Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၁.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မိုးရွာတုန်းရေခံ

*****************************************

ဆောင်းပါးကဏ္ဍ

မိုးရွာတုန်းရေခံ

မိုးမြင့်ငြိမ်း

တံခါဖွင့်မူဝါဒကို ကျင့်သုံးလာပြီဖြစ်သော မြန်မာနိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့၏ ဆက်ဆံရေး များပြားလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ နိုင်ငံခြားမူဝါဒမှာလည်း အသွင်ကူးပြောင်းဖို့ လိုအပ်နေပြီဖြစ်သည်။ အထူးသဖြင့် အနောက်အုပ်စုနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးမှာ နှင်းခဲပျော်ချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုအတွက် ကြောင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ဆက်ဆံရေးအခြေအနေမှာ စိတ်ဝင်စားစရာ ကောင်းလာသည်။

အာရှအံ့ဘနန်း

ဖွံ့ဖြိုးတိုးတက်သွားသည့် နိုင်ငံများ၏ ဖွံ့ဖြိုးရေးသမိုင်းကို လေ့လာမည်ဆိုလျှင် ပြည်တွင်းနိုင်ငံရေး ဖြစ်စဉ်များ၊ စီးပွားရေးမူဝါဒများကိုသာမက နိုင်ငံတကာအခင်းအကျင်း၏ အကျိုးသက်ရောက်မှုကိုလည်း ထည့်သွင်း သုံးသပ်မှ ရှုထောင့်စုံသော လေ့လာချက်မျိုး ထွက်ပေါ်လာနိုင်သည်။ အထူးသဖြင့် ဒီမိုကရေစီအသွင်ကူး ပြောင်းနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် စူပါပါဝါနိုင်ငံများ၏ ဆက်ဆံရေးများပင်ဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံနှင့် ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်တို့ မဟာမိတ်ဆက်ဆံရေးများ ရှိခဲ့ကြသော်ငြားလည်း ဂျပန်နှင့် တောင်ကိုရီးယားမှာ တိုးတက်ပြီး ဖိလစ်ပိုင်မှာမူ ယခုထိတိုင် တိုးတက်မှု နှေးကွေးနေရသည်။ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများမှာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း၊ စစ်အေးခေတ် စတင်သည့်အချိန်လောက် ကတည်းက အမေရိကန်၏ ဖွံ့ဖြိုးရေးအကူအညီများ၊ နည်းပညာအကူအညီများကို ရယူပြီး မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်သွားကြခြင်း ဖြစ်သည်။ သို့သော် ထိုသို့ အကူအညီများကို ရယူရာတွင်လည်း မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးရာအခြေအနေများနှင့် ကိုက်ညီအောင် အလေးထား ဆောင်ရွက်ခဲ့ကြသည်။ ထိုအတွက်ကြောင့် အနောက်နိုင်ငံများ နှစ်တစ်ရာနီးပါး ဖြတ်သန်းရသည့် ဖွံ့ဖြိုးရေးခရီးကို ဂျပန်နှင့် တောင်ကိုရီးယားတို့က နှစ်ပေါင်းလေးဆယ်လောက်အတွင်း တန်းတူခရီးပေါက်အောင် ဆောင်ရွက်နိုင်ခြင်းကြောင့် ဖွံ့ဖြိုးရေးသုတေသနများက အာရှအံ့မခန်းဟုပင် တင်စားခေါ် ယူရသည်အထိ ဖြစ်သည်။

ကိုယ့်အရပ်၊ ကိုယ့်ဇတ်

ထိုသို့ စူပါပါဝါနိုင်ငံ၏ အကူအညီဖြင့် ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားနိုင်သည့် နိုင်ငံများရှိသော်လည်း အကူအညီများရခဲ့သည့် တိုင် ကိုယ့်အရပ်ကိုယ့်ဇာတ် နိုင်အောင်မကနိုင်သည့် နိုင်ငံလည်း ရှိသည်။ ဖီလစ်ပိုင်နိုင်ငံမှာ အမေရိကန်၏ အကူအညီများကို အများဆုံးရရှိသည့် အာရှ နိုင်ငံများတွင် ပါဝင်ခဲ့သည့်တိုင် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်တော့ မဟုတ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အမေရိကန် ဖွဲ့စည်းပုံအတိုင်းပင် ဖြစ်ခြင်း ကြောင့် ဖိလစ်ပိုင်နိုင်ငံရေးယဉ်ကျေးမှုနှင့် မည်သို့မှ အံဝင်ခွင်ကျမဖြစ်ခဲ့ပေ။ ထို့အပြင် အမေရိကန် ကိုလိုနီဖြစ်ခဲ့စဉ်တုန်းက အမေရိကန်မှ ၎င်းတို့အကျိုးငှာ မွေးမြူထားသည့် အီလစ်မိသားစုဝင်များသာ တစ်ဦးမဟုတ်တစ်ဦး သမ္မတဖြစ်လာခဲ့ရာ ယခုလက်ရှိသမ္မတ Noynoy Aquino အထိပင် ဖြစ်သည်။ ယင်းတို့ မှာ ဖိလစ်ပိုင်နိုင်ငံ၏ မြေများစွာပိုင်ဆိုင်ထားသည့် မြေရှင်များဖြစ်ခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် မြေယာပြုပြင်ပြောင်းလဲရေးကို ယခုအချိန်ထိတိုင် အောင်မြင်အောင် ဆောင်ရွက်နိုင်မှု မရှိသေးသည့်အတွက်ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ စက်မှုထူထောင်ရေးကို အရှိန်အဟုန်နှင့် ဆောင်ရွက်နိုင်ခြင်း မရှိ ဖြစ်နေရသည်။ ထို့အပြင် အစိုးရဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုမြင့်မားပြီး နိုင်ငံရေးတည်ငြိမ်မှုမှာလည်း မေးခွန်းထုတ်စရာရှိနေခြင်းကြောင့် သူများ ဇာတ်ထုတ်ဖြင့် ကိုယ့်အရပ်တွင် ဟန်မကျပန်မကျ ကနေရသည့်ပုံ ဖြစ်သည်။

ရေစတစ်ဖက်၊ မီးငုပ်တစ်ဖက်

နိုင်ငံတကာရေးရာ သုတေသီများက ကမ္ဘာ၏ ပါဝါစင်တာအရွေ့မှာ အနောက်မှအရှေ့သို့ ပြောင်းလဲလျက်ရှိနေသည်ဟု ထုတ်ဖော် ရေးသားလာ ကြသည်။ လက်တွေ့တွင်လည်း ၂၀၀၈ ခုနှစ်တွင် အမေရိကန်မှ စတင်ဖြစ်ပွားခဲ့သည့် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းတွင် အစောဆုံး ရုန်းထွက်နိုင်ခဲ့ သည့် နိုင်ငံများမှာ အာရှနိုင်ငံများပင် ဖြစ်သည်။ နိုင်ငံတကာမီဒီယာတွင် စီးပွားရေးအင်အားကောင်းလာသည့် နိုင်ငံများကို rise of the rest ဟု သုံးနှုန်း မှုမျိုး ခေတ်စားလျက်ရှိသည်။ မြန်မာနိုင်ငံမှာ ထွန်းသစ်စစီးပွားရေး ဖြစ်ထွန်းလျက်ရှိသည့် တရုတ်နှင့် အန္ဒိယနှစ်နိုင်ငံကြားတွင် တည်ရှိနေသည့်အတွက် ပထဝီစီးပွားရေးအရ မဟာဗျူဟာကျသောနေရာတွင် ရှိနေသည်။ အမေရိကန်၏ လက်တွေ့ကျသည့် စေ့စပ်ညှိနှိုင်းရေးမူဝါဒ (pragmatic engagement policy) မှာ မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် ထိရောက်မှုရှိသည်ဟု ဆို၍ ရနိုင်သည်။ သို့သော် ပိတ်ဆို့အရေးယူရေး မူဝါဒကိုလည်း ဆက်လက် စွဲကိုင်ထား လျက်ရှိနေရာ မြန်မာနိုင်ငံအပေါ် ရေစတစ်ဖက်၊ မီးငုပ်တစ်ဖက် ကျင့်သုံးလျက်ရှိသည်ဟု သုံးသပ်၍ ရနိုင်ပါသည်။

မိုးရွှာတုန်းရေခံ

မြန်မာနိုင်ငံအနေဖြင့်တော့ ကိုယ့်နိုင်ငံအကျိုးစီးပွားကို ရှေ့ရှုသည့် နိုင်ငံခြားရေးမူဝါဒဖြင့်သာ ဆက်ဆံဖို့ အထူးပင် လိုအပ်လျက် ရှိနေသည်။ ကမ္ဘာနှင့် ဆယ်စုနှစ်ပေါင်းများစွာ အဆက်အသွယ်ဖြတ် တံခါးပိတ်နေခဲ့သည့်အတွက်ကြောင့် စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့် နယ်ပယ်အသီးသီးမှာ အခြေအနေ နိမ့်ကျလျက် ရှိနေသည်။ ကမ္ဘာနှင့် ဆက်သွယ်လာရသည့်အခါ သူတို့တွေးသလိုတွေးပြီး သူတို့လုပ်သလို လုပ်နိုင်ဖို့ သူတို့၏ စီမံခန့်ခွဲမှုနည်းစနစ်များ၊ နည်းပညာများကို ရယူနိုင်ဖို့ အထူးပင် အရေးကြီးသည်။ တံခါးဖွင့်ရသည့်အကြောင်းရင်း၊ အရေးယူပိတ်ဆို့မှု ဖျက်သိမ်း ပေးရန် တောင်းဆိုသည့်အကြောင်းရင်းမှာလည်း ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများမှ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်စေခြင်းဖြင့် ယင်းတို့ထံမှ အတွေ့ အကြုံများ၊ နည်းပညာများ လွှဲပြောင်းယူနိုင်အောင် ကြိုးစားဖို့လိုသည်။ တနည်းဆိုရလျှင် ကိုယ့်ရှေ့က ဖွံ့ဖြိုးတိုးတက်သွားသည့် အာရှကျားများလို ဖွံ့ဖြိုး တိုးတက်သည့်နိုင်ငံများ၏ အကူအညီကို အပြည့်အဝရယူရင်း ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်ကိုရောက်အောင် သွားနိုင်ဖို့ပင် ဖြစ်သည်။ တနည်းဆို ရသော် မိုးရွာတုန်း ရေခံကြဖို့ပင် ဖြစ်ပါကြောင်း….

*****************************************

Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၂၁.၈.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ရခိုင်စုံစမ်းကော်မရှင်နှင့် နယ်စပ်ဝန်ကြီးတွေ့ဆုံပွဲသို့ ပုံနှိပ်သတင်းမီဒီယာသမားများ ဝင်ခွင့်မရ
  2. လှိုင်သာယာစက်မှုဇုန်လုပ်သားများ ဆန္ဒပြမည်
  3. ငါးလုပ်ငန်းအဖွဲ့ချုပ်ဦးစီး၍ ရေလုပ်သားသမဂ္ဂ တည်ထောင်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တာဝန်မှ အနားယူရန်အဆိုတင်သွင်းခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ သဝဏ်လွှာပေးပို့
  2. ခုံရုံးအဖွဲ့မှ သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

**********************

ပြည်တွင်းသတင်းများ

ရခိုင်စုံစမ်းကော်မရှင်နှင့် နယ်စပ်ဝန်ကြီးတွေ့ဆုံပွဲသို့ ပုံနှိပ်သတင်းမီဒီယာသမားများ ဝင်ခွင့်မရ

သြဂုတ်လ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ကျင်းပခဲ့သည့် ရခိုင်ဖြစ်စဉ် စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်ချုပ်ကြီးသိန်းဌေးတို့၏ တွေ့ဆုံပွဲသို့ ပုံနှိပ်သတင်းမီဒီယာသမားများမှ သတင်းသွားယူရာတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တက် ရောက်သတင်းယူခွင့် မပေးခဲ့ကြောင်း ကိုယ်တိုင်တွေ့ ကြုံခဲ့ရသူ သတင်းထောက်တစ်ဦးက ပြောကြားသည်။

“ကျွန်တော်သတင်းသွားယူတယ်။ သတင်းထောက်တစ်ယောက် ဖုန်းဆက်မေးတော့ ဝန်ကြီးက ဖိတ်တယ်ဆိုတာ ပာုတ်တယ်။ ဒါပေမယ့် ခုဝင်ခွင့် မပေးတာက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဝင်ခွင့်မပေးတာလို့ ပြောတယ်”ပာု ၎င်းက ပြောကြားသည်။

ယခုကဲ့သို့ သတင်းမီဒီယာသမားများအား တက်ရောက်သတင်းယူခွင့်မပေးခြင်းသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ ဒု-သမ္မတ ရာထူး လက်လွတ်ဆုံးရှုံးခဲ့ရမှုများအပေါ် အခြေခံနိုင်ကြောင်း ပြည်တွင်းသတင်းထောက်တစ်ဦးက ပြောကြားသည်။

သို့သော် ယင်းတွေ့ဆုံပွဲသို့ ဦးကျော်ဆန်းပိုင် ပြည်တွင်း နိုင်ငံပိုင်မီဒီယာများဖြစ်သည့် MRTV (မြန်မာ့ရုပ်မြင်သံ ကြား)၊ မြဝတီနှင့် Sky Net ရုပ်သံလိုင်းများမှ သတင်းထောက်များကိုသာ ဝင်ရောက်သတင်းယူခွင့်ပေးခဲ့ကြောင်း သိရ သည်။

                NT

-----------------------------------------------------------------------------------------------------------------------------------

လှိုင်သာယာစက်မှုဇုန်လုပ်သားများ ဆန္ဒပြမည်

အလုပ်သမားတို့၏ အခွင့်အရေး အပြည့်အဝရနိုင်စေရန် လှိုင်သာယာစက်မှုဇုန်ရှိ လုပ်သားများမှ သြဂုတ်လ ၂၆ ရက်နေ့တွင်  ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း အလုပ်သမားကိုယ်စားလှယ် ဦးဌေးက ပြောကြားသည်။

“ဆန္ဒပြရာမှာ ပောာပြောမယ့်လူတွေရဲ့စာရင်းကို ဒီနေ့တင်မှာပါ။ စက်မှုဇုန်က အလုပ်သမားတွေ အလုပ်ဆင်းနေရလို့ တနင်္ဂနွေနေ့ကို ရွှေ့ဆိုင်း လိုက်ရတာပါ။ လှိုင်သာယာစက်မှုဇုန်အတွင်းက အလုပ်သမားခေါင်းဆောင်တွေနဲ့ အခြားစက်ရုံအလုပ်သမားတွေ ပါဝင်ပါမယ်”ပာု အထက်ပါပုဂ္ဂိုလ်က ပြော ကြားသည်။

လာမည့် တနင်္ဂနွေနေ့၌ ဆန္ဒပြဆိုရင် သက်ဆိုင်ရာသို့ ဆန္ဒပြမည့်လူဦးရေ အယောက် (၁၀၀၀)ခန့် တောင်းဆိုခဲ့သော်လည်း သက်ဆိုင်ရာမှ အယောက် (၂၀၀)ခန့်သာ ခွင့်ပြုပေးခဲ့ပြီး သြဂုတ်လ ၁၉ ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ နဝဒေးဥယျာဉ်အိမ်ရာ၌ စက်ရုံ (၅၀)မှ အလုပ်သမားကိုယ်စား လှယ်များနှင့် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စက်ရုံ(၁၇)ရုံမှ အလုပ်သမားကိုယ်စားလှယ်များနှင့်သာ ညှိနှိုင်းတွေ့ဆုံခွင့် ရရှိခဲ့ ကြောင်း သိရသည်။

“ကျွန်တော်တို့ ဆန္ဒပြမယ့်လမ်းကြောင်းက BOC ကွေ့ကနေ ပုသိမ်လမ်းအတိုင်းသွားပြီးတော့ ရုံးရှေ့မှတ်တိုင်ကနေ ကျန်စစ်သားအိမ်ယာလမ်း ဘက်ကို ကွေ့သွားမှာပါ။  အချိန်ကလည်း ၂ နာရီပဲရတယ်။ ရတဲ့အချိန်လေးနဲ့ပဲ အကျိုးရှိအောင်လုပ်သွားမှာပါ။ ရဲမှူးနဲ့လည်း  တော်တော်ကို ပြောယူလိုက် ရတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်မတို့ရဲ့ အလုပ်သမားအခွင့်အရေး အပြည့်အဝရပိုင်ခွင့်တွေအတွက်ပဲ အဓိကတောင်းဆိုမှာပါ။ ခုဆို အလုပ်သမားဥပဒေ၊ နည်းဥပဒေတွေ ရှိပေမယ့် အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းတဲ့သူတွေကို အလုပ်ရှင်တွေက အလုပ်ထုတ်ပစ်တယ်။ ပြီးတော့ အလုပ်ရှင်နဲ့ အလုပ်သမားကြား လက်မှတ် ရေးထိုးထားတဲ့ သဘောတူညီချက်တွေကိုလည်း အလုပ်ရှင်တွေဘက်က ချိုးဖောက်ပါတယ်”ပာု လှိုင်သာယာမြို့နယ်ရှိ တိုင်ရီစက်ရုံမှ အလုပ်သမားတစ်ဦး က ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်မှ ပြည်တွင်းရှိအလုပ်သမားများအတွက် ၂၀၁၁ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အလုပ်သမားအဖွဲ့အစည်းများ ဥပဒေနှင့် နည်းဥပဒေများကို ပြဋ္ဌာန်းပေးခဲ့သော်လည်း ယနေ့ချိန်ထိတိုင် စက်ရုံအချို့တွင် အလုပ်သမားအဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းခွင့် မရရှိသေး ကြောင်း သိရသည်။

                 NT

-----------------------------------------------------------------------------------------------------------------------------------

ငါးလုပ်ငန်းအဖွဲ့ချုပ်ဦးစီး၍ ရေလုပ်သားသမဂ္ဂ တည်ထောင်မည်

ရန်ကုန်၊ သြဂုတ် ၂၁။

ရေလုပ်သားများအပါအဝင် လုပ်ငန်းရှင်များပူးပေါင်းပါဝင်မည့် အလုပ်သမားအစည်းအရုံးတစ်ခုကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးစီး၍ တည်ထောင်ပေးသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။

ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ရေလုပ်ငန်းများ အခက်အခဲ ကြုံတွေ့နေရခြင်းနှင့် အလုပ်ရှင်နှင့် အလုပ်သမားကြား ပြဿနာများ မကြာခဏ ဖြစ်ပေါ်နေခြင်းတို့ကြောင့် ပူးပေါင်းဖြေရှင်းနိုင်ရန် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) နှင့်လည်း ညှိုနှိုင်းဆောင်ရွက်ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းရာတွင် ဥပဒေအရ အလုပ်သမားများကသာ လွတ်လပ်စွာ သီးခြားဖွဲ့စည်းရပြီး၊ လုပ်ငန်းရှင်များက အလုပ်ရှင်အဖွဲ့ ကို သီးခြားထူထောင်ရကာ ဖြေရှင်းရန်အကြောင်းကိစ္စ ပေါ်ပေါက်လာမှသာ ပူးတွဲညှိနှိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆယ်နှစ်ကျော် အလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေဦးဌေးမှ ငါးလုပ်ငန်းအဖွဲ့ချုပ်က ဦးစီးတည်ထောင်မည့် ရေလုပ်သားသမဂ္ဂနှင့် ပက်သက်၍ သုံးသပ်ပြောကြား သည်။

မြန်မာနိုင်ငံတွင် အလုပ်သမားအဖွဲ့အစည်းများ အမြောက်အများ ပေါ်ပေါက်လာပါက ကျန်ရှိနေသေးသော ILO ၏ အရေးယူမူများကို ရုပ်သိမ်း ပေးရန် ILOရုံးချုပ်သို့ ထောက်ခံတင်ပြပေးနိုင်ကြောင်း ILOမှ ဥပဒေအကြံပေးက ပြောကြားခဲ့ခြင်းပေါ် မူတည်၍ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းရန် အလောတကြီး စီစဉ်လာခြင်းဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ရေလုပ်သားများက ၎င်းတို့အစီအစဉ်ဖြင့် အလုပ်သမားအစည်းအရုံးတစ်ခု ကို ဖွဲ့စည်းရန် စီစဉ်ခဲ့သော်လည်း ခွင့်ပြုချက်ရရှိခဲ့ခြင်းမရှိကြောင်း အဆိုပါရေလုပ်သားများထံမှ သိရသည်။

sweet

**********************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တာဝန်မှ အနားယူရန်အဆိုတင်သွင်းခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတမှ သဝဏ်လွှာပေးပို့

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ယင်းတို့၏ ဆန္ဒအလျောက် တာဝန်မှ နှုတ်ထွက်သွားစေရေးအတွက် ဆောင်ရွက်ပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့ခဲ့အပြီးတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ သဝဏ်လွှာတစ်စောင် ပြန်လည်ပေးပို့ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနဝက်ဆိုဒ်နှင့် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

ယင်းသို့ နိုင်ငံတော်သမ္မတမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ ပေးပို့ခဲ့သည့် သဝဏ်လွှာထဲ၌ လွှတ်တော်အသီးသီးမှ ဖွဲ့စည်းသည့် ကော်မရှင်၊ ကော်မတီနှင့် အဖွဲ့တို့သည် ပြည်ထောင်စုအဆင့်အဖြစ် အသိအမှတ်မပြုကြောင်းဆိုသည့် ဆုံးဖြတ်ချက်အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ ဆုံးဖြတ်ချက်ချမှတ်လိုက်သည့်အတွက် ယင်းဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၂၃တို့ဖြင့် အပြီးအပြတ် အတည်ပြုပြီးဖြစ်ပြီး ယင်းသို့ လွှတ်တော်အသီးသီးမှ ကော်မရှင်၊ ကော်မတီနှင့် အဖွဲ့များအား ပြည်ထောင်စုအဆင့် သတ် မှတ်ခြင်းနှင့် ပတ်သက်၍ ကြားနာဆဲအဆင့်မဟုတ်ဘဲ ဆုံးဖြတ်ချက်ချသည့်အဆင့်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

"အခုလိုမျိုး လွှတ်တော်ကိုယ်စားလှယ်တွေက ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို တာဝန်ကနေ အနားယူစေဖို့ဆိုတဲ့ကိစ္စက မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတော်သမ္မတကလည်း သဝဏ်လွှာထဲမှာ ပြောထားတယ်။ ဒီလို ပြည်ထောင်စုအဆင့်သတ်မှတ်တယ် မသတ်မှတ်ဘူးဆိုတဲ့ကိစ္စက ကြားနာဆဲ ကိစ္စမဟုတ်ဘဲ ဆုံးဖြတ်ချက်ချတဲ့ကိစ္စဖြစ်တဲ့အတွက် ဒီလိုမျိုး ဆုံးဖြတ်ချက်ကို လက်မခံဘူးဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေမှပါတဲ့ ပုဒ်မ ၃၂၄နဲ့ သွားငြိနေ တယ်။ ပြီးတော့ နိုင်ငံတော်သမ္မတအနေနဲ့လည်း ဒီလိုမျိုး ဆုံးဖြတ်ချက်ချလိုက်မယ်ဆိုရင် Check and Balance ပေါ့။ မဏ္ဍိုင်သုံးရပ်ကို အပြန်အလှန် ထိန်းကြောင်းမှု ပြုရမယ်လို့ စာသားပါတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ(က) ကို မလိုက်နာဘူးဆိုတဲ့ သဘောမျိုး ဖြစ်သွားလိမ့်မယ့်။ ပြီးတော့ ခုံရုံးဥပဒေကလည်း မတ်လ ၂၈နေ့မှာ ဆုံးဖြတ်ချက်ချလိုက်တဲ့အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေပုဒ်မ ၂၃အရ အပြီးအပြတ် အတည်ဖြစ်သွားတယ်လို့ဆိုလို့ရပါတယ်။ အဲဒီအတွက် ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ရင် ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ခုံရုံးဥပဒေကို ဖောက်ဖျက်ရာ ရောက်တယ်။ ဒါပေမယ့် ဒီကိစ္စက ရေရှည်ကျရင် အာဏာပြိုင်သလိုမျိုးဖြစ်မှာတော့ စိုးရိမ်ရတယ်"ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောကြား သည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များမှ တင်သွင်းသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တာဝန်မှ အနားယူစေရန်ဆိုသည့် အဆိုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁ ပုဒ် မခွဲ (က)အရ အစိုးရမဏ္ဍိုင်သုံးရပ်နှင့် ပတ်သက်၍ တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အပြန်အလှန်ထိန်းကျောင်း ပေးခြင်းတို့ ပြုလုပ်ရမည်ဆိုသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းသည့်အတိုင်းဆုံးဖြတ်လိုက်ပါက တရားဥပဒေနှင့် ညီညွတ်မျှတမှု ရှိတော့မည်မဟုတ်သည့်အတွက် ယင်းခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တာဝန် မှ အနားစေရန်ဆိုသည့် ကိစ္စရပ်မှာ မဖြစ်နိုင်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

"ဘာပဲပြောပြော ဒီခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို တာဝန်ကနေ အနားယူရန်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် တွေက ဆက်လက် လုပ်ဆောင်သွားမှာပါ။ အဲဒီလိုမျိုး လုပ်ဆောင်ရာမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃၄ ပုဒ်မခွဲ (က) ၂နဲ့ (က) ၅တို့အရ လုပ် ဆောင်မှာဖြစ်ပါတယ်။ ပြီးတော့ ဒီလွှတ်တော်ကဖွဲ့စည်းတဲ့ ကော်မရှင်၊ ကော်မတီနဲ့ အဖွဲ့တွေကို ပြည်ထောင်စုအဆင့် သတ်မှတ်ရေးအတွက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကလည်း ဆက်လက်ပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်။ နောက်ပြီး ဒီကိစ္စကို ဒီလ ၂၁ရက်နေ့အထိပဲ စောင့်ပါ့မယ်။ အဲဒီနေ့မှာမှ ကိုယ့်အသိ စိတ်နဲ့ ကိုယ်တာဝန်ကနေ မနားဘူးဆိုရင် လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံရဲ့လက်မှတ်နဲ့ ဆက်ပြီး ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းသွား မှာပါ"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

သို့သော် နိုင်ငံတော်သမ္မတမှ ယင်းသို့ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တာဝန်မှ အနားယူရန်ဆိုသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ လွှတ်တော်မှ ပြစ်တင်စွပ်စွဲ၍ တင်သွင်းလွှာတင်ပြမည့်အစား လွှတ်တော်ကိုယ်စားလှယ်များအတွက် တရားနည်းလမ်းကျမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)တွင် ပါရှိသည့် တရားဝင်ပေးအပ်ထားသည့် အခွင့်အရေးအား အသုံးချ၍ ပြုလုပ်မည်ဆိုပါက ပို၍ ကောင်းမွန်မည်ဖြစ်ကြောင်း အဆိုပါသဝဏ်လွှာ၌ ထည့်သွင်း ဖော်ပြချက်အရ သိရှိရပြီး ယင်းသို့ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တာဝန်မှ အနားယူရန်ဆိုသည့် အဆိုတင်သွင်းခြင်းနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စား လှယ် ၃၃၀ကျော်မှ လက်မှတ်ထိုးတောင်းဆို၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ နိုင်ငံတော်သမ္မတထံသို့ တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် သြဂုတ်လ ၂၀ရက်နေ့တွင် နိုင်ငံတော်အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့မှ နေပြည်တော်၌ ယင်းသို့ ခုံရုံးအဖွဲ့ဝင်များ တာဝန်မှ အနားယူရန် လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုတင်သွင်း စွပ်စွဲပြစ်တင်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ကြောင်း သိရှိရပြီး အဆိုပါ သတင်း စာရှင်းလင်းပွဲတွင် ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးမှ ၎င်းတို့အဖွဲ့၏ လွှတ်တော်အသီးသီးမှ ကော်မရှင်၊ ကော်မတီနှင့် အဖွဲ့များ ဖွဲ့စည်းရာတွင် ပြည်ထောင်စုဆင့် အဖြစ် အသိအမှတ်မပြုခြင်းဆိုသည့် ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ပြုလုပ်ခြင်းသာဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ခုံရုံးအဖွဲ့မှ သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရ

သြဂုတ်လ ၂၀ရက်နေ့ နေ့လည် ၁နာရီအချိန်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့မှ သတင်းစာရှင်းလင်းပွဲတစ်ခုအား နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အစည်းအဝေးခန့်မ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပြီး အဆိုပါသတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်ထဲ၌ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့မှ နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်မှ ၂၀၁၂ ဖေဖော်ဝါရီလ ၂ရက်နေ့၌ တင်သွင်းခဲ့သည့် လွှတ်တော်အသီးသီးမှ ဖွဲ့စည်းသည့် ကော်မရှင်၊ ကော်မတီနှင့် အဖွဲ့ဝင်များအား ပြည်ထောင်စုဆင့် အဖြစ် အသိအမှတ်ပြုရန်ဆိုသည့် တင်သွင်းလွှာနှင့် ပတ်သက်၍ မတ်လ ၂၈ရက်နေ့၌ အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း ထည့်သွင်းဖော်ပြထား သည်။

"ကျွန်တော်တို့ခုံရုံးအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူများထဲမှာပါတဲ့ ပုဒ်မ ၄၆အရ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေကို ဖြေရှင်းဆောင်ရွက်ဖို့အတွက် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့အဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၀မှာ ပြဋ္ဌာန်းထားတဲ့အတိုင်းဖွဲ့ထားတာဖြစ်ပြီး ပုဒ်မ ၃၃၂ အတိုင်း လုပ်ဆောင်နေတာဖြစ်ပါတယ်"ဟု ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။

ထို့ပြင် ခုံရုံးအဖွဲ့သည် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ပြီး ဖြစ်ကြောင်းနှင့် တင်သွင်းလာ သည့် တင်သွင်းလွှာများအား ဆုံးဖြတ်ရာ၌လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆုံးဖြတ် လုပ်ဆောင်လျက်ရှိကြောင်း ထည့်သွင်းဖော်ပြထားပြီး ယင်းသို့ နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ရပ်ရပ်ဟူသည့် စကားရပ်နှင့် ပတ်သက်၍ တင်သွင်း လာသည့် တင်သွင်းလွှာအား အပြီးသတ်ဆုံးဖြတ်ပြီးဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၄နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥပဒေပုဒ်မ ၂၃အရ အပြီးသတ်အတည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြချက်အရ သိရသည်။

ထို့နောက် ယင်းသတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့မှ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များနှင့်အတူ ဖိတ်ကြား ထားသည့် သတင်းမီဒီယာများမှ သတင်းထောက်များ တက်ရောက်ခဲ့ကြောင်း သိရှိရပြီး ခုံရုံးဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များအား တာဝန်မှ အနားယူရန် ဆိုသည့် အဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော်မှ လက်မှတ်ရေးထိုး၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသို့ တင်ပြထား ကြောင်း သိရှိရသည်။

ATM

**********************

သတင်းနှင့် ဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အခုရွေးချယ်လိုက်တဲ့ ဒုတိယသမ္မတဟာ ရေတပ်ဗိုလ်ချုပ်ကြီးဖြစ်တဲ့အတွက် ကျွန်တော်တို့ရခိုင်တွေ သဘောကျတာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ရခိုင်ဟာ ပင်လယ်ပြင်အနီးမှာ ရှိတယ်ဆိုတော့လေ။ ပင်လယ်ပြင်နဲ့ ကျွမ်းပြီးသားပုဂ္ဂိုလ်၊ ပင်လယ်ပြင်လုံခြုံမှုကို နားလည်သဘောပေါက်တဲ့ပုဂ္ဂိုလ် ဖြစ်တဲ့အတွက်ပါ”

သြဂုတ် ၂၁ရက်ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၈) အမှတ် (၃၂) တွင်ပါရှိသည့်“ဒုတိယသမ္မတသစ်အပေါ် သူတို့ဒီလိုမြင်ကြသည်”သတင်း မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

**********************

“ယခုလတ်တလောအခြေအနေ၌ Yangon Chronicle ၏ ပြည်တွင်းသတင်း၊ နိုင်ငံရေးသတင်းများ၊ ဆောင်းပါးကဏ္ဍနှင့် ဘာသာပြန်သတင်းများအား Credit ပေးခြင်းမရှိဘဲ ကူးယူဖော်ပြမှုများ ပြုလုပ်နေကြောင်း အထောက်အထားဖြင့် တွေ့ရှိရသောကြောင့် နောက်နောင် ထိုကဲ့သို့ သတင်းအရင်းအမြစ် အား Credit မပေးဘဲ မည်သည့်အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးယောက်မှ မိမိ၏ကိုယ်ပိုင်ကဲ့သို့ ဖေ့စ်ဘွခ်စာမျက်နှာ၌ ကူးယူဖော်ပြမှု များအား မပြုလုပ်ပါရန် လေးစားစွာ အသိပေးကြေညာအပ်ပါသည်။”

Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive