Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၅.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဒုက္ခသည်များအားပြန်ခေါ်ရန် မြန်မာပြင်ဆင်နေပာု ထိုင်းနိုင်ငံပြော

(Radio Netherlands Worldwide မှ 13 Sept 2012 ရက်စွဲပါ “Thailand says Myanmar preparing for refugee return”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုတွင် ခရိုနီများနှင့်ပြုပြင်ပြောင်းလဲရေး အစိုးရကြား အားပြိုင်မှုဖြစ်လာ

(13 September 2012 ရက်စွဲပါ Jakarta Globe မှ Sean Turnell ရေးသားသော “Myanmar’s transition has become tug-of-war between cronies and government of reform”ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် ရှီမိဇု ကော်ပရေးရှင်း ရုံးသုံးပြန်ဖွင့်မည်

(Jigi Press မှ  15 Sept 2012  ရက်စွဲပါ “Contractor Shimizu to open Myanmar Office”သတင်းကို ဘာသာပြန်ဆိုသည်)

  1. တရုတ်ဒုတိယသမ္မတ Xi Jinping လူ့မြင်ကွင်းသို့ပြန်ပေါ်လာ

(15 September 2012 ရက်စွဲပါ  BBC News  မှ China’s Vice-President Xi Jiping in Public appearance  သတင်းကို ဘာသာပြန်ဆိုသည်)

************************************************************

ဘာသာပြန်သတင်းများ

ဒုက္ခသည်များအားပြန်ခေါ်ရန် မြန်မာပြင်ဆင်နေပာု ထိုင်းနိုင်ငံပြော

(Radio Netherlands Worldwide မှ 13 Sept 2012 ရက်စွဲပါ “Thailand says Myanmar preparing for refugee return”သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်း-မြန်မာနှစ်နိုင်ငံအကြား လတ်တလောဆွေးနွေးမှုများအပြီး ကြာသပတေးနေ့တွင် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက“ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည် ၁၂၀,၀၀၀ ခန့်သည် တစ်နှစ်အတွင်း အိမ်ပြန်ကြဖွယ်ရှိကြောင်း”ပြောကြားလိုက်သည်။

စစ်ဘေးရှောင် ကရင်နှင့်ရှမ်းလူမျိုးများ အများစုပါဝင်သော ဒုက္ခသည်ထောင်ပေါင်းများစွာတို့သည် ထိုင်းနယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်း များတွင် နေထိုင်ကြသော်လည်း မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအဆုံးသတ်သွားမှုကြောင့် အိမ်ပြန်နိုင်မည့်မျှော်လင့်ချက်များ ရှင်သန်လာခဲ့သည်။

နယ်စပ်တစ်လျှောက်မှ မြေမြှုပ်မိုင်းများကို မြန်မာအာဏာပိုင်များကရှင်းလင်းနေပြီး တစ်နှစ်အတွင်း အဆင်သင့်ဖြစ်စေရန် နေထိုင်စရာများနှင့် အခြားအခြေခံစနစ်များကို တည်ဆောက်ရန်ပြင်ဆင်နေသည်ပာု ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ(NCS)က ၎င်း၏ အထွေထွေအတွင်းရေးမှူး ဝီချမ်းပိုပေါ့ဆရီကို ကိုးကား၍ ကြေညာချက်ထုတ်ပြန်သည်။”

ယခင်အပတ်က နေပြည်တော်သို့ သွားရောက်ဆွေးနွေးခဲ့သော ဝီချမ်းကို သမ္မတရုံးဝန်ကြီးဦးအောင်မင်းက“အိမ်ပြန်လာကြမည့် ဒုက္ခသည်များ အတွက် သက်မွေးဝမ်းကျောင်းသင်တန်းနှင့် အလုပ်အကိုင်များဖန်တီးပေးသွားမည်”ပာု ပြောကြားခဲ့ကြောင်း သိရသည်။        

ပြန်ရောက်လာတော့မည့် ဒုက္ခသည်ထောင်ပေါင်းများစွာကို အလုပ်ပေးရန်အတွက် မြန်မာပိုင်နက်တွင် စက်မှုဇုန်များထူထောင်ရာတွင် ထိုင်းတို့ကို လည်း လာရောက်ရင်းနှီးမြှုပ်နှံစေချင်သည်ပာု မြန်မာတို့ကဆိုသည်။

ဒုက္ခသည်များကို ဆက်ဆံကိုင်တွယ်ရာတွင် နိုင်ငံတကာစံနှုန်းများကိုလိုက်နာရန် ထိုင်းနိုင်ငံပျက်ကွက်နေကြောင်း ပြစ်တင်ဝေဖန်ထားသည့် အစီရင်ခံစာကို Human Rights Watch ကထုတ်ပြန်ပြီးနောက် ထိုင်းအမျိုးသားလုံခြုံရေး ကောင်စီ၏ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသည် ၁၉၅၁ ရီဖျုးဂျီးကွန်ဗင်းရှင်းစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အပြင် ဒုက္ခသည်များကို အကာအကွယ်ပေးသော ဥပဒေလည်း မရှိသောကြောင့် ဒုက္ခသည်များအပေါ် အမြတ်ထုတ်ခြင်း၊ ရဲကနှောင့်ယှက်ခြင်း၊ မတရားဖမ်းဆီးခြင်းတို့ကို ဖြစ်ပေါ်စေသည်ပာု HRW အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ထိုင်းနိုင်ငံပာာ မြန်မာဒုက္ခသည်တွေကို ဝေးလံခက်ခဲတဲ့နေရာတွေမှာ နှစ်ပေါင်းများစွာ ပစ်ထားခဲ့ပါတယ်။ ဒုက္ခသည်စခန်းတွေရဲ့အပြင်မှ အလုပ်လုပ်ကိုင်နေထိုင်ကြရတဲ့ ဒုက္ခသည်တွေပာာ ဖမ်းဆီးခံရခြင်း၊ ပြန်ပို့ခံရခြင်း အန္တရာယ်တွေကနေလည်း အကာအကွယ်မရကြပါဘူး”ပာု HRW ၏ ဒုက္ခသည်အစီအစဉ်ဒါရိုက်တာ ဘီလ်ဖရီးလစ်က ပြောကြားသည်။

မနှစ်က မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကို အရပ်သားတစ်ပိုင်းအစိုးရအုပ်ချုပ်မှုဖြင့်ပ အစားထိုးပြီးနောက်တွင် နယ်စပ်တစ်လျှောက်မှ ဒုက္ခသည် စခန်းများကို ပိတ်ပစ်လိုကြောင်း ထိုင်းနိုင်ငံက ကြေညာထားသော်လည်း၊ အလောသုံးဆယ်ပိတ်ပစ်ခြင်းမပြုသည့်အတွက် ထိုင်းအစိုးရကို HRW က ချီးကျူးစကားဆိုခဲ့သည်။

                                                                ***************************************************

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုတွင် ခရိုနီများနှင့်ပြုပြင်ပြောင်းလဲရေး အစိုးရကြား အားပြိုင်မှုဖြစ်လာ

(13 September 2012 ရက်စွဲပါ Jakarta Globe မှ Sean Turnell ရေးသားသော “Myanmar’s transition has become tug-of-war between cronies and government of reform”ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် မကြာမီသောကာလတွင် အာရှ၏တောက်ပလာမည့် ကြယ်တစ်ပွင့်ဖြစ်လာနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က မကြာမီက ပြောခဲ့သည်။ အဆိုပါ အကဲဖြတ်မှုသည် ပြီးခဲ့သည့်လက ထုတ်ပြန်သည့် မြန်မာနိုင်ငံအပေါ်အစီရင်ခံစာ တစ်စောင်တွင်ပါဝင်ခဲ့ပြီး အင်စတီကျူးရှင်းပေါင်းစုံ၊ ဥာဏ်ကြီးရှင်အဖွဲ့များ၊ အစိုးရအမျိုးမျိုးနှင့် အစိုးရမဟုတ်သောအေဂျင်စီ၏ အမြင်များအတိုင်းအတူလိုက်၍ အကဲဖြတ်ထားခြင်းဖြစ်သည်။ အဆိုပါ အမြင်ကို အလားအလာကောင်းသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကြားတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံခဲ့ကြသည်။

စီးပွားရေးလုပ်ငန်းရှင်အများအပြားသည် မြန်မာနိုင်ငံကိုအာရှ၏ နောက်ထပ်ကျားတစ်ကောင်ဟုတွက်ဆပြီး နိုးထလာမှုတွင် အခွင့်အရေး လက်လွှတ်ဆုံးရှုံးမသွားရအောင် အပြေးအလွှားလာရောက်လျက်ရှိရာ ရန်ကုန်တွင်ဟိုတယ်အခန်းများရရှိရန် ပိုမိုခက်ခဲလာနေပါသည်။

မြန်မာနိုင်ငံကိုပွင့်လန်းစွာထွက်ပေါ်လာသော နေရာသစ်တစ်ခုအဖြစ်ရှုမြင်ကြခြင်းမှာ သမ္မတဦးသိန်းစိန်၏  စီးရီးလိုက်ပြုလုပ်သော ပြုပြင်ပြောင်းလဲမှုများ၏ ထွက်ကုန်တစ်ခုဖြစ်သည်။ သို့သော် အဆိုပါ ပြုပြင်ပြောင်းလဲရေးအများစုမှာ စီးပွားရေးထက်စာလျှင် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများသာ ဖြစ်နေသည်။ နိုင်ငံတကာကမူ မြန်မာနိုင်ငံအား လူ့အခွင့်အရေးအရ လက်မခံနိုင်သောနိုင်ငံအဖြစ်မှ မြန်မာနိုင်ငံအပေါ် အမြင်ကောင်း ပြောင်းလာစေရန် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများက အထောက်အကူပြုခဲ့သည်။ စီးပွားရေးအရမူကာလရှည်ကြာကတည်းက အများက အခွင့်အလမ်းကောင်းများကို လက်လွှတ်ပစ်ခဲ့သော သုံးမရသောတိုင်းပြည်အဖြစ် ရှုမြင်ခဲ့ ကြသည်။

ဥရောပမှအစိုးရများ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျနှင့် နယူးဇီလန်တို့သည် မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေးများအပေါ် ဆုလဒ်ပေးသည့်အနေဖြင့် ၎င်းတို့ချမှတ်ထားသော အရေးယူမှုအများစုကို တဖြည်းဖြည်းရုတ်သိမ်းပေးလာနေသည်။ ပြုပြင်ပြောင်းလဲရေးသမားများကို အားကောင်းလာစေရန်လုပ်ပေးပြီး ၎င်းတို့နိုင်ငံသားများအပေါ်  မြန်မာနိုင်ငံနှင့်ပတ်သက်၍ ယခင်ကကန့်သတ်ထားသော စီးပွားရေးအခွင့်အလမ်းများကို ဖွင့်ပေးခဲ့သည်။

ထိုသို့အပေါင်းလက္ခဏာဆောင်သော တောက်ပမှုများ ရှိနေသော်လည်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများသည် ပျက်စီးလွယ်ပြီး အနည်းငယ်သော အဓိကကျသည့် ပုဂ္ဂိုလ်တစ်ဦးချင်းပေါ်တွင်လည်း မူတည်နေပါသေးသည်။ ၎င်းတို့မှာ သမ္မတကြီးလည်းမဟုတ်၊ သူ၏လက်ထောက် ဗိုလ်ချုပ်များလည်းမဟုတ်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း မဟုတ်ပေ။ ပြုပြင်ပြောင်းလဲရေးများမှာ ပြီးစီးရန်မူ များစွာဝေးနေသေးသည်။

မြန်မာနိုင်ငံ၏ စီးပွားဝန်းကျင်မှာဆယ်စုနှစ်ငါးခုခန့် မှားယွင်းစွာအုပ်ချုပ်မှုကြောင့် ဖြစ်ပေါ်ခဲ့သောအမာရွတ်များ၊ အဆင့်နိမ့်ကျလာသော အခြေခံ အဆောက်အဦးများ၊ အဂတိလိုက်စားမှုပြည့်နှက်နေမှုများ၊ ခရိုနီစနစ်ကြီးထွားနေမှု၊ အစိုးရနှင့် မူဝါဒချမှတ်ရေးအဖွဲ့များတွင် စွမ်းဆောင်ရည် အကန့် အသတ်ရှိနေမှုများ၊ အလုပ်မဖြစ်တော့သော ငွေကြေးကဏ္ဍနှင့် ချောမွေ့သော အသွင်ကူးပြောင်းရေးအတွက် အနှောင့်အယှက်များစွာ ရှိနေသည်။ အခြား နေရာများ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များတွင်လည်း အဆိုပါအနှောင့်အယှက်အတားအဆီးများမှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော်လည်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် စိတ်ချလက်ချနှင့် အကောင်းမြင်အကဲဖြတ်မှုအပေါ် သတိနှင့်ရှုမြင်သင့်ကြောင်း ဆိုကြသည်။

တစ်ချိန်တည်းမှာပင် ကျန်ရှိနေသောမြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့်အရေးယူမှုများကလည်း ရင်းနှီးမြှုပ်နှံမှုများစီးဝင်လာရေးကို ကန့်သတ် ထားသည့်နယ်ဖြစ်သည်။ သို့မဟုတ်ပါက ဝင်ရောက်လာကြမည်ဟု မျှော်လင့်ရပါသည်။ ထိုအထဲမှ အရေးအပါဆုံးသော အရေးယူထားမှုတစ်ခုမှာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှ သွင်းကုန်ကိုပိတ်ပင်ထားမှုပင် ဖြစ်သည်။ အဆိုပါ သွင်းကုန်ပိတ်ပင်ထားမှုကို ၂၀၀၃ ခုနှစ်က Burmese Freedom and Democracy ဥပဒေအရ ချမှတ်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သောနှစ်လက သုံးနှစ်ထပ်မံ သက်တမ်းတိုးခဲ့သည်။ ၎င်းကို အခြေအနေတစ်ခု ဖြစ်ပေါ်လာပါက အမေရိကန်သမ္မတယာယီရုတ်သိမ်းနိုင်ပါသည်။ အဆိုပါအရေးယူမှုသည် မြန်မာနိုင်ငံတွင် အထည်နှင့်အဝတ်အထည်ကဲ့သို့သော လုပ်သားအင်အားသုံး ထုတ်လုပ်မှုများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မလာနိုင်မှုများကို ဖြစ်ပေါ်စေသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ပြည်တွင်းဥပဒေကလည်း အဓိကသော့ချက်ဖြစ်ပြီး တစ်ခါတရံတိုင်းပြည်ကို ဆွဲဆောင်မှုရှိအောင် ပြုလုပ်ရာတွင် အဆုံးအဖြတ်ပေးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အထူးသဖြင့် သမိုင်းကြောင်းအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ပြီး ကြိုဆိုမှု မရှိခဲ့သောမူဝါဒမျိုးရှိသည့် မြန်မာနိုင်ငံကဲ့သို့သော အသွင်ကူးပြောင်းဆဲတိုင်းပြည်မျိုးတွင် ပို၍စပယ်ရှယ်အရေးကြီးသည်။

လက်ရှိအားဖြင့် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးမှုကို စောင့်စားနေသည့်ဥပဒေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် ရေးဆွဲထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ် ဖြစ်သည်။ အဆိုပါဥပဒေသည် မြေများကို နှစ်ရှည်ငှားရမ်းခွင့်ပြုမည်ဖြစ်သည်။(သို့သော် ယခုအချိန်ထိမူ ငှားရမ်းမှုကိုကြီးမားစွာ ကန့်သတ်ထားပြီး၊ အလုပ်ဖြစ်နိုင်မည့်မြေများကို နိုင်ငံတော်ကသာ တရားဝင်ပိုင်ဆိုင်ခွင့် ရထားသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ငါးနှစ်အခွန် ကင်းလွတ်ခွင့်ရမည်ဖြစ်ပြီး ၎င်းတို့ စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်မသိမ်းရန် အာမခံမည်ဖြစ်သည်။ (သမိုင်းကြောင်းအရ နိုင်ငံတော်မှ ပြည်သူပိုင်သိမ်းမှုရှိဖူးသော မြန်မာနိုင်ငံတွင် ထိုသို့လုပ်ဆောင်ရန်လိုအပ်သည်)

ယခုအချိန်ထိမူ အခြေအနေကောင်းနေဆဲဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် တိုင်းပြည်၏ အမြင်မတူ သဘောထား ကွဲနေမှုများ၏ ထင်ဟပ်မှုမှာလည်း ရှိနေပါသေးသည်။ ဥပဒေတွင် မြန်မာနိုင်ငံမှ ခရိုနီများပိုင်သော ကုမ္ပဏီအုပ်စုကြီးများ၏ အကျိုးစီးပွားများက ကြီးမားစွာသြဇာလွှမ်းမိုးလျက်ရှိသည်။ ၎င်းတို့သည် မကြာသေးသောနှစ်များအတွင်း စီးပွားရေး၏ အဓိကအစိတ်အပိုင်းများကို လွှမ်းမိုး ထားသည်။ ကဏ္ဍအားလုံးတွင် ၎င်းတို့၏ အကျိုးစီးပွားချဲ့ထွင်ရန်အလို့ငှာ ထိုခရိုနီများ(မြန်မာပြည်သူများက ၎င်းတို့ကိုရည်ညွှန်းသော အသုံးအနှုန်း)သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ ခြိမ်းခြောက်လာမှုကို ခံစားလာရပုံရှိပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်တွင် ဖြေလျော့လာသောအချက်များတွေ့ရှိလာရသော်လည်း လက်လီရောင်းဝယ်ရေး၊ လယ်ယာထုတ်လုပ်မှု လုပ်ငန်း၊ ငါးလုပ်ငန်းကဏ္ဍနှင့် အခြားအပေါ့စားစက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် ကဏ္ဍအတော်များများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ပါဝင်မှုကို ကန့်သတ်ထားသော အဓိကအပိုဒ်များ ပါရှိနေသည်။

နောက်ဆုံးတွင်မူ လစ်ဘရယ်ကျသော ပြုပြင်ပြောင်းလဲရေးသမားများနှင့် အတိတ်ကမြန်မာအစိုးရထံမှ အကျိုးစီးပွားခံစားရရှိခဲ့သူများကြား လွန်ဆွဲမှုမှထွက်ပေါ်လာမည့် ရလဒ်ကသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို ပုံဖော်နိုင်လိမ့်မည်ဖြစ်သည်။ နောက်ဆုံးတွင် မြန်မာနိုင်ငံသည် စစ်မှန်သည့်အသွင်ပြောင်းသော တိုးတက်ကြီးထွားရေးလမ်းကြောင်းပေါ်တွင် ရှိ၊မရှိဆိုသည်ကို အဆိုပါ အားပြိုင်မှုက အဆုံးအဖြတ်ပေးသွားလိမ့်မည် ဖြစ်ပါသည်။ အာရှ၏ နောက်ထပ်ကျားတစ်ကောင်ဖြစ်လာရန် စောင့်ဆိုင်းနေဆဲသာရှိပြီး အမှန်တကယ် ကျားတစ်ကောင်တော့ ဖြစ်မလာသေးပါ။

*****************************************************

မြန်မာနိုင်ငံတွင် ရှီမိဇု ကော်ပရေးရှင်း ရုံးသုံးပြန်ဖွင့်မည်

(Jigi Press မှ  15 Sept 2012  ရက်စွဲပါ “Contractor Shimizu to open Myanmar Office” သတင်းကို ဘာသာပြန်ဆိုသည်)

ဂျပန်အထွေထွေကန်ထရိုက်တာ ရှီမိဇုကော်ပရေးရှင်းက မြန်မာနိုင်ငံ၏အကြီးဆုံးမြို့တော် ရန်ကုန်တွင် အောက်တိုဘာ ၁ ရက်၌ ရုံးခန်းဖွင့်လှစ် တော့မည်ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုတိုးတက်လာပြီးနောက်တွင် စီးပွားရေးဖွံ့ဖြိုးရန်အလားအလာ ကောင်းလာခြင်းကြောင့် အချိန်ကိုက် ရင်းနှီးမြှုပ်နှံကြရန် စိတ်ဝင်စားနေသော ဂျပန်ကုမ္ပဏီများ ပို၍ပို၍များပြားလာသည့်အလျောက် ရှီမိဇုကော်ပရေးရှင်းကလည်း မြန်မာနိုင်ငံတွင် လမ်းနှင့် အခြားအခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးစီမံကိန်းများ၊ ဟိုတယ်နှင့်စက်ရုံစီမံကိန်းများတွင် ကန်ထရိုက်ရရှိရန်မျှော်လင့်နေသည်ဟု ကုမ္မဏီတာဝန်ရှိသူများ က ကြာသာပတေးနေ့တွင် ပြောကြားသည်။

ရန်ကုန် ရှီမိဇုရုံးတွင် ဒေသခံဝန်ထမ်း ၃ ဦးဖြင့် သတင်းအချက်အလက်စုဆောင်းမည်ဟု သိရှိရသည်။

ရှီမိဇု ကော်ပရေးရှင်းသည် ရန်ကုန်မြို့၌ အလားတူရုံးခန်းကို ၁၉၉၆ ခုနှစ်က ဖွင့်လှစ်ခဲ့ဖူးသော်လည်း ၁၉၉၉ တွင် ရုံးခန်းကိုပြန်ပိတ်ခဲ့ရသည်။

                                                               ***************************************************************

တရုတ်ဒုတိယသမ္မတ Xi Jinping လူ့မြင်ကွင်းသို့ပြန်ပေါ်လာ

(15 September 2012 ရက်စွဲပါ  BBC News  မှ China’s Vice-President Xi Jiping in Public appearance  သတင်းကို ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံ ဒုတိယသမ္မတ Xi Jinping သည် နှစ်ပတ်အတွင်းပထမဆုံးအကြိမ်အဖြစ် လူအများကြားတွင် ပြန်ပေါ်လာကြောင်း နိုင်ငံပိုင်မီဒီယာက ပြောသည်။

တရုတ်နိုင်ငံ၏ ရှေ့လာမည့်ခေါင်းဆောင်ဖြစ်လာမည်ဟုမျှော်လင့်ရသူ Mr.Xi သည် စနေနေ့က အမျိုးသားသိပ္ပံနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း ၎င်းတို့ကပြောသည်။

ခန့်မှန်းမှုများ အမျိုးမျိုးထွက်ပေါ်ခဲ့သော Mr.Xi ၏ ပျောက်ကွယ်နေခဲ့မှုနှင့်ပတ်သက်၍ တရားဝင်ရှင်းလင်းချက် မရှိခဲ့ပေ။

၎င်း၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ ကွန်မြူနစ်ပါတီအတွင်း အာဏာအားပြိုင်မှုနှင့်ပတ်သက်၍ ခန့်မှန်းမှုသတင်းများ ထွက်ပေါ်ခဲ့သည်။

သို့သော် စနေနေ့က တရုတ်နိုင်ငံ၏တရားဝင် Xinhua သတင်းဌာနသည် Beijing ရှိ တရုတ်စိုက်ပျိုးရေးတက္ကသိုလ်သို့ Mr.Xi လာရောက်လည်ပတ်ပုံသတင်းအကျဉ်းနှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ပြုံးရွှင်စွာလမ်းလျှောက်နေသည့် ဓါတ်ပုံပူးတွဲ၍ ဖော်ပြခဲ့သည်။

အသက် ၅၉ နှစ်ရှိပြီဖြစ်သည့် Mr Xi သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အပါအဝင်နိုင်ငံခြားပုဂ္ဂိုလ်လေးဦးနှင့် တွေ့ဆုံရန် အစီအစဉ်များပယ်ဖျက်ခဲ့သည်။

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၄.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. တရုတ်မြန်မာဆက်ဆံရေးကောင်းမွန်စေရန် တရုတ်ထိပ်တန်းလွှတ်တော်အမတ် အဆိုပြု

(Ximhua သတင်းမှ 14 Sept 2012 ရက်စွဲပါ “Top Legislator raises proposals for China-Myanmar relations” သတင်းကို ဘာသာပြန်ဆိုသည်)

  1. အမေရိကန်အ၀တ်အထည်များတွင် “Made in Myanmar” ပြန်လာတော့မည်လော။

(12 September 2012 ရက်စွဲပါ Glohal Post မှ Patrick Winn ရေးသားသော The Return of “Made in Myanmar” to US closets ကိုဘာသာပြန်ပါသည်။)

***********************************************************

ဘာသာပြန်သတင်းများ

တရုတ်မြန်မာဆက်ဆံရေးကောင်းမွန်စေရန် တရုတ်ထိပ်တန်းလွှတ်တော်အမတ် အဆိုပြု

(Ximhua သတင်းမှ 14 Sept 2012 ရက်စွဲပါ “Top Legislator raises proposals for China-Myanmar relations” သတင်းကို ဘာသာပြန်ဆိုသည်)

အလည်အပတ်ရောက်ရှိနေသော ထိပ်တန်းတရုတ်လွှတ်တော်အမတ်ဝူဘန်ဂူက တရုတ်-မြန်မာဆက်ဆံရေး ပိုမိုရင်းနှီးစေမည့် အဆိုပြုချက် များကိုတင်ပြခဲ့ပြီး နယ်စပ်တည်ငြိမ်ရေးပူးပေါင်းအားထုတ်မှုများ၊ နှစ်နိုင်ငံအကြားဖက်စပ်စီမံကိန်းကြီးများ ချောမွေ့စွာတိုးတက်ရေးကို ကြာသာပတေး နေ့က တိုက်တွန်းလိုက်သည်။

တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်မှ ကော်မတီဥကဋ္ဌဝူက အောက်လွှတ်တော်ဥက္ကဌ ဦးရွှေမန်းနှင့်တွေ့ဆုံစဉ် ယင်းသို့အဆိုပြုခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က နေပြည်တော်သို့ ရောက်ရှိလာသောဝူသည် မြန်မာနိုင်ငံရောက် ပထမဆုံးအမျိုးသားပြည်သူ့ကွန်ဂရက် NPC ကော်မတီဥက္ကဌ ဖြစ်လာသည်။

နှစ်နိုင်ငံကခေါင်းဆောင်များ၏ သဘောတူညီချက်များကို နှစ်ဖက်စလုံး ထိရောက်စွာအကောင်အထည်ဖော်ကာ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို နက်ရှိုင်းစေပြီး အပြန်အလှန်အကျိုးရှိသောပူးပေါင်းဆောင်ရွက်မှုနှင့် တိုးတက်မှုများကို အားပေးနိုင်မည်ဟု မျှော်လင့်ကြောင်းဝူ ကပြောကြားသည်။

              ဝူ ကဆက်လက်၍ အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်လည်ပတ်ရန် နှစ်နိုင်ငံစလုံးနှင့်ဆိုင်သော အဓိကကိစ္စရပ်များအပေါ် အချိန်ကိုက် အမြင်ချင်းဖလှယ်ရန် တရုတ်-မြန်မာ မဟာဗျူဟာမြောက် လက်တွဲနိုင်စေမည့် လက်တွေ့စီမံချက်ကိုရေးဆွဲကြရန် တိုက်တွန်းပြောဆိုခဲ့သည်။

“တရုတ်-မြန်မာ နှစ်နိုင်ငံစလုံးအနေဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေမည့်အစီအစဉ်များကိုသာ ဆောင်ရွက်သင့်ကြောင်း၊ တရုတ်-မြန်မာဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်းကဲ့သို့သော စီမံကိန်းကြီးများအောင်မြင်ရေးကို သေချာအာမခံသင့်ကြောင်း၊ သို့မှသာ အပြန်အလှန် ကုန်သွယ်ရေးတွင် စိတ်ချယုံကြည်မှုရှိအောင် အားပေးနိုင်မှာဖြစ်ကြောင်း” ဝူ ကဆက်လက်ပြောကြားသည်။        

ထို့အပြင် “နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် စီမံခန့်ခွဲမှုကိစ္စများကို မြန်မာနိုင်ငံနှင့်ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားလိုကြောင်း၊ တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကိုလေးစားကြောင်း၊ မြန်မာနိုင်ငံ၏ ဆိုင်ရာဆိုင်ရာ အုပ်စုများ၊ အဖွဲ့များအနေဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းမှုမှ တစ်ဆင့် ပြဿနာများကို ဖြေရှင်းနိုင်ကြမည်ဟု မျှော်လင့်ပါကြောင်း” ဝူ ကပြောဆိုခဲ့သည်။

ဆက်လက်ပြီး ဝူ က “ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အရှေ့အာရှပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ အာဆီယံဒေသတွင်းဖိုရမ်၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစသော အစီအစဉ်များတွင် ပူးပေါင်းပါဝင်မှုများကို နှစ်နိုင်ငံစလုံးအရှိန်မြှင့်တင်ကာ တစ်ဦး၏ အကျိုးစီးပွားကို တစ်ဦးက အပြန်အလှန် ကူညီပံ့ပိုးပေးသွားကြရန်” အကြံပြုပြောကြားသည်။

လွှတ်တော်ချင်း အပြန်အလှန်ဖလှယ်မှုနှင့်ပတ်သက်၍ ဝူ နှင့် ဦးရွှေမန်းတို့ နှစ်ဦးစလုံးက နိုင်ငံအုပ်ချုပ်ရေး၊ ဒေသတွင်းနှင့်နိုင်ငံတကာ လွှတ်တော်များနှင့် တိုးမြှင့်ဆက်သွယ်ရေးအပါအဝင် ဒီမိုကရေစီနှင့် တရားရေးစနစ်တို့တည်ဆောက်ရေးတွင် နှစ်နိုင်ငံလွှတ်တော်များ အပြန်အလှန် သင်ယူလေ့လာကြရန်နှင့် နှစ်နိုင်ငံကျယ်ပြန့်သော မဟာဗျုဟာမြောက်လက်တွဲမှုကို ဆက်လက်ခိုင်မာအောင် ဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြား ခဲ့ကြသည်။

              အီရန်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံတွင် ဒုတိယခရီးတစ်ထောက်ရပ်နားနေသော ဝူဘန်ဂူ၏ လေးနိုင်ငံခရီးစဉ်တွင် သီရီလင်္ကာနှင့် ဖီဂျီနိုင်ငံ တို့လည်း ပါဝင်သည်ဟု သိရှိရသည်။

                                                                  ***************************************

အမေရိကန်အ၀တ်အထည်များတွင် “Made in Myanmar” ပြန်လာတော့မည်လော။

(12 September 2012 ရက်စွဲပါ Glohal Post မှ Patrick Winn ရေးသားသော The Return of “Made in Myanmar” to US closets ကိုဘာသာပြန်ဆိုသည်။)

အကယ်၍ သင်သည် Levi’s အဟောင်းတစ်ထည်ကိုရရှိခဲ့ပြီဆိုပါက တံဆိပ်ကို ဖတ်ကြည့်လိုက်ပါ။ “Made in Myanmar”ဟု ရေးထားသည်ကို တွေ့ရပါက သင်သည်ရှားရှားပါးပါး ရှေးဟောင်းပစ္စည်းတစ်ခု ရရှိခဲ့ခြင်းဖြစ်ပေသည်။ ထိုစဉ်က အမေရိကန်အဝတ်အထည် ထုတ်လုပ်သူများသည် မြန်မာနိုင်ငံမှ လူမုန်းများသောအစိုးရနှင့် လျှို့ဝှက်အလုပ်လုပ်ပြီး အများ၏ကန့်ကွက်မှုအန္တရာယ်ကြားမှ မြန်မာနိုင်ငံနှင့်စီးပွားရေးလုပ်ရန် စိတ်အား ထက်သန်ခဲ့ကြသည်။

၁၉၉၂ တွင် များစွာပြောင်းလဲသွားခဲ့ပြီး၊ ထိုနှစ်တွင် Levi Strauss သည် မြန်မာနိုင်ငံတွင် စစ်အစိုးရနှင့်၎င်း၏ လူ့အခွင့်အရေးချိုဖောက်မှုများကို တိုက်ရိုက်ထောက်ခံကူညီသလိုဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရန် မလွယ်ကူသဖြင့်ဟု ကြေညာ၍လုပ်ငန်းများ ရပ်နားခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုလုပ်ရပ်များသည် အနောက်နိုင်ငံအရေးယူမှုများကို အမှိုက်ပုံးထဲလွှင့်ပစ်ရန် ဖြစ်လာသည်။ မြန်မာနိုင်ငံ သည် အခြားအာရှနိုင်ငံများ(ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ်တို့ကိုစဉ်းစားရန်)နှင့် အပြိုင်ဖြစ်လာနေပြီ ဖြစ်သည်။ အမေရိကန်အဝတ်အထည် အမှတ်တံဆိပ် အများအပြား ထုတ်လုပ်ရန်တာဆူနေကြသည်။

ဤသည်မှာ မလွှဲမရှောင်သာ ဖြစ်လာတော့မည်ဖြစ်သည်။ အ၀တ်အထည်ချုပ်လုပ်ခြင်းမှာ တစ်မျိုးတည်းကိုသာ ထပ်ခါထပ်ခါလုပ်ရပြီး ပညာသား မပါခြင်းကြောင့် လုပ်ခနည်းသောလုပ်ငန်းဖြစ်ရာ ထိုလုပ်ငန်းများသည် ဆင်းရဲသောနိုင်ငံများကိုသာ မျက်စိကျကြသည်။ မြန်မာနိုင်ငံသည် အိန္ဒယနှင့် တရုတ်ကြားတွင်ရှိပြီး မဟာဗျူဟာအရစီးပွားရေးအရ မှန်ကန်သောနေရာတွင် ရပ်တည်နေသည်။ အမှန်တကယ်လည်း မြန်မာနိုင်ငံတွင် ထိုထုတ်လုပ်မှု လုပ်ငန်း ပမာဏကြီးမားစွာရှိဖူးသော်လည်း ၂၀၀၃ ခုနှစ်တွင် ဝမ်းနည်းဖွယ်အဖြစ်နှင့် ကြုံခဲ့ရပါသည်။ ထိုနှစ်တွင် အမေရိကန်က မြန်မာနိုင်ငံမှ ပစ္စည်း တင်သွင်းခြင်းကို ပိတ်ပင်ခဲ့သည်။

မြန်မာနိုင်ငံသည် အာရှတွင် အဆင်းရဲဆုံးနိုင်ငံများတွင် တစ်နိုင်ငံဖြစ်သည်။ အလွန်တရာဆင်းရဲသောနိုင်ငံများသည် ထိုဆင်းရဲတွင်းမှ လွတ်အောင်ကြိုးစားရာတွင် ၎င်းတို့အပေါ် ကမ်းလှမ်းလာမှု အနည်းငယ်သာရှိပြီး၊ လုပ်ငန်းကျွမ်းကျင်မှုမရှိသော လူထုကြီးမှာ ပုံမှန်အလုပ်ကိုပင် ခက်ခက်ခဲခဲရှာနေရပြီး လုပ်ခလစာနည်းပါးနေမှုသာ ရှိသည်။ ထို့ကြောင့် အထည်ချုပ်လုပ်ငန်းကို ဂျပန်လူမျိုးသုတေသနပြုသူ Toshihiro Kudo ၏ စကားကိုငှား၍ ပြောရမည်ဆိုလျှင် “The first rung on the industrialization Ladder” (စက်မှုနိုင်ငံပြောင်းလဲရာတွင် အထည်ချုပ်သည် လှေခါးထစ်၏ ပထမအဆင့်)ဟု ဆိုရပေမည်။

အဆိုပါနိုင်ငံများတွင် အထည်ချုပ်လုပ်ငန်းသည် ထုတ်လုပ်မှုကဏ္ဍ၏မောင်းနှင်အားဖြစ်လာကြောင်း ၎င်းကရေးသားခဲ့ပြီး မျှော်လင့်ချက်များ လည်း ကြီးကြီးထားနိုင်ကြောင်း ဆိုသည်။

ထို့ကြောင့် သင်သည် H+M တံဆိပ် Gap တံဆိပ် သို့မဟုတ် အခြားဈေးပေါသော ဆင်းရဲသော အရှေ့တောင်အာရှနိုင်ငံများမှ ချုပ်သော အထည်များကို ဝယ်ယူလိုပါလျှင် မကြာတင်သောကာလ၌ သင်၏အဝတ်ဆင်တွင် “Made in Myanmar”ဟူသော စာတန်းပါသောအဝတ်အထည်များကို မျှော်လင့်နိုင်ပြီ ဖြစ်သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive