Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. ရခိုင်ပြည်နယ်အတွင်းရှိဒေသခံများ သုံးရက်အတွင်း နီးစပ်ရာလုံခြုံရေးအဖွဲ့များထံ လက်နက်အပ်နှံရန် ကြေညာချက် ထုတ်ပြန်

နိုင်ငံရေးသတင်း

  1. ဥပဒေသုံးခု ရုတ်သိမ်းကြောင်း ပြဋ္ဌာန်း
  2. နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ ဒုတိယအကြိမ်တွေ့ဆုံမည်
  3. ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များအား မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း လုပ်ကိုင်ခွင့်ပြု

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ရခိုင်ပြည်နယ်အတွင်းရှိဒေသခံများ သုံးရက်အတွင်း နီးစပ်ရာလုံခြုံရေးအဖွဲ့များထံ လက်နက်အပ်နှံရန် ကြေညာ ချက်ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်းရှိ တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်သူများ(၃)ရက်အတွင်း လက်နက်များကို နီးစပ်ရာလုံခြုံရေးအဖွဲ့များထံ အပ်နှံကြရန် နိုဝင်ဘာလ ၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းထုတ်ပြန်ကြေညာချက်တွင် အောက်တိုဘာ ၂၁ ရက်မှစတင်၍ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင်အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ် ခဲ့ပြီး သေဆုံသူများနှင့် ထိခိုက်ဒဏ်ရာရသူများ ရှိသည့်အတွက် သက်ဆိုင်ရာအာဏာပိုင်များမှ အရေးယူထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့်  ရခိုင်ပြည်နယ်အတွင်းလူမျိုးရေးပဋိပက္ခများ အဆုံးသတ်နိုင်စေရေးအတွက် တည်ငြိမ်အေးချမ်းမှုနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများအပေါ် အကြမ်းဖက်သူများက နည်းလမ်းမျိုးစုံဖြင့် အဖျက်အမှောင့်လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း ဖော်ပြပါရှိသည်။

အချို့မြို့နယ်များတွင်လည်း လူအုပ်စုဖွဲ့ကာ ဓား၊ လှံ၊ တူမီးသေနတ်များ ကိုင်ဆောင်၍ လုယက်ဆူပူ အကြမ်းဖက်မှုများပြုလုပ်၍ ပဋိပက္ခကို အခြေအနေ ပိုမိုဆိုးရွားလာစေရန် ဖန်တီးခဲ့သည့်အတွက် အရေးယူမှုများပြုလုပ်ခဲ့ကြသည်။ ထို့အပြင် အကြမ်းဖက်မှုများပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ပစ္စည်းများကိုလည်း နီးစပ်ရာရဲစခန်း၊ လုံခြုံရေးအဖွဲ့များထံ (၃) ရက်အတွင်း အမြန်ဆုံးအပ်နှံကြရန် ထုတ်ပြန်ကြေညာခဲ့ သည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း အောက်တိုဘာလ ၂၁ ရက်နေ့မှစတင်၍ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသူနှင့် ကျေးရွာစွန့်ခွာ၍ ထွက်ပြေးလာသူ သောင်းဂဏန်းအထိရှိပြီး ယင်းဒုက္ခသည်များဝင်ရောက်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဂိတ်များကိုဖွင့်ထားပေးရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မပာာမင်းကြီးရုံး(UNHCR)မှ ဘင်္ဂလားဒေ့ရှ်အစိုးရထံ တောင်းဆိုခဲ့သည်။

YC

  ******************************

နိုင်ငံရေးသတင်း

ဥပဒေသုံးခု ရုတ်သိမ်းကြောင်း ပြဋ္ဌာန်း

ပြည်ထောင်စုလွှတ်တော်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ ၁၉၆၄ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့သည့် ဥပဒေတစ်ခု၊ ၁၈၈၅ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့သည့် ဥပဒေတစ်ခုနှင့် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများနှင့် သက်ဆိုင်သည့် ဥပဒေတစ်ခုတို့အား ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ထောင်စုလွှတ်တော်မှ ဥပဒေအမှတ် ၁၈ ဖြင့် ၁၉၆၄ မြန်မာနိုင်ငံ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းကော်ပိုရေးရှင်းဥပဒေအားလည်းကောင်း၊ ဥပဒေအမှတ် ၁၉ ဖြင့် မြေသိမ်း(သတ္တုတွင်းများ) အက်ဥပဒေအားလည်းကောင်း၊ ဥပဒေအမှတ် ၂၀ ဖြင့် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများ ကာကွယ်ရေးအက်ဥပဒေတို့အား ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၁ ရက်နေ့ ရက်စွဲဖြင့် ပြဋ္ဌာန်းခဲ့သည်။

                YC

 --------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ ဒုတိယအကြိမ်တွေ့ဆုံမည်

လာမည့် ၂၀၁၃ ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး(၂၉)ဦး တို့မှာ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ပထမအကြိမ်တွေ့ဆုံစဉ်က တစ်နှစ်တစ်ကြိမ်တွေ့ဆုံရန် အစီအစဉ်ရှိခဲ့ကြောင်းနှင့် ယခု ဒုတိယအကြိမ် တွေ့ဆုံမှုကို ပြည်ထောင်စုနေ့မတိုင်ခင် ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံဆွေးနွေးပွဲ၌ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စရပ်များတွင် တိုင်းရင်းသားရေးရာဝန်ကြီးများပါဝင်ရန်၊ နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ တစ်နှစ် နှစ်ကြိမ်တွေ့ဆုံ ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

                              YC

 --------------------------------------------------------------------------------------------

ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များအား မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း လုပ်ကိုင်ခွင့်ပြု

တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များအား မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းဆိုင်ရာကဏ္ဍအသီးသီးကို လုပ်ကိုင်ခွင့်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတွင်ပါရှိသည့် သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ သယ်ဆောင်၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ အကျိုးအမြတ် ပိုမိုရရှိလာနိုင်စေရန် ကုန်းတွင်း၊ ကမ်းဝေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် စွမ်းအင်ဝန်ကြီးဌာနမှယင်းလုပ်ငန်းများအပြင် ဝန်ဆောင်မှုလုပ်ငန်းများ၊ ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများနှင့် အင်ဂျင်နီယာ လုပ်ငန်းများကို အဖွဲ့တစ်ခုဖွဲ့စည်း၍ဆောင်ရွက်သွားနိုင်ရန်ပြင်ဆင်လျက်ရှိသည်။ မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက်ရှိ ကမ်းလွန်ရေနံရှာဖွေရေးလုပ်ငန်းကိုလည်း ကမ်းလွန်ရေနံရှာဖွေရေးကုမ္ပဏီလီမီတက်အဖြစ် အသွင်ပြောင်းလဲဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများလုပ်ကိုင်ရာတွင် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်သည့်အပြင် နိုင်ငံတကာမှ ရေနံကုမ္ပဏီများနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

၂၀၁၂ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ မြန်မာနိုင်ငံမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့ ပြည်ပသို့တင်ပို့ရောင်းချမှုများမှာ အမေရိကန်ဒေါ်လာ ၁.၇ ဘီလျံထိရောက်ရှိခဲ့သည်။ ယခုအခါ ကမ္ဘာပေါ်တွင် အင်္ဂလန်-ဒတ်ခ်ျ နိုင်ငံတကာရေနံကုမ္ပဏီကြီး Shell မှ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျုပ်တို့ညောင်ဝန်းရွာကတောင်သူတွေ အားကိုးတကြီးစောင့်မျှော်နေပါတယ်လို့ အသနားခံချင်ပါတယ်။ အစိုးရအဖွဲ့တွေအပြင် တောင်သူတွေရဲ့ အကျိုးစီးပွားကို တကယ်လိုလိုလားလားနဲ့ ကိုယ်ကျိုးမဖက် ကာကွယ်ပေးနိုင်မယ့် နိုင်ငံရေးအဖွဲ့ အစည်းတွေ၊ နိုင်ငံရေးပါတီတွေ ကူညီမှုတွေကိုလည်း စောင့်မျှော်နေပါတယ်ဗျာ”

အောက်တိုဘာလ ၃၁ ရက်နေ့ထုတ် အင်ပါယာဂျာနယ် အတွဲ(၁)၊ အမှတ် (၃၃) တွင်ပါရှိသော “ကျေးရွာအုပ်ချုပ် ရေးမှူးများ ဒေသခံတောင်သူများ၏ အကျိုးခံစားခွင့်အပေါ် ကာကွယ်ပေးမှုနည်းပါး၍ ဒေသခံများဒုက္ခတွေ့နေကြရ၊ တောင်သူများ၏ နစ်နာမှုများကို လိုလိုလားလားကူညီပေးနိုင်သော အဖွဲ့အစည်းများ၊ ပါတီများ၏ အကူအညီကိုမျှော်လင့်နေ” သတင်းမှ လယ်သမားဦးမှူး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------

“လွှတ်တော်မှာ ဆုံးဖြတ်မယ်ဆိုတာ အစိုးရရဲ့ လမ်းပြမြေပုံပဲ ကျွန်တော်တို့က လွှတ်တော်ပြင်ပမှပဲ အပြီးသတ်လုပ်ချင်တယ်၊ သဘောတူညီမှုရသည်အထိ  အပြင်မှာပဲဆွေးနွေးမယ်၊ နောက်ပြီး နိုင်ငံတကာက စောင့်ကြည့်တာ လိုချင်တယ်”

နိုဝင်ဘာလ ၂ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၃၁) တွင်ပါရှိသော “နိုင်ငံရေးဆွေးနွေးပွဲ လွှတ်တော်ပြင်ပမှာ အပြီးသတ်ဆွေးနွေးစေချင်” သတင်းမှ ကေအိုင်အေဒုတိယ ဥက္ကဠဟောင်းဒေါက်တာတူးဂျား၏ ပြော ကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------

“အခုခေတ်မှာက ဘာအောင်လက်မှတ်၊ ညာအောင်လက်မှတ်ဆို ပိုက်ဆံအနည်းအကျဉ်းပေးရုံနဲ့ရနေပြီ။ ဘွဲ့မရတဲ့သူ တစ်ယောက်ကလည်း လိုချင်တဲ့ဘွဲ့ကိုအတုလုပ်လို့ရတယ်။ ဒီတော့လုပ်ငန်းရှင်တွေက ကိုယ့်အလုပ်နဲ့တစ်ကယ်အကျွမ်းတဝင် ဖြစ်နိုင်တဲ့သူကို ရွေးချယ်ခန့်နိုင်ဖို့လိုတယ်။”

နိုဝင်ဘာလ ၁ ရက်နေ့ထုတ် Popular News Journal အတွဲ (၄) အမှတ် (၄၃) တွင်ပါရှိသော “အလုပ်အကိုင်အခွင့်အလမ်း နှင့်ခြေလွတ်လက်လွတ်အိမ်မက်များ”သတင်းမှ လက်ရှိတွင်အချိုရည်နှင့်စားသောက်ကုန်ဖြန့်ဖြူးရေး လုပ်ငန်းတစ်ခု၌  မန်နေဂျာအဖြစ် လုပ်ကိုင်နေသူတစ်ဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. မြေသိမ်းသူများအား သက်ဆိုင်ရာအာဏာပိုင်များက အကာအကွယ်ပေးထား
  1. ဗပာိုဘဏ်သီးခြားလွတ်လပ်ခွင့်ရရေး လွှတ်တော်သို့တင်မည်

နိုင်ငံရေးသတင်း

  1. ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ ဒုတိယမြောက်အသိပေးကြေညာချက်ထုတ်ပြန်
  2. ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦးအား စွပ်စွဲပြစ်တင်မှု ပြန်လည်ရုတ်သိမ်း
  3. တရားစီရင်ရေးကဏ္ဍ အဂတိကင်း၍ဖွံ့ဖြိုးရေး ဒေါ်အောင်ဆန်းစုကြည်ကော်မတီနှင့်ပူးပေါင်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

မြေသိမ်းသူများအား သက်ဆိုင်ရာအာဏာပိုင်များက အကာအကွယ်ပေးထား

လက်ရှိမြန်မာတစ်နိုင်ငံလုံး၌ ဖြစ်ပွားလျက်ရှိသော လယ်ယာမြေသိမ်းဆည်းမှုများတွင် ယင်းသိမ်းဆည်းသူများအား သက်ဆိုင်ရာ အာဏာပိုင် များက ဥပဒေဘောင်ကျော်၍ အကာအကွယ်ပေးထားကြောင်း လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရ သည်။

“လယ်ယာမြေသိမ်းဆည်းမှုတွေမှာ ဥပဒေဘောင်ကျော်ပြီး သိမ်းတဲ့ဌာနဆိုင်ရာအသီးသီးကသူတွေရယ်၊ လုပ်ငန်းရှင်တွေရယ်ကို အာဏာ ပိုင်တွေက အကာကွယ်ပေးထားပါတယ်။ ပြီးတော့ အရင်တုန်းက စက်ရုံ တည်ဆောက်မှုမရှိခဲ့ဘဲနဲ့ လက်ဆင့်ကမ်းရောင်းချထားတဲ့မြေကွက်တွေမှာလည်း အယောင်ပြခြံခတ်တာတို့၊ အုတ်တံတိုင်းကာတာတို့ကို လုပ်ဆောင်ပြီး မြေကစားနေပါတယ်။ ဒါကို အာဏာပိုင်တွေက သိပေမယ့် မသိကျိုးကျွံ ပြုနေပါ တယ်” ပာု ၎င်းက ဆက်လက်ပြော ကြားသည်။

ထိုသို့ လယ်ယာမြေသိမ်းဆည်းသူများအား သက်ဆိုင်ရာအာဏာပိုင်များက အကာအကွယ်ပေးထားမှုအပေါ် လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ဥပဒေအရ ဖော်ထုတ်အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ပြီး လယ်ယာ မြေသိမ်းဆည်းမှုများတွင် တပ်မတော်၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ ရဲတပ်ရင်း၊ ပြည်ခိုင်ဖြိုးပါတီနှင့် ဌာနဆိုင်ရာအချို့ပါဝင်ကြောင်း သိရသည်။

“လယ်ယာမြေသိမ်းဆည်းမှုတွေမှာပါဝင်တဲ့သူတွေမှာ ဥပဒေနဲ့မညီညွှတ်တဲ့သူတွေကို ကော်မရှင်က ဖော်ထုတ်အရေးယူသွားတော့မှာပါ။ လုပ်ငန်းရှင်တွေအနေနဲ့လည်း အမှန်တကယ်စက်ရုံမတည်ဆောက်ရင် လယ်ယာမြေတွေကို လယ်သမားတွေကို ပြန်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ လယ်မဲ့၊ ယာမဲ့ တောင်သူတွေရဲ့ဘဝကို ကယ်တင်ပေးဖို့အတွက် အကုန်လုံးပူးပေါင်းဆောင်ရွက်သင့်ပါတယ်” ပာု ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

                ၂၀၀၉ မတ်လ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် လယ်ယာမြေဥပဒေတွင် တစ်နိုင်တစ်ပိုင် လယ်ယာစိုက်ပျိုးသူများ နှင့် တိုင်းရင်းသားလူမျိုးများ၏ မြေယာပိုင်ဆိုင်ခွင့်များနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ အတိအကျမထွက်ရှိသေးသည့်အတွက် လက်ရှိအချိန်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ လယ်ယာမြေသိမ်းဆည်းမှုများအပေါ် တောင်သူများက ဆန္ဒပြ တောင်းဆိုခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

YC

---------------------------------------------------------------------------------------------------------------------------

ဗပာိုဘဏ်သီးခြားလွတ်လပ်ခွင့်ရရေး လွှတ်တော်သို့တင်မည်

ပြည်ထောင်စုအဆင့် ငွေကြေးသုံးစွဲမှုစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များတွင် ဗပာိုဘဏ်မှသီးခြားလွတ်လပ်စွာ ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်အား လက်ရှိကျင်းပလျက်ရှိသည့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားတော့မည် ဖြစ်ကြောင်း ဗပာိုဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဗပာိုဘဏ်အနေနဲ့ နိုင်ငံတော်ရဲ့ငွေကြေးကိစ္စတွေကို စီမံခန့်ခွဲရာမှာ လွတ်လွတ်လပ်လပ်နဲ့ဆုံးဖြတ်နိုင်အောင်လို့ လွှတ်တော်ကိုတင်ပြသွားမှာပါ။ ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ပြီးတော့ ဗပာိုဘဏ်ဥပဒေမူကြမ်း ရေးဆွဲဖို့အတွက်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြခဲ့ပြီးပါပြီ”ပာု ၎င်းကဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတော်ဗပာိုဘဏ်သည် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနလက်အောက်၌ နိုင်ငံတော်၏ ငွေရေး၊ ကြေးရေးများကို ဆောင်ရွက်နေရသည့် ဌာနတစ်ခုဖြစ်ပြီး မကြာမီကာလအတွင်း ဗပာိုဘဏ် ဒုတိယဥက္ကဋ္ဌနှစ်ဦးကို ခန့်အပ်တာဝန်ပေးအပ်ရန် အစီအစဉ်ရှိကြောင်း ၎င်းကပြောသည်။

ထို့ပြင် အောက်တိုဘာလ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗပိာုဘဏ်ကိုသီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ် နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် ပြည်ထောင်စုအဆင့်ဥက္ကဋ္ဌတစ်ဦးနှင့် ဒုဥက္ကဋ္ဌနှစ်ဦးတို့ကိုခန့်ထား၍ ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုရေးကို ပြည်ထောင်စု လွှတ်တော် နာယကထံသို့ သဝဏ်လွှာပေးပို့ခဲ့ကြောင်းသိရသည်။

                YC

  ******************************

နိုင်ငံရေးသတင်း

ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ ဒုတိယမြောက်အသိပေးကြေညာချက်ထုတ်ပြန်

နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်(၂/၂၀၁၂)ကို အောက်တိုဘာလ ၃၁ ရက်နေ့ရက်စွဲဖြင့် အသိပေးထုတ်ပြန်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

ယင်းထုတ်ပြန်ကြေညာချက်တွင် တစ်ကျော့ပြန်ဖြစ်ပွားလာသော ပဋိပက္ခဖြစ်စဉ်များအတွင်း ၂၀၁၂ အောက်တိုဘာလ ၂၁ ရက်မှစ၍ အောက်တိုဘာလ ၃၀ ရက်အထိ သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦး၊ မီးလောင်ပျက်စီးသည့်လူနေအိမ် ၅၃၅၁ လုံးနှင့် လူဦးရေ ၃၂၂၃၁ ဦးအိုးမဲ့အိမ်မဲ့ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပဋိပက္ခများသည် သာမန်ဆူပူလှုပ်ရှားမှုဖြစ်စဉ်များမှ လက်နက်ကိုင်အကြမ်းဖက်မှု အခြေအနေသို့ အသွင်ကူးပြောင်းခဲ့ပြီး သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုပင် လက်နက်ငယ်များကိုင်ဆောင်၍ ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ယင်းအကြမ်းဖက်မှုတွင် ပါဝင်သူများနှင့် ၎င်းတို့ အသုံးပြုသော လက်နက်ငယ် ၁၈၀ကို  သက်သေခံပစ္စည်းများဖြင့် ဖမ်းဆီးရမိသဖြင့် အရေးယူဆောင်ရွက်နေကြောင်းဖော်ပြပါရှိသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းမှ အကြမ်းဖက်မှုများသည် တစ်ဖက်အဖွဲ့အစည်းမှ ကြိုတင်ပြင်ဆင်၍ အချိန်ကိုက်ပူးပေါင်းလှုပ်ရှား ဆောင်ရွက် ခြင်းများတွေ့ရှိရသည့်အပြင်၊ အချို့ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများလည်း ပါဝင် မှုရှိကြောင်း၊ ယင်းပဋိပက္ခဖြေရှင်းရာတွင် နှစ်ဖက်အဆင်ပြေစေနိုင်မည့် နည်းလမ်းများကိုရွေးချယ်၍ ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာဖြင့် ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းသွားကြရန် လိုအပ်ကြောင်း၊ ယခု ဖြစ်ရပ်များသည် နိုင်ငံတော်၏ ဂုဏ်ကျက်သရေကို မညှိုးနွမ်းစေရေးအတွက် ရဟန်းရှင်လူပြည်သူများက ငြိမ်းချမ်းစွာပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

ယင်းပဋိပက္ခ၏နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသာ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများရှိနေကြောင်း သိရှိရသည့်အတွက် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်(၁/၂၀၁၂)ကို အောက်တိုဘာလ(၂၅)ရက် နေ့ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက နိုင်ငံပိုင် သတင်းမီဒီယာများတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

                YC

----------------------------------------------------------------------------------------------------------------

ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦးအား စွပ်စွဲပြစ်တင်မှု ပြန်လည်ရုတ်သိမ်း

              ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းထွန်းတို့က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အား တောင်းပန်ခဲ့သည့်အတွက် အောက်တိုဘာလ ၃၁ ရက်နေ့တွင်ကျင်းပခဲ့သော ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် ၎င်းပုဂ္ဂိုလ်များအား စွပ်စွဲပြစ်တင်ခြင်းအဆိုကို ပြန်လည်ရုတ်သိမ်းလိုက်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

                ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လွှတ်တော်အားတောင်းပန်မှုမှာ ဥပဒေနှင့်ညီညွှတ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ် လေးပုံ တစ်ပုံမှ အဆိုအားရုတ်သိမ်းရန် လွှတ်တော်သို့တင်သွင်းခဲ့ရာ လွှတ်တော်မှလက်ခံခဲ့သဖြင့် စွပ်စွဲပြစ်တင်သောအဆိုကို ပြန်လည်ရုတ်သိမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

                “ဝန်ကြီးချုပ်နဲ့ ဝန်ကြီးက သူတို့ကိုစွပ်စွဲပြစ်တင်တာနဲ့ပတ်သက်ပြီး သူမှားပါတယ်ဆိုပြီး လွှတ်တော်ကိုတောင်းပန်ခဲ့ပါတယ်။ နောက်ကိုဒီလို လုပ်ရပ်မျိုး မဖြစ်တော့ပါဘူးလို့လည်း ကတိပေးသွားပါတယ်။ ဒီတောင်းပန်မှုအပေါ်မှာလည်း ဝန်ကြီးချုပ်က ဝန်ကြီးတွေကိုသတိပေးထားတယ်လို့ ပြောသွားပါတယ်။ ဒါ့ကြောင့် စွပ်စွဲပြစ်တင်တာကို ပြန်ရုတ်သိမ်းလိုက်တာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

                ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းထွန်းတို့အား လွှတ်တော်မှ စွပ်စွဲပြစ်တင်ရခြင်းမှာ ဝန်ကြီး၏ အခမ်းအနားတစ်ခုတွင် ဒေသဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် လွှတ်တော်မှခေါ်ယူလျှင် လာရောက်ရန်မလိုကြောင်း ဝန်ကြီးချုပ်ကပြောကြားသည်ပာု ပြောကြားမှုအပေါ် လွှတ်တော်မှ စွပ်စွဲပြစ်တင်ရခြင်းဖြစ်ကြောင်း သိရသည်။

                 YC

----------------------------------------------------------------------------------------------------------------

တရားစီရင်ရေးကဏ္ဍ အဂတိကင်း၍ဖွံ့ဖြိုးရေး ဒေါ်အောင်ဆန်းစုကြည်ကော်မတီနှင့်ပူးပေါင်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်

မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍတွင် အဂတိလိုက်စားမှုများကင်းစင်၍ ဖြောင့်မတ်ကြံ့ခိုင်လာစေရန်နှင့် တရားဥပဒေစိုးမိုးမှု အားကောင်း လာနိုင်စေရန် ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် နေသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၅ ရက် နေ့တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ယင်းသတင်းထုတ်ပြန်ကြေညာချက်တွင် လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် ယနေ့အချိန်ထိတို တရားစီရင်ရေးနယ်ပယ်တွင် လာဘ်ပေး လာဘ်ယူမှုများနှင့် အဂတိလိုက်စားမှုများ လွှမ်းမိုးနေဆဲရှိနေသည့်အတွက် မီဒီယာများက ဝေဖန်ထောက်ပြလျက်ရှိကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာလည်း အဂတိလိုက်စားနေသော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ထိရောက်စွာအရေးယူအပြစ်မပေးမှုကြောင့်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်    မြို့နယ်တရားရုံးများ၌ တရားစီရင်မှုများသည် ပွင့်လင်းမြင်သာမှုမရှိသကဲ့သို့ တူညီသောပြစ်မှုများအတွက် အပြစ်ပေးမှုများမှာ မတူညီ ခြင်း၊ တရားစီရင်မှုများတွင် တရားသူကြီးများသည် ဘက်လိုက်မှု၊ အဂတိလိုက်စား၍ ဆုံးဖြတ်မှုများရှိကြောင်း၊ တရားရုံးဆုံးဖြတ်မှုများ ပွင့်လင်း မြင်သာမှုရှိစေရေးအတွက် တရားရုံးများတွင် မီဒီယာသတင်းထောက်များထားရှိရန် စာနယ်ဇင်းကောင်စီသို့ တိုက်တွန်းသွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

“မြန်မာနိုင်ငံမှာ တရားစီရင်ရေးမဏ္ဍိုင်က တော်တော်ကိုယိုယွင်းနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဒီကိစ္စကို ပောာပြော ပွဲတော်တော်များများမှာ ပြောပါတယ်။ တရားစီရင်ရေးမဏ္ဍိုင်တည့်မတ်ကောင်းမွန်စေနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ကော်မတီနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ ဒါဆို တရားစီရင်ရေးမဏ္ဍိုင် အားကောင်းပြီး ထင်သာမြင်သာ ဖြစ်လာနိုင်ပါတယ်”ပာု ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့် ဥပဒေ ရေးရာကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေရေးရာကော်မတီကို ဥက္ကဋ္ဌအဖြစ် သူရဦးအောင်ကိုမှ တာဝန်ယူ၍ အဖွဲ့ဝင် ၁၃ ဦး ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

                YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ပြည်သူတွေအနေနဲ့ ငါးနှစ်တစ်ခါ မပေးရုံတင်မဟုတ်ဘူး၊ ပေးပြီးသားမဲကိုလည်း ငါးနှစ်အတွင်းမှာ အကျိုးသက်ရောက်မှုရှိအောင်လုပ်နိုင်တယ် ဆိုတာကို ပြည်သူတွေအနေနဲ့ သိနိုင်အောင်ပြုရတာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးမုန်းတီးတာတွေမရှိပါဘူး။”

အောက်တိုဘာ ၂ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) အတွဲ (၃၀)၊ အမှတ် (၅၉၃) တွင် ပါရှိသော “မန္တလေးမြို့တော်ဝန်အား ပြည်သူ ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းရန် မဲဆန္ဒရှင်စုစုပေါင်း၏ တစ်ရာခိုင်နှုန်းကျော် ကောက်ယူရရှိ” သတင်းမှ ကျောင်းသား ရဲဘော်ဟောင်း ကိုညီညီကျော်၏ ပြောကြားချက်မှ ကောက်နှုတ်ချက်

----------------------------------------------------------------------------------------------------------------

“အုပ်ချုပ်ရေးလက်လှမ်းမမီလောက်တဲ့၊ ဆက်သွယ်ရေး၊ သွားလာရေးအလှမ်းဝေးတဲ့ပြည်နယ်တွေမှာ ရခိုင်လူမျိုးတွေက နည်းပြီး ဘင်္ဂါလီလူမျိုးတွေက အများစုရှိနေတဲ့အတွက် ခုလိုထပ်ဖြစ်နိုင်တဲ့ အခွင့်အရေးတွေ ရှိနိုင်တယ် ဆိုတာမှန်ပါတယ်။ ဒါပေမယ့် ဒေသလုံခြုံရေးကတော့ လက်ရှိတပ်အင်အားက လုံလောက်ပါတယ်။ လုံခြုံရေးအင်အားကို ထပ်တိုးလိုက်ရင် မတန်တဆအင်အားသုံးတယ်လို့ နိုင်ငံတကာက ပြောလာနိုင်ပါတယ်။ ဒါကြောင့် လုံခြုံရေးကို ထပ်တိုးဖို့ အစီအစဉ်မရှိပါဘူး။”

အောက်တိုဘာ ၂ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) အတွဲ (၃၀)၊ အမှတ် (၅၉၃) တွင် ပါရှိသော “ရခိုင်ပြည်နယ် အကြမ်းဖက်မှုများ ဖြိုခွင်းမှုတွင် သေနတ် ဒဏ်ရာဖြင့် သေဆုံးသူများရှိခဲ့ဟု သိရ” သတင်းမှ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်၏ ပြောကြားချက်မှ ကောက်နှုတ်ချက်

----------------------------------------------------------------------------------------------------------------

နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်တစ်ခုပဲရှိရမယ် ဆိုတာကိုရော လက်ခံပါသလား။

“ဟုတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်တစ်ခုပဲရှိရမှာပါ။ အဲဒီတပ်မတော်သည် ပြည်ထောင်စုတပ်မတော် ဖြစ်ရပါမယ်။ ဦးစီးချုပ် တစ်ယောက် ထဲရှိရပါမယ်။  ပြည်ထောင်စု တပ်မတော်စစ်စစ်ဖြစ်ရပါမယ်။ မူဘောင်မရှိပဲနဲ့ တပ်ကိစ္စဆွေးနွေးမယ်ဆိုရင် ကျွန်တော်တို့ ဒုက္ခတော်တော်ဖြစ်ပါမယ်။ နောက်တစ်ကြိမ်နိုင်ငံရေးဆွေးနွေးတဲ့အခါ တပ်ကိစ္စပါ လာပါလိမ့်မယ်။ အခုချိန်မှာ နိုင်ငံရေးမဆွေးနွေးပဲနဲ့ စစ်ရေးပဲဆွေးနွေးမယ်ဆိုရင် ဘယ်လိုမှ အဖြေထွက်မှာမဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲရေးကို ငြိမ်းချမ်းရေးလို့ သဘောထားလို့လည်း မရဘူး။ ပြန်ဖြစ်လာမှာပါ။ အခုအပစ်အခတ် ရပ်စဲရေးလုပ်လို့ဆိုရင် အဲဒီအပစ်အခတ်ရပ်စဲ ရေးကဘာလုပ်မယ်ထင်သလဲဆိုတော့ ပြန်တိုက်ဖို့အတွက် ရိက္ခာစုတာ၊ ပြင်ဆင်တာအချိန်ယူတဲ့အပိုင်းပဲ ဖြစ်လာပါလိမ့်မယ်။ အဲဒါကြောင့်အပစ်အခတ်ရပ်စဲဖို့က လက်မခံပါဘူး။”

နိုဝင်ဘာ ၂ ရက်နေ့ထုတ် Bi Weekly Eleven Journal တွင်ပါရှိသော KIO ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ဝင် ဦးဂျီးနောင်နှင့်တွေ့ဆုံခြင်း မှ ကောက်နှုတ်ချက်

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive