Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၃၁.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ရခိုင်ပြည်နယ်တွင် ပုဒ်မ ၁၄၄ အမိန့်ရုပ်သိမ်းရန် ပြင်ဆင်
  2. မြန်မာတိုင်းရင်းသားမျိုးနွယ်တွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်း လဝကဝန်ကြီး ငြင်းဆို

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ကေအန်င်ယူနှင့်ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း မဲဆောက်သွားမည်
  2. ကွင်တားနား အင်းစိန်အကျဉ်းထောင်သို့ သွားရောက်လေ့လာ
  1. ဦးအောင်သိန်းလင်းကြောင့် ပြည်ခိုင်ဖြိုးပါတီ ကြေငြာချက်ထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

****************************

ပြည်တွင်းသတင်းများ

ရခိုင်ပြည်နယ်တွင် ပုဒ်မ ၁၄၄ အမိန့်ရုပ်သိမ်းရန် ပြင်ဆင်

လူမျိုးရေး အဓိကရုဏ်များ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်ရှိမြို့နယ်အချို့တွင် ညမထွက်ရအမိန့် (ပုဒ်မ ၁၄၄) ထုတ်ထားခြင်းအား သြဂုတ်လဆန်းတွင် ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနား ရခိုင်ပြည်နယ်သို့ လာရောက်လေ့လာအပြီးတွင် ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန် ခြင်းအား ရုပ်သိမ်းရန်အစီအစဉ်ရှိကြောင်း စစ်တွေမြို့ အမှတ် (၁)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆက်လက် အတည်ပြုပြောကြားသည်။

"မြို့ပေါ်မှာလည်း အခြေအနေတွေ ငြိမ်နေပါပြီ၊ နစကတပ်ဖွဲ့တွေကလည်း နေရာတော်တော်များများမှာ စခန်းထိုင်ဖို့ ပြင်နေပြီဆိုတော့ ကျွန် တော်ထင်ပါတယ် သြဂုတ်လဆန်းတော့ ကာဖြူးရုပ်ပါပြီ"ဟု ယင်းက ဆိုသည်။

အဓိကရုဏ်းများ ငြိမ်သက်သွားသဖြင့် စစ်တွေမြို့၊ ဘူးမှင်ရွာ အနားရှိ စစ်တွေတက္ကသိုလ်ကို ဇူလိုင်လ ဒုတိယရက်သတ္တပတ်က ပြန်လည်ဖွင့် လှစ်ခဲ့သည်။

ဇွန်လ ဒုတိယရက်သတ္တပတ်မှစတင်ကာ ရခိုင်ပြည်နယ်အတွင်းရှိ ဗုဒဘာသာဝင်များနှင့် မွတ်စလင်ဘာသာဝင်များမကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ သည့်အတွက် ဇွန်လ ၁၀ ရက်နေ့တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ရသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် အဓိကရုဏ်းဖြစ်ပွားချိန်မှ ယနေ့အထိ ပျက်စီးသည့် အိမ်ပေါင်း သုံးထောင်ကျော်ရှိပြီး၊ သေဆုံး သူ ၁၅၀ ကျော်ရှိ ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။                            

အောင်စည်

-----------------------------------------------------------------------------------------------------------------------------------

မြန်မာတိုင်းရင်းသားမျိုးနွယ်တွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်း လဝကဝန်ကြီး ငြင်းဆို

မြန်မာတိုင်းရင်းသားမျိုးနွယ်တွေထဲမှာ ရိုဟင်ဂျာလူမျိုးဆိုတာမရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ဇူလိုင် ၃၀ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

အင်္ဂလိပ်ခေတ်မှစ၍ ၁၉၇၃ခုနှစ်နှင့်၈၃ ခုနှစ်များတွင် ပြည်လုံးကျွတ်ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများအရ မြန်မာ တိုင်းရင်းသား ၁၃၅ မျိုးမှာ ရိုဟင်ဂျာ လူမျိုးပါဝင်တယ်ဆိုတာကို မတွေ့ခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"ဘင်္ဂါလီလူမျိုးတွေကို အင်္ဂလိပ်ခေတ်မှာ လယ်ကူလီလုပ်ဖို့ ခေါ်ယူခဲ့ရခြင်းသာ ဖြစ်ပါတယ်"ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။

ရိုဟင်ဂျာလူမျိုးသည် မြန်မာတိုင်းရင်းသားမျိုးနွယ်ဖြစ်သဖြင့် တိုင်းရင်းသားအခွင့်အရေးနှင့် တန်းတူညီမျှသည့် အခွင့်အရေးပေးရန်အပြင် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုရရှိရန်ကိုပါ တောင်းဆိုနေကြောင်း သိရသည်။

"ဘင်္ဂလားနဲ့မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ ရိုဟင်ဂျာလွတ်မြောက်ရေးအစည်းအရုံး (RSO)လို အဖွဲ့တစ်ချို့က လက်နက် စွဲကိုင်ပြီး၊ ခွဲထွက်ဖို့ ကြိုးစားနေတာရှိတယ်"ဟု မောင်တောမြို့မှ နစကအရာရှိတစ်ဦးက ဆိုသည်။

TTP အဖွဲ့က ပါကစ္စတန်နိုင်ငံအနေဖြင့် အစ္စလမ်မာဘတ်မြို့ရှိ မြန်မာသံရုံးကို ပိတ်ပစ်၍ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးဖြတ်တောက်ရမည် ဖြစ် ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့မှုများနှင့် ပတ်သက်၍လည်း “သွေးနှင့် လက်စားချေမည်” ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းကို မြန်မာပြည်တွင်းနေ အစ္စလမ်ဘာသာဝင်များက တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အောင်စည်

****************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ကေအန်င်ယူနှင့်ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း မဲဆောက်သွားမည်

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သမိုင်းတွင် သက်တမ်းအရှည်ကြာဆုံး တိုင်းရင်းသားတော်လှန်ရေးအင်အားစုဖြစ်သည့် ကရင်အမျိုးသား အစည်း အရုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှုဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ၊ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းသည် သြဂုတ်လ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ တက်ခရိုင်၊ မဲဆောက်သို့ ထွက်ခွာရန်ရှိကြောင်း သိရသည်။

အဆိုပါခရီးစဉ်တွင် ဆွေးနွေးရန်ကျန်ရှိနေသေးသည့် အပိုင်းများကို ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း ကရင်ပြည်နယ် နှင့်ပက်သက်၍ ငြိမ်းချမ်းမှုဖော်ဆောင်ရေး တာဝန်ရှိသူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။

"ဝန်ကြီးဦးအောင်မင်းက ဦးဆောင်ပြီး ကရင်ပြည်နယ်တာဝန်ခံဖြစ်တဲ့ ကျွန်တော်ပါမယ်။ ဒီတစ်ခါလည်း IDP ကိစ္စရပ်တွေ၊ တစ်ချို့တစ်ချို့သော ကိစ္စရပ်တွေ ဆွေးနွေးသွားမယ်"ဟု ယင်းက ဆက်လက်ပြောကြားသည်။

နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ စုပေါင်းထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့တွင်း ပြည်ထောင်စုအစိုးရနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုများကို ကေအန်င်ယူမှ ရှင်းပြနေသည့်အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှု ဖော်ဆောင်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဆွေးနွေးမှုများ အဆက်မပြတ် ပြုလုပ်နေရခြင်းဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်မှ မြန်မာ့အရေးလေ့လာသူ တစ်ဦးက ဆိုသည်။

"UNFC မှာက ကေအိုင်အေလည်းပါတော့ ပြောရဆိုရတာ နည်းနည်းကြာနိုင်တယ်"ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ကရင်အမျိုးသားအစည်းအရုံးနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှုဖော်ဆောင်ရေးကော်မတီတို့အကြား ငြိမ်းချမ်းရေး ဆွေး နွေးနေသည်မှာ ခြောက်ကြိမ်ကျော်ပြီ ဖြစ်သည်။

အောင်စည်

-----------------------------------------------------------------------------------------------------------------------------------

ကွင်တားနား အင်းစိန်အကျဉ်းထောင်သို့ သွားရောက်လေ့လာ

ဇူလိုင်လ ၂၉ရက်နေ့မှစတင်၍ ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ ၇ရက်ကြာ လာရောက်လေ့လာမှုများ ပြုလုပ်သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ကွင်တားနားသည် ဇူလိုင်လ ၃၀ ရက်နေ့ မနက် ၈နာရီတွင် ရန်ကုန်မြို့ ဗဟိုအကျဉ်း ထောင် (အင်းစိန်)၌ အကျဉ်းကျခံနေရသူများသူ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပြီး အင်းစိန်အထွေထွေရောက်ဂါကုဆေးရုံကြီးသို့ သွားရောက်လေ့ လာခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

ယင်းသို့ အင်းစိန်ဗဟိုအကျဉ်းထောင်သို့ သွားရောက်လေ့လာရာ၍ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ပတ်သက် ၍ ၎င်း၏ အစီရင်ခံစာ၌ ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း သိရှိရပြီး ယုံကြည်ချက်ကြောင်း အကျဉ်းကျခံနေရပြီး အသည်းကင်ဆာရောဂါသည် အဖြစ် အင်းစိန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်အား သွားရောက်တွေ့ဆုံကာ အားပေးနှစ်သိမ့်စကား များ ပြောဆိုသွားခဲ့ကြောင်း သိရသည်။

"နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်က အောက်ပိုင်းသေနေတာပါ။ ပြီးတော့ သူ့ခြေထောက်ကိုလည်း ခုထင်ခြေရင်းက ခုတင်တိုင်နဲ့ ခြေချင်းခတ်ထားပါတယ်။ ကုလအထူးကိုယ်စားလှယ် ကွင်တားနားလာတယ်ဆိုတော့ အဲဒါကိုအရင်လာပြီး ဖြုတ်ဖို့လုပ်တယ်။ ဒါပေမယ့် ကိုဖြိုးဝေ အောင်ရဲ့ ဇနီး မဌေးဌေးက မဖြုတ်ဖို့ပြောပြီး ဒီအတိုင်းထားခိုင်းတယ်။ ကွင်တားနားလာတော့ အဲဒါကိုမြင်သွားပြီး ခြေချင်းက ဘာဖြစ်လို့ တပ်ထားတာလဲ လို့ဆိုပြီး အကျဉ်းဦးစီးဌာနက ညွန်ကြားရေးမှူးချုပ်ကို ခေါ်မေးတယ်။ အဲဒီတော့ ဒီလိုလုပ်ရတာက လုံခြုံရေးအရ ရဲအဖွဲ့တွေအနေနဲ့ လုပ်တာပါ။ ကွင်တားနားက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှသိပ်စိတ်မပူပဲ သူလိုအပ်တာ လုပ်သွားပါ့မယ်လို့ မဌေးဌေးကို နှစ်သိမ့်စကားပြောသွားပါတယ်"ဟု ယင်း ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့ပြင် မစ္စတာ ကွင်တားနားသည် ဇူလိုင်လ ၃၀ ရက်နေ့ ညနေ၌ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံးတွင် ၈၈မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင် ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံ၍  ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သည့် မနီလာသိန်းနှင့် မမီးမီးတို့အား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရသည်။

"သူလာရတာက မြန်မာနိုင်ငံမှာဖြစ်တဲ့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး အဓိကထားလာတာ။ ပြီးတော့ ဒုက္ခသည်တွေကိုလည်း ကူညီဖို့နဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ ကိုယ်တိုင်သွားရောက်ပြီး လေ့လာဖို့ရှိတယ်ဆိုတာတွေကို ပြောသွားပါတယ်။ ပြီးတော့ ကျွန်တော်တို့ဆီကနေပြီးတော့ ရခိုင်ကိစ္စနဲ့ပတ် သက်တဲ့ အချက်အလက်တွေကိုလည်း သူနားထောင်သွားပါတယ်။ ပြီးတော့ သူ့အနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်တာတဲ့ ရာခိုင်နှုန်း နည်း သမျှနည်းအောင် ပြုလုပ်သွားဖို့ ရှိတယ်ဆိုတာကိုလည်း ပြောသွားပါသေးတယ်"ဟု ၈၈မျိုးဆက်ကျောင်းသားအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ထို့နောက် မစ္စတာကွင်တားနားသည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုလင်းထက်နိုင်နှင့် အထွေထွေအတွင်းရေး မှူး မဖြိုးဖြိုးအောင်တို့အား တွေ့ဆုံခဲ့ကြောင်း သိရှိရပြီး Generation Wave အဖွဲ့မှ ကိုမိုးသွေးနှင့်အဖွဲ့အား တွေ့ဆုံခဲ့ကြောင်း သိရှိရပြီး ရခိုင်အမျိုးသမီး အစည်းအရုံးမှလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခ အထိကရုဏ်းနှင့် ပတ်သက်၍ မစ္စတာကွင်တားနားအနေဖြင့် သေချာလေ့လာစိစစ်၍ တိကျသည့် အစီရင်ခံစာတစ်ရပ် ဖြစ်လာစေရန် လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂသို့ တောင်းဆိုထားသည့် ပေးစာတစ်စောင် ပေးပို့ထား ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ဦးအောင်သိန်းလင်းကြောင့် ပြည်ခိုင်ဖြိုးပါတီ ကြေငြာချက်ထုတ်ပြန်

တရုတ်နိုင်ငံတွင် ထုတ်ဝေသည့် Sourthen Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြည်ခိုင်ဖြိုးပါတီ၏ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးအောင်သိန်းလင်း၏ ဖြေကြားမှုများသည် ပါတီ၏ အာဘော်မဟုတ်ကြောင်း၊ ယင်း၏ ပုဂ္ဂိုလ်ရေး အမြင်သာဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ဇူလိုင် ၂၈ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အချက်သုံးချက် ပါဝင်ပြီး ဦးအောင်သိန်းလင်းမှ အဆိုပါစကားရပ်များကို အမှန်တကယ် အရေးယူခဲ့ပါက ပါတီစည်း ကမ်းအရ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ပါရှိသည်။

"ကိုအောင်သိန်းလင်း ဒီလိုပြောမယ်တော့ မထင်ပါဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြည်သူ့လွှတ်တော် အစည်း အဝေးအပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုအား ပြောကြားသည်။

ဦးအောင်သိန်းလင်းသည် တရုတ်နိုင်ငံထုတ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် သမ္မတဦးသိန်းစိန်၏ လုပ်ဆောင်ချက် များ၊ ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များနှင့် မြန်မာ-အမေရိကန် ဆက်ဆံရေးတို့ကို ပြင်းထန်စွာ ဝေဖန်ထားသည်။                     

အောင်စည်

****************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ဒေါ်အောင်ဆန်းစုကြည်မှာ ရှေးရိုးစွဲပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ နောက်ပြီးတော့ တိုးတက်တဲ့အမြင်ရှိတဲ့သူတွေလည်း ရှိပါတယ်။ တပ်မတော်မှာလည်း အလားတူရှိမှာဖြစ်ပါတယ်။ နောက် ကျွန်တော်တို့ရဲ့ အစိုးရအဖွဲ့ထဲမှာလည်း ရှိမှာဖြစ်ပါတယ်။ ဒီဟာတွေဟာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ မူတည်တာ ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြသွားရင်းနဲ့ ဆန်ကျင်တဲ့ သဘောထားအမြင်ရှိတဲ့သူတွေနောက် အလိုလို လိုက်ပါလာမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီလိုပဲယုံကြည်ထားပါတယ်"

ဇူလိုင် ၃၁ရက်နေ့ထုတ် Monitor ဂျာနယ် အတွဲ (၁) အမှတ် (၃၂) တွင်ပါရှိသည့် နိုင်ငံတော်သမ္မတနှင့် Channel News Asia (CNA) တို့ တွေ့ဆုံခြင်း မှ သမ္မတဦးသိန်းစိန်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

"NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသားတစ်ယောက်ရဲ့ဇနီးပဲ။ ဘာကြောင့်သူက ဥပဒေပြင်ချင်ရတာလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံရဲ့ အသက်သွေးကြောပဲ။ ကျွန်တော်တို့က နောင်လာနောက်သားတွေအတွက် တည်တံ့အောင် ထိန်သိမ်းဖို့တာဝန်ရှိတယ်။ အဲဒီဥပဒေက နိုင်ငံခြား သားတစ်ယောက်ရဲ့ဇနီးကို ခေါင်းဆောင်အဖြစ် ခွင့်မပြုထားဘူး"

ဇူလိုင် ၃၁ရက်နေ့ထုတ် Monitor ဂျာနယ် အတွဲ (၁) အမှတ် (၃၂) တွင်ပါရှိသည့် Southern Wekend နှင့် USDP ဥက္ကဋ္ဌ ဦးအောင်သိန်းလင်း အင်တာ ဗျူးမှ ဦးအောင်သိန်းလင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

"အထူးသဖြင့် ပြည်နယ်တွေကပါတီတွေက လက်ရှိစနစ်ကို ပိုကြိုက်ကြတယ်။ အချိုးကျစနစ်ဖြစ်လာရင် သူတို့ပြည်နယ်တွေကနေ တစ်ခြားပါတီက ကိုယ် စားလှယ်တွေ အချိုးကျရောက်သွားမှာ စိုးရိမ်နေကြတယ်။"

ဇူလိုင် ၃၁ရက်နေ့ထုတ် Monitor ဂျာနယ် အတွဲ (၁) အမှတ် (၃၂) တွင်ပါရှိသည့် "ဒီမိုကရေစီမိတ်ဆွေပါတီများ၏ အချိုးကျရွေးကောက်ပွဲစနစ် ပြည့်စုံ ကောင်းမွန်သော်လည်း ဆက်လက်ဆွေးနွေးရန်လိုဟု ကော်မရှင်ဥက္ကဋ္ဌပြောကြား" သတင်းမှ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးသုဝေ၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်။

**************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၃၀.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ၂၀၁၃ ချယ်ရီပွင့်ချိန်တွင် ဂျပန်သို့သွားရန် ဒေါ်အောင်ဆန်းစုကြည်စီစဉ်

(The Associated Press မှ 29 July 2012 ရက်စွဲပါ “Myanmar opposition Leader Suu Kyi said to plan 2013 Japan visit during cherry blossom season”သတင်းကို ဘာသာပြန်ဆိုသည်)

  1. နိုင်ငံခြား ခရက်ဒစ်ကဒ်များကို မကြာမီ မြန်မာခွင့်ပြုဖွယ်ရှိ

(World News Australia မှ 30 July 2012 ရက်စွဲပါ “Burma may soon allow foreign credit card”သတင်းကို ဘာသာပြန်ဆိုသည်)

        ***********************************************************

ဘာသာပြန်သတင်းများ

၂၀၁၃ ချယ်ရီပွင့်ချိန်တွင် ဂျပန်သို့သွားရန် ဒေါ်အောင်ဆန်းစုကြည်စီစဉ်

(The Associated Press မှ 29 July 2012 ရက်စွဲပါ “Myanmar opposition Leader Suu Kyi said to plan 2013 Japan visit during cherry blossom season”သတင်းကို ဘာသာပြန်ဆိုသည်)

အငြင်းပွားဖွယ် ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲအပြီး၌ အကျယ်ချုပ်မှလွတ်မြောက်လာသူ မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ ပြည်ပနိုင်ငံခရီးစဉ်များ လှည့်လည်လျက်ရှိပြီး ဂျပန်နိုင်ငံသို့လာမည့်နှစ်တွင် သွားရောက်ရန် စီစဉ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအား ယခုသီတင်းပတ်ကုန်ရက်တွင် နေပြည်တော်သို့လာရောက်တွေ့ဆုံသည့် တိုင်းရင်းသားလူမျိုးများ တိုးတက်ရေးဆိုင်ရာ ဂျပန်လူမှုရေးသံတမန် ယိုပီာဆာဆာကာဝါကို လာမည့်နှစ် ဂျပန်ခရီးစဉ်အကြောင်း ထုတ်ဖော်ပြောဆိုကြေညာခဲ့ခြင်းဖြစ်သည်။

ကမ္ဘာကျော်နိုဘယ်ဆုရှင်က ဂျပန်နိုင်ငံ၏ နာမည်ကျော်ချယ်ရီပွင့်ချိန်တွင် သွားရောက်ရန်ရည်မှန်းထားကြောင်းနှင့် အကြမ်းဖျင်းအားဖြင့် မတ်လကုန်တွင် သွားရန်စီစဉ်နေကြောင်း အသိပေးထုတ်ပြန်သည်ပာု ဆာဆာကာဝါ၏အဖွဲ့ဝင်တစ်ဦးက တနင်္ဂနွေနေ့တွင်ပြောကြားသည်။ သတင်းထုတ်ပြန်ခွင့်မရှိသော ယင်းပုဂ္ဂိုလ်က ၎င်း၏အမည်ကိုမဖော်ပြရန် တောင်းဆိုထားသည်။

ပြီးခဲ့သော ဒီဇင်ဘာလအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအိချိရိုဂမ်ဘာာက မြန်မာနိုင်ငံသို့လာရောက်သည့်ခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံသို့လာရောက်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ပာု သိရသည်။

                                                    ***********************************************************

နိုင်ငံခြား ခရက်ဒစ်ကဒ်များကို မကြာမီ မြန်မာခွင့်ပြုဖွယ်ရှိ

(World News Australia မှ 30 July 2012 ရက်စွဲပါ “Burma may soon allow foreign credit card”သတင်းကို ဘာသာပြန်ဆိုသည်)

နိုင်ငံတကာသုံးခရစ်ဒစ်ကဒ်(အကြွေးဝယ်ကဒ်)များကို လာမည့်နှစ်တွင် စတင်လက်ခံကိုင်တွယ်ရန် မြန်မာနိုင်ငံမှဘဏ်များက မျှော်လင့်နေကြသည်။

Visa ကဒ်များကို အသုံးပြုနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေသည်ပာု ပြည်တွင်းအင်အားကြီး ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က တနင်္ဂနွေနေ့တွင် ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုနှင့် အီးယူက ၂၀၀၃ ခုနှစ်မှစ၍ ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ တားမြစ်ချက်များချမှတ်ထားခဲ့သောကြောင့် မြန်မာနိုင်ငံရောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများမှာ ခရက်ဒစ်ကဒ်များကို အသုံးပြုနိုင်ခြင်းမရှိပေ။

ကိုယ့်ပြည်သူများကိုကိုယ် မညှာမတာ ဖိနှိပ်အုပ်ချုပ်သော ယခင်တပ်မတော်အစိုးရ၏ မူဝါဒများကို တုန့်ပြန်သည့်အနေဖြင့် အနောက်အုပ်စု နိုင်ငံများက Sanctions များချမှတ်အရေးယူဒဏ်ခတ်ခဲ့သော်လည်း၊ လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရက နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲများ စတင်ပြုလုပ်ပြသခဲ့ပြီးနောက်တွင် ယင်း Sanctions များကို စတင်ဖြေလျော့ပေးနေပြီဖြစ်သည်။

အမည်မဖော်လိုသော အခြားဘဏ်လုပ်ငန်းရှင်တစ်ဦးကလည်း “Master Card၊ China Union Pay၊ Japan Credit Bureau”စသော ကုမ္ပဏီများနှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း၊ ၂၀၁၃ တွင် ခရစ်ဒစ်ကတ်နှင့် ငွေပေးချေမှုကိုလက်ခံနိုင်ရန် အလားအလာရှိသည်ပာု မျှော်လင့်ထားကြောင်း”အသိပေးပြောကြားသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive