Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၅.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဆက်ဆံရေးသစ်

*****************************************

ဆောင်းပါးကဏ္ဍ

ဆက်ဆံရေးသစ်

မိုးမြင့်ငြိမ်း

တရားဝင်မှုအားနည်းခဲ့

ဒီမိုကရေစီစနစ်ကို စတင်တည်ဆောက်နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးအခင်းအကျင်းမှာ နိုင်ငံ လက်ရှိ ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များအပေါ် တစ်စုံတစ်ရာအတိုင်းအတာထိ သက်ရောက်မှုရှိနိုင်သည်။ ဒီမိုကရေစီ အသွင်ကူး ပြောင်းဆဲဖြစ်သော ဖွံ့ဖြိုးတိုးတက်ဖို့ အားယူဆဲဖြစ်သော နိုင်ငံတစ်နိုင်ငံအဖို့ စီးပွားရေး၊ စစ်ရေးအင်အားကြီးနိုင်ငံဖြစ်သော အမေရိကန်နှင့် ဆက်ဆံရေးမှာ အမှန်တကယ်ပင် အရေးကြီးလေသည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ တံခါးပိတ်ထားသည့်အတွက်ကြောင့် နိုင်ငံတကာအစီအစဉ်အတိုင်း၊ ကမ္ဘာ့တိမ်း ညွှန့်ချက်များအတိုင်း လိုက်ပါခြင်းမရှိသည့်အပြင် မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးမှာလည်း ဘက်မလိုက်ရေးမူဝါဒအောက်တွင် ကမောက်ကမ ဖြစ်နေခဲ့သည်။ တနည်းဆိုရလျှင် အမျိုးသားအကျိုးစီးပွားထက် အာဏာရှင်စနစ်တည်မြဲရေးကိုသာ ဗဟိုပြုသည့် နိုင်ငံတကာဆက်ဆံရေးကြောင့် အာဏာ ပိုင်စနစ်ကို ကျင့်သုံးသည့် နိုင်ငံများနှင့် ပိုမို အလွမ်းသင့်ခဲ့သည်ဟုဆို၍ ရနိုင်သည်။ ထိုအတွက်ကြောင့် နိုင်ငံတကာမျက်နှာစာတွင် (အထူးသဖြင့် ဒီမိုကရေ စီနှင့် လူ့အခွင့်အရေးအကြောင်း အများဆုံးပြောဆိုလေ့ရှိသည့် အနောက်နိုင်ငံများ) မြန်မာနိုင်ငံ၏ တရားဝင်မှု အတော်ကြီး အားနည်းခဲ့ပါသည်။

ရေရှည်ဆက်ဆံရေးအတွက်

ယခု သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် ဦးစွာပထမ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးမှာ ပိုမို နွေးထွေးလာခဲ့သည်။ မြန်မာနိုင်ငံမှာလည်း ပိုမိုပွင့်လင်းသည့် ဘက်သို့ ဦးတည်သွားနေပြီဖြစ်ကြောင်း တစ်ခုပြီးတစ်ခု ပြောင်းလဲပြနေခြင်းဖြင့် သက် သေထူနေသည်။ တချိန်က ဒီမိုကရက်တစ်စံနှုန်းများဖြင့် မြန်မာနိုင်ငံအပေါ် သံသယကြီးခဲ့သည့် အမေရိကန်နိုင်ငံမှာ ယခုအစိုးရသစ်၏ မှန်ကန်မှုရှိသည့် ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုလာရတော့သည်။ နိုင်ငံအဆင့် သမိုင်းဝင် သံခရီးစဉ်များ၊ ကူးချည်သန်းချည် သံခင်းတမန်ခင်း နည်းဗျူဟာများဖြင့် ဝါရှင်တန်-နေပြည်တော် ဆက်ဆံရေးမှာ အိမ်မက်သဖွယ်ပင်ဖြစ်နေတော့သည်။ သို့သော် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ပေးအပ်လာသည့် တရားဝင်မှု မှာ ဒီမိုကရက်တစ်အိုင်ကွန် ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဟူသော ဆင်ခြင်မျိုးဖြစ်တော့ လုံလောက်မည်မဟုတ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လည်း နိုင်ငံ၏ အနာဂတ်အတွက် ထိုသို့သော ဆက်ဆံရေးမျိုးကို လိုချင်မည်မဟုတ်ပေ။ မြန်မာ- အမေရိကန် ရေရှည်တည်တံ့သည့် ဆက်ဆံရေးကို တည် ဆောက်နိုင်ဖို့ ထိုထက်ပိုသည့်ဘောင်မှ တရားဝင်မှုကို အသိအမှတ်ပြုဖို့ လိုသည်။

နိုင်ငံ၏ ဂုဏ်ကျက်သရေမြှင့်တင်သည့် ခရီးစဉ်

ယခု မြန်မာနိုင်ငံ၏ ထိပ်သီးနိုင်ငံခေါင်းဆောင်နှစ်ဦးဖြစ်သော သမ္မတဦးသိန်းစိန်နှင့် ကော့မှူးလွှတ်တော်အမတ်တို့ အမေရိကန်သို့ ရောက်ရှိနေ ကြပြီ ဖြစ်သည်။ စာရေးသူအမြင်၌ အာဏာရှိသူနှင့် သြဇာရှိသူနှစ်ဦးမှ နိုင်ငံ၏ ဂုဏ်ကျက်သရေကို မြှင့်တင်သည့် ခရီးစဉ်ဟု မြင်မိပါသည်။ ဒေါ်အောင် ဆန်းစုကြည်၏ နှုတ်ထွက်စကားတိုင်းသည် လူချစ်လူခင်ပေါသည့် ခေါင်းဆောင်တစ်ဦး၏ စေတနာနှင့် အားမာန်ပါသည့် စကားများအဖြစ် သြဇာညောင်း သလို ဆင်းရဲမွဲတေမှုလျော့ချရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ နိုင်ငံရေးဖြေလျှော့မှုများကို သူ၏ တစ်နှစ်သာသာ သက်တမ်းအတွင်း သိသိသာ သာကြီး ပြောင်းလဲအောင် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည့် သမ္မတဦးသိန်းစိန် ပြောဆိုချက်တိုင်းကလည်း အစိုးရ၏ မူဝါဒများပင် ဖြစ်နေ တော့သည်။

အမေရိကန်အတွက် အိမ်စာ

နိုင်ငံခေါင်းဆောင်နှစ်ဦး၏ ခရီးစဉ်အပြီးတွင်တော့ အမေရိကန်အနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး လုပ်စရာအိမ်စာ အကြွေးတစ်ခုရှိသွားပြီဟု စာရေးသူအနေဖြင့် သုံးသပ်မိသည်။ ယင်းမှာ သမ္မတဦးသိန်းစိန် စွဲစွဲမြဲမြဲတောင်းဆိုလာခဲ့သည့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ အပြီးတိုင် ဖယ် ရှားရေးဖြစ်သည်။ အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် အရေးယူပိတ်ဆို့မှုကို မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အနေအထားပေါ် ကြည့်ပြီး တစ်ဆင့်ခြင်း ဖယ်ရှားပေးလိုသည့် မူကိုသာ ကိုင်ထားလေသည်။ သို့သော် အမေရိကန်ခရီးစဉ်အတွင်း ယခင်က ဒီမိုကရေစီအပြောင်းအလဲ အတွက် အရေးယူပိတ်ဆို့မှုကို လိုလားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လရီကလင်တန်နှင့် တွေ့ဆုံစဉ် ပိတ်ဆို့မှုများဖယ်ရှားပေးဖို့ တောင်းဆိုလိုက်သည့်အခါ ဒီမိုကရက်တစ်ချန်ပီယံတစ်ဦး၏ ဝိတ်မှာ အမေရိကန်ကို အလုပ်များသွားစေမည်ဟု စာရေးသူ သုံးသပ်မိပါသည်။

နေပြည်တော်-ဘေဂျင်း ဆက်ဆံရေး

နေပြည်တော်- ဝါရှင်တန်ဆက်ဆံရေး အပေါင်းလက္ခဏဆောင်သည့် တိုးတက်မှုကိုချည်း ပြောဆိုနေရုံနှင့် မပြီး၊ နေပြည်တော်- ဘေဂျင်းဆက်ဆံ ရေးမှာလည်း မြန်မာနိုင်ငံအတွက် အထူးအရေးပါသည်။ လူလှိုင်းကြီး နှစ်လှိုင်းကြားတွင် ညပ်နေသည့် မြန်မာနိုင်ငံအဖို့ အန္တရာယ်များလည်း ရှိသလို အခွင့် အလမ်းများလည်း အမှန်တကယ်ရှိနေပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရားဥပဒေစိုးမိုးမှုနှင့် လူ့အခွင့်အရေးကို ဝါရှင်တန်ရှိ ပေါ်လစီမိတ်ကာ များနှင့် ပြောဆိုဆွေးနွေးသလို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်း အရေးကိစ္စများနှင့် ပတ်သက်ပြီးတော့လည်း ပေါ်လစ်ဗျူရို၏ သဘောထားကို သိ ထားသင့်ပေသည်။ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းအပြီးတွင် အမေရိကန်မှ အကျပ်အတည်းကို အဦးဆုံး လွန်မြောက်နိုင်ခဲ့သည့် တရုတ်အ ပေါ် မည်သို့ဆက်ဆံလာရသနည်းဆိုသည်မှာ အမှန်ပင် စိတ်ဝင်စားဖို့ကောင်းပေသည်။ ပေါ်လစ်ဗျူရိုကိုယ်တိုင်ပင် ကုန်သည်ကြီးများအသင်းလို ဖြစ်နေ သည့် ဘေဂျင်းအစိုးရ၏ သဘောထားနှင့် လုပ်ဆောင်ချက်များကို ရေရေလည်လည်သိနားလည်နေမှ မြန်မာနိုင်ငံတွင် ယခုဖြစ်ပေါ်နေသည့် တရုတ်စီးပွား ရေးလုပ်ငန်းကြီးများ၏ ဆောင်ရွက်ချက်များအပေါ် မည်သို့ ဆောင်ရွက်ရမည်နည်းဆိုသည်ကိုသာမက တရုတ်နှင့် ရေရှည်ဆက်ဆံရေး လမ်းကြောင်းကို လည်း ရှာတွေ့နိုင်မည်ဖြစ်ပါကြောင်း….။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၂၅.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. ပညာရေးဒုဝန်ကြီးကိုယ်တိုင် သင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲ
  2. ယုဇနကုမ္ပဏီ မောတောင်နယ်စပ်စခန်းလမ်းပိုင်း BOT ရုပ်သိမ်းခံရ

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ကတိများကို မဆောင်ရွက်နိုင်ပါက ပြန်ကြားရေးဝန်ကြီးအဖြစ်မှ နှုတ်ထွက်မည်ဟုဆို
  1. ဦးဌေးဦးက လွှတ်တော်ကိစ္စများ ဝင်ရောက်စွက်ဖက်ဟု ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌ စွပ်စွဲ
  1. ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့က အသိပညာပေးပွဲ ကျင်းပရန်စီစဉ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ပညာရေးဒုဝန်ကြီးကိုယ်တိုင် သင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲ

ရန်ကုန်၊ စက်တင်ဘာ ၂၅။

အခြေခံပညာကျောင်းများတွင် မူလတန်းမှ အလယ်တန်းအဆင့်အထိ လာမည့်ပညာသင်နှစ်မှစ၍ အင်္ဂလိပ်စကားပြောကို ဘာသာတစ်ရပ်အနေ နှင့် သင်ကြားရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကိုယ်တိုင် သင်ရိုးညွှန်းတမ်းရေးဆွဲနေကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းက ပြောကြားသည်။

“ဒုဝန်ကြီး အင်္ဂလိပ်အရမ်းကောင်းတာ၊ လက်တန်းပြောနိုင်တယ်၊ ကလေးတွေကိုလည်း သူ့လိုဖြစ်စေချင်တဲ့ စေတနာနဲ့ပါ” ဟု ယခင် နိုင်ငံခြားဘာ သာတက္ကသိုလ် ပါမောက္ခချုပ်ဟောင်းမှ ပညာရေးဒုဝန်ကြီးဖြစ်လာသူ ဦးဘရွှေနှင့်ပက်သက်၍ ၎င်းက ရှင်းပြသည်။

လက်တလောအနေနှင့် မူလတန်းမှလွဲ၍ အခြေခံပညာကျောင်းများတွင် အင်္ဂလိပ်စကားပြောကို အတန်းချိန်တစ်ချိန်ပေးကာ စတင်သင်ကြား နေပြီဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန လက်ထောက်ညွှန်းကြားရေးမှူးချုပ် ဒေါ်သစ်သစ်စိုးက ဆိုသည်။

“သင်ရိုးညွှန်းတန်းကတော့ ထွက်မလာသေးပါဘူး၊ အကျင့်ရအောင် စသင်ပေးနေတာပါ”ဟု ၎င်းက ပြောဆိုသည်။

ကလေးငယ်များကို အင်္ဂလိပ်စကားပြော စနစ်တကျ သင်ကြားတတ်မြောက်စေလိုပါက ဆရာမများကို အရင်ဆုံး သင်တန်းများပေးသင့်ကြောင်း နာမည်ကြီး ကျုရှင်ဆရာတစ်ဦးဖြစ်သူ ဂုဏ်ထူး ဦးသိန်းနိုင်က သုံးသပ်ပြောကြားသည်။

sweet

-----------------------------------------------------------------------------------------------------------------------------------

ယုဇနကုမ္ပဏီ မောတောင်နယ်စပ်စခန်းလမ်းပိုင်း BOT ရုပ်သိမ်းခံရ

ရန်ကုန်၊စက်တင်ဘာ ၂၅။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကွက်အများအပြားကို လုပ်ကိုင်ခွင့်ရရှိနေသော ကုမ္ပဏီတစ်ခုဖြစ်သည့် ယုဇနကုမ္ပဏီ၏ တင်္နသာရီတိုင်းဒေသကြီး မောတောင်နယ်စပ်စခန်း လမ်းပိုင်း BOT ကို ရုပ်သိမ်းခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးရန်နိုင်ထွန်း က ပြောကြားသည်။

ဖွင့်လှစ်တော့မည်ဟု မကြာခဏကြေညာခဲ့သော်လည်း လမ်းအချိန်မှီမပြီးစီးသည့်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းကို မဖွင့်နိုင်သဖြင့် ယုဇန ကုမ္ပဏီကို လုပ်ငန်းလုပ်ကိုင်ခွင့်ရုပ်သိမ်းရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"လမ်းပြီးရင်တော့ နယ်စပ်စခန်းကို စဖွင့်နိုင်မှာပါ"ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပက်သက်၍ ယုဇနကုမ္ပဏီ ရုံးချုပ်သို့ စက်တင်ဘာလ ၂၄ရက်နေ့တွင် ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာ မှတ်ချက်ပြု ပြော ကြားနိုင်ခြင်းမရှိပေ။

တစ်နိုင်ငံလုံးတွင် နယ်စပ်ကုန်သွယ်ရေးစခန်းအသစ်များ ထပ်မံတိုးချဲ့ဖွင့်လှစ်ပြီးနောက် ၂၀၁၂ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ကုန်သွယ်မူ ပမာဏမှာ ၂၀၁၁ ခုနှစ်ထက် ထက်ဝက်ကျော်မြင့်တက်ခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

sweet

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ကတိများကို မဆောင်ရွက်နိုင်ပါက ပြန်ကြားရေးဝန်ကြီးအဖြစ်မှ နှုတ်ထွက်မည်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၅။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသော ဦးအောင်ကြည်က ပေးထားသောကတိများကို မဆောင်ရွက်နိုင်ပါက ဝန်ကြီးအဖြစ်မှ နှုတ်ထွက်ပေးမည်ဖြစ်ကြောင်း ၎င်း၏ပြောစကားကို ကိုးကား၍ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်။

"ဝန်ကြီးက သူပြန်ကြားရေးကိုလာတာ ရယူဖို့မပါဘူး၊ ပေးဆပ်ဖို့သက်သက်ပါဘဲ၊ ဘာတွေကတိပေးရမလဲပြော...ပေးထားတဲ့ကတိတွေ မလုပ် ပေးနိုင်ရင် ..ထောက်ပြ ....ချက်ချင်းနုတ်ထွက်ပေးမယ်လို့ သူကိုယ်တိုင် နှုတ်ကပြောခဲ့တာ"ဟု ၎င်းက ဆိုသည်။

နေ့စဉ်ထုတ်သတင်းစာများကို လပိုင်းအတွင်း ထုတ်ဝေခွင့်ပြုမည်ဖြစ်ပြီး၊ မီဒီယာလွတ်လပ်ခွင့်များကို ဖော်ဆောင်သွားမည်ဟု ပြည်ထောင်စုဝန် ကြီးအဖြစ် စတင်တာဝန်ယူသော ရက်ပိုင်းအတွင်း သတင်းမီဓီယာများကို ဦးအောင်ကြည်က ထုတ်ဖော်ပြောကြားခဲ့သည်။

"မီဒီယာလောကအတွက် လမ်းစပွင့်လာပါပြီ"ဟု ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သူ မောင်ဝံသက သုံးသပ်ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့အပြောင်းအလဲတွင် သတင်းဂျာနယ် ၂စောင် အပိတ်ခံရမှုကြောင့် သတင်းမီဒီယာသမားများ၏ ဆန္ဒ ပြမှုများ ဖြစ်ပေါ်စေခဲ့သော ယခင်ဝန်ကြီး ဦးကျော်ဆန်း၏နေရာတွင် ၎င်းကို အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

sweet

-----------------------------------------------------------------------------------------------------------------------------------

ဦးဌေးဦးက လွှတ်တော်ကိစ္စများ ဝင်ရောက်စွက်ဖက်ဟု ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ စွပ်စွဲ

ရန်ကုန်၊ စက်တင်ဘာ ၂၅။

ပြည်တောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီတိုင်းဒေသကြီး ကြံ့ခိုင်ရေးအမတ်များကို အသုံးချ၍ လွှတ်တော်အတွင်း သြဇာလွမ်းမိုးနိုင်ရန်နှင့် ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းဆင့်က စက် တင်ဘာ လ၂၄ ရက်နေ့တွင်ပြုလုပ်သော လွတ်တော်အထူးအစည်းအဝေးတွင် စွပ်စွဲပြောကြားလိုက်သည်။

စက်တင်ဘာလ အလယ်ပိုင်းက ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဦးဌေးဦးက ဧရာဝတီတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီဝင်များကို လျှို့ဝှက်ခေါ်ယူတွေ့ဆုံစဉ် ပြောကြားခဲ့သည်များနှင့် ပက်သက်၍ ၎င်းက လွတ်တော်အထူးအစည်းအဝေးခေါ်ယူကာ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

"ခင်းများတို့အနေနဲ့ သေချာစဉ်စားကြဖို့လိုပါတယ်"ဟု နိုင်ငံရေးပါတီတစ်ခုက လွှတ်တော်အပေါ် သြဇာလွမ်းမိုးရန် ကြိုးစားမှုကို တွန်းလှန်ရန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကို တိုက်တွန်းပြောကြားသည်။

အဆိုပါ လွတ်တော် အထူးအစည်းအဝေးသို့ တက်ရောက်သတင်းယူရန် သတင်းမီဒီယာများကိုလည်း လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းဆင့်က လျှို့ဝှက် ခေါ်ယူခဲ့သည်။

ပြည်တောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၏ ပါတီညီလာခံကို မကြာမီရက်ပိုင်းအတွင်း ပြုလုပ်မည်ဖြစ်ပြီး၊ အဆိုပါညီလာခံမှ ပါတီခေါင်းဆောင် ပိုင်းများကို ပြန်လည်ရွေးချယ်မည်ဖြစ်ကြောင်း ယင်းပါတီဗဟိုအလုပ်အမူဆောင်တစ်ဦးက ပြောကြားသည်။

"အသက်ကြီးတဲ့သူတွေ၊ ပါတီအလုပ်မလုပ်တဲ့သူတွေကို နှုတ်ပယ်သွားမှာပါ"ဟု Yangon Chronicle နှင့်တွေ့ဆုံစဉ် ပြည်တောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောကြားခဲ့ဖူးသည်။

ပြည်ထောင်စု လွှတ်တော် ၂ရပ်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များတွင် ကြံ့ခိုင်ရေးပါတီဝင် ကိုယ်စားလှယ်အများစု အနိုင်ရရှိ ထားသည်။

sweet

-----------------------------------------------------------------------------------------------------------------------------------

ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့က အသိပညာပေးပွဲ ကျင်းပရန်စီစဉ်

စက်တင်ဘာ ၂၄ရက်နေ့ နေ့လည် ၃နာရီမှစတင်၍ သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းမကြီးပေါ်ရှိ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရုံးချုပ်၌ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုမြအေးနှင့် ကိုဌေးကြွယ်တို့မှ ၎င်းတို့သွားရောက်ခဲ့ ကြသည့် ခရီးစဉ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ခုအား ပြုလုပ်ကြောင်း သိရသည်။

"ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အစ်ကိုတို့ ၈၈ကျောင်းသားအဖွဲကို ဖိတ်ကြားခဲ့တဲ့ ခရီးစဉ်တွေပေါ့။ အဲဒီမှာ မုံရွာက လက်ပံတောင်းတောင်ကိစ္စ၊ ကချင်ပြည်နယ် ဖားကန့်ကိစ္စတွေကို သွားရောက်လေ့လာခဲ့ပါတယ်။ ပြီးတော့ ဒေသခံတွေနဲ့ တွေ့ဆုံတယ်။ ပြည်သူတွေကိုလည်း အစ်ကိုတို့က တတ်နိုင် သလောက် ကူညီခဲ့ပါတယ်"ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုပြုံးချိုက ပြောကြားသည်။

ထို့နောက် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဂျင်မီမှ ၎င်းကိုယ်တိုင် သွားရောက်လေ့လာခဲ့သည့် မုံရွာမြို့နယ် လက်ပံ တောင်းတောင်ကျေးရွာရှိ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သတင်းမီဒီယာသမားများအား ရှင်းလင်းပြောကြားသည်။

"ကျွန်တော်တို့ ဒီ လက်ပံတောင်းတောင်က ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ရွာပေါင်း ၂၆ရွာ ရွှေ့ရမှာပါ။ အခုလောလောဆယ်တော့ ၂၂ရွာရှိသွား ပြီ။ နောက်ထပ် ၄ရွာကျန်သေးတယ်။ ကျွန်တော်တို့က ဒီလက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်ပြီး အကောင်းဆုံးအခြေအနေနဲ့ လုပ်ခဲ့ပါတယ်။ အဲဒီအခြေ အနေက ဘာလဲဆိုတော့ ပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး တော်တော်အားနည်းနေတာကို တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလှုပ် ရှားမှုမှာ ပညာရှင်တွေကော အနုပညာရှင်တွေရဲ့ သိမြင်နိုးကြားမှုပြုလုပ်ဖို့ ဒီပတ်ဝန်းကျင်ထိန်းသိမ်းဆောင်ရွက်ဖို့ အားနည်းနေတဲ့အတွက် ကျွန်တော်တို့ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ကပဲ ဒီအခြေအနေကို မြှင့်တင်ဖို့လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ဆွေးနွေးပွဲလိုမျိုးတစ်ခုလုပ်မယ်။ ပညာ ရှင်တွေနဲ့ အနုပညာရှင်တွေကော ပြီးတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ အဓိက ကတော့ လက်ပံတောင်းတောင်က ခံစားနေရတဲ့ ကိုယ်စား လှယ်တွေကိုဖိတ်ပြီး လုပ်မှာပါ။ ကျွန်တော်တို့ကလည်း ဒီကိစ္စကို သေသေချာချာ စနစ်တကျလုပ်မှာပါ။ ကမ်ပိန်းလုပ်တယ်လို့ ပြောလို့ရပါတယ်။ ဧရာဝတီ လို နိုင်ငံခြားသားတွေလည်း ပါလာအောင်လုပ်မှာပါ။ အဓိကထားတဲ့ အချက်ကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်နဲ့ ဒေသခံလူတွေ နစ်နာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လုပ်တာပါ"ဟု ကိုဂျင်မီက ပြောကြားသည်။

အဆိုပါနှီးနှောဖလှယ်ပွဲနှင့် ပတ်သက်၍ စက်တင်ဘာလ ၃၀ရက်နေ့တွင် ရန်ကုန်မြို့နယ် ရွှေဂုံတိုင်မှတ်တိုင်းအနီးရှိ တော်ဝင်နှင်းဆီ၌ ကျင်းပပြု လုပ်ရန်စီစဉ်ထားကြောင်း သိရှိရပြီး ယင်းသတင်းစာရှင်းလင်းပွဲ၌ ဖားကန့်ဒေသ ငြိမ်းချမ်းရေးကိစ္စရပ်နှင့် ပတ်သက်၍ ကိုမင်းကိုနိုင်က ရှင်းလင်းပြောကြား သွားပြီး ရခိုင်ဒေသတွင်းကိစ္စရပ်နှင့် ပတ်သက်၍ ကိုကိုကြီးက ပြောကြားကြောင်း သိရှိရသည်။

ATM

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

….ဆိုတော့အုပ်ချုပ်ရေးအကြီးအကဲတန်းပေါ့လေ လွှတ်တော်ဥက္ကဠနဲ့ ပြိုင်ဆိုင်မှုရှိတယ်ဆိုတာကရော အလားအလာကောင်းပါသလား၊ နိုင်ငံတစ်ခုရဲ့ နိုင်ငံ ရေးစနစ်အတွက် healthy  ဖြစ်ပါသလား။

ဒီဟာကတော့ ပုဂ္ဂိုလ်ရေးအမြင်နဲ့ဝိုင်းမြင်တာ မကောင်းပါဘူး။ တစ်ကယ်ဆိုလို့ရှိရင် ဒီလိုအုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ ဥပဒေပြု ပိုင်းဆိုင်ရာ ကြားထဲမှာပြောရ တာ၊ ဆိုရတာ၊ ငြင်းရတာ၊ ခုန်ရတာ ဖြစ်တယ်ဆိုတာ ဒါ ဒီမိုကရေစီနိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတာပဲ။ အခု ဒီအမေရိကန်ပြည်ထောင်စုမှာတောင်မှ ဘတ် ဂျက်နဲ့ပတ်သက်လို့ အုပ်ချုပ်ပိုင်းဆိုင်ရာနဲ့ ဥပဒေပြုပိုင်းဆိုင်ရာမှာ ငြင်းကြ၊ ခုန်ကြနဲ့ တစ်ချိန်တခါတုန်းကဆိုလို့ရှိရင် ဝန်ထမ်းတွေတောင်မှ လခမပေးတာ အထိ ဖြစ်သွားတယ်မို့လား။…ဆိုတော့ အဲဒါမျိုးကတော့ ဖြစ်လေ့ဖြစ်ထပဲ။ တစ်ခုတော့ရှိတာပေါ့။ ကျွန်မတို့နိုင်ငံအတွက် ဒီမိုကရေစီ လုပ်ပုံ၊ လုပ်နည်းတွေ က သိပ်ပြီးတော့ စိမ်းနေသေးတဲ့အခါကျတော့ ဒီဟာတွေကို အစိုးရိမ်လွန်တဲ့ဟာတွေလည်းရှိတယ်။ နောက်ပြီးတော့ ဘေးကလည်း ဝိုင်းပြီးတော့ ပုဂ္ဂိုလ် ရေးပြဿနာလို့ဖြစ်ပေါ်အောင်လို့ မြင်ကြလို့ပဲလား၊ အဲလိုဖြစ်အောင်လို့ တိုက်တွန်းကြလို့ပဲလား။ ဒါမျိုးလေးတွေကတော့ ရှိတာပေါ့။

စက်တင်ဘာ ၂၄ရက်နေ့ထုတ် Messenger Journal အတွဲ (၃) အမှတ် (၁၈) တွင်ပါရှိသည့် “ဒေါ်အောင်ဆန်းစုကြည်နှင့် ဗွီအိုအေ သီးသန့် တွေ့ဆုံမေးမြန်းခန်း”မှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

အဲဒီတော့ ဒီ Peace Process လုပ်တဲ့အခါမှာ အချက် ၆ချက်နဲ့ကိုက်ညီဖို့ လိုတယ်။ နံပါတ် (၁) အချက်က နိုင်ငံတော်ကို ခေါင်းဆောင်တဲ့ သမ္မတကြီး ကိုယ်တိုင်က ဒါကိုလိုလိုလားလားနဲ့ လုပ်ချင်တဲ့စိတ် ရှိဖို့လိုတယ်။ အခု သူဒီစိတ်ရှိလို့ ကျွန် တော်တို့ကို ခိုင်းတာပေါ့ဗျာ။ နံပါတ် (၂) ပြည်သူလူထုသန်း ၆၀ သန်းကလည်း ဒါကိုလိုလိုလားလားရှိရမှာပေါ့။ ပြည်သူလူထုမှာ အစိုးရလည်း ပါတာပေါ့ဗျာ။ လွှတ်တော်ကလည်း ပါတာပေါ့ဗျာ။ ဒါ ကျွန်တော်ခြုံပြီး ပြော လိုက်တာပါ။ နံပါတ် (၃) ကတော့ တိုင်းရင်းသားတွေကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးလိုချင်တဲ့စိတ် ရှိရမယ်။ သူတို့မရှိဘူးဆိုရင် ကျွန်တော်ခေါ်တိုင်း လည်း သူတို့ဘယ်လာမလဲဗျာ။ နံပါတ် (၄) သူတို့နဲ့ ရင်ဆိုင်နေတဲ့တပ်ကလဲ ငြိမ်းချမ်းရေးကို လိုလိုလားလားနဲ့ လိုချင်တဲ့စိတ် ရှိရမယ်။ နံပါတ် (၅) နိုင်ငံတ ကာကလည်း ထောက်ခံအားပေးမှု လိုအပ်တယ်။ အရင်တုန်းက တိုင်းရင်းသားတွေနဲ့ စကားပြောတဲ့အခါမှာ နိုင်ငံတကာအဖွဲ့အစည်းတွေက အစိုးရကိုမယုံ နဲ့၊ မပြန်ကြနဲ့၊ ဒီလိုစကားမျိုးပြောတာပေါ့။ အခု နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ထောက်ခံလာပြီ။ နံပါတ် (၆) ကတော့ Player တွေကောင်းဖို့ လို တယ်။

စက်တင်ဘာ ၂၄ရက်နေ့ထုတ် Messenger Journal အတွဲ (၃) အမှတ် (၁၈) တွင်ပါရှိသည့် “နယ်စည်းမခြားဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ ဆုံခြင်း”မှ ဦအောင်မင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

စာပေစီစစ်ရေးနေရာမှာ အစားထိုးထားတာပါပဲ။ သိပ်ပြီးရှုပ်ထွေးနေတဲ့ကာလမို့ ဘာမှသိပ်ပြီး ပြောလို့မရသေးဘူး။ အရင်တုန်းက အမြုတေကောင်စီက လူတွေပဲ တော်တော်များများပါတယ်။ ဘာမှမဆိုင်တဲ့လူတွေလည်းပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေလို မဟုတ်တဲ့အတွက် နောက်ပြဿနာတွေဘာ တွေ ဖြစ်လာရင် ပြောင်းလဲဖွဲ့စည်းရမယ့် Transactions က အရမ်းခက်တယ်။ မကောင်းတာကို မဝေဖန်သင့်ဘူး။ အပြုသဘောပြောဖို့က စောသေးတယ်။ အပြင်လူပါတာ နည်းနည်းရှားပါတယ်။ ဒီမှာက ဒီလူတွေဘဲရှိတာဘဲ။ လွတ်လပ်တဲ့လူတွေနဲ့ ဖွဲ့စည်းဖို့သင့်တယ်။ ဒီလူတွေ တချို့ဝန်ထမ်း(အငြိမ်းစား) တွေ ပါတယ်။ အပြစ်ပြောနေတာမဟုတ်ပါဘူး။ အဲတော့ လုပ်ပိုင်ခွင့်က ရှိမှာမဟုတ်ဘူး။ မီဒီယာဥပဒေရေးဆွဲတာက လုပ်ထုံး၊ လုပ်နည်းတွေ ဖြစ်လာမှ ရေးဆွဲ တာ ပိုကောင်းပါတယ်။ အခြေခံဥပဒေလည်းရှိနေတာပဲ။ စာရေးဆရာတွေနဲ့ ဂျာ နယ်လစ်တွေအပေါ်မှာ စိတ်ကောင်းစေတနာကောင်းထားဖို့ ပြောချင်ပါ တယ်။

စက်တင်ဘာလ ၂၄ရက်နေ့ထုတ် True News Journal အတွဲ (၄) အမှတ် (၅၁) တွင်ပါရှိသည့် "မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဖွဲ့ စည်းမှုအပေါ် သူတို့အမြင်" ဆောင်းပါးမှ စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive