေ့မြောက်ဒေသနှင့် မြန်မာနိုင်ငံသည် ရှည်လျားသော နယ်စပ်ထိစပ်လျက်ရှိခြင်းကြောင့် အိန္ဒိယ၏ စစ်သွေးကြွအုပ်စုများသည် မြန်မာနိုင်ငံတွင် ခိုလှုံလျက်ရှိရာ နှစ်နိုင်ငံဆက်ဆံရေး ရင်းနှီးသည်နှင့်အမျှ အိန္ဒိယအစိုးရဆန့်ကျင်ရေးအင်အားစုများ မြန်မာနိုင်ငံတွင် လက်မခံရေး ပြောကြားနိုင်မည်ဖြစ်သည် ပာု ၎င်းက ပြောသည်။

မန်မိုပာန်ဆင်း၏ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးအင်အားကောင်းလာရေးအတွက် လုပ်ဆောင်သည့် ထင်ရှားသည့်လက္ခဏာ တစ်ရပ်ဖြစ်သည်ပာု ၎င်းကဆိုသည်။

“အိန္ဒိယပာာ မြန်မာနိုင်ငံမှာ ပါဝင်ပတ်သက်မှုကြီးမားတဲ့ နိုင်ငံထဲမှာပါတဲ့အလျောက် အမေရိကန်ဝင်လာတာနဲ့ သူ့ကိုလျစ်လျူရှုသွားမှာ စိုးရိမ်နေပါတယ်”ပာု ၎င်းကပြောသည်။

မြန်မာနိုင်ငံသည် အနောက်နှင့် ဆက်ဆံရေး တံခါးဖွင့်လာသောအခါ အမေရိကန်နှင့် တရုတ်တို့သည် မပာာဗျူပာာကျသော အနေအထားတွင်ရှိသည့် ဆင်းရဲသည့် မြန်မာနိုင်ငံအပေါ် မျက်နှာသာရရေးအတွက် ဘာမဆို လုပ်ပေးကြမည်ဖြစ်ရာ အိန္ဒိယသည် အဓိကဇာတ်ခုံပေါ်တွင် ဘေးရောက်သွားနိုင်သည်။

 “ဒီလို အခြေအနေမျိုးကို အိန္ဒိယကလည်း မြင်တွေ့လိုမှာမပာုတ်ပါဘူး”ပာု ၎င်းက ပြောသည်။

အိန္ဒိယသည် တရုတ်ကို ယှဉ်နိုင်ရန် မြန်မာနိုင်ငံတွင် အခြေခံဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကို အရှိန်မြှင့်နေသည်။

သမ္မတဦးသိန်းစိန်အစိုးရသည် ၂၀၁၁ စက်တင်ဘာလက တရုတ်တို့ဆောက်လုပ်နေသော ရေလှောင်တမံကို ရပ်ဆိုင်းခဲ့ခြင်းကြောင့် Beijinig ၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးမှာ အေးခဲလာခဲ့သည်။

         “ဒါ့အပြင် တရုတ်-မြန်မာ ဆက်ဆံရေးပာာ စစ်ရေးရှုထောင့် ပါသလားလို့ အိန္ဒိယကအနီးကပ်စောင့်ကြည့်နေပါတယ်။ ကောလပာာလတွေကနေ တရုတ်က မြန်မာနိုင်ငံနှာ ရေတပ်စခန်းတို့ ထောက်လှမ်းရေးအဆောက်အဦးတွေ တကယ်ဆောက်လာခဲ့ရင်ဆိုတာ စောင့်ကြည့်နေပါတယ်”ပာု Global Times သို့ပြောကြားသည်။

“အိန္ဒိယက မြန်မာနိုင်ငံကို လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ၂၀၁၅ မှ လွတ်လပ်ပြီး၊ တရားမျှတစေဖို့ အားပေးလိုပါတယ်”ပာု ၎င်းက ပြောသည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယအား အဓိကမပာာမိတ်အဖြစ် လက်ခံရန် စိတ်ဝင်စားခြင်းရှိ၊ မရှိ သံသယရှိကြောင်း တရုတ်ပညာရှင်က ပြောသည်။

အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးမှာ ၂၀၀၅ မှ စတင်၍ နှစ်ဆတိုးလာရာ ၂၀၁၀ တွင် ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံ ရှိခဲ့သည်။

****************************************

မြန်မာဓာတ်အားကဏ္ဍကို တရုတ် လှမ်းမျှော်

(IANS News မှ 25 May 2012 ရက်စွဲပါ “China eyes Myanmar Power Sector”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဓာတ်အားတည်ဆောက်မှု ပြဿနာအတွက် အထောက်အကူဖြစ်စေမည့် မပာာဓာတ်အားလိုင်း ကွန်ယက်အဆင့်မြှင့်ခြင်း အစီအစဉ်တွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးအောင် တရုတ်ကုမ္ပဏီများကို တရုတ်အစိုးရက အားပေးတိုက်တွန်းမည်ပာု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ မြန်မာနိုင်ငံအနှံ့အပြား၌ ဓာတ်အားမလုံလောက်မှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည်။

မြန်မာအစိုးရသည် လျှပ်စစ်မီးပြတ်တောက်စေသည်အထိ တရုတ်နိုင်ငံသို့ စွမ်းအင်အရင်းအမြစ်များ ရောင်းချနေသည်ပာု ဆန္ဒပြသူများက စွပ်စွဲထားသည်။

“တရုတ်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရာမှာ နှစ်နိုင်ငံ အကျိုးစီးပွား၊ နှစ်ဖက်ပြည်သူတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းရေးမူဝါဒနဲ့ ကိုက်ညီအောင်လုပ်ကြပါလို့ တရုတ်အစိုးရက အမြဲတမ်းတောင်းဆိုနေတာပါ”ပာု တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ပောာင်လီက ကာကွယ်ပြောကြားသည်။

တရုတ်ကုမ္ပဏီများနှင့် မြန်မာနိုင်ငံအကြားတွင် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး ကန်ထရိုက်စာချုပ်များသည် ပြည်တွင်းဥပဒေ၊ စည်းကမ်းများနှင့်အညီ လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်ပာုလည်း ပောာင်လီကဆိုသည်။ မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမှာ ယိုယွင်းနေသော ဓာတ်အားလိုင်း စနစ်ကြောင့်ဖြစ်သည်ပာု သူကထောက်ပြသည်။

ထိုသို့ လျှပ်စစ်ဓာတ်အားမလုံလောက်မှုကြောင့် မြန်မာနိုင်ငံတွင် ဧပြီလဆန်းမှစ၍ စက်မှုဇုန်များကို ညဦးပိုင်း ၆ နာရီ လျှပ်စစ်မီး မသုံးစွဲရန်တားမြစ်ခဲ့သည်။ ယင်းသို့ ပြတ်တောက်ခြင်းဖြင့် အများပြည်သူ အများဆုံးသုံးစွဲချိန် ညနေ ၅ နာရီမှ ၂၂ နာရီအတွင်း လျှပ်စစ်ဓာတ်အား ပိုထွက်လာလိမ့်မည်ပာု အာဏာပိုင်များက မျှော်လင့်ခဲ့ကြသည်။

ယခု လတ်တလောတွင် နိုင်ငံခြားမှ မှာယူထားသော အကြီးစားဂျင်နရေတာ ၅၂ လုံး တစ်ပတ်အတွင်း ရောက်ရှိလာမည်ပာု နိုင်ငံပိုင် သတင်းစာများက သတင်းထုတ်ပြန်သည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ တောင်ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်း၍ ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန်စီစဉ်နေသည်ပာုလည်း အစိုးရအာဘော် News Light of Myanmar သတင်းစာက မကြာသေးမီက ဖော်ပြခဲ့သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများမှာ အမေရိကန် General Electric နှင့် Caterpillar၊ ဂျပန်မှ J Power၊ တောင်ကိုရီးယား BKB  ကုမ္ပဏီတို့ဖြစ်သည်ပာုသိရှိရသည်။

ရန်ကုန်အနီးတွင် ၆၀၀ မဂ္ဂါဝပ် ကျောက်မီးသွေး လောင်စာသုံးဓာတ်အားပေးစက်ရုံကို ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်း၍လည်းကောင်း၊ ၅၀၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံကို တောင်ကိုရီးယားကုမ္ပဏီနှင့်လည်းကောင်း ပူးပေါင်းတည်ဆောက်မည်ပာု အဆိုပါသတင်းက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင်(ရေအားလျှပ်စစ် ၁၈၊ ကျောက်မီးသွေးလောင်စာသုံး ၁၊ ဓာတ်ငွေ့သုံး ၁၀) စုစုပေါင်း ဓာတ်အားပေးစက်ရုံ ၂၉ ခုရှိပြီး မိုးရာသီတွင် အမြင့်ဆုံး ၁၆၁၀ မဂ္ဂါဝပ်နှင့် နွေရာသီတွင် ၁၃၄၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးလျက်ရှိသည်။

မိုးရာသီသုံးစွဲမှု ၁၅၆၀ မဂ္ဂါဝပ်သည် ထုတ်လုပ်နိုင်စွမ်း ၁၆၁၀ မဂ္ဂါဝပ်ထက် လျော့နေသော်လည်း နွေရာသီသုံးစွဲမှု ၁၈၅၀ မဂ္ဂါဝပ်သည် ထုတ်လုပ်နိုင်စွမ်း ၁၃၄၀ မဂ္ဂါဝပ်ထက် များစွာ ကျော်လွန်နေသည်ပာု အစိုးရ ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 

                                 ********************************************************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

သတင်းလွှာစာဖတ်သူများခင်ဗျာ..

သတင်းလွှာအတွဲ (၂) အမှတ် (၁၈) ကိုပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာ
၁။မီးရရှိရေးအထင်ကရမြို့နယ်များနှင့် တိုင်းဒေသကြီးအချို့၌
တောင်းဆိုဆန္ဒပြုမှုများ ဖြစ်ပွားလျက်ရှိ
၂။ ဒုတိယသမ္မတတာဝန်ထမ်းဆောင်နေဆဲ ဖြစ်ကြောင်းသမ္မတအကြံပေးအဖွဲ့ခေါင်းဆောင်ပြောကြား
၃။ ဇိုမီးအမျိုးသားကွန်ကရက်ပါတီအမည်သုံးခွင့်မရ
၎။ မော်တော်ယာဉ်များ၌ ခွပ်ဒေါင်းအလံလွှင့်ထူမှုအတွက် တိုင်းကော်မရှင်မှ NLD
သို့ အကြောင်း ကြားစာပေးပို့
၅။ ငြိမ်းချမ်းရေးကိစ္စများဆောင်ရွက်နိုင်ရန် မွန်ပြည်သစ်ပါတီမှ
ဆက်ဆံရေးနှင့် စီးပွားရေးရုံးများဖွင့်လှစ်
၆။ မြန်မာခရိုနီများ၏အခွန်ထမ်းဆောင်မှုကိုနိုင်ငံတကာရင်းနှီးမြုပ်နှံသူများစိတ်ဝင်စား
၇။ UMFCCI ဥက္ကဋ္ဌဦးဝင်းအောင်သတင်းမှောင်ချ
၈။ မြန်မာဘဏ်များအမေရိကန်နှင့်အီးယူနိုင်ငံရှိဘဏ်များနှင့်စတင်ချိတ်ဆက်
စတဲ့သတင်းတွေအပြင်
အင်တာဗျူးကဏ္ဍ၊ ဆောင်းပါးများကဏ္ဍ၊ နိုင်ငံတကာသတင်းများကဏ္ဍကိုလည်း
ထူးထူးခြားခြားထည့်သွင်းထားပါတယ်။

လေးစားလျှက်
သတင်းလွှာအဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံအတွင်းရှိဖတ်သူများဒေါင့်စုံသတင်းရ
အောင် ဖော်ပြခြင်းသာ ဖြစ်ပြီးဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည်
မူရင်းမီဒီယာများ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား
မဟုတ်ပါကြောင်း။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၆.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဘကြီးညို၏ အောက်ကစ

*****************************************

ဆောင်းပါးကဏ္ဍ

ဘကြီးညို၏ အောက်ကစ

ဦးတင်မောင်လတ် (မွန်ပြည်နယ်ကျောင်းကျန်းမာရေး)

မြန်မာတိုင်းမ်ဂျာနယ် အတွဲ ၂၉ ၊ အမှတ် ၅၇၀ (၂၅ - ၃၁ ၊ ၅ ၊ ၂၀၁၂)မှ ကူးယူဖော်ပြချက်

ရိုးသားသော မွန်လူမျိုး ဘကြီးညို ... မွန်နာမည်ကိုတော့ နိုင်ကွန်ဒေဟု ခေါ်ကြသည်။ မွန်ပြည်နယ်၏ အေးချမ်းသော မွန်ရွာကလေးတစ်ရွာတွင် မူလတန်းပြဆရာအဖြစ် အသက်မွေးဝမ်းကျောင်း ပြုလုပ်ခဲ့သူဖြစ်၏။ ဆရာညိုသည် သူ၏ကျောင်းဆရာအလုပ်ကို အလွန်တန်ဖိုးထားပြီး ၎င်း၏တပည့် ကလေးများအပေါ် သံယောဇဉ်ကြီးမား သော ဆရာတစ်ယောက်ဖြစ်၏။

၎င်း၏ ခေတ်က မိမိနေထိုင်ရာ မွန်ရွာကလေးတွင် ကျူရှင်ဆိုသည်မှာ ကြားတောင်မကြားဘူးချေ။

လူပျိုကြီးဖြစ်၍ မိသားစု သံယောဇဉ်ဟူ၍ သူ့တွင်မရှိ။ သူ တွယ်တာရသော သံယောဇဉ်ဆိုသည် မှာ သူ့တပည့်ကလေးများသာ ဖြစ်၏။ မိမိ၏စေ တနာ၊ မေတ္တာ၊ ကရုဏာများကို ၀ါသနာများဖြင့် ပေါင်းစပ်ပြီး ရစ်ပတ် ဖွဲ့နှောင်ထားသော သူ့သံယောဇဉ်ကြောင့် ဉာဏ်ရည်နိမ့်ပြီး အထူးသဖြင့် စာမလိုက် နိုင်သော သူ၏တပည့်ကလေးငယ်များအား ညနေ ၅ နာရီမှ ၆ နာရီအထိ မိမိအိမ်တွင် အခမဲ့ စာသင်ပေးပြန်သည်။

စာအသံများဖြင့် အသံမစဲ ညံဆူနေသော သူ့အိမ်ရှေ့ ဖြတ်သန်းလျှောက်လှမ်းသွားသည့်အခါ စာသင်သံ၊ စာအံသံများကို ကြားရသဖြင့် ၀မ်းသာပီ တိ ဖြစ်ရလေသည်။ မေတ္တာ စေတနာကြီးမားသော မြတ်ဆရာ ဘကြီးညိုပါတကား။ အသက် ၆၀ ပြည့်သည့်အခါ ဘကြီးညို အနားရလေပြီ။ ရရှိသော ပင်စင်လစာ ငါးရာ ခြောက်ရာဖြင့် မြန်မာအိုတော့ ကျောင်းကြိုကျောင်းကြားဆိုသည့်စကားအတိုင်း ဆရာတော်ကြီးဦးဇင်း ဦးနိုင်ဒုတ်ကျောင်းတွင် ကပ္ပိယ ရာထူးဖြင့် အလုပ်ရလေပြီ။ ဆရာတော်ကြီးကျွေးသော ထမင်းကိုစား၍ ဆရာတော်ကြီးပေးသော ကျောင်းနေရာလေးတွင် ကျောခင်းလဲလျောင်းရင်း ရာဂ ဏန်းဖြင့် မိမိရရှိသော ပင်စင်လစာငွေမှာ မိမိအတွက် ကွမ်းဖိုး၊ ဆေးဖိုးတော့ ရလေသည်။ တုံးလုံးစာတော့ရ၏။ သို့သော် ပက်လက်စာတော့ မရှိ။ ပင်စင်လ စာများ တိုးလာလေမလားဟု ဘကြီးညို မျှော်ခဲ့သည်။ စစ်အစိုးရခေတ်တစ်လျှောက်လုံးပါပဲ။ သို့သော် ကံကောင်းထောက်မ၍ အရပ်သားအစိုးရသစ် ပေါ် ထွန်းလာသောအခါ ဘကြီးညို အနှစ်နှစ်အလလက စောင့်မျှော်ခဲ့သော ပင်စင်လစာငွေများ တိုးမြင့်ခံစားခဲ့ရလေပြီ။

ရာဂဏန်း အရေအတွက်ရှိသော ပင်စင်လစာငွေများ သောင်းဂဏန်းနှင့်ချီပြီး တစ်သောင်းကျော် ရရှိလာသဖြင့် ဘကြီးညို အပျော်ကြီး ပျော်နေ သည်။ သူ၏ဦးဦးဖျားဖျား တိုးမြှင့်ပင်စင်လစာငွေတစ်သောင်း ကျော်ဖြင့် ဆရာတော်ကြီးအား ဆွမ်းတစ်အုပ်နှင့် သင်္ကန်းတစ်စုံ ကပ်လှူလေသည်။ ရာဂ ဏန်းဖြင့်သာရရှိသော ပင်စင်လစာငွေမှ သောင်းဂဏန်းနှင့်ချီသော ပင်စင်လစာငွေ တစ်သောင်းကျော် ရရှိလာသဖြင့် ကွမ်းဖိုး၊ ဆေးလိပ်ဖိုးထက်တော့ ပိုပြီ ပေါ့။ ပုဆိုးအသစ်ကလေး၊ အင်္ကျီအသစ်ကလေး တစ်ထည်တစ်လေလောက်တော့ ၀ယ်ဝတ်နိုင်ပြီလေ။ ငပိရည်ချို၊ မျှစ်ချဉ်ဟင်း၊ ချဉ်ပေါင်ဟင်း တစ်ခါတစ် ရံ ၀က်သားဟင်း၊ ငါးဟင်းလေးစားနေရသော ဘကြီးညို ခုတော့ ချိုချဉ်ကလေးများလည်း ၀ယ်စားနိုင်လေပြီ။

ဆရာတော်ကျွေးသော ထမင်းဟင်းဖြင့် အသက်ရှင်နေရသော ဘကြီးညို နံနက်ညဝတ်ပြုလေတိုင်း နိုင်ငံတော်သမ္မတကြီး အသက်ရှည်ရန် ကျန်း မာရန် ဆုတောင်းရသည်မှာအမော။ အဘယ်ကြောင့်ဆိုသော် ဤသမ္မတကြီးလက်ထက် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာတိုး၍ ရရှိကြသောကြောင့်ပင် နိုင်ငံတော်အစိုးရအား အငြိမ်းစားလစာနည်း ၀န်ထမ်းများအတွက် ဤထက်ပို၍ ပင်စင်လစာငွေများ တိုးပေးနိုင်ပါရန် ဆုတောင်းရသည်အမော။

အမှန်တော့လည်း အသက်ရွယ်အိုမင်းလာသော ဘကြီးညိုကဲ့သို့သော အငြိမ်းစားဝန်ထမ်းငယ်လေးများအတွက် နိုင်ငံတော်၏ ထောက်ပံ့ငွေသည် သာ တစ်ခုတည်းသော အားကိုးရာဖြစ်၏။ တစ်သိန်းခွဲ နှစ်သိန်းနီးပါးရရှိသော အဆင့်မြင့်ဝန်ထမ်းများ၏ ပင်စင်လစာမှာ ဘ၀အတွက် ပူပင်စရာမရှိတော့ သော်လည်း တစ်သောင်းကျော် နှစ်သောင်းကျော်ရရှိသည့် ပြန်တမ်းဝင်အောက် အငြိမ်းစားလစာမှာ အလွန်ကွာခြားလှ၏။ ဘ၀အတွက် ရပ်တည်နိုင်ရန် လည်း အလွန်ခက်ခဲ၏။

လက်ရှိဝန်ထမ်းများအား အပိုကြေး ငွေကျပ်သုံးသောင်းစီ တိုးမြှင့်ပေးခဲ့ပါလျှင် လစာနည်း အငြိမ်းစားဝန်ထမ်းများအတွက်လည်း အထိုက်အ လျောက် တိုးမြှင့်ပေးသင့်သည်ဟု ဘကြီးညို ယုံကြည်သည်။ အငြိမ်းစားဝန်ထမ်းများမှာ အနည်းငယ်သောလစာဖြင့် ၎င်းအပေါ် အခြေခံ၍ရရှိသော အ နည်းငယ်သောပင်စင်ဖြင့် နှစ်ပေါင်း ၃၀ ကျော် နိုင်ငံတာဝန်ကို ကျေပွန်စွာထမ်းရွက်ခဲ့ပြီးသူများ ဖြစ်၏။ နေ့စဉ် ထမင်းနှစ်နပ်စားနေရသော ၀န်ထမ်းများ နည်းတူ ပြန်တမ်းဝင်အောက် အနည်းငယ်သော ပင်စင်လစာဖြင့် ဘ၀နေ၀င်ချိန်ကို ဖြတ်သန်းနေရသော ၀န်ထမ်းကောင်း၊ ၀န်ထမ်းဟောင်းတို့အတွက် စား ရေး၊ ၀တ်ရေးထက် နာရေးသေရေးစရိတ်က ပိုလာသည်။

ဤသည်ကို နိုင်ငံတော်မှ ပြန်လည်စဉ်းစားပြီး စာနာစိတ် ကရုဏာစိတ်တို့ဖြင့် အတိုင်းအတာတစ်ခုခုဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း ဘကြီးညို ယုံကြည်၏။

ဧပြီလ ၁ ရက်နေ့မှစ၍ ၀န်ထမ်းများ အပိုကြေးငွေ သုံးသောင်းကျပ်စီ ခံစားခွင့်ပြုသော အမိန့်ကြော်ငြာစာနှင့်အတူ အငြိမ်းစားဝန်ထမ်းများအ တွက် တစ်စုံတစ်ခုသော အတိုင်းအတာဖြင့် တိုးမြှင့်ထောက်ပံ့ငွေများ ခံစားနိုင်သည့် အမိန့်ပြန်တမ်းများ ပါမလာသဖြင့် ဘကြီးညို စိတ်ပျက်အားငယ်မိ သည်။

ဘကြီးညိုအတွက် ဘုရားဝတ်ပြုလေတိုင်း ထပ်မံဆုတောင်းရမည်မှလွဲ၍ အဘယ်မှာ တတ်နိုင်ပေဦးမည်နည်း။ ဘကြီးညိုတစ်ယောက် နံနက်တစ် ကြိမ်၊ ညတစ်ကြိမ်အပြင် နေ့လယ်တစ်ကြိမ် အပိုဆောင်း၍ မြတ်ဗုဒ္ဓအား ၀တ်ပြု ဆုတောင်းနေပြန်သည်။

ဘကြီးညို၏ တစ်နေ့သုံးကြိမ် ဘုရားရှင်အား ၀တ်ပြုဆုတောင်းခဲ့ပုံများကို မွန်ကိုရင်လေး ဇ၀န၏ ပြောပြချက်အရ ဤသို့ သိရှိရပါသည်။

ဘကြီးညိုသည် မွန်လူမျိုးဖြစ်သည့်အလျောက် ဘုရားဝတ်ပြုဆုတောင်းခြင်းကို မွန်ဘာသာဖြင့် ဆိုလေသည်။

မြန်မာလို ဩကာသ၊ ဩကာသ၊ ဩကာသဆိုသည်ကို မွန်ဘာသာ၊ မွန် အသံထွက်ဖြင့် "အောက်ကစ၊ အောက်ကစ၊ အောက်ကစ" ဟု ဆိုလေ သည်။ ဤသို့မွန်ဘာသာဖြင့် "အောက်ကစ" သုံးကြိမ်ရွတ်ဆို၍ ဘုရားဝတ်ပြု ဆုတောင်းခဲ့ပုံများကို မွန်ကိုရင်လေး ဇ၀နက ဤသို့ မြန်မာလိုပြန်ပြသည်။

"အရှင်မြတ်ဘုရား တပည့်တော်မောင်ညိုသည် ကျောင်းဆရာတစ်ဦးအနေဖြင့် နှစ်ပေါင်းသုံးဆယ်ကျော် နိုင်ငံတာဝန်ကို ကျေပွန်စွာထမ်းရွက်ခဲ့ ပြီး ဖြစ်ပါသည်ဘုရား။ နိုင်ငံတော်မှ ပေးအပ်ခဲ့သော ၀န်ထမ်းကောင်းဆုတံဆိပ်နှင့် ငြိမ်ဝပ်ပိပြားရေးဆိုင်ရာ ဆုတံဆိပ်များလည်း ရရှိခဲ့ပြီးဖြစ်ပါသည် ဘုရား။ ယခုနိုင်ငံတော်တာဝန် ထမ်းဆောင်နေသူဝန်ထမ်းများ အပိုထောက်ပံ့ကြေးငွေများ သုံးသောင်း ရရှိခဲ့သော်လည်း နိုင်ငံတော်အတွက် အနှစ်သုံး ဆယ်ကျော် တာဝန်ထမ်းရွက်ပြီးဖြစ်သော တပည်တော်တို့ အငြိမ်းစားဝန်ထမ်းဟောင်းများ အပိုကြေးငွေ တစ်သောင်းလောက်တော့ မရထိုက်ပေဘူးလား ဘုရား။ အငြိမ်းစားလစာငွေ တစ်သိန်း တစ်သိန်းအထက် ရရှိကြသော စစ်ဘက်နယ်ဘက် အကြီးစားဝန်ထမ်းများအတွက်တော့ တပည့်တော်မဆိုလိုပါဘု ရား။ ပြန်တမ်းဝင်မဟုတ်သော အရာရှိများနှင့် အောက်ဝန်ထမ်းဟောင်းများအတွက်တော့ အပိုကြေးငွေ အထိုက်အလျောက်ရရှိရန် အရှင်ဘုရား ကူညီမစ ပေးပါဘုရား။ ဒကာကြီး သူရဦးရွှေမန်းကိုလည်း အငြိမ်းစားဝန်ထမ်းငယ်များအတွက် အပိုထောက်ပံ့ကြေးငွေ ကူညီပံ့ပိုးပေးရန် လွှတ်တော်တွင် ထပ်မံ တင်ပြပေးပါရန် တိုက်တွန်းပေးပါဘုရား။ ပြည်ခိုင်ဖြိုးအမတ်မင်းတစ်ဦးကလည်း လွှတ်တော်တွင် ၅,၀၀၀ ကျပ်တန် လက်ကိုင်ဖုန်းကိုင်ဆောင်နိုင်ရန် တင် ပြမည်ဟု ကြားသိရသဖြင့် တပည့်တော်တို့ ပြန်တမ်းဝင် အောက်ဝန်ထမ်းငယ်များအတွက်လည်း အပိုထောက်ပံ့ကြေးငွေ တစ်သောင်းလောက်တော့ ထပ်မံ ပံ့ပိုးရန် တင်ပြပေးရေးအတွက် တိုက်တွန်းပေးပါဘုရား။ စစ်တပ်မှကိုယ်စားလှယ်ကြီးများ၊ NDF၊ NLD နှင့် အခြားပါတီအသီးသီးနှင့် တိုင်းရင်းသားကိုယ် စားလှယ်များကလည်း ၀ိုင်းဝန်းထောက်ခံပေးရန် တိုက်တွန်းပေးပါဘုရား။ တပည့်တော်ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုအစုစုကို နိုင်ငံတော် သမ္မတကြီး နှင့်တကွ ၀န်ကြီးအဖွဲ့ဝင်အားလုံး လွှတ်တော်ဥက္ကဋ္ဌကြီးများနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအားလုံးတို့အား အမျှပေးဝေပါ၏။ ထိုပုဂ္ဂိုလ် များအားလုံး အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် နိုင်ငံနှင့် လူမျိုးတို့၏အကျိုး၊ နိုင်ငံနှင့် နိုင်ငံသားများ၏အကျိုး၊ နိုင်ငံ့ဝန်ထမ်းနှင့် နိုင်ငံတော်အငြိမ်း စားဝန်ထမ်းတို့၏ အကျိုးကို သက်တော်ရာကျော်ရှည်သည့်တိုင်အောင် ထမ်းရွက်နိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သပါသည်ဘုရား။ "အောက်ကစ၊ အောက် ကစ၊ ပွုင့်လီအောက်ကစ" ဩကာသ၊ ဩကာသ သုံးလီ ဩကာသဟု နိဂုံးချုပ်ဝတ်ပြုရွတ်ဆိုမှုအပြီး ကိုရင်လေးဇ၀န၏ မွန်ဘာသာဖြင့် "စပ်ထု၊ စပ်ထု၊ စပ်ထု (သာဓု၊ သာဓု၊ သာဓု) သုံးကြိမ်ခေါ်ဆိုမှုနှင့်အတူ ရိုက်ခတ်လိုက်သော ကြေးစည်သံသည် ဆရာတော်၏ ကျောင်းတစ်ကျောင်းလုံး ပဲ့တင်ထပ်အောင် မြည်ဟီးသွားလေတော့သည်။

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs