Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၅.၈.၂၀၁၂

ပြည်တွင်းသတင်း

  1. မြစ်ဆုံစီမံကိန်းအတွက် လျော်ကြေးငွေပေးအပ်ခဲ့ရခြင်း မရှိဟုဆို
  2. ပြည်တွင်းကုမ္ပဏီ ၁၅၀၀ ကျော်ဖျက်သိမ်း

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ကာလရှည် ပဉ္ဖင်းထပ်ဝတ်မည်
  2. ရှုံးနိမ့်ပါတီအချို့မှ ကူညီဖွဲ့စည်းပေးသော လယ်သမားသမဂ္ဂလူဦးရေ ၅သောင်းနီးပါးရရှိ
  3. စီမံကိန်းမလုပ်ဖြစ်သော စက်မှုပိုင်မြေ စစ်တပ်လွှဲယူ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

မြစ်ဆုံစီမံကိန်းအတွက် လျော်ကြေးငွေပေးအပ်ခဲ့ရခြင်း မရှိဟုဆို

ရန်ကုန်၊ သြဂုတ် ၂၅။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ သက်တမ်းအတွင်း ဆောက်လုပ်ခြင်းမပြုရန် ရပ်ဆိုင်းခဲ့ရသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် ရင်းနှီးမြှပ်နှံသူဖြစ်သည့် China Power Cooperation (CPI) သို့ လျှော်ကြေးငွေ ဝမ်သန်းတစ်သောင်း (အမေရိကန်ဒေါ်လာ ၁၀.၂ မီလီယံခန့်) Aisa World ကုမ္ပဏီက ပေးအပ်ခဲ့ရသည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း အဆိုပါသတင်းများမှာ မှန်ကန်မှုမရှိကြောင်း Asia World ကုမ္ပဏီ နှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအခြေစိုက် CPI ကုမ္ပဏီအနေနှင့် လျော်ကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့ခြင်းမရှိသလို ပမာဏအားဖြင့် အဆိုပါ လျော်ကြေးငွေကို ပေးအပ်ရန် Asia World ကုမ္ပဏီ၌ ရင်းနှီးမြှပ်နှံငွေမရှိကြောင်း ၎င်းက ဆိုသည်။

CPI ကုမ္ပဏီအနေနှင့် မြစ်ဆုံစီမံကိန်းဆက်လက်လုပ်ကိုင်မည်ဟူသော သတင်းများထွက်ပေါ်ခဲ့ပြီး ယင်းစီမံကိန်းနေရာတွင် လူဦးရေ ၇၀၀ခန့်နှင့် စက်ယန္တရားကြီးများ ယနေ့တိုင် ကျန်ရှိနေသေးကြောင်းနှင့် မြေတူးမြေညှိလုပ်ငန်းများကို ယနေ့တိုင် လုပ်ကိုင်လျက်ရှိကြောင်း ဒေသခံများနှင့် စောင့်ကြည့် လေ့လာသူများက စွပ်စွဲပြောဆိုသည်။

မြစ်ဆုံစီမံကိန်းမြေနေရာသည် ရွှေထွက်လျက်ရှိကြောင်း သိရှိရပြီး စီမံကိန်းမှရရှိသော မြေကြီးများကို နေ့စဉ် တရုတ်ပြည်ဘက်သို့ သယ်ယူခြင်း များ ပြုလုပ်လျက်ရှိကြောင်းနှင့် အဆိုပါလုပ်ငန်းများအား တရုတ်နိုင်ငံဘက်မှ အလုပ်သမားများနှင့် ဆောင်ရွက်နေကြောင်း အတည်မပြုနိုင်သေးသော သတင်းများအရ သိရသည်။

၂၀၀၅ခုနှစ်တွင် စစ်အစိုးရနှင့် CPI တို့က အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ခန့် ကုန်ကျမည့် အဆိုပါစီမံကိန်းအား စာချုပ်ချုပ်ဆိုခဲ့ပြီး မဂ္ဂါဝပ် ၁၃၀၀ကျော်ထွက်ရှိမည့် လျှပ်စစ်ဓါတ်အားအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၉၀ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံက ၁၀ရာခိုင်နှုန်းရရှိမည်ဖြစ်ကြောင်း သိရ သည်။

ယင်းစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများက အဆိုပါ မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းရန်အတွက် တောင်းဆိုမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသောကြောင့် ၂၀၁၀ခုနှစ် အစိုးရသစ်လက်ထက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်သူများ၏ ဆန္ဒသဘောထားများအရ ၎င်း၏သက်တမ်းအတွင်း ရပ်ဆိုင်းခဲ့သည်။

ထို့ပြင် ယင်းစီမံကိန်းတည်ဆောက်မည့်နေရာသည် စစ်ကိုင်းငလျင်ကြောနှင့် မိုင် ၁၀၀သာ ကွာဝေးကြောင်း သိရပြီး ငလျင်လှုပ်ခတ်ပါက ပြင်း အား ၈ ရစ်ချက်စကေးအဆင့်ရှိနိုင်ပြီး မီတာပေါင်း ရာနှင့်ချီသော ရေများသည် ၆စက္ကန့်အတွင်း မန္တလေးမြို့သို့ ရောက်ရှိနိုင်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီ ယာအသင်း၏ ဗဟိုကော်မတီဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

sweet

-------------------------------------------------------------------------------------------------------------

ပြည်တွင်းကုမ္ပဏီ ၁၅၀၀ ကျော်ဖျက်သိမ်း

ကုမ္ပဏီအဖြစ်ဆက်လက်လုပ်ဆောင်သည့် ခွင့်ပြုရက်ကျော်လွန်လာသည့်တိုင် လာရောက် သက်တမ်းတိုးမြှင့်ခြင်းမရှိသည့် ပြည်တွင်းကုမ္ပဏီ ၁၅၀၀ ကျော်အား ကုမ္မဏီမှတ်ပုံတင်စာရင်းမှ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများမှတ်ပုံတင်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

“ပြီးခဲ့တဲ့နှစ်တွေကတည်းက ကုမ္ပဏီမှတ်ပုံတင်ထားပေမယ့် သက်တမ်းကုန်ဆုံးသွားတဲ့ ကုမ္ပဏီတွေရှိပါတယ်။ ဒီကုမ္ပဏီတွေကို လာရောက် သက်တမ်းတိုးဖို့အတွက် နှိုးဆော်ခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီ ၂၀၀ ကျော်ကပဲ လာပြီးသက်တမ်းတိုးတယ်။ ကျန်တဲ့ကုမ္ပဏီတွေကတော့ လုံးဝ သက်တမ်း လာတိုးခြင်းမရှိပါဘူး။ ဒါကြောင့် ကုမ္ပဏီလုပ်ကိုင်ခွင့်မှတ်ပုံတင်စာရင်းက ပယ်ဖျက်လိုက်ရတာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ ဥပဒေအရခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများအနေဖြင့် လုပ်ငန်းဆောင် ရွက်မှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီသို့ သြဂုတ်လ ၂၄ ရက်နေ့ နောက်ဆုံးထား၍ အစီရင်ခံစာ တင်သွင်းရမည်ဖြစ်ပြီး ကုမ္ပဏီများ အစီရင်ခံစာ တင်သွင်းခြင်းမရှိသည့် ကုမ္ပဏီများအား ဖျက်သိမ်းသည်အထိ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က မကြာသေးမီ ရက်ပိုင်းအတွင်းက ပြောကြားခဲ့သည်။

“သြဂုတ်လ ၂၄ ရက်နေ့ နောက်ဆုံးထားပြီးတော့ လုပ်ငန်းဆောင်ရွက်ချက်တွေကို အစီရင်ခံစာတင်သွင်းဖို့ ပြောပြီးသားပါ။ အစီရင်ခံစာ တင်သွင်း ခြင်းမရှိတဲ့ ကုမ္ပဏီတွေကိုလည်း သက်တမ်းမတိုးတဲ့ ကုမ္ပဏီတွေလိုပဲ။ ထိထိရောက်ရောက် အရေးယူသွားမှာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံလိုက်ရသည့် လုပ်ငန်းများမှာ ဝန်ဆောင်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ရောင်းဝယ်ရေး လုပ်ငန်း၊ ပိာုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းနှင့် ဘဏ်လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ကာလရှည် ပဉ္ဖင်းထပ်ဝတ်မည်

ရန်ကုန်၊ သြဂုတ်လ ၂၅။

ယခင်စစ်အစိုးရလက်ထက် စစ်ထောက်လှမ်းရေးအကြီးအကဲဖြစ်သူ ဦးခင်ညွန့်သည် မကြာမီလပိုင်းအတွင်း ကာလရှည် ပဉ္ဖင်းခံရဟန်းဝတ်ရန် အစီအစဉ်ရှိကြောင်း ၎င်း၏ မိသားစုအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

"ဒီလိုအစီစဉ်ဖြစ်တာက ဦးခင်ညွန့်ရဲ့ အစ်ကိုဖြစ်သူက တိုက်တွန်းတဲ့အတွက် အခုတစ်ခေါက်ထပ်ပြီး ပဉ္ဖင်းခံမှာဖြစ်ပါတယ်။ ဒါနဲ့ဆို သူဝတ်တာ နှစ်ကြိမ်ရှိပြီ။ ပထမဦးဆုံးတကြိမ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လွတ်လာပြီး လအနည်းငယ်အတွင်းမှာပဲ ဝတ်တာ ပါ"ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

၎င်းသည် ယခင် စစ်အစိုးရလက်ထက်၌ စစ်ထောက်လှမ်းရေးအကြီးအကဲ့တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လာဘ်ပေးလာဘ်ယူအမှုဖြင့် နှစ်ရှည်ထောင်ဒဏ်ကြခံခဲ့ရပြီး အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထဲ၌ ပါဝင် လာသူတစ်ဦးဖြစ်သည်။

"ဦးခင်ညွန့် ပြန်လွတ်လာတဲ့အချိန်က ဝန်ကြီးအချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့ လာတွေ့ပြီး အားပေးခဲ့တယ်။ ပြီးတော့ သူ့ကို နိုင်ငံရေး လောကထဲ ပြန်ဝင်အောင် တိုက်တွန်းကြတဲ့လူတွေလည်းရှိတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူက အချိန်မတန်သေးဘူးဆိုပြီး ပြောခဲ့တယ်"ဟု ၎င်းအားထောက်ခံသူ ဗိုလ်မှုးကြီဟောင်းတစ်ဦးက ပြောသည်။

ယင်းသို့ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်လွတ်မြောက်လာသည့်အချိန်၌ အရပ်သားအစိုးရသစ်၏ ဝန်ကြီးအချို့ နှင့် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်အချို့မှ တွေ့ဆုံအားပေးမှုများ ပြလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းတွင် တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက ဦးခင်ညွန့် အသုံးပြုရန် ကား သစ်တစ်စီး ပေးအပ်ခဲ့ခြင်းကြောင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး)၏ ခေါ်ယူစစ်ဆေးမှု ခံခဲ့ရသေးကြောင်း စစ်ထောက်လှမ်းရေးအရာရှိ ဟောင်းတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

sweet

-------------------------------------------------------------------------------------------------------------

ရှုံးနိမ့်ပါတီအချို့မှ ကူညီဖွဲ့စည်းပေးသော လယ်သမားသမဂ္ဂလူဦးရေ ၅သောင်းနီးပါးရရှိ

ရန်ကုန်၊ သြဂုတ် ၂၅။

ရွေးကောက်ပွဲ နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့သော ပါတီအချို့ဖြစ်သည့် အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီနှင့် မြန်မာအမျိုးသားကွန်ကရက်ပါတီတို့က ကူညီဖွဲ့စည်းပေးသော တောင်သူလယ်သမားအစည်းအရုံးအနေနှင့် အဖွဲ့ဦး ရေ ၅သောင်းနီးပါး ရရှိပြီဖြစ်ကြောင်း အဆိုပါပါတီများမှ တာဝန်ရှိသူများက ဆိုသည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့ အခြေခံအဖွဲ့ဝင် လယ်သမားဦးရေ ၃သောင်းနီးပါးရရှိထားပြီး၊ ဧရာဝတီနှင့် ပဲခူးတိုင်း ဒေသကြီး အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂သောင်းနီးပါးရှိကြောင်း အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်စွာစိုး က ပြောကြားသည်။

အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ အလုပ်သမားနှင့်၊ လယ်သမားအသင်းအဖွဲ့များ တည်ထောင်နိုင်ရန် ကြိုးပမ်းလာချိန်တွင် လွတ်တော်တွင်း ဝင် ရောက်ခွင့်မရရှိခဲ့သော ယင်းပါတီများအနေနှင့် နိုင်ငံရေးပုံရိပ် မြင့်တက်လာရန်နှင့် နောက်ခံအင်အားစုတစ်ရပ်အဖြစ် ကြိုးပမ်းခြင်းတစ်ရပ်ဖြစ်ကြောင်း  မ.ဆ.လခေတ် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဗဟန်းမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ခေါင်းဆောင်တစ်ဦးက သုံးသပ်ပြောကြား သည်။

၎င်းတို့အနေနှင့် မြေယာအသိမ်းခံရခြင်းအပါအဝင် အခက်အခဲများစွာ ကြုံတွေ့နေရသော တောင်သူလယ်သမားများဘက်မှ ရပ်တည်မည့်အဖွဲ့ အစည်းတစ်ရပ် ပေါ်ပေါက်ရန်သာ ကူညီဆောင်ရွက်ခြင်းသာဖြစ်ပြီး ၎င်းတို့သြဇာခံ အဖွဲ့အစည်းတစ်ရပ် ထူထောင်ခြင်းမဟုတ်ကြောင်း ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူးဦးထွန်းရွှေက ငြင်းဆိုသည်။

တောင်သူလယ်သမားအစည်းအရုံး ဖွဲ့စည်းပုံရေးဆွဲခြင်းနှင့် ဖွဲ့စည်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ယင်းပါတီများက လုပ်ဆောင်ခြင်းဖြစ် ကြောင်းနှင့် ထိုကိစ္စရပ်တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းထံမှ ငွေကြေးအထောက်အပံ့ ရယူခဲ့ ကြောင်း  ၎င်းတို့၏ အတွင်းစည်းမှ သိရသည်။

စစ်အစိုးရလက်ကျန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုရေးပါတီနှင့်  အဆိုပါ ၄ပါတီတို့သည် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီက မဟာမိတ်ပါတီ များအဖြစ် ဖွဲ့စည်းခဲ့ပြီးနှင့် ရွေးကောက်ပွဲကာလအတွင်း ပူးပေါင်းဆောင်ရွက်ခြင်းများ ရှိခဲ့သည်။

sweet

-------------------------------------------------------------------------------------------------------------

စီမံကိန်းမလုပ်ဖြစ်သော စက်မှုပိုင်မြေ စစ်တပ်လွှဲယူ

ရန်ကုန်၊ သြဂုတ် ၂၅။

ယခင် စက်မှု (၁)ဝန်ကြီးဌာနက ဆီခဲစက်ရုံစီမံကိန်းပြုလုပ်ရန် သိမ်းယူခဲ့သော မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းဘေးရှိ မြေနေရာအား စစ်တပ်က လွှဲပြောင်းရယူ၍ တင်ဒါခေါ်ယူ ငှားရမ်းခြင်းများ ပြုလုပ်နေကြောင်း စစ်ထောက်ချုပ်ရုံး၏ ထုတ်ပြန်ကြေညာချက်ကို ကိုးကား၍ ဒေသခံများက ဆိုသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မြေတိုင်းရပ်ကွက်အမှတ် ၂၃ (သမိုင်း) မြေကွက်အမှတ် (၃)ရှိ တပ်မတော် မိုးရေကာဖျင် စက်ရုံမြေ ၁၃ ဒဿမ ၇၆၄၂ဧကဟု ပါရှိပြီး လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းများအတွက် တင်ဒါခေါ်ယူ ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းမြေကွက်လပ်သည် ၂၀၀၂ခုနှစ်က စက်မှု (၁)ဝန်ကြီးဌာနပိုင်မြေအဖြစ် ဆိုင်းဘုတ်စိုက်ထူခြင်း၊ ဝင်းနံရံခတ်ခြင်းများ ပြုလုပ်ကာ စားသောက် ဆိုင်လုပ်ငန်းအတွက် ငှားရမ်းခဲ့ဖူးကြောင်း ဒေသခံများက ပြောကြားသည်။

ထို့ပြင် စက်မှု (၁)ဝန်ကြီး ဦးအောင်သောင်းလက်ထက်က ရပ်ကွက်နေ ပြည်သူများ၏ အသနားခံတင်ပြမှုကြောင့် ပလပ်ပေးခဲ့သော အလျားပေ ၁၀၀ခန့်နှင့် အနံ ပေ ၂၀ခန့်ရှိသော အစွန်းထွက်ကိုလည်း စစ်တပ်က ပြန်လည်သိမ်းယူခဲ့မှုကြောင့် ရပ်ကွက်တွင်းနေထိုင်သူများနှင့် ပဋိပက္ခများ ဖြစ်ပွားနေ သည်။

ယင်းမြေအစွန်းထွက်ကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)က တာဝန်ယူကာ မော်တော်ယာဉ်အရောင်းပြခန်းနှင့် ဖုန်းအရောင်းစင်တာ အဖြစ် ဖွင့်လှစ်မည်ဟု ပြောကြားကာ သီးခြားဝင်းနံရံခတ်ခြင်းများ ပြုလုပ်နေကြောင်း ၎င်းတို့နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သူ ဒဂုံတက္ကသိုလ်၏ ပါမောက္ခဌာနမှူး တစ်ဦး၏အဆိုအရ သိရသည်။

မင်းဓမ္မလမ်းရှိ စစ်တပ်မှ လွှဲပြောင်းရယူခဲ့သောမြေနေရာသည် ဘိုးဘွားပိုင် ဥယျာဉ်ခြံမြေဖြစ်ပြီး ပိုင်ရှင်မှာ ဟိန္နူဘာသာဝင်တစ်ဦးဖြစ်ကြောင်း ယင်းမြေ၏ ရာဇဝင်ကို သိမှီခဲ့သူ အသက်၈၀ကျော်အရွယ်ရှိ အမှတ် ၃ရပ်ကွက်နေထိုင်သူ အဘိုးအိုတစ်ဦးက ဆိုသည်။

ပြည်သူ့လွှတ်တော်က နိုင်ငံ့ဝန်ထမ်းများကို လစာတိုးမြှင့်ပေးနိုင်ရန် ဆောင်ရွက်ရန်မလိုအပ်သည့် စီမံကိန်းများ ရပ်ဆိုင်းရမည်ဟု ဆုံးဖြတ်ခဲ့မှု ကြောင့် ဝန်ကြီးဌာနအချို့ရှိ ဘတ်ဂျက်များ လျော့ချခံခဲ့ရပြီး ဥပဒေအရ စီမံကိန်းများ မဆောင်ရွက်ဖြစ်ပါက မြေနေရာများကို မူလပိုင်ရှင်ထံ ပြန်လည် ပေးအပ်ရန် ဖိအားပေးမှုများ ပြုလုပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO)နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့သောစာချုပ်တွင် စစ်တပ်က သိမ်းယူထားသည့် မြေနေရာများအား မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ရမည်ဟူသောအချက် ပါရှိသည်။

sweet

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

လွှတ်တော်မှ ခုံရုံးအဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်သွားမည်ဟူသော ဆုံးဖြတ်ချက်အစား ယခုကဲ့သို့ မှားယွင်းပြီး ဆုံးဖြတ်ခဲ့ပါတယ်ဟု ဖြေရှင်းချက်ပေးပါရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ပြည်ထောင်စုလွှတ်တော်က ခုံရုံး၏ ဆုံးဖြတ်ချက်မှားနဲ့ နုတ်ထွက်စရာမလိုတော့ဘဲ အခြေခံဥပဒေကိုလည်း ပြင်ဆင်ဖို့လိုမည်။

သြဂုတ် ၂၅ရက်ထုတ် Street View ဂျာနယ် အတွဲ (၁) အမှတ် (၃၃) တွင်ပါရှိသည့် “အခြေခံဥပဒေခုံရုံး၏ ဖြေရှင်းချက် မှားယွင်းကြောင်း ဖြေရှင်းချက် ထုတ်ပေးရန် ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်”သတင်းမှ ရန်ကုန်တက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုးရင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------------

လယ်မြေသိမ်းခံရတဲ့ လယ်သမားတွေရဲ့အရေးကို လွှတ်တော်အတွင်းနဲ့ လွှတ်တော်ပြင်ပ ဟန်ချက်ညီညီ လုပ်ဆောင်သွားရမှာပါ။ လွှတ်တော်အတွင်းနဲ့ ပြင်ပက ဟန်ချက်ညီညီ ချိတ်ဆက်မှုမရှိလို့ ထိရောက်မှု အားနည်းခဲ့တာကို အတွေ့အကြုံယူရမယ်။ ကိုယ့်လယ်မြေပိုင်ဆိုင်မှုပြဿနာကို ထိရောက်စွာနဲ့ တရားမျှတစွာ ဖြေရှင်းနိုင်ဖို့ ပါတီဝင်ရော၊ ပါတီဝင်မဟုတ်တဲ့သူရော ဝင်ရောက်ပြီး လုပ်ကိုင်သင့်ပါတယ်။

သြဂုတ် ၂၅ရက်ထုတ် Fresh News ဂျာနယ် အတွဲ (၃) အမှတ် (၁၆၃) တွင်ပါရှိသည့် “မပြီးဆုံးနိုင်သော လယ်သမားနှင့် လယ်ယာလိုအပ်ချက်များ လွှတ် တော်ပြင်ပမှာ လုပ်ကိုင်နေသူတွေက ပိုသိနေတယ်” သတင်းမှ NDF ပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------------

ယနေ့အခြေအနေသည် အရေးမပါသောကိစ္စများကို အရေးကြီးခွင်ကျယ် ပြဿနာဖြစ်ရန် ဖန်တီးရမည့်အခြေအနေ မဖြစ်စေလိုတော့ပါ။ အိမ်ထောင်ဦးစီး များသည် တူတာတွေကို လက်ချိတ်၍  လူမမာပြည်သူလူထုအတွက် ကုစားစေချင်ကြပါသည်။ မတူတာတွေ ဘေးချိတ်၍ ချွေးသိပ်ထားပြီး လုမမာရောဂါ ပျောက်မှ ပြန်ကောက်ကြစေချင်ပါသည်။ အချိုးမကျသည်များကို လူမမာအဖျားပျောက်မှ အချိုးကျစေလိုပါသည်။

သြဂုတ် ၂၅ရက်ထုတ် Fresh News ဂျာနယ် အတွဲ (၃) အမှတ် (၁၆၃) တွင်ပါရှိသည့်“တူတာတွေ လက်ချင်းချိတ်၍ မတူတာတွေ ဘေးချိတ် အရေးမပါ တာတွေကို ရေးကြီးခွင်ကျယ်မလုပ်စေချင်”ဟူသော အယ်ဒီတာ့အာဘော်မှ ကောက်နှုတ်ချက်။

******************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၄.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လူ့ယဉ်ကျေးမှုမြင့်မားဖို့

*****************************************

ဆောင်းပါးကဏ္ဍ

လူ့ယဉ်ကျေးမှုမြင့်မားဖို့

မိုးမြင့်ငြိမ်း

နိုင်ငံတစ်နိုင်ငံသည် ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ် လျှောက်လှမ်းလာသည်နှင့်အမျှ ပြောင်းလဲလာသည့်အရွေ့ကို agent အဖြစ် တာဝန်ယူဆောင်ရွက် ပေးနိုင်သော အတတ်ပညာ၊ အသိပညာရှင်များ ပိုမို လိုအပ်လာလေဖြစ်သည်။ လူ့အဖွဲ့အစည်းတခု တိုးတက်မှု၊ ဆိုးယုတ်မှုဆိုသည်မှာလည်း ယင်းလူ့အဖွဲ့ အစည်း ပုံမှန်လည်ပတ်ရန် ထမ်းဆောင်နေသည့် ကျွမ်းကျင်သူ (professional)များ၏ အရည်အသွေးပေါ်တွင် အဓိက မူတည်သည်။ ထိုအတွက်ကြောင့် နိုင်ငံတစ်နိုင်ငံ၏ ရုပ်ပိုင်းဘဝ ဖွံ့ဖြိုးတိုးတက်မှုများသာမက စိတ်ပိုင်းဘဝဖွံ့ဖြိုးမှုများကို ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ရာ၌ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အခန်းကဏ္ဍမှာ အလေးထား ပြောကြားရမြဲပင် ဖြစ်သည်။

သာမန်နှင့်ကွဲပြားစွာ

လူ့အဖွဲ့အစည်းတစ်ခု ပုံမှန်လည်ပတ်နိုင်ရေးအတွက် မရှိမဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေးအစရှိသည့် ကဏ္ဍအသီးသီး တွင် ပါဝင်ကြမည့် (professional)များ၏ အရည်အသွေး အစဉ်မြင့်မားနေဖို့ လိုအပ်သည်။ သို့နှင့် professional ဟူသော စကားလုံးအရင်းအမြစ် လိုက်ကြည့်ရာ Oxford Advanced Learner’s Dictionary မှ connected with a job that needs special training or skill, especially one that needs a high level of education ဟု အဓိပ္ပါယ်ဖွင့်ဆိုထားလေသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်ကိုကြည့်လျှင် professional တစ်ယောက်ဟု ယေဘုယျ သတ်မှတ်နိုင်နိုင်ဖို့ရာမှာ ပညာရည်မြင့်မားရမည့်သဘော ပါဝင်သည်။ ထို့အပြင် အထူးသင်တန်းများဖြင့် တက်မြောက်လာသည့်အတွက်ကြောင့်လည်း professional မှန်လျှင် ခပ်ညံ့ညံ့လက်ရာမျိုးကို မထုတ်။ လက်ရာညံ့ခဲ့လျှင်လည်း အကြင်ပုဂ္ဂိုလ်အား professional ဟုမသတ်မှတ်နိုင်၊ professional ဖြစ် အောင် ကြိုးစားနေသည့် ဝါသနာရှင် (amateur) သာဖြစ်သည်ဟု ဆိုရပေမည်။

ပညာသည်၏ ကြန်အင်လက္ခဏာ

ကွယ်လွန်သွားပြီဖြစ်သည့် နိုင်ငံရေးသိပ္ပံပညာရှင်ရှင် Samuel P. Huntington ၏ ကမ္ဘာကျော်စာအုပ်တစ်အုပ်ဖြစ်သည့် “THE SOLDIER AND THE STATE”စာအုပ်တွင် profession ၏ သဘောတရားကို ယေဘုယျ သုံးသပ်ထားလေသည်။ Huntington က professional ဟု သတ်မှတ်ဖို့ရာမှာ ကျွမ်းကျင်မှု (expertise)၊ တာဝန်ယူမှု (responsibility) နှင့် ပူးပေါင်းဆောင်ရွက်မှု (corporateness) တို့ ရှိရမည်ဟု ဆိုသည်။ ကျွမ်းကျင်မှုတွင် professional Knowledge ကိုက သဘာဝအားဖြင့် intellectual ဖြစ်ပြီး အရေးအသားကောင်းရမည်။ ထိုသို့ professional knowledge ရရှိဖို့ရာမှာလည်း အပိုင်းနှစ်ပိုင်းပါဝင်သည့် professional education ကို သင်ယူဖြတ်သန်းဖို့ လိုသည်။ ပထမပိုင်းမှာ ကျယ်ပြန့်ပြီး လွတ်လွတ်လပ်လပ် စဉ်းစားတွေးခေါ်မှု ကို အထူးပြုသည့် လစ်ဘရယ်ပညာရေးကို သင်ယူဖို့လိုအပ်ပြီး ဒုတိယပိုင်းမှာ မိမိအထူးပြုမည့် Professional အတွက် နည်းစနစ်ပိုင်းဆိုင်ရာ (technical phase) လေ့လာသင်ယူမှု ဖြစ်သည်။

တာဝန်ခံမှုဆိုသည်မှာ Professional တစ်ယောက်ထားအပ်သည့် ကျင့်ဝတ်သိက္ခာများ (codes of conduct) များကို ဆိုလိုခြင်းပင် ဖြစ်သည်။ Professional တစ်ဦးသည် သူ၏ ကျွမ်းကျင်မှုကို အသုံးချ၍ လူ့အဖွဲ့အစည်းဘေးဥပါဒ်ဖြစ်စေမည့် ကိစ္စရပ်ကို ဆောင်ရွက်ခဲ့သည့်ရှိသော် အကြင်ပုဂ္ဂိုလ် အား Professional မဟုတ်ဟု သတ်မှတ်ရမည်ဖြစ်သည်။ သို့ဆိုလျှင် ယုတ္တိအရ လူ့အဖွဲ့အစည်းကောင်းကျိုးကို ဆောင်ရွက်မှသာလျှင် Professional ဟု သတ်မှတ်ရမည့်သဘောပင် ဖြစ်သည်။ ထို့အပြင် တာဝန်ခံမှုအပိုင်း၌ Professional တစ်ဦးမှာ ငွေကြေးအကျိုးအမြတ်သာ အလုပ်လုပ်နေလျှင် လူအများ လေးစားသည့် ကျွမ်းကျင်အဆင့်ပုဂ္ဂိုလ်မဟုတ်တော့ဘဲ ကြေးစားသက်သက်သာ ဖြစ်သွားနိုင်ခြင်းကြောင့် ကျင့်ဝတ်သက္ခာဖြင့် ထိန်းသိမ်းဖို့ လိုအပ်သည်။ ပူးပေါင်းဆောင်ရွက်မှုအပိုင်း၌ Professional များသည် သာမန်လူများနှင့် ကွဲပြားစွာ မိမိရွေးချယ်သည့် ကဏ္ဍများကို ကျွမ်းကျင် တက်မြောက်လာသည့် နည်းတူ ထိုသို့ ကဏ္ဍတူ Professional များကြားတွင် စည်းလုံးညီညွတ်မှု ရှိရမည်သာ ဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခု ပုံမှန်လည်ပတ်နိုင်ရေးအတွက် Professional အချင်းချင်း ရိုင်းပင်းကူညီရင်း ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်သည်။ ထို့အပြင် ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အုပ်စုဖွဲ့ လိမ်ညာ ခြင်းမျိုး မဖြစ်အောင်လည်း အချင်းချင်း ထိန်းကျောင်းသွားရမည်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုအပိုင်း၌ ဆေးနှင့် ဥပဒေလို လွတ်လွတ်လပ်လပ် လှုပ် ရှားနိုင်သည့် Associational Professions များလည်း ရှိသလို diplomatic service, organizational management အစရှိသည့် တာဝန်ခံမှုနှင့် အလုပ် အထူးပြုမှု ပိုမိုလိုအပ်သည့် Bureaucratic Professionals များလည်း ရှိသည်။

Professional ယဉ်ကျေးမှု

မြန်မာနိုင်ငံ၏ ခေတ်သစ်စနစ်သစ် တည်ဆောက်ရေးဖြစ်စဉ်တွင် ကဏ္ဍအလိုက် ကျွမ်းကျင်တက်မြောက်သည့် ပညာရည်ပြည့်ဝပြီး ကျင့်ဝတ်သိ က္ခာရှိသည့် Professional များ ရှိလာဖို့ တနည်း Professional ယဉ်ကျေးမှု ထွန်းကားလာဖို့ စာရေးသူအနေဖြင့် အထူးမျှော်လင့်မိပါသည်။ မြန်မာနိုင်ငံ တွင် တပ်မတော်ကဲ့သို့သော ခိုင်မာသည့် အင်စတီကျူးရှင်းမှာ အနည်းငယ်သာရှိသည့်အပြင် အဆိုပါအင်စတီကျူးရှင်းများရှိ professional များ၏ အရည် အသွေးများသည်လည်း နိုင်ငံတကာစံနှုန်းများနှင့် ယှဉ်လျှင် များစွာ ခေတ်နောက်ကျနေပြီ ဖြစ်သည်။ အသစ်ပေါ်ထွန်းလာသည့် နိုင်ငံရေး အင်စတီကျူး ရှင်းများတွင်လည်း နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသား သွေးစည်းညီညွတ်ရေးအတွက် အသိဉာဏ်မြင့်မားမှုနှင့် စိတ်စေတနာကောင်းရှိသည့် နိုင်ငံရေး သမားများ လိုအပ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေးစနစ်မှာလည်း ပီပီပြင်ပြင် မဖြစ်ထွန်းလာသေးသည့်အတွက် အလုပ်ခွဲခြား လုပ်ကိုင်မှု နည်းပါးပြီး Professional များကို အသုံးပြုမှု နည်းပါးသေးသည်။ ဈေးကွက်စီးပွားရေး ပီပြင်လာဖို့မှာလည်း ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနှင့် ယှဉ်ပြိုင်နိုင် စွမ်း ရှိသည့် Professional ယဉ်ကျေးမှုကို အလေးထားမွေးထုတ်ဖို့ လိုအပ်သည်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ကျွမ်းကျင်မှုနှင့် ကျင့်ဝတ်သိက္ခာ အပြည့် ရှိသော Professional များရှိလေ လူ့ယဉ်ကျေးမှု မြင့်မားလာလေ ဖြစ်ပါကြောင်း…။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive