Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၃၁.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ခန့်မှန်းရခက်နေဆဲ မြန်မာစစ်တပ်

(29 August 2012ရက်စွဲပါ The Straits TimesမှBuce Galeရေးသားသော “Military still the wild card in Myanmar” ကိုဘာသာပြန်ဆိုသည်။)

  1. ကိုယ်ကျိုးစီးပွားကာကွယ်ထားသော မြန်မာဥပဒေသည် ရင်းနှီးမြှုပ်နှံမှု ကိုအခက်တွေ့စေနိုင်

(The Asahi Shimbum မှ 29 August 2012 ရက်စွဲပါ “Protestionist Myanmar Bill could cripple foreign investment”သတင်းကို ဘသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

ခန့်မှန်းရခက်နေဆဲ မြန်မာစစ်တပ်

(29 August 2012ရက်စွဲပါ The Straits TimesမှBuce Galeရေးသားသော “Military still the wild card in Myanmar” ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ကောင်းမွန်စွာလုပ်ဆောင်နေစဉ်တွင် ပို၍သက်သေပြနိုင်မှုများ လိုအပ်သည်ဖြစ်ရာ ပြီးခဲ့သည့် အပတ်က ပြန်ကြားရေးဝန်ကြီးဌာနသည် မီဒီယာဆင်ဆာများ တိုက်ရိုက်ပြုလုပ်နေမှုကို ဖယ်ရှားပေးခဲ့ကြောင်း ကြေညာခဲ့ခြင်းကြောင့် စောင့်ကြည့်လေ့လာ သူများက သြဘာပေးခဲ့ကြသည်။

ယခုအခါအနောက်နိုင်ငံ အရေးယူပိတ်ဆို့မှုများကလည်း ဖြေလျော့သွားခဲ့ပြီး စီးပွားရေးကိုလည်း တံခါးဖွင့်ပေးခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ သည် စီးပွားရေး အခွင့်အလမ်းများ လက်ဦးမှုရရှိနိုင်ရေးအတွက်  မြန်မာနိုင်ငံသို့ အပြေးအလွှား ဝင်ရောက်လာသည်မှာ အံ့သြဖွယ်တော့ မဟုတ်ပေ။

မြန်မာနိုင်ငံ၏ အိပ်ပျော်နေသော ဗျူရိုကရေစီ ယန္တရားနှင့် ဟောင်းနွမ်းနေသော အခြေခံ အဆောက်အအုံတို့သည် အလုံးအရင်း ဝင်ရောက် လာ သော ရင်းနှီးမြှုပ်နှံမှုများကို ကိုင်တွယ်နိုင်ပါမည်လော။ သြဂုတ်လ၂၀ရက်နေ့က အာရှဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်သော အစီရင်ခံစာတွင် စာရင်းပြုစုထားရာ၌ အဓိကစွန့်စားရမည့်အန္တရာယ်မှာ မြန်မာနိုင်ငံ၏အားနည်းသော မက်ကရိုစီးပွားရေး စီမံခန့်ခွဲမှုနှင့် အခွန်ရရှိမှု နည်းပါးခြင်းများဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော် ADB က အားလုံးခြုံ၍ ဖော်ပြထားရာတွင် ဆယ်စုနှစ်ငါးစုခန့် စီးပွားရေးအရ အထီးကျန်ဖြစ်နေပြီး နောက်၊တိုင်းပြည်၏ စီးပွားရေး အလား အလာများကို အကောင်းမြင်ရေးသားထားသည်။ မြန်မာနိုင်ငံသည် အာရှ၏ ထွန်းတောက်လာမည့် ကြယ်တစ်ပွင့်အဖြစ် အားယူနေကြောင်း ဖော်ပြထား သည်။         ပျော်ရွှင်မှုအပြည့်အဝ မရနိုင်သေးသည်ကို နားလည်နိုင်သည်။ ယနေ့ပတ်ဝန်းကျင်တွင် အထူးသဖြင့်အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ၌ စီးပွားရေး တိုးတက်မှု သိပ်မရှိလှပေ။ တရုတ်၊ဂျပန်၊အိန္ဒိယတို့ကလည်း စတင်နှေးကွေးနေပြီဖြစ်သည်။ သို့မဟုတ်လျှင် မြန်မာနိုင်ငံသည် ယခုထက် ပို၍ ဆွဲဆောင်အားကောင်းနိုင်သည်။

သို့သော်အများစု မေ့နေသည်ဟု ထင်ရသောအချက်မှာ မြန်မာနိုင်ငံသည် စစ်အာဏာရှင် စနစ်ထက် အနည်းငယ်သာ ပိုကောင်းသော အခြေအနေ ရောက်လာသည်မှာ နှစ်နှစ်ပင် မရှိသေးဟူသော အချက်ဖြစ်ပြီး စစ်တပ်ကလည်း အစိုးရအပေါ် အားကောင်းစွာ သြဇာလွှမ်းမိုး ထားသည်ဟူသော အချက်ဖြစ် သည်။

သမိုင်းကြောင်းအရ စစ်အစိုးရသည် လွယ်လွယ်နှင့်အာဏာစွန့်လိမ့်မည်ဆိုသည်ကို သိရှိနိုင်သည်။ အကယ်၍ အာဏာစွန့် ခံရလျှင်လည်း ၎င်းတို့ အကျိုးစီးပွားကို ကာကွယ်ပေးမည်ဟု ယုံကြည်ရသူ ဗိုလ်ချုပ်များ လက်ထဲသို့သာ လွှဲပေးမည်သာဖြစ်သည်။

စစ်တပ်သည် ၎င်း၏အကျိုးစီးပွားကို ခြိမ်းခြောက်လာမည်ဟု ဆုံးဖြတ်ပါက ယခုဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု များသည် ခက်ခက်ခဲခဲနှင့် နောက်ပြန်လှည့်သွားနိုင်ပြီး အလုံးအရင်း ဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံသူများအတွက် ဆိုရွားသော အကျိုးဆက်များ ခံစားရဖွယ်ရှိသည်။

အကောင်းမြင် ဝါဒီများကမူ ယခုလအစောပိုင်းက လွှတ်တော်မှ တပ်မတော်သားအမတ်များသည် နိုင်ငံရေးအရ အလယ်အလတ်သဘောထားရှိသူ ရေတပ်စစ်ဦးစီးချုပ်ကို ဒုတိယသမ္မတ အဖြစ်ခန့်အပ်ရန် ထောက်ခံခဲ့ခြင်းအပေါ်ညွှန်ပြကြလိမ့်မည် ဖြစ်သည်။

သို့သော်ဤကိစ္စကို ရှုမြင်ရန် လိုအပ်သောရှုထောင့်မှာ လွှတ်တော်သည် အဆိုပါဆုံးဖြတ်ချက်အတွက် တစ်လခန့်အချိန်ယူခဲ့ရသည်ဟူသော အချက်ဖြစ်သည်။ တပ်မတော်သားကိုယ်စားလှယ်များသည် အစပထမ၌ ယခင်အာဏာရှင်ဦးသိန်းစိန်နှင့်ရင်းနှီးသော သဘောထား တင်းမာသူ အငြိမ်းစား ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေကို အဆိုပြုခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အား ရာထူးမရနိုင်ရန် ရေးဆွဲထားသည့် အချက်ဖြင့် ငြိစွန်းခြင်းကြောင့် ဦးမြင့်ဆွေမှာ သတ်မှတ်ချက်နှင့် မကိုက်ညီပဲ ၎င်းတို့လက်လျှော့သွားခဲ့သည်။

ပြီးခဲ့သော ဇူလိုင်လ၂၅ရက်နေ့က အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက ထောက်ခံကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ရွေးချယ်စရာ သူတစ်ယောက်ထဲပဲရှိပါတယ်”ဟု ၎င်းကAngence France Presseသို့ ပြောကြားခဲ့သည်။

စစ်တပ်မှ ဗိုလ်ချုပ်များသည် ရေတပ်ကို အယုံအကြည်မရှိလှပေ။ ၁၉၈၈ခုနှစ် ဆန္ဒပြပွဲများတွင် ရေတပ်မှ စစ်သားများ ပါဝင်ခဲ့ကြသည်ကို ၎င်းတို့မေ့ လိမ့်ဦးမည် မဟုတ်ပါ။

ထို့ကြောင့် ဦးဥာဏ်ထွန်းသည် ၎င်းတို့အနေဖြင့် စစ်တပ်၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် စိတ်အားထက်သန်မှု ရှိကြောင်း ဗိုလ်ချုပ်များ ယုံကြည်လာအောင် ခက်ခက်ခဲခဲ လုပ်ဆောင်ရလိမ့်မည်ဟု ယူဆရသည်။

သမ္မတဦးသိန်းစိန် ပြုပြင်ပြောင်းလဲရေးအတွက်  ကတိကဝတ်များမှာ အစစ်အမှန် ဖြစ်ဖွယ်ရှိသည်။ သို့သော်၎င်း၏ စစ်သားဘဝ ကာလတစ် လျှောက်သည် ခြေလျင်တပ်များတွင် တာဝန်ထမ်းဆောင်ခြင်း ထက်စစ်ရုံးတွင်သာ ကုန်ဆုံးခဲ့သည် အချိန်များခြင်းကြောင့် လက်ရှိ တာဝန်ထမ်းဆောင်နေ သော ဗိုလ်ချုပ်များအပေါ် သြဇာလွှမ်းမိုးမှုမှာ အကန့်အသတ်ဖြင့်သာ ရှိနေသည်။ ထို့ပြင်၎င်းသည် နှလုံးရောဂါရှိ ပြီးစက်တပ်ဆင် ထားရသည်။ ကြာရှည်မှ ခံနိုင်ရည်ရှိပါမည်လား၊ သူမရှိတော့လျှင် ပြုပြင်ပြောင်းလဲရေးများ ဆက်လက်လုပ်ဆောင် နိုင်ပါဦးမည်လော။

အချို့ စောင့်ကြည့်လေ့လာသူများက လက်ရှိအဓိကကျသော စစ်တပ်မှ ဗိုလ်ချုပ်များသည် စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများအပေါ် စိတ်ဝင်စားမှု အနည်းငယ်သာ ရှိလိမ့်မည်ဟု ယုံကြည်နေသည်။ ဗိုလ်ချုပ်များက ပြုပြင်ပြောင်းလဲရေးများကို ထောက်ခံနေခြင်း အကြောင်းမှာ ပြောင်းလဲမှုများမှာ တရုတ် အပေါ် မှီခိုရမှုကို လျော့ချနိုင်ရန် တံခါးဖွင့်ပေးခြင်းကြောင့်သာ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် များစွာလိုအပ်လျက်ရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာလည်း ကြန့်ကြာလျက်ရှိသည်။ အကြောင်းမှာ စစ်တပ်နှင့်နီးစပ် သော ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များက နိုင်ငံခြားကုမ္ပဏီများ ဝင်လာပါက ၎င်းတို့ဘေးရောက်သွားမည်ကို စိုးရိမ်နေကြသောကြောင့် ဖြစ်သည်။

တနည်းအားဖြင့် လက်ရှိအသွင်ကူးပြောင်းရေးကို ဂရုတစိုက် ကိုင်တွယ်နိုင်ခြင်း မရှိပါက ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်သူများ လျင်မြန်စွာ ကြီး ထွား လာစေနိုင်သည်။

ရင်းနှီးမြှုပ်နှံသူများသည် သတိဖြင့် ဝင်ရောက်သင့်သည်။ မြန်မာစစ်တပ်သည် တိုင်းပြည်၏ အားနည်းသော အခြေခံ အဆောက်အဦ မဟုတ်ပဲခန့် မှန်းရခက်သော အဖွဲ့အစည်း အဖြစ်ရှိနေဆဲဖြစ်သည်။

---------------------------------------------------------------------------------------------------------------------

ကိုယ်ကျိုးစီးပွားကာကွယ်ထားသော မြန်မာဥပဒေသည် ရင်းနှီးမြှုပ်နှံမှု ကိုအခက်တွေ့စေနိုင်

(The Asahi Shimbum မှ 29 August 2012 ရက်စွဲပါ “Protestionist Myanmar Bill could cripple foreign investment”သတင်းကို ဘသာပြန်ဆိုသည်။)

မြန်မာလွှတ်တော်သည် ပြည်ွင်းကုမ္ပဏီများကို အကာအကွယ်ပေးထားသည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ရေးဆွဲနေပြီဖြစ်၍ စီးပွားရေးနိမ့်ကျပြီး လုပ်အားခ ဈေးချိုသော ၎င်းနိုင်ငံသို့ ဝင်ရောက်နိုင်ရန် စိတ်ဝင်စားနေသော နိုင်ငံခြား ကုမ္ပဏီများအတွက် ထိုးနှက်မှုတစ်ခု ဖြစ်လာဖွယ်ရှိသည်။

မြန်မာနိုင်ငံ၏ လုပ်အားအသုံးပြုသော စီးပွားရေး နယ်ပယ်သို့ ဝင်ရန်ပြင်ဆင်နေကြသော ဂျပန် ကုမ္ပဏီများ အပေါ် သက်ရောက်နိုင်မှုကို သုံးသပ်ပြောကြားသော ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့၏ Institution of Developing Economies မှအကြီးတန်း သုတေသနပညာရှင်  တိုရှီဟီရို ကူဒိုက “ဥပဒေ အရမ်းတင်းကျပ်တယ်” ဆိုသည်။

အဆာဟီရှီဘွန်းက သြဂုတ်၂၈ရက်တွင် ရရှိသော ဥပဒေမူကြမ်း အသေးစိတ်အချက်များအရ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် တိရိစ္ဆာန် မွေးမြူရေး လုပ်ငန်းများ အပါအဝင် ကဏ္ဍ၁၃ခု တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ထိန်းချုပ်ဟန့်တား ထားသည်။ သို့သော်၎င်းကဏ္ဍ များအနက်မှ တစ်ခုမှာ ပြည်တွင်း အသေးစား အလတ်စား ကုမ္ပဏီများစွာ လုပ်ကိုင်နေကြသော ကဏ္ဍတစ်ခု ဖြစ်သည်ဟု မသဲမကွဲ သတ်မှတ်ထားသည်။

              ယင်းဥပဒေသည် ဂျပန်ကုမ္ပဏီများနှင့် လက်တွေ့စိတ်ဝင်စားနေသော အထည်ချုပ်၊ အစားအသောက်နှင့် အခြားပေါ့ပေါ့ပါးပါး ကုန်ထုတ်လုပ်ငန်း များကိုပါ ပါသက်ရောက်နိုင်သည်ဟု အကဲခတ်လေ့လာသူ များက ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ နယ်စပ်တစ်လျှောက် ရင်းနှီးမြှုပ်နှံခြင်းကဲ့သို့သော စီးပွားရေး လုပ်ကိုင်မှုကိုလည်း ဥပဒေက တားမြစ်ထားသည်။ မြန်မာနိုင်ငံ တွင် လုပ်ကိုင်နေသော ဂျပန်ကုမ္ပဏီများက ယင်းဥပဒေကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ရသည်ဟု ထုတ်ဖော်ပြောဆိုကြသည်။

ယခင်ကRangoonဟု လူသိများသော ရန်ကုန်မြို့တော်တွင် လုပ်ငန်းထူထောင်ထားသော ဂျပန်လူမျိုးတစ်ဦးက “ဒီဥပဒေဟာ နိုင်ငံခြား ရင်းနှီးမြှုပ် နှံမှုတွေကို ပိတ်ဆို့ထားသလို ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြောင်း ပြသထားကြတဲ့ နိုင်ငံခြား ကုမ္ပဏီတွေရဲ့ စိတ်အားထက် သန်မှုတွေကတော့ တစ်ချက်ထဲနဲ့ လန်ထွက်သွားတော့မှာပါ”ဟုမှတ်ချက်ပေးသည်။

ရန်ကုန်မြို့ရှိ ဂျပန်ကုန်သည်ကြီးများအသင်းက ပိုမိုတင်းကြပ်သော ရင်းနှီးမြှုပ်နှံမှု ဥပဒေအပေါ် တုန့်ပြန်သဘော ထားကို သြဂုတ် လ၂၉ရက် အစည်းအဝေး တွင်ဆွေးနွေးကြမည်ဟု  မျှော်လင့်ရသည်။

အကြီးစားစီမံကိန်းများအတွက် အနည်းဆုံး  မတည်ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ၅သန်းနှင့် လွှတ်တော်ခွင့် ပြုချက် လိုအပသည်ဟုဆိုသည်။ ထို့အပြင်မ နိုင်ငံခြားဖက်စပ်လုပ်ငန်း များတွင် ပြည်တွင်းကုမ္ပဏီ ကရှယ်ယာထက်ဝက်ကျော် (ဥပမာ-၅၁ရာခိုင်နှုန်း) ပိုင်ဆိုင်ရမည် ဟုဆိုသည်။

ပြည်တွင်းကုမ္ပဏီများအတွက ထိုစည်းကမ်းများ ကိုက်ညီနိုင်ရန် ခဲယဉ်လိမ့်မည် ဟု ရန်ကုန်မြို့ ဂျပန်သံရုံး သတင်းရပ်ကွက် ကမှတ်ချက်ပေးသည်။ နိုင်ငံခြား ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်မည့် ကုမ္ပဏီများ မှာတပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ကုမ္ပဏီခွဲများ  ခရိုနီကုမ္ပဏီများ အိမ်နီးချင်း နိုင်ငံအချို့နှင့် ငွေကြေးအဆက်အသွယ်ရှိသော ကုမ္ပဏီများသာ ဖြစ်လိမ့်မည်ဟု ပြည်တွင်းမှ စီးပွားရေးလုပ်ငန်း အကဲခတ်သူများက ပြောကြားကသည်။

ယခင်စစ်အုပ်ချုပ်ရေး ကြောင့်စီးပွားရေး ပြိုလဲသွားခဲ့သော မြန်မာနိုင်ငံတွင် စီးပွားရေး မူဝါဒများကို ပြင်ဆင်ပြောင်းလဲနေသော ဦးသိန်းစိန် အစိုးရ သစ်က လက်ရှိရင်းနှီးမြုပ်နှံမှု ဥပဒေကို အစားထိုးရန် ဥပဒေသစ်ကို ရေးဆွဲလျက်ရှိသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အခြားတာဝန်ရှိသူများက ဇွန်၊ဇူလိုင်များတွင် ပြည်တွင်းဦးဆောင် စီးပွားရေး လုပ်ငန်းရှင်များ၏ သဘောထားကို ကြား နာစစ်ဆေးခံရာတွင်  လုပ်ငန်းရှင်အများစုက ပြည်တွင်း လုပ်ငန်းများကို အကာအကွယ် ပေးနိုင်ရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို တင်းကြပ်ရန် တောင်း ဆိုထားကြသည်ဟု ပြည်တွင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။

ပြည်တွင်းလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ၏ သဘောထားများကို ထည့်သွင်းကာ အကြိမ်ကြိမ် ပြင်ဆင်တည်းဖြတ်ထားသော ဥပဒေကို အထက် လွှတ်တော်က အတည်ပြုလိုက်ပါက သမ္မတအနေဖြင့် ထိုဥပဒေအပေါ် ဗီတိုအာဏာသုံး၍ မရနိုင်တော့ပါ။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၃၀.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ဆက်လက်ချီတက်နေဆဲ မြန်မာ့စီးပွားရေး ပြန်လည်တံခါးဖွင့်မှု

(29 August 2012ရက်စွဲပါ The Diplomat မှ Steven Finch ရေးသားသော “Burma’s economic reboot marcheson” ကိုဘာသာပြန်ဆိုသည်။)

  1. မြန်မာပိုင်နက်ကို ဘေးမဲ့တောအဖြစ် အိန္ဒိယသူပုန်များ အသုံးပြုနေ

(Daily Newsမှ 28 August 2012 ရက်စွဲတွင် ပါရှိသည့် “NE insurgent group using Myanmar as safe sanctuary; Govt” သတင်းကို ဘာသာပြန်သည်။)

  1. ဂျပန်စီးပွားရေးလုပ်ငန်းစုတို့ သဘောတူလက်မှတ်ရေးထိုး

(Reuters သတင်းဌာနမှ 27 August 2012 ရက်စွဲပါ “Myanmar Signs industrial zone pact with japan consortium”ကို ဘာသာပြန် ဆိုသည်။)

***********************************************************

ဘာသာပြန်သတင်းများ

ဆက်လက်ချီတက်နေဆဲ မြန်မာ့စီးပွားရေး ပြန်လည်တံခါးဖွင့်မှု

(29 August 2012ရက်စွဲပါ The Diplomat မှ Steven Finch ရေးသားသော “Burma’s economic reboot marcheson” ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် ငွေကြေးပြုပြင်ပြောင်းလဲမှု သည်ခေတ်မီ၍ တည်ငြိမ်သော စီးပွားရေး ဖန်တီးပေးရန် ခြေလှမ်းတစ်လှမ်းပို၍ နီးကပ်သွားမည် လော။

အတိတ်က မြန်မာအစိုးရတွင် မူဝါဒနှင့် ပတ်သက်၍ မည်သည့်အစီအစဉ် မျှမရှိပဲ လှုပ်ရှားမှုများ မရှိခြင်းကြောင့် ဗဟိုဘဏ်သည် ရှိနေသည် ဆိုသည်ကို ဗဟိုဘဏ် အဆောက်အအုံ ရှိနေခြင်းကြောင့်သာ ရှိနေသေးသည်ဟု လက်ခံနိုင်ပါသည်။

မြန်မာ့လွတ်လပ်ရေးရပြီး နောက်ပိုင်းငွေကြေးဆိုင်ရာ သမိုင်းကြောင်းသည် စိတ်ကူးယဉ်ဆန်ဆန် ထက်ပင် ထူးဆန်းသော ဂန္တဝင်မြောက် အဖြစ် အပျက်များစွာ ရှိခဲ့သည်။ ထိုအထဲတွင် အာဏာရှင်ဟောင်း ဦးနေဝင်းသည် ၁၉၈၅နှင့် ၁၉၈၇တို့တွင် ကြိုတင်သတ်မှတ်ချက်များ ထုတ်ပြန်ခြင်းမရှိဘဲ ပြည်တွင်းငွေကြေးကို တရားမဝင်ကြေညာခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် မြန်မာပြည်သူများအကြား ငွေကြေးအများအပြား ဆုံးရှုံးခဲ့ရသည်။

၎င်းတို့လက်ထက်တွင် ၁၉၆၄ကလည်း ငွေတရားမဝင်ကြေညာမှု တစ်ကြိမ်ရှိခဲ့ဖူးသည်။ သို့သော် ၂၀၁၁ခုနှစ် မတ်လတွင် စတင်တာဝန်ယူလာ သော မြန်မာအစိုးရသည် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ရည်ရွယ်ချက်ကြီးကြီးဖြင့် လုပ်ဆောင်လာရာ လာမည့်နှစ်တွင် FEC ပြန်လည် ရုတ်သိမ်းရေး အပါအဝင် ငွေကြေး လဲလှယ်မှု နှုန်းများစွာ ရှိနေမှုကို စုစည်းခြင်း အစီအစဉ်သည် ကြိုတင်ခန့်မှန်းနိုင်သော လုပ်ငန်းစဉ်များစွာ ရှိနေမှုကို စုစည်းခြင်း၊ အစီအစဉ်သည် ကြိုတင်ခန့်မှန်းနိုင်သော လုပ်ငန်းစဉ်များ ဖြစ်လာမည်ဖြစ်ကြောင်း  ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောကြားသည်။

“တကယ်လို့ နိုင်ငံခြားငွေလုပ်ငန်းနဲ့ နိုင်ငံခြား ငွေလဲလှယ်မှု စာရင်းပြောင်းမှုတွေ ဘဏ်များမှာ လွယ်ကူချောမွေ့ပြီး တည်ငြိမ်နေမယ်ဆိုရင်၊ ကျွန်တော်တို့ FECကို ဈေးကွက်ကနေ ပြန်ရုတ်သိမ်းနိုင်မှာပါ”ဟု ၎င်းကပြောသည်။

FEC ကိုင်ဆောင်ထားသူများကို အမေရိကန်ဒေါ်လာ(သို့မဟုတ်) မြန်မာကျပ်ငွေဖြင့် လဲလှယ်ပေးရန် အချိန်ပေးရမည် ဖြစ်ကြောင်း ဦးမောင် မောင်ဝင်းက ပြောသည်။

အချိန်ကာလ ခြောက်လခန့် ပေးရမည်ဖြစ်ပြီး ထိုကာလအတွင်း ပြည်သူများသည် FEC ကိုလဲလှယ်ခြင်း နှင့် ဆက်လက်သုံးစွဲခွင့်လည်း ရှိနေမည် ဖြစ်ကြောင်း ၎င်းကပြောသည်။ ထိုကာလပြီးလျှင် FECကိုဆက်လက် ထုတ်ဝေပေးတော့မည် မဟုတ်ဘဲ ၊ပြည်သူများကမူ ဗဟိုဘဏ်တွင် လာရောက်၍ လဲလှယ်နိုင်ပြီး ငါးနှစ်ခန့်လဲလှယ်ရန် အချိန်ပေးနိုင်ကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

“တစ်စုံတစ်ဦးက မြန်မာကျပ်နဲ့ လဲလှယ်ချင်တယ်ဆိုရင် နေ့စဉ်နှုန်းထား အပေါ်မှာ မူတည်လို့လဲ လဲပေးနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

ယခုလုပ်ဆောင်မှုမှာ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) နှင့်ညှိနှိုင်းတိုင်ပင်ထားသော ရှည်လျားလှသည့် မြန်မာငွေကြေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်း စဉ်၏ ပထမဆုံး အဓိကကျသော ခြေလှမ်းတစ်လှမ်း ဖြစ်သည်။

အကယ်၍ စီမံထားသည့်အတိုင်း ချောချောမွေ့မွေ့ ဖြစ်သွားခဲ့ပါက မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် တိုင်းပြည်၏ လှည့်ပတ်ငွေအတွင်းမှ အရေးပါသော ငွေစက္ကူတစ်မျိုး ၏ ကြီးမားသော ပမာဏ ကိုပရမ်းပတာ မဖြစ်ပဲ ပြန်သိမ်းနိုင်ရန် စီမံခန့်ခွဲ နိုင်ခြင်းဖြစ် သည်။ ထို့ပြင်ဒေသတွင်း သဘာဝမကျသော ငွေကြေးတစ်မျိုး၏ နိဂုံးမှာလည်း အရေးပါသည်။

FECကို ၁၉၉၃ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး နိုင်ငံသားများ နိုင်ငံခြားငွေ ကိုင်ဆောင်ခြင်းကို ပိတ်ပင်ထားသော နိုင်ငံတွင် နိုင်ငံခြားငွေနှင့် ကျပ် ငွေအကြားတွင် ဆက်စပ်ပေးသော ငွေကြေးတစ်ခုအဖြစ် အသုံးပြုရန် ရည်ရွယ်ခဲ့သည်။

အနောက်နိုင်ငံများ၏ အရေးယူမှုများ ကြုံတွေ့နေရပြီး နိုင်ငံခြားဝင်ငွေ အားနည်းလာမည့် အရိပ် အယောင်များကြောင့် နိုင်ငံခြားဝင်ငွေ ပိုကောင်း လာရေး အတွက်လည်းဖြစ်သည်။

               အဆိုပါ လုပ်ဆောင်ချက်မှာ နိုင်ငံခြားငွေများစွာလိုအပ်ပြီး ရှာဖွေရန်နည်းလမ်း ကုန်နေသော အစိုးရ တစ်ခု၏ အောင်မြင်သော လုပ်ဆောင်ချက် တစ်ခုဟု ဆိုနိုင်သည်။ နိုင်ငံခြားခရီးသွားများသည် ပထမဆုံး ဒေါ်လာ၂၀၀ကို FECနှင့် လဲရန်လိုအပ်သည်။

ထို့ပြင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေသော နိုင်ငံခြား ကုမ္ပဏီများနှင့် အကူအညီပေးရေး အေဂျင်စီများသည်လည်း FECကို အသုံးပြုရန် အတင်းလုပ်ဆောင်ထားသည်။ ဒေါ်လာနှင့် ကျပ်လဲလှယ်မှုနှုန်းတွင် FEC၏နှုန်းမှာ သိသာစွာနည်းသည်။

လမ်းဘေးတွင် ဒေါ်လာမှ ကျပ်ငွေသို့ လဲလှယ်ခြင်းမှာတရားမဝင်ဟု သတ်မှတ်ထားပြီး ဟိုတယ်များတွင် နှုန်းထားနည်းပါးသည်။ တရားဝင်လဲ လှယ် သူများထံတွင် ကျပ်ငွေတန်ဖိုးကို အသေသတ်မှတ်ထားပြီး ကြီးမားစွာ တန်ဖိုးမြှင့်ထားသည်။

နိုင်ငံခြားသားများအတွက် အပြိုင်ငွေတစ်မျိုး စမ်းသပ်သည့် နိုင်ငံအချို့ ရှိခဲ့ရာ အထူးသဖြင့် ဆိုရှယ်လစ် နိုင်ငံများတွင်ဖြစ်ပြီး ပြဿနာများဖန် တီးပေးခဲ့ကြောင်း FECမူဝါဒချမှတ်စဉ်က ပါဝင်ခဲ့သူ ကမ္ဘောဇဘဏ် ဒု-ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားခဲ့သည်။

FECကို နှစ်အနည်းငယ်ပဲ ထုတ်ဝေသင့်တယ် လို့ထင်ပါတယ်၊ တရုတ်နဲ့ ပါကစ္စတန်မှာ လိုပေါ့၊ ဒါပေမယ့် သိတဲ့ အတိုင်းပဲ ဆုံးဖြတ်ချက်ချမှတ် လုပ်ဆောင်ဖို့ နှေးကွေးနေတော့ FECက အမြဲတမ်း ငွေကြေးဖြစ်လာတယ်”ဟု ၎င်းကပြောသည်။

ယခုလတွင် စတင်အသက်ဝင်ခဲ့သော နိုင်ငံခြားငွေလဲလှယ်မှု ဥပဒေသစ်အရ မြန်မာနိုင်ငံသားများ သည် ၁၉၄၇ခုနှစ်မှစ၍ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားငွေကို ခွင့်ပြုချက်မလိုပဲ ကိုင်ဆောင်ခွင့်ရပြီ ဖြစ်သည်။

မြန်မာနိုင်ငံအတွက် နောက်အဓိက ကျသော မှတ်တိုင်တစ်ခုမှာ ကမ္ဘာ့ ငွေကြေးစနစ်နှင့် ပြန်လည်ချိတ်ဆက်နိုင်ရေးအတွက် ATMကတ်များ ပြန် လည် မိတ်ဆက်ပေးလာခြင်းဖြစ်သည်။ VISA နှင့်Master Cardတို့လည်း ၂၀၁၃တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည်ဟု ကြေညာခဲ့သည်။

ဗဟိုဘဏ်သည် FEC ကိုအခက်အခဲအနည်းဆုံးဖြင့် ရုတ်သိမ်းတော့မည်ကို သိသဖြင့် တန်ဖိုးကျ သွားမည့် အရေးကို ကာကွယ်နိုင်စွမ်း အပေါ်တွင် ကြီးစွာမူတည်နေသည်။

ဦးမောင်မောင်ဝင်းက ပြောကြားရာတွင် တစ်ခါတစ်ရံ FECသည် ဒေါ်လာနှင့် ကျပ်လဲလှယ်ရာတွင် တန်ဖိုးထက်များစွာ ကျဆင်းနေတတ်ခြင်း ကြောင့် FECဖြင့်လခရသူများ မနစ်နာစေရန် ဈေးနှုန်းကွာဟမှု မရှိစေရေးအတွက် ဗဟိုဘဏ်နှင့် အစိုးရသည် အချိန်အတော်ကြာကပင် ဆွေးနွေးခဲ့ ကြောင်း ပြောကြားခဲ့သည်။

အစိုးရက ငွေကြေးလှည့်ပတ်မှုမှ FECကိုတိတ်တဆိတ် စတင်ရုတ်သိမ်းနေခဲ့ပြီး ဖြစ်သော်လည်း FECဈေးနှုန်းကို ထိန်းထားနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

လှည့်ပတ်သုံးစွဲနေသော FECပမာဏကို ၎င်းကပြောကြားခြင်း မရှိပေ။ ဈေးကစားမည့်သူများအား အခွင့်အရေးပေးသလို ဖြစ်မည်ဖြစ်၍ ပမာဏ ကိုပြောကြားခြင်း မရှိကြောင်း ဆိုသည်။ FECအသစ်များ ရိုက်နှိပ်မထုတ်ဝေသည်မှာ နှစ်အတန်ကြာရှိခဲ့ပြီဟု ၎င်းကဖြည့်စွက်ပြောသည်။

“ဗဟိုဘဏ်မှာ FECအလုံအလောက် ရှိပါတယ်”ဟု ၎င်းကပြောသည်။ FECကို ရုတ်သိမ်းပြီးပါက အဓိက ကျသော စမ်းသပ်မှုတစ်ခုမှာ  ဧပြီလ ၁ရက်နေ့တွင် စီမံထားသော နှုန်းရှင်စီးမျောမှုနောက်ပိုင်း ၇ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်ဟု Bloomberg News ကဆို သည်။ ထိုသို့ကျဆင်းမှုမှာ ဒေသတွင်း အခြားငွေကြေးများ ကျဆင်းမှုထက် ပိုသည်ဟုဆိုသည်။

စင်ကာပူ Maybank မှ FX သုတေသန အကြီးအကဲ Sakatiandi Supaat ကပြောကြားရာတွင် ဒေါ်လာ နှင့် လဲလှယ်မှုတွင် ‘ကျပ်’တန်ဖိုးဆက် လက် ကျဆင်းနေဦးမည်  ဟုဆိုသည်။

“ဒါဟာ မြန်မာနိုင်ငံက ပို့ကုန်တင်ပို့သူများ အကျိုးအမြတ် ရှိစေမှာ ဖြစ်ပါတယ်။ မေးရမယ့် မေခွန်းကတော့ ငွေကြေးကို ပိုပြီးလွတ်လပ်စွာ ခွင့်ပြု ထားဖို့နိုင်ငံခြား အရံငွေဒေါ်လာ ၈ဘီလီယံအပေါ်မှာ မှီထားတာ လုံလောက်ပြီလား ဆိုတာပါပဲ”ဟု ၎င်းကပြောသည်။

---------------------------------------------------------------------------------------------------------------------

မြန်မာပိုင်နက်ကို ဘေးမဲ့တောအဖြစ် အိန္ဒိယသူပုန်များ အသုံးပြုနေ

(Daily Newsမှ 28 August 2012 ရက်စွဲတွင် ပါရှိသည့် “NE insurgent group using Myanmar as safe sanctuary; Govt” သတင်းကို ဘာသာပြန်သည်။)

အိန္ဒိယနိုင်ငံကို ထိခိုစေမည့် လှုပ်ရှားမှုများအတွက် မြန်မာပိုင်နက်ကို အသုံးပြုခွင့်မပေါ်ပါဟု မြန်မာနိုင်ငံက အဘက်က အကြိမ်ကြိမ် အာမခံထား သော်ငြားလည်း ULFA နှင့် NSCN-K ကဲ့သို့သော  သူပုန်အုပ်စုများသည် မြန်မာပိုင်နက်ကို ဘေးမဲ့တောအဖြစ် အသုံးပြုကာ အခြေစိုက် စခန်းများ ထူ ထောင်ထား ကြသည်ဟု အိန္ဒိယအစိုးရက ယနေတွင် ပြောကြားလိုက်သည်။

People Liberal Army, United liberation Front,People’s Revolutionary Party of Kangleipak အစရှိသော မဏိပူရအခြေစိုက် မီတီသူပုန် အုပ်စုများ၊ NSSK-K,ULFA,NDFBစသော နာဂသူပုန် စခန်းများ ရှိခြင်းသည် အိန္ဒိယနှင့် မြန်မာနိုင်ငံ အကြားနှစ်နိုင်ငံ စေ့စပ်ညှိနှိုင်းမှု ပြုလုပ်တိုင်း တစ်ခု တည်းသော အရေးကြီးဆုံး လုံခြုံရေး ပြဿနာ ဖြစ်နေခဲ့သည်ဟု ၎င်းကပြောကြားသည်။  

ဒီသူပုန်အုပ်စုတွေ အိန္ဒိယနိုင်ငံကို အန္တရာယ်ဖြစ်စေမယ့် လှုပ်ရှားမှုတွေ လုပ်ဖို့အတွက် မြန်မာ ပိုင် နက် ကို အသုံးပြုခွင့်မပေးဘူးလို့ မြန်မာနိုင်ငံက မမြဲတမ်းအာမခံခဲ့ပါတယ်။ ဒါပေမယ့် ဒီသူပုန်အုပ်စုတွေက မြန်မာပိုင်နက်ကို ဆက်လက်အသုံးပြုနေကြတဲ့ ကိစ္စဟာ မြန်မာနိုင်ငံရဲ့အကြိမ် ကြိမ် အာမခံချက်နဲ့ ကိုက်ညီမှု မရှိပါဘူး”ဟု အိန္ဒိယ ပြည်ထဲရေးဌာနက ဆိုသည်။

ဆက်လက်၍ အာသံပြည်နယ် အနှံ့အပြားတွင် ULFA (anti talk faction)က ဖွဲ့စည်းပုံဆိုင်ရာနှင့် စစ်ရေးစွမ်းရည် ခိုင်မာအောင် တည်ဆာက်နေ သည်ဟူသော သတင်းများနှင့် ပတ်သက်၍ မေးမြန်းသောအခါ ဝန်ကြီးက “ULFA ရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်အောင် လုံခြုံရေးတပ်ဖွဲ့တွေကို တပ်လှန့်ထားဖို့ ပြည်နယ်အစိုးရကို အကြံပြုထားပါတယ်”ဟု ပြောကြားသွားသည်။

---------------------------------------------------------------------------------------------------------------------

ဂျပန်စီးပွားရေးလုပ်ငန်းစုတို့ သဘောတူလက်မှတ်ရေးထိုး

(Reuters သတင်းဌာနမှ 27 August 2012 ရက်စွဲပါ “Myanmar Signs industrial zone pact with japan consortium” ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ ယခင်မြို့တော်ဟောင်း ရန်ကုန်အနီးတစ်ဝိုက်တွင်ရှိသော သီလဝါဆိပ်ကမ်းတွင် အထူးစီးပွားရေးဇုန တည်ဆောက်သွားရန် မြန်မာနိုင်ငံအစိုးရနှင့် ဂျပန်စက်မှု စီးပွားရေးလုပ်ငန်း အုပ်စုကြီးတို့ သဘောတူ လက်မှတ်ရေးထိုး လိုက်ပြီဖြစ်ကြောင်း ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ်(UMFCCI)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းသဘောတူညီချက်အရ ဂျပန်မှနာမည်ကျော် Mitsubishi Corp၊ Marubeni Corp နှင့် Sumitomo Corp တို့သည် သီလဝါဆိပ်ကမ်းရှိ ၂၄၀၀ ဟက်တာ (၅၉၀၀ ဧက) ကျယ်ဝန်းသည့် မြေနေရာ၌ မြန်မာအစိုးရနှင့် အကျိုးတူ ပူးပေါင်းကာ အထူးစီးပွားရေးဇုန် တည်ဆောက်သွားမည်ဖြစ်သည်။ အဆိုပါ စီမံကိန်းသည် မြန်မာအစိုးရ၏ စက်မှုလုပ်ငန်းများတိုးချဲ့ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရရှိရေးဟူသည့် ရည်မှန်းချက်တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အထူးစီးပွားရေးဇုန် စီမံကိန်း၌ ပြည်တွင်းမှပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ကြီးများ ပါဝင်လုပ်ကိုင် လာအောင်လည်း ဖိတ်ကြားသွားရန် စီစဉ်ထားသည်။ ဂျပန်တို့ကမူ စီမံကိန်းတွင် အစုရှယ်ယာ ၄၉ရာခိုင်နှုန်း ရယူမည်ဖြစ်သည်။

"မြန်မာဘက်က အများပြည်သူနဲ့ဆိုင်တဲ့ အစုစပ်လုပ်ငန်းကြီးတစ်ခု ထူထောင်သွားမှာပါ၊ ဒါမှအများပြည်သူတွေ အနေနဲ့ အဲဒီစီမံကိန်းထဲမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံနိုင်မှာပါ" ဟု UMFCCI ဥက္ကဌ ဦးဝင်းအောင်က ပြောပါသည်။ စက်ရုံများ၊ အလုပ်ရုံများနှင့် သဘာဝဓာတ်ငွေ့ စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတစ်ရုံပါဝင်မည့် ယင်းသီလဝါ အထူးစီးပွားရေးဇုန်၏ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးအတွက် ဂျပန်အစိုးရက ဘဏ္ဍာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ ပြုလုပ်သွားလိမ့်မည်ဖြစ်ကြောင်း ဦးဝင်းအောင်က ဆိုသည်။ “ဂျပန်အစိုးရရဲ့ ဘဏ္ဍာရေးထောက်ပံ့ပေးမှုကြောင့် စီမံကိန်းအကောင် အထည် ဖော်မယ့်သူတွေ အနေနဲ့ ကုန်ကျစရိတ်တွေ အင်မတန် လျော့နည်းသွားမှာဖြစ်ပါတယ်” ဟုလည်း ၎င်းကပြောဆိုသည်။

ပြင်ဆင်ရေးဆွဲထားသည့် စီးပွားရေးဇုန်ဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ လောလောဆယ် နှစ်ဦးနှစ်ဖက် ဆွေးနွေးလျက်ရှိသည်။ သို့ရာတွင် ဂျပန် လုပ်ငန်းကြီးများက ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအတွက် မဟာဗျူဟာကျသော မြန်မာနိုင်ငံတွင်းသို့ စောလျင်စွာ ဝင်ရောက်ပြီး လုပ်ငန်းများအကောင် အထည်ဖော် ဆောင်ရွက်လိုကြောင်း ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။ ဂျပန်နိုင်ငံသည် အိမ်နီးချင်းထိုင်းနိုင်ငံ၏ အကြီးဆုံးသော ရင်းနှီးမြှုပ်နှံသူ နိုင်ငံဖြစ်ပြီး မော်တော်ကား ထုတ်လုပ်ရေးစက်ရုံများ၊ အဆင့်မြင့် နည်းပညာ လုပ်ငန်းဆိုင်ရာ စက်ရုံများ တည်ဆောက်ကာ ရင်းနှီးမြှုပ်နှံထားသလို ထိုင်း စက်မှုဇုန်များ၊ ဆိပ်ကမ်းများကို မြန်မာနိုင်ငံနှင့် ချိတ်ဆက်မည့် အစီအစဉ်များကိုလည်း စတင်ရေးဆွဲလျက်ရှိပါသည်။

ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် ဧပြီလကတည်းက လျင်မြန်စွာပြောင်းလဲလျက်ရှိသည့် မြန်မာနိုင်ငံသို့ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လို ကြောင်း ရှင်းရှင်းလင်းလင်းထုတ်ဖော်အသိပေးထားပြီးဖြစ်သည်။ မြန်မာနိုင်ငံက ဂျပန်ကို ပေးရန်ရှိသည့် ကြွေးမြီ ယန်းငွေ ၃၀၃ ဒဿမ ၅ ဘီလီယံ (ဒေါ်လာ ၃ ဒဿမ ၇၂ ဘီလီယံ) ကိုလည်း လျှော်ပေးခဲ့ပြီး ဖွံ့ဖြိုးရေးဆိုင်ရာ ချေးငွေများ ပြန်လည်ပေးအပ်မည်ဟု သမ္မတဦးသိန်းစိန်၏ ဂျပန်ချစ်ကြည်ရေးခရီးစဉ်တွင် ထုတ်ဖော်အသိပေးခဲ့သည်။ ဂျပန် Sumitomo Mitsui Banking ကော်ပိုရေးရှင်းက မြန်မာပြည်တွင်း ပုဂ္ဂလိကဘဏ် တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်သို့ စီမံခန့်ခွဲမှုဆိုင်ရာအကူအညီများ ထောက်ပံ့ပေးသွားရန်လည်း သဘောတူညီထားပြီးဖြစ်သည်။ ထို့ပြင် ဂျပန်သည် သီလဝါ သာမက ကျောက်ဖြူ နှင့် ထားဝယ်ကဲ့သို့ အခြားသော စီးပွားရေးဇုန်ကြီးများ၌ ဝင်ရောက်ရင်းနှီးမြှုပ်နှံမည်ဟု လည်းမျှော်လင့်ရသည်။ လတ်တလော အနေအထားတွင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးကို ဦးဆောင်အကောင်အထည် ဖော်နေသော ထိုင်းနိုင်ငံ Italian-Thai Development Pclကုမ္ပဏီက စီမံကိန်းသို့ ဂျပန်ကုမ္ပဏီများ ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် စည်းရုံးလျက်ရှိသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive