Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၇.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. သန့်ရှင်းသောအစိုးရဖြစ်ဖို့ လိပ်ပြာသန့်ပါစေ

*****************************************

ဆောင်းပါးကဏ္ဍ

သန့်ရှင်းသောအစိုးရဖြစ်ဖို့ လိပ်ပြာသန့်ပါစေ

ထက်မြက်

စက်တင်ဘာ ၆ရက်ထုတ် Popular Newsဂျာနယ် အတွဲ(၄) အမှတ်(၃၅)တွင် ပါရှိသည့် ဆောင်းပါးကို ထုတ်ယူ ဖော်ပြချက်

Clear Conscience ဆိုသည်မှာ လိပ်ပြာလုံခြင်း၊ လိပ်ပြာသန့်ခြင်းဟု အဓိပ္ပာယ်ရသည်။ ဆိုလိုသည်မှာ မိမိ၏စိတ်ဓာတ် သန့်စင်နေဖို့ပင် ဖြစ်သည်။ မိမိစိတ်သန့်နေဖို့ပင် ဖြစ်သည်။ မိမိစိတ် သန့်စင်နေလျှင် မည်သည့်အရာကိုမှ ကြောက်နေစရာ မလိုပေ။ မိမိလိပ်ပြာ မိမိသန့်ရဲ့လားဟု လူတိုင်း ဆန်းစစ်နိုင်လျှင် ကောင်းမွန်တရားမျှတသော လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်ပေသည်။ လိပ်ပြာသန့် စိတ်ရှိဖို့ဆိုသည်မှာ လွယ်ကူသော အလုပ်တော့မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဒေါသမောဟများနှင့် တစ်ချိန်လုံး လွှမ်းမိုးခံနေရသော လူသားသည် မကောင်းသော လုပ်ရပ်များ၊ လိမ်ညာသော စိတ်ဓာတ်များဖြင့် ဘဝရပ်တည်ရေးနှင့် ကြီးပွားချမ်းသာရေးအတွက် လုပ်ဆောင်နေရသောကြောင့် အကုသိုလ်စိတ်များ အမြဲလိုလို ဖုံးလွှမ်း နေခြင်း ဖြစ်သည်။ အကုသိုလ်အလုပ်များကိုမလုပ် မှားယွင်းသောလုပ်ရပ်များကို မကျူးလွန်ဟု စိတ်ထဲတွင် ပိုင်းဖြတ်ထားပြီး လက်တွေ့တွင်လည်း လုပ်ဆောင်နိုင်သူသည်  မိမိလိပ်ပြာမိမိလုံသူဖြစ်၏။ စိတ်သည်လည်းသန့်ရှင်းနေပါသည်။ ရန်စမရှိသူသည် ရန်ဖြစ်လိုစိတ်မရှိသူဖြစ်၏။ မိမိက သူတစ်ပါးကို လိပ်ပြာသန့်စွာဖြင့် ရန်လိုစိတ်မရှိလျှင် မိမိအတွက်လည်းအနည်းနှင့်အများ ဆိုသလို ရန်စိတ်ကင်းဝေးနေတတ်သည်။

သမ္မာအာဇီဝအလုပ်သည် လူအတွက် လိပ်ပြာသန့်သောအလုပ်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများ၌ အစိုးရအရာရှိများ၊ ဝန်ကြီးများ၊ ဝန်ကြီးချုပ်များ၊ သမ္မတများကို မိမိတို့ ပိုင်ဆိုင်သည့် ဓနဥစ္စာစာရင်း အတိအကျတင်ပြရန် လာဘ်ပေးလာဘ်ယူမှု  နှိမ်နင်းရေးအဖွဲ့များက တောင်းဆိုကြ၏။ လာဘ်ပေး လာဘ်ယူမှုများသော နိုင်ငံများ၌ ထိုသို့ ဥစ္စာဓနစာရင်း အတိအကျတောင်းဆိုမှုသည် ထိုအာဏာပိုင်များကို စစ်ဆေးခြင်းလည်းဖြစ်ပါသည်။ လိပ်ပြာလုံ သူများက မိမိတို့ ပိုင်ဆိုင်သမျှ  ဓနဥစ္စာများကို တိတိကျကျ တင်ပြရသည်။ မိရိုးဖလာကြွယ်ဝချမ်းသာမှုများလည်းရှိသည်။ အစိုးရတာဝန်ယူခြင်း ခြစ်ကုတ် စုဆောင်း ထိုက်သလောက် အိုစာမင်းစာ ချန်ရစ်ထားကြသူများလည်း ရှိသည်။ Under-table ‘စားပွဲအောက်မှ’ လူမသိ၊သူမသိ လက်သိပ်ထိုး လာဘ်ယူ သူများလည်း ရှိသည်။ လူသိသူသိပေါ်ပေါ်ထင်ထင် အကျင့်ပျက်ခြစားမှုများ လည်းရှိသည်။ ခထိုသူများထဲတွင် ရိုးသားဖောင့်မတ်သော သူများသည် လိပ်ပြာလုံကြသည်။ မိမိတို့အလုပ်အပေါ် လိပ်ပြာသန့်ကြ၏။ မည်သည့်စစ်ဆေးမှုများကိုမဆို  ရင်ဆိုင်နိုင်သည်။ လုပ်ကြံဖန်တီး ဖမ်းဆီးစစ်ဆေးမှုကိုလည်း ရင်ဆိုင်နိုင်ကြလေသည်။ ဆိုလိုသည်မှာ မိမိစိတ်ထဲ၌ မိမိလုပ်ရပ်ကို လိပ်ပြာသန့်သန့် ရှိနေခြင်း ဖြစ်ပါသည်။

လွန်ခဲ့သောနှစ်အစိတ်ခန့်က ကျွန်တော်သည် မသမာသူ အမျိုးသမီးသတင်ပေး တစ်ယောက်၏ လိမ်ညာလှည့်ဖျားပြီး အပြစ်ကျူးလွန်သည်ဟု သတင်းပေးသောကြောင့် အဖမ်းခံခဲ့ရဖူးပါသည်။ ထိုအချိန်က ကျွန်တော်မည်ကဲ့သို့သော ပြစ်မှုမျိုးကိုမျှ ဖော်ဖျက်ခြင်း မရှိသောကြောင့် ခေါ်ဆောင်သည့် နောက်သို့ လိပ်ပြာသန့်သန့် ရဲရဲရင့်ရင့်ဖြင့် လိုက်ပါသွားသည်။ သို့သော် သတင်းပေးသူကလည်း ထိုပုံကြီးချဲ့ သတင်းပေးသောကြောင့် စစ်ဆေးသူများက လည်း ထိုပုံကြီးချဲ့သတင်းကို အခြေခံစစ်မေးကြလေသည်။ ဥပမာ-ကျွန်တော်က  ထိုအမျိုးသမီးကို “ကျွန်တော်သည် မက်စ်ဝါဒီတစ်ဦး ဖြစ်သည်။ ထိုကဲ့ သို့သော ယုံကြည်မှုကြောင့် ကျွန်တော့် ကျွန်တော့်ကို ပြစ်ဒဏ်ပေးမည်ဆိုကလည်း ကျွန်တော်သည် ယုံကြည်ချက်ကို သစ္စာမဖောက်ဘဲ ပြစ်ဒဏ်ကို ရဲရဲဝံ့ဝံ့ ခံယူမည်ဖြစ်သည်။ ရောမခေတ်က ခရစ်ယာန်ဘာသာကိုးကွယ်သူများအား မိမိတို့၏ ယုံကြည်မှုကို စွန့်လျှင် အသက်ရှင်ခွင့်ပေးမည်ဖြစ်ပြီး မစွန့်လွှတ်ပါက ခြင်္သေ့စာ ကျွေးမည်ဟု အကြပ်ကိုင်သည်။ ခရစ်ယာန်များက သူတို့၏ ယုံကြည်မှုကို မစွန့်လွှတ်သောကြောင့် ခြင်္သေ့များ လွှတ်လေသည်။ ခရစ်ယာန် ဘာသာဝင်များမှာ ဘုရားသခင်ကို ဆုတောင်းပြီး ခြင်္သေ့စားခံကြလေသည်။ ထိုသို့ယုံကြည်မှုကိုမစွန့်လွှတ်သူများ ကိုကျွန်တော်အလွန်လေးစားပါသည်ဟု ပြောကြားသည်ကို သတင်းပေးကာ ကျွန်တော့်ကို ဒုက္ခရောက်စေပါသည်။သို့သော် ကျွန်တော်သည် ကျွန်တော့်စိတ်ကျွန်တော် လိပ်ပြာသန့်သောကြောင့် မည်သို့သော အပြစ်ဒဏ်မှ မပေးနိုင်ခဲ့ပါ။

တစ်နှစ်ကျော်၊ နှစ်နှစ်ခန့် ကြာသောအခါ ကျွန်တော်သည် ဖမ်းဆီးချုပ်နှောင်ခံထားရခြင်းမှ လွတ်မြောက်လာသည်။ ထိုအမျိုးသမီးမှာ ကြွယ်ဝ သော သူဋ္ဌေးမတစ်ယောက် ဖြစ်နေပေသည်။ သို့သော် သူမ၏ လုပ်ရပ်ကို ပြန်စဉ်းစားမည်ဆိုလျှင် လိပ်ပြာလုံစရာမရှိပေ။ တစ်ဖက်သားကို မတရား သတင်းပေးပြီး သူချမ်းသာရေးအတွက် ခုတုံးလုပ်သွားသည့် အတွက်သေသည်အထိ စိတ်ရှင်းရှင်းလင်းဖြင့် ဘဝကူးရမည်မဟုတ်ပေ။ ကျွန်တော့်မှာမူ ဆင်းရဲချင်ဆင်းရဲမည်ဖြစ်သော်လည်း ရာဇဝတ်မှုမှာလည်း မကျူးလွန်၊ အမှားလည်း မလုပ်သောကြောင့် ဘဝတွင် လိပ်ပြာသန့်သန့်ဖြင့် ပျော်ရွှင်စွာ နေထိုင်ခဲ့ပါသည်။

အရေးကြီးသည်မှာ လူသည်မိမိ၏ စိတ်သန့်နေသည်မှာ လူသည် မိမိစိတ်သန့်နေဖို့ လိုသည်။ ထိုသို့ စိတ်သန့်နေဖို့မှာ မိမိဘဝသန့်စင်နေဖို့ အရေးကြီးသည်။ ရာဇဝတ်မှုနွံတောထဲတွင် နစ်မြုပ်နေခဲ့သူ၊ အကုသိုလ်လုပ်ရပ်များဖြင့် ဘဝကို ဖြတ်သန်းနေသူအဖို့  စိတ်သန့်စင်နေစရာ အကြောင်း မရှိပေ။ ကုသိုလ်စိတ်ဖြင့် မိမိကိုယ်မိမိ ပြန်ဆန်းစစ်သလို အကုသိုလ်များပြီး အနိုင်အထက်ပြုခဲ့သူများအဖို့ မိမိစိတ်ထဲလိပ်ပြာသန့်စရာအကြောင်းမရှိ။ ထိုသူများမှာမည်သို့မျှ  လိပ်ပြာလုံမည်မဟုတ်ပေ။

ဆရာပါရဂူက “တိုက်တစ်တိုက်ထဲတွင် သူတို့၏ အလုပ်ရုံးရှိသော လူနှစ်ယောက်ရှိသည်။ နေ့စဉ်နေ့တိုင်း ရုံးလာကြသောအခါ ဓာတ်လှေကားဖြင့် သူတို့ရုံးခန်းများသို့ သွားကြသည်။ ထိုသူနှစ်ယောက်ဓာတ်လှေကား အတူစီးသွားကြသည်။ ပထမလူက ၁၂ထပ်၌ရှိသော သူ၏ရုံးခန်းသို့ ရောက်သွားသောအခါ ဓာတ်လှေကားထဲက အပြင်ထွက်သွားသည်။ ပထမလူသည် ဓာတ်လှေကားတံခါးက ထွက်လျက် တစ်ဖန်ဓာတ်လှေကားထဲ လှည့်ကြည့်ပြီး ဒုတိယ လူကို တံတွေးနှင့်ထွေးသွားပြီးမှ သွားလိုသည့်နေရာကို သွားသည်။”

ဒုတိယလူက မည်သို့မှမပြောဘဲ လက်ကိုင်ပုဝါထုတ်ပြီး သူ့မျက်နှာကိုသုတ်သည်။ လည်စည်းကိုသုတ်သည်။ အကျီင်္ ကိုသုတ်သည်။ သူဆင်းရမည့် အထပ်မှာ ၁၅ထပ် သို့မဟုတ် အထပ်၂၀၌ရှိသော ရုံးခန်းဖြစ်သည်။

ပထမလူက ဒုတိယလူ၏ မျက်နှာကို တံတွေးထွေးသွားသည်မှာ တစ်ရက်တည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ် ဆက်တိုက်ဖြစ်လေသည်။ နေ့စဉ် ရက်ဆက်ကဲ့သို့ တွေ့နေရသော ဓာတ်လှေကား စက်မောင်းသူသည် တစ်နေ့မနေနိုင်တော့ဘဲ ဒုတိယလူကိုမေးသည်။

“ဟိုလူက ခင်ဗျားကို ဘာလို့ တံတွေထွေးသွားတာလဲ”ဓာတ်လှေကားမောင်းသူက ယင်းသို့မေးသောအခါ ဒုတိယလူက ပြန်ပြောသည်။

                “အဲဒါ ကျုပ်နဲ့မဆိုင်ဘူး။ ကျုပ်ပြဿနာ မဟုတ်ဘူး။ သူ့ပြဿနာ၊ သူ့ကိုမေးပါ။ သူရူးများ၊ ရူးနေသလား မသိဘူး။ ကျုပ်အတွက်ဘာမှ ထိခိုက်စရာ မဟုတ်ဘူး။ လက်ကိုင်ပုါနဲ့ သုတ်လိုက်ရင် အဆင်ပြေသွားတယ်။ သူ့အကြောင်းကို စဉ်စားကြည့်ပါ။ တံတွေနဲ့မထွေးခင် ချိန်၊ တံတွေးနဲ့ ထွေးပြီးရင်လည်း သူ ခံစားနေရတဲ့ ခိုးလိုးခုလု ပျောက်သွားမှာ မဟုတ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူပြဿနာဖြစ်လို့ပဲ။ သူဖန်တီးနေတဲ့  ပြဿနာဖြစ်တယ်။ ကျုပ်ကဘာမှ မဟုတ်ဘူး။ ပွဲကြည့်ပရိတ်သတ် တစ်ဦးသာ ဖြစ်တယ်”

ဘဝကို ယင်းကဲ့သို့ သုံးသပ်ရှုမြင်ကြည့်သည့် အတတ်ပညာမျိုးရှိလာလျှင် သင်တို့ကို မည်သူ့မှ ဒုက္ခပေးနိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ သူတစ်ပါးက ဒုက္ခပေးလိုသည် ဆိုလျှင်လည်း သူ့ပြဿနာသာ ဖြစ်သည်။ရန်ကို ရန်ဖြင့်ပယ်ဖျောက်၍ ရမည်ဟူ၍ မည်သည့်အခါမှ မအောက်မေ့ပါနှင့်။ ရန်ကိုချစ်ခြင်းဖြင့် ပယ်ဖျောက်ရသည်။ဒေါသကို ကရုဏာဖြင့် ပယ်ဖျက်ရသည်။

ဆရာဒဂုန်တာရာ၏ ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ၊ ချစ်သူသာရှိဆိုသော သဘောတရားသည် ရန်ကိုရန်နှင့် မတုန့်နှင်းနှင့်ဟူသော သဘောတရားဖြစ်ပါသည်။ မိမိတို့သည် စိတ်ဓာတ်ဖြူစင်ပြီး လိပ်ပြာလုံလျှင် ရန်ကိုရန်နှင့် တုန့်နှင်းသော ပြဿနာမျိုးမရှိတော့ပေ။ လောဘ၊ ဒေါသ၊ မောဟ ရှိနေသော လူ့လောကကြီး၌ ရန်အပေါင်းကင်းစင် ပပျောက်ရန် မဖြစ်နိုင်သော်လည်း ရန်ကိုလက်အောက်ခံအဖြစ် ထားနိုင်လျှင် ပြဿနာများကို ရန်ဖြင့် မဖြေရှင်းဘဲ တွေ့ဆုံညှိနှိုင်း၍ ငြိမ်းချမ်းရေးဖြင့် ဖြေရှင်းလျှင် လောကကြီးအဖို့ သာယာစည်ပင်နေပေလိမ့်မည်။

ထို့ကြောင့်လူအများအဖို့ လိပ်ပြာသန့်ရန်အရေးကြီးပါသည်။ အကုသိုလ်လုပ်လျှင် အကုသိုလ်၏ အကျိုးဆက်၊ ကုသိုလ်လုပ်လျှင် ကုသိုလ်၏ အကျိုးဆက်၊ အမှားလုပ်လျှင် အမှား၏အကျိုးဖက်၊ အမှန်လုပ်လျှင် အမှန်၏ အကျိုးဆက်များဖြင့် မိမိဘဝတစ်လျှောက် လိပ်ပြာလုံအောင် နေထိုင်ရပေလိမ့် မည်။ အကျင့်ပျက်ခြစားမှုများ၊ တံစိုးလက်ဆောင်ယူသူများ၊ မသမာလုပ်မှုများမှာ နိုင်ငံတိုင်းရှိ အာဏာလက်ဝယ်ရှိသူများတွင် အနည်းနှင့်အများဆိုသလို ရှိတတ်ကြလေသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဦးထိပ်ပန်ပါသည်ဆိုသော နိုင်ငံကြီးများ၌ပင် ထိုပြဿနာရှိကြပါသည်။ သွေးစုပ်ခြယ်လှယ်မှုများ၊ အမြတ်ကြီးစားမှုများ ရှိနေသေးသ၍ အလုပ်လက်မဲ့များ၊ ဆင်းရဲမွဲတေမှုများ၊ အလုပ်သမား ဆင်းရဲသားများ ရှိနေသေးသ၍ မညီမျှမှုများ ရှိနေသေးသ၍ ကမ္ဘာလောကကြီးတွင် လိပ်ပြာသန့်သူများ နည်းပါးနေလိမ့်ဦးမည်။ မည်သို့ပင်ဖြစ်စေ မိမိလိပ်ပြာကို မိမိလုံဖို့အရေးကြီးသည်။ မိမိအလုပ်ကို လိပ်ပြာ သန့်သန့်ဖြင့် ဆောင်ရက်နိုင်ဖို့သာ အရေးကြီးပေသည်။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၇.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. မွေး/ရေ ဝန်ကြီးဌာနပိုင် လုပ်ငန်းအချို့ ပုဂ္ဂလိကပိုင်ပြုလုပ်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ABSDF မြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍ မကဒတ(ကျောင်းသားတပ်မတော်) ကြေညာချက်ထုတ်ပြန်
  2. နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် ခုံရုံးအဖွဲ့ဝင်များနုတ်ထွက်ခွင့်ပြု
  3. မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် မိုးသီးဇွန်တို့အဖွဲ့ ယျေဘူယ ထောက်ခံဟုဆို

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

မွေး/ရေ ဝန်ကြီးဌာနပိုင် လုပ်ငန်းအချို့ ပုဂ္ဂလိကပိုင်ပြုလုပ်မည်

မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနပိုင် လုပ်ငန်း(၂၆)မျိုးအား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်မလာမီ ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း မွေး/ရေ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မွေးမြူရေးနဲ့ ရေလုပ်ငန်းပိုင်လုပ်ငန်းအချို့ကို ပုဂ္ဂလိကပိုင် လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုပေးသွားမှာပါ။ ပြည်တွင်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် သူတို့လုပ်ငန်းနဲ့ ယှဉ်ပြိုင်နိုင်အောင်လို့ သူတို့ဝင်မလာခင်အချိန်မှာ လွှဲပေးသွားမှာပါ။ လက်ရှိတော့ မွေးမြူရေးနဲ့ ရေလုပ်ငန်းက ပုဂ္ဂလိကပိုင် ပြုလုပ်မယ့် လုပ်ငန်းစာရင်းတွေကို နိုင်ငံတော်သမ္မတရုံးကို တင်ပြ ထားပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

မွေး/ရေဝန်ကြီးဌာနပိုင် လုပ်ငန်းများအား ပုဂ္ဂလိကသို့ လေလံတင်ရောင်းချခြင်း၊ ဌားရမ်းလုပ်ကိုင်ခွင့်ပြုခြင်းနှင့် ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ဖက်စပ်လုပ်ကိုင်ခြင်းနှင့် ပြည်ပလုပ်ငန်းရှင်များနှင့် ဖက်စပ်လုပ်ကိုင်ခြင်းများကို နိုင်ငံသားတစ်ဦးချင်း ဖြစ်စေ၊ အစုအဖွဲ့ဖြစ်စေ၊ အများပိုင်ကုမ္ပဏီဖြစ်စေ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ပြီး မြန်မာ့မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်ကိုလည်း အများပိုင်ကုမ္ပဏီအဖြစ် အသွင်ကူးပြောင်းကာ ပုဂ္ဂလိက လုပ်ငန်းရှင်များအား ချေးငွေပေးနေသည့်စနစ်မှ မွေးမြူရေးနှင့် ရေလုပ်ငန်းလုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်များကိုသာ ဦးစားပေး ထုတ်ချေးပေးနိုင်ရေး အတွက် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနပိုင် လုပ်ငန်းအချို့ကို ပုဂ္ဂလိကပိုင်ပြုလုပ်မယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က ပြည်ထောင်စု ဝန်ကြီးနဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီးက ပြောသွားပါတယ်။ အရမ်းကို ကောင်းပါတယ်။ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးဖို့အတွက်က အစိုးရ တစ်ဦးတည်းကသာ လုပ်နေလို့မရပါဘူး။ ပုဂ္ဂလိကနဲ့ အစိုးရ ပာန်ချက်ညီညီလုပ်ဆောင်နိုင်မှဖြစ်မှာပါ”ပာု ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင်းရှိ လုပ်ငန်းအများစုသည် အသေးစားနှင့် အလတ်စားလုပ်ငန်းများဖြစ်ကြပြီး ယင်းတို့ထဲမှာ စက်ရုံ ၁၇ ရုံသာ ဥရောပ စံချိန်စံညွှန်းလက်မှတ် ရရှိထားသည့်အတွက် ကျန်စက်ရုံများကို အရည်အသွေးနှင့် အဆင့်မြှင့်တင်ရန် လိုအပ်လျက် ရှိကြောင်း မြန်မာနိုင်ငံ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

                YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ABSDF မြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍ မကဒတ(ကျောင်းသားတပ်မတော်) ကြေညာချက်ထုတ်ပြန်

ရန်ကုန် စက်တင်ဘာ ၇။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ မကဒတ(မြောက်ပိုင်း) အဖြစ်အပျက်နှင့်ပတ်သက်၍ မကဒတ (ကျောင်းသားတပ်မတော်)ဗပိာုကော်မတီမှ စက်တင်ဘာလ ၇ ရက်နေ့တွင် ကြေငြာချက် တစ်ရပ်ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ကြေညာချက်တွင် ၁၉၉၂ ခုနှစ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်)၏ မြန်မာပြည်မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များအတွင်း နစ်နာဆုံးရှုံး အသက်ပေးသွားခဲ့ကြသော ရဲဘော်များ၊ သက်ဆိုင်ရာ ကာယကံရှင်များ၊ မိဘဆွေမျိုးများနှင့်အတူ မိမိတို့အဖွဲ့အစည်းအနေဖြင့် ထပ်တူဝမ်းနည်းသကဲ့သို့ ယင်းကဲ့သို့ ဖြေရှင်းဆောင်ရွက်မှုများအပေါ် အလေးအနက် တောင်းပန် ကြောင်း ဖော်ပြခဲ့သည်။

ယင်းအဖြစ်အပျက်များသည် မကဒတ(ကျောင်းသားတပ်မတော်)၏ သမိုင်းရေးဆိုင်ရာကိစ္စရပ်များဖြစ်ပြီး မိမိတို့ အဖွဲ့အစည်းအတွင်း မည်သည့် အခါမှ မမေ့ပျောက်နိုင်မည့် သမိုင်းတစ်ခုဖော်ထုတ်နိုင်ရေးအတွက် အစဉ်တစ်စိုက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ကြောင့် မကဒတ(ကျောင်းသားတပ်မတော်) ဗပာိုကော်မတီ အစည်းအဝေး (၁/၂၀၁၂) ဆုံးဖြတ်ချက် အမှတ် (၂)အရ အမှန်တရားနှင့် တရား မျှတမှု ဖော်ထုတ်နိုင်ရေး အလုပ်အဖွဲ့အား ၂၀၁၂ ဇန်နဝါရီလ ၈ ရက်နေ့တွင် ဖွဲ့စည်းတာ ဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

အမှန်တရားနှင့် တရားမျှတမှုဖော်ထုတ်ရေး အလုပ်အဖွဲ့အနေဖြင့် သမိုင်းစာမျက်နှာပေါ်တွင် အကြောင်းနှင့် အကျိုးဆိုင်ရာ ဖြစ်ရပ်မှန်များကို စုံစမ်းဖော်ထုတ်နိုင်ရေး၊ ပါဝင်ပတ်သက်သူများအားလုံးအတွက် တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေး၊ သက်ဆိုင်သူများအားလုံး နားလည် ကျေနပ်မှုနှင့် ပြန်လည်သင့်မြတ်မှုရရှိရေး၊ မကဒတ၊ ကျောင်းသားထုနှင့် ပြည်သူလူထုအတွင်း ခိုင်မာသော စည်းလုံးညီညွှတ်မှုကို ထိန်းသိမ်းတည်ဆောက် သွားနိုင်ရေး၊ အနာဂတ် မြန်မာနိုင်ငံတွင် တာဝန်ရှိမှု၊ တာဝန်ခံမှု အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေး စသည့်ရည်မှန်းချက်များနှင့်အညီ လုပ် ဆောင်သွားရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြပါရှိသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ယင်းကိစ္စနှင့်ပတ်သက်၍ အမှန်တရားနှင့် တရားမျှတမှုများ ပေါ်ထွန်းလာနိုင်စေရေးအတွက် သက်ဆိုင်သူများ အားလုံး ပူးပေါင်းဖြေရှင်းရန်လိုအပ်ကြောင်းနှင့် မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများအတွက်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် အလေးအနက် တိုက် တွန်းကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

NT

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် ခုံရုံးအဖွဲ့ဝင်များနုတ်ထွက်ခွင့်ပြု

နိုင်ငံတော်သမ္မတရုံးမှ စက်တင်ဘာလ ၆ ရက်နေ့တွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း အမိန့်အမှတ်(၂၉/၂၀၁၂)ကိုထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၁၁ နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၂၈ ပါ ပြဋ္ဌာန်း ချက်များအရ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးအပါအဝင် ခုံရုံးအဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာ တင်အောင်အေး၊ ဒေါ်ခင်လှမြင့်၊ ဦးထွန်းကြည်၊ ဦးစိုးသိန်း၊ ဦးခင်ထွန်း၊ ဦးဆန်းမြင့်၊ ဦးမြင့်ကြိုင်၊ ဒေါ်မိမိရီတို့ကို ၎င်းတို့၏ ဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ပြည်သူ့လွှတ်တော်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး စက်တင်ဘာလ ၆ ရက်နေ့တွင် ခုံရုံးကိစ္စစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထောက်ခံတင်ပြချက်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂၉ ဦးအနက် ၃၀၆ ဦးတို့မှ ထောက်ခံ အတည်ပြုခဲ့သည့်အတွက် ပြည်သူ့လွှတ်တော်က နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အားလုံးကို လက်ရှိထမ်းဆောင် နေသော ရာထူးတာဝန်ကို ဆက်လက် ထမ်းဆောင်စေရန် မသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော်မှ ဦးနန္ဒကျော်စွာမှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ အဖွဲ့ဝင် ၁၄ ဦး ဖြင့်  ခုံရုံးကိစ္စစစ်ဆေးရေးအဖွဲ့ ခန့်အပ်မှုအပေါ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ကန့်ကွက်ခဲ့သည့်အတွက် ဦးနန္ဒ ကျော်စွာအစား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေအား အစားထိုးပြောင်းလဲခန့်အပ်ခဲ့သော်လည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှ ထပ်မံကန့်ကွက်ခဲ့သည့်အတွက် ပြည်သူ့လွှတ်တော်အနေဖြင့် ခုံရုံး၏ကန့်ကွက်မှုများကို လက်ခံတော့မည်မည်မပာုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ သည်။ 

NT

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် မိုးသီးဇွန်တို့အဖွဲ့ ယျေဘူယ ထောက်ခံဟုဆို

ရန်ကုန် စက်တင်ဘာ ၆။

ပြည်တော်ဝင် ABSDF ခေါင်းဆောင်ဟောင်းများ ဦးဆောင်သော အမိမြေငြိမ်းချမ်းရေး လုပ်ငန်းအဖွဲ့သည် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများ ဖြစ်သော မိတ်ဆွေ ၁၀ ပါတီနှင့် စက်တင်ဘာလ ၆ရက်နေ့က တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်ကို ယျေဘူယအားဖြင့် ထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု ၎င်းတို့နှင့်တွေ့ဆုံခဲ့သူ တစ်ဦး ဖြစ်သည့် NDF ပါတီဥက္ကဌ ဒေါက်တာသန်းငြိမ်းက ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌဟောင်း နှစ်ဦးဖြစ်သော ဦးမိုးသီးဇွန်နှင့် ဦးထွန်းအောင်ကျော် အပါအဝင် အဖွဲ့ဝင် ကိုးဦးသည် နိုင်ငံတော်သမ္မတနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် သီးသန့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ကူးပြာင်းရေးကာလအတွက် ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့ကြောင်း ၎င်းကဆိုသည်။

“အရင်တုန်းက ဘယ်လိုပဲရှိခဲ့ရှိခဲ့  ဒီနေ့လမ်းကြောင်းဟာ ပြီပြင်လာလို့ သူတို့လဲလက်ခံလာတယ်တင်တယ်”ဟု ၎င်းကဆိုသည်။

၁၉၈၈ ခုနှစ်ခန့်မှစတင်ခါ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်ရှိနေသူ မြန်မာနိုင်ငံသားများကို အစိုးရက အမည်ပျက်စာရင်း သွင်းထားသည် မှာ ၆,၁၆၅ ဦးရှိပြီး ယခုအခါ ၂,၀၂၈ဦးအား ထိုစာရင်းမှ ပယ်ဖျက်ကာ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေးအတွက် ခွင့်ပြုပေးသွားမည်ဟု ဩဂုတ်လ ၂၈ ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း ဖော်ပြထားသည်။

"ကျွန်တော်တို့ကို တစ်ဖက်က လူတွေက အထင်လွဲနေတယ်။ ဒီထဲကို ပြန်လာဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ မအောင်မြင် ခဲ့ပါဘူး" ဟု မိုးသိးဇွန်က ပြည်တွင်းမီဒီယာတစ်ခုနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ABSDF ခေါင်းဆောင်ဟောင်းများ ဦးဆောင်သော အမိမြေငြိမ်းချမ်းရေး လုပ်ငန်းအဖွဲ့သည် မိတ်ဆွေ ၁၀ ပါတီဖြစ်သော ချင်းအမျိုးသားပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက် တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင် တိုင်းရင်း သားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမို ကရေစီအင်အားစု ပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

Sweet

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ အခုမှ အပြောင်းအလဲတွေ လုပ်တာဆိုပေမယ့် လုပ်သင့်တာတော့ ကြာခဲ့ပါပြီ။ ခုမှစလုပ် ဖြစ်တယ်ဆိုတော့ ဒုဝန်ကြီးတွေ ထဲမှာ ပညာရှင်တွေ၊ ကောင်းမွန်တဲ့သူတွေ ပါပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့်လည်း နောက်ကြောင်းလှည့်သူတွေ ထားခဲ့မယ်ဆိုတဲ့ စကားနဲ့လည်း ကိုက်ညီနေတယ်ပေါ့။ ဒါဟာ နိုင်ငံရေး အပြောင်းအလဲတစ်ခု ဖြစ်တယ်။ ပြည်သူတွေ အကျိုးရှိအောင်  လုပ်မလား စောင့်ကြည့်ပြီး ဝေဖန်သင့်ရင် ဝေဖန် ရမယ်”

စက်တင်ဘာ ၇ရက်နေ့ထုတ် အင်ပါယာဂျာနယ် အတွဲ(၁) အမှတ်(၂၅)တွင် ပါရှိသည့် အရပ်သားအစိုးရလက်ထက် ပထမဆုံး အစိုးရအဖွဲ့တွင် အပြောင်း အလဲအပေါ် ဒီလိုမြင်ကြတယ် သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ် ဖြူဖြူသင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

“အမှားကွက်တစ်ကွက် မြောက်ပိုင်းကိစ္စ တစ်ကွက်တည်းကို ထောက်ပြီး ABSDF တစ်ဖွဲ့လုံးကို မကောင်းဘူးလို့ ပြောတာကတော့  မသင့်ဘူးလို့ ကျွန်တော် မြင်တယ်။ နှစ်ပေါင်း၂၀ကျော်ကြာ ကျွန်တော်တို့ဟာ အုတ်ရိုးနဲ့ သံတိုင်ကြားမှာ ကာလတစ်ခုကို ဖြတ်သန်းရသလို သူတို့ဟာလည်း တောထဲတောင်ထဲမှာ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ ဖြတ်သန်းခဲ့ရတာ။ ဘာပဲပြောပြော တိုင်းပြည်ကောင်းစားရေးအွက် တိုင်းပြည်ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် ၊ဒီမိုကရေစီ ထွန်းကားရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သမိုင်းကိုတော့ ဖျောက်ဖျက်သွားလို့ မရဘူး။ နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလရောက်မှ တစ်ဖက်နဲ့ တစ်ဖက်ငြင်းခုံ နေမှုထက် အမှန်တစ်ခုကို ရဲရဲတင်းတင်း ဝန်ခံလိုက်တာက ပိုပြီးသင့်တော်မယ် ထင်တယ်။ ဖြစ်ခဲ့တာတွေ လည်း ဖြစ်ခဲ့ပြီး ခံခဲ့ရသူတွေလည်း ခံခဲ့ရပြီ။ မဟုတ်ဘူးဆိုရင် ကိုယ့်ဘက်က အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ပြောကြ ဆိုကြတာမျိုးပဲ ဖြစ်စေချင်ပါတယ်”

စက်တင်ဘာ ၇ရက်ထုတ် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ် အမှတ်(၇၅)တွင် ပါရှိသည့် “ABSDF (ကျောင်းသား တပ်မတော်) မြောက်ပိုင်းကိစ္စအမြင် စုစည်းမှု” မှ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဥပဒေတွေ ဆောင်ရွက်တဲ့အခါ တစ်ဦးတည်း ရပ်တည်ရမယ့် အချိန်အခါမဟုတ်ပါဘူး။ အာဆီယံ ဆယ်နိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းကို နှိုင်းယှဉ်ကြည့်ရပါမယ်”

စက်တင်ဘာ၇ရက်ထုတ် Trade Times ဂျာနယ်အတွဲ(၁)အမှတ်(၂၃)တွင် ပါရှိသည့် “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသည် အာဆီယံ နိုင်ငံများထက် အားကောင်းရန်လို”သတင်းမှ UMFCCIဥက္ကဋ္ဌ ဦးဝင်းအောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 ******************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive