Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၆.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ထိုင်းစီးပွားရေးလုပ်ငန်းများကို နိုင်ငံခြားတွင်ရင်းနှီးမြှပ်နှံမှု တိုးချဲ့ရန်တိုက်တွန်း

(5 October 2012ရက်စွဲပါ Bernamaမှ “Thai businessmen uged to expand investment overseas”ကို ဘာသာပြန် ဆိုသည်။)

  1. Obama ကမြန်မာနိုင်ငံနှင့် ပတ်သက်သော ငွေကြေးဥပဒေကို အတည်ပြု

(6 October 2012ရက်စွဲပါ China News Asia မှ Obama signs Myanma finance bill into Laws ကိုဘာသာပြန်ဆိုသည်။)

  1. ဗုဒ္ဓဘာသာ ဆန့်ကျင်ရေး အကြမ်းဖက်မှုကို မြန်မာသံဃာတော်များ ကန့်ကွက်ဆန္ဒပြ

(AFP Newsမှ 5 Oct 2012ရက်စွဲပါ “Myanmar monks protest anti-Buddhist unrest” ကိုဘာသာပြန်ဆို သည်။)

  1. မြန်မာနိုင်ငံကို အကူအညီပေးရေးအတွက် မှန်ကန်သောလုပ်ဆောင်ချက်များ

(The Straits Times သတင်းစာမှ 3 Oct 2012 ရက်စွဲပါ Rights Moves to help Myanmar ကိုဘာသာပြန်ဆိုသည်)

*********************************

ထိုင်းစီးပွားရေးလုပ်ငန်းများကို နိုင်ငံခြားတွင် ရင်းနှီးမြှပ်နှံမှု တိုးချဲ့ရန်တိုက်တွန်း

(5 October 2012ရက်စွဲပါ Bernama မှ “Thai businessmen uged to expand investment overseas”ကို ဘာသာပြန် ဆိုသည်။)

The Board of Investment of Thailand(BOI)သည်ထိုင်းနိုင်ငံစီးပွားရေး လုပ်ကိုင်သူများအား ၎င်းတို့နှင့်ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံခြားတွင် တိုး ချဲ့ရန် အားပေးခဲ့ပြီး မြန်မာ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား ကဲ့သို့သော အိမ်နီးချင်းနိုင်ငံ များတွင်၎င်းတို့၏ ဈေးကွက် ဆွဲဆောင်မှုအပေါ် ကြည့်၍ တိုးချဲ့ ရင်းနှီး မြှုပ်နှံရန် တိုက်တွန်းခဲ့ကြောင်း ထိုင်းသတင်း အေဂျင်စီင်္က သတင်းဖော်ပြပါသည်။

BOI ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် Vassana Mututanoutက သောကြာနေ့တွင် သတင်းထောက်များသို့ ပြေကြားရာတွင် သူ၏အေဂျင်စီ သည် ထိုင်းတို့၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ အထူးသဖြင့်အောက်ပါ အိမ်နီးချင်း သုံးနိုင်ငံတွင် လာမည့်သုံးနှစ်မှ ငါးနှစ်အတွင်း တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုများ ပိုမို လုပ်ဆောင်နိုင်ရန် မြှင့်တင်ပေးသွားမည်ဟု ဆိုသည်။

သူ၏အဆိုအရ ၂၀၀၇မှ၂၀၁၂ အတွင်းထိုင်းစီးပွားရေး လုပ်ငန်းများသည်၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့ရာတွင် မြန်မာနိုင်ငံတွင် အများဆုံး ဖြစ်ပြီး ဒေါ်လာ(၅.၉၇)ဘီလီယံ၊ ဟောင်ကောင်တွင် ဒေါ်လာ(၃.၇) ဘီလီယံ အသီးသီး ရှိသည်။ ရင်းနှီးမြှုပ်နှံသော နယ်ပယ်များမှာ သတ္ထုတူးဖော်ခြင်း၊ ရေနံ တူးဖော်ခြင်း၊ ငါးဖမ်းလုပ်ငန်း၊ ပင်လယ်စာနှင့် လက်လီလက်ကား ရောင်းဝယ်ရေး နယ်ပယ်များ ဖြစ်ကြောင်းသိရှိရသည်။

ထိုင်းလုပ်ငန်း အများဆုံး အောင်မြင်ရသော လုပ်ငန်းများမှာ စိုက်ပျိုးရေး၊ စားသောက်ကုန် ထုတ်လုပ်ခြင်း ၊ခရီးသွား လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ် ငန်းများ ဖြစ်ကြောင်း Vassanaက ဖြည့်စွက်ပြောကြားသည်။

--------------------------------------------------------------------------------------------------------------------

Obamaက မြန်မာနိုင်ငံနှင့် ပတ်သက်သော ငွေကြေးဥပဒေကို အတည်ပြု

(6 October 2012ရက်စွဲပါ China News Asia မှ Obama signs Myanma finance bill into Laws ကိုဘာသာပြန်ဆိုသည်။)

အမေရိကန် ပြည်ထောင်စု သမ္မတ Barack Obama သည်မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ကိုထောက်ပံကညီသည့် အနေဖြင့် နိုင်ငံ တကာငွေကြေး အဖွဲ့အစည်းများအပေါ် အမေရိကန် ပံ့ပိုးရာတွင် လွယ်ကူစေမည့် ဥပဒေတစ်ရပ်ကို သောကြာနေ့က လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ ဥပဒေကို ပြီးခဲ့သည့်လတွင် ကွန်ဂရက်က သဘောတူ၍ ဆက်လက်ပေးပို့ ခဲ့ခြင်းဖြစ်သည်။ အမေရိကန် ဘဏ္ဍာရေး ဌာနက ပြောကြားရာ တွင် ယခုဥပဒေကို အတည်ပြုခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ပီပြင်သော စီးပွားရေး မူဝါဒကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး ၊အပယ်ခံ နိုင်ငံအား ကမ္ဘာ့စီးပွားရေးတွင် ပြန်လည်နိုးထ လာနိုင်ရေးအတွက် အထောက်အကူ ပေးနိုင်မည်ဖြစ်သည်။

အမေရိကန် သမ္မတ၏ အမိန့်ဖြင့် အမေရိကန် ကိုယ်စားပြုသူများသည် ဥပဒေ၏ အမိန့်အာဏာ အပ်နှင်းရေးအရ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများ မှတစ်ဆင့် ငွေကြေးအကူအညီများ ကူညီပေးနိုင်မည် ဖြစ်သည်။

“အဲဒီဥပဒေကို အကောင်အထည် ဖော်ခြင်းကြောင့် အဆိုပါ အင်စတီကျူးရှင်းများသည် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွင် ကောင်းမွန်တဲ့ အုပ် ချုပ်ရေး၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုတွေ တိုးတက်လာအောင် လုပ်ဆောင်ပေးမယ့် မူဝါဒတွေ လုပ်ဆောင်ချက်တွေကို အမေရိကန်အနေနဲ့ ပုံဖော်ပေးနိုင် စွမ်း ရှိလာမှာ ဖြစ်ပါတယ်”ဟု ဘဏ္ဍာရေးဝန်ကြီး Neal Wolinက ပြောကြားခဲ့သည်။

ယခုObama၏ လုပ်ဆောင်ချက်သည် အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံမှ သွင်းကုန်များ ပိတ်ပင်ထားခြင်းကို ဖြေလျှော့ပေးမည်ဟု ကြေညာခဲ့ပြီး တစ်ပတ်အကြာတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယခုလုပ်ဆောင်မှုကို ကွန်ဂရက်နှင့် ဆက်စပ်၍ ဖော်ဆောင်သည်ဖြစ်ရာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမိုင်းဝင် အမေရိကန် ခရီးစဉ်တွင် အရေးယူမှုများ ပိတ်သိမ်ပေးရန် တောင်းဆိုခဲ့ပြီး တစ်ပတ်အကြာတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဝါရှင်တန်သည် ပြီးခဲ့သည့် ဇူလိုင်က မြန်မာ နိုင်ငံတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ရန် အရေးယူထားမှုအား ဖယ်ရှားပေးခဲ့သည်။

-------------------------------------------------------------------------------------------------------------------

ဗုဒ္ဓဘာသာ ဆန့်ကျင်ရေး အကြမ်းဖက်မှုကို မြန်မာသံဃာတော်များ ကန့်ကွက်ဆန္ဒပြ

(AFP Newsမှ 5 Oct 2012ရက်စွဲပါ “Myanmar monks protest anti-Buddhist unrest” ကိုဘာသာပြန်ဆို သည်။)

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် မွတ်စလင်များက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများနှင့် နေအိမ်များကို တိုက်ခိုက်ဖျက်ဆီး ကြခြင်းအပေါ် သံဃာတော် ၁၀၀ခန့်က ရန်ကုန်မြို့တော် တွင်မနေ့က ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်မြို့တော်ရှိ ဘင်္ဂလားဒေ့ရှ်သံရုံး၏ အပြင်ဘက်တွင် ခေတ္တခဏ ဆန္ဒပြခဲ့ကြသော သံဃာတော်များက “ကမ္ဘာမြေသည် လူတိုင်းအတွက် ဖြစ် သည်။ မွတ်စလင် များအတွက် သာမဟုတ်” “ဗုဒ္ဓဘာသာကို စော်ကားခြင်း ရပ်ဆိုင်းပါ” စသောစာတမ်းများကို ကိုင်ဆောင်ထား ခဲ့ကြသည်။

သံဃာတော်များ လူစုခွဲကြရန် ရဲတပ်ဖွဲ့က တောင်းဆိုပြီးနောက်တွင် ဆန္ဒပြပွဲပြီးဆုံးသွား ခဲ့သည်။ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ရခိုင် ဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာ မူစလင်များအကြား သွေးမြေကျ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သော ဇွန်မှစ၍ နှစ်နိုင်ငံနယ်စပ် တစ်လျှောက်တွင် ကြီးထွား လာခဲ့ခြင်း ဖြစ်သည်။

နိုင်ငံမဲ့ လူသားများ ဖြစ်နေကြသော မွတ်စလင် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ရွှေ့ပြောင်းနေထိုင် ကြသူများဟု မြန်မာအစိုးရနှင့် ပြည်သူအများစုက သတ်မှတ်ထားကြသည်။

ဖော်ပြပါ ဘုန်းကြီးကျောင်းများနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရသော အကြမ်းဖက်မှုနှင့် ပတ်သက်၍ လူပေါင်း၃၀၀ခန့် နီးပါးကို ဖမ်းဆီးထားသည် ဟု ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာသည်။

--------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံကို အကူအညီပေးရေးအတွက် မှန်ကန်သောလုပ်ဆောင်ချက်များ

(The Straits Times သတင်းစာမှ 3 Oct 2012 ရက်စွဲပါ Rights Moves to help Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာသမ္မတ ဦးသိန်းစိန် ပြီးခဲ့သည့် ရက်သတ္တပတ် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ရာတွင် သယ်ဆောင်သွားသည့် သတင်းစကား ဖြစ် သော "မြန်မာ့ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်းပြန် မလှည့်နိုင်ပါ" ဟူသည်ကို ယခုအခါ အာရှအစိုးရများ ကောင်းစွာသိရှိ ထားပြီဖြစ်သည်။

သို့သော် အမေရိကန်ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၏ ဦးတည်ချက်ဖြစ်သော အခင်းအကျင်းသစ်တစ်ခု ပေါ်ပေါက်ရေးမှာ တစ်မျိုးတစ်ဖုံ ဖြစ် သည်။ စစ်အစိုးရ၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှု၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖိနှိပ်ချုပ်ခြယ်မှု အစရှိသည်တို့ကြောင့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီး သံတမန် ဆက်ဆံရေး အဆင့်ချခဲ့သည့် အမေရိကန် ပြည်ထောင်စုသည် ယခုအကြိမ်တွင် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး များကို လုပ်ကိုင် ပေးလာသည်။

အာဆီယံ အစိုးရ များသည်လည်း အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် နိုင်ငံတစ်နိုင်ငံကို အထီးကျန်ဖြစ်အောင် ပြုလုပ်သည့် နည်းလမ်း များအကြောင်း မည်သည့်အခါကမျှ နက်နက်နဲနဲ မစဉ်းစားခဲ့ကြပေ။ ခုတ်ရာတခြားရှရာတခြား ဖြစ်မည့်အရေး အတွက်မျှသာ စိုးရိမ်ခဲ့ကြသည်က များပါသည်။

သို့သော် အာရှနိုင်ငံများက ရွေးကောက်တင်မြှောက်ခံ မြန်မာအစိုးရက လုပ်ဆောင်နေသည့် ဒီမိုကရေစီ ဖော်ဆောင်ရေး အဆင့်များကို လူသိရှင် ကြား ကျောထောက်နောက်ခံ ပြုနေစဉ် အမေရိကန်နှင့် ဥရောပတို့သည် နောက်ဆုံးအချိန်အထိ ဘေးဖယ်ဆိုင်းနေဦးမည်ဟု သိရှိနားလည်ခဲ့ကြသည်။

 အကြောင်းမှာမြန်မာနိုင်ငံတွင် ခိုင်မာမှုရှိပြီး နောက်ကြောင်းပြန်မလှည့်နိုင်သော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပေါ်ထွန်းရန် နည်းလမ်းရှာနေဆဲ ဖြစ်သောကြောင့်ပင်။

မြန်မာခေါင်းဆောင် ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်း မိမိအနေဖြင့် တိုင်းပြည်အရေး ကိစ္စများကို ကိုင်တွယ်ဖြေရှင်း ရာတွင် မည်မျှ အတိုင်းအတာအထိ လိမ္မာပါးနပ်မှုရှိသည်ဟူသောအချက်ကိုထုတ်ဖော်ပြသခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်း ပြောဆိုခဲ့မှု မှာ ၎င်း၏ မြန်မာပြည်တွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး သတင်းစကားများအား တစ်ကမ္ဘာလုံးသို့ ဖြန့်ဝေပေး နိုင်ရေးအတွက် ပလက်ဖောင်း တစ်ခုသဖွယ် ဖြစ်စေခဲ့သည်။

ထို့အတူ Asia Societyဖိုရမ်သို့ တက်ရောက်ပြီး မေးခွန်းများကို ဖြေကြားပေးခဲ့ခြင်းမှာလည်း ရည်ရွယ်ချက်ရှိရှိပင် ဖြစ်သည်။ ပို၍သိသာ ထင်ရှား သည်မှာ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ဂုရုတစ်ဦးဖြစ်သူ ဟန်နရီ ကစ်ဆင်းဂျားအား ဟီလာရီကလင်တန်နှင့် ဘီလ်ကလင်တန် တို့နှင့်အတူ တွေ့ဆုံခဲ့မှု ပင်ဖြစ် သည်။

သမ္မတဦးသိန်းစိန်၏ သမိုင်းဝင် အမေရိကန် ပြည်ထောင်စုခရီးစဉ်ကို ကြိုဆိုသောအားဖြင့် သမ္မတ အိုဘားမား အစိုးရက မြန်မာ့ပို့ကုန်ကန့်သတ် ပိတ်ပင်မှုအား ပြန်လည်ဖယ်ရှား ပေးလိုက်ပြီး ကုန်သွယ်မှုများ ပေါ်ပေါက်လာအောင် လမ်းခင်းပေးသည်။

သမ္မတဦးသိန်းစိန်သည် ဘရပ်ဆဲလ်မြို့သို့ သွားရောက်လည်ပတ်ရန်လည်း ဖိတ်ကြားခြင်း ခံထားရသည်။ဥရောပသမဂ္ဂ (အီးယူ)သည်လည်း မြန်မာ နိုင်ငံ နှင့် ဥရောပအကြားကုန်သွယ်ရေးဆက်ဆံမှုများပြန်လည်ပေါ်ထွန်းလာရေးအတွက် လုပ်ကိုင် ဆောင်ရွက်လျက်ရှိနေပြီဖြစ်သည်။

အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံတွင်း လူမှုရေးနှင့် နိုင်ငံရေး တရားမျှတမှုများ၊ ကောင်းမွန်သော လူ့အဖွဲ့အစည်း တည်ဆောက်ရာတွင် အထောက် အပံ့ပေးနိုင်မည့် အလုပ်ကိုင်နှင့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်စေမည့် ဖွံ့ဖြိုးမှုများကို ကာလကြာရှည်စွာ အသားပေးခဲ့သည်။

အနောက်နိုင်ငံများမှ နိုင်ငံစုံပါ ကော်ပိုရေးရှင်းကြီးများ မြန်မာပြည်တွင်းသို့ အစုလိုက် အပြုံလိုက် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းနေခြင်းသည် မြန်မာပြည်၌ ကာလကြာရှည်စွာ အခြေချလုပ်ကိုင်နေသည့် အာရှရင်းနှီး မြှုပ်နှံသူများအတွက် ယှဉ်ပြိုင်မှုကြီး တစ်ရပ်ကို ပေါ်ထွန်းစေမည့် သဘောပင် ဖြစ် သည်။ သို့သော် အဆိုပါ ယှဉ်ပြိုင်မှုသည် စီးပွားရေးအတွက် ကောင်းမွန်သည်ဟုပင်ဆိုရပါသည်။ မြန်မာနိုင်ငံတွင်းမှ ထွက်ပေါ်နေသော အရိပ်လက္ခဏာ များမှာလည်း အပြုသဘော ဆောင်လျက်ရှိသည်။

အစိုးရအဖွဲ့တွင်း ရာထူးပြောင်းလဲ ခန့်အပ်မှုများ ပြုလုပ်ရာ၌ ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ်ရှိသူများကို အရေးကြီးသော နေရာများတွင် အစားထိုး ခန့်အပ်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် ကြားခံဆက်သွယ် ပေးသူအဖြစ် တာဝန်ယူခဲ့သည့် ဦးအောင်ကြည်အား ပြန်ကြား ရေး ဝန်ကြီးအဖြစ် ခန့်အပ်လိုက်မှုမှာ ထင်ရှားသော သာဓကပင်ဖြစ်သည်။

ထို့ပြင် သမ္မတ ဦးသိန်းစိန်က အကယ်၍ လာမည့်၂၀၁၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသာ အနိုင် ရရှိမည်ဆိုပါက မိမိအနေဖြင့် သူမအား သမ္မတအဖြစ် လက်သင့်ခံနိုင်ပါသည်ဟုပင် ပြောဆိုခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် မြန်မာသမ္မတ အဖြစ် တင်မြှောက်ခံရရေး ဟူသည့်ကိစ္စမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ်တွင် လုံးဝမူတည် လျက်ရှိသည်။

သမ္မတ ဦးသိန်းစိန်၏ မှတ်ချက်မှာ အသေအချာ မစဉ်းစားဘဲ ရမ်းသန်းပြောဆိုမှု တစ်ခုဖြစ်နိုင်သလို မြန်မာပြည်သူများ၏ ဆန္ဒကို အမှန်တကယ် အလေးထားပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စစ်မှန်သော မျိုးချစ်စိတ်ကို အရင်းခံကာ ပြောဆိုမှုလည်း ဖြစ်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အနာဂတ်က အဆိုပါကိစ္စများကို သူ့ဘာသာသူ ဖြေရှင်းသွားလိမ့်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမအနေဖြင့် တိုင်းပြည်ညီညွတ်ရေး၊ တိုးတက်ဖွံ့ ဖြိုးရေး နှင့် တရားမျှတမှု ရှိရေးအစရှိသည် တို့အတွက် သူမ၏ အောင်မြင်ကျော်ကြားမှုနှင့် ဂုဏ်သတင်း ပျံ့နှံ့မှုတို့ကို အရင်းတည်ကာ စတင်လုပ်ကိုင် သင့်ပြီဖြစ် သည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၅.၁၀.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ထိုင်း-မြန်မာရေနက်ဆိပ်ကမ်း စီမံကိန်းလမ်းကြောင်းပေါ်ပြန်ရောက်

(5 October 2012 ရက်စွဲပါ  The Nation မှ Thailand-Myanmar deep-sea port projects' back on track ' ကိုဘာသာပြန်သည်)

  1. မြန်မာရိုဟင်ဂျာကိစ္စဆိုင်ရာ အစည်းအဝေး ဒိုဟာတွင်ကျင်းပ

(Gulf Times မှ 4 oct 2012 ရက်စွဲပါ “ Doha hosts meetings on Plight of Myanmar Muslims “ သတင်းကိုဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

ထိုင်း-မြန်မာရေနက်ဆိပ်ကမ်း စီမံကိန်းလမ်းကြောင်းပေါ်ပြန်ရောက်

(5 October 2012 ရက်စွဲပါ  The Nation မှ Thailand-Myanmar deep-sea port projects' back on track ' ကိုဘာသာပြန်သည်)

ထိုင်းဝန်ကြီးချုပ် Yingluck နှင့် မြန်မာသမ္မတဦးသိန်းစိန်တို့သည် ပြီးခဲ့သည့်အပတ်က နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အရန်တွေ့ဆုံမှုအဖြစ် တွေ့ဆုံဆွေးနွေးမှုများအရ ကြန့်ကြာနေသော ထားဝယ်စီမံကိန်းသည် မကြာမီတိုးတက်မှုများ ရှိလာတော့မည် မျှော်လင့်ရသည်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်နေရာများကို သွားရောက်ကြည့်ရှုရန် စီစဉ်ထားသည်။ တချိန်တည်းမှာပင် အီတာလျံ-ထိုင်းသည် ဆိပ်ကမ်းဆောက်လုပ်ရေှးနှင့် ထိုင်းနယ်စပ်မှ လမ်းဆက်သွယ်မှုတို့နှင့် ပတ်သက်၍ စာချုပ်ကိုယခုလ လက်မှတ်ရေးထိုးနိုင်လိမ့်မည် မျှော်လင့်နေသည်။

“အစပိုင်းမှာတော့ နှစ်နိုင်ငံအစိုးရဟာ ဒီစီမံကိန်းမှာ ဘတ်ဂျက်ထည့်ဝင်ပြီး၊ ပုဂ္ဂလိကတွေကို ဒီစီမံကိန်းမှာ သူတို့ရဲ့ ထောက်ခံပံ့ပိုးမှုရှိကြောင်း အချက်ပေးမှာဖြစ်ပါတယ်။”ဟု ဝန်ကြီးချုပ်၏ အကြံပေးဘုတ်အဖွဲ့ အကြီးအကဲနှင့် ပြန်လည်တည်ဆောက်ရေးနှင့် အနာဂါတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာကော်မတီ ဒါရိုက်တာ Pansak Vinyarath ကပြောကြားခဲ့သည်။

၎င်းကမီဒီယာများသို့ ယမန်နေ့က ပြောကြားရာတွင် အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့သည် ထိုင်းနှင့် မြန်မာတို့ရှိ စီးပွားရေးဇုန်များကြား ချိတ်ဆက်ဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မာစတာပလန်( master plan) ကို မူကြမ်းရေးဆွဲလျက်ရှိသည်။

၎င်းတွင်အဓိကအစီအစဉ်ခြောက်ခု ပါဝင်သည်။ ၎င်းတို့မှာ ထားဝယ်စီးပွားရေးဇုန်ရှိ အခြေခံအဆောက်အဦးဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးနှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး၊ စည်းမျဉ်းဥပဒေများ တိုးတက်မှုရှိရေးနှင့် ဘဏ္ဍာရေးအရထောက်ပံ့ကူညီရေး တို့ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနသည် လုပ်ငန်းအကြံပေးပေးအဖွဲ့ထူထောင်၍ ထိုင်း၊ မြန်မာ နှင့် ဂျပန်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကကြားနှင့် အခြားရန်ပုံငွေအရင်းအမြစ်များအကြား သင့်လျော်သော ငွေကြေးနှင့် အစုရှယ်ယာဖွံ့ဖြိုးမှုများကို စဉ်းစားပေးရန် လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ပြောသည်။ ထိုသို့လုပ်ဆောင်ရန် ကတ်ဘိနက်မှ အတည်ပြုချက်ရယူလျှက်ရှိကြောင်း ၎င်းကဖြည့်စွက်ပြောသည်။ ထို့နောက် ထိုင်းအစိုးရသည် ညှိနှိုင်းရေးတာဝန်များကို ကိုင်တွယ်ရန် တရားဝင်လုပ်ငန်းအုပ်စုတစ်ခု တည်ထောင်မည် ဖြစ်သည်။

ထို့အတူ ယမန်နေ့က ဘန်ကောက်ရှိ Japan External Trade Organization (Jetro) မှ ဥက္ကဌသည် စက်မှုဝန်ကြီး Pongasvas Svasti နှင့် ထားဝယ်စီမံကိန်းအကြောင်း ဆွေးနွေးခဲ့သည်။ တွေ့ဆုံအပြီးတွင် Pongasvas ကပြောကြားရာတွင် Jetro သည် ထားဝယ်ရေနက်စီမံကိန်းတွင် ၎င်းပါဝင်မှုကို အတည်ပြုပြောကြားခဲ့သည် ဟု ဆိုသည်။ ပြီးခဲ့သည့် အပတ်က ခေါင်းဆောင်နှစ်ဦး နယူးယောက်တွင် တွေ့ဆုံအပြီး၌ မြန်မာဒုတိယဝန်ကြီးနှင့် ထိုင်းဒုတိယဝန်ကြီး Kittiratt Na-Ranong တို့ဥက္ကဌ အဖြစ်ပါဝင်သော ပူးတွဲကော်မတီကိုဖွဲ့စည်းခဲ့ကြောင်း စက်မှုဝန်ကြီးက Jetro သို့သတင်းပေးခဲ့သည်။

“ရင်းနှီးမြှပ်နှံမှု အစီအစဉ်ကို နိုဝင်ဘာလမှာကြေညာနိုင်လိမ့်လို့ မျှော်လင့်ရပါတယ်။ ဒါမှသာ ဘယ်အပိုင်းမှာ ဘယ်နိုင်ငံ၊ ဘယ်ပုဂ္ဂလိကနဲ့ နိုင်ငံသုံးနိုင်ငံပူးတွဲရင်းနှီးမြှပ်နှံမှုတွေ ထည့်ဝင်ရမယ်ဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်”ဟု Pongsvas ကပြောသည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံးကန်ထရိုက်တာဖြစ်သော Italian-Thai Development သည် ထားဝယ်တွင် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတည်ဆောက်ရန်နှောင့်နှေးကြန့်ကြာနေသော စီမံကိန်းသည် ဒေါ်လာ ၈.၆ဘီလီယံ(၂၃၆) ထက်ပို၍ ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားသည်။

အီတာလျံ-ထိုင်းဥက္ကဌ Premchai Kamasuta ကပြောကြားရာတွင် ကုမ္ပဏီအနေဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးကန်ထရိုက်စာချုပ် ချုပ်ဆိုနိုင်မည်ဟု မျှော်လင့်နေသည်။

“ကုမ္ပဏီအနေနဲ့ အစက ရေနက်ဆိပ်ကမ်းကို ၂၀၁၅မှာ ပြီးမယ်လို့ရေးဆွဲထားပေမယ့် ၂၀၁၄နှစ်ဦးပိုင်းမှာ ပြီးမယ်လို့ ပြောင်းလဲခန့်မှန်းလိုပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါကန်ထရိုက်စာချုပ်တွင် ထိုင်းနယ်စပ်နှင့် ဆက်သွယ်သော ကီလို ၁၆၀ ရှည်သောလမ်းလည်း ပါဝင်သည်။ ဆိပ်ကမ်းသည် ဒေါ်လာ(၃)ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး၊ လမ်းသည် ဒေါ်လာ(၁) ဘီလီယံကုန်ကျမည် ဖြစ်သည်။ စီမံကိန်းတွင် လျှပ်စစ်ပါဝါထုတ်စက်ရုံတစ်ခု၊ ရေဖြန့်ဖြူးရေးလိုင်းတစ်ခု၊ ရထားနှင့် သတင်းအချက်အလက်နည်းပညာစနစ်တို့ ပါဝင်သည်။

“အခုအခါမှာ စက်မှုဇုန်မြေနေရာမှာ ပုဂ္ဂလိက ရင်းနှီးမြှပ်နှံသူ(၆၈)ကျော်ကျော်ကို ကြိုတင်စာရင်းပေးဖို့ စိတ်ဝင်စားနေကြပါပြီ”ဟု ၎င်းကပြောသည်။

ပတ်ဝန်းကျင် သက်ရောက်မှုဆိုင်ရာ အကဲဖြတ် အစီရင်ခံစာမှာလည်း ပြီးစီးနေပြီဖြစ်ပြီး မြန်မာအစိုးရထံမှ ကန့်ကွက်များလည်း မရှိကြောင်း ၎င်းကဆိုသည်။ အစပထမတွင် ၈၀ရာခိုငနှုန်း ချေးငွေနှင့် ၂၀ရာခိုင်နှုန်း ကုမ္ပဏီ ထည့်ဝင်မှုဖြင့် လုပ်ဆောင်ရန် စီစဉ်ထားသည်။ အစပထမတွင် အီတာလျံ-ထိုင်းက စီမံကိန်း  တွင်စတင် ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။ ထို့နောက် ထိုင်းအစိုးရနှင့် ဂျပန်ကိုယ်စားလှယ်များ ကဲ့သို့သော ပါတနာများဖြင့် ဖွဲ့စည်းထားသော အဖွဲ့သို့ လုပ်ပိုင်ခွင့် များနှင့် ပိုင်ဆိုင်မှုများကို လွှဲပြောင်းပေးသွားမည် ဖြစ်သည်။

သို့သော်ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီသည် အဆိုပါစီမံကိန်းတွင် ထည့်ဝင်မှု ၂၅%သာ ပါဝင်မှုရှိကြောင်း ၎င်းကပြောကြားခဲ့သည်။ မြန်မာနိုင်ငံ စက်မှုဝန်ကြီး ဌာနမှ မြန်မာ့အထည်အလိပ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ယမန်နေ့က ပြုလုပ်သော ဆွေးနွေးပွဲ တစ်ခုတွင် အမေရိကန်က ရင်းနှီးမြှပ်နှံမှုနှင့် ငွေကြေးဝန်ဆောင်မှု ကဏ္ဍတွင် အရေးယူထားမှုများကို ရုတ်သိမ်းပြီးနောက် အထည်အလိပ် ကဏ္ဍ၌ ရင်းနှီးမြှပ်နှံမှုနှင့် ပတ် သက်၍ အလားအလာများ တောက်ပလာကြောင်း ပြောခဲ့သည်။

---------------------------------------------------------------------------------------------------------------------

မြန်မာရိုဟင်ဂျာကိစ္စဆိုင်ရာ အစည်းအဝေး ဒိုဟာတွင်ကျင်းပ

( Gulf Times မှ 4 oct 2012 ရက်စွဲပါ “ Doha hosts meetings on Plight of Myanmar Muslims “ သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာရိုဟင်ဂျာကိစ္စဆိုင်ရာ  လူသားခြင်းစာနာမှု အဖွဲ့အစည်းများ၏  ဒုတိယအကြိမ်အစည်းအဝေးကို မနေ့ကဒိုဟာတွင်ကျင်းပသည်။ ပြည်တွင်း ဒေသတွင်း နိုင်ငံတကာ အဖွဲ့အစည်းအပေါင်း ၃၀ကျော် တက်ရောက်သော ယင်းအစည်းအဝေးကို OICနှင့် Qatar Charityတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး  ပထမအကြိမ် အစည်းအဝေးကို ကွာလာလမ်ပူတွင် သြဂုတ်လက ကျင်းပခဲ့သည်။

အစည်းအဝေး၌ ရခိုင်ပြည်နယ်တွင် လူသားခြင်း စာနာမှု လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် မဟာဗျူဟာမြောက် အစီအစဉ် ၊အဖွဲ့အစည်းများကြား ပူးပေါင်း ဆောင်ရွက်မှု အားကောင်းစေမည့် နည်းလမ်းများ၊ ရခိုင်ပြည်နယ် အနေအထား အစီရင်ခံစာများ၊ လက်တွေ့ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြ သည်။

Qatar Charity  စီအီးအို အယ်ကူဝါရီက မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မူစလင်များ၏ ဒုက္ခကို ကယ်ဆယ် စောင့်ရောက်ရာတွင် အဖွဲ့အစည်းများကြား ညှိုနှိုင်း ဆောင်ရွက်မှု အရေးကြီးကြောင်း ၊ မြန်မာနိုင်ငံ၏ ရှုတ်ထွေးသော ဥပဒေများက မိမိတို့ရခိုင်သို့ မသွားနိုင်အောင် တားဆီးထားသောကြောင့် မြန်မာ နိုင်ငံမှ UNHCR ရုံးနှင့်ပူးပေါင်း ဆောင်ရွက်နေကြောင်း ၊ဘင်္ဂလားဒေ့ရှ်ရှိ မိမိတို့ ရုံးမှတဆင့် ဘဂါင်္လီ-မြန်မာ နယ်စပ်ရှိ ရိုဟင်ဂျာ မွတ်စလင်များကို ကူညီ ထောက်ပံ့ သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား သွားခဲ့သည်။

OIC၏ လူသားချင်း စာနာမှုဆိုင်ရာ လက်ထောက် အတွင်းရေးမှုးချုပ် သံအမတ်ကြီး အက်တူမာ နန်ဘာကစ် ကလည်း “မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မူစလင်များ၏ ကိစ္စသည် လူသားခြင်း စာနာမှုဆိုင်ရာ ကိစ္စများထဲတွင် အရှုပ်ထွေးဆုံး ကိစ္စတစ်ခု ဖြစ်နေကြောင်း၊ ပြီးခဲ့သော နှစ်များအတွင်း မွတ်စလင် အသိုင်းအဝိုင်း များအကြား စိုးရိမ်ပူပန်စရာ ကိစ္စတစ်ခု  ဖြစ်လာခဲ့ကြောင်း ပြောကြားသည်။

“လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်မှုများ ရှိနေသော ရခိုင်ပြည်နယ်တွင် ဇွန်လက သွေးမြေကျ အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက်ပိုင်း ယင်း ပြဿနာအပေါ် တစ်ကမ္ဘာလုံးက ပိုမိုအာရုံစိုက် လာခဲ့ကြသည် “ဟု ၄င်းကဆက်လက်ပြောကြားသွားသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive