Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၃.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. စပါးဈေးတိုးမြှင့်ရေး တောင်သူအသင်းတောင်းဆို
  2. မြဝတီနှင့် မူဆယ်နယ်စပ်ဂိတ်များတွင် FDA ဌာနစတင်ဖွင့်လှစ်ပြီ
  3. အိမ်ခြံမြေဈေးနှုန်းကြီးမြင့်မှုများအတွက် ဈေးနှုန်းထိန်းချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီ

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအစည်းအဝေးကျင်းပ
  1. ပါတီညီလာခံတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရွေးချယ်မည့်သတင်း ဦးဌေးဦးငြင်းဆို

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

စပါးဈေးတိုးမြှင့်ရေး တောင်သူအသင်းတောင်းဆို

တောင်သူတို့၏ဘဝ အဆင်ပြေချောမွေ့စေရေးအတွက် နိုင်ငံတော်အရန်ဆန်ဝယ်ယူရေးကော်မတီမှ စပါးဈေးတိုးမြှင့်ဝယ်ယူရေး တောင်သူလယ် သမားအသင်းက တောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“နိုင်ငံတော်က တောင်သူတွေဆီက အရန်ဆန်ဝယ်ယူရာမှာ စပါးဈေးကိုတိုးမြှင့်ဝယ်ယူပေးဖို့အတွက် တောင်းဆိုသွားမှာပါ။ ဧည့်မထစပါး ၄၆ ပေါက်ကိုက်ရိုးရိုးကို တင်း ၁၀၀ ဆိုရင် ကျပ် ၃၃၀၀၀၀ နဲ့ဝယ်ယူဖို့နဲ့ ဧည့်မထအထူးကို ၃၅၀၀၀၀ ဈေးနှုန်းတွေနဲ့ ဝယ်ယူဖို့အတွက် တောင်းဆိုသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ယခုနှစ်ပိုင်းတွင် လယ်ယာမြေအများအပြား ရေကြီး၍ နစ်မြှုပ်ခဲ့ရသည့်အတွက် ဆန်ဈေးကြီးမြင့်လာခဲ့ခြင်းကြောင့် ယင်းကိစ္စအား ထိန်းသိမ်းရန် နိုင်ငံတော်မှအရန်ဆန်များအား ဈေးကွက်ပေါက်ဈေးထက်နိမ့်ကာ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းအနေဖြင့် ရေကြီး၍ လယ်ယာမြေနစ်မြှုပ်၍ စပါးသုံးသိန်းကျော်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား ဓာတ်မြေသြဇာအိတ်တစ်သိန်းကို ကာလရှည်အတိုးမဲ့အကြွေးစနစ်ဖြင့် ဖြန့်ချီရောင်းချပေးသွားမည် ဖြစ်ပြီး ယင်းဓာတ်မြေသြဇာများကို ခြောက်လဆိုင်းအကြွေးဖြင့် အစိုးရပေါက်ဈေးအတိုင်း ဖြန့်ချီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်ပေါက်ဈေးအတိုင်းဖြန့်ပေးသွားမှာပါ။ အတိုးပေးစရာမလိုပါဘူး။ ခြောက်လဆိုင်းပါ။ ဒီအတွက် အာမခံပေးနိုင်မည့်သူလိုပါတယ်။ ဒါ့ ကြောင့် တောင်သူတွေ အသင်းအဖွဲ့တွေ အမြန်ဆုံးဖွဲ့စည်းနိုင်ဖို့လိုအပ်ပါတယ်”ပာု မြန်မာနိုင်ငံဆန်စပါးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မကြာသေးမီကဖွဲ့စည်းခဲ့သည့် တောင်သူလယ်သမားအသင်းအနေဖြင့် တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာပေးနိုင်ရေးအတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် စိုက်ပျိုးရေးသင်တန်းများ ဖွင့်လှစ်သွားရန်ရှိကြောင်း သိရသည်။

                YC

-----------------------------------------------------------------------------------------------------------------------

မြဝတီနှင့် မူဆယ်နယ်စပ်ဂိတ်များတွင် FDA ဌာနစတင်ဖွင့်လှစ်ပြီ

မြဝတီနှင့် မူဆယ်နယ်စပ်ဂိတ်များတွင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန(FDA) စစ်ဆေးရေးစခန်းနှစ်ခုကို စက်တင်ဘာလ အတွင်း စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း FDA မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြဝတီနဲ့ မူဆယ် ၁၀၅ မိုင်နယ်စပ်ဂိတ်တွေမှာ FDA က စစ်ရေးစခန်းနှစ်ခုကို ဖွင့်လှစ်လိုက်ပါပြီ။ ဒီလိုဖွင့်လှစ်လိုက်တဲ့အတွက် တရားမဝင် ကုန် စည်စီးဆင်းမှုတွေ လျော့ကျသွားနိုင်ပါတယ်။ ပြီးတော့ FDA အနေနဲ့ ကျန်တဲ့ နယ်စပ်ဂိတ်စခန်း ၁၁ မှာလည်း စစ်ဆေးရေးစခန်းတွေ ဆက်ဖွင့်သွားဦး မှာပါ။ ဘယ်တော့လောက်ဖွင့်ဖြစ်မယ်ဆိုတာတော့ မသိသေးပါဘူး”ပာု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

ယခုကဲ့သို့ နယ်စပ်ဂိတ်များတွင် FDA ကစစ်ရေးစခန်းများဖွင့်လှစ်လိုက်သည့်အတွက် နယ်စပ်မှ ကုန်ပစ္စည်းတင်သွင်းသူများအနေဖြင့် အချိန်ကုန် သက်သာစွာဖြင့် ကုန်သွယ်နိုင်မည်ဖြစ်ပြီး တရားမဝင်ကုန်စည်စီးဆင်းမှု ပြဿနာများမှာလည်း ပပျောက်သွားစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ခု တရုတ်ဘက်ကနေ မြန်မာနိုင်ငံထဲကို တရားမဝင်ဆေးဝါးတွေ၊ အစားအသောက်တွေ၊ ဆီတွေ၊ ကုန်ပစ္စည်းတွေ ဝင်ရောက်လာပါတယ်။ ဒီ ပစ္စည်းတွေက ဘယ်လောက်အထိ ဆိုးကျိုးပေးနိုင်သလဲဆိုရင် လူတွေရဲ့အသက်ကို ထိခိုက်နိုင်လောက်တဲ့အထိကို စွမ်းဆောင်ရည်ရှိပါတယ်။ ဒါတွေကို ကာကွယ်နိုင်ဖို့အတွက် ခုလို နယ်စပ်စခန်းတွေမှာ FDA ကစစ်ဆေးရေးစခန်းတွေ လာဖွင့်တာ အရမ်းပဲကောင်းပါတယ်”ပာု ကုန်သည်တစ်ဦးက ပြောကြား သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံမှ တရားမဝင်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိပြီး နယ်စပ်မှောင်ခိုကူးသန်း ရောင်းဝယ်မှုများမှ လည်း အဆမတန်ကြီးထွားလျက်ရှိကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------

အိမ်ခြံမြေဈေးနှုန်းကြီးမြင့်မှုများအတွက် ဈေးနှုန်းထိန်းချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီ

မြန်မာနိုင်ငံအတွင်း အိမ်ခြံမြေဈေးနှုန်းကြီးမြင့်နေမှုများအားထိန်းချုပ်နိုင်ရန် အစိုးရနှင့် ပုဂ္ဂလိကတာဝန်ရှိသူများပါဝင်သည့် ဈေးနှုန်းထိန်းချုပ် ရေးအဖွဲ့ ဖွဲ့စည်း၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့သော အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မြန်မာမိ သားစုနှင့်တွေ့ဆုံပွဲတွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်နေမှုများအတွက် မေးခွန်းမေးမြန်းမှုအပေါ် ဦးစိုးသိန်းက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ် သည်။

''မြန်မာနိုင်ငံမှာ စက်မှုဇုန်မြေတွေ စက်ရုံတွေရဲ့ မြေတွေဈေးကြီးနေသလို ကွန်ဒိုမီနီယံတွေပါ ဈေးလိုက်ကြီးနေတယ်။ ကျွန်တော်တို့ ဘန်ကောက် မှာ လေ့လာခဲ့တဲ့အခါကျတော့ ဘန်ကောက်မှာက price control လုပ်တဲ့ ကော်မတီတစ်ခုကို ဖွဲ့ပေးထားတယ်။ အဲဒီအဖွဲ့က တန်ဖိုးသတ်မှတ်ပေးတယ်။ ဒါ ကြောင့် ကျွန်တော်တို့နိုင်ငံမှာလည်း price control လုပ်နိုင်ဖို့ အဖွဲ့ဖွဲ့ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ သူ့ဟာသူလုပ်လို့မရဘူး။ သူလည်း ပါမယ်။ အစိုးရလည်းပါမယ်''ဟု လည်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။

ယင်း Price Control အဖွဲ့အား ရန်ကုန်နှင့် မန္တလေးမြို့များတွင် စတင်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကာ အိမ်ခြံမြေဈေးနှုန်းများ၏ ကျသင့် တန်ဖိုးအား Transparent ဖြစ်နိုင်စေရန် သင်းစာများတွင်ထည့်ခြင်း၊ ဗီနိုင်းကပ်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိဈေးကွက်အတွင်း ဖြစ်ပေါ် လျက်ရှိသည့် အိမ်ခြံမြေ အရောင်းအဝယ်များအား ထိုက်သင့်သည့်ဈေးနှုန်းဖြင့် ရောင်းဝယ်နိုင်ရေးကိုလည်း အခွန်စနစ်ဖြင့် ထိန်းသိန်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

''အိမ်ခြံမြေဈေးတွေ သင့်တော်တဲ့ နှုန်းထားနဲ့ ဖြစ်ပေါ်လာဖို့ကို tax နဲ့ ထိန်းရမှာပေါ့။ tax နဲ့ မြေကြီး ဈေးကျအောင်လုပ်မယ်။ တိုက်ခန်းတွေ ကိုလည်း tax နဲ့ပဲ ထိုက်သင့်တဲ့ level ရောက်အောင် ကျွန်တော်ဆွဲချမယ်''ဟု ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ယခုကဲ့သို့ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ လျော့ကျသွားနိုင်သည့်အပြင် မြန်မာ နိုင်ငံအတွင်းရှိ အခြေခံလူတန်းစာများအနေဖြင့်လည်း အိမ်ပိုင်ရနိုင်စွမ်း နည်းပါးလျက်ရှိကြောင်း သိရသည်။

Ref:Eleven Media Group

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများပြုလုပ်နိုင်ရန် သတင်းအချက်အလက်၊ နည်းပညာဆိုင်ရာအရာရှိကြီးများနှင့် ဆက် သွယ်ရေးဥပဒေပြုသူများကောင်စီတို့၏ ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို အောက်တိုဘာလ ၂ ရက်နေ့တွင် ပုဂံမြို့ရှိ ရွှေနန်းတော် ပာိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးတွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းထွန်းက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍအား ပုဂ္ဂလိကကဏ္ဍပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် ပြုပြင်ပြောင်းလဲမှုများ ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်အခါကောင်းသည့်အတွက် မကြာ မီ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများမှ ယှဉ်ပြိုင်ဆောင်ရွက်မှုများ ဆောင်ရွက်ရတော့မည်ဖြစ်ပြီး ယခု ပြုပြင်ပြောင်းလဲမှု အစပျိုးချိန်တွင် မိမိတို့မှ တယ်လီဖုန်းအော်ပရေတာ တင်ဒါခေါ်ယူရေးအတွက် နိုင်ငံတကာအကြံပေးကုမ္ပဏီများ ဖိတ်ခေါ်၍ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဆက်သွယ်ရေး ဥပဒေမှာလည်း လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ထားပြီး ပြည်သူ့လွှတ်တော်တွင် ဖတ်ကြားဆွေးနွေးနိုင်တော့ မည်ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာမှ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများလည်း ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အောက်တိုဘာလ ၄ ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေပြုသူများအဖွဲ့နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများ၏ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများမှ ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်းလုပ်ကိုင်သူကုမ္ပဏီများပါဝင် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------

ပါတီညီလာခံတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရွေးချယ်မည့်သတင်း ဦးဌေးဦးငြင်းဆို

လာမည့် အောက်တိုဘာလဒုတိယပတ်တွင် ကျင်းပမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗပိာုအစည်းအဝေးတွင် ပါတီဥက္ကဋ္ဌသစ် ပြန်လည်ရွေးချယ်မည့်ဆိုသည့် သတင်းအား ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ငြင်းဆိုကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Popular News ဂျာနယ်တွင် ဖော်ပြပါရှိသည်။

“ပါတီမှာ ရှိနေတဲ့သူတွေနဲ့လည်း ဖြစ်နေတာပဲဆိုတော့ အသစ်ပြန်ရွေးချယ်ဖို့ အစီအစဉ်မရှိပါဘူး။ ပါတီဥက္ကဋ္ဌရဲ့ တာဝန်တွေကိုတော့ ဒုဥက္ကဋ္ဌက လွှဲပြောင်းရယူသွားမှာပါ။ ဥက္ကဋ္ဌနေရာကိုတော့ လွှဲပြောင်းမှာမပာုတ်ပါဘူး”ပာု ဦးဌေးဦးက ပြောကြားခဲ့ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Popular News ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ပထမအကြိမ်နိုင်ငံလုံးကျွတ် ပါတီညီလာခံတွင် ပါတီဥက္ကဋ္ဌသစ်ပြန်လည်ရွေးချယ်သွားမည်ပာု ပြင်ပ၌ သတင်းများထွက်ပေါ် လျက်ရှိပြီး ယင်းသတင်းထွက်ပေါ်မှုများမှာ ပာုတ်မှန်ခြင်းမရှိကြောင်း ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးက ပြောကြားခဲ့ပြီး ယင်းပါတီအစည်းအဝေးတွင် ဗပာို အလုပ်အမှုဆောင်သစ် ပြန်လည်ရွေးချယ်ခြင်း၊ အဖွဲ့ဝင်အင်အားတိုးချဲ့ခြင်းနှင့် ပါတီမှရှေ့ဆက်လုပ်ဆောင်မည့်ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ဒီပါတီအစည်းအဝေးမှာ အရင်ပါတီဥက္ကဋ္ဌပောာင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့နေရာမှာ ဥက္ကဋ္ဌသစ်ရွေးချယ်သွားမယ်ဆိုတာ မပာုတ်ပါဘူး။ တာဝန်တွေပြန်ခွဲမယ်။ ဗပိာုအလုပ်အမှုဆောင်အင်အား တိုးချဲ့မယ်။ ရှေ့ဆက်လုပ်ဆောင်မယ့်လုပ်ငန်းတွေပဲ လုပ်ဆောင်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြီးခဲ့သည့် ၂၀၁၀ အငြင်းပွားဖွယ်ရွေးကောက်ပွဲတွင် အနိုင်အများစုရရှိခဲ့သည့် ပါတီတစ်ခုဖြစ် ပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်မှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံခဲ့ရသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“ရေဒီယိုကတစ်ဆင့် ကျွန်မပါတီဝင်ပေါင်းများစွာ အဖမ်းခံနေရတယ်ဆိုတာ သိခဲ့ပါတယ်။ များသောအားဖြင့် သူတို့ကို အခန်း ၅နဲ့ ဖမ်းတာများပါတယ်။ အခန်း ၅ဆိုတာက ၁၉၅၀မှာ သူတို့အခေါ် အရေးပေါ်အခြေအနေတွေ ဖြစ်ရင်သုံးဖို့ ထုတ်ခဲ့တဲ့ ဥပဒေပါ။ အဲဒီကာလမှာတုန်းက ပုန်ကန်မှု အရှုပ်အထွေး တွေ အများကြီးရှိခဲ့တာကိုး။ အဲဒီဥပဒေကို နောက်ပိုင်းမှာ ကျွန်မတို့နိုင်ငံရေးသမားတွေက အမြင်ကတ်ပုဒ်မလို့ ခေါ်ကြတယ်။ သူတို့သည်းမခံနိုင်ရင် အမြင် ကတ်ရင် လူတစ်ယောက်ကို ငါးနှစ်လောက် ထောင်ချလိုက်လို့ရတယ်။ ပြီးရင် ပုဒ်မအမျိုးမျိုးတပ်ပြီး အနှစ်၂၀လောက်အထိ ချလိုက်လို့ရတယ်။ ဒီတော့ ကျွန်မကိုယ်တိုင် ကြုံတွေ့ရတဲ့အတွေ့အကြုံအရ မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတာ နားလည်သွားစေခဲ့ပါတယ်”

အောက်တိုဘာ ၃ရက်ထုတ် Express Time ဂျာနယ် အတွဲ (၂) အမှတ် (၂၈) တင်ပါရှိသည့် “တရားဥပဒေစိုးမိုးမှုမရှိဘဲ ကျွန်မတို့တိုင်းသူပြည်သားတွေဟာ ဘယ်တော့မှ အကြောက်တရားက လွတ်မှာမဟုတ်ဘူး” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------

“စာအုပ်ကြီးအတိုင်းကိုင်ပေါက်နေလို့ ဘယ်တေ့မှမပြီးဘူး။ အဲဒီတော့ နားလည်မှုကိုအခြေခံပြီး သဘောထားပျော့ပျောင်းစွာနဲ့ ဒီပြဿနာကို ဖြေရှင်းမယ်လို့ ယုံကြည်ပါတယ်။ အခုက သုံးယောက်တစ်တန်းနဲ့ စည်းကမ်းတကျ ပြသွားတာပဲ။ ပြည်သူတွေ စည်းကမ်းရှိလာပြီ။ အဲဒီအပေါ်မှာ အစိုးရအနေနဲ့ ယုံကြည် မှုရှိရမယ်”

စက်တင်ဘာ ၄ရက်ထုတ် Envoy ဂျာနယ် အတွဲ (၃) အမှတ် (၂၀) တွင်ပါရှိသည့်“ဆန္ဒဖော်ထုတ်သူများ၏ လှုပ်ရှားမှုများ ငြိမ်းချမ်းစွာပြီးဆုံးသွားသည် ဆိုလျှင် အုပ်ချုပ်ရေးပိုင်းမှ နားလည်မှုပေးသင့်သည်ဟုဆို”သတင်းမှ ကိုမင်းကိုနိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------

“အခုဖြစ်ပေါ်ခဲ့တဲ့ကိစ္စဟာ နေ့ချင်းညချင်းအဖြေရှာနိုင်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။ မိမိတို့အစိုးရအနေနဲ့ ရေတိုရေရှည် စီမံချက်များ ချမှတ်ပြီး နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး ရှုထောင့်ပေါင်းစုံမှ ချဉ်းကပ်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ မိမိနယ်စပ် စည်းမျဉ်းတွေလုံခြုံဖို့ ဆောင်ရွက်ခွင့်၊ နိုင်ငံအချုပ်အခြာအာဏာကို ကာကွယ်နိုင်ပိုင်ခွင့်နှင့် ကာကွယ်နိုင်ခွင့်ရှိတယ်လို့လည်း ကျွန်တော်တို့အနေနဲ့ ရိုးသား စွာ ယုံကြည်ပါတယ်”

စက်တင်ဘာ၎ရက်ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၄) အမှတ် (၃၈)တွင်ပါရှိသည့် "နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ ညီလာခံ တွင် ရခိုင်အရေးထည့်သွင်းပြောကြား" သတင်းမှ သမ္မတဦးသိန်းစိန်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြည်သူအများကြား တရားဝင်မှုတည်ဆောက်မှသာ

*****************************************

ဆောင်းပါးကဏ္ဍ

ပြည်သူအများကြား တရားဝင်မှုတည်ဆောက်မှသာ

မိုးမြင့်ငြိမ်း

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသည် မှန်ကန်မှုရှိသည့် အပြောင်းအလဲများကို စနစ်တကျ ဆောင်ရွက်သွားနိုင်ခဲ့ခြင်းကြောင့် ကမ္ဘာ ၏ တရားဝင်အသိအမှတ်ပြုမှု ရရှိပြီးပြီ ဖြစ်သည်။ ပြည်တွင်း၌လည်း နိုင်ငံရေးစနစ်အပြောင်းအလဲအပေါ် ပြည်သူများ၏ ယုံကြည်မှုမှာ တဖြည်းဖြည်း တိုးမြှင့်လာလျက်ရှိသည်ကို တွေ့မြင်ရသည်။ စီးပွားရေးအပြောင်းအလဲများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်အတွက် ပြည်သူအများ အပြောင်းအလဲကို တိုက်ရိုက်ခံစားခွင့် မရှိသေးသော်လည်း နိုင်ငံရေးအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးအပြောင်းအလဲကိုတော့ အထူး မျှော်လင့်မိကြသည်မှာ အမှန်ပင်ဖြစ်သည်။

သတ်မှတ်ပြဋ္ဌာန်းပြီး အပြောင်းအလဲ၏ ဂယက်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာ အနောက်နိုင်ငံများလို ပြည်သူများ၏ နိုးကြားမှုဖြင့် အသွင်ကူးပြောင်းခဲ့သည့် bottom-up model မျိုးမဟုတ်။ သတ်မှတ်ပြဋ္ဌာန်းပြီး အပြောင်းအလဲလို့ဆိုရမည့် imposed transition ဖြင့် အသွင်ကူးပြောင်းခဲ့ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အကြီး အကဲများ၏ ကြီးမှူးမှုဖြင့် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ ယခင်တပ်မတော် တပ်ချုပ်ကြီး သန်းရွှေ၏ အာဏာနေရာ ခွဲဝေ ချထားမှု (power allocation) နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ပုံဖော်လာရသည်ဆိုလျှင် အတိုင်းအတာတစ်ခုထိတော့ မှန် ကန်မှုရှိသည်။

နိုင်ငံတကာအသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံ၏ အပြောင်းအလဲအပေါ် အပေါင်းလက္ခဏာဆောင်သည့် တိုးတက်ဖြစ်ထွန်းမှုများအဖြစ် အသိအမှတ် ပြုကြသော်လည်း စနစ်အတွင်း ပြုပြင်ပြောင်းလဲမှု လိုလားသူခြင်း မညီမညွတ်ဖြစ်နေခြင်းကိုတော့ ဝေဖန်ထောက်ပြကြသည်။ ဤသို့ဖြစ်ရခြင်း၏ အ ကြောင်းရင်းကို စီစစ်ကြည့်လျှင် ယခင်နိုင်ငံတော်အကြီးအကဲ တပ်ချုပ်ကြီး၏ အာဏာနေရာခွဲဝေချထားမှုကြောင့် သမ္မတနှင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ကြား တင်းမာမှု ပေါ်ပေါက်လာရသည်ဟု ဆိုနိုင်သည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌လည်း အစိုးရအဖွဲ့ဝင်မှာ ပါတီဝင်မဖြစ်ရဟု ပြဋ္ဌာန်းထားသည့် အတွက်ကြောင့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတို့မှာ အာဏာခွဲဝေကျင့်သုံးမှု ပီပီပြင်ပြင်ရှိလှသည်ဟု ဆိုနိုင်သည်။ ထို့အတွက်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ခုံရုံး ကိစ္စကိုကြည့်လျှင် အုပ်ချုပ်ရေးအာဏာနှင့် ဥပဒေပြုရေး အာဏာကြား နိုင်ငံရေးညီညွတ်မှုအပ်ကြောင်း ဖြစ်သွားနိုင်သည်အထိ ပြင်းထန်သည့် အာဏာ လွန်ဆွဲပွဲတစ်ရပ်ဖြစ်သည်ဟု ကောက်ချက်ချ၍ ရနိုင်သည်။

သမ္မတအပေါ် ထောက်ခံမှု

နိုင်ငံတကာမှ သမ္မတဦးသိန်းစိန်ကို ချီးကျူးကြသည့်အချက်မှာ လူထုဆန္ဒမပါသည့် သတ်မှတ်ပြဋ္ဌာန်းပြီး အပြောင်းအလဲအပေါ် နိုင်ငံရေး စေတနာဖြင့် ပြည်သူအများမျှော်လင့်သည့် ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် နိုင်ငံရေးဖြေလျှော့မှုများ၊ ပွင့်လင်းမြင်သာမှုများ ဖြစ်ပေါ်အောင် တဖြည်းဖြည်းဆောင်ရွက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ သမ္မတအနေဖြင့် နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်၊ မဝင်ဆိုခြင်းမှာ ယခုအချိန်ထိတိုင် တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသော်လည်း လာမည့်ရွေးကောက်ပွဲကို ဝင်မည်ဆိုလျှင်တော့ ပြည်တွင်း၌ လူထုထောက်ခံမှုကို ယခုထက်ရရှိအောင် ဆောင် ရွက်နိုင်မှဖြစ်မည်။ တနည်းဆိုရလျှင် ကိုယ်လူ့အဖွဲ့အစည်းအတွင်း၌ ကိုယ့်ရဲ့တရားဝင်မှုကို တည်ဆောက်နိုင်ရန်ပင် ဖြစ်သည်။ ယခုတွင်ရော တည် ဆောက်နိုင်ပြီလောဟု မေးစရာရှိလာသည်။ အောက်တိုဘာ ၁ ရက်နေ့က သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်မှ မြန်မာပြည်သို့ပြန်အလာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်သူအများ သောင်းသောင်းဖြဖြ ကြိုဆိုကြသည်ကို ကြည့်ခြင်းအားဖြင့် “ဒါဟာ ငါတို့နိုင်ငံ၏ သမ္မတကြီး” ဟူသော ခေါင်းဆောင်တစ်ဦးအပေါ် ယုံကြည်မှုကို ပြည်သူများတွင် ရှိလာပြီဟု ဆိုနိုင်သည်။

ခေါင်းဆောင်နှင့် ပြည်သူများ တရားဝင်မှု အနေအထား

မြန်မာနိုင်ငံသည် လူလတ်တန်းစားဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုမဟုတ်သေးသည့်အပြင်၊ ဒီမိုကရေစီနိုင်ငံရေးစနစ်ဖြင့် ဆယ်စုနှစ်ပေါင်း များစွာ ကင်းကွာနေခြင်းကြောင့် ပြည်သူများကြားတွင် ဒီမိုကရက်တစ် နိုင်ငံရေးယဉ်ကျေးမှုထွန်းကားဖို့ အချိန်ယူတည်ဆောက်ရဦးမည် ဖြစ်သည်။ ထိုသို့ တည်ဆောက်ရာတွင် မြန်မာနိုင်ငံတွင် အများစုဖြစ်သော အခြေခံလူတန်းစားများ၏အကျိုးကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်သူမှာ ပြည်သူများအကြား တွင် ယုံကြည်အားထားလောက်သည့် ခေါင်းဆောင်အဖြစ် ပေါ်ထွန်းလာပေဦးမည်။ တနည်းဆိုရလျှင်ခေါင်းဆောင်နှင့် ပြည်သူများအကြား တရားဝင်မှု အနေအထား (elite-mass legitimacy) မြင့်မားလာဖို့ပင် ဖြစ်သည်။ ဒီမိုကရက်တစ်အိုင်ကွန် ဒေါ်အောင်ဆန်းစုကြည်မှာ ထိုသို့ ပြည်သူအများ၏ ချစ်ခင် လေးစားမှုကို ရယူထားနိုင်ပြီးဖြစ်သည်။ ယခုနိုင်ငံရေးအပြောင်းအလဲများကြောင့် ပြည်သူအများ၏ ထောက်ခံမှု တဖြည်းဖြည်းတက်လာသည့် သမ္မတဦးသိန်းစိန်အနေဖြင့်လည်း သူ၏ စီးပွားရေးမူဝါဒနှစ်ရပ်ဖြစ်သည့် ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကျန် သည့် သမ္မတသက်တမ်းအတွင်း ထင်သာမြင်သာသည့် ရလဒ်ပေါ်ထွန်းအောင် ဆောင်ရွက်နိုင်ပါက သူ၏ခေါင်းဆောင်မှုအပေါ် ပြည်သူအများက ပိုမို ယုံကြည်လာမည်ပင်ဖြစ်သည်။ အသစ်ပေါ်ထွန်းလာသည့် မြန်မာနိုင်ငံသည် နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေး တည် ဆောက်ရေးဆိုသည့် စိန်ခေါ်မှုများကို ကြုံတွေ့ နေရသည်ဖြစ်ရာ သမိုင်းဝင်အချိုးအကွေ့ဟုလည်း ဆို၍ရနိုင်သည်။ ယင်းစိန်ခေါ်မှုများကို ကျော်လွှား သွားနိုင်ဖို့ရာမှာ နိုင်ငံရေးအင်အားစုများနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရုံမျှမက ပြည်သူအများပါ ပူးပေါင်းပါဝင်နိုင်အောင် ဆောင်ရွက်နိုင်ဖို့လိုအပ်ပါ ကြောင်း….။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive