Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၆.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လွတ်လပ်နေကြလေပြီ

*****************************************

ဆောင်းပါးကဏ္ဍ

လွတ်လပ်နေကြလေပြီ

ခေတ်ဘုန်းလူ

(https://www.facebook.com/notes/khant-hpone-lu/%E1%80%9C%E1%80%BC%E1%80%90%E1%80%B9%E1%80%9C%E1%80%95%E1%80%B9%E1%80%B1%E1%80%94%E1%81%BE%E1%80%80%E1%80%B1%E1%80%9C%E1%81%BF%E1%80%95%E1%80%AE/226777804105355) မှ ကူးယူဖော်ပြသည်။

ပထမတော့ ရိုဟင်ဂျာများကို ဆန့်ကျင်ကြဆိုပြီး စသဗျာ။ ရိုဟင်ဂျာဆိုတာ ဘင်္ဂလီတဲ့။ သမိုင်းအထောက်အထားတွေနဲ့ ပြကြတာပေါ့လေ။ လူမျိုးရေးဆိုတော့ ထားပါတော့။ အဲသလိုနဲ့ ရွေ့လျားလာလိုက်တာ ရိုဟင်ဂျာများက မွတ်စလင်ဆိုတော့ မွတ်စလင်ဆန့်ကျင်ရေး (အခု ခေတ်စားနေ တဲ့ဟာပေါ့ဗျာ)။ ရိုဟင်ဂျာတွေ မွတ်စလင်ဖြစ်တယ်ဆိုတာနဲ့ မွတ်စလင်အားလုံးကို အပြစ်တင်ပြီး (လွတ်လပ်စွာ အားပါးတရ) ဆဲဆိုနေတာဟာ ဥာဏ် နည်းလွန်းရာကျပါတယ်။ အခု လှုံ့ဆော်နေသူတွေကရော မွတ်စလင်ဆိုတာ လူမျိုးလား၊ ဘာသာဝင်လား သေချာကွဲပြားကြပါရဲ့လား။ အဲဒီထဲမှာ ဘာမှန်း မသိဘဲနဲ့ သူများယောင်လို့ လိုက်ယောင်နေတဲ့ ပွကြီးတွေလည်း တယ်ပေါသကိုးဗျ။ နိုင်ငံရေးခြေထိုးမှုတွေလည်း ကင်းမယ်မထင်။ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် ကမြင်းကြောထနေကြပုံရတယ်။ ဟုတ်ပါပြီ။ မွတ်စလင်ဆိုတာ ဘာပါလိမ့်။

 Merriam-Webster Dictionary ကတော့ ဒီလိုဆိုပါတယ်။

Muslim – an adherent of Islam

Islam – the religious faith of Muslims including belief in Allah as the sole deity and in Muhammad as his prophet

 Cambridge Advanced Learner’s Dictionary ထဲမှာတော့

Muslim – a person who follows the religion of Islam

ဆိုလိုတာက မွတ်စလင်ဆိုတာ အစ္စလာမ်ဘာသာဝင်ကို ပြောတာပါ။ လူမျိုးတစ်ခု မဟုတ်ပါဘူး။ မွတ်စလင်လူမျိုးဆိုပြီး မရှိပါဘူး။ အခုဟာက မွတ်စလင်လို့ပြောလိုက်ရင် ကုလားဆိုပြီး မြင်ကြ၊ ပြောကြပါတယ်။ ကုလားထဲမယ် ဟိန္ဒူလည်း ရှိတာပဲ။ ခရစ်ယာန်လည်း ရှိတာပဲ။ ဗုဒ္ဓဘာသာလည်း ရှိပါ့ ဗျား။ လူမျိုးနဲ့ဘာသာကို မကွဲပြားဘဲနဲ့ ဖင်ပိတ်ဆန့်ကျင်နေတာ ဆိုးပါသည်။ မွတ်စလင်တွေထဲမှာ ဗမာလူမျိုး၊ အမေရိကန်လူမျိုး၊ တရုတ်လူမျိုး၊ အင်္ဂလိပ် လူမျိုး၊ ရှမ်းလူမျိုးတွေ စသဖြင့် ပါတာပါပဲ။

ဟိုတလောကလည်း ရမ်းဗြဲမှာ လူသတ်ပြီးမုဒိမ်းကျင့်လို့ဆိုလား။ တရားခံတွေကို မွတ်စလင်ကုလားများဆိုပြီး ဖေ့ဘွတ်မှာ တွေ့လိုက်ရပါတယ်။ မွတ်စလင်မှ အဲလိုလုပ်တတ်တာလားဆိုတာ မေးပါရစေ။ အခြားဘာသာကိုးကွယ်ပါတယ် ဆိုသူတွေထဲမှာရော မုဒိမ်းကျင့်ပြီးလူသတ်တဲ့သူ မရှိဘူးပေါ့။ အဲလိုလားခင်ဗျာ။ အဲလိုပြစ်မှုလုပ်တယ်ဆိုတာဟာ လူတစ်ဦးချင်းစီနဲ့ပဲ ဆိုင်တာဟုတ်ဘူးလား။ ဘယ်ဘာသာမှာ လူသတ်၊ မုဒိမ်းကျင့်တာ ကောင်းပါ တယ်၊ ပျော်ပျော်ကြီး ကျူးလွန်ကြလော့လို့ ပါသတုန်း။ အဲဒါကို ခုလိုလုပ်တယ်ဆိုတော့ မီးရှို့တာပဲပေါ့။

အခုလည်း ရခိုင်မှာလူသတ်မှုဖြစ်ပြန်ပါပြီ။ မွတ်စလင်တွေ အသတ်ခံရတာလို့လည်း သိရပါတယ်။ အဲဒီလူသတ်တ ရားခံများဟာ ဘယ်သူတွေ ပါလိမ့်။ ဘာသာမဲ့တွေများလား။ မဟုတ်လောက်ပါဘူးနော့။ အင်မတန်ရှုံ့ချပြစ်တင်စရာ ကောင်းပါတယ်။ လွတ်လပ်စွာဆဲဆိုခွင့်နဲ့ လွတ်လပ်စွာ လူသတ် ခွင့်ရသွားပြီလားဗျာ။ တစ်ဒီတည်းဒီနေတဲ့ ဒီမိုကရေစီဆိုတာကြီး တဖြည်းဖြည်းရလာပြီလေ။ ဘယ်မလဲ အဲ့ဒါနဲ့တန်တဲ့ နေထိုင်ပြုမူပုံ။ Democratic Culture ဘယ်မှာပါလိမ့်။

ဟိုဟာလေဗျာ။ ဘာတဲ့။ ပြည်သူတွေအတွက်အကျိုးမရှိတဲ့ဟာတွေပါလို့ ပြင်ရမယ်ဆိုတဲ့ စာအုပ်ကြီး။ အခုခေတ်က အဲ့ဒီစာအုပ်ကြီးအတိုင်း အုပ်ချုပ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီထဲက အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့်တာဝန်များ ဆိုတဲ့ထဲမှာ အခုလိုရေးထားသဗျ။

ပုဒ်မ ၃၆၁။ နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံ သည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။

၃၆၂။ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ် ကိုးကွယ်သောဘာသာ တို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည်။

၃၆၃။ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။

၃၆၄။ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော် လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုး အတွက် ပြစ်ဒဏ်ပေး နိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်။

အဲ့ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် လူတိုင်းလွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ်ဆိုတာ သိနိုင်ပါသည်။ ကိုယ်ကိုးကွယ်တဲ့ဘာသာကလွဲပြီး အခြားဘာသာတွေကို ဟာသလုပ်နေမယ်ဆိုရင် သောက်ပေါပဲ။ မကိုးကွယ်ချင်နေပေါ့။ ကိုယ် ကြိုက်တာကိုယ်ကိုးကွယ်ပေါ့ဗျာ။ ကိုယ်ကြိုက်တဲ့ဘုရား ကိုယ်ရှိခိုးပေါ့။ ရှင်းနေတာကို ရှုပ်အောင်မလုပ်ကြပါနဲ့။ အစိုးရကိုကျတော့ ဟိုဟာလုပ်ပေးဦး၊ ဒီဟာလုပ်ပေးဦးဆိုပြီး ဇွတ်အတင်းပူဆာ၊ ကိုယ့်ဘက် ကတော့ စည်းကမ်းရှိအောင် မလုပ်ကြ။ ပူဆာတာတော့ ပူဆာရမှာပေါ့ဗျာ။ ကိုယ့်ဟာကိုယ်လည်း ထိန်းထိန်းသိမ်းသိမ်းနေကြပါဦး။ အားတိုင်းယားတိုင်း ဆူပူချင်တာ မကောင်းပါဘူး။ တစ်ယောက်တစ်လှည့် သတ်နေကြရင် အေးအေးဆေးဆေး ဘယ်နေရပါ့မလဲဗျာ။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၆. ၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ကလေးသူငယ် အဓမ္မစေခိုင်းမှု အမှန်တကယ်အရေးယူတော့မည်ဟုဆို
  2. မြန်မာ့လယ်ယာထွက်ကုန်တင်ပို့မှု တရုတ်အာဏာပိုင်များ ဖမ်းဆီး
  3. စစ်ဆေးမှုအားနည်းခြင်းကို အခွင့်အကောင်းယူ၍ တရုတ်နိုင်ငံမှ ကျန်မာရေးထိခိုက်မည့် ဆီများ တင်သွင်း

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦးနှင့် ဒုတိယဝန်ကြီးနှစ်ဦး ရာထူးမှ နုတ်ထွက်
  2. ပြန်ကြားရေးဝန်ကြီးကို အစ္စလမ်ဘာသာဝင်များ ဒေါသထွက်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ကလေးသူငယ် အဓမ္မစေခိုင်းမှု အမှန်တကယ်အရေးယူတော့မည်ဟုဆို

အသက်မပြည့် သေးသည့်ကလေးများအား လုပ်ငန်းခွင်များတွင် ခိုင်းစေမှုများကို ယခင်က ထိရောက်သည့် အရေးယူခြင်း မရှိခဲ့သော်လည်း ယခုအခါ တိုင်ကြားမှုရှိလျှင် ထိထိရောက်ရောက် အမှန်တကယ်အရေးယူတော့မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"အရင်လကမှ ကျွန်မတို့အိမ်နားမှာ ကလေးမလေးကို တောကခေါ်ပြီး အရွယ်နဲ့မမျှအောင်ခိုင်းလို့ အမြင်မတော်တာနဲ့ သက်ဆိုင်ရာကို သွားတိုင်ပေးတာ ဘာမှမထူးပါဘူး "ဟု အင်းစိန်မြို့နယ်တွင်နေ ထိုင်သူ ဒေါ်အေးချိုမှ ဆိုသည်။

မြန်မာနိုင်ငံမှာ အသက်မပြည့် ကလေးငယ်ခိုင်းစေမှုသည် လုပ်ငန်းအများစုတွင် နည်းမျိုးစုံဖြင့် ရှိနေသည်။ သို့သော် သက်ဆိုင်ရာအလုပ်သမား ၀န်ကြီးဌာနများမှ အရေးယူတွင် အလွန်အားနည်းမှုများ ရှိနေသည်။ ထိုအချက်ကြောင့်ပင် လုပ်ငန်းရှင်အများစုသည် ဈေးသက်သက်သာသာဖြင့်       ခိုင်းစေနိုင်သည့် ကလေးအလုပ်သမားများအား  ခေါ်ယူခိုင်းစေကြခြင်းဖြစ်ကြောင်း ယခင် အလုပ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ညွန့်မှ ဆိုသည်။

"ကလေးတွေကို ခိုင်းစားတာက အခု အလုပ်တွေမှာတင် မဟုတ်ဘူး။ ခါးပိုက်နှိုက်ခိုင်းတာတွေ အထိပါရှိတယ်။ ကျွန်မဖုန်းကို ကလေးလေးက ခိုးသွားပြီးတော့ ပိုက်ဆံပေးမှရမယ် ဆိုပြီး အတင်းတောင်းလို့ ၄သောင်းတောင် ပေးလိုက်ရတယ်။ သူတို့ကို မလှမ်းမကမ်းကနေ မိန်းမတစ်ယောက်က ကြည့်နေတယ်။ အဲ့မိန်းမကို တော်တော်ကြောက်ရတဲ့ပုံပဲ " ဟု သီရိမင်္ဂလာဈေးမှာဈေးရောင်းသူ ဒေါ်သိန်းမှ ဆိုသည်။

အသက် ၁၈ နှစ်အောက် ကလေးများအား မည်သည့်နေရာတွင် မဆိုခိုင်းစေမှု ရှိနေသည်ကို တွေ့ ရှိပါက မည်သူမဆို နီးစပ်ရာ အလုပ်သမား ရုံးတွင် တိုင်ကြားနိုင်ကြောင်း၊ အမှန်တကယ် မိသားစုအခြေအနေအရ အလုပ်လုပ်ကိုင်ရန် လိုအပ်သည့် အသက်မပြည့် လုပ်သားအား အလုပ်ခန့်လျှင် ကျန်းမာရေးဆေးခန်းမှ ဆေးစစ်ပြီး အလုပ်လုပ်နိုင်ကြောင်း သို့သော် ထောက်ခံစာရမှသာ ခိုင်းစေနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ထောက်ခံချက် မပါရှိဘဲ ခိုင်းစေမှုရှိခဲ့လျှင် အလုပ်သမား ဝန်ကြီးဌာနမှ အပြင်းအထန် အရေးယူမည် ဖြစ်ကြောင်း သိရသည်။

                အလင်းရောင်

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ့လယ်ယာထွက်ကုန်တင်ပို့မှု တရုတ်အာဏာပိုင်များ ဖမ်းဆီး

မြန်မာနိုင်ငံမှ ထွက်ရှိသည့် လယ်ယာသီးနှံများအား နယ်စပ်ဒေသမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေမှုများကို တရုတ်အာဏာပိုင်များက တင်းကြပ်စွာ စစ်ဆေးဖမ်းဆီးလျက်ရှိကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ မြန်မာ့လယ်ယာထွက်ကုန်တင်ပို့နေမှုများကို တရုတ်အာဏာပိုင်များ ဖမ်းဆီးနေသည့်ကိစ္စအား ဖြေရှင်းနိုင်ရန် ဇွန်လပိုင်းအတွင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဇွန်လလယ်အတွင်း တရုတ်နိုင်ငံ၌ ကျင်းပမည့် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲတွင် ယင်းကိစ္စကို ထည့်သွင်းဆွေးနွေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီကိစ္စကို ဖြေရှင်းရအောင်ဆိုပြီး စီးပွား/ကူးသန်းက ဒုဝန်ကြီးနဲ့ ညွှန်ချုပ်တို့ အခုလပိုင်းမှာကို တရုတ်ကိုသွားမယ်။ အခု ကြားတာကတော့ ကျန်းမာရေးကို အကြောင်းပြပြီး လယ်ယာထွက်ကုန် တင်ပို့နေတာတွေကို ဖမ်းဆီးတယ်လို့ ကြားတယ်။ တရုတ်နယ်စပ် မူဆယ်မှာတော့ ဖမ်းဆီးမှု အများဆုံးပဲ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေးကိုပြုပြင်ပြောင်းလဲမှုများကို လုပ် ဆောင် ခဲ့သည့်အပြင် တရုတ်နိုင်ငံမှ တာဝန်တည်ဆောက်လျက်ရှိသည့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းအပါအဝင် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးကိုလည်း တိုးမြှင့်လိုက်သည့် အတွက် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ကျောက်မျက်အခွန်တိုးမြှင့်ခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် မြန်မာ့ထွက်ကုန်တင်ပို့မှုအပေါ် အကြောင်းပြချက်တစ်မျိုးဖြင့် ဖမ်းဆီးမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ခုပာာက တရုတ်က သဘောကောင်းချင်ယောင်ဆောင်ပြီးတော့ တစ်ဘက်မှာတော့ ခြေထိုးခံတဲ့ပုံစံမျိုး ဖြစ်နေတယ်။ သူတို့ဘက်က ကုန် ပစ္စည်းတွေ တရားမဝင်တင်ပို့တာတွေကိုတော့ ခွင့်ပြုထားပေမယ့် မြန်မာနိုင်ငံဘက်က တင်ပို့မှုတွေဆိုရင်တော့ အကြောင်းပြချက်တစ်မျိုးနဲ့ ပစ္စည်းတွေ ပြန်ပို့တာတို့၊ ဖမ်းဆီးတာတွေကိုလုပ်တယ်။ တရားဝင်ပဲ ပို့ပို့၊ တရားမဝင်ပဲ ပို့ပို့ နယ်စပ်ကပို့ရင်ကို အဖမ်းခံနေရတာ”ပာု မူဆယ်မြို့ရှိ ကုန်သည်တစ်ဦးက ပြောကြားသည်။

လက်ရှိ မြန်မာ-တရုတ်နယ်စပ်စခန်းများတွင် တရုတ်အာဏာပိုင်များက မြန်မာလုပ်သားများအား အတင်းဝင် ရောက်ဖမ်းဆီးမှုများ၊ ဒုက္ခသည် စခန်းများရှိ အမျိုးသမီးများအား တရုတ်နိုင်ငံသို့ လူကုန်ကူးမှုများ၊ နယ်စပ်မှ ဝင်ရောက်သည့် ကုန်ပစ္စည်းများအား အကြောင်းပြချက်တစ်မျိုးဖြင့် ဖမ်းဆီးမှု များကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ref:Popular News

-----------------------------------------------------------------------------------------------------------------------------------

စစ်ဆေးမှုအားနည်းခြင်းကို အခွင့်အကောင်းယူ၍ တရုတ်နိုင်ငံမှ ကျန်မာရေးထိခိုက်မည့် ဆီများ တင်သွင်း

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများရှိ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှု အားနည်းခြင်းများကို အခွင့်အကောင်း ယူ၍ တရုတ်နိုင်ငံမှ စားသုံးရန် မသင့်လျော်သည့် ကျန်းမာရေးထိခိုက်စေမည့် ဆီများကို မြန်မာနိုင်ငံတွင်းသို့ တင်သွင်းလျက်ရှိကြောင်း သိရသည်။

“တရုတ်နိုင်ငံက မြန်မာပြည်သူတွေကို အစမ်းသပ်ခံသတ္တဝါတွေလိုပဲ သဘောထားတာ။ ပြီးတော့ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ သူတို့အကျိုးစီးပွားအတွက် နယ်စပ်ဒေသတွေမှာ စစ်ဆေးမှုတွေ အားနည်းတာကို ကျန်းမာရေးထိခိုက်စေမယ့် ဆီတွေကို မြန်မာနိုင်ငံထဲကို တန်ချိန်ပေါင်း မြောက်မြားစွာ တင်သွင်းနေတယ်။ ခုဈေးကွက်ထဲကို တော်တော်ကိုရောက်နေပြီ”ပာု မန္တလေးဆီလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုသို့ တရုတ်နိုင်ငံမှ စားသုံးရန်မသင့်သည့်ဆီများ တန်ချိန်ပေါင်းမြောက်မြားစွာတင်သွင်းနေသည့်အတွက် ၂၀၁၂ ဇွန်လ ၃ ရက်နေ့တွင် ကုန်သည်လယ်ယာရုံး၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကုန်သည်/လယ်ယာမှ တာဝန်ရှိသူများနှင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများမှ ဆီမှောင်ခို ကိစ္စရပ်နှင့် ပတ်သက်၍ အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ရကြောင်း သိရသည်။

“တရုတ်နိုင်ငံမှာ လူမပြောနဲ့ တိရစ္ဆာန်တောင် မစားတဲ့ဆီတွေကို ပြည်တွင်းကိုပို့တယ်။ နယ်စပ်ဒေသတွေကတစ်ဆင့် တန်ချိန် မြောက်မြားစွာ ပြည်တွင်းဈေးကွက်ထဲကို ရောက်ရှိလာတော့ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်စရာပါ။ အခု နယ်စပ်ဒေသတွေက ဆီတင်သွင်းတာတွေကို အစားအစာနှင့် ဆေးဝါးသုတေသနဌာန(FDA)က စနစ်တကျ စစ်ဆေးနေပါပြီ”ပာု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိ ပြည်တွင်းဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိသည့် တရုတ်နိုင်ငံထုတ် စားသုံးရန် မသင့်လျော်သည့်ဆီများမှာ အကြိမ်ကြိမ် ပြန်ကြော်ပြီး စွန့်ပစ်ဆီများကို စက်ရုံတွင် အရောင်၊ အနံ့ချွတ်၍ ပြန်လည်တင်သွင်းခြင်းဖြစ်ပြီး ယင်းဆီများကို စားသုံးမိပါက ဆီးချို၊ သွေးတိုး၊ နှလုံး ရောဂါနှင့် ကင်ဆာရောဂါတို့ကို ဖြစ်ပွားစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ref:7Day News

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦးနှင့် ဒုတိယဝန်ကြီးနှစ်ဦး ရာထူးမှ နှုတ်ထွက်

၂၀၁၂ ဇွန်လ ၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးအား လည်းကောင်း၊ ဒုတိယ ဝန်ကြီးနှစ်ဦးအား လည်းကောင်း နှုတ်ထွက်ခွင့်ပြုခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ  သိရသည်။

နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ်(၁၃/၂၀၁၂)ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (က)နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(ခ)တို့အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသာဦးအား မိမိ သဘောဆန္ဒအလျောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ရာထူးမှ နှုတ်ထွက်ခွင့်ပြုခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ပါရှိသည်။

ထို့ပြင် နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ်(၁၄/၂၀၁၂)ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ (ခ)တို့အရ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင့်လွင်အား လည်း ကောင်း၊ စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် အားလည်းကောင်း မိမိသဘောဆန္ဒအလျောက် ဒုတိယဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့် ပြုခဲ့ ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပြန်ကြားရေးဝန်ကြီးကို အစ္စလမ်ဘာသာဝင်များ ဒေါသထွက်

ရန်ကုန်မြို့ ဆူးလေဘုရာလမ်းရှိ ဘန်ဂါလီစွန္နီ ဂျာဗေလီဝတ်ကျောင်းတော်ရှေ့တွင် ဇွန်လ ငါးရက်နေ့က ဆန္ဒပြသူများသည် ပြန်ကြားရေး ဝန်ကြီးဌာန၏ ကြေးမုံသတင်းစာနှင့် ရုပ်မြင်သံကြားသတင်းပါ "မွတ်ဆလင်ကုလား ၁၀ဦး အသတ်ခံရ"ဆိုသော အသုံးအနှုန်းသည် လူမျိုးရေး ဘာသာ ရေးပဋိပက္ခဖြစ်ရန် လှုံဆော်ပေးသော သဘောထားများ ပါရှိသောကြောင့် စိတ်ဆိုးဒေါသထွက်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် မွတ်ဆလင်ကုလား သမိုင်းတွင် မရှိကြောင်း မြန်မာမွတ်ဆလင်များသာရှိကြောင်း ကုလားဆိုသည်မှာ ကူးလာသူဟု အနက် အဓိပါယ်ရပြီး အစ္စလမ်ဘာသာဝင်များကို နိမ့်ချစော်ကားလိုသော သဘောနှင့် ရည်ရွယ်ချက် ရှိရှိ ရေးသားခြင်းဖြစ်ကြောင်း တောင်တွင်းကြီးမြို့မှ သေဆုံးခဲ့သူတစ်ဦးနှင့် ဆွေမျိုးနီးစပ်တော်သူတစ်ဦးက ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးသည် လူမျိုးရေးစိတ်ပြင်းထန်းပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို မလိုလားသူတစ်ဦးဖြစ်ကြောင်း ယခင်ကလည်း ထိုင်းနှင့် မြန်မာ လူမျိုးရေးမုန်းတီများဖြစ်ရန် ထိုင်းဆန့်ကျင်ရေး ဆောင်းပါများ ပြန်ကြားရေး သတင်းမီဒီယာများတွင် ထည့်သွင်းဖော်ပြခဲ့ကြောင်း အစ္စလမ် ဘာသာဝင် သတင်းသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။

MP

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"လွန်ခဲ့တဲ့ နှစ် ၃၀ ရန်ကုန်ကို လာမယ်ဆိုတုန်းက ကျွန်တော့်အဘိုး ပြောလိုက်တဲ့စကား မှတ်မိသေးတယ်။ ရန်ကုန်မှာက လူလည်တွေ၊ မင်းပုဆိုးပဲ ကျန်ခဲ့မယ်လို့ ပြောလိုက်တယ်။ အခု မှန်နေပြီ မုဒုံမှာတုန်းက ဓားပြတိုက်ခံရရင် မြေကျန်တယ်။ အခုမြေကိုပါဓားပြ တိုက်ခံနေရသလို ဖြစ်နေတယ်"

ဇွန်လ၂ ထုတ် The Voice Weekly အတွဲ (၈) အမှတ် (၂၄) တွင်ပါသည့် “ရွှေနံ့သာလယ်သမားများ မြေယာမှုခင်းဖွင့်ရန် ပြင်ဆင်”သတင်းမှ မွန် ပြည်နယ် မုဒုံမြို့နယ်မှ ရန်ကုန်မြို့သို့ လာရောက်၍ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးနေသည့် လယ် ၃၅ ဧကပိုင်ဆိုင်သော လယ်သမား ဦးကျော်မြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"၁၉၀၇ခုနှစ်ကျေးရွာနဲ့ မြို့ပြ အက်ဥပဒေပါ ဧည့်စာရင်းတိုင်ကြားတဲ့ဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့တဲ့ အစိုးရဟာ ဗြိတိသျှ ကိုလိုနီနယ်ချဲ့ အစိုးရပါ။ သက်တမ်းအားဖြင့်၁၀၅နှစ်ရှိပြီ။ဒီဥပဒေဟာ အုပ်ချုပ်သူအစိုးရရဲ့ လုံခြုံရေးလိုအပ်ချက်အရ ကိုလိုနီ နိုင်ငံခြားသားတွေရဲ့ ခရီးသွားလာခွင့်ကို ထိန်းချုပ်ဖို့ဒီ ဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်း ထားခဲ့တာပါ။ ဒါပေမယ့် ဒီဥပဒေ နှစ်တစ်ရာကျော်လာတဲ့အထိ ဆက်လက်သုံးနေတဲ့ အပေါ်ပြန်လည် သုံးသပ်ရပါတော့ မယ်။ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက်ခွာတဲ့အခါ ပြည်ပနိုင်ငံတွေမှာ ဧည့်စာရင်းမတိုင်ကြားရဘဲနဲ့ ခရီးသွား လည်ပတ်တဲ့အခါ ဧည့်စာရင်းတိုင်ကြားရမယ်ဆိုတဲ့ အချက်အပေါ်နှိုင်းယှဉ် သုံးသပ်ဖို့လိုပါတယ်။ တရားဥပဒေဆိုတာ မပြဋ္ဌာန်းမီ ချိုးဖောက်သူမရှိဘဲ ပြဋ္ဌာန်းလိုက်တဲ့အခါကျမှ ဥပဒေချိုးဖောက်သူများအဖြစ် ရောက်ရှိသွားရခြင်း ဖြစ်လာတာပါ။ ပြဋ္ဌာန်းရန် မလိုအပ်တဲ့ဥပဒေတွေ၊ လိုက်နာရန် မလွယ်ကူ တဲ့ ဥပဒေတွေ ပြဋ္ဌာန်းလိုက်ခြင်းဟာ နိုင်ငံသားတွေကို ဥပဒေချိုးဖောက်သူတွေအဖြစ် တွန်းပို့လိုက်တဲ့ သဘောပါပဲ။ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကို ပါးစေတာမျိုးလည်း ဖြစ်တယ်။ ဒီဥပဒေရဲ့ ကျေးရွာ အက်ဥပဒေ ပုဒ်မ၁၅၊ အပိုဒ်ခွဲ(၂)မှာ ဧည့်စာရင်း တိုင်ကြားတဲ့ ဧည့်သည်ပြန်ရင် အိမ်ရှင်က သတင်းပို့ တိုင်ကြားရမယ်လို့ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့်လည်း ဘယ်အိမ်ရှင်မှ ဧည့်သည်ပြန်သွာတဲ့အကြောင်း သတင်းပို့ တိုင်ကြားလေ့ မရှိပါဘူး။ ဆိုလိုတာက နိုင်ငံသားအားလုံးအနေနဲ့ သိလျက်ဖြစ်စေ၊ မသိလို့ဖြစ်စေ ဒီဥပဒေကို ချိုးဖောက်ပြီးသား ဖြစ်နေပါတယ်။ ဒါကြောင့် ၁၉၀၇ခုနှစ် ကျေးရွာ မြို့ပြဥပဒေပါ ဧည့်စာရင်း တိုင်ကြားရခြင်းဥပဒေဟာ နိုင်ငံသားအားလုံးကို ချိုးဖောက်သူများအဖြစ် တွန်းပို့နေတာကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်ရကြောင်း ဆွေးနွေးပြောဆိုခဲ့တယ်။

ဇွန်လ ၆ ရက်နေ့ထုတ်အင်ပါယာဂျာနယ် အတွဲ(၁)၊အမှတ်(၁၂)ပါ "၁၉၀၇ခုနှစ် ကျေးရွာနှင့်မြို့ပြ အက်ဥပဒေပါ ဧည့်စာရင်းတိုင်ကြားချက်အပေါ် ၈၈ မျိုးဆက် ဦးကိုကိုကြီးကပြောကြား"သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ကန့်သတ်လေ မတည်ငြိမ်လေပဲ။ မသမာမှုဖြစ်နိုင်လေပဲ။မှန်မှန်ကန်ကန်ဖြေလျှော့ပေးဖို့ လိုပါတယ်။ ဒေသတွင်း နိုင်ငံတွေရဲ့ကြားမှာ မြန်မာရဲ့ ဥပဒေ ဖြေလျှော့မှုတွေက ထိန်းချုပ်မှုတွေ ရှိနေတော့ မြန်မာနိုင်ငံကို ကတ်သီး ကတ်သတ် ဥပဒေနဲ့ ကတ်သီးကတ်သတ် နိုင်ငံလို့ မြင်နေကြတယ်

ဇွန်လ ၇ရက်နေ့ထုတ် Popular News ဂျာနယ် အတွဲ(၄)၊အမှတ်(၂၂)ပါ "အမေရိကန်ဒေါ်လာ တစ်သောင်းအထိ ကိုင်ဆောင်ခွင့်ပြုပြီ" သတင်းမှ ကုန်သည်/စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး၏ မြန်မာနိုင်ငံ၏ ငွေကြေးကိုင်ဆောင်မှုနှင့် ပတ်သက်သော မူဝါဒအပေါ် ကောက်နှုတ်ချက်

**************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs