Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၈.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. အမျိုးသား အမွေအနှစ် အဆောက်အဦးများ ရောင်းချခြင်းကို ရှေ့နေများ ဆန္ဒပြ        

(Gulf Time မှ 18 Oct 2012 ရက်စွဲပါ “Myanmar Lawyers protest sale of heritage building” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာနှင့် လူ့အခွင့်အရေး ကိစ္စဆွေးနွေးရန် လမ်းပွင့်ပြီဟု အမေရိကန်ပြော

(Associated Press မှ 18 Oct 2012 ရက်စွဲပါ “Open Channel with Myanmar on Human Rights: US” သတင်းကို ဘာသာပြန် ဆိုသည်။)

  1. ရုံးဖွင့်ခွင့် ပိတ်ပင်ခံရခြင်းကို နှောင့်နှေးမှုဟု OIC ယူဆ

(VOA News မှ 16 Oct 2012 ရက်စွဲပါ“ OIC considers Burma's office denial a setback” သတင်းကို ဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

အမျိုးသား အမွေအနှစ် အဆောက်အဦးများ ရောင်းချခြင်းကို ရှေ့နေများ ဆန္ဒပြ

(Gulf Time မှ 18 Oct 2012 ရက်စွဲပါ “Myanmar Lawyers protest sale of heritage building” သတင်းကို ဘာသာပြန်ဆိုသည်။)

ကိုလိုနီခေတ် တရားရုံးချုပ် အဆောက်အဦးနှင့် ရဲဌာနချုပ် အဆောက်အဦးများအား ယခင်အစိုးရက ရောင်းချထားခဲ့ခြင်းကို ရန်ကုန်မြို့တွင် ရှေ့နေ များက မနေ့က ကန့်ကွက်ဆန္ဒပြ ခဲ့ကြသည်။

“အမျိုးသား အမွေအနှစ် ထိန်းသိမ်းရေး ဥပဒေကို မချိုးဖောက်ပါနဲ့”ဟု ရေးသားထားသော စာတမ်းများ ကိုင်ဆောင်ထားကြသည့် ရှေ့နေ၂၀၀ ခန့်က ၁၀၁နှစ် သက်တမ်းရှိ တရားရုံးချုပ် အဆောက်အဦးမှ ပုလိပ်မင်းကြီး ရုံးအထိ ချီတက်ဆန္ဒပြ ခဲ့ကြသည်။

ယခင်တပ်မတော် အစိုးရက ပုဂ္ဂလိကထံ ရောင်းချခဲ့သော အဆိုပါ အဆောက်အဦး နှစ်ခုကို ပြန်လည်ရယူရန် ရှေ့နေများက အစိုးရထံ မေတ္တာရပ်ခံ တောင်းဆို ထားသည်။

ရှေ့နေအသင်း ပြောရေးဆိုခွင့်ရှိသူ ဦးအောင်သိန်းက “အရင်အစိုးရဟောင်းက အမျိုးသား အမွေအနှစ် ထိန်းသိမ်းရေး ဥပဒေကို ချိုးဖောက်ခဲ့တာပါ။ ဒါ့ကြောင့် ဒီအဆောက်အဦးတွေ ပုဂ္ဂလိက စီးပွားရေး သမားတွေ လက်ထဲမရောက်အောင် အစိုးရသစ်က တားပေးစေ ချင်ပါတယ်”ဟု ပြောကြားသည်။

ယခင် တပ်မတော် အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး သန်းရွှေက အုပ်ချုပ်ရေးမြို့တော်ကို ၂၀၀၆ခုနှစ်တွင် ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ ခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ နိုင်ငံပိုင် ကိုလိုနီခေတ် အဆောက်အဦး များစွာကို ရောင်းချပစ်ခဲ့ခြင်း ဖြစ်သည်။

တရားရုံးချုပ်အဆောက်အဦးကို လုပ်ငန်းရှင်သူဌေး ဦးသိန်းထွန်းထံ ရောင်းချထားပြီး ၎င်းကပြတိုက်အဖြစ် ပြောင်းလဲလိုသည်ဟု ကြားသိရသည်။ ပု လိပ် မင်းကြီး ရုံးဟောင်းကိုမူ ဟိုတယ်အဖြစ် ပြောင်းလဲရန် ကြံရွယ်ထားသည့်  တရုတ်ရင်းနှီးမြှုပ်နှံသူ တစ်ဦးထံ ရောင်းချထားသည်။

ထို့နောက် ၂၀၁၁မတ်လတွင် အာဏာရရှိလာသော သမ္မတ ဦးသိန်းစိန်က ၁၈၂၄-၁၉၄၈ ဗြိတိသျှ အုပ်ချုပ်ရေး ကာလတွင် ဆောက်လုပ်ခဲ့သော ကို လိုနီခေတ် ဗိသုကာလက်ရာများ ထိန်းသိမ်းစောင့်ရှောက်ရေးကို အားပေးထောက်ခံမှု ပြုခဲ့သည်။

“ရန်ကုန်ဟာ အရှေ့တောင် အာရှမှာ သာမကပဲ အာရှတိုက်မှာပါ ကိုလိုနီခေတ် ဗိသုကာ လက်ရာတွေ အကြီးမားဆုံး စုဝေးနေတဲ့နေရာ ဖြစ်နိုင်ပါ တယ်”ဟု Historial Walks in Yangon စာအုပ်ရေးသားသူ အယ်လ်ဖရက် ဘန်ဘွန်က ပြောကြားသည်။

ယခုအခါ တံခါးဖွင့်မြန်မာနိုင်ငံ၏ မြန်ဆန်သော စီးပွားရေး လှိုင်းလုံးများ၏ ခြိမ်းခြောက်ခြင်း ခံနေရသော အမွေအနှစ် ထိန်းသိမ်းရေး ကြိုးပမ်းမှုများ ကို အရှိန်မြှင့်ရန်အတွက် The Yangon Heritage Trustကို ကုလအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးဖြစ်သူ ဦးသန်းမြင့်ဦးက ယခုနှစ် အ စောပိုင်းတွင် ထူထောင်ခဲ့သည်။

မကြာသေးမီက ဖိုရမ်တစ်ခုတွင် ဦးသန်းမြင့်ဦးက “ ဒီကိစ္စဟာ အရေးပေါ် အခြေအနေ ဖြစ်နေပြီလို့ ခံစားမိပါတယ်။ ဒါဟာတစ်နှစ်၊ နှစ်နှစ်လောက် စောင့်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး”ဟု ပြောကြားသွားသည်။

----------------------------------------------------------------------------------------------------------------

မြန်မာနှင့်လူ့အခွင့်အရေး ကိစ္စဆွေးနွေးရန် လမ်းပွင့်ပြီဟု အမေရိကန်ပြော

(Associated Press မှ 18 Oct 2012 ရက်စွဲပါ “Open Channel with Myanmar on Human Rights: US”သတင်းကို ဘာသာပြန် ဆိုသည်။)

မြန်မာနိုင်ငံနှင့် လူ့အခွင့်အရေးဆိုင်ရာ ပထမဆုံး တရားဝင် ဆွေးနွေးပွဲ ကျင်းပပြီးနောက်တွင် အမေရိကန် ပြည်ထောင်စုက “မြန်မာခေါင်းဆောင် များနှင့် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်စရာ ကိစ္စရပ်များ ဖော်ထုတ်ဆွေးနွေးရန် လမ်းပွင့်သွားပြီဟု ယုံကြည်စိတ်ချ သွားကြောင်း” မနေ့က ပြောကြား လိုက်သည်။

ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ကျင်းပသော အစည်းအဝေးသည် မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု တို့အကြား မြန်မြန်ဆန်ဆန် ပြန်လည် ဆက်ဆံ နွေးထွေးလာခြင်းကို ထင်ဟပ်နေသည်။

ဦးသိန်းစိန် အစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြု တုန့်ပြန်သည့် အနေဖြင့် ယခင်နှစ်ပေါင်း ၂၀ခန့် ဆုတ်ယုတ်နေခဲ့သော သံ တမန် ဆက်ဆံရေးကို ဝါရှင်တန်က ယခုနှစ်အတွင်း ပြောင်းလဲကာပုံမှန် ပြန်လည်ဆက်ဆံခဲ့သည်။

မြန်မာနိုင်ငံတွင် သိသာထင်ရှားသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ ပြုလုပ်နေသော်လည်း နိုင်ငံရေး အကျဉ်းသား ရာဂဏန်း၊ အရေအတွက် ကို ဆက်လက် ဖမ်းဆီးထားပြီး တပ်မတော် (စစ်တပ်)ကလည်း ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ကျုးလွန် နေသည်ဟု စွပ်စွဲခံနေရ သည်။

အမေရိကန် နိုင်ငံခြားရေးဌာန လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုခနာ ဦးဆောင်သော အဖွဲ့ဝင်၂၂ ဦးပါ ကိုယ် စားလှယ် အဖွဲ့တွင် ပင်ဒါဂွန် စစ်ဌာနချုပ်မှ အရာရှိများလည်း ပါဝင်သည်ဟု သိရှိရသည်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယားနူလန်က “ဗုဒ္ဓဟူးနေ့က ဆွေးနွေးမှုများသည် လွန်စွာအပြုသဘော ဆောင်ကြောင်း မြန်မာ တာဝန်ရှိသူ များကလည်း လူ့အခွင့်အရေး ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန် လိုလိုလားလား ရှိကြကြောင်း ၊ မြန်မာအစိုးရနှင့် လူ့အ ခွင့်အရေးကိစ္စ ဆွေးနွေးရန်နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် လမ်းပွင့်သွားပြီဟု စိတ်ချယုံကြည်ကြောင်း” ရှင်းလင်းပြောကြား ခဲ့သည်။

-------------------------------------------------------------------------------------------------------------------

ရုံးဖွင့်ခွင့် ပိတ်ပင်ခံရခြင်းကို နှောင့်နှေးမှုဟု OIC ယူဆ

(VOA News မှ 16 Oct 2012 ရက်စွဲပါ“ OIC considers Burma's office denial a setback” သတင်းကို ဘာသာပြန်ဆိုသည်)

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OICက ၎င်းတို့အဖွဲ့ မြန်မာနိုင်ငံ၌ ရုံးဖွင့်မည့်ကိစ္စကို ပိတ်ပင်သော မြန်မာနိုင်ငံ၏ ဆုံးဖြတ်ချက်သည် မြန် မာ တာဝန်ရှိသူများနှင့် အစောပိုင်းက ဆွေးနွေးသဘောတူညီ ထားမှုနှင့် ကွဲလွဲနေပုံရသော နှောင့်နှေးမှုတစ်ခု ဖြစ်သည်ဟု မနေ့က ပြောကြားသည်။

ရခိုင်ပြည်နယ် အကြမ်းဖက် အဓိကဂိုဏ်းကို စုံစမ်းစစ်ဆေးလျက်ရှိသည့် အဖွဲ့ဝင် ၅၇ နိုင်ငံ OIC  အဖွဲ့ရုံးဖွင့်မည့် ကိစ္စကို ယခုသီတင်းပတ် အတွင်း သံ ဃာတော်များနှင့် မြန်မာပြည်သူ ထောင်ပေါင်းများစွာတို့ ကန့်ကွတ်ဆန္ဒပြ ခဲ့ကြပြီးနောက် မြန်မာအစိုးရက ယင်းသို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် ရခိုင်ဗုဒ္ဓဘာသာနှင့် ရိုဟင်ဂျာ မွတ်ဆလင်များအကြား အကြမ်းဖက် အဓိကရုဏ်းများ ဖြစ်ပြီးနောက် မြန်မာနိုင်ငံသို့ OICကိုယ်စား လှယ်အဖွဲ့ ယခင်လက လာရောက်ခဲ့သည်။

အထက်ပါ အကြမ်းဖက်မှု ဖြစ်စဉ်များအတွင်း လူပေါင်း၁၀၀ဝန်းကျင် အသက်ဆုံးရှုံး ခဲ့ရပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသောကြောင့် လူ သားခြင်း စာနာမှုဆိုင်ရာ ပြဿနာ ရှိနေပြီဟု ကုလသမဂ္ဂက သတိပေး ပြောကြားခဲ့သည်။

OICအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာဟာအေကီးလ်က “ရုံးဖွင့်ခွင့် မပြုကြောင်း တရားဝင် အကြောင်းကြားစာ လက်ခံရရှိခြင်း မရှိသေးကြောင်း၊ သို့သော် သမ္မတ၏ ကြေညာချက်အပေါ် အံ့အားသင့်မိကြောင်း” ပြောကြားသည်။

“ဒါဟာ ခေတ္တနှောင့်နှေးမှု တစ်ခုပါ။ ဘာကြောင့်လဲဆိုရင် မွတ်ဆလင်တွေ အတွက်သာ မကပဲ၊ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ အသိုင်းအဝိုင်းတွေ အားလုံးကို ကူညီမယ့် လူသားခြင်း စာနာမှုဆိုင်ရာ ရုံးဖွင့်ဖို့ခွင့်ပြုတဲ့ လက်မှတ်ထိုး သဘောတူညီချက် ရရှိထားပြီး ဖြစ်လို့ပါ”ဟု ၎င်းကရှင်းလင်း ပြောကြား သည်။

မြန်မာအစိုးရ ဘက်ကမူ “OIC အဖွဲ့၏ ရုံးဖွင့်ခြင်းကိုသာ ပိတ်ပင်ခြင်းဖြစ်ပြီး လူသားခြင်း စာနာသောကူညီမှု အစီအစဉ်များကို တားမြစ်ခြင်း မရှိဘဲ ခွင့်ပြုထားကြောင်း” ရှင်းလင်းပြောဆို ထားသည်။

***************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၇.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ပါတီခေါင်းဆောင်အဖြစ် သမ္မတ ဦးသိန်းစိန် ပြန်လည် ရွေးချယ်ခံရ

(The Gulf Today မှ 17 oct 2012 ရက်စွဲပါ ‘Myanmar president re-elected party leader” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. လာမည့် ရွေးကောက်ပွဲ အတွက် မြန်မာကို သြစတြေးလျ ကူညီမည်

(Radio Austrilia News မှ 16 Oct 2012 ရက်စွဲပါ Austrilia to help Burmese with 2014 elections သတင်းကို ဘာသာပြန်ဆိုသည်။)

  1. စီးပွားရေးအတက်အကျပေါ်က အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံ

(Algazeera Newsမှ 13October 2012ရက်စွဲပါ “South East Asia: An economy on the rise” သတင်းကို ဘာသာပြန်ဆိုသည်။)

***********************************************

ဘာသာပြန်သတင်းများ

ပါတီခေါင်းဆောင်အဖြစ် သမ္မတ ဦးသိန်းစိန် ပြန်လည် ရွေးချယ်ခံရ

(The Gulf Today မှ 17 oct 2012 ရက်စွဲပါ ‘Myanmar president re-elected party leader” သတင်းကို ဘာသာပြန်ဆိုသည်)

အသစ်တဖန် ရှင်သန်ရေပန်းစားနေသော အတိုက်အခံ NLDပါတီနှင့်ယှဉ်လျှင် နောက်ကောက်ကျနေသည့် အနေအထားကို ပြန်လည်ပြုပြင်ရန် ရည်မှန်းထားသော အာဏာရပါတီ ၏ အရေးကြီးသော ညီလာခံတွင် ပါတီဥက္ကဌအဖြစ် ပြုပြင်ပြောင်းလဲရေးဝါဒီ သမ္မတ ဦးသိန်းစိန်ကို အင်္ဂါနေ့က ပြန်လည် ရွေးချယ်လိုက်ကြသည်။

ဦးသိန်းစိန်၏နေရာကို အစားဝင်မည်ဟု တစ်ပြေးနေသော ပြုပြင်ပြောင်းလဲရေး သမားတစ်ဦးဖြစ်သူ အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီ၏ နိစ္စဓူဝ လုပ်ငန်းများ ကိုင်တွယ်ရန် ယာယီဥက္ကဌအဖြစ် မဲပေးရွေးချယ် ခဲ့ကြသည်ဟု ပါတီဝင်များက ပြောကြားသည်။

ဦးသိန်းစိန်သည် ယခင်နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးကို ပြည်ဖုံးကားချကာ အသွင်ပြောင်းအစားထိုးလိုက်သော အရပ်ဖက် အစိုးရသစ်တွင် သမ္မတ တာဝန်ထမ်းဆောင်ရန်အတွက် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ နေရာကို မနှစ်က စွန့်လွှတ်ခဲ့ခြင်းဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် ယခင်တပ်မတော် အစိုးရ လက်ထက်တွင် သူထက်ပို၍ အဆင့်မြင့်ပြီး ၊ သမ္မတဖြစ်ရန် ရည်မှန်းချက်ထားသည်ဟု သတ် မှတ်ခံရသူ ဦးရွှေမန်း နှင့် အာဏာလွန်ဆွဲမှု ဖြစ်နေသည်ဟု အကဲခတ်လေ့လာ သူများက ဆိုကြသည်။

အစိုးရ၏ ဒီမိုကရေစီ စံနှုန်းအပေါ် အဓိက စမ်းသပ်မှုဟု ရှုမြင်ကြသော ၂၀၁၅ရွေးကောက်ပွဲ အတွက် ပြည်ခိုင်ဖြိုးပါတီက ကြိုတင်ပြင်ဆင်နေ သည့် အလျောက် ယခုရွေးချယ်မှု မတိုင်မီက ဦးရွှေမန်းပါတီ ဥက္ကဋ္ဌဖြစ်လာမည်ဟု မျှော်လင့် ခဲ့ကြကြောင်း ပါတီဝင် အများစုက ပြောကြားသည်။

ယခုကဲ့သို့ မျှော်လင့်မထားသော အဖြေသည် အစိုးရနှင့် အာဏာရပါတီအကြား ကွဲလွဲမှု မဖြစ်အောင် တားဆီးရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု လွှတ် တော်အမတ်များက  မှတ်ချက်ပေးသည်။

အမည်မဖော်လိုသော ပါတီဝင် တစ်ဦးက “အစိုးရနဲ့ ပါတီအကြား ဆက်ဆံရေး ကောင်းနေဖို့အတွက် သမ္မတနဲ့ ဝန်ကြီးတွေရဲ့ အနေအထားကို နဂို အတိုင်း ထိန်းပေးထားရမှာပါ” ဟု ပြောကြားသည်။

“တကယ်လို့ ကျွန်တော်တို့ အရမ်းကြီး ပြောင်းလဲပစ် လိုက်မယ်ဆိုရင် အစိုးရနဲ့ ပါတီအကြား ဆက်ဆံရေး ခက်ခဲသွားနိုင်တယ်”ဟု ၄င်းကဆက် လက်ပြောကြားသည်။

ပြီးခဲ့သောဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၄နေရာအနက် ၄၃နေရာ အနိုင်ရရှိသွားသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ NLDပါတီကို အပြတ်အသတ် အရှုံးပေး ခဲ့ရသော်လည်း ပြည်ခိုင်ဖြိုးပါတီမှာ ပန်းပန်နေဆဲဟု ဆိုကြသည်။

---------------------------------------------------------------------------------------------------------------------

လာမည့် ရွေးကောက်ပွဲ အတွက် မြန်မာကို သြစတြေးလျ ကူညီမည်

(Radio Austrilia News မှ 16 Oct 2012 ရက်စွဲပါ Austrilia to help Burmese with 2014 electionsသတင်းကို ဘာသာပြန်ဆိုသည်။)

၂၀၁၄အတွက် လွှတ်တော်နှင့် သမ္မတ ရွေးကောက်ပွဲများကို စီမံခန့်ခွဲရန် မြန်မာနိုင်ငံကို အကူအညီပေးမည်ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံက ထုတ်ဖော် ပြောကြားလိုက်သည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carrက နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံကာ ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲစနစ် တိုးတက်စေရန်နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို အထောက်အကူ ဖြစ်စေရန်အတွက် အတွေ့အကြုံ နှင့် ကျွမ်းကျင်သူ များ ပေးပို့ကူညီမည်ဟု ဘော့ကားက ဆိုသည်။

“မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဦးတည်ပြီး ဒီမိုကရေစီ အပြောင်းအလဲတွေ ဆက်လုပ်နေသလို လာမယ့်၂၀၁၄(၂၀၁၅) အထွေထွေ ရွေးကောက်ပွဲအတွက် စည်းကမ်းဥပဒေတွေ ရေးဆွဲနေပါတယ်”ဟု ဘော့ကားက ပြောကြားသည်။

“ဒီမိုကရေစီ အပြောင်းအလဲအတွက် သမ္မတ ဦးသိန်းစိန်၏ အကြိမ်ကြိမ် ကတိပေးမှုများကို မိန့်ခွန်းအတော် များများတွင် တွေ့ရမှာဖြစ်ကြောင်း၊ မြန် မာအစိုးရကို ဝေဖန်ထားသည့် ကုလနှစ်ပတ်လည် ညီလာခံ ဆုံးဖြတ်ချက်တွင် ပျော့ပြောင်းသော စကားလုံးများ အသုံးပြုရေးကို အခြားနိုင်ငံများ ထောက်ခံ အောင် မိမိစည်းရုံးသွားမည် ဖြစ်ကြောင်း ” သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးက ဆက်လက်ပြောကြားသည်။

လက်ရှိ ကုလညီလာခံ ဆုံးဖြတ်ချက်သည် မြန်မာအစိုးရ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အထောက်အထား မှတ်တမ်းကို ဝေဖန်ဆန်းစစ် ထား ခြင်းဖြစ်သည်။ မြန်မာအစိုးရက ပြုလုပ်ခဲ့သော ပြောင်းလဲတိုးတက် မှုများကို တုန့်ပြန်ထင်ဟပ်ရန်အတွက် ပိုမိုပျော့ပြောင်းသော ဝေဖန်ဆုံးဖြတ်ချက် အဖြစ် ပြောင်းလဲ ပေးစေရန် ဘောကားက ဆန္ဒရှိနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ဒုက္ခသည်များ ပြဿနာနှင့် ရခိုင်ပြည်နယ် အဓိကရုဏ်း ပြဿနာများက အစိုးရ၏ လုပ်ဆောင်ချက် မှတ်တမ်းများတွင် ထောက်ကွက် ဖြစ်နေသည်ဟု သိရှိရသည်။

---------------------------------------------------------------------------------------------------------------------

စီးပွားရေး အတက်အကျပေါ်က အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံ

(Algazeera Newsမှ 13October 2012ရက်စွဲပါ “South East Asia: An economy on the rise” သတင်းကို ဘာသာပြန်ဆိုသည်။)

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို ၊မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်တို့ အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

ယင်း၁၀နိုင်ငံ၏ စီးပွားရေး စုစည်းမှုအားသည် တစ်နေ့နေ့တွင် ဥရောပသမဂ္ဂ ၏ စွမ်းပကားကို စိန်ခေါ်နိုင်မည့် အလားအလာရှိ နေပြီဟု ပြောနိုင် သည်။ လက်ရှိအာဆီယံသည် စုစုပေါင်း လူဦးရေသန်း ၆၀၀၀နှင့်အတူ စီးပွားရေး ပမာဏ ဒေါ်လာ၂ထရီလီယံ ခန့်ရှိသည်။

ဒေါ်လာ ၁၆ထရီလီယံခန့် ရှိသော ဥရောပ သမဂ္ဂကို လိုက်မီအောင် ခရီးရှည် သွားရလိမ့်မည်ဟု .ယူဆနိုင်သော်ငြားလည်း အချိန်တိုအတွင်း ကမ္ဘာ့္ဘ့ဒုတိယ စီးပွားရေး တရုတ်နိုင်ငံ၏ ဖြစ်စဉ်ကို အာဆီယံက နည်းယူလျက်ရှိသည်။

သို့သော်အာဆီယံသည် ပြဿနာအလွန်ရှုတ်သော ဒေသဖြစ်သည်။ အာဆီယံတွင် ရေနံဓာတ်ငွေ့ ကြွယ်ဝသော  တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှု ပြဿနာအပြင် အဂတိ လိုက်စားမှုများ၊ စီမံခန့်ခွဲမှု အလွဲအမှားများ၊ ပြည်တွင်းရေး အရှုပ်အထွေးများက အုံနှင့်ကျင်းနှင့် ပါဝင်ဖွဲ့စည်း ထားသည်။

အယ်ဂျာဇီးယား သတင်းဌာနက အာဆီယံ အထွေထွေအတွင်းရေးမှူး ဆူရင်ပစ် ဆူရမ်အား မြန်မာနိုင်ငံ အကြောင်း၊ တောင်တရုတ်ပင်လယ် ပြဿနာ၊ ငွေကြေး အကြပ်အတည်းပြဿနာများနှင့် ပတ်သက်၍ မေးမြန်း ခဲ့သည်။

“မြန်မာနိုင်ငံသည် ကမ္ဘာကိုတံခါးဖွင့်ပေးနေပြီ၊ သို့သော် နိုင်ငံပြန်လည် တည်ဆောက်ရေး ကန်ထရိုက်ကို ဘယ်သူရမလဲ။ မြန်မာနိုင်ငံက စီးပွားရေး တံခါးကို ကမ္ဘာသို့ ဖွင့်ပေးချိန်တွင် အာဆီယံနိုင်ငံများ ဘေးစည်းသို့ ရောက်သွားမှာလား” စသောမေးခွန်းများကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“ဒါက ဘယ်သူမဆို ယှဉ်ပြိုင်နိုင်တဲ့ ပွဲတစ်ခုပဲ။ မြန်မာတွေ ကသူတို့သွားနေတဲ့ စီးပွားရေး ဖွံ့ဖြိုးမှု လမ်းကြောင်းမှာ ဘယ်သူက  အကောင်းဆုံးတွဲ ဖက် ဖြစ်မလဲ ဆိုတာကို ရွေးချယ်မှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံကို ဝင်ဖို့ကြိုးစားနေတဲ့ ကိစ္စမှာ သီးသန့်ပေါ်လွင်နေတဲ့ နိုင်ငံဖြစ်တယ်လို့ ကျွန်တော်မထင်ပါဘူး၊ ဒီလိုပဲ မြန်မာနိုင်ငံကလည်း အရာရာမှာ တစ်နိုင်ငံတည်းကို လွှမ်းမိုးလက်ဝါးကြီး အုပ်ခွင့်ပေးတာမျိုးထက် ပိုပြီးလက်တွေ့ကျဖို့ ရှိပါတယ်”ဟု ဆူရင်ပစ်ဆူရမ်က ဆက်လက် ပြောကြားသည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive