Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁.၉.၂၀၁၂

ပြည်တွင်းသတင်း

ဗပိာုဘဏ်သီးခြားရပ်တည်ရန် အစိုးရအဖွဲ့အတည်ပြု

အမျိုးသမီးအခွင့်အရေးများအတွက် ကုလသမဂ္ဂထံတင်ပြမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ABSDF ဥက္ကဋ္ဌဟောင်းများ တွေ့ဆုံ

လွှတ်တော်တွင်း တောင်သူများ၏ သီးနှံဈေးနှုန်းသတ်မှတ်ရေး မေးခွန်းမေးမြန်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ဗပိာုဘဏ်သီးခြားရပ်တည်ရန် အစိုးရအဖွဲ့အတည်ပြု

မြန်မာနိုင်ငံတော် ဗပိာုဘဏ်အနေဖြင့် သီးခြားရပ်တည်လုပ်ကိုင်နိုင်ရန် အစိုးရအဖွဲ့မှ အတည်ပြုလိုက်ပြီး ပြောင်း လဲလိုက်သည့်စနစ်များအရ ဝန်ထမ်းဦးရေကိုလည်း နှစ်ဆကျော်တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဗပာိုဘဏ်ရဲ့ ဖွဲ့စည်းပုံအသစ်မှာပညာရှင်တွေ၊ အရာထမ်း၊ အမှုထမ်းတွေ အများကြီးခန့်ပြီးတော့ ကော်မတီတွေ လုပ်ဆောင်သွားမှာပါ။ လူဦး ရေကိုလည်းတိုးမြှင့်ခန့်အပ်သွားမှာပါ”ပာုဗပိာုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် ဗပာိုဘဏ်အား လွတ်လပ်စွာ ရပ်တည်ခွင့် ပေးခဲ့သည့်အပြင် ပြည်တွင်းရှိ နိုင်ငံခြားငွေလဲလှယ်နှုန်းထားများကိုထိန်းနိုင်ရန် အပြည် ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)နှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည်။

ယခုကဲ့သို့ ဗပိာုဘဏ်မှ သီးခြားလုပ်ကိုင်ရပ်တည်ခွင့်ရရှိသွားပြီဖြစ်သည့်အတွက် ငွေကြေးမူဝါဒများဖြစ်သည့် အတိုးနှုန်း၊ နိုင်ငံခြားငွေဈေးကွက်၊ သီးသန့်ငွေကြေးထားရမည့် အချိုး၊ ငွေတိုက်စာချူပ်၊ အရောင်းအဝယ်၊ ငွေစက္ကူကျပ်ငွေ ထုတ်ခွင့်များကိုဗပိာုဘဏ်၏ ဆုံးဖြတ်ချက်များဖြင့်သာ လုပ်ကိုင်  နိုင်တော့မည်ဖြစ်ပြီးဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် အစိုးရ ၏ သုံးငွေ၊ ရငွေဆိုင်ရာမူဝါဒများကိုချမှတ်သွားရတော့မည်ဖြစ်ကြောင်းသိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

အမျိုးသမီးအခွင့်အရေးများအတွက် ကုလသမဂ္ဂထံတင်ပြမည်

မြန်မာနိုင်ငံအတွင်း အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုများမှာ ယခုအစိုးရသစ်လက်ထက်ထိတိုင် ရှိနေသေးသည့်အတွက် ယင်းကိစ္စအား ကုလသမဂ္ဂ CEDAW ကော်မတီသို့ အမြန်ဆုံးတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“အမျိုးသမီးတွေကို ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေ ပပျောက်ဖို့အတွက် နိုင်ငံတော်အစိုးရပာာ ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က CEDAW ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီလို လက်မှတ်ရေးထိုးခဲ့ပေမယ့် ပြည်တွင်းမှာ အမျိုးသမီးတွေကို ခုချိန်ထိ ခွဲခြားဆက်ဆံနေတုန်းပါပဲ။ ဒါတွေကို သိအောင် လုပ်ပြီး ကုလသမဂ္ဂ CEDAW ကော်မတီကိုတင်ပြဖို့ ဆောင်ရွက် နေပါတယ်”ပာုအစီရင်ခံစာဖြစ်မြောက်ရေးကြိုးစားနေသူတစ်ဦးကပြောကြားသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ အခွင့်အရေး၊ လုပ်ဆောင်နိုင်စွမ်း ပိတ်ပင်ထားမှုများတွင် ဥပဒေရေး အခွင့်အလမ်းများသည် အဓိကကျပြီး အမျိုးသမီးများအား နှိမ့်ချဆက်ဆံမှု၊ အမျိုးသမီးများဆင်းရဲနွမ်းပါးမှု၊ ဥပဒေရေးရာ အခွင့် အရေးများကို နားမလည်သည့် အမျိုးသမီးများကို အနိုင်ကျင့် စော်ကားမှု စသည့်ကိစ္စရပ်များမှာ မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာတွင်လည်း ဖြစ်ပေါ်လျက်ရှိကြောင်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတစ်ဦးက ပြောကြားသည်။

“၂၀၀၂ ခုနှစ်ကနေပြီး ၂၀၀၇ ခုနှစ် ငါးနှစ်တာကာလအတွင်းမှာ နိုင်ငံတာအဖွဲ့အစည်းတွေ၊ အစိုးရပာာဒေသခံ အမျိုးသမီးအဖွဲ့တွေနဲ့ ပူးပေါင်း ပြီးတော့ အမျိုးသမီးအခွင့်အရေးတွေ အပြည့်အဝရရှိစေဖို့အတွက် ဆောင်ရွက်လျက် ရှိပါတယ်။ ပြီးတော့ ဖွံ့ဖြိုးဆဲဆယ်နိုင်ငံမှာ အမျိုးသမီးတွေရဲ့ ဥပဒေ အခွင့်အလမ်းမြှင့်တင်ရေး အစီအစဉ်တွေကိုလည်း အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒါပေမယ့် အရင် မြန်မာအစိုးရရဲ့ အမျိုးသမီးဆိုင်ရာအစီရင်ခံစာကို ကုလသမဂ္ဂကို တင်သွင်းခဲ့ရာမှာမှားယွင်းမှုတွေအများကြီးရှိနေခဲ့ပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံအစိုးရသည် အမျိုးသမီးများအားခွဲခြားဖိနှိပ်မှုပပျောက်ရေးဆိုင်ရာသဘောတူညီမှုစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ကုလသမဂ္ဂ၏ CEDAW ကော်မတီသို့ ၂၀၀၀ ပြည့်နှစ်တွင် တစ်ကြိမ်၊ ၂၀၀၈ ခုနှစ်တွင် တစ်ကြိမ် အစီရင်ခံစာတင်သွင်းခဲ့ကြောင်းသိရသည်။

YC

 ******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ABSDF ဥက္ကဋ္ဌဟောင်းများ တွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံးဝန်ကြီးနှစ်ဦးနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုဥက္ကဋ္ဌဟောင်းများတို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများကို ရန်ကုန်မြို့ ကမာရွတ် မြို့နယ်၊ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့်ရှိ ခြံအမှတ် ၁၃ တွင် Peace Centerတွင် စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် သမ္မတရုံးဝန်ကြီးနှစ်ဦး ဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ABSDF ဗဟိုဥက္ကဋ္ဌဟောင်းများ ဖြစ်ကြသည့် ကိုမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်နှင့်  ၎င်းအဖွဲ့တို့ပါဝင်ပြီး ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင် ဦးဇာဂနာတို့ ပါဝင်ကြောင်း သိရသည်။

''ကျွန်တော်အားလုံးအစိုးရနဲ့ လက်တွဲဆောင်ရွက်သွားမယ်။ အစိုးရကလည်း ကျွန်တော်တို့နဲ့အတူ လက်တွဲ ဆောက်ရွက်မယ်။ အားလုံး ရှေ့ကို ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးတွေကို အတူတူ လက်တွဲဆောင်ွက်မယ်ဆိုတဲ့ သဘောတူညီချက်တွေ အမြင်တွေ ရှိပါတယ်''ဟု ဆွေးနွေးပွဲအပြီးတွင် ကိုမိုးသီးဇွန်က ပြောကြားသည်။

ပြည်ပမှာရှိတဲ့ ညီအစ်ကိုမောင်နှမများအားလုံး ပြန်လာရန် သဘောတူထားပြီးဖြစ်ကြောင်း၊ ပညာရှင်အားလုံးအား ဖိတ်ခေါ်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားတွေနှင့်လည်း အမြန်ဆုံး ငြိမ်းချမ်းရေးရရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အမြန်ဆုံး လုပ်ကိုင်ဆောင်ရွက် သွားဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် အဓိက တိုင်းရင်းသားအရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စများအား ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်းသာ အကြမ်းဖျင်း ပြောကြားခဲ့ပြီး တွေ့ဆုံမှု အသေးစိတ်အား  စက်တင်ဘာ ၃ ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်တွင်ပြုလုပ်မည့် သတင်းစာ ရှင်းလင်းပွဲ တွင် ဖြေကြားမည်ဖြစ်ကြောင်း ကိုမိုးသီဇွန်က မေးမြန်းမှုများ အား ပြန်လည်ဖြေကြားခဲ့သည်။

Moe Z

-----------------------------------------------------------------------------------------------------------------------------------

လွှတ်တော်တွင်း တောင်သူများ၏ သီးနှံဈေးနှုန်းသတ်မှတ်ရေး မေးခွန်းမေးမြန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၃၅)ရက်မြောက်နေ့တွင် မော်လမြိုင်မဲဆန္ဒနယ်မှ ဦးကိုကိုလွင်က “တောင်သူ လယ်သမားများ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံဈေးနှုန်း”မေးခွန်းနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းက ပြန်လည်ဖြေကြားခဲ့သည်။

သီးနှံဈေးနှုန်းသတ်မှတ်ရေး မေးခွန်းနှင့်ပတ်သက်၍ ဒေါက်တာပွင့်ဆန်းက ပြည်တွင်းထုတ်လုပ်မှု ကုန်ကျစရိတ် နှင့် တောင်သူလယ်သမားများ ထိုက်သင့်သော အကျိုးအမြတ်ရရှိစေသည့် နှုန်းထားများအပေါ် အခြေခံတွက်ချက်ပြီး သီးနှံ များ၏ အနိမ့်ဆုံးဈေးနှုန်းကိုသတ်မှတ်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“လက်ရှိအချိန်မှာ တောင်သူတွေ တော်တော်ဒုက္ခရောက်နေရပါတယ်။ ဒီနှစ်မှာရာသီဥတု ဖောက်ပြန်တယ်။ ပြီးတော့ လယ်ယာမြေတွေ ပျက်စီးမှုတွေကြောင့် အကြပ်အတည်းတွေတွေ့ရတယ်။ ဒီကြားထဲ ဆန်ပွဲစားတွေရဲ့ ခေါင်းပုံဖြတ်မှုတွေကို ထပ်ခံစားရတော့ ကျွန်တော်တို့ နလံမထူ နိုင်တော့ဘူး။ ဒါ့ကြောင့် တောင်သူတွေအတွက် သီးနှံဈေး နှုန်းကို အတိအကျသတ်မှတ်ပေးသင့်ပါတယ်”ပာုဧရာဝတီတိုင်းဒေသကြီးမှ တောင်သူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် တောင်ယာလုပ်ငန်းကဏ္ဍ၌ လယ်ယာမြေလုပ်သားရှားပါးခြင်း၊ စိုက်စရိတ် ချေးငွေ အပြည့်အဝမရရှိခြင်းနှင့် နိုင်ငံတော်ပိုင်လယ်ယာမြေများ ပြန်လည်သိမ်းဆည်းမှုများကြောင့် တောင်သူများမှာ အခက်အခဲအကြပ်အတည်းနှင့်တွေ့ကြုံရလျက်ရှိပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင်လည်းလယ်ယာမြေသိမ်းဆည်းမှုများနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။

                YC

 

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

သာမာန်ပြည်သူတွေနေရာကကြည့်လျှင် အတော်မျက်စိနောက် မျက်စိလည်မည်ထင်သည်။ အမှန်က လွှတ်တော်ရေးရာ ကော်မတီများ ပြည်ထောင်စု အဆင့်ရှိ၊မရှိ ဆိုသည့်အငြင်းပွားမှုက ကိစ္စအားလုံး၏ အရင်းခံဖြစ်သည်။ ရှိတော့ဘာဖြစ်လဲ မရှိတော့ဘာဖြစ်လဲ စူးစမ်းကြည့်လျှင် ပြည်ထောင်စုအဆင့် ရှိသည်ဆိုလျှင် လွှတ်တော်ကော်မတီများက  ပြည်ထောင်စုဝန်ကြီင်္းများကို ခေါ်ယူမေးမြန်းနိုင်သည်ဟု အဓိပ္ပါယ်ထွက်သည်။ ပြည်ထောင်စုအဆင့်မရှိလျှင် ပြည်ထောင်စုဝန်ကြီးများက လွှတ်တော်ကော်မတီများက ဆင့်ခေါ်လျှင် မလာဘဲနေနိုင်သည်ဟု အဓိပ္ပါယ်ရသည်။

စက်တင်ဘာ၂ရက်နေ့ထုတ် Open News ဂျာနယ်အတွဲ(၄)အမှတ်(၄၆)တွင်ပါရှိသည့် “တစ်ပတ်အတွင်းသတင်း ဒိုင်ယာရီ”မှ ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

ဒေါက်တာနိုင်အောင်သည် သတ်ဖြတ်မှုများတွင် တာဝန်ရှိသည်ဟုဆိုခြင်းမှာ မိမိတို့မှစွပ်စွဲပြောဆိုခြင်း မဟုတ်ဘဲ သက်သေအထောက်အထားများအရ ထောက်ပြရခြင်း ဖြစ်သည်။ ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းတဲ့အခါမှာ မှားတာတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေကိုတာဝန်ယူဖြေရှင်းပြီး နောင် မျိုးဆက်တွေကို သမိုင်းသင်ခန်းစားပေးတဲ့အနေနဲ့ ပြည်သူကို အမှန်အတိုင်းချပြစေချင်တာပါ။

စက်တင်ဘာ၂ရက်ထုတ် News Day ဂျာနယ်အတွဲ(၁)အမှတ်(၂၆)တွင်ပါရှိသည့် “ဒေါက်တာနိုင်အောင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိသည့်နေ့တွင် မြန်မာပြည်မြောက်ပိုင်း အငြင်းပွားဖွယ်ကျောင်းသားများကိစ္စ လတ်တလောရှင်းလင်းမှု အပြန်အလှန်ပြုလုပ်” သတင်းမှ ကျောင်းသားဟောင်း ဦးညီညီကျော်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

လက်ရှိအနေအထားတွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းများသည် ကြောက်(၄)ကြောက်ဖြင့် ရပ်တည်နေရသည်။ ရင်ဆိုင်နေရသော ကြောက်(၄) ကြောက်မှာ ကုန်ပစ္စည်းပြီးစီးချိန်နောက်ကျ၍ လေယာဉ်ပျံဖြင့် တင်ပို့ရမည့်စရိတ်ကို ကြောက်ခြင်း၊ အလုပ်သမားများ လိုအပ်ချက်ကို မပေးနိုင်၍ အရင်းရှင်ဟု အပြောခံရမည်ကို ကြောက်ခြင်း၊မီဒီယာများကို ကြောက်ခြင်း၊ အစိုးရကို ကြောက်ခြင်းတို့ဖြစ်သည်။

စက်တင်ဘာ၂ရက်ထုတ် Messenger ဂျာနယ်အတွဲ(၃)အမှတ်(၁၅)တွင် ပါရှိသည့် “မြန်မာ့အထည်ချုပ်လုပ်ငန်း ကြောက်(၄)ကြောက်ဖြင့် ရပ်တည် နေရ” သတင်းမှ မြန်မာ့ အထည်ချပ်သင်တန်းကျောင်းအုပ် ဒေါ်ခိုင်ခိုင်သွယ် ၏ပြော ကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လူထုရဲ့နိုင်ငံရေး

*****************************************

ဆောင်းပါးကဏ္ဍ

လူထုရဲ့နိုင်ငံရေး

လတ်ငြိမ်း

(စက်တင်ဘာ ၁ရက်နေ့ထုတ် The Voice Weekly ဂျာနယ်အတွဲ(၈)အမှတ်(၃၅)မှ ထုတ်ယူဖော်ပြချက်။)

လက်ရှိ မြင်တွေ့နေရသော အပြောင်းအလဲများက မြန်မာပြည်သည် ကာလဝိပတ္တိမှ လွန်မြောက်ခဲ့ပြီဟု ညွှန်းဆိုနေကြသည်။ တစ်နှစ်အတွင်း အပြောင်းအလဲတွေ များစွာဖြစ်ခဲ့သည်။ အစိုးရအပေါ် လူတွေယုံကြည်မှုပိုရှိလာသည်။ မီဒီယာတွေအားကောင်းလာခဲ့သည်။ တစ်ဖက်ကလည်း ပြဿနာ တွေရှိနေဆဲ။ ကချင်ဒေသနှင့် ရခိုင်ပြဿနာများက သွေးမတိတ်သေးသောအနာများ၊ ခေတ်ဟောင်း၏ အမွေဆိုးအဖြစ်  ကျန်နေဆဲဖြစ်သည်။ သို့သော် ကျွန်တော့်လို ပြည်သူတစ်ယောက်အဖို့တော့ ယခုပြောင်းလဲမှု အခြေအနေအပေါ် ကျေနပ်နေမိသည်။ တစ်ချိန်တည်းမှာပဲ ဒီပြောင်းလဲမှုအခြေအနေ အပေါ် ကျေနပ်နေမိသည်။ တစ်ချိန်းတည်းမှာပဲ ဒီပြောင်းလဲမှုအရှိန်တွေ တန့်သွားမှာ၊ လမ်းချော်သွားမှာကို စိုးရိမ်နေမိသည်။

‘လူ’ကလာတဲ့ အပြောင်းအလဲ

ထိုသို့စိုးရိမ်ရသည့် အကြောင်းများစွာရှိသည်။ လက်ရှိတွေ့မြင်ခဲ့ရပြီးသော အပြောင်းအလဲအများစုသည် ခေါင်းဆောင်များ တစ်နည်း လူမှလာ သော အပြောင်းအလဲများ ဖြစ်နေသည်ကို တွေ့ရသည်။ အပေါ်ထပ်အဆောက်အဦပြောင်းသည်။ သို့သော်လည်း အောက်လူတော်တော်များများ (မဏ္ဍိုင် သုံးရပ်လုံးရှိ ခေါင်းဆောင်မဟုတ်သူများနှင့် ဗျူရိုရေစီယန္တရားရှိလူများ)မှာ သဘောထားမပြောင်းဘဲ ဆက်လက်ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ယခုကြုံ တွေ့နေရသော အပြောင်းအလဲများမှာ အထက်ပိုင်းခေါင်းဆောင်များ၏ နိုင်ငံရေးစေတနာ (Political Will) မှလာသော အပြောင်းအလဲများသာဖြစ်ပြီး အင်စတီကျူးရှင်းများမှလာသော အပြောင်းအလဲမဟုတ်သေးပေ။

ယူတတ်လျှင်သင်ခန်းစာ

နိုင်ငံသမိုင်းကိုပြန်ကြည့်လျှင် သင်ခန်းစာရစရာတွေ အများကြီးရှိသည်။ ပထမ၊ ဒုတိယနှင့် တတိယမြန်မာနိုင်ငံတော်ကို စုစည်းတည်ထောင် ခဲ့ကြသော မင်းများကိုကြည့်ပါ။ သူတို့သည် လက်ဆင့်ကမ်းခြင်း၊  အင်စတီကျူးရှင်းများ ခိုင်မာမေအာင် လုပ်ခြင်းများ အမှန်ပင် အားနည်းခဲ့သူများဖြစ် သည်။ ထို့ကြောင့် သမိုင်းတစ်လျှောက်တွင် မြန်မာနိုင်ငံအခြေအနေသည် ဘုရင်သဘောကောင်းသည့်ခေတ်တွင် ကောင်းစားပြီးနောက် ဘုရင်တစ်ပါး တက်သည်နှင့် ရှေ့ဘုရင်တည်ဆောက်သမျှ ပျက်ကိန်းဆိုက်သော ထုံးဟောင်း၊ သာဓက အများမပြားပင်ရှိသည်။ ဖခင်လက်ထက်က ကောင်းလျှင် သား လက်ထက် ကမောက်ကမဖြစ်သည်။ ဘုရင်မရှိလျှင် တိုက်နေသောတိုက်ပွဲ တစတစစစ်ပွဲကိုပင် ဆက်မတိုက်နိုင်။ ရှေ့ဘုရင်နောက်ဘုရင် အမြင်မကြည် လျှင် ရှေ့ဘုရင်လုပ်သမျှ နောက်ဘုရင်က ဇောက်ထိုးလုပ်ပစ်သည်။ ပုန်ကန်နန်းလုသည့် အဖြစ်အပျက်မျိုးလည်း ဒုနဲ့ဒေး။ တစ်ပတ်သာစံခဲ့သော ဖောင်း ကားစားမောင်မောင်လိုမင်းမျိုးသည် အဆိုးဆုံးဥပမာတစ်ခုပင်။

နောက်တစ်ခေတ်မှာလည်း ထိုအတူ။ လွတ်လပ်ရေးမရခင် ဗိုလ်ချုပ်တို့ အာဇာနည်ခေါင်းဆောင်ကြီးများကို ဆုံရှုံးလိုက်ရပြီးနောက် နိုင်ငံရေး အရ ကသောင်းကနင်းဖြစ် ပြည်တွင်းစစ်မီးတွေ လောင်ခဲ့သည်။ နောက် လူတွေကပြောပလောက်အောင် ဆက်မထိန်းနိုင်ခဲ့တာပါသည်။ ဒီမိုကရေစီလှုပ် ရှားမှုခေတ် ၉၀နောက်ပိုင်းကိုကြည့်လျှင်လည်း ထိုနည်းလည်းကောင်းပင်။ ခေါင်းဆောင်တွေကို ထိန်းသိမ်းခံရသည်နှင့် ဘာမှကို ရှေ့ဆက်မလုပ်နိုင် တော့။ နိုင်ငံရေးခါးဆက် ပြုတ်ရတော့သည်။

ထိုသို့ဖြစ်ရခြင်းမှာ လူတစ်ဦးအပေါ်မှာ အားကိုးပြီး ထိုခေါင်းဆောင်လမ်းညွှန်ရာသာ လိုက်ခဲ့ကြသည့် စနစ်ဆိုးကြောင့် ဖြစ်သည်။ လွတ်လပ်ရေး ရပြီးချိန်မှစပြီး အဆိုးသံသရာ ပြန်ပြန်လည်သွားခြင်းမှာလည်း ခေါင်းဆောင်ကောင်းများရှိနေသည့်အချိန်တွင် အင်စတီကျူးရှင်းများ ခိုင်မာအောင် မလုပ် နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

လွှတ်တော်တွင် အင်စတီကျူးရှင်းများ ခိုင်မာလာစေခြင်းတို့သည်သာ နိုင်ငံကို ဦးတည်နေသော ဒီမိုကရေစီလမ်းကြောင်းပေါ်မှ  နောက်ပြန်မ လှည့်စေနိုင်မည်ဖြစ်သည်။

အားကိုးစရာသမ္မတ

ကျွန်တော်တို့ နိုင်ငံရေးယဉ်ကျေးမှု(Political Culture)က လူပုဂ္ဂိုလ်ကိုးကွယ်မှု အစွဲသန်သည်။ အင်စတီကျူးရှင်းတစ်ခုလုံးအပေါ် အယုံအကြည် နည်းသည်။ သမ္မတကိုယုံကြည်သည်။ တရားစီရင်ရေးအာဏာကိုမူ မယုံကည်ကြသေး။ ဒီတော့ တိုင်စာတွေပလူပျံကာ သမ္မတဆီရောက်လာသည်။ တရားစီရင်ရေးမဏ္ဍိုင်သည်  လွတ်လပ်သောမဏ္ဍိုင်အဖြစ် တိတိပပ ပေါ်ထွက်လာခြင်းမရှိသလို ဖြစ်နေသည်။

လွှတ်တော်ကရော။ လွှတ်တော်မှာလည်း အားကော်းလှသည်တော့မဟုတ်။ အထူးသဖြင့် တိုင်းဒေသကြီးတစ်ခုအတွင်း ပြဿနာတစ်စုံတစ်ရာ ကြုံပါက ပြည်သူများက ထိုတိုင်းဒေသကြီး၏ တရားစီရင်ရေးကိုလည်း အားမကိုး ထိုတိုင်းဒေသကြီးလွှတ်တော်ကိုလည်း အားမကိုး သမ္မတကိုသာ အားကိုးကြသည်။

အားကိုးစရာအတိုက်အခံ

NLD ကို အစဉ်အလာသဘောအရ တိုက်အခံပါတီဟု ခေါ်ရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံခေါင်းဆောင်ဖြစ်သည်။ သူမသည် တစ်ကမ္ဘာလုံးမှ စောင့်ကြည့်ရသည့် ခေါင်းဆောင်၊ နိုဗယ်ဆုရှင်ဖြစ်သည်။ ပြည်သူလူထုသည် အစိုးရအဖွဲ့အပေါ် ယုံကြည်မှု တဖြည်းဖြည်း အားကောင်းလာခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပို၍ယုံကြည်သည်။ Emotion ကဲသော ကျွန်တော်တို့ နိုင်ငံရေးအစဉ်အလာ မျိုးရိုးဂုဏ်ဝါ ရှိသော ဒေါ်အောင်ဆန်းစုကြည်ကို အဖေတူသမီးအဖြစ် သဘောထားကာ အားကိုးကြသည်။ သို့တိုင် သူမ၏ ပါတီNLDမှာ မီဒီယာများနှင့် အဆင်မပြေမှု အချို့ဖြစ်ခဲ့သလို ထိုင်းနိုင်ငံရေးခရီးစဉ်တွင်  အစီအစဉ်ပိုင်းအားနည်းသည်ဟု မီဒီယာတစ်ခုက ဝေဖန်ထားသည်။ လူထုသည်လည်း ပါတီတစ်ခုလုံးကို လေးစားမှုထက် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ယုံကြည်မှု ပိုမိုကဲနေသည်ဟု ထင်ရသည်။

‘လူ’မှ ‘မူ’သို့

နိုင်ငံရေးအပြောင်းအလဲများတွင် ခေါင်းဆောင်ကောင်းများ အရေးကြီးပါသည်။ သို့သော်လည်း နောက်လိုက်ကောင်းများ မပါလို့မဖြစ်။ နိုင်ငံ တည်ဆောက်ရာတွင် ထိပ်ပိုင်းလူ တစ်ယောက် နှစ်ယောက်နှင့် တည်ဆောက်ရ၍မရ။ သမ္မတကို ထောက်ခံသူသည် သမ္မတဖောက်သောလမ်းကို ကိုယ်ကိုယ်တိုင် ဝင်ရောက်လျှောက်လှမ်းရသည်။ လိုအပ်လျှင် ဝင်ဖောက်ရမည်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်သောပြည်သူသည် ဒေါ်အောင်ဆန်း စုကြည်ချစ်သော ဒီမိုကရေစီကို ကိုယ်ကိုယ်တိုင် ကျင့်သုံးရမည်။ ထိုခေါင်းဆောင်များ နောက်လိုက်ကာ၊ ခိုင်မာသော ‘မူ’ များ ချမှတ်နိုင်ရေးကို ဦးတည် ကာ သွားရပါမည်။ လွှတ်တော်တွင်းသာမက၊ လွှတ်တော်ပြင်ပတွင်ပါ အင်စတီကျူးရှင်းများ အားကောင်းလာရန် လိုအပ်ပါသည်။

ဘယ်သူ့မှာတာဝန်ရှိ

လွှတ်တော်ပြင်ပ အင်စတီးကျူးရှင်းများ အားကောင်းလာရန်အတွက် လူထုတွင် တာဝန်ရှိပါသည်။ ဘေးထွက်ထိုင်နေရမည့် အချိန်မဟုတ် တော့၊ ကိုယ်ကိုယ်တိုင်  ဝင်တွန်းရမည့်အချိန် ဖြစ်သည်။ နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်တပ်တစ်အား ဝင်ပါရမည်။ ဒီမိုကရေစီကို ပုံဖော်လိုလျှင် လက်ဝေခံဒီမိုကရေစီနှင့် မကျေနပ်ဘဲ မိမိကိုယ်တိုင် ဝင်ရောက်ပုံဖော်ရမည်။ နိုင်ငံတော်တည်ဆောက်ရေးတွင် ယခင်က ပါဝင်ခွင့်နည်းခဲ့သည် မှန်သော် လည်း ယခုလို အခွင့်အရေးရလာသောအခါ နိုင်ငံသားတစ်ယောက်၏ တာဝန်ကို ကျေကျေပွန်ပွန်ယူသင့်သည်။ အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီ ပြောခဲ့သလို တိုင်းပြည်က သင့်ကိုဘာလုပ်ပေးနိုင်သလဲ၊ ဆိုတာထက် တိုင်းပြည်အတွက် သင်ဘာလုပ်ပေးနိုင်မည်လဲဆိုတာကို မေးရမည့်အချိန် ပြောရ မည့်အချိန် ဖြစ်ပါသည်။

ယခုတော့ ဒီလိုမဟုတ်ပါ။ ဌာနဆိုင်ရာ ဝန်ထမ်းတွေရော၊ သာမာန်ပြည်သူတွေပါ အရင်လိုပဲ ဖြစ်နေကြသည်။ အရင်လိုပဲဆိုသည့် အဓိပ္ပာယ်က အရင်လို စည်းကမ်းမဲ့စွာ၊ အရင်လိုတာဝန်မဲ့စွာ၊ အရင်လို Inactive ဖြစ်စွာဟု ဆိုလိုပါသည်။ Civil Society အားကောင်းလာသလို ရှိသော်လည်း ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွေမှာသာ ကွက်ကွက်ကလေးအားကောင်းနေတာ ဖြစ်သည်။ ထိုမြို့ကြီးတွေမှာ ဆောင်ရွက်နေသည့် လူတွေကလည်း အမြင်ရှိသော လူငယ်လက်တစ်ဆုပ်စာသာ ဖြစ်သည်။

ခေါင်းဆောင်က ထာဝရမဟုတ်

ကျွန်တော်တို့နိုင်ငံရောက်ချင်သော စင်ကာပူလို၊ ကိုရီးယားလို နိုင်ငံမျိုးဖြစ်ဖို့ နှစ်တွေမည်မျှလိုမည်လဲ စဉ်းစားကြည့်ဖို့လိုပါသည်။ ကျွန်တော်တို့ အားကိုးသော ခေါင်းဆောင်များကို တစ်သက်လုံး အားကိုးလို့မရ၊ သူတို့ကိုယ်တိုင်ရော အဘိုးကြီးအဘွားကြီးတွေ ဖြစ်နေပြီ။ သမ္မတကြီးရော ဒေါ်အောင် ဆန်းစုကြည်ပါ အသက် ၆၈ထဲ ဝင်နေပြီဖြစ်ပြီး လာမည့် ၂၀၁၅ဆရွေးကောက်ပွဲ ကျင်းပမည့်အချိန်တွင် အသက် ၇၀တွေ ဖြစ်နေကြရော့မည်။ သူတို့ကို အသက်အရွယ်ဘယ်လောက်အထိ အလုပ်လုပ်ခိုင်းကြမှာလဲ။ သူတို့ကို ဘယ်အချိန်အထိ မှီခိုနေဦးမှာလဲ။

ကျွန်တော်တို့ ခေါင်းဆောင်တွေ မရှိတော့သောအခါ ဘယ်လိုရှေ့ဆက်စခန်းသွားကြမည်လဲ၊ ဘယ်လို Backup plan တွေ ကြိုတင်ပြင်ဆင် ထားကြပြီးပြီလဲ။ တကယ်တော့ ခေါင်းဆောင်များအပေါ်သာ အားကိုးနေလျှင် ကျွန်တော်တို့မျှော်မှန်းသော ပန်းတိုင်ကို ရောက်နိုင်မည်မဟုတ်။ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ လူထုက အားလုံးညီညာကြိုးစားမှသာလျှင် လိုချင်သောပန်းတိုင်ကို ရှောရှောရှူရှူ ရောက်မည်ဖြစ်ပါသည်။ အချုပ်ဆိုရလျှင် အပြောင်း အလဲအတွက် လူထုလိုပါသည်။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive