Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၃.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် ဂျပန် KDDI ၏နံပါတ်စဉ် ၁၀၀ မြောက်ရုံးခွဲ ဖွင့်လှစ်မည်

(The Next web မှ 12 dec 2012 ရက်စွဲပါ "Japan's KDDI to open an office in Myanmar, marking its 100th site overseas"သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာပုဂ္ဂလိကဓာတ်အားစီမံကိန်းအတွက် GE ဂက်စ်တာဘိုင်နည်းပညာ ရွေးချယ်ခံရ

(Electric Energy News မှ 11 Dec 2012 ရက်စွဲပါ "GE Aeroderivative Gas Turbines Tapped for Independent Power Project in Myanmar"သတင်းကိုဘာသာပြန်ဆိုသည်)

  1. MUFG သည်အမေရိကန် အရေးယူမှုများကို ချိုးဖောက်ခြင်းကြောင့် ဒဏ်ကြေး ဒေါ်လာ ၈.၆ သန်းပေးရမည်

(13 Dec 2012 ရက်စွဲပါ Reuters မှ MUFG to Pay $8.6 million in U.S sanctions case ကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် ဂျပန် KDDI ၏နံပါတ်စဉ် ၁၀၀ မြောက်ရုံးခွဲ ဖွင့်လှစ်မည်

(The Next web မှ 12 dec 2012 ရက်စွဲပါ "Japan's KDDI to open an office in Myanmar, marking its 100th site overseas"သတင်းကိုဘာသာပြန်ဆိုသည်)

ဂျပန် KDDI ကုမ္ပဏီသည် ရန်ကုန်မြို့တော်တွင် ရုံးခွဲဖွင့်လှစ်မည်ပာု ကြေညာပြီးနောက်တွင် မြန်မာနိုင်ငံသို့ ခုန်ဝင်လာသည့် နောက်ဆုံး နိုင်ငံ တကာတယ်လီကွမ်းကုမ္ပဏီဖြစ်လာပါသည်။မြန်မာနိုင်ငံသည် ပြီးခဲ့သော ၆ လအတွင်း နိုင်ငံရေးနှင့် လူမှုရေးချုပ်ချယ်မှုများကို သိသိသာသာဖြေလျော့ပေး ခဲ့သည်။ တံခါးပိတ် လက်ဝါးကြီးအုပ် အာဏာရှင်စနစ်ကို လမ်းခွဲလိုက်ပြီဖြစ်သော မြန်မာနိုင်ငံ၌ ပေါ်ထွက်လာသော အခွင့်အလမ်းများစွာတွင် တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းလည်းပါဝင်လာသည်။

လူဦးရေ သန်း ၅၀ ကျော်သောနိုင်ငံသို့ နိုင်ငံတကာကုမ္ပဏီများ တိုးဝှေ့ဝင်လာခြင်း၊ အိုင်တီ၊ တယ်လီကွမ်းနှင့် နည်းပညာကဏ္ဍများအတွက် များစွာအလားအလာရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံကို ကျောက်ရိုင်းတုံးကလေးပာု IDC ကခေါ်ဝေါ်လိုက်သည်။ ပင်လယ်ရပ်ခြားကုမ္ပဏီခွဲအဖြစ်နာမည် ပေးထားသော KDDI Myanmar ကို KDDI Japan နှင့် စင်္ကာပူကုမ္ပဏီခွဲတို့ပူးပေါင်း၍ ဖက်စပ်ထူထောင်ခဲ့ခြင်းဖြစ်ပြီး၊ ကုမ္ပဏီ၏ နံပါတ်စဉ် ၁၀၀ မြောက် နိုင်ငံခြားရုံးခွဲဖြစ်လာမည်ပာု သိရှိရသည်။ KDDI သည် ဂျပန်တွင် မိုဘိုင်းဖုန်းအော်ပရေတာလုပ်ငန်းအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများစွာကို လုပ်ကိုင် နေသော်လည်း မြန်မာနိုင်ငံရှိ ခွင်မှာမူ စီးပွားရေးလုပ်ရန် အကန့်အသတ်ရှိနေသည်ပာုဆိုသည်။

KDDI သည် မြန်မာနိုင်ငံတွင် Coca-Cola နှင့် WPP အပါအဝင် နိုင်ငံတကာကုမ္ပဏီများအတွက် ဂျပန်အရည်အသွေးမှီ ကွန်ယက်နှင့် အခြေခံ အဆောက်အဦးစနစ်ကို ဖြည့်ဆည်းပေးရန် ရည်မှန်းထားသည်ပာု ကုမ္ပဏီက ရှင်းလင်းပြောကြားသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ မြန်မြန်ဆန်ဆန်ကူးပြောင်းနေပြီး၊ နိုင်ငံခြားကုမ္ပဏီများစီးဝင်မှု ကြီးထွားလာသော်လည်း ကုမ္ပဏီလုပ်ငန်းများ အတွက် နည်းပညာလုံလုံလောက်လောက် တပ်ဆင်ထားသော ရုံးခန်းများ လတ်တလောမရှိသေးပေ။ ထို့ကြောင့် KDDI Myanmar ကရန်ကုန်မြို့လယ် တွင် KDDI Myanmar Business Center ကိုဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် နိုင်ငံတကာကုမ္ပဏီများ မြန်မြန်လုပ်ငန်းစနိုင်အောင် အိုင်တီ အခြေခံစနစ် အပြည့်အဝဝန်ဆောင်မှုပေးမည့် ရုံးခန်းနေရာများကို ဖြည့်ဆည်းပေးသွားမည်ပာု သိရှိရသည်။

အထက်ပါ ရည်မှန်းချက်ဖြင့် ဝင်လာသောကုမ္ပဏီမှာ KDDI တစ်ခုထဲမပာုတ်ပါ။ ဂျပန်ကုမ္ပဏီ NTT Com သည်အောက်တိုဘာလက ရန်ကုန်သို့ ခြေချခဲ့ပြီး၊ မြန်မာနိုင်ငံရောက် ပထမဆုံး တယ်လီကွန်းကုမဏီဖြစ်လာခဲ့ပြီးဖြစ်သည်။ NTT Com ကလည်း အလားတူအခြေခံစနစ်နှင့် အိုင်တီဝန်ဆောင်မှု များပေးရန် ကမ်းလှမ်းထားသည်။

မြန်မာနိုင်ငံသည် ဂျပန်နာမည်ပျက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Rocket Internet သည် မြန်မာနိုင်ငံတွင် ဝက်ဆိုဒ်ဆားဗစ် ၃ ခုကို ဇူလိုင် လက စတင်ခဲ့သည်။

                                        **********************************************

မြန်မာပုဂ္ဂလိကဓာတ်အားစီမံကိန်းအတွက် GE ဂက်စ်တာဘိုင်နည်းပညာ ရွေးချယ်ခံရ

(Electric Energy News မှ 11 Dec 2012 ရက်စွဲပါ "GE Aeroderivative Gas Turbines Tapped for Independent Power Project in Myanmar"သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်သော Sanctions များကို ဝါရှင်တန်က ရုတ်သိမ်းပေးပြီးနောက်ပိုင်း ယင်းနိုင်ငံတွင် အကောင် အထည်ဖော်မည့် စီမံကိန်းများထဲမှ တစ်ခုအတွက် GE ကုမ္ပဏီ၏ အေရိုဒရစ်ဗတစ် ဓာတ်ငွေ့တာဘိုင် နည်းပညာကိုရွေးချယ်လိုက်ပြီဖြစ်သည်။ မြန်မြန် ဆန်ဆန်အကောင်အထည်ဖော်တော့မည့် အဆိုပါ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစီမံကိန်းသည် ၂၀၁၃ ဒုတိယသုံးလပတ်ထက် နောက်မကျဘဲဝန် ဆောင်မှုပေးမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ လျင်မြန်စွာကြီးထွားလာသော ဓာတ်အားလိုအပ်ချက်ကို ကူညီဖြည့်ဆည်းရန် ၁၀၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးမည် ဖြစ်သည်။

ယခုကြေညာလိုက်သောစီမံကိန်းသည် မြန်မာနိုင်ငံမှ အမြင်ကျယ်ပြောင်းလဲလာသော လူ့အဖွဲ့အစည်းကိုပံ့ပိုးရန် အခြေခံအဆောက်အဦးစနစ် အားပြင်ဆင်နေမှုကို ကူညီရာတွင် GE ၏ကမ္ဘာကို ဆက်လက်ကျယ်ပြန့်စေမည်ဖြစ်သည်။ GE Healthcare နှင့် GE Capital Aviation Services Limited တို့ကလည်း မြန်မာနိုင်ငံတွင် အခြားအစီအစဉ်များဆောင်ရွက်နေကြောင်း ယခုနှစ်အစောပိုင်းတွင် ကြေညာခဲ့သည်။

GE ကုမ္ပဏီသည် ရန်ကုန်မြို့တော် အလုံမြို့နယ်ရှိ ဓာတ်အားပေးစက်ရုံအတွက် LM-6000-PC Sprint အေရိုဒရစ်ဗတစ် ဓာတ်ငွေ့တာဘိုင် ဓာတ်အားပေးစက်နှစ်လုံးနှင့် နည်းပညာအကြံပေး ဝန်ဆောင်မှုကို ဖြည့်ဆည်းပေးသွားမည်ပာုသိရသည်။ ၎င်းဓာတ်အားပေးစက်ရုံကို လုပ်ကိုင်မည့် ပိုင်ရှင်ဖြစ်သော ပုဂ္ဂလိကဓာတ်အားထုတ်လုပ်သူ Toyo Thai Power Corp (စင်္ကာပူတွင် TTPSG)က မြန်မာလျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ ဓာတ်အား ရောင်းချပေးမည်ဖြစ်သည်။

TTPSG ကုမ္ပဏီစီအီးအို ပီာရိုနိုဘူ လိုင်ရီယာက "မြန်မာနိုင်ငံမှ များပြားတဲ့ စွမ်းအင်ရင်းမြစ်တွေရှိနေပါတယ်။ အထူးသဖြင့်ကတော့ ရေအား လျှပ်စစ်တွေ၊ ဓာတ်အားထုတ်လုပ်နိုင်မယ့် သဘာဝဓာတ်ငွေ့တွေ၊ ရေနံနဲ့ဓာတ်ငွေ့ ရှာဖွေရေးစီမံကိန်းတွေပါပဲ"ပာု ပြောကြားသည်။ "မြန်မာနိုင်ငံမှသဘာဝ ဓာတ်ငွေ့ရရှိနိုင်တဲ့အတွက် လျှပ်စစ်ဓာတ်အားများများ အရေးပေါ်လိုအပ်နေတာကို ပိုမိုဖြည့်ဆည်းပေးနိုင်ဖို့ လုပ်ဆောင်ရာမှာ ဓာတ်ငွေ့လောင်စာသုံး Conbined-cycle profects တွေပာာ ပိုပြီးအရေးပါတဲ့ ကဏ္ဍကနေ ပါဝင်လာပါလိမ့်မယ်"ပာုလည်း ၎င်းက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၅ နောက်ဆုံးထား၍ နိုင်ငံ၏တပ်ဆင်လျှပ်စစ်ဓာတ်အားပမာဏကို နှစ်ဆတိုးအောင်ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ဓာတ်ငွေ့လောင်စာသုံးစက်ရုံများမှ ဓာတ်အား ၄၅၀ မဂ္ဂါဝပ် ထပ်မံထွက်ရှိအောင် စီစဉ်နေပါသည်။ လက်ရှိတွင်နိုင်ငံ၏ တပ်ဆင်လျှပ်စစ်ဓာတ်အားပမာဏ (စုစုပေါင်းထုတ်လုပ်နိုင်မှု ပမာဏ)၏ ၂၀ ရာခိုင်နှုန်းကျော်ကို သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်ပေးလျက်ရှိသည်။

GE Power & Water ၏စီအီးအို ဒါရယ်လ်ဝီလ်ဆန်က "ပြည့်ကျပ်နေတဲ့ ဓာတ်အားပေးအစီအစဉ်တွကု ပြည့်မှီနိုင်ဖို့အတွက် ဓာတ်ငွေ့လောင်စာ သုံး Conbined-cycle ဓာတ်အားပေးစက်တွေကို ဖြန့်ဖြူးတပ်ဆင်ပေးနေတာပါ။ မြန်မာနိုင်ငံရဲ့ဓာတ်အားအရေးပေါ်လိုအပ်မှုကို ဖြေရှင်းရာမှာ အကောင်း ဆုံးအံဝင်ခွင်ကျဖြစ်အောင် ဒီနည်းပညာကို ဖြန့်ဖြူးပေးနေတာပါ။ ဒီဓာတ်အားပေးစက်ရုံတွေရဲ့ ယုံကြည်စိတ်ချရမှုနဲ့ စွမ်းဆောင်နိုင်မှုကိုတော့ ကမ္ဘာတစ် လွှားထောင်နဲ့ချီတဲ့ လက်ခံသုံးစွဲမှုတွေက သက်သေပြပြီးသားပါ"ပာု ပြောကြားသွားသည်။                                        ************************************************

MUFG သည်အမေရိကန် အရေးယူမှုများကို ချိုးဖောက်ခြင်းကြောင့် ဒဏ်ကြေး ဒေါ်လာ ၈.၆ သန်းပေးရမည်

(13 Dec 2012 ရက်စွဲပါ Reuters မှ MUFG to Pay $8.6 million in U.S sanctions case ကိုဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံ၏ Mitsubishi UFJ Financial Group Ine ကပြောကြားရာတွင် ၎င်းသည် ငွေလွှဲပြောင်းမှုများတွင် အမေရိကန်၏အရေးယူပိတ်ဆို့မှု ဥပဒေများကို ချိုးဖောက်ခြင်းကြောင့် ဒေါ်လာ ၈.၆ သန်းပေးရမည်ပာုဆိုပါသည်။

Yomiuri နေ့စဉ်ကပြောကြားရာတွင် MUFG ၏အဓိကဖြစ်သော Mitsubishi UFJ ဘဏ်သည် အမေရိကန်အစိုးရတာဝန်ရှိသူများအား သတင်း ပို့ရာ၌ ၎င်းတို့၏ဘဏ်သည် ဘဏ်၏ဖောက်သည်များကိုယ်စား အမေရိကန်အရေးယူမှုစာရင်းတွင်ပါဝင်သည့် အီရန်၊ ဆူဒန်၊ မြန်မာနှင့် အခြားနိုင်ငံများမှ ကုမ္ပဏီများထံ ငွေလွှဲပို့ခဲ့ကြောင်းဆိုပါသည်။

Standard Chartered Plc သည်လည်း အမေရိကန်၏ အရေးယူမှုများကို ချိုးဖောက်ခြင်းကြောင့် ဒေါ်လာ ၃၂၇ သန်းပေးရန် သဘောတူ ခဲ့ပါသည်။ ၎င်းသည် သြဂုတ်လကလည်း အီရန်နိုင်ငံအပေါ် အရေးယူထားမှုအား ချိုးဖောက်ခဲ့ခြင်းကြောင့် ဒေါ်လာ သန်း ၃၄၀ ဒဏ်ကြေးပေးခဲ့ရပြီးဖြစ်ပါ သည်။

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၂.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံစီးပွားရေး တံခါးဖွင့်မှု၏ နောက်ထပ်ခြေလှမ်း

(12 Dec 2012 ရက်စွဲပါ The Diplomat မှ James Parker ရေးသားသော The next step in Burma’s economic opening ကိုဘာသာပြန်ဆိုသည်)

  1. အိန္ဒိယ ပြည်ပရေးရာဝန်ကြီး သောကြာနေ့တွင် မြန်မာနိုင်ငံသွားမည်

(11 Dec 2012 ရက်စွဲပါ Deccan Herald မှ Khurshid to visit Myanmar on Friday ကိုဘာသာပြန်ဆိုသည်)

  1. သူပုန်များနှင့်စစ်ပွဲတွင် မြန်မာအစိုးရတပ်က ဆွီဒင်လုပ်လက်နက်များ သုံးစွဲခဲ့သည့် အထောက်အထားထွက်ပေါ် လာ

(The Independent မှ 11 Dec 2012 ရက်စွဲပါ “Burma caught using Swedish Weapons in War against rebels” သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ အကျဉ်းသားများထံ ICRC သွားရောက်လေ့လာမည်

(UPI News မှ 11 Dec 2012 ရက်စွဲပါ “ICRC to visit Myanmar’s prisoners” သတင်းကို ဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံစီးပွားရေး တံခါးဖွင့်မှု၏ နောက်ထပ်ခြေလှမ်း

(12 Dec 2012 ရက်စွဲပါ The Diplomat မှ James Parker ရေးသားသော The next step in Burma’s economic opening ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ကံကြမ္မာသည် အများ၏အာရုံကိုဆွဲဆောင်နေဆဲဖြစ်ပြီး စီးပွားရေးအရာ စိတ်ဝင်စားမှုများကိုလည်း ဆွဲဆောင်နေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ မပာာဗျူပာာကျသည့် တည်နေရာ၊ ပြုပြင်ပြောင်းလဲရေးအတွက် ကတိကဝတ်များနှင့် တံခါးဖွင့်လာမှုများသည် မျှော်လင့်ချက်များကိုရော၊ အငြင်းပွားဖွယ်များကိုရော ဖြစ်စေပါသည်။ မကြာမီက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေထွက်ပေါ်လာပြီးနောက် ဘဏ်များ၊ စာရင်းစစ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာကြပါသည်။

မြန်မာနိုင်ငံမှ နောက်ဆုံးရရှိသော စီးပွားရေးသတင်းများအရ နိုင်ငံခြားဘဏ်အမျိုးမျိုးသည် မြန်မာနိုင်ငံသို့ဝင်ရောက်ရန် လုပ်ဆောင်နေကြပြီ ဖြစ်ကြောင်း သိရပါသည်။ သြစတြေးလျ၏ စတုတ္ထအကြီးဆုံးဘဏ်ဖြစ်သည့် ANZ သည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်ရန် ခွင့်ပြုချက်ရပြီးဖြစ်ရာ မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ရုတ်သိမ်းပြီးနောက်ပိုင်း ပထမဆုံးဝင်ရောက်လာသည့် အနောက်နိုင်ငံဘဏ်တစ်ခုဖြစ်ပါသည်။ Standard Chartered ဘဏ်သည်လည်း အကြိုအတည်ပြုချက်ရရှိထားရာ ဒုတိယဝင်ရောက်လာမည့် ဘဏ်ဖြစ်ပြီး၊ ၎င်းသည် ဈေးကွက်အတွက် လုပ်ငန်းများလုပ်ဆောင်ရာတွင် အခြားပြိုင်ဘက်များထက်သာပါသည်။

အဆိုပါဘဏ်နှစ်ခုစလုံးသည် ၂၀၁၃ နှစ်ဦးပိုင်းတွင် ကိုယ်စားလှယ်ရုံးများဖွင့်လှစ်ရန် မျှော်လင့်နေကြပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်သည့် ပထမဆုံးနိုင်ငံခြားဘဏ်များမပာုတ်ပေ။ အာရှမှဘဏ်များသည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးများဖွင့်လှစ်ပြီးဖြစ်ရာ ဂျပန်၏ဦးဆောင်ဘဏ်များဖြစ်သည့် Bank of Tokyo-Mitsubishi၊ Mizuho နှင့် Sumitomo Mitsui Banking Corporation(SMBC)တို့သည် ကိုယ်စားလှယ်ရုံးများဖွင့်လှစ်ပြီးဖြစ်ပါသည်။

နိုင်ငံတကာဘဏ်လုပ်ငန်းတွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခြင်းသည် ပုံမှန်ရင်းနှီးမြှုပ်နှံမှုစတင်ခြင်း(သို့) ဘဏ်လုပ်ငန်းများစတင်လုပ်ကိုင်ခြင်း မပာုတ်သေးပေ။ ၎င်းတို့အနေဖြင့် နောက်တစ်ဆင့် ဘဏ်လုပ်ငန်းအပြည့်အဝ လုပ်ကိုင်ခွင့် ဘဏ်ခွဲလိုင်စင် ရရှိရန်ကြိုးပမ်းရဦးမည်ဖြစ်ပါသည်။ ဘဏ်များသည် လက်ရှိဥပဒေမျးကို ကျော်လွန်၍ စိတ်အားထက်သန်နေကြပါသည်။ IMF က အကြံပြုရေးဆွဲပေးထားသော ဘဏ်ဥပဒေများကို မြန်မာနိုင်ငံလွှတ်တော်များက လာမည့်နှစ်တွင် ဆွေးနွေးကြမည်ဖြစ်ရာ၊ ဘဏ်ခွဲဖွင့်ခွင့်လိုင်စင်ရရှိရန်နှစ်များ မကြာတော့သည့်တိုင် လအနည်းငယ်တော့ စောင့်ရဦးမည်ဖြစ်ပါသည်။

ထို့အပြင် နောက်ထပ် အရေးပါသည့်စီးပွားရေးကို ကမ္ဘာလုံးဆိုင်ရာစနစ်နှင့် တစ်ပေါင်းတစ်စည်းတည်းရှိစေရန် ထူထောင်ခြင်းကို စတင်လုပ်ဆောင်နေပြီဖြစ်ပါသည်။ ဘဏ်လုပ်ငန်းများ မြန်မာနိုင်ငံသို့ဝင်ရောက်လာသည့်နည်းတူ ၎င်းတို့၏မိတ်ဖက်ဖြစ်သော စာရင်းစစ်/စာရင်းကိုင် ကုမ္ပဏီများကလည်း ဝင်ရောက်လာနေပြီဖြစ်ပါသည်။ အဆိုပါဝန်ဆောင်မှု ကုမ္ပဏီအကြီးဆုံး (၄)ခုရှိသည့်အနက် နှစ်ခုဖြစ်သည့် KPMG နှင့် PWC(Pricewaterhouse Coopers)သည် ရန်ကုန်တွင်ရုံးခွဲများ ဖွင့်လှစ်နေပြီဖြစ်ပါသည်။ ကောလပာလသတင်းများအရ တတိယမြောက်အဖြစ် Deloitte သည်လည်း ရန်ကုန်တွင်ရုံးဖွင့်လှစ်ရန် နေရာရှာနေသည်ပာု သတင်းများရရှိပါသည်။

စာရင်းစစ်ခြင်း၊ စာရင်းကိုင်ခြင်းများတွင် ၎င်းတို့ကဲ့သို့သော အဖွဲ့ကြီးများဝင်ရောက်လာခြင်းကြောင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှင့် ကော်ပိုရေးရှင်းများသည် ယုံကြည်မှုပိုရှိလာစေမည်ဖြစ်ပါသည်။ PwC ၏မကြာသေးမီက ထုတ်ဝေသော Myanmar Business Guide တွင် မြန်မာနိုင်ငံ၏ သယံဇာတကြွယ်ဝမှု၊ လာမည့်နှစ် GDP တိုးတက်မှု ၆၃% ခန့်မှန်းမှုတို့ကို ဖော်ပြထားရာ ထိရောက်မှုရှိသောဖော်ပြမှုများ ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများ၏ ရိုးသားမှုနှင့် တံခါးဖွင့်မှုလုပ်ငန်းစဉ်များသည် အကျိုးအမြတ်ရှိမည်ပာု လက်ခံရန်အတွက် သံသယများရှိနေဆဲဖြစ်သော်လည်း သေချာသည့်တစ်ချက်မှာ အပယ်ခံဖြစ်မှုနှင့် အရေးယူခံရမှု ဆယ်စုနှစ်များမှာ ပြီးဆုံးသွားခဲ့ပြီဆိုသည့်အချက် ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေးသို့ပြန်လည် ဝင်ရောက်မှုတွင် အမြဲတစ်စေလမ်းကြောင်း မချောမွေ့နိုင်သော်လည်း ဆက်လက် လျှောက်လှမ်းရန် ပြင်ဆင်ပြီးဖြစ်နေပေပြီ။

                                        --------------------------------------------------------------------------------------------

အိန္ဒိယ ပြည်ပရေးရာဝန်ကြီး သောကြာနေ့တွင် မြန်မာနိုင်ငံသွားမည်

(11 Dec 2012 ရက်စွဲပါ Deccan Herald မှ Khurshid to visit Myanmar on Friday ကိုဘာသာပြန်ဆိုသည်)

အိန္ဒိယပြည်ပရေးရာဝန်ကြီး Salman Khurshid သည် ၎င်းစတင်ရုံးထိုင်ပြီးကတည်းက ပထမဆုံးအကြိမ် နိုင်ငံခြားခရီးစဉ်အဖြစ် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ထွက်ခွာမည် ဖြစ်ပါသည်။

Khurshid သည် နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့်လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦဝဏ္ဏမောင်လွင်နှင့်လည်းကောင်း တွေ့ဆုံမည်ဖြစ်ပါသည်။

Khurshid သည် ၎င်း၏မြန်မာနိုင်ငံသို့ သုံးရက်တာခရီးစဉ်တွင် ရန်ကုန်မြို့သို့လည်း သွားရောက်လည်ပတ်မည်ဖြစ်ပြီး နိုင်ငံတကာဗုဒ္ဓဘာသာ ကွန်ဖရင့်သို့တက်ရောက်မည်ဖြစ်ပါသည်။

၎င်းသည် ရွှေတိဂုံစေတီတော်တွင် အိန္ဒိယကလှူဒါန်းသော Sarnath ဗုဒ္ဓရုပ်ပွားတော်ဖွင့်ပွဲသို့လည်း တက်ရောက်မည်ဖြစ်ပါသည်။

“ပြည်ပရေးရာဝန်ကြီးရဲ့ အိမ်နီးချင်းနိုင်ငံခရီးစဉ်ပာာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းများနဲ့ဆက်ဆံရေးအပေါ် မည်မျှအရေးကြီးတယ်ဆိုတာ အလေးထားတာကို အလေးအနက်ပြုတာပါပဲ”ပာု ပြည်ပရေးရာဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Syed Akbaruddin ကပြောပါသည်။

--------------------------------------------------------------------------------------------

သူပုန်များနှင့်စစ်ပွဲတွင် မြန်မာအစိုးရတပ်က ဆွီဒင်လုပ်လက်နက်များ သုံးစွဲခဲ့သည့် အထောက်အထားထွက်ပေါ် လာ

(The Independent မှ 11 Dec 2012 ရက်စွဲပါ “Burma caught using Swedish Weapons in War against rebels” သတင်းကိုဘာသာပြန်ဆိုသည်)

အီးယူ Sanctions များကိုချိုးဖောက်၍ မြန်မာနိုင်ငံတွင်းသို့ ဆွီဒင်လုပ်လက်နက်သစ်များမည်သို့ ဝင်ရောက်ခဲ့သည်ကို စုံစမ်းစစ်ဆေးမှု စတင်လိုက်ပြီ ဖြစ်ပြီး ယင်းလက်နက်များအား မြန်မာ့တပ်မတော်က တိုင်းရင်းသားသူပုန်များကို  တိုက်ခိုက်သောစစ်ဆင်ရေးများတွင် အသုံးပြုခဲ့သည်ဟု သိရှိရသည်။

မြန်မာအစိုးရတပ်များနှင့်ဖြစ်ပွားသော တိုက်ပွဲများတွင် စွမ်းရည်မြင့် M.3 Carl gustar တင့်ကားဖျက်လက်နက်များကို ကချင်သူပုန်များက တွေ့ရှိခဲ့ခြင်းနှင့် ပတ်သက်သည့် အသေးစိတ်သတင်းများကို ရရှိပြီးနောက်တွင် စစ်တော့ဟုမ်းမြို့၌ စုံစမ်းစစ်ဆေးမှု စတင်နေပြီဟု လက်နက်မပြန့်ပွားရေးနှင့်တင်ပို့မှု ထိန်းချုပ်ရေးဆိုင်ရာ ဆွီဒင်အေဂျင်စီ ISP က အတည်ပြုပြောကြားသည်။

“ဒီလက်နက်တွေရဲ့ နံပါတ်စဉ်အမှတ်အသားတွေကို ကျွန်တော်တို့ရထားပြီဆိုတော့ ဘယ်နေရာလဲ၊ ဘယ်အချိန်လဲ၊ ဘာလဲ စတဲ့သတင်းအသေးစိတ်ကို သိနိုင်မှာပါ။ မြန်မာနိုင်ငံကို ဘယ်လိုရောက်သွားလဲ ဆိုတဲ့သဲလွန်စကို လိုက်နိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟု ISP ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်အစိုးရသစ်က ပြုလုပ်နေသော ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြု တုန့်ပြန်သည့်အနေဖြင့် အီးယူနှင့်အမေရိကန်ပြည်ထောင်စုက ယခင် Sanctions အများစုကို ရပ်ဆိုင်းပေးထားပြီဖြစ်သော်လည်း လက်နက်ရောင်းဝယ်မှုကိုမူပိတ်ပင်ထားဆဲပင် ဖြစ်သည်။

သံချပ်ကာဖျက်ဗုံးသီးအပါအဝင် ကျည်မျိုးစုံကို ပစ်ခတ်နိုင်စွမ်းရှိသော M 3 လက်နက်ကို ကမ္ဘာ့ထိပ်တန်းလက်နက်ကုမ္ပဏီ ၃၀ ထဲတွင်ပါဝင်သော ဆွီဒင် Saab Bofors dynamics ကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်သည်။

ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ ဆီဘတ်ရှန်ကာလ်ဆန် က “ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ ဒီစုံစမ်းစစ်ဆေးမှု မှာ ပူးပေါင်းပါဝင်နေပါတယ်။ ကျွန်တော်တို့ထုတ်တဲ့ လက်နက်တွေ မြန်မာနိုင်ငံမှာ ခရီးဆုံးသွားတာကို ကျွန်တော်တို့လည်း မလိုလားပါဘူး။ မြန်မာနိုင်ငံကို ကျွန်တော်တို့ လက်နက်မရောင်းပါဘူး” ဟု ပြောကြားသည်။

အီးယူ Sanctions နှင့် ဆွီဒင် ဥပဒေကိုချိုးဖောက်ကာ မြန်မာနိုင်ငံသို့ လက်နက်များရောက်ရှိသွားပုံကို မေးမြန်းသွားသောအခါ ၎င်းကအသေးစိတ်ပြောကြားရန်ငြင်းဆိုသည်။ ကုမ္ပဏီထုတ်လက်နက်များကို နိုင်ငံပေါင်း ၂၀ သို့ရောင်းချပေးသည်ဟု ၎င်းကပြောကြားသော်လည်း နိုင်ငံအမည်များကို ပြောကြားရန် ငြင်းဆန်ခဲ့သည်။

စစ်ပြန်သတင်းထောက်စာရေးဆရာ ဘာတစ်လ်လစ်တနာက မကြာသေးမှီက ကချင်ပြည်နယ်သို့ သတင်းယူရန်တာဝန်ဖြင့် သွားရောက်စဉ်အဆိုပါလက်နက်များ တွေ့ရှိခဲ့ရခြင်းကို Svenska Dagbladet သတင်းစာတွင် သတင်းထုတ်ဖော်ရေးသားခဲ့ပြီးနောက်တွင် ဆွီဒင်အေဂျင်စီ ISP က စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ခြင်းဖြစ်သည်။

ယင်းသတင်းစာဆောင်းပါးတွင် ဘာတစ်လ်လစ်တနာ က၎င်းတွေ့ရှိခဲ့သော M 3 အပေါ့စားမော်ဒယ်လ် ကို အာရှတိုက်တွင် ထိုင်းနှင့် အိန္ဒိယ နှစ်နိုင်ငံတည်းကိုသာ ရောင်းချပေးသည်ဟုရေးသားထားသည်။ အိန္ဒိယနိုင်ငံသည် ယခင်မြန်မာ့တပ်မတော်အစိုးရကိုလက်နက်များဖြည့်ဆည်းပေးခဲ့သော နိုင်ငံများထဲတွင်ပါဝင် သည်ဟု လူသိများသည်။ ယင်းသို့ ဖြည့်ဆည်းပေးရသည့် အကြောင်းအရင်းတစ်ခုမှာ မြန်မာပိုင်နက်ထဲတွင် အခြေစိုက်သော အိန္ဒိယအရှေ့မြောက်သူပုန်များကို မြန်မာ့အစိုးရတပ်များက နှိမ်နှင်းရာတွင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကမူ ၎င်းတို့ထံ Independent သတင်းစာကပေးပို့လိုက်သော မေးခွန်းများကို လေ့လာနေသည်ဟု ပြန်လည်ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကမူ မေးခွန်းများကို ချက်ချင်းတုန့်ပြန်ခြင်း မပြုသေးပါ။

မနှစ်ကဇွန်လမှစ၍ ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ် များနှင့် မြန်မာအစိုးရတပ်ဖွဲ့များအကြား အပစ်အခတ်ရပ်ဆဲမှုကျိုးပေါက်ကာ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ယခုတိုင်ပင်ဖြစ်ပါသည်။

-------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံမှ အကျဉ်းသားများထံ ICRC သွားရောက်လေ့လာမည်

(UPI News မှ 11 Dec 2012 ရက်စွဲပါ “ICRC to visit Myanmar’s prisoners” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှအကျဉ်သားများအတွက် အခြေအနေအကဲဖြတ်ခြင်းကို တက်နိုင်သမျှ မြန်မြန်စတင်ရန် အဆင်သင့်ဖြစ်နေပြီဟု နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC ကပြောကြားလိုက်ပါသည်။

မြန်မာနိုင်ငံရခိုင်ပြည်နယ်တွင် ပြီးခဲ့သောမေလက ရခိုင်မိန်းကလေးတစ်ဦး အဓမ္မကျင့်သတ်ဖြတ်ခံရခြင်းကြောင့် ဗုဒ္ဓဘာသာရခိုင်များက မွတ်ဆလင်များကို လက်စားချေတုန့်ပြန်တိုက်ခိုက်ရာမှ လူမျိုးစုအကြမ်းဖက် အဓိကရုဏ်းများဆက်တိုက် ဖြစ်ပွားခဲ့သည်။ ယင်း တိုက်ခိုက်မှုများတွင် အနည်းဆုံး ၇၈ ဦး ခန့်သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

ယခင်က အကြမ်းဖက်စစ်အုပ်ချုပ်ရေးစနစ်ဖြင့် ဖိနှိပ်အုပ်ချုပ်မှုများကြောင့် ကမ္ဘာ့အလယ်မျက်နှာငယ်ခဲ့ရသည့် မြန်မာနိုင်ငံသည် ၂၀၁၂ ရွေးကောက်ပွဲနှင့်အတူ စတင်ခဲ့သော ပြုပြင်ပြောင်းလဲမှုများကြောင့် ယခုအခါနိုင်ငံတကာ အသိုင်းအဝိုင်း၏ ချီးကျူးမှုကို လက်ခံရရှိနေသည်။ သို့သော်လည်း နိုင်ငံရေးအကျဉ်းသားအချို့ အကျဉ်းထောင်များထဲတွင် ကျန်နေသေးသေးကြောင့် စိုးရိမ်မိသည်ဟု နိုင်ငံတကာခေါင်းဆောင်အချို့က ပြောကြားကြသည်။

နိုင်ငံတွင်းအကျဉ်းထောင်များသို့သွားရောက် အကဲဖြတ်ခြင်းကို နိုဝင်ဘာလတွင်မြန်မာအစိုးရက သဘောတူခွင့်ပြုခဲ့သည်ဟု ဒေသတွင်း ICRC လုပ်ငန်းများ၏ အကြီးအကဲအေလိန်းအက်ရှလီမန် ကပြောကြားသည်။

ကျွန်တော်တို့အနေနဲ့ ရုံးမှာထိုင်ပြီး ဆွေးနွေးနေတာထက် အကျဉ်းထောင်လေ့လာရေးခရီးတွေကို ဖြစ်နိုင်သမျှ မြန်မြန်စတင်ကြဖို့ ရည်မှန်းထားပါတယ်ဟု ၎င်းကဆိုပါသည်။

ICRC ဝန်ထမ်းများသည် မြန်မာအကျဉ်းထောင်များရှိနေထိုင်မှု အခြေအနေများနှင့် ကျန်းမာရေးစနစ်ကို အကဲဖြတ်ရန် လေ့လာရေး ခရီးသွားရောက်ကြမည်ဖြစ်သည်။

နိုင်ငံတကာကြက်ခြေနီကော်မတီ ICRC သည် ရခိုင်ပြည်နယ်မှ အဓိကရုဏ်းဘေးဒဏ်သင့်သူများကို အကူအညီပေးရန်အတွက် မြန်မာ ကြက်ခြေနီအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်နေသည်ဟုလည်း အေဂျင်စီကဆက်လက်ပြောကြားခဲ့သည်။

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive