Transparency Myanmar

transparency.myanmar@gmail.com

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၂၃.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“ဒီဟာတွေ အကုန်ဖော်ထားတယ်။ ဧည့်သည်ကလည်း ဒီလိုပဲဝင်လာမှာ။ အခု ထားဝယ်ရေနက်ဆိပ်ကမ်း လုပ်နေတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့အတူ လမ်းကြောင်းကလာလို့ရတယ်။ မကြာခင်မှာ အဲဒီ လမ်းကြောင်းက ပွင့်သွားမယ်။ အဲဒီတော့ ကုန်သွယ်ရေးလုပ်မယ်။ နယ်စပ်ကုန်သွယ်ရေးလုပ်မယ်။ တစ်ဆက် တည်းမှာ ခရီးသွားလုပ်ငန်းက ပေါ်ပေါက်လာမယ်ဆိုတော့ အများကြီးရှိလာမှာ အဲဒီလို နယ်စပ်တွေကဝင်လာပြီး ရန်ကုန်၊မန္တလေးကနေ ပြန်ထွက်မယ် စသည်အားဖြင့် ဒီလိုလှည့်သွားလိုက်ရင် သူများတွေပြောနေတဲ့ တစ်သန်းဆိုတာ ကျွန်တော်တို့လည်းပြီးခဲ့တဲ့ ၂၀၁၂ မှာ တစ်သန်းရတာပါ။ အဲတော့ လာမယ့်နှစ်မှာ တစ်သန်းခွဲ လောက် ဒီအခြေအနေတိုင်းသွားရင် ဖြစ်နေပြီ”

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၈) တွင်ပါရှိသော “လာမည့်နှစ်တွင် ပြည်ပခရီးသွား တစ်သန်းခွဲထိဝင်လာနိုင် နိုင်ငံရေးအခြေအနေပြောင်းချိန်တွင် ပထမဆုံး လုပ်လို့ရတဲ့ စီးပွားရေးသည် ခရီးသွားလုပ်ငန်းဖြစ်” သတင်းမှ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဋ္ဌေးအောင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------

“ဆန်စက်လုပ်ငန်းက လုပ်ငန်းက မမြတ်ရင်တောင်မှ မြေနေရာကို ပြန်ရောင်းရင်မြတ်သေးတယ်။ အချို့ လုပ်ငန်းတွေ ရေနံတူးတာတို့၊ သဘာဝဓါတ်ငွေ့မှာ ရင်းနှီးတာက မတူးခင်သာ ပိုက်ဆံမရတာ၊ တူးပြီဆိုရင် ပိုက်ဆံရပြီ၊ တခြားစီးပွားရေးတွေလည်း ဒီလိုပဲ။ လယ်ယာကဏ္ဍက ရာသီဥတုကြောင့် ပျက်ရင်ပျက်၊ မပျက်ရင် အားလုံးအဆင်ပြေပြန်တော့ ကမ္ဘာ့ဆန်ဈေးကကျတော့ တောင်သူတွေကအရှုံးပေါ်တယ်။ အခက်အခဲအမျိုးမျိုး နဲ့ကြုံရတယ်။ ရာသီဥတုကြောင့် ပျက်စီးတာက နှစ်နှစ်နဲ့ သုံးနှစ်ကြားဆို ဖြစ်တက်တယ်။”

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၈) တွင်ပါရှိသော “လယ်ယာကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု နည်းပါး” သတင်းမှ မြန်မာနိုင်ငံတောင်သူလယ်သမားများအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------

“အခု တိုင်းရင်းသားတွေဖက်ကရော၊ အစိုးရဘက်ကပါ ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါမှာ ပွင့်လင်းမြင်သာ မှုမရှိဘူး။ နောက်ပြီးတော့ တစ်ဖက် နဲ့တစ်ဖက်ယုံကြည်မှု အားနည်းနေတယ်။”

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထုတ် Favourite News Journal အမှတ် (၃/၁၈၉) တွင်ပါရှိသော “တိုင်းရင်းသား သတင်းဌာန ၁၁ ခု၏ ငြိမ်းချမ်းရေး အစီရင်ခံစာ စာမျက်နှာ ၁၉၄ မျက်နှာပါရှိပြီး အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်” သတင်းမှ အစီရင်ခံစာ ဖြစ်မြောက်ရေးညှိနှိုင်းဆောင်ရွက်ရေးမှူး ကိုစိုင်းလိတ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------

“တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတာဟာ မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်ပေမယ့် လွှတ်တော်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ဟာကွက်တစ်ခုဖြစ်နေပါတယ်။”

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၈) တွင်ပါရှိသော “တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရန်လို” သတင်းမှ သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဥိးသိန်းညွန့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------------------------------------------

“ဥပဒေတွေလည်းရှိပြီ၊ ဥပဒေအတိုင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေလည်းရှိနေပြီ။ အဲဒါကြောင့် စုံစမ်းရေး ကော်မရှင်ဆိုတာ မလိုတော့ဘူး”

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၈) တွင်ပါရှိသော “လုပ်သားပြဿနာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရန် လုပ်သာများတိုက်တွန်း ” သတင်းမှ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး၏ ပြောကြားချက် အားကောက်နှုတ်ချက်။

 

********************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၃.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. မြန်မာ့ရေငန်ပုဇွန်များ အမေရိကသို့ ပထမဆုံးအကြိမ် စတင်တင်ပို့
  2. ကုမ္ပဏီလုပ်ငန်းအမျိုးအစား(၈)မျိုးသတ်မှတ်၍ မှတ်ပုံတင်သက်တမ်းတိုးမြှင့်ပေး
  3. ယခင် ဒဏ်ခတ်စာရင်းဝင်ဘဏ်လေးဘဏ်နှင့် ပူးပေါင်းလုပ်ကိုင်ရန် အမေရိကန်ငွေလွှဲခွင့်ပေး
  4. NLD အမျိုးသားကျန်းမာရေးကွန်ရက် မတ်လတွင် စတင်ဆောင်ရွက်မည်

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

မြန်မာ့ရေငန်ပုဇွန်များ အမေရိကသို့ ပထမဆုံးအကြိမ် စတင်တင်ပို့

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည့် အမေရိကန်နိုင်ငံသို့ မြန်မာနိုင်ငံမှထွက်ရှိသည့် ရေငန်ပုစွန်များ ပထမဆုံးအကြိမ် စတင်တင်ပို့နေပြီဖြစ်ကြောင်း မြောက်ဥက္ကလာပစက်မှုဇုန်မှ အိုးရှင်းပာားဗက်(မြန်မာ)ကုမ္ပဏီလီမီတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြတ်အောင်ညွှန့်က ပြောကြားခဲ့သည်။

ထိုသို့ မြန်မာနိုင်ငံထွက် ရေငန်ပုစွန်များတင်ပို့ခွင့်ရရှိနိုင်စေရန် အမေရိကန်နိုင်ငံမှ ကမ်းလှမ်းခဲ့သည့်အတွက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရက်နေ့တွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ရှိ Red Chamber ကုမ္ပဏီသို့တင်ပို့ခဲ့ရာတွင် ငါးလုပ်ငန်းဦးစီးဌာနမှ ကူညီပံ့ပိုးမှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသို့တင်ပို့ခဲ့သည့် ရေငန်ငါးပုစွန်များကို ငါးလုပ်ငန်းဦးစီးဌာနမှ ပို့ကုန်အရည်အသွေးစစ်ဆေးမှုများ၊ စက်ရုံစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သည့်အပြင် အိုးရှင်းပာားဗက်(မြန်မာ) ကုမ္ပဏီမှ ဝန်ထမ်းများကိုလည်း သင်တန်းပို့ချမှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှထွက်ရှိသည့် ရေငန်ပုစွန်များကို စိစစ်ရွေးချယ်၍ အမေရိကန်နိုင်ငံ သို့တင်ပို့နိုင်ရန် ဝယ်ယူစုဆောင်းခဲ့ခြင်းဖြစ်ပြီး စင်္ကာနိုင်ငံမှတစ်ဆင့် အအေးခန်းပါသင်္ဘောဖြင့် တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ယခုကဲ့သို့ မြန်မာနိုင်ငံ၏ ရေငန်ပုစွန်များကိုသာမက ကင်းမွန်၊ တီလားဗီးယားအသားလွှာများကို ဆက်လက်တင်ပို့ခွင့်ရရှိနိုင်ရေးအတွက် ကြိုးစားသွားမည်ဖြစ်သည့်အပြင် ပြည်တွင်းရေထွက်ကုန်ပစ္စည်းများ အမေရိကန်ဈေးကွက်သို့ ဝင်ရောက်ထိုးဖောက်ခွင့်ရရှိနိုင်စေရန်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။

YC

                            ******************************************************************

ကုမ္ပဏီလုပ်ငန်းအမျိုးအစား(၈)မျိုးသတ်မှတ်၍ မှတ်ပုံတင်သက်တမ်းတိုးမြှင့်ပေး

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ လုပ်ငန်းအမျိုးအစား(၈)မျိုးသတ်မှတ်၍ ကုမ္ပဏီများမှတ်ပုံတင်သက်တမ်းကို ယခင် ၂၀၁၁ ခုနှစ်တွင် စာအမှတ် ၅၃၂/၃၁၂ သက်တမ်းတိုး/အဖရ အရ ၂ နှစ်မှ ၃ နှစ်သို့ သက်တမ်းတိုးမြှင့်သတ်မှတ်ပေးခဲ့ရာမှ ယခုအခါ သက်တမ်း ၃ နှစ်မှ ၅ နှစ်သို့ထပ်မံ သက်တမ်းတိုးမြှင့်ပေးတော့မည်ဖြစ်ကြောင်း ကြေညာချက်အမှတ် ၁ /၂၀၁၃ ကို ထုတ်ပြန်ကြေညာခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခွဲခြားသတ်မှတ်ပေးခဲ့သည့် လုပ်ငန်းအမျိုးအစား(၈)မျိုးမှာ ရောင်းဝယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်း၊ စက်မှုလက်မှုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ပာိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၊ ဆောက်လုပ်ငန်းလုပ်ငန်းနှင့် ဘဏ်လုပ်ငန်း တို့ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရမှ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ပိုမိုလွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် အပိုကုန်ကျမှုများ လျော့နည်းစေရန်နှင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုမ္ပဏီများ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပြင်ဆင်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

ကုမ္ပဏီများမှတ်ပုံတင်ရာတွင် လုပ်ငန်းအမျိုးအစားခွဲခြားခြင်းမပြုလုပ်ဘဲ မိမိတို့သင်းဖွဲ့မှတ်တမ်းတွင် လုပ်ကိုင်ဆောင်ရွက်မည့် လုပ်ငန်းများကိုသာ တိတိကျကျထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ပြန်လည်စိစစ်၍ လုပ်ငန်းအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘဏ်လုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့် မြန်မာနိုင်ငံ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၃(က)နှင့် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ အခန်း ၁၀-က၊ ပုဒ်မ ၂၇၇ နှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

YC

                                                              *********************************************************************

ယခင် ဒဏ်ခတ်စာရင်းဝင်ဘဏ်လေးဘဏ်နှင့် ပူးပေါင်းလုပ်ကိုင်ရန် အမေရိကန်ငွေလွှဲခွင့်ပေး

ယခင် မြန်မာနိုင်ငံအား အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့အရေးယူမှုတွင် ဒဏ်ခတ်ထားခဲ့သည့် မြန်မာအစိုးရပိုင် မြန်မာ့ စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဘဏ်၊ ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် ဦးတေဇပိုင် အာရှစိမ်းလန်းရေး ဘဏ်တို့အား အမေရိကန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ငွေအလွှဲအပြောင်၊ အခြေားငွေကြေးဆိုင်ရာဝန်ဆောင်မှု လုပ်မည့်ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် ဘဏ်များအား ငွေလွှဲပို့ခွင့် အထွေထွေလိုင်စင်ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အမေရိကန်နိုင်ငံမှ မြန်မာ့ဘဏ်လေးခုအား ငွေလွှဲပို့ခွင့်ပြုလိုက်ပြီဖြစ်သည့်အတွက် အမေရိကန်ကုမ္ပဏီများနှင့် NGO လုပ်ငန်းများမှ မြန်မာနိုင်ငံရှိအကြီးဆုံဘဏ်ကြီးများနှင့် ဆက်သွယ်ဆောင်ရွက်ခွင့်ရရှိလာနိုင်မည်ဖြစ်သည့်အပြင် မြန်မာ-အမေရိကန် နှစ်နိုင်ငံ၏ ငွေကြေးစနစ်များလည်း ချိတ်ဆက်ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီပွားရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံအစိုးရသစ် လက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည့်အပြင် နိုင်ငံရေးအကျဉ်းသား အများအပြားကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့်အတွက် အမေရိကန်နိုင်ငံမှ ၂၀၁၂ ဇူလိုင်လတွင် ဒဏ်ခတ်ပိတ်ဆို့မှု လျှော့ချရေးနှင့် ရင်းနှီးပြန်လည်ခွင့်ပြုခြင်းများကို ပြုလုပ်ပေးခဲ့သည်။

မြန်မာနိုင်ငံအတွင်း ကူးသန်းရောင်းဝယ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမည့် အခွင့်အလမ်းများကို ရှာဖွေလေ့လာနိုင်ရန် ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း အမေရိကန်နိုင်ငံ၏ စိုက်ပျိုးရေး၊ ကားထုတ်လုပ်ရေး၊ အီလက်ထရောနစ်လျှပ်စစ်ပစ္စည်း၊ စွမ်းအင်၊ ကုန်လက်လီအရောင်း၊ တယ်လီဖုန်းဆက်သွယ်ရေးနှင့် အခြားကဏ္ဍ အသီးသီးရှိ စီးပွားရေးလုပ်ငန်းရှင်ကိုယ်စားလှယ်အဖွဲ့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

YC

************************************************************************************

NLD အမျိုးသားကျန်းမာရေးကွန်ရက် မတ်လတွင် စတင်ဆောင်ရွက်မည်

မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်လာနိုင်စေရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ အမျိုးသားကျန်းမာရေးကွန်ရက် လုပ်ငန်းစဉ်များကို လာမည့်မတ်လမှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါကွန်ရက်အဖွဲ့ဝင် ဒေါက်တာကျော်စွာဦးက ပြောကြားခဲ့သည်။

NLD ပါတီ၏ အမျိုးသားကျန်းမာရေးကွန်ရက်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းရှိ ဆရာဝန်များအတွက် စဉ်ဆက်မပျက် ဆေးပညာသင်ကြားရေးသင်တန်းများ၊ အထွေထွေရောဂါကု ဆရာဝန်များအတွက် လိုအပ်သည့်သင်တန်းများ၊ အလုပ်နှင့်ပူးတွဲ သင်ကြားနိုင်သည့် Job Training သင်တန်းများကို ဖွင့်လှစ်သင်ကြားနိုင်ရန် ပြည်တွင်း၊ ပြည်ပမှ ဆရာဝန်ကြီးများနှင့်လည်း ဆွေးနွေးထားပြီးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ထိုသို့ နိုင်ငံတကာက ဆရာဝန်ကြီးများ လာရောက်သင်ကြားပေးပါက မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်ကို အပြည့်အဝနားလည်နိုင်ရန် ခက်ခဲမည်ဖြစ်သည့်အတွက် ပြည်သူ့ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်ကြီးများ သင်ကြားပေးမည်ဆိုပါက ပိုမိုအဆင်ပြေ စေနိုင်မည်ဖြစ်ကြောင်း အသက် ၂၆ နှစ်အရွယ်ရှိ ဆရာဝန်တစ်ဦးက ၎င်း၏ထင်မြင်ချင်ကို ပြောကြားခဲ့သည်။

အမျိုးသားကျန်းမာရေးကွန်ရက်မှ အရေးပေါ်ဆေးကုသမှုအတွက် Mobile Team (ရွှေ့ပြောင်းကုသရေးအဖွဲ့)များ ဖွဲ့စည်းခြင်းနှင့် အရေးပေါ်ကုသရေးဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သည့်နည်းပညာပိုင်းအကူအညီများရနိုင်စေရန် ကျွမ်းကျင်ပညာရှင်တို့က သင်တန်းများ လာရောက်သင်ကြားပေးရန်ရှိကြောင်း NLD အမျိုးသားရေးကွန်ရက်မှ ထုတ်ပြန်ကြေညာခဲ့သည်။

 YC

*********************************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၂.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. နောက်ထပ် တရုတ်ပုံစံတစ်ခုလေလား

(20 Feb 2013 ရက်စွဲပါ China Economic review မှ The Next China? ဆောင်းပါးကိုဘာသာပြန်ဆိုသည်)

  1. မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ပြန်လည်စတင်ရန် မြန်မာနှင့် အမေရိကန်သဘောတူ

(Associated Press မှ 21 Feb 2013 ရက်စွဲပါ “Myanmar US agree to resume cooperation in fighting narcotics”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရိုပာင်ဂျာများကို ခိုလှုံခွင့်ပေးရန် သြစတြေးလျား ငြင်းပယ်

(AAP News မှ 22 Feb 2013 ရက်စွဲပါ “Carr rules out Aust asylum for Rohingya”သတင်းကို ဘာသာပြန်ဆိုသည်)

ဘာသာပြန်သတင်းများ

နောက်ထပ် တရုတ်ပုံစံတစ်ခုလေလား

(20 Feb 2013 ရက်စွဲပါ China Economic review မှ The Next China? ဆောင်းပါးကိုဘာသာပြန်ဆိုသည်)

ရန်ကုန်မြို့၏ အဆောက်အဦးတစ်ခု ခေါင်မိုးတွင်မတ်တပ်ရပ်၍ ပတ်ဝန်းကျင်ကိုကြည့်ပါကပတ်ပတ်လည်တွင် တရုတ်ပြည်ကိုတွေ့နေ ရသကဲ့သို့ရှိပါသည်။ တရုတ်နယ်စပ်သည် ရန်ကုန်မြို့မှကီလိုမီတာ ရာပေါင်းများစွာဝေးပါသည်။ သို့သော်ရန်ကုန်မြို့ပတ်ပတ်လည်တွင် ပေါက်လာသော အထပ်မြင်အဆောက်အဦးများသည် အလျင်အမြန်ဆောက်ပြီး ဈေးပေါသောကွန်ကရစ်နှင့် သံချောင်းများကိုသာသုံးထားပုံရရာ တရုတ်ပုံစံဖွံ့ဖြိုး တိုးတက်မှုကို ပြသနေပါသည်။

ဆယ်စုနှစ်ပေါင်းများစွာ တံခါးပိတ်ခံထားရပြီး ၂၀၁၀ ခုနှစ်ကမှနိုင်ငံရေးအရ စီးပွားရေးအရတံခါးဖွင့်လာသော မြန်မာနိုင်ငံကို တရုတ်နှင့် နှိုင်းယှဉ်ခြင်းကို ဆန့်ကျင်ကြလိမ့်မည် မပာုတ်ပေ။

တရုတ်နိုင်ငံ တံခါးဖွင့်ပြီးစကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း ဆယ်စုနှစ်ပေါင်းများစွာ အပယ်ခံဖြစ်ပြီး ဆင်းရဲမွဲတေမှုများကြောင့် လူအများကို ဝင်ငွေနိမ့်ပြီး ဆင်းရဲလှသောအခြေအနေတွင် အလုပ်ကြိုးစားလုပ်လိုစိတ်များ ဖြစ်ပေါ်စေပါသည်။ တစ်ပြားနှစ်ပြားကအစ တွက်ချက်နေသော ကမ္ဘာ့ အရင်းရှင်များအတွက် မြန်မာလူမျိုးများ၏ လစာနိမ့်ကျမှုနှင့်ဆင်းရဲမှုက ဆွဲဆောင်လျက်ရှိပါသည်။ ပြီးခဲ့သည့်နှစ်က မြန်မာအစိုးရသည် အထည်ချုပ် စက်ရုံများအတွက် တစ်ရက်လျှင် အနည်းဆုံးလုပ်ခကို ဒေါ်လာ ၁.၂၅(၁၀၀၀ ကျပ်)သတ်မှတ်ခဲ့ပါသည်။ တရုတ်တွင် ၎င်းတို့၏အနာဂါတ် စက်ရုံများအတွက် မြန်မာနိုင်ငံကို ထည့်သွင်းစဉ်းစားလာမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ လွန်ခဲ့သော နှစ်ပေါင်းများစွာကလည်း ၎င်းတို့သည် ဤပုံစံဖြင့် တရုတ်နိုင်ငံသို့ ရွှေ့ပြောင်းလာခြင်း ဖြစ်ပါသည်။ ပောာင်ကောင်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဂျာမဏီတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံမှ အထည်ချုပ် လုပ်ငန်းတွင် လုပ်ခနည်းပါးမှုကို အခွင့်ကောင်းယူလျက် ရှိပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ကျေးလက်မှအလုပ်သမားများ ပေါများလှရာ ထိုလမ်းကြောင်းအတွက် မက်လုံးပင်ဖြစ်ပြီး တရုတ်နိုင်ငံမှာကဲ့သို့ လုပ်ခနည်းပါးမှုမှာ အချိန်အတန်ကြာ ရှိနေနိုင်ပါသေးသည်။ တိုင်းပြည်၏ ထိပ်တန်းမြို့ကြီး ငါးမြို့တွင်နေထိုင်သူ(၇)သန်းခန့် အကြမ်းဖျဉ်းရှိပြီး မြန်မာနိုင်ငံလူဦးရေ(၅၆)သန်း၏ အများစုမှာ ကျေးလက်များတွင်သာ နေထိုင်ကြပါသည်။ မြန်မာနိုင်ငံသည် လုပ်ခလစာများ လျင်မြန်စွာမြင့်တက်လာရန်မှာ ဆယ်စုနှစ်အနည်းငယ်လိုဦးမည် ဖြစ်ပြီး တရုတ်နိုင်ငံတွင် ထိုအခြေအနေဖြစ်ရန် နှစ်ပေါင်း(၃၀)ကျော် စီးပွားရေးတိုးတက်မှုပြီးမှ ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။

နိုင်ငံစုံမှ ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုအရှိဆုံးဖြစ်မည့်ကိစ္စမှာ စက်ရုံများဖြင့်ရှိမည့် မြို့ပြတွင်စားသုံးသူ လူတန်းစားအသစ် ပေါ်လာနိုင်သည့် အလားအလာပင်ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံသည် တရုတ်ထက်စာလျှင် စကေးအတော် နည်းပါးလှပါသည်။ တရုတ်ထက်စာလျှင် ပေါ်ပေါက်လာမည့် စားသုံးသူဈေးကွက်သစ်သည် သေးငယ်သည်ဆိုသော်လည်း နိုင်ငံစုံမှစီးပွားရေး လုပ်ငန်းရှင်များသည် (၅၆)သန်းသော သုံးစွဲသူ ဈေးကွက်အလားအလာကို သွားရေကျလျက်ရှိပါသည်။ မြန်မာလူမျိုးအများစုသည် ဈေးပေါသော ကုန်ပစ္စည်းများကိုသာ တက်နိုင်သည်ဆိုသော်လည်း သုံးစွဲမှုပမာဏ တက်လာပုံကို လမ်းများပေါ်တွင်ကြည့်ကာ သိနိုင်ပါသည်။ ယခုအခါ ရန်ကုန်မြို့နေသူများသည် ပြီးခဲ့သည့်နှစ်က ဂျပန်နိုင်ငံမှ ဈေးပေါသော ကားများ အလုံးအရင်းဝင်ရောက်လာမှုကြောင့် လမ်းများပိတ်ဆို့ကုန်ပြီပာု ညီးညူခဲ့ကြပါသည်။ ဈေးပေါသော ဖုန်းများထုတ်သည်ပာု နာမည်ကြီးသော တရုတ်ပြည်မှ Huawei နှင့် ကိုရီးယား၏ Samsung ဖုန်းများကို မြို့အနှံ့ဆိုင်များတွင် ရောင်းချလျက်ရှိပါသည်။

ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်၏ အဓိကနိုင်ငံရေးလက္ခဏာအချို့ကို ပုံတူကူးလုပ်ဆောင်လျက် ရှိနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသော်လည်း တရုတ်ကဲ့သို့ တစ်ပါတီအစိုးရက ခိုင်မြဲစွာချုပ်ကိုင်ထားမှုအောက်တွင် ရှိနေဆဲဖြစ်ပါသည်။ စစ်တပ်သည် လွှတ်တော်တွင် ၂၅% ကိုအလိုအလျောက် နေရာရရှိထားပြီးဖြစ်ပါသည်။ စစ်တပ်ကနောက်ခံပြုပြီး စစ်တပ်မှ ပုဂ္ဂိုလ်ပောာင်းများပါဝင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)နှင့်ပေါင်းလျှင် ဥပဒေပြုရေးကဏ္ဍ၌ သုံးပုံနှစ်ပုံခန့် လွှမ်းမိုးထားနိုင်ပါသည်။

ထိုသို့သောစနစ်မျိုးတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဦးတည်စေမည်ဖြစ်သော်လည်း ကမ္ဘာမှရင်းနှီးမြှုပ်နှံသူများ ဖြစ်စေလိုသည့် တည်ငြိမ်မှု ကိုမူ စစ်တပ်နောက်ခံပြုအစိုးရ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ရာ တရုတ်ကွန်မြူနစ်ပါတီ လုပ်ပုံလုပ်နည်းအတိုင်း ဖြစ်ပါသည်။ USDP သည် ပြုပြင်ပြောင်းလဲမှု ကို တဖြည်းဖြည်းသာ ချဉ်းကပ်လိုပါသည်။ ဘဏ်စနစ်ကို တဖြည်းဖြည်းပြောင်းလဲရန်၊ မီဒီယာထိန်းချုပ်မှုကိုတဖြည်းဖြည်းသာ ဖြေလျော့ရန်နှင့် စစ်တပ်က ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင်တဖြည်းဖြည်း ပြုလုပ်ရန်သာ ဆန္ဒရှိပါသည်။ အစိုးရသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ကြောက်သောကြောင့် ဈေးကွက်ကို ရုတ်တရက်ပြောင်းရေးကို မလိုလားပေ။

အထက်ဖော်ပြပါ အချက်များ၌ တရုတ်နှင့်ဆင်တူမှုများရှိသော်လည်း မြန်မာပြည်သူများသည် တရုတ်ရင်းနှီးမြှုပ်နှံမှုကို လက်ခံရန်နှင့် တရုတ်၏ ညစ်ပတ်သောအပေါ်မှ အမိန့်ပေးသော တိုးတက်ကြီးထွားရေးပုံစံကိုလက်ခံရန် သံသယရှိနေကြပါသည်။ ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရုတ်တို့လုပ်ဆောင်နေသော ဒေါ်လာ(၃.၆)ဘီလီယံတန် ရေလှောင်တမံကို ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုများရှိသည်ပာု ဆန္ဒပြမှုကြောင့် ရပ်ဆိုင်း ခဲ့ပါသည်။ နိုဝင်ဘာလက ဆန္ဒပြမှုများကို ပြင်းထန်စွာနှိမ်နင်းခဲ့သော တရုတ်တို့၏ ကြေးနီစီမံကိန်းတွင်လည်း ပြီးခဲ့သည့်အပတ်က ဆန္ဒပြမှုများ သီးခြားစီ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

မြန်မာပြည်သူများသည် မန္တလေးမြို့တွင်တရုတ်များ ဝင်ရောက်လာမှုအတွက် စိတ်ပျက်မှုအား ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလာကြပါသည်။ တရုတ်လူမျိုးရင်းနှီးမြှုပ်နှံသူများသည် မန္တလေးမြို့၏ ဗပာိုကျသော နေရာများကိုရည်ရွယ်ချက်ဖြင့် ဝယ်ယူခဲ့ကြပါသည်။ တရုတ်အစားအသောက် မရောင်း သော စားသောက်ဆိုင်ကိုရှာဖွေရန် ခက်ခဲလာပါသည်။ စာရေးဆရာ သန်းမြင့်ဦးက ၎င်း၏ “Where China meets India: Burma and the new crossroads of Asia” စာအုပ်တွင်မန္တလေးမြို့တွင် တရုတ်တို့လျင်မြန်စွာတိုးပွားလာသော်လည်း မန္တလေးမြို့တွင် ယခင်ကတည်းက နေထိုင်လာသူများမှာ တိုးတက်မှုတစ်ခုမျှမတွေ့ရဘဲ လစ်လျူရှုနေထိုင်နိုင်ကြသည်ပာု ဖော်ပြထားပါသည်။ မြန်မာနိုင်ငံနေရာအနှံ့တွင်ရှိကြသော ပြည်သူများက မန္တလေးတွင် ဖြစ်သလိုနိုင်ငံအနှံ့ ဖြစ်မည်ကို စိုးရိမ်လျက်ရှိပါသည်။

မြန်မာနိုင်ငံသားများအဖို့ တရုတ်၏ဖွံ့ဖြိုးတိုးတက်ရေး မပာာဗျူပာာအပေါ် သံသယရှိမှုမှာ မည်သည့်နည်းနှင့်မဆို ရှိသင့်သည့်အခွင့်အရေး ရှိပါသည်။ လျင်မြန်စွာဖြင့် ဈေးပေါပေါနှင့်ဆောက်သော တရုတ်မြို့ကြီးများမှာ ယေဘူယျအားဖြင့် စိတ်ပျက်ဖွယ်ကောင်းလှပါသည်။ ကမ္ဘာ့ဘဏ်က ပြောကြားရာတွင် အကယ်၍တရုတ်သည် ပတ်ဝန်းကျင်ဆိုင်ရာပျက်စီးမှုများကို GDP ကိန်းဂဏန်းများတွင် ထည့်သွင်းတွက်ချက်ပါက စီးပွားရေးတိုးတက်မှု တွင် ၃.၈ ခန့်ကိုနှုတ်ပစ်ရလိမ့်မည်ပာုဆိုပါသည်။

သန်းပေါင်းများစွာသော လူများကိုဆင်းရဲမွဲတေမှုမှ လွတ်မြောက်အောင်လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ သင်ခန်းစာများကို နမူနာယူသင့်ပါသည်။ ဖွံ့ဖြိုးတိုးတက်မှု စဉ်ဆက်မပြတ်ရှိရေးအတွက် ပတ်ဝန်းကျင်ဆိုင်ရာများ အဆင့်နိမ့်ကျသွားမှုကို အရင်းအနှီး မပြုလုပ်သင့်ပေ။  နောက်မျိုးဆက်များကိုလည်း အလပာဿဖြစ်မည့် ရင်းနှီးမြှုပ်နှံမှုများမပေးသင့်ပေ။ အစိုးရက မည်သို့ကန့်သတ်သည်ဖြစ်စေ မြန်မာနိုင်ငံတွင် လုပ်ခလစာ ပေးရမှုနည်းပါးလွန်းခြင်းနှင့် စားသုံးသူဈေးကွက်သစ်ကြီးကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကမူ လာနေကြဦးမည်သာ ဖြစ်ပါသည်။ တရုတ်ကုမ္ပဏီ တစ်ခုစနှစ်ခုစကဝင်ရောက်ရန် ကြောက်နေမည်ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံမှုကြီးကြီး ကုန်ကျမည်ဆိုပါကလည်း တန်ပါသေးသည်။

ရန်ကုန်မြို့တွင် အနာဂါတ်၌ မိုးမျှော်တိုက်ကြီးများ ပေါ်ပေါက်ရာတွင် တရုတ်တို့တည်ဆောက်ခြင်း(သို့)တရုတ်၏ ငွေဖြင့်ဆောက်လုပ်ခြင်းများ ပါဝင်လာမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ သို့သော် အဆိုပါအဆောက်အဦးများတွင် အမေရိကန်၊ ဂျပန်၊ ဥရောပနှင့် အထူးသဖြင့် မြန်မာတို့၏ ဆောက်လုပ်မှုများ ရောနှောပါဝင်ပါက ပို၍အသင့်တော်ဆုံး ဖြစ်ပါလိမ့်မည်။

                                        ***********************************************************************************

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ပြန်လည်စတင်ရန် မြန်မာနှင့် အမေရိကန်သဘောတူ

(Associated Press မှ 21 Feb 2013 ရက်စွဲပါ “Myanmar US agree to resume cooperation in fighting narcotics”သတင်းကိုဘာသာပြန်ဆိုသည်)

                                                Photo Credit: Washing Post

မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့သည် ကိုးနှစ်နီးပါး ရပ်ဆိုင်းနေသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်စတင်ရန် ကြာသပတေးနေ့က သဘောတူညီချက်ရရှိခြင်းဖြင့် ပိုမိုရင်းနှီးစွာဆက်ဆံကြရန် နောက်တစ်ဆင့်တိုးခဲ့ကြသည်။

ဘိန်းစိုက်ပျိုးမှု ဆာဗေးကိုပြန်စရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လေ့ကျင့်မှုတွင် ပူးပေါင်းဆောင်ရွက်ကြရန် နှစ်ဖက် သဘောတူခဲ့ကြသည်ပာု နိုင်ငံပိုင်ရုပ်သံက ဆိုပါသည်။

နေပြည်တော်တွင် လက်မှတ်ရေးထိုးပွဲအခမ်းအနားအပြီး၌ အမေရိကန်သံအမတ်ကြီး၊ ဒဲရစ်မစ်ချယ်က သတင်းထောက်များအား “ယခုသဘော တူညီချက်သည် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ရန်အတွက် နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်ပြီး ထိုအတွက်များစွာ ကျေနပ်မိသည်”ပာု ပြောကြားခဲ့သည်။

မြန်မာဖက်မှ ရဲမှူးကြီးမြင့်သိန်းက ယခုပြုလုပ်မည့်ဆာဗေးကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ ပိုကောင်းသော သတင်းအချက် အလက်များရရှိမည်ဖြစ်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကြိုးပမ်းမှုကို အထောက်အကူဖြစ်စေလိမ့်မည်ပာုယုံကြည်ကြောင်း ရှင်းလင်းပြောကြာသည်။

မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာ့ဒုတိယအများဆုံး ဘိန်းထုတ်လုပ်မှုဖြစ်ပြီး ကမ္ဘာ့စုစုပေါင်း ဘိန်းထွက်ရှိမှု၏ ၂၅ ရာခိုင်နှုန်းကို ထုတ်လုပ်လျက်ရှိသည်ပာု ကုလသမဂ္ဂ အစီရင်ခံစာများအရ သိရှိရသည်။

ဘိန်းစိုက်ပျိုးမှု ပူးပေါင်းလေ့လာခြင်းဆာဗေးကို ၂၀၀၄ ခုနှစ်ကနောက်ဆုံးပြုလုပ်ခဲ့သည် မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရထံ ကူညီမှုများကိုဖြတ်တောက်ခဲ့ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကူအညီကိုလည်း လျှော့ချ ကန့်သတ်ထားခဲ့သည်။

သို့သော်လည်း ၂၀၁၁ မတ်လတွင် ဗိုလ်ချုပ်ကြီးပောာင်းသိန်းစိန် သမ္မတအဖြစ်အာဏာရလာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်လာခြင်းကြောင့် မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား သိသိသာသာတိုးတက် ကောင်းမွန်လာခဲ့သည်။

                                                    *******************************************************************************

ရိုပာင်ဂျာများကို ခိုလှုံခွင့်ပေးရန် သြစတြေးလျား ငြင်းပယ်

(AAP News မှ 22 Feb 2013 ရက်စွဲပါ “Carr rules out Aust asylum for Rohingya”သတင်းကို ဘာသာပြန်ဆိုသည်)

                                                     Photo Credit: VOA

သြစတြေးလျားနိုင်ငံက မြန်မာနိုင်ငံ၏ အိုးမဲ့အိမ်မဲ့ဒုက္ခသည်မျာအတွက် ဒေါ်လာ ၂.၅ သန်း ထပ်မံကူညီသွားမည်ဖြစ်သော်လည်း ရခိုင်ပဋိပက္ခ ကြောင့် ထွက်ပြေးလာသော ရိုပာင်ဂျာမွတ်ဆလင်များအား တံခါးဖွင့်ပေးရေးမူဝါဒကိုမူ ပယ်ချလိုက်ပါသည်။

UNHCR ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မပာာမင်းကြီးရုံးမှ အကြံဥာဏ်ပေးပြီးနောက် ထွက်ပေါ်လာသောရိုပာင်ဂျာများကို အခြေချ နေထိုင်ခွင့်ပေးရေးမူဝါဒကို သြစတြေးလျား နိုင်ငံခြားရေးဝန်ကြီးဘော့ကားက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူပရာပေါင်နှင့်ဆွေးနွေးပြီးနောက်တွင် ပယ်ချ လိုက်ခြင်းဖြစ်သည်။

“သြစတြေးလျားကို လမ်းကြောင်းရှာဖို့ ထိုင်းကိုရောက်လာကြတဲ့ သနားစရာရိုပာင်ဂျာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ထင်မြင်ချက် မပေး ချင်ပါဘူး။ ဒီနေစရာမရှိသူတွေကို နေရာချထားပေးရမယ့် ကိစ္စပာာ ရခိုင်မူဝါဒတွေပြောင်းသွားအောင် သက်ရောက်မှုဖြစ်စေမယ့် မူဝါဒပြောင်းလဲမှုတွေ အပေါ်မှာ မူတည်နေပါတယ်”ပာု ဘော့ကားက ဘန်ကောင်တွင် သတင်းထောက်များအား ပြောကြားသည်။

မနှစ်က ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် ထွက်ပြေးလာကြသော ရိုပာင်ဂျာများမှာ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွင် အရေအတွက် ၂၀၀၀ ခန့်အထိ ရောက်ရှိနေကြသည်။

အဆိုပါ ရခိုင်ပြည်နယ်မှ အပြန်အလှန်အကြမ်းဖက်မှု ပဋိပက္ခကြောင့် လူပေါင်း ၂၀၀ ခန့်သေဆုံးကာ၊ ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်နှင့်ဆိုင်ထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် လူပေါင်းတစ်သိန်းကျော်ကို အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်စေခဲ့သည်။

ထိုပဋိပက္ခကြောင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှရိုပာင်ဂျာ ၁၉၀၀၀ ခန့်သည် စိတ်မချရသော စက်လှေများဖြင့် ထွက်ပြေးလာခဲ့ကြပြီး အမျိုးသမီးနှင့် ကလေးများအပါအဝင် အရေအတွက် ရာနှင့်ချီ၍ ရေနစ်သေဆုံးခဲ့ရသည်ပာု လူ့အခွင့်အရေူအုပ်စုများကပြောကြားသည်။

ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးပြီးနောက် ဘော့ကားက “ရိုပာင်ရှာများအား နေရာချထားရေးသည် ရခိုင်ပြည်နယ် အတွင်းတွင်သာ ဖြစ်သင့်ကြောင်း နှစ်နိုင်ငံသဘောတူခဲ့ကြသည်”ပာု ပြောဆိုပါသည်။

“သူတို့အတွက် တစ်ခြားသူတွေက ဖြေရှင်းပေးလို့မရနိုင်ပါဘူး။ သူတို့ရဲ့ နိုင်ငံသားခံယူခွင့်ကိစ္စ၊ ပြန်လည်အခြေချနေထိုင်ရေးကိစ္စ၊ စီးပွားရေး ထူထောင်ရေးကိစ္စတွေကိုဖြေရှင်းပေးရမယ့် လူသားချင်းစာနာတဲ့နေရာချထားရေးအစီအစဉ်တွေ ရခိုင်ပြည်နယ်အတွင်းမှာ လိုအပ်နေပါတယ်”ပာု ဘော့ကား က ဆိုပါသည်။

မြန်မာစစ်တပ်နှင့် အေအိုင်အေအကြား တိုက်ပွဲဖြစ်မှုကြောင့် လူပေါင်း ၇၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေသော ကချင်ပြည်နယ်မှ ဒုက္ခသည် စခန်းများ၏ ရေနှင့် သန့်ရှင်းရေးအစီအစဉ်များ အတွက်လည်း သြစတြေးလျားက ဒေါ်လာ ၇၅,၀၀၀၀ ထောက်ပံ့ဦးမည်ပာု သိရှိရသည်။

ထို့အပြင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ မြေမြှုပ်မိုင်းရှင်းလင်းရေးအတွက် ဒေါ်လာ ၅၀၀၀၀၀ ကူညီဦးမည်ဖြစ်သည်။

တစ်ဆက်တည်းတွင် ၂၀၀၆ ခုနှစ်က ထိုင်းနိုင်ငံတွင်အာဏာသိမ်းခံရပြီး မျက်ကွယ်ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရခြင်းကြောင့် ပြည်ပတွင် တိမ်းရှောင်နေထိုင်နေရသူ ထိုင်းဝန်ကြီးချုပ်ပောာင်း သက်ဆင်ရှင်နာဝပ်ထရာကို သြစတြေးလျား ပြည်ဝင်ဗီဇာပေးလိုက်ပြီပာု ဘော့ကားက AAPP သတင်း ဌာနသို့ ပြောကြားသည်။

“သူက ဗီဇာလျှောက်ထားလို့ ၂၀၁၂ အစောပိုင်းမှာဗီဇာပေးလိုက်တာပါ။ ဗီဇာပေးပြီးတဲ့နောက် သြစတြေးလျားကိုရောက်မလာနိုင်သေးပါဘူး”ပာု ဘော့ကား က ရှင်းလင်းပြောဆိုသည်။

လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်လပ်၏ အစ်ကိုဖြစ်သူ သက်ဆင်သည် သြစတြေးလျားဗီဇာ အပိတ်ခံထားရသည်ပာု သိရှိရသည်။

                                        ****************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive