Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၆.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ကန့်ကွက်ဆန္ဒပြမှုများကြောင့် OICရုံးဖွင့်လှစ်မည့် ကိစ္စကို မြန်မာပိတ်ပင်

(ABC Newsမှ “Burma blocks OIC office mass protest” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. All Nippon Airwayကမြန်မာခရီးစဉ်များ ပြန်လည်စတင်မည်

(Japan Today Newsမှ 16 October 2012ရက်စွဲပါ “All Nippon Airway restart Myanmar flights” သတင်းကို ဘာသာပြန်ဆိုသည်)

  1. အလယ်အလတ်ထိုင်းကုမ္ပဏီများ မြန်မာနိုင်ငံသို့အခြေချရန် ဘန်ကောက်ဘဏ်တိုက်တွန်း

(Bangkok Postမှ 16 October 2012ရက်စွဲပါ “BBL urges mid-sized Myanmar outlays” သတင်းကိုဘာသာ ပြန်ဆိုသည်။ )

***********************************************

ဘာသာပြန်သတင်းများ

ကန့်ကွက်ဆန္ဒပြမှုများကြောင့် OICရုံးဖွင့်လှစ်မည့် ကိစ္စကို မြန်မာပိတ်ပင်

(ABC Newsမှ “Burma blocks OIC office mass protest” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် လူမျိုးရေးဘာသာရေး တင်းမာမှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်စလင်များအား ကူညီမည့် အစ္စလာမ်မစ် ပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ OICရုံးခန်း ဖွင့်လှစ်ရန် ကိစ္စကို မြန်မာသမ္မတက တားမြစ်ပိတ်ပင်လိုက်သည်။

နိုင်ငံတစ်လွှားမြို့ကြီးများတွင် သံဃာတော်များနှင့် ပြည်သူများ ထောင်ချီ၍ ဆန္ဒပြခဲ့ကြပြီး သူတို့၏ တောင်းဆိုချက်ကို အစိုးရက သဘောတူလက် ခံသည်အထိ ဆက်လက်ဆန္ဒပြ သွားကြရန် ဆုံးဖြတ်ထားသည်ဟု သိရှိရသည်။

ဆန္ဒပြချီ တက်ပွဲတစ်ခုတွင် ဘုန်းတော်ကြီး ဦးပညာနန္ဒက “OICဟာ ဘင်္ဂါလီတွေ အတွက်သာဖြစ်ပါတယ်။ မြန်မာပြည်သူတွေအတွက် မဟုတ်ပါ ဘူး” ဟု ပြောကြားသည်။

ယင်းသို့ နိုင်ငံအနှံ့တွင် ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက်တွင် သမ္မတ ဦးသိန်းစိန်၏ရုံးက “မြန်မာနိုင်ငံတွင် OICကိုယ် စားလှယ်ရုံး ဖွင့်ခွင့်မပြုပါ”ဟု ပြောကြားသည်။

“ပြည်သူတို့၏ ဆန္ဒနှင့် မကိုက်ညီသည့် အတွက် OICကိုယ်စားလှယ်ရုံးဖွင့်ခွင့် မပြုပါဘူး”ဟု သမ္မတရုံး ဝက်ဆိုက်ဒ်တွင် တင်ထားသော ကြေညာ ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ယခုနှစ်တွင် အစောပိုင်းက ဗုဒ္ဓဘာသာ ရခိုင်များနှင့် ရိုဟင်ဂျာ မူစလင်များအကြား သွေးမြေကျ အခြေအတင် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးချိန်မှ စတင်၍ တင်းမာမှုများ ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။

-------------------------------------------------------------------------------------------------------------------------

All Nippon Airwayက မြန်မာခရီးစဉ်များ ပြန်လည်စတင်မည်

(Japan Today Newsမှ 16 October 2012ရက်စွဲပါ “All Nippon Airway restart Myanmar flights” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မြန်ဆန်ဆန် ပြောင်းလဲနေသော မြန်မာနိုင်ငံကို အသစ်တစ်ဖန် စိတ်ဝင်စားသည့် အနေဖြင့် All Nippon Airway လေကြောင်းက ယခင်၁၂နှစ် အကြာက ရပ်ဆိုင်းထားသော ရန်ကုန်မြို့တော်သို့ တိုက်ရိုက်ပျံသန်းမှုကို တနင်္လာ နေ့က စတင်လိုက်သည်။

မကြာသေးမီက  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု များစတင်ပြုလုပ်လာကာ  နိုင်ငံတကာနှင့် ပြန်လည်ဆက်ဆံလာ ခဲ့သော တစ်ချိန်က တံခါးပိတ် မြန် မာနိုင်ငံသို့ လုပ်ငန်းရှင် ဧည့်သည်နှင့် ခရီးသည်များ အရေအတွက် တိုးမြင့်ရောက်ရှိ နေသည်ဟု လေကြောင်းလိုင်းက ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ၂၀၀၀ခုနှစ်မှစတင်၍ ခရီးစဉ်များရပ်ဆိုင်းထား ခဲ့သော ANAလေကြောင်းလိုင်းက တိုကျိုနာရီတာ လေဆိပ်နှင့် ရန်ကုန်လေဆိပ်ကြား တစ်ပတ်လျှင် သုံးကြိမ်ပျံသန်းမည်ဟု ပြောကြားသည်။

“မြန်မာနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးမယ့် အလားအလာ မြင့်မားနေပါတယ်။ မြန်မာနိုင်ငံကို ဝင်ဖို့ဆုံးဖြတ်ပြီးသွားတဲ့ ဂျပန်ကုမ္ပဏီ တွေအများကြီးပဲ။ နောက်ထပ် တစ်ခြားကုမ္ပဏီတွေကလည်း ဒီအတိုင်းလုပ်ဖို့ ပြင်ဆင်နေကြပါတယ်”ဟု ANAလေကြောင်းလိုင်း ဥက္ကဋ္ဌ ရှင်နီချိရိုအီတိုက တနင်္လာတွင် ပြော ကြားကြောင်း ကျိုဒိုသတင်းဌာနက ထုတ်ပြန်သည်။

ဟောင်ကောင် Dragon Airနှင့် Singapore Airlinesတို့ကလည်း ရန်ကုန်မြို့တော်သို့ ပုံမှန်ခရီးစဉ်များ ပျံသန်းမည့် အစီအစဉ်များကို ပျံသန်းမည့် အစီအစဉ်များကို ထုတ်ပြန်ကြေညာ ထားကြသည်။

ကမ္ဘာတွင် Burmaဟုလူသိများသော မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခွင့်ပေးခြင်း၊ မီဒီယာဆင်ဆာ ဖြေလျှော့ပေးခြင်း အပါအဝင် သိသာထင်ရှားသော အပြောင်းအလဲများကို ဆက်တိုက်ပြုလုပ် လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ခရီးသွားများ ပိုမိုစီးဝင်လာခြင်းကြောင့် ရန်ကုန်မြို့တော်အဦးတွင် လေဆိပ်သစ်တစ်ခု တည်ဆောက်ရန် စီစဉ်နေကြောင်းနှင့် ၂၀၁၆ တွင် စတင်လည်ပတ်ရန် မျှော်လင့်ထားကြောင်း မြန်မာအာဏာပိုင်များက ဇူလိုင်လတွင် ပြောကြားထားသည်။

--------------------------------------------------------------------------------------------------------------------------

အလယ်အလတ် ထိုင်းကုမ္ပဏီများ မြန်မာနိုင်ငံသို့ အခြေချရန် ဘန်ကောက်ဘဏ်တိုက်တွန်း

(Bangkok Postမှ 16 October 2012ရက်စွဲပါ “BBL urges mid-sized Myanmar outlays” သတင်းကိုဘာသာ ပြန်ဆိုသည်)

မြန်မာနို်င်ငံတွင် စီးပွားရေး အသွင်ပြောင်းမှု ဖြစ်စဉ်တွင် ကြီးထွားလာသော စီးပွားရေးအခွင့်အလမ်းများမှ အကျိုးအမြတ်ရရန် အတွက် ထိုင်း အ လယ်အလတ်အဆင့် ကုမ္ပဏီများ မြန်မာနိုင်ငံသို့ ခြေလှမ်းချဲ့ကြရန် ဘန်ကောက်ဘဏ်က အားပေးတိုက်တွန်း လျက်ရှိသည်။

မြန်မာနိုင်ငံသည် ကျေးလက်စီးပွားရေး နိုင်ငံအဖြစ်မှ စက်မှုစီးပွားရေး နိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းနေကြောင်း ယခုအခါ ကမ္ဘာတစ်လွှား ရင်းနှီး မြှုပ်နှံ သူများအကြား ရေပန်းစားနေသည်ဟု ဘန်ကောက် ဘဏ်ဥက္ကဋ္ဌ ကိုဆန်ပန် ပိုင်ရပ်စ်က ပြောကြားသည်။

ထို့အတွက် အလားတူ အတွေ့အကြုံမျိုးဖြင့် စွန့်စားရင်းနှီးမြှုပ်နှံရာတွင် ထိုင်းနှင့်နယ်ခံ စီးပွားရေးသမား များက အခြားအရင်းအနှီး မြှုပ်နှံသူများထက်  ပိုမို အားသာချက် ရှိနိုင်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံသည် အခြားအခြေခံ အဆောက်အအုံစနစ် ဖွံ့ဖြိုးရေးနှင့် အစားအစာ၊ လယ်ယာစိုက်ပျိုးရေး၊ ကဏ္ဍတွင် အကူအညီ လိုအပ်နေသည်၊ ဒေသတွင်း အင်အားကြီး ကုမ္ပဏီများက သံယံဇာတ ထုတ်ယူရေး နယ်ပယ်တွင် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်”ဟု  ကိုဆစ်ပန်ခိုင်က ပြောကြားသည်။

ဘန်ကောက်သည် ထိုင်းလူမျိုးဖောက်သည်များ၏ ရင်းနှီးမြှုပ်နှံမှုများ ကြီးထွားလာခြင်းနှင့် လိုက်လျောညီထွေ ဖြစ်အောင် မြန်မာနိုင်ငံမှ မိတ်ဖက် ဘဏ် ၄ခုကို အရေအတွက်တိုးရန် စီစဉ်နေသည်။

အိမ်နီးချင်း မြန်မာနိုင်ငံသို့ အခြေချမည့် ပြည်တွင်းကုမ္ပဏီများ အတွက် မတည်ရင်းနှီးငွေထက် အကြံဥာဏ်က ပိုမိုအရေးကြီးသည်။ ထိုင်းနိုင်ငံ၏ အ ကြီးဆုံး ဘဏ်တစ်ခုဖြစ်သော မြန်မာနိုင်ငံမှ CBဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ အေးရှား ဂရင်းဖွံ့ဖြိုးရေးဘဏ် စသောပုဂ္ဂလိက ဘဏ်၎ခုနှင့်  ယခုနှစ် သြဂုတ်လ အတွင်း သဘောတူညီမှုများ လက်မှတ်ရေး ထိုးထားသည်။

ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ဘဏ်ချင်းဆက်သွယ်မှု စနစ်ကို ထိုင်လူမျိုး ဖောက်သည်များအား အဓိက ပံ့ပိုးကူညီ ပေးနိုင်လိမ့်မည်ဟု သိရသည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၅.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ပြည်ခိုင်ဖြိုး ပါတီ ခေါင်းဆောင်သစ် ရွေးချယ်ရန်ရှိ။

(The Daily Star မှ ၁၅ October 2012 ရက်စွဲပါ Myanmar to choose news leadership new leadership ”  သတင်းကို ဘာသာပြန်ဆို သည်)

  1. မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို အင်တိုက်အားတိုက် ပံ့ပိုးကူညီရန်လို

(Yomiuri Shinbun မှ ၁၄ Oct 2012 ရက်စွဲပါ “Myanmar reforms need whole hearted support” သတင်းဆောင်းပါးကို ဘာသာပြန်ဆို သည်)

  1. ငွေးချေးသောမြီရှင်များကို ပြန်လည်ထိတွေ့ ဆက်ဆံခြင်းသည် မြန်မာအတွက် အရေးကြီး

(Reuter သတင်းမှ 13October 2012ရက်စွဲပါ “Vital Myanmar to re-engage with leaders- Brainard” သတင်းကို ဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

ပြည်ခိုင်ဖြိုး ပါတီ ခေါင်းဆောင်သစ် ရွေးချယ်ရန်ရှိ။

(The Daily Star မှ ၁၅ October 2012 ရက်စွဲပါ Myanmar to choose news leadership new leadership  ”  သတင်းကို ဘာသာပြန်ဆိုသည်)

“မြန်မာသမ္မတသစ်သည် ဒီမိုကရေစီကို ထောက်ခံအားပေးပြီး လူနည်းစု အခွင့်အရေးကို အကာအကွယ် ပေးသည်”ဟု အာဏာရပါတီ ညီလာခံ စည်းဝေးပွဲတွင် အဓိက တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အာဏာရ ပြည်ခိုင်ဖြိုးပါတီက တနင်္ဂနွေနေ့တွင် စတင်ကျင်းပသော ၃ရက်ကြာ ညီလာခံသို့ တက်ရောက်လာသူ များထဲတွင် မနှစ်က သမ္မတဖြစ် လာသူ ပါတီဥက္ကဌဟောင်း ဦးသိန်းစိန်လည်း ပါဝင်သည်။

“ဒီမိုကရေစီစနစ်မှာ အများစု ဆုံးဖြတ်ချက်ကို အားလုံးလိုက်နာကြရမှာ ဖြစ်သလို လူနည်းစုရဲ့ ဆန္ဒကိုလည်း အများစုက လေးစားကြဖို့ လိုတယ်ဆို တာကို ကျွန်တော်တို့ စိတ်ထဲမှာ စွဲမှတ်ထားကြမှာ ဖြစ်တယ်”ဟု ပြောကြားသူ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်နေရာအတွက် ရှေ့မှ ပြေးနေသူဟု BBCက သုံးသပ်ထားသည်။

မြန်မာနိုင်ငံတွင် တပ်မတော် (စစ်တပ်) က ကျောထောက်နောက်ခံ ပေးထားသော ပြည်ခိုင်ဖြိုးပါတီသည် ယခုပါတီညီလာခံတွင် ပါတီခေါင်း ဆောင်သစ် ရွေးချယ်ရန် စီစဉ်ထားပြီး အနာဂါတ်အတွက် မဟာဗျူဟာ ချမှတ်မည်ဖြစ်သည့် ပြည်ခိုင်ဖြိုး ပါတီ၏ အခွင့်ထူးခံ အနေအထားသည် ပြီးခဲ့သော ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ တွင် အတိုက်အခံ NLD ပါတီ ပြတ်ပြတ်သားသား အနိုင်ရသွားချိန် တွင် ဇောက်ထိုးမိုးမျှော် ကျဆင်းသွားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ အမတ်တစ်ဦးဖြစ်သူ ဦးဝင်းသန်းက “အင်အားကြီး အဓိကပါတီကြီးတစ်ခုအနေနဲ့ ကျွန်တော်တို့ဟာ ၂၀၁၅ရွေးကောက်ပွဲ အ ကြောင်းကို ဆွေးနွေးကြမှာပါ။ အပြောင်းအလဲကို ကြိုတင်ပြင်ဆင်ဖို့အတွက် စည်းရုံးနိုင်စွမ်း အားကောင်းတဲ့ ခေါင်းဆောင်သစ်တစ်ဦးကို ရွေးချယ်ဖို့ ကျွန် တော်တို့ မျှော်လင့်ထားပါတယ်”ဟု BBCသို့ပြောကြားသွားသည်။

--------------------------------------------------------------------------------------------------------------------

မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို အင်တိုက်အားတိုက် ပံ့ပိုးကူညီရန်လို

(Yomiuri Shinbun မှ ၁၄ Oct 2012 ရက်စွဲပါ “Myanmar reforms need whole hearted support” သတင်းဆောင်းပါး ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ သို့ ဦးတည်ပြောင်းလဲကြိုးပမ်းမှုများကို အားပေးရန် စနစ် တစ်ခုတည်ဆောက်နေသည့် နိုင်ငံတကာ အသိုင်းအ၀ိုင်း ၏ အစီအစဉ် ကို အားလုံး က ကြိုဆို ထောက်ခံကြသည်။ မြန်မာနိုင်ငံသည် ယင်း၏ နိုင်ငံရေး၊စီးပွားရေး ပြောင်းလဲကြိုးပမ်းမှုများကို အရှိန်မြှင့်ရန် အတွက် အကူအညီများလိုအပ်နေပါသည်။

ကမ္ဘာ့ဘဏ် ၊ ADB စသော နိုင်ငံတကာ ငွေကြေးအဖွဲ့များ နှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ စုပေါင်း၍ မြန်မာနိုင်ငံ ဆိုင်ရာ အစည်းအဝေး ကို တိုကျိုတွင် ကြာသာပတေး နေ့က ကျင်းပခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံက ပေးရန် အခြေအနေများကို ဇန်န၀ါရီလ တွင် အပြီးသတ်ရှင်းလင်းကာ နှစ်ပေါင်း ၂၀ကျော် ပြတ်တောက်နေသော ဖွံ့ဖြိုးရေးချေးငွေ ပြန်ပေးရန် မြီရှင် နိုင်ငံများက သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံမှ အများဆုံး ရရန်ရှိသော အကြီးဆုံးကြွေးမြီရှင် ဂျပန်နိုင်ငံက မြန်မာတို့ ပေးရမည့် ကြွေးဟောင်းဆပ်နိုင်အောင် ကူညီပေးရန် ဂျပန်နိုင်ငံ က ဆုံးဖြတ်ထားသည်။

မြန်မာတို့နှင့် ဆက်ဆံရေး တိုးတက်ရန် လိုလားခဲ့သော ဂျပန်နိုင်ငံက မြန်မာနိုင်ငံအား နိုင်ငံတကာ အသိုင်းအ၀ိုင်း က အင်တိုက်အားတိုက် ကူညီအားပေးနိုင်စေရန် လမ်းဖွင့်သွားအောင် ယခုလို စတင်အားထုတ်ခဲ့ခြင်း သည် အရေးပါသော ခြေလှမ်းတစ်ခုပင်ဖြစ်သည်။

တပ်မတော် အစိုးရ လက်ထက် လူ့အခွင့်အရေး ချိုးဖောက်ညှင်းပန်းမှုများကို တုန့်ပြန်အရေးယူသည့် အနေဖြင့် ဖွံ့ဖြိုးပြီး အင်အားကြီး နိုင်ငံများက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ ထားခဲ့ကြသောကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်း အဆင်းရဲဆုံး နိုင်ငံဖြစ်ကာ အိမ်နီးချင်း အာဆီယံနိုင်ငံများ၏ နောက်တွင်အဝေးကြီး ပြတ်ကျန် နေရစ်ခဲ့သည်။

ကြီးကြီးမားမား အလားအလာ

မည်သို့ပင်ဖြစ်စေ၊ မြန်မာအာဏာပိုင်များသည် ၂၀၁၂ တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးကာ ၂၀၁၁ နွေဦးတွင် တပ်မတော် အစိုးရကို ဖျက်သိမ်း၍ အရပ်ဖက်အစိုးရသစ်ထံ အာဏာတရားဝင်လွှဲပြောင်းခဲ့သည်။ ထို့နောက် ပိုင်းတွင် သမ္မတ သစ်ဦးသိန်းစိန် ဦးဆောင်သော အစိုးရက ဒီမိုကရေစီ ပြောင်းလဲရေးကို အရှိန်မြှင့်ခဲ့သည်။

ယင်းသို့သိသိသာသာပြောင်းလဲ သွားမှုကို နိုင်ငံတကာ အသိုင်းအ၀ိုင်း က ချီးကျူးခဲ့ကြပြီး မြန်မာနိုင်ငံသည်လည်း နိုင်ငံတကာ ချေးငွေ များပြန်ရမည့် ကတိက၀တ်များကို ဆွတ်ခူးနိုင်ခဲ့သည်။

လူဦးရေ သန်း၆၀ နှင့် အတူ သယံဇာတ ကြွယ်ဝလွန်းသော အာရှ၏ နောက်ဆုံးပေါ် ဈေးကွက်သစ် မြန်မာနိုင်ငံသည် စီးပွားရေး မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာမည် ဟူသော မျှော်လင့်ချက်များ တိုးပွားလာသည်။

ADB ဥက္ကဌ ဟာရုဟိကို ကိုရိုဒါက “မြန်မာနိုင်ငံသည် ပြည်တွင်းပြုပြင်ပြောင်းလဲမှုများကို ထိထိရောက်ရောက် တိုးတက်မှု ရှိအောင် လုပ်ဆောင်နိုင် ပါက အခြားအာဆီယံ နိုင်ငံများကို ၅နှစ်မှ ၁၀နှစ်အတွင်း လိုက်မှီနိုင်သည်” ဟု သုံးသပ်ပြောကြားသည်။ မြန်မာစီးပွားရေး ဖွံ့ဖြိုးမှု သည် ဖွံ့ဖြိုးပြီး အင်အားကြီး နိုင်ငံများထံမှ ငွေကြေးအကူအညီ နှင့် ရင်းနှီးမြုပ်နှံ မှုများဒ ကျားကန် ပံ့ပိုးပေးမှုဖြင့် အရှိန်မြင့်လာဖွယ်ရှိပါသည်။

အခြေခံ အဆောက်အဦး စနစ် တည်ဆောက်ခြင်းသည် သော့ချက်

မြန်မာနိုင်ငံ ရင်ဆိုင်နေရသော အဓိကစိန်ခေါ်မှုများမှာ လျှပ်စစ်ဓါတ်အား၊ ကားလမ်း၊ ရထားလမ်း ၊ စသော အခြေခံ အဆောက်အဦးစနစ် ဆိုးဝါးနိမ့် ကျခြင်း၊ ပညာရေး ကျန်းမာရေး နှင့် အခြားလူမှု ၀န်ဆောင်မှုများ မလုံလောက်ခြင်း တို့ပင်ဖြစ်သည်။ ဂျပန်နိုင်ငံက မြန်မာသို့ ပေးမည့် ချေးငွေများကို အခြေခံ အဆောက်အဦးစနစ် ဖွံ့ဖြိုးစေရေးအတွက် နည်းပညာနှင့် ရုပ်ဝတ္ထု ပစ္စများ ဖြည့်ဆည်ပေးရာတွင် အသုံးပြုရန် ရည်မှန်းထားသည်။

ဂျပန်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများနှင့် ကုမ္ပဏီများမှာ မြန်မာနိုင်ငံတွင် စီမံကိန်းများ စတင်နေကြပြီး ဖြစ်သည်။ မြန်မာ့အထူးစီးပွားရေးဇုံများ ဖွံ့ဖြိုး လာစေရန် ယင်းကုမ္ပဏီများနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားရန် ဂျပန်အစိုးရက ဆုံးဖြတ်ထားသည်။

ဂျပန်ကုမ္ပဏီ များအတွက် မြန်မာနိုင်ငံသည် ထုတ်လုပ်မှု အခြေစိုက်နေရာသစ် ဖြစ်လာရန် အလားအလာ ကောင်းနေသည်။ ထို့အတွက် လူထုနှင့် ပုဂ္ဂလိက ကဏ္ဍများအကြား ပူးပေါင်း ဆောင်ရွက်မှု အားကောင်းဖို့လိုသည်။

မြန်မာနိုင်ငံသည် ယင်း၏ အဓိကစီးပွားဖက် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ခိုင်မာမှု ရှိသော်လည်း ဘီဂျင်း၏ သြဇာဖြန့်ကျက်မှုကို စိုးရိမ်ပူပန် နေပုံရ သည်။

ဤအခြေအနေတွင် မြန်မာနိုင်ငံ အပေါ် ဂျပန်တို့၏ အင်တိုက်အားတိုက် ကူညီပံ့ပိုးမှုများက ဒေသတွင်း သြဇာလွှမ်းမိုးရန် ကြိုးစားနေသော တရုတ် နိုင်ငံကို ဘရိတ်အုပ် ပေးနိုင်ဖွယ်ရှိကြောင်း တစေ့တစောင်း တင်ပြလိုက်ပါသည်။

--------------------------------------------------------------------------------------------------------------------

ငွေးချေးသောမြီရှင်များကို ပြန်လည်ထိတွေ့ဆက်ဆံခြင်းသည် မြန်မာအတွက် အရေးကြီး

(Reuter သတင်းမှ 13October 2012ရက်စွဲပါ “Vital Myanmar to re-engage with leaders- Brainard” သတင်းကို ဘာသာပြန်ဆိုသည်။)

နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်နေသော မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ် ကဲ့သို့သော နိုင်ငံတကာ ချေးငွေအဖွဲ့အ စည်းများနှင့် အပြည့်အဝ ဆက်ဆံနေခြင်းရန် ကြိုးပမ်းနေခြင်းကို ဝါရှင်တန်က အားပေးထောက်ခံ သွားမည်ဟု အမေရိကန် ဘဏ္ဍာရေး အရာရှိ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်က ဖွံ့ဖြိုးရေး ရံပုံငွေချေးသည့် ကိစ္စတွင်အမေရိကန် ပါဝင်ပတ်သက်မှု မပြုရန် အိုဘားမားအစိုးရ ရှောင်လွှဲခွင့်ရှိမည့် ဥပဒေ တစ်ရပ်ကို ကွန်ဂရက်က ယခင်လတွင် အတည်ပြုပေး ခဲ့သည်။

အိမ်တွင်းပုန်းအာဏာရှင်တပ်တော် အစိုးရ လက်ထက်ကျဆင်းသွားသော မြန်မာ့စီးပွားရေးကို ကြီးကြီး မားမားအကျိုးဖြစ်ထွန်းစေမည့် မြန်မာ့ထွက်ကုန် တားမြစ်မှု ရုတ်သိမ်းခြင်းကို အမေရိကန် ပြည်ထောင်စုက စတင်လုပ်ဆောင် နေပြီဟု အမေရိကန် ဘဏ္ဍာရေးဌာန နိုင်ငံတကာရေးရာ အ တွင်းဝန် လဲဘရိန်နန်က ရိုက်တာနှင့် အင်တာဗျူးတွင် ပြောကြားသည်။

“ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် ရှေ့ဆက်သွား နေတာနဲ့အမျှ ကျွန်မတို့ လုပ်စရာတွေ ပိုများလာမှာပါ၊ မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံနိုင်ရေး  ကိစ္စဟာ ကမ္ဘာ့ဘဏ်၊ ADB၊ IMFစတဲ့ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်း အားလုံးအတွက် အရမ်းအရေးပါတယ်လို့ ကျွန်မယူဆပါတယ်”ဟု လဲဘရိန်နန်က ဆိုသည်။

“ယခုလိုနိုင်ငံတကာ ငွေကြေးအဖွဲ့များနှင့် ပြန်လည်ထိတွေ့ ဆက်ဆံခြင်းကြောင့် မြန်မာနိုင်ငံ၏ အကြွေးများကို ပဲရစ်ကလပ် မှတစ်ဆင့် လျှော်ပေး မည့် မြီရှင်နိုင်ငံများအတွက် လည်းလမ်းပွင့်သွားသည်။ အကြွေးလျှော်ပေးမည့် အစီအစဉ်တွင် အမေရိကန်နိုင်ငံ မပါဝင်သော်လည်း မြန်မာ့နိုင်ငံ ဒီမိုကရေစီ ပြောင်းလဲမှု အောင်မြင်စေရန်အတွက် အလှူရှင်နိုင်ငံများအားလုံး အတူတကွ လုပ်ဆောင်ကြရန် အရေးကြီးသည်”ဟု လဲဘရိန်နန်က ပြောကြား သည်။

ဂျပန်နိုင်ငံကလည်း မြန်မာကြွေးမြီဒေါ်လာ ၆ဘီလီယံခန့်ကို ဇန်နဝါ၇ီလတွင် စတင်လျော်ပေး မည်ဖြစ်ကြောင်း၊ ထို့အပြင် ကမ္ဘာ့ဘဏ်၊ ADBတို့ထံမှ မြန်မာကို ငွေပြန်ချေးရာတွင် အတားအဆီးဖြစ်နေသော ကြွေးဟောင်းများ ရှင်းလင်းသွားအောင် ကူညီဦးမည်ဖြစ်ကြောင်း ယခုသီတင်းပတ်တွင် ပြောကြားခဲ့ သည်။

“လာမယ့်လပိုင်း တွေမှာ ဂျပန်နိုင်ငံ အပါအဝင် မြန်မာ့အပြောင်းအလဲကို စိတ်ဝင်စားကြတဲ့ နိုင်ငံတွေ နဲ့အတူ ကျွန်မတို့ ပူးပေါင်းဆောင်ရွက်သွား  မှာပါ။ မြန်မာနိုင်ငံကို နှစ်ဦးသဘောတူ ငွေချေးထားသူတွေထဲမှာ အမေရိကန် မပါပါဘူး၊ ဒါပေမယ့် မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေလက်တွေ့ တုန့်ပြန် ဖို့ အတွက် နိုင်ငံတကာ အလှူရှင် အသိုင်းအဝိုင်းက ပုးပေါင်းဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်တယ်လို့ ကျွန်မယူဆပါတယ်”ဟု သူမကပြောသည်။

ဘရိန်နန်က ဆက်လက်၍ “လက်ရှိ အပြောင်းအလဲတွင် မြန်မာနိုင်ငံသားတိုင်း အကျိုးအမြတ် ဖြစ်ထွန်း ဖို့လိုကြောင်း ၊စီးပွားရေး ဖွံ့ဖြိုးနေသော အိန္ဒိ ယ၊ တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံများအကြားတွင် တည်ရှိနေပြီး ရေနံ၊ ဓာတ်ငွေ့၊ ကျွန်းသစ် ၊ကျောက်မျက်ကြွယ်ဝသော အာရှနောက်ဆုံးပေါ် ဈေး ကွက်သစ်နိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ  အပြေူးအလွှား ဝင်နေကြကြောင်း မြန်မာနိုင်ငံသည် လုပ်အားခ ဈေးချိုပြီး ခရီးသွား ဧည့်လုပ်ငန်း၊ ကုန်ထုတ် လုပ်မှု၊ ဘဏ်လုပ်ငန်း၊ အကြီးစားစက်မှုလုပ်ငန်း နယ်ပယ်များတွင် အခွင့်အလမ်းများ ပြည့်နေကြောင်း၊နိုင်ငံခြား ကုမ္ပဏီများ လုပ်သာကိုင်သာရှိမည့် ပတ်ဝန်း ကျင် ဖြစ်လာအောင် လုပ်ပေးရန် လိုအပ်နေသေးသော်လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန် ကုမ္ပဏီများ စိတ်ဝင်စားနေကြောင်း” ရှင်းလင်း ပြောကြားသည်။

“ပွင့်လင်းမြင်သာရေး၊ အုပ်ချုပ်စီမံရေး၊ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေမှာ လိုအပ်ချက်တွေ ရှိနေပါ တယ်။ ဒါ့ကြောင့် အချိန်အတန်ကြာဦးမယ့် လုပ် ငန်းစဉ် တစ်ခုရဲ့ အစပိုင်းမှာပဲ ရှိနေတယ်။ ဒါပေမယ့် လည်း ကျွန်မတို့ စီးပွားရေအသိုင်းအဝိုင်း ကတော့ အားတက်သရော ဖြစ်နေတယ်။ ကမ္ဘာကြီးရဲ့ ဟောဒီ နေရာနဲ့ ပြုလုပ်ထိတွေ့ ဆက်ဆံဖို့ ကျွန်မတို့ အရမ်းကို စိတ်ဓာတ်တက်ကြွ နေကြပါတယ်”ဟု သူမက  ဆက်လက်ပြောဆိုသည်။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်မီယောင်ကင်ကလည်း “ဘဏ်သို့မြန်မာနိုင်ငံက ပေးရမည့် အကြွေးများရှင်း လင်းသွားအောင် အစိုးရနှင့်အတူ လုပ်ဆောင်နေ ကြောင်း ၊မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး အစီအစဉ်တွင် ကိုယ့်လိုအပ်ချက် ကိုယ်သိသည့်အစိုးရ၏ စုစည်းပါဝင်မှုသည် အရေးကြီးကြောင်း” သီးခြားပြောကြား ခဲ့သည်။

“ကြွေးမြီဟောင်းရဲ့ သဘောသဘာဝကို အပြည့်အဝ နားလည်ေို့ အာင်ကျွန်တော်တို့ အတူလုပ်ကိုင် နေကြပါတယ်။ တစ်ခြားအလှူရှင်တွေနဲ့ ပူး ပေါင်းဆောင်ရွက်ဖို့လည်း ကျွန်တော်တို့ အရမ်းစိတ်ဝင် စားပါတယ်။ ပြည်သူတွေဆီ အခြေခံ ဝန်ဆောင်မှု တွေပေးဖို့ အတွက်လည်း အရေးတကြီး ဆွေးနွေး နေပါတယ်။ ဒါမှသာ မြန်မာနိုင်ငံရဲ့နောက်ကို ကျွန်တော်တို့ လိုက်လို့ရမှပါ”ဟု ဂျင်ယောင်ကင်က ပြောကြားသည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive