Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၁၁.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ပြည်ထောင်စုနေ့အခမ်းအနား KIO တက်ရောက်မည်မပာုတ်
  2. တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မှန်စေရန် စတုတ္ထမဏ္ဍိုင်၏ အကူအညီကို ရယူမည်
  3. နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီတွင် AAPP ပူးပေါင်းပါဝင်မည်
  4. ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ကချင်ခရီးစဉ်တွင် ငြိမ်းချမ်းရေးကိစ္စ အဓိကဖြေရှင်းရန်တောင်းဆို

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ပြည်ထောင်စုနေ့အခမ်းအနား KIO တက်ရောက်မည်မပာုတ်

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၆၆)ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရန် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) အပါအဝင် အခြားလက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အားလုံးကို နိုင်ငံတော်သမ္မတရုံးမှ ဖိတ်ကြားထားသော်လည်း  KIO အနေဖြင့် တက်ရောက်လိမ့်မည် မပာုတ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့တို့မှ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်၍ နှစ်ဦးသဘောတူငြိမ်းချမ်းရေးဆက်လက် ဆွေးနွေးရန်သာ သဘောတူညီထားသော်လည်း အပစ်အခတ်ရပ်စဲထားခြင်း မရှိသေးသည့်အတွက် KIO အနေဖြင့် လုံခြုံရေးအရ သွားရောက်နိုင်လိမ့်မည် မပာုတ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ စည်းဝေးပွဲတွင် အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် KIO တို့စစ်ရှိန်လျှော့ချနိုင်ရန် သဘောတူညီမှုရရှိခဲ့သော်လည်း လက်ရှိလိုင်ဇာအနီးတွင် တပ်မတော်နှင့် KIO တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားလျက်ရှိသည်ဟု KIO  ငြိမ်းချမ်းရေးကော်မတီခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ပြောကြားခဲ့သည်။

အစိုးရ၏ ဖိတ်ခေါ်ချက်အရ ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်နယ်တိုးတက်ရေးပါတီ(SSPP)၊ ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်(DKBA)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(NSCM)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)အပါအဝင် အခြားလက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း  စုစုပေါင်း ၁၉ ဖွဲ့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုနေ့အခမ်းနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေခြောက်နာရီတွင် နေပြည်တော်ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါအခမ်းနားသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများ အပါအဝင် ပါတီများ၊ လွှတ်တော်အမတ်များကိုလည်း ဖိတ်ကြားထားပြီး အခမ်းအနား ကျင်းပပုံများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နေပြည်တော် မြန်မာ့အသံ၊ MRTV-4၊ Skynet (up to date) နှင့် မြဝတီရုပ်မြင်သံကြားတို့မှ တိုက်ရိုက် ထုတ်လွှင့် ပသသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

YC

                                                        **************************************************************

တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မှန်စေရန် စတုတ္ထမဏ္ဍိုင်၏ အကူအညီကို ရယူမည်

အုပ်ချုပ်ရေးပိုင်းမှ လွှမ်းမိုးလျက်ရှိသည်ဟု အဝေဖန်ခံနေရသော မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်အား ရာနှုန်းပြည့်မပာုတ်သော်လည်း အဖြောင့်မှန်ဆုံး ဖြစ်နိုင်စေရန် မြို့နယ်တရားရုံးများတွင် တရားရုံးသတင်းထောက်များထားရှိကာ စောင့်ကြည့်စေခြင်းဖြင့် စတုတ္ထမဏ္ဍိုင်၏ အကူအညီကို ရယူသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားခဲ့သည်။

မြို့နယ်တရားရုံးများတွင် စောင့်ကြည့်ရန်အတွက် သတင်းထောက်များဖွဲ့စည်းရာတွင် တရားစီရင်ရေးမဏ္ဍိုင်အား ထိခိုက်မှုမရှိသည့် လွတ်လပ်သော လှုပ်ရှားမှုအားလုံးကို လုပ်ကိုင်နိုင်စေရန် စီစဉ်ပေးမည်ဖြစ်ပြီး တစ်မြို့နယ်လျှင် သတင်းထောက် နှစ်ယောက်မှ သုံးယောက်အထိ ခန့်ထားမည်ဖြစ်ကြောင်း ယင်းကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားသည့် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသို့ ပြည်သူများ၏နစ်နာမှုများအတွက်  အမှုပေါင်း ၂၀၀၀ ခန့်  တိုင်ကြားထားသော်လည်း အမှု ၁၀၀၀ ခန့်ကိုသာ စုံစမ်းမှုများပြုလုပ်ခဲ့ပြီး တရားမမှုများကိုမူ ပြန်လည်စစ်ဆေးခြင်း လုံးဝမရှိကြောင်းသိရသည်။

လက်ရှိ ပြင်ပတွင် နာမည်ဆိုးများဖြင့် ကျော်ကြားလျက်ရှိသော တရားစီရင်ရေးမဏ္ဍိုင်အား အမြန်ဆုံးပြုပြင်ရန် လိုအပ်သည့်အပြင် အစိုးရ၏ အုပ်ချုပ်ရေးပိုင်းမှ တရားစီရင်ရေးမဏ္ဍိုင်အပေါ်တွင် လုံးဝအလွှမ်းမိုးမခံသင့်ကြောင်း သူရဦးအောင်ကို တိုက်တွန်းပြောကြားခဲ့သည်။

YC

                                                        *****************************************************************

နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီတွင် AAPP ပူးပေါင်းပါဝင်မည်

အစိုးရမှဖွဲ့စည်းမည့် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီတွင် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)မှအဖွဲ့ဝင်များကိုပါ ပူးပေါင်းပါဝင် ဆောင်ရွက်စေမည်ဖြစ်ကြောင်း အဆိုပါအသင်း၏ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောကြားသည်။

ယခင် တပ်မတော်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားမရှိကြောင်း နိုင်ငံတကာသို့ငြင်းပယ် ပြောဆိုခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာခဲ့သည့် နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အမြောက်အမြားကို လွှတ်ပေးခဲ့သည့်အပြင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်တော်တွင်းသို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝင်ရောက်ခွင့်ပြုခဲ့သည်။

AAPP သည် နိုင်ငံရေးအကျဉ်းသားများကို ကူညီခြင်း၊ နိုင်ငံရေးအကျဉ်းသား စာရင်းကောက်ခံကာ ထုတ်ပြန်ကြေညာခြင်း၊ အကျဉ်းထောင်များ၏ အခြေအနေကို စောင့်ကြည့်လေ့လာခြင်း၊ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများအား ကူညီပေးခြင်းစသည့်ကိစ္စရပ်များအား ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။။

လက်ရှိ မြန်မာနိုင်ငံ၏ အကျဉ်းထောင်များအတွင်း ဒီမိုကရေစီနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ယုံကြည်ချက်ကြောင့် ထောင်သွင်း အကျဉ်းကျခံနေရသူ စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၂၂၂ ဦးရှိနေသေးကြောင်း သိရသည်။

YC

                                 *****************************************

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ကချင်ခရီးစဉ်တွင် ငြိမ်းချမ်းရေးကိစ္စ အဓိကဖြေရှင်းရန်တောင်းဆို

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဖေဖော်ဝါရီ ၉ ရက်နေ့  ပထမဆုံးအကြိမ်ကချင်ခရီးစဉ်တွင် ကချင်ဒေသခံ ပြည်သူများက ကချင် ပြည်နယ်အတွင်း အမြန်ဆုံးငြိမ်းချမ်းရေးရရှိနိုင်ရေး ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ကိစ္စရပ်များဆောင်ရွက်နိုင်ရန် ကချင်ပြည်နယ်သို့ လာရောက်၍ ပြည်သူ့အသံနားထောင်ခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့တော်ခန်းမတွင် လူထုနှင့်တွေ့ဆုံစဉ် သူရဦးရွှေမန်းက ပြောကြားခဲ့ကြောင်း မြစ်ကြီးနား ဒေသခံ ဒေါ်ဂျာဆိုင်းခွန်က ပြောကြားခဲ့သည်။

ထို့အပြင် သမ္မတဦးသိန်းစိန်မှ ဇန်န၀ါရီ ၁၉ ရက်နေ့က ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများရပ်တန့်စေရေးအတွက် တပ်မတော်မှ ထိုးစစ်ဆင်နေမှုများကိုရပ်တန့်ရန် ထုတ်ပြန်ကြေညာခဲ့သော်လည်း လက်ရှိအချိန်တွင် တပ်မတော်နှင့် KIO တိုက်ပွဲများ အပြင်းအထန် ဆက်လက် ဖြစ်ပွားနေသည့်အပြင် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် အဖွဲ့နှစ်ခုမှအတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်း၊ ပစ္စည်း လုယူခြင်း၊ ရွာများအားမီးရှို့ခြင်းနှင့် လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိသည့်အတွက် သက်ဆိုင်သူများအား ဥပဒေ ခုံရုံးများတွင်  ထိုက်သင့်သော ပြစ်ဒဏ် ပေးရန်တောင်းဆိုခဲ့သည် ဟု ဒေါ်ဂျာဆိုင်းခွန်မှ ထပ်မံ ပြောကြားခဲ့သည်။

သူရဦးရွှေမန်း၏ အဆိုပါခရီးစဉ်တွင် မိုးကောင်းနှင့် ဖားကန့်ဒေသတွင် ကြားဖြတ်ရွေးကော်ပွဲလုပ်ရန် ရှိ၊ မရှိ မိုးညှင်းမြို့ ဒေသခံအချို့၏ မေးမြန်းမှုကို သူရဦးရွှေမန်းက လုပ်ပေးရန်မရှိကြောင်းနှင့် ဒေသခံများက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ လျှပ်စစ်မီးအပြည့်အဝ ရရှိရေး၊ ပညာရေး ကဏ္ဍ တိုးတက်ကောင်းမွန် လာစေရေးအတွက် တောင်းဆိုမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းကာ ကြိုးပမ်းပေးမည်ဟု သူရဦးရွှေမန်းက ပြန်လည် ဖြေကြားခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဖေဖော်ဝါရီ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် ပူတာအိုမြို့၊၊ သူကြီးရပ်ကွက်ရှိ ကန်မိုင်ကောင်း ကယ်ဆယ်ရေးစခန်းနှင့် ဆွတ်ငိုင်တောင် နှစ်ခြင်းအသင်းများသို့ သွားရောက်ခဲ့ကာ လူထုတွေ့ဆုံပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။

YC

                                  *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၁၀.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“တိုင်းရင်းသားတွေပြောနေတဲ့ ရပိုင်ခွင့်ဆိုတာကို အခြေခံဥပဒေမှာ တိတိကျကျဖော်ပြထားနိုင်မှ ပဋိပက္ခတွေ ဖြေရှင်းနိုင်မယ်။ ဒါမှပဲ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲ လူထုပါလာမယ်။”

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် The Voice Weekly Journal အတွဲ (၉) အမှတ် (၆) တွင်ပါရှိသော “အခြေခံဥပဒေပါ ပြည်နယ်နှင့် တိုင်းများရပိုင်ခွင့် လွှတ်တော်နှင့် ပူးပေါင်းပြင်ဆင်မည်” သတင်းမှ စာရေးဆရာကျော်ဝင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××

“သူတို့ဘယ်လိုပဲ သတင်းထုတ်ပြန်ပါစေ။ အခု ကျွန်တော်တို့ စစ်ဆေးတွေ့ရှိချက်က ဝမ်ပေါင်ကုမ္ပဏီကို အပြစ်တင်နေတာမဟုတ်ဘူး။ အဖြစ်မှန်သိရဖို့ တစ်ဖက်တစ်လမ်းကနေ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ အညီ မှန်မှန်ကန်ကန် စစ်ဆေးဖော်ထုတ်ထားတာပါ။ ကော်မရှင်ကိုလည်း ကူညီဖြေရှင်းပေးတဲ့ သဘောပါ။ သတင်းလည်း ထုတ်ပြန်ပေးသွားမယ်။”

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် The Voice Weekly Journal အတွဲ (၉) အမှတ် (၆) တွင်ပါရှိသော “စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာစောင့်ကြည့်ရန် ဝမ်ပေါင်တိုက်တွန်း” သတင်းမှ အထက်မြန်မာပြည် ရှေ့နေများကွန်ယက်မှ ဦးသိန်းသန်းဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××

“ကျွန်တော်တို့အသင်းက နိုင်ငံတော်သမ္မတဆီမှာ ကြိုတင်ခွင့်ပြုချက်ရရှိထားပြီး ဖြစ်ပေမယ့် လက်ရှိမှာ လည်/ဆည်ဝန်ကြီးက ကန့်ကွက်ထားလို့ အသင်းရဲ့ တရားဝင်မှတ်ပုံတင် လက်မှတ်မရရှိသေးပါဘူး။ ဒီကိစ္စ နဲ့ပတ်သက်လို့လည်း နိုင်ငံတော်သမ္မကြီးထံ ထပ်မံတင်ပြဖို့ရှိပါတယ်။”

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် Favourite News Journal အတွဲ (၃/၁၈၇) တွင်ပါရှိသော “အသင်းကတော့ အင်အား ၂ သိန်းနဲ့အသင်းပါပဲ ဒါပေမယ့် ဝန်ကြီးဌာနကကန့်ကွက်ထားလို့ မှတ်ပုံတင်မရှိဘူး” သတင်းမှ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“သမ္မတကြီးအနေနဲ့ လက်ရှိအစိုးရ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ ဟန်ပြမဟုတ်ဘူး။ ငြိမ်းချမ်းရေးရချင်လို့ dialogue ကို အခြေခံပြီးသွားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်တယ်။ စားပွဲပေါ်မှာပဲ ဖြေရှင်းရေးဖြစ်ပေါ်လာအောင် မျှော်လင့်နေပါတယ်”

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် Favourite News Journal အတွဲ (၃/၁၈၇) တွင်ပါရှိသော “ဟန်ပြလုပ်နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မဟုတ်ဘူး (၆၆) နှစ် ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖိတ်ထားတယ်” သတင်းမှ ဒေါက်တာမင်းဇော်ဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“လွှတ်တော်ကိုယ်စားလှယ်များများ သွားကြမှာပါ။ အထူးသဖြင့်ကတော့ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေပေါ့။ အစီအစဉ်ကတော့ အမျိုးသမီးတွေ အားလုံးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပါ၊မပါတော့မသိပါဘူး။ အဓိကကတော့ ကချင်လူထုနဲ့ တွေ့ဖို့ ကျွန်မတို့စာတင်လိုက် တာပါ။ ကချင်မှာက ဖြစ်နေတာ ၂ နှစ်ရှိပြီလေ။ ဒုက္ခသည်စခန်းမှာလည်း လူတွေအများကြီး၊ ဒုက္ခသည်စခန်းမှာ မနေဘဲ ဒုက္ခရောက်နေတာလည်း အများကြီးပဲ။ နိုင်ငံတော်အကြီးအကဲတွေ တစ်ယောက်မှမလာဘူး။ သမ္မတ လည်းမလာဘူး။ ဒုတိယ သမ္မတလည်း မလာဘူး။ လွှတ်တော် ဥက္ကဋ္ဌလည်း မလာဘူးဆိုတော့ လွှတ်တော် ဥက္ကဋ္ဌကတော့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ ဥက္ကဋ္ဌဖြစ်တော့ လာပေးပါလို့ စာတင်လိုက်တာပါ။ စစ်ပြေးဒုက္ခသည်တွေနဲ့ တွေ့ဆုံအားပေးဖို့သွားတာပါ”

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် Favourite News Journal အတွဲ (၃/၁၈၇) တွင်ပါရှိသော “လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမတ်များ ကချင်မြေသို့သွား၍ အားပေးကြမည်” သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ ပြောကြားချက်အားကောက်နှုတ်ချက်။

                                 *****************************************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၁၀.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ပြည်ထောင်စုဝန်ကြီးခန့်အပ်ခြင်းအပေါ် ဝေဖန်မှုများရှိနေ
  2. ရခိုင်ပဋိပက္ခအရေး ဖြေရှင်းရန် နည်းလမ်းတစ်ခု ပြည်နယ်အစိုးရသို့ တင်မည်ဟုဆို
  3. ကချင်ဒေသဖွံဖြိုးရေးအတွက် ကျပ်သန်း ၂၃၀၀ ကျော် သုံးစွဲမည်
  4. ကျန်ရှိနေသေးသောနိုင်ငံရေးအကျဉ်းသားများပြန်လည်လွှတ်မြောက်ရေးအတွက် စီစစ်ရေးကော်မတီဖွဲ့စည်း

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ပြည်ထောင်စုဝန်ကြီးခန့်အပ်ခြင်းအပေါ် ဝေဖန်မှုများရှိနေ

ဖေဖော်ဝါရီလ ဂ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်ဆဋ္ဌမအကြိမ်အစည်းဝေးတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် မှ ပြည်ထောင်စုဝန်ကြီးခန့်အပ်တာဝန်ပေးလိုကြောင်း လွှတ်တော်သို့သဝဏ်လွှာပေးပို့ခဲ့ပြီး ဆက်သွယ်ရေးနှင့်သတင်းအချက်လက်နည်းပညာဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးမြတ်ဟိန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းတို့အား ခန့်အပ်တာဝန်ပေးလိုကြောင်း တင်ပြခဲ့ခြင်းအပေါ်တွင် နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ပြည်သူလူထုအကြားတွင် ဝေဖန်ပြောကြားမှုများရှိနေကြောင်း သိရသည်။

ပြုပြင်ပြောင်းလဲမှုများလုပ်ရာတွင် အရပ်ဘက်ထဲတွင်ရှိသော တတ်သိပညာရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များထဲမှ ပညာရှင်များကို ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်နိုင်ပြီး အတိုက်ခံပါတီများထဲမှလည်း ရွေးချယ်ခန့်အပ်နိုင်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးအနေဖြင့် သစ္စာရှိမှု တစ်ခုတည်းကိုအခြေခံပြီး  ၎င်းယုံကြည်စိတ်ချရသောသူများကိုသာ ရွေးချယ်လိုက်သောကြောင့် မေးခွန်းထုတ်စရာအများရှိလာနိုင်သည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာညှိညှိသင်းက ပြောကြားခဲ့သည်။

အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုပြုလုပ်သည်မှာ ကောင်းမွန်သော်လည်း နိုင်ငံတကာက ယုံကြည်ကိုးစားမှုရှိနေပြီး၊ ဒီမိုကရေစီစနစ်ကို သွားနေသည် ဆိုသောအချိန်တွင် နိုင်ငံတော်အစိုး၏ အကြီးကဲနေရာများတွင် ဗိုလ်ချုပ်ကြီးများအားအစားထိုးခန့်အပ်လိုက်ပါသောကြောင့် နိုင်ငံတကာအသိုင်းဝိုင်းနှင့် ဆက်ဆံရေးကို အဟန့်အတားဖြစ်စေပြီး လက်ရှိအစိုးရအနေနဲ့ အရပ်သားများအပေါ်တွင် စိုးရိမ်မှုရှိနေသည့်သဘောကို ပြသရာရောက်ကြောင်း ဝါရင့်နိုင်ငံရေးသမား ဦးဘတင့်ဆွေက ပြောကြားခဲ့သည်။

လက်ရှိဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတ အဆိုပြုထားသည့် ဗိုလ်ချုပ်ကြီးမြတ်ဟိန်းသည် ကာကွယ်ရေးဦးစီးချုပ်(လေ)မှဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းသည် ကာကွယ်ရေးဦးစီးချုပ်မှ အဆိုပြုထားသူဖြစ်ကြောင်း သိရသည်။

                                                                                                                YC

--------------------------------------------------------------------------------------------------------

ရခိုင်ပဋိပက္ခအရေး ဖြေရှင်းရန် နည်းလမ်းတစ်ခု ပြည်နယ်အစိုးရသို့ တင်မည်ဟုဆို

ရခိုင်ပဋိပက္ခအရေးကိုဖြေရှင်းရန် အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများက ၎င်းတို့၏ဆန္ဒအတိုင်း မြန်မာနိုင်ငံအတွင်းရှိ ဘင်္ဂါလီများအား ခွဲဝေယူလိုက်လျှင် လက်ရှိပဋိပက္ခအား ဖြေရှင်းနိုင်မည်ဟူသော ဖော်ပြချက်များပါရှိသည့် အကြံပြုစာကို ရခိုင်တိုင်းရင်းသားဆောင်းပါးရှင်တစ်ဦးဖြစ်သူ ရက္ခဝတီ(ခ) ဦးလှညိုက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြသွားမည်ဟုသိရသည်။

၎င်းတင်ပြမည့်အကြုံပြုစာတွင်အဆိုပါဋိပက္ခဖြေရှင်းရေးကို စိတ်ဝင်စားသည့်ပြည်ပရှိအိုအိုင်စီနိုင်ငံများက ငွေကြေးနှင့်ပစ္စည်းများ ထောက်ပံ့ခြင်း ထက် ဘင်္ဂါလီလူမျိုးများ၏ ဆန္ဒသဘောထားအတိုင်း ယင်းတို့၏ ဘဝရှေ့ရေးကောင်းစားရေးကို လူသားချင်းစာနာထောက်ထားခြင်းအားဖြင့် အယူဝါဒဓလေ့ နှင့်လူမျိုးခြင်း တူညီသော အိုအိုင်စီအဖွဲ့ဝင် ၅၇ နိုင်ငံက ဘင်္ဂါလီများကို မိမိတို့ဆန္ဒအလျှောက် မျှဝေခေါ်ယူပြီး ကူညီဖြေရှင်းပေးခြင်းသည် ရခိုင်ပြည်နယ် တွင် ဖြစ်ပျက်နေသော ပဋိပက္ခကို အဆုံးသတ်နိုင်မည့်နည်းလမ်းတစ်ခုဖြစ်သည်ဟု ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂင်္ါလီလူမျိုးအကြား ယဉ်ကျေးမှုထုံးတမ်းဓလေ့နှင့်ကိုးကွယ်သည့် ဘာသာမတူညီခြင်းများကြောင့်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပဋိပက္ခ ငြိမ်းအေးအောင်ပြုလုပ်လျှက်ရှိပြီး ယခုလည်း အတော်ငြိမ်သက် နေပြီဖြစ်ကြောင်း၊ အိုအိုင်စီနိုင်ငံများက လက်ခံ မခံမှာမူ သူတို့နိုင်ငံများ၏ကိစ္စသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ပြန်ကြားရေးမှုးဦးဝင်းမြိုင်က ပြောကြားသည်ဟု သိရသည်။

လက်ရှိတွင် ရခိုင်ပြနယ်တွင် ပဋိပက္ခများကို အတန်သင့်ဖြေရှင်းနိုင်ပြီဖြစ်သော်လည်း တစ်ချို့သောမြို့နယ်များတွင် ညမထွက်ရအမိန့်ကို ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်ကြောင်းသိရသည်။ 

YC                              

 -------------------------------------------------------------------------------------------------

ကချင်ဒေသဖွံဖြိုးရေးအတွက် ကျပ်သန်း ၂၃၀၀ကျော် သုံးစွဲမည်

ကချင်ပြည်နယ်ကို ၂၀၁၂ - ၂၀၁၃ ဖြည့်စွက်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၃၃၄ ဒသမ ၃၀ သန်းကိုအသုံးပြုကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် ကတ္တရာလမ်း(၁၀/၀)မိုင်၊ ကျောက်လမ်း(၁၃/၀)မိုင်၊ မြေသားလမ်း (၂၅/၀) မိုင်၊ သစ်သားတံတားငါးစင်း၊ ရေပြွန်တံတားခုနှစ်စင်း၊ လေးလက်မ စက်ရေတွင်း ရှစ်တွင်း၊ တွင်းတိမ် နှစ်တွင်း၊ လက်တူးတွင်း ၁၆ တွင်း၊စိမ့်စမ်းရေ လေးခု၊ ကျေးလက်အိမ်ရာအလုံး ၂၀၀ တည်ဆောက်သွားမည်ဟု ဇန်နဝါရီလ ၂၃ရက်နေ့ တွင်မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည့်လုပ်ငန်းညှိနှိုင်း အစည်းဝေးပွဲမှ ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

 ယင်းအစည်းအဝေးသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနှင့် ဝန်ကြီးများအပြင် ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ညွှန်ကြားရေးမှူး၊ တင်ဒါရရှိသူ KZEN ကုမ္ပဏီနှင့် တော်ဝင်စိုးညွန့်ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာ လုပ်ငန်းရှင်များပါ တက်ရောက်ခဲ့ကြောင်းသိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများကို ဆောင်ရွက်ရတွင် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် နိုင်ငံတော်၏ ဖွံဖြိုးရေး လုပ်ငန်းများကို တင်ဒါခေါ်ယူပြီး ကုမ္ပဏီများကို လုပ်ငန်းအပ်နှံဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရရှိသောကုမ္ပဏီများအနေဖြင့် သတ်မှတ် ထားသောစံချိန်စံညွှန်းအတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေနှင့် လုပ်ငန်းများအချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်း ပြည့်မီစေရေးအတွက် ကော်မတီများဖွဲ့စည်းကာ ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်သည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ်မှ ပြောကြားခဲ့သည်။

YC 

---------------------------------------------------------------------------------------------------------------

ကျန်ရှိနေသေးသောနိုင်ငံရေးအကျဉ်းသားများပြန်လည်လွှတ်မြောက်ရေးအတွက် စီစစ်ရေးကော်မတီဖွဲ့စည်း

မြန်မာနိုင်ငံအနှံရှိ အကျဉ်းထောင်များတွင်အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်ပေး နိုင်ရန်အတွက် နိုင်ငံတော် သမ္မရုံး၏ ညွှန်ကြားချက်ဖြင့် စိစစ်ရေးကော်မတီဖွဲ့စည်းကာ ဆောင်ရွက်သွားမည် ဖြစ်ပြီး စိစစ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း အားဆောင်ရွက်စေမည်ဟု ဖေဖော်ဝါရီလ ၆ ရက်တွင် နိုင်ငံတော်မှ ကြေညာခဲ့သည်။

အစိုးရမှ နိုင်ငံရေးလှုပ်ရှားသည်ဟု အကြောင်းအမျိုးမျိုးပြကာ အခြားပုဒ်မများနှင့်စွပ်စွဲအကျဉ်းချထားသော အကျဉ်းသားများကိုလည်း နိုင်ငံရေး အကျဉ်းသားအဖြစ်သတ်မှတ်ပြီး အဆိုပါလူများအတွက်ပါ ပြန်လည်စီစစ်ပြီး စဉ်းစားပေးစေလိုကြောင်း၊ စီစစ်ရေးကော်မတီဖွဲ့စည်းခြင်းကို ၀မ်းသာကြိုဆိုပြီး ၎င်းတို့မှာလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်လိုသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဥက္ကဋ္ဌဦးညိုထွန်းမှ ပြောကြားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားကော်မတီဖွဲ့စည်းခြင်းမှာ ကောင်းမွန်သောရည်ရွယ်ချက်တစ်ခုဖြစ်ပါကြောင်း၊ တောင်ကြီး အကျဉ်းထောင်တွင် နေခဲ့ရစဉ်က ၎င်းအပါအ၀င်နိုင်ငံရေးအကျဉ်းသား ၁၃ ယောက်သာရှိပြီး ကျန်သောအကျဉ်းသားများမှာ သူပုန်အားပေးမှု၊ သူပုန်နှင့်ဆက်သွယ်မှုတို့ကြောင့် ဖမ်းဆီး အကျဉ်းချထားသောသူများဖြစ်ကြောင်း၊ အဆိုပါအကျဉ်းသားများ နိုင်ငံရေးအကျဉ်းသားများဖြစ်သော်လည်း အခြားအကျဉ်းသားများနှင့် ရောနှော ထားသည်ကို တွေ့ရသောကြောင့် အဆိုပါဖြစ်စဉ်များကိုလည်း သေချာစိစစ်ရန်လိုအပ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီ မှပြောကြားခဲ့သည်။

စီစစ်ရေးကော်မတီအနေဖြင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ လွတ်ခွင့်ပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ ညှိနှိုင်းရေးဆွဲခြင်းများကို ဆောင်ရွက်ပြီး စီစစ်တွေ့ရှိချက်များအား နိုင်ငံတော်သမ္မတထံ တင်ပြသွားရမည်ဖြစ်ကြောင်း အဆိုပါညွှန်ကြားချက်တွင် ဖော်ပြထားသည်။

YC

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive