Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၂၂.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တူသောအကျိုး

*****************************************

ဆောင်းပါးကဏ္ဍ

တူသောအကျိုး

မိုးမြင့်ငြိမ်း

ဒီမိုကရက်ဘောင်ထဲမှ

မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြသည့် ခေါင်းဆောင်တိုင်းတွင် နိုင်ငံကို မည်သည့်လမ်းကြောင်းဖြင့် ဦးဆောင်သွား ပုံဖော် သွားမည်ဟူသော အတွေးစိတ်ကူး ရှိခဲ့ကြသည်ချည်း ဖြစ်သည်။ ထိုအတွက်ကြောင့်လည်း တဖြည်းဖြည်း ရုန်းကန်ရင်း ကမ္ဘာ့အလယ်တွင် ဝင့်ကြွားနိုင် သည့်အဆင့်သို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်သွားနိုင်ခဲ့သည့် ခေါင်းဆောင်တိုင်းသည် အစပထမ၌ မိမိတို့နိုင်ငံ ဘယ်လိုဖြစ်လာရမည်ဟု နှုတ်က လူထုထံသို့ တရားဝင် ပြောဆိုမှုမျိုး မရှိသော်လည်း စိတ်ထဲတွင် ရှေရှည်ကိန်းအောင်နေသည့်အတွက် လက်တွေ့ အကောင်အထည် ပေါ်လာကြ သည်ပင် မဟုတ်ပါလော။ ထိုသို့ ဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်ရာတွင်လည်း ဒီမိုကရက်တစ်ဘောင်ထဲမှ ဆောင်ရွက်ရခြင်းမှာ သာ၍ခက်သော်လည်း ရေရှည်တွင် အကျိုးဖြစ်ထွန်းနိုင်သည့် အရာဖြစ်သည့်အတွက် အလုပ်ဖြစ်အောင်သာ လုပ်ကြရမည် ဖြစ်သည်။

မော်ဒယ်နှစ်မျိုး

နိုင်ငံဖွံ့ဖြိုးအောင် ဆောင်ရွက်ရာတွင် ပညာရှင်များသုံးသပ်ကြသည့် မော်ဒယ်နှစ်မျိုးရှိသည်။ တစ်မျိုးမှာ နိုင်ငံရေးသိပ္ပံပညာရှင် ဟန်တင်တန်နှင့် သူ၏တပည့် ဇာခါရီတို့၏ စီးပွားရေးဖွံ့ဖြိုးအောင် အရင်ဆောင်ရွက်ပြီးတော့မှ ဒီမိုကရေစီအရေး ကို အကောင်အထည်ဖော်ဟူသော မော်ဒယ်မျိုးဖြစ်သည်။ စီးပွားရေးတစ်စုံတစ်ရာ ဖွံ့ဖြိုးတိုးတက်နေမှ တနည်း ဝင်ငွေအလယ်အလတ်အဆင့်ရှိသည့် စီးပွားရေး ရေခံမြေခံရှိလျှင် ဒီမိုကရေစီအရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ကောက်ချက်ချသည်။ ဒီမိုကရေစီ ရင့်ကျက်ခိုင်မာမှုဆီသို့ အောင်အောင်မြင်မြင် အသွင်ကူးပြောင်းနိုင်ခဲ့သည့် နိုင်ငံများကို ကြည့် လျှင်လည်း တစ်စုံတစ်ရာ စီးပွားရေးဖွံ့ဖြိုး တိုးတက်ကြသည့် နိုင်ငံများချည်း ဖြစ်နေသည်ကို တွေ့မြင်ရပေမည်။ ယင်းမှာလည်း နိုင်ငံအနည်းစုသာလျှင် ဖြစ်သည်။ ဥပမာအားဖြင့် ဗိုလ်ချုပ်ပတ်ချောင်ဟီး၊ လီကွမ်ယု၊ တိန်ရှောင်ဖိန် အစရှိ သူတို့မှာ အာဏာပိုင်စနစ် ကျင့်သုံးမှုအောက်တွင် နိုင်ငံကို ဖွံ့ဖြိုးတိုး တက်မှုလမ်းကြောင်းပေါ်သို့ ဆွဲတင်ပေးနိုင်ခဲ့သည့် ကမ္ဘာသိခေါင်းဆောင်များပင် ဖြစ်သည်။ သို့သော် ကမ္ဘာပေါ်တွင် တိန်ရှောင်ဖိန်လို၊ လီကွမ်ယုလို ခေါင်း ဆောင်ထက် မားကို့စ်လို၊ ဗိုလ်ချုပ်နေဝင်းလို ခေါင်းဆောင်များက အများစုဖြစ်နေသည် မဟုတ်ပါလော။ ထိုအတွက်ကြောင့်လည်း ယင်း အသွင်ကူးပြောင်း ရေးမော်ဒယ်မှာ လက်တွေ့အလုပ်မဖြစ်ဘူးဟု ပညာအသိုင်းအဝိုင်းက ဆိုလာကြသည်။ သို့နှင့် နိုင်ငံရေးဘောဂဗေဒပညာရှင် ဖရန်စစ်ဖူးကူးယားမား ဦးဆောင်၍ အသွင်ကူးပြောင်းရေးမော်ဒယ်တစ်မျိုး ဖော်ထုတ်ပြလာသည်။ ယင်းမှာ ဒီမိုကရေစီအရေးပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေးအပြောင်းအလဲ များကို ဆောင်ရွက်ရာ၌ တစ်ခုနှင့်တစ်ခု အလှမ်းမကွာစေဘဲ တစ်ဖြည်းဖြည်းခြင်း အသွင်ကူးပြောင်းသည့် နည်းလမ်းဖြစ်သည်။ ယင်းနည်းလမ်းဖြင့် အသွင်ကူးပြောင်းလျှင် တည်တည်ငြိမ်ငြိမ်ရှိနိုင်သည့်အတွက် ရွေးချယ်ဆောင်ရွက်သင့်သည့် မော်ဒယ်မျိုးလည်း ဖြစ်သည်။ သို့သော် နိုင်ငံရေးနှင့် စီးပွား ရေး အပြောင်းအလဲများကို ဟန်ချက်ညီညီ ဆောင်ရွက်ဖို့တော့ လိုသည်။

စိန်ခေါ်များစွာဖြင့် တက်လာသည့် ခေါင်းဆောင် မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုကို ယင်းမော်ဒယ်မျိုး နှစ်မျိုးပေါ်တင်ပြီး ဆန်းစစ်ကြည့်လျှင် ဒုတိယတစ်မျိုးနှင့် ပိုမိုနည်းစပ်သည်ကို တွေ့မြင်ရသည်။ ထိုသို့ ကောက်ချက်ချရခြင်းမှာ လက်ရှိ သမ္မတဦးသိန်းစိန်မှာ အာဏာပိုင်စနစ်ကို ကျင့်သုံးအ ကောင်အထည်ဖော်မှုမျိုး ယခုအချိန်ထိတိုင် တွေ့မြင်ရခြင်း မရှိသေးသည့်အတွက်ကြောင့် ဖြစ်သည်။ သို့သော် စီးပွားရေး ပြုပြင်ပြောင်းလဲမှုအပေါ်တွင် တော့ ယခုထက် ပိုမိုတွန်းတင်နိုင်မှ ဟန်ချက်ညီသည့် အသွင်ကူးပြောင်းမှုတစ်ခုကို ဖန်တီးယူနိုင်မည် ဖြစ်သည်။ ထို့အပြင် သမ္မတသည် နိုင်ငံကို မည်သို့ သောပုံစံဖြင့် ဦးဆောင်ပဲ့ကိုင်သွားမည်ဆိုခြင်းမှာလည်း အမှန်ပင် စိတ်ဝင်စားဖွယ်ကောင်းပါသည်။ စာရေးသူအမြင်တွင် သမ္မတဦးသိန်းစိန်သည် စိန်ခေါ်မှု များစွာဖြင့် တက်လာရသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အမျိုးသားသွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ကိုင်တွယ်နေရသည့် သမ္မတတစ်ဦးအနေဖြင့် ကြီးမားသည့် အခက်အခဲများကို ရင်ဆိုကျော်လွှားနေရသည်။ ပြုပြင်ပြောင်းလဲမှုတိုင်းတွင် အခွင့်အရေးဆုံးရှုံးမှုမျိုး ဖြစ်သွား နိုင်ချေရှိသူများကတော့ အပြောင်းအလဲကို ခုခံကြမည်ပင်ဖြစ်သည်။ သမ္မတဦးသိန်းစိန်အနေဖြင့် ၎င်းကိုယ်တိုင်ပင် အန္တ ရာယ်ရှိနိုင်သည့်ကြားက အခုအခံများကို ကျော်လွှားအကောင်အထည်ဖော်နိုင်ခဲ့သည့်အတွက် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်လျှင် ပြတ်ပြတ်သားသား ဆက်လက်ဆောင်ရွက်သွားမည်ဟု စာရေးသူအနေဖြင့် ယုံကြည်ပါသည်။

တူသောအကျိုး

သို့သော် သမ္မတအနေဖြင့် သူ၏ ကျန်ရှိနေသည့်သက်တမ်းအတွင်း ယခု တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့အရေးများကို ပြီးဆုံးသည်ထိတိုင် အ ကောင်အထည်ဖော်နိုင်မည်လောဟူ၍ မေးစရာရှိလာပါသည်။ နောက်ထပ် ဆက်လက်အရွေးခံမည်ဟုလည်း တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေး ပါ။ သို့သော် ပြီးခဲ့သည့် USDP ၏ အထွေထွေညီလာခံတွင်တော့ သမ္မတဦးသိန်းစိန်အား ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်ထားလေသည်။ ဖွဲ့စည်းပုံ အရ သမ္မတဖြစ်လျှင် ပါတီလုပ်ငန်း စဉ်များကို ဆောင်ရွက်ခွင့်မရှိသည့်အတွက် ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်ရန် မသင့်တော့ကြောင်းကို နိုင်ငံရေး အသိုင်းအဝိုင်းနှင့် မီဒီယာမျက်နှာစာတို့တွင် ဆွေးနွေးငြင်းခုံနေရဆဲကိစ္စလည်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ သမ္မတဦးသိန်းစိန်သည် ယခုကျန်ရှိနေသေး သည့် သက်တမ်းအတွင်း နိုင်ငံရေးတွင်ပါဝင်နေသည့် stake holders အားလုံးနှင့် လက်တွဲ၍ ထိန်းထိန်းသိမ်းသိမ်းဖြင့် ၎င်း၏မူဝါဒများကို စေတနာရှေ့ ထား အကောင်အထည်ဖော်နိုင်ခဲ့လျှင် ပြည်သူအများ ၏ တူသောအကျိုးပေးမှုကို မြေကြီးလက်ခတ်မလွဲ ရရှိမည်ဖြစ်ပါကြောင်း။

***************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၂.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. ဝါဝါဝင်းကုမ္ပဏီအား လယ်သမားများ ဆန္ဒပြ
  2. နိုင်ငံခြားသားအခွန်ဆိုင်ရာဝန်ဆောင်မှုရုံးဖွင့်လှစ်
  3. အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ပြည်ပကုမ္ပဏီသုံးခုရရှိ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. မွန်ပါတီနှစ်ခု ပူးပေါင်းရေး နှစ်ပါတီပူးတွဲကြေညာချက်ထုတ်ပြန်
  2. နယ်စပ်ဒေသမှလူဝင်ရောက်မှု Satelite ဂြိုလ်တုသုံး၍ စောင့်ကြည့်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ဝါဝါဝင်းကုမ္ပဏီအား လယ်သမားများ ဆန္ဒပြ

ရန်ကနု၊ အောက်တိုဘာလ ၂၂။

ရန်ကုန်မြို့၊ အနော်ရထာလမ်းရှိ ဝါဝါဝင်းကုမ္ပဏီ ရုံးချုပ်ရှေ့တွင် လယ်သမားအရေးဆောင်ရွက်နေသော ဦးဝင်းချိုအပါအဝင် လယ်သမား ၅၀ ဝန်းကျင်ခန့်သည် နစ်နာကြေးရလိုမှုနှင့် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်မှုသည် နံနက် ၁၀ နာရီမှ စတင်၍ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး နစ်နာကြေးရလိုကြောင်းနှင့် အဆိုပါ စက်မှုဇုန်အပိုင်း (၂)ရှိ လယ် သမား ၇၂ဦးတွင် လယ်သမား ၃၇ဦးမှာ တရားစွဲဆိုခံနေရကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ  လယ်သမားများ တောင်းဆို သော နစ်နာကြေး (သို့) သိမ်းယူထားသည့် စီမံကိန်းမြေများမှ ၁၀ရာခိုင်နှုန်းအား ပြန်လည်မပေးအပ်မခြင်း ဆန္ဒပြမှုနေရာမှ ထွက် ခွာသွားမည်မဟုတ် ကြောင်း သိရသည်။

“အသိမ်းခံရတဲ့ လယ်သမားတွေခြင်းတူတောင်တာမှ စက်မှုဇုန် (၁)နဲ့ (၂) ခွဲခြားဆက်ဆံခံရတယ်။ ဒီအပိုင်း (၂)ကလူတွေ လျော်ကြေးမရတာ မမျှ တဘူး။ နိုင်ငံတော်က နိုင်ငံပိုင်သိမ်းလို့ရှိရင် မြေတွေမှာလုပ်ကိုင်စားနေတဲ့ လယ်သမားတွေဘဲ ခံစားနေရတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဖြေရှင်းဖို့ ဆန္ဒပြတာပါ”ဟု ဦးဝင်းချိုက ပြောသည်။

အဆိုပါ ဆန္ဒပြမှုနှင့် စပ်လျဉ်း၍ ဝါဝါဝင်းကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဒေါ်စန်းစန်းဝင်းက “တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လယ်သမားတွေ ဖြစ် နေတဲ့ကိစ္စမှာ ကျမတို့မှာချည်းဘဲ တာဝန်ရှိတာမဟုတ်ပါဘူး။ ကျမတို့တစ်ခုတည်းပဲ မဖြေရှင်းနိုင်ပါဘူး၊ နိုင်ငံတော်မှာလည်း တာဝန်ရှိတယ်။ လယ်သမား မှာလည်း တာဝန်ရှိတယ်။ စီမံကိန်းရထားတဲ့သူမှာလည်း တာဝန်ရှိပါတယ်။ အပြုသဘောနဲ့ အလှူလုပ်ခဲ့တာပါ”ဟု ဆိုသည်။

ဝါဝါဝင်းကုမ္ပဏီအနေဖြင့် ၎င်းတို့သည် အုပ်ချုပ်ခံလူတန်းစားဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယခုနိုင်ငံတော်အစိုးရမှ လယ်ယာမြေအရှုပ်အရှင်းကိစ္စ များနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းကာ ဖြေရှင်းလျက်ရှိနေသဖြင့် ၎င်းတို့သည်လည်း စုံစမ်းစစ်ဆေးရေးကော်မတီ၏ ဆုံးဖြတ်ချက်သာ လိုက်နာနိုင်မည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

“ပုဒ်မ ၃၈၁ အရ မိမိတို့၏နစ်နာမှုကို ဖော်ထုတ်လို့ရတယ်။ နောက်ပြီး လွှတ်တော်မှာလည်း လယ်ယာမြေနဲ့ပက်သက်လို့ စီမံကိန်းတွေ မအောင် မြင်ခဲ့ရင် မူလသိမ်းယူခြင်းခံရသူကို ပြန်ပေးဖို့ ဥပဒေထုတ်ပေးထားတယ်။ ဒါဆို ၁၉၉၅ ခုနှစ်က ဝါဝါဝင်းက သိမ်းခဲ့တဲ့မြေတွေမှာ ဘာစီမံကိန်းက အကောင် အထည် ပေါ်နေပြီလဲ။ တရားမျှတမှုဆိုတာကော ရှိသေးလား”ဟု ဦးဝင်းချိုက ဆိုသည်။

လယ်သမားများအနေဖြင့် ဥပဒေဘောင်အတွင်းမှ ဆန္ဒပြသွားမည်ဖြစ်ပြီး ပုဒ်မ-၃၈၁ အရ ဆန္ဒပြတောင်းဆိုခွင့်၊ ဖော်ထုတ်ခွင့်ရရှိသော်လည်း ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေတွင် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှုး၏ ခွင့်ပြုချက်မရရှိပါက အဆိုပါ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင် ရာ ဥပဒေပုဒ်မ -၁၈ ဖြင့် အရေးယူနိုင်ကြောင်း သိရသည်။

“ကျမတို့ကို ဖမ်းချင်ဖမ်းပါ။ ဦးဝင်းချိုပြောသလိုဘဲ။ သက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးက လာမဖြေရှင်းရင် ဒီနေကနေမခွါနိုင်ပါဘူး။ အဖမ်းခံမယ်။ အ သတ်ခံမယ်”ဟု ဆန္ဒပြတောင်းဆိုနေသော ပဒံကျေးရွာအုပ်စုမှ လယ်သမားဖြစ်သူ ဒေါ်ရင်ရင်ထွေးက ပြောသည်။

မင်းခဏ့်

------------------------------------------------------------------------------------------------------------------------

နိုင်ငံခြားသားအခွန်ဆိုင်ရာဝန်ဆောင်မှုရုံးဖွင့်လှစ်

မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသားများနှင့် အဖွဲ့အစည်းများမှ နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခွန်အရပ်အရပ်နှင့် ပတ်သက်၍ မေးမြန်းစုံစမ်းနိုင်ရန် နိုင်ငံခြားသားအခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံးကို အောက်တိုဘာလ ၁၉ရက်နေ့တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရ သည်။

“ပြည်တွင်းကိုလာရောက်တဲ့ နိုင်ငံခြားသားတွေပဲဖြစ်ဖြစ် အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းရှင်တွေပဲဖြစ်ဖြစ် နိုင်ငံတော်ကို ပေး ဆောင်ရတဲ့ အခွန်နဲ့ပတ်သက်တဲ့ကိစ္စတွေကို ဒီရုံးမှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။ အခွန်ရုံးတွေနဲ့ အခွန်သွားဆောင်လို့ အဆင်မပြေတာရှိရင်လည်း ဒီရုံးမှာ တိုင်ကြားနိုင်ပါတယ်”ပာု ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံခြားသားများ၏ အခွန်ဆိုင်ရာတိုင်ကြားမှုများကို အဆိုပါရုံးမှ အသေးစိတ် စိစစ်အရေးယူဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံခြားသား အခွန် ဆိုင်ရာ ဝန်ဆောင်မှုရုံးတွင် ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အောင်ဘာလေထီခွန်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“အခုနှစ်မှာ နိုင်ငံတော်က စီးပွားရေးလုပ်ငန်းတွေအတွက် ပြည်တွင်းကိုလာရောက်တဲ့ နိုင်ငံ ၂၈နိုင်ငံက ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ ခွင့်ပြု ပေးနေပါတယ်။ ခရီးသွားလုပ်ငန်းရဲ့ အခန်းကဏ္ဍကလည်း မြင့်တက်လာခဲ့ပါပြီ။ ဒီမြင့်တက်လာမှုတွေနဲ့အတူ နိုင်ငံတော်အနေနဲ့လည်း အခွန်ဝင်ငွေ ပိုတိုး ပွားလာပါတယ်။ ဒါပေမယ့် ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ခုထိ နိုင်ငံတကာနဲ့ စီးပွားရေးယှဉ်ပြိုင်ဖို့ အဆင်သင့် မဖြစ်နိုင်သေးပါဘူး”ပာု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းသို့ လုပ်ငန်းဗီဇာကိုင်ဆောင်၍ ဝင်ရောက်လာသူ နိုင်ငံခြားသား ၂၀၀ ရာခိုင်နှုန်းကျော်မြင့်တက်လာခဲ့ပြီး ပြည်တွင်းသို့ လုပ်ငန်းကိစ္စရပ်များဖြင့် လာရောက်မည့်နိုင်ငံ ၂၆ နိုင်ငံအတွက် ဆိုက်ရောက်ဗီဇာများကို ၂၀၁၂ ခုနှစ် ဇွန်လဆန်းပိုင်းတွင် ခွင့်ပြုပေးခဲ့ ကြောင်း သိရသည်။

YC

------------------------------------------------------------------------------------------------------------------------

အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ပြည်ပကုမ္ပဏီသုံးခုရရှိ

နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ပူးပေါင်းလုပ်ကိုင်ရန် ပြည်ပကုမ္ပဏီသုံးခုမှ လုပ်ကိုင်ခွင့်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

“အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် ပြည်ပကုမ္ပဏီသုံးခုကို လုပ်ကိုင်ခွင့်ပေးလိုက်ပါပြီ။ ပြည်ပ နိုင်ငံတွေက တယ်လီဖုန်းခေါ်ဆိုဆက်သွယ်ပြီဆိုရင် ဒီကုမ္ပဏီတွေက ဝန်ဆောင်မှုပေးသွားမှာပါ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် နိုင်ငံတော်အတွက် အကျိုးစီး ပွား အရမ်းကို ဖြစ်ထွန်းလာမှာပါ”ပာု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ပြည်ပကုမ္ပဏီသုံးခုမှာ ပောာင်ကောင်အခြေစိုက် PCCW Global Limited၊ Hutchison Global Communication Limited (HGC) နှင့် NIT Singapore Pte.Ltd တို့ဖြစ်ပြီး ယင်းကုမ္ပဏီများက ပြည်ပ နိုင်ငံများမှ တယ်လီဖုန်းခေါ်ဆိုဆက်သွယ်ခြင်းကို ဝန်ဆောင်မှုပေးသူအဖြစ် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ် ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြည်ပက ဆက်သွယ်ရေးကုမ္ပဏီတွေ ပြည်တွင်းမှာလာပြီးရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်နေပါတယ်။ ဆက်သွယ်ရေးကဏ္ဍပာာ ရေတိုအ တွင်းမှာကို နိုင်ငံတော်အတွက် အကျိုးအမြတ်တွေပြန်ရနိုင်တဲ့အတွက် အခုလို လုပ်ကိုင်ခွင့်ပေးလိုက်တာပါ။ တကယ်လည်း သူတို့ဆီက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာနဲ့ သူတို့ဆီက နည်းပညာတွေကို ကိုယ့်နိုင်ငံအရင်ရမှာပါ”ပာု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ တင်ဒါအကြံပေးအဖွဲ့ကို နောက်ဆုံးအဆင့် ရွေးချယ် သွားမည်ဖြစ်ပြီး ယင်းတင်ဒါအကြံပေးအဖွဲ့ကို ဂျာမနီ၊ ဆွစ်ဇာလန်နှင့် စင်္ကာပူနိုင်ငံတို့မှ ရွေးချယ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

မွန်ပါတီနှစ်ခု ပူးပေါင်းရေး နှစ်ပါတီပူးတွဲကြေညာချက်ထုတ်ပြန်

မွန်ပါတီနှစ်ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီတို့ ပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်ပါတီပူးတွဲကြေညာ ချက်ကို အောက်တိုဘာလ ဒုတိယပတ်အတွင်း ထုတ်ပြန်ကြေညာခဲ့သည်။

“နှစ်ပါတီပူးပေါင်းဆောင်ရွက်ရေးအတွက် အရင်ကတည်းက စီစဉ်ထားတာပါ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ တစ်ပါတီတည်းအဖြစ် ဝင် ရောက်ယှဉ်ပြိုင်သွားမှာပါ။ လက်ရှိအချိန်ထိတော့ နှစ်ပါတီပူးပေါင်းရေးက ဘာအခက်အခဲမှ မရှိသေးပါဘူး။ မွန်ပြည်နယ်က ပြည်သူတွေကော သံဃာတော် တွေကောက ပေါင်းစေချင်ကြပါတယ်”ပာု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းပူးတွဲကြေညာချက်တွင် မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့သည် ပူးပေါင်းရန် သဘောတူညီကြောင်း၊ ၂၀၁၄ ခုနှစ်နောက်ဆုံးထား၍ တစ်ပါတီတည်းအဖြစ် ပူးပေါင်းဆောင်ရွက်ရေး၊ အဆင့်ဆင့်ညှိနှိုင်းရေးအတွက် နှစ်ပါတီမှ တာဝန်ရှိသူများ တစ်လတစ်ကြိမ် တွေ့ ဆုံညှိနှိုင်းရေးနှင့် ပါတီနာမည်သစ်တစ်ရပ်ဖြစ်ပေါ်လာနိုင်စေရန် ဆွေးနွေးညှိနှိုင်းရေး စသည့် အချက်လေးချက်ကို သဘောတူညီခဲ့ကြောင်း သိရသည်။

“၂၀၁၄ နောက်ဆုံးထားပြီးတော့ မွန်ပါတီနှစ်ခု ပူးပေါင်းရေးအတွက် သဘောတူခဲ့ကြပါတယ်။ လာမယ့် ၂၀၁၅ မှာ ပါတီအမည်တစ်ခုတည်းနဲ့ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ မွန်ပါတီနှစ်ခုပေါင်းစည်းရေးအတွက် အရင်နှစ်တွေကတည်းက လုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် ခုလို သဘောတူညီချက်တွေ မရသေးပါဘူး”ပာု မွန်ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မွန်ပါတီနှစ်ခုလုံး၏ တန်းတူဖြစ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်မှန်သည့်ပြည်ထောင်စုနှင့် တိုင်းရင်းသားအရေးအတွက် မူဝါဒ ချမှတ်မှုများမှာ တူညီကြောင်း သိရသည်။

YC

------------------------------------------------------------------------------------------------------------------------

နယ်စပ်ဒေသမှလူဝင်ရောက်မှု Satelite ဂြိုလ်တုသုံး၍ စောင့်ကြည့်မည်

နယ်စပ်ဒေသမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ လူမျိုးခြားဝင်ရောက်မှုများကို ကာကွယ်နိုင်ရန် နယ်စပ်ဒေသများတွင် Satelite ဂြိုလ်တုများ ထားရှိ၍ စောင့်ကြည့်ကာကွယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Flower News ဂျာနယ်တွင် ဖော်ပြပါရှိသည်။

“လူမျိုးခြားတွေ မြန်မာနိုင်ငံထဲဝင်ရောက်လာတာကို ကာကွယ်ဖို့အတွက် နယ်စပ်ဒေသတွေကို ဂြိုလ်တုနဲ့စောင့်ကြည့်ပြီး ကာကွယ်သွားမှာပါ။ ပြီး တော့ နယ်စပ်ဒေသကို စောင့်ကြည့်တဲ့ရဲကင်းကိုလည်း အင်အားထပ်တိုးပြီးတော့ စောင့်ကြည့်သွားဦးမှာပါ။ ဒါဆိုရင် ပြည်တွင်းကို လူမျိုးခြားဝင်ရောက်မှု အပြင် လူကုန်ကူးမှုတွေလည်း လျော့ကျလာနိုင်ပါတယ်”ပာု လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ အစိုးရသစ်လက်ထက်တွင် နယ်စပ်ဝင်ပေါက်များကို ဖွင့်လှစ်ပေးခဲ့သည့်အတွက် ကုန်သွယ်မှုများ တိုးပွားလာခဲ့သော်လည်း ပြည်တွင်း သို့ လူမျိုးခြားများ ဝင်ရောက်လာမှုနှင့် လူကုန်ကူးမှုများမှာ ပိုမိုပေါများလာခဲ့သည့်အတွက် ပြည်တွင်းလုံခြုံရေးကိစ္စရပ်များကို နိုင်ငံတကာနည်းတူ အစိုးရ နှင့် ပုဂ္ဂလိကကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ရခိုင်ကိစ္စမှာတုန်းကလည်း အဓိကဖြစ်တာ ပြည်တွင်းကို လူမျိုးခြားတွေ ဝင်လာလို့ဖြစ်ရတာပါ။ ပြီးတော့ အရင်ရက်တွေတုန်းက ကလေးကို ဘင်္ဂါ လီလူမျိုးတွေခိုးဝင်လာလို့ ဖမ်းဆီးရမိခဲ့ပါတယ်။ အခုလို နည်းပညာအကူအညီတွေနဲ့ နယ်စပ်ဒေသက လူဝင်လာတာတွေကို စောင့်ကြည့်နေမယ်ဆိုရင် အကြမ်းဖက်မှုတွေလည်း လျော့ကျသွားနိုင်ပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဇူလိုင်လ ၈ ရက်နေ့မှစတင်၍ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့်အတွက် မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် တပ်တွေရဲ့ လစဉ်ဆွေးနွေးပွဲကို စက်တင်ဘာလ ၅ ရက်နေ့တွင် ပြန်လည်စတင်ခဲ့ပြီး မြန်မာနိုင်ငံ အနောက်ဘက် ဘင်္ဂလာဒေ့ရှ်-ရခိုင် နယ်စပ်တလျောက် တွင် သြဂုတ်လမှစတင်၍ လုံခြုံရေးတိုးမြှင့်ချထားခဲ့ကြောင်း သိရသည်။

              YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

သမ္မတကြီးက နဂိုကတည်းက ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌပဲ။ ဥက္ကဋ္ဌကနေ သမ္မတဖြစ်သွားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီရဲ့တာဝန်တွေကို ထမ်း ဆောင်ခွင့်မပြုရဘူး။ ရာထူးကနေ ဖယ်ရှားရမယ်ဆိုတာ မရှိပါဘူး။ ဒါ့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို မဆန့်ကျင်ပါဘူး။ သမ္မတကြီးကသာ ပါတီလုပ်ငန်း တွေ လာလုပ်နေမယ်ဆိုရင်တော့ ဆန့်ကျင်တာပေါ့။ ဒီဟာတော့ မဆန့်ကျင်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို သေချာဖတ်ကြည့်ရင် တွေ့မှာပါ”

အောက်တိုဘာ ၂၂ရက်ထုတ် Weekly Eleven ဂျာနယ် အတွဲ (၃) အမှတ် (၈) တွင်ပါရှိသည့်“နိုင်ငံတော်သမ္မတကို ပြည် ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခြင်းသည် ဖွဲစည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီပါက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆွေးနွေးမည်”သတင်းမှ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------------------

“နောက်ပြန်လှည့်မလား၊ မလှည့်ဘူးလားဆိုတာကတော့ ပြည်သူတွေရဲ့ဆန္ဒအပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်ထင်ပါတယ်။ ပြည်သူကိုမေးကြည့်ရင် တော့ ဘယ်လိုမှ နောက်ပြန်လှည့်လိုတဲ့ဆန္ဒ မရှိတော့ပါဘူး။ ပြည်သူက နောက်ပြန်မလှည့်ချင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ကလည်း နောက်ပြန်မ လှည့်နိုင်အောင် ကြိုးစားပြီး လုပ်ရမှာဖြစ်ပါတယ်။ နိုင်ငံရေးမှာ သဘောထားတွေ အမျိုးမျိုးရှိမှာပါ။ တူညီတဲ့အချက်တွေရှိတယ်။ မတူညီတဲ့အချက်တွေရှိ တယ်။ နိုင်ငံရေးသမားဆိုတာက တော့ ချီးမွမ်းခံရတာတွေရှိသလို၊ အဆဲခံရတာတွေလည်း ရှိမှာပဲ”

အောက်တိုဘာ ၂၂ရက်ထုတ် Weekly Eleven ဂျာနယ် အတွဲ (၃) အမှတ် (၈) တွင်ပါရှိသည့်“ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ အား Eleven Media Group မှမေးမြန်းသည့် မေးခွန်းနှင့် ပြန်လည်ဖြေကြားချက်”သတင်းမှ သမ္မတဦးသိန်းစိန်၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်။

------------------------------------------------------------------------------------------------------------------------

“ပိုက်ဆံပေးတိုင်း လုပ်လို့ရတဲ့ကိစ္စတွေမဟုတ်ပါဘူး။ ဦးသိန်းညွန့်မှာလည်း သူ့နိုင်ငံရေးယုံကြည်ချက်နဲ့သူရှိပါတယ်။ ပိုက်ဆံနဲ့ လုပ်လို့မရတဲ့ကိစ္စတွေ အများကြီးရှိပါတယ်။ အဲဒီစာကို ကျွန်တော်တို့လည်း မတွေ့ရသေးဘူး။ တကယ်တော့ အဲ့ဒါက အခြေအမြစ်မရှိတဲ့ ပစ်စာပါပဲ”

အောက်တိုဘာလ ၁၉ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ် အမှတ် (၈၁) တွင်ပါရှိသည့်“ဦးခင်ညွန့်၊ ဒေါက်တာအေးမောင်၊ ကိုကိုကြီး၊ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်နှင့် ဦးသိန်းညွန့်တို့အား ခြိမ်းခြောက်သောစာ ဦးသိန်းညွန့်ထံပို့” သတင်းမှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive