Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၈.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ၂၀၁၅ တွင်စတင်မည့် AMC တွင် SMEs များဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မူဝါဒများချမှတ်ပေးရန်တောင်းဆို
  1. ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၏ ထိပ်တန်းအခွန်ထမ်းဆောင်သူ ၂၀၀ ဦးစာရင်း ထုတ်ပြန်မည်
  2. နေပြည်တော်စီမံကိန်းများအတွက် အသုံးပြုမည့်ဘတ်ဂျက်ငွေပမာဏ လိုအပ်သည်ထက် ပိုမိုတောင်းခံ
  3. လျှပ်စစ်မီးပြတ်တောက်မှုများအတွက် ပြည်မြို့တွင်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်မည်

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

၂၀၁၅ တွင်စတင်မည့် AMC တွင် SMEs များဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မူဝါဒများချမှတ်ပေးရန်တောင်းဆို

လာမည့် ၂၀၁၅ ခုနှစ်တွင် စတင်တော့မည့် အာဆီယံစီးပွားရေးအသိုက်အဝန်း(AEC)တွင် ပြည်တွင်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်း (SMEs) များဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် မူဝါဒများဆောလျင်စွာ ချမှတ်ပေးရန် တိုက်တွန်းကြောင်းအဆိုအား ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာမြင့်ကြည်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော်ဆဋ္ဌမ ပုံမှန် အစည်းအဝေး(၂၀)ရက်မြောက်နေ့တွင် တင်သွင်းခဲ့သည့်အတွက် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက လက်ခံဆွေးနွေးခဲ့သည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၁၅ ခုနှစ်တွင် ကြုံတွေ့ရတော့မည့် AEC တွင် စီးပွားရေးအရှိန်အပာုန်ရရှိနေပြီဖြစ်သော အိမ်နီးချင်းနိုင်ငံများ၏ ဈေးကွက်ကြီး ဖြစ်မလာနိုင်စေရန် ရှိနေသည့် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် တိုင်းရင်းသားလုပ်ငန်းများ ယိုင်လဲမသွားစေရန် အချိန် ၃ နှစ်သာကျန်ရှိတော့သည့်အတွက် ပြဿနာနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကိုင်တွယ်ဖြေရှင်း၍ ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတွင်း စွမ်းရည်တည်ဆောက်မှုများလုပ်ကိုင်နိုင်ရန် လူမှုရေးအဖွဲ့များဖွဲ့စည်းခြင်း၊ ကုန်ကျစရိတ် ထိရောက်ထက်မြက်မှုသတ်မှတ်ခြင်း၊ ထွက်ကုန်နှင့် ဝန်ဆောင်မှုများ ဖွံ့ဖြိုးရေးအတွက် အုပ်ချုပ်ရေး၊ စာရင်းကိုင်စနစ်နှင့် သတင်းအချက်အလက်ရရှိရေးဆောင်ရွက်ခြင်း၊ ကုန်ကျစရိတ် လျှော့ချရေးနည်းပညာ၊ အရည်အသွေးကောင်းမွန်ရေး၊ နည်းပညာရရှိရေးဆောင်ရွက်ခြင်း စသည်တို့ကို မူဘောင်ချမှတ်ထူထောင်၍ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း သိရသည်။

အရင်းအနှီးနှင့် နည်းပညာရရှိရေးအတွက် ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးဆောင်ရွက်နိုင်မှုများကို ကြိုတင်မူဘောင်ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထောက်ခံ ဆွေးနွေးခဲ့သည်။

AEC တွင် ပြည်တွင်း SMEs များဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စီစဉ်ဆောင်ရွက်မှုနှင့်ပတ်သက်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ခင်စန်းရီက အာဆီယံအတွင်း လွတ်လပ်သော ကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အာဆီယံစီးပွားရေး အသိုက်အဝန်းတွင် မြန်မာနိုင်ငံ၏ SMEs လုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး အတူတကွပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှ မူဝါဒများ ချမှတ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျွမ်းကျင်သူပညာရှင်များနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

YC

-------------------------------------------------------------------------------------

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၏ ထိပ်တန်းအခွန်ထမ်းဆောင်သူ ၂၀၀ ဦးစာရင်း ထုတ်ပြန်မည်

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၏ ထိပ်တန်းအခွန်ထမ်းဆောင်သူ အခွန်ထမ်း ၂၀၀ ဦးစာရင်းကို ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး လက်ရှိ ဘဏ္ဍာနှစ် မကုန်ဆုံးသေးသော်လည်း ပြည်သူများအခွန်ပေးဆောင်မှုနှုန်းမှာ ယခင်နှစ်ထက် ကျပ်သိန်းပေါင်း ကိုးသောင်းကျော် ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၁၁ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၂ ဖေဖော်ဝါရီလမကုန်မီအထိ ပြည်သူများထံမှ အခွန်ငွေ ကျပ်သန်းပေါင်း ၉၆၄၀၀၀ ရရှိခဲ့ပြီး အဆိုပါဘဏ္ဍာနှစ်အတွက် ထိပ်တန်းအခွန်ဆောင်သူ ၁၀၀ ဦးကို စာရင်းထုတ်ပြန်ပေးခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လက်ရှိ ဘဏ္ဍာနှစ်အတွက် ၂၀၁၃ ဇန်နဝါရီလကုန်အထိ ရင်းနှီးမြှုပ်နှံသည့် ပမာဏစုစုပေါင်း အနက် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုမှာ ကျပ်သန်းပေါင်း ၇၃၄၁၅၃ ဒဿမ ၁ အထိရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၁၁၄၂ သန်းကျော်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်စေရန် မက်လုံးအဖြစ် အစိုးရမှ လုပ်ငန်းတည်ထောင်ရန် လိုအပ်သည့် စက်ပစ္စည်း၊ ယာဉ်၊ ယန္တရားများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများအားလုံးကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုချက်ဖြင့် အခွန်ကင်းလွတ်ခွင့်ပေးခဲ့သည့် အပြင် ယခင်နှစ်က ပို့ကုန်၊ သွင်းကုန်တင်ပို့မှုများအပေါ်တွင်လည်း အခွန်ကင်းလွတ်ခွင့်များပြုပေးခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံအတွင်း အခွန်ရရှိမှုနည်းပါးစေသည့် အကြောင်းအရင်းများအနက် အဓိက အကြောင်းအရင်းများမှာ ယခင်အစိုးရလက်ထက်မှသည် လက်ရှိအစိုးရသစ်လက်ထက်ထိတိုင် ခရိုနီစီးပွားရေးလုပ်ငန်းရှင်များမှ အခွန်တိမ်းရှောင်မှုများပြုလုပ်လျက်ရှိခြင်း၊ အခွန်အပြည့်အဝပေးဆောင်မှု မရှိခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် အခွန်ကင်းလွတ်ခွင့်ပေးခြင်းများဖြစ်ကြောင်း သိရသည်။

YC

-------------------------------------------------------------------------------------------

 နေပြည်တော်စီမံကိန်းများအတွက် အသုံးပြုမည့်ဘတ်ဂျက်ငွေပမာဏ လိုအပ်သည်ထက် ပိုမိုတောင်းခံ

မြန်မာနိုင်ငံ၏ အစိုးရဝန်ကြီးဌာနများတည်ရှိရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်မည့်စီမံကိန်းများအတွက် အသုံးပြုရန်လျာထား သည့် ဘတ်ဂျက်ငွေပမာဏကို လိုအပ်သည်ထက် ပိုမိုများပြားလျက်ရှိကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်မှသုံးစွဲရန် လျာထားသည့် ကျပ်ငွေ သန်းပေါင်း  လျာထားကျပ်ငွေ သန်းပေါင်း ၅၁၁၄၅၇၆ ဒဿမ ၉၆၅ အနက် နေပြည်တော်ကော်စီမှ ကျပ်သန်း  ၁၇၈၃၀၀ ဒဿမ ၄၈၀ နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကျပ်သန်းပေါင်း ၁၅၀၀ တောင်းဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ် ၇ ခုအတွက် သုံးစွဲမည့် လျာထားငွေပမာဏမှာ ၁၂၂၇၂၆.၆၈ ဖြစ်ကြောင်းသိရသည်။

ထိုသို့ ဘတ်ဂျက်ပိုမိုတောင်းခံမှုများနှင့်ပတ်သက်၍ နေပြည်တော် ဒက္ခိဏမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက လက်ရှိနေပြည်တော် အတွင်းဆောင်ရွက်နေသည့် လမ်းများမှ လိုအပ်ချက်အရဆောင်ရွက်နေသော်လည်း နိုင်ငံအနှံ့ဆောင်ရွက်လျက်ရှိသော ပြည်ထောင်စု လမ်းမစီမံကိန်းများနှင့်ယှဉ်သော် များစွာကွာခြားလျက်ရှိသည့်အတွက် နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်နေမှု များကို ပယ်ဖျက်ရန်၊ ရွှေ့ပြောင်းရန်နှင့် လျှော့ချရန်တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်အတွင်း တည်ဆောက်ရေးလုပ်ငန်းစဉ်များအတွက် လျာထားငွေပမာဏ၏ ၂၂ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းကို လျှော့ချရန်နှင့် အဆိုပါ လျှော့ချမှုမှ ထွက်ရှိလာမည့် ငွေများအား တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံကိန်းများတွင် အသုံးပြုသွားရန် တိုက်တွန်းခဲ့သည့်အပြင် အမျိုးသားစီမံကိန်းဥပဒေကြမ်းအား ပြန်လည်ပြင်ဆင်ရေးဆွဲရန် အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------

လျှပ်စစ်မီးပြတ်တောက်မှုများအတွက် ပြည်မြို့တွင်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်မည်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှုများမှာ တစ်နာရီလျှင် သုံးနာရီခန့်ကြာမြင့်လေ့ရှိသည့်အပြင် လျှပ်စစ်မီး ပြတ်တောက်မှုများအပေါ် မည်သည့်အကြောင်းပြချက်ကိုမျှ ပြည်သူလူထုထံသို့ အသိပေးခြင်းမရှိသည့်အတွက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညခုနှစ်နာရီတွင် ကော်မတီတစ်ရပ်ဖွဲ့စည်း၍ မြို့နယ်လုံးကျွတ်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဝန်ကြီးဌာနမှ ၂၀၁၂ ခုနှစ် မတ်လအတွင်းဖြေဆိုရမည့် တက္ကသိုလ်ဝင်စာမေးပွဲများအတွက် နေ့စဉ် ညနေ ၅ နာရီမှ နံနက် ၅ နာရီထိတိုင် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရန် ဆောင်ရွက်သွားမည်ပာု ထုတ်ပြန်ကြေညာထားသော်လည်း ပြည်မြို့အတွင်း လျှပ်စစ်မီးပြတ်တောက်မှု အကြိမ်အရေအတွက်မှာ များပြားနေသည့်အတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်ဝန်ကြီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း စက်မှုဇုန်များအား မီးပေးချိန်လျှော့ချ၍ ရပ်ကွက်နှင့် ကျေးရွာများသို့ လျှပ်စစ်မီးပုံမှန်ပေးမည်ဖြစ်သည့်အတွက် ပလပ်စတစ်နှင့် အခြားကုန်ပစ္စည်းများ၏ ဈေးနှုန်းမှာ မြင့်တက်လာမည်ဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

စက်မှုဇုန်များသို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှစတင်၍ တစ်နေ့လျှင် မီး ၅ နာရီသာပေးသွားမည်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မေလ ၂၀ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီးပြတ်တောက်မှု အများအပြားပြုလုပ်ခဲ့သည့်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖယောင်းတိုင်ထွန်း၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

YC

***************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

       


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၂၂.၂.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1. အနောက်အုပ်စုနှင့်ဆက်ဆံရေး တိုးတက်စေရန်အတွက် မြန်မာခေါင်းဆောင်အော်စလိုသို့ရောက်ရှိ

(EU Bussiness News မှ 26 February 2013 ရက်စွဲပါ “Myanmar Leader in Oslo, to seek deeper ties with west” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. မြန်မာနိုင်ငံတွင် အခွင့်အလမ်းများလေ့လာမည့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တွင် GM လည်းပါဝင်

(Reuters မှ 24 February 2013 ရက်စွဲပါ “GM joins US business group heading to Myanmar to explore opportunities” သတင်းကို ဘာသာပြန်ဆိုပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

အနောက်အုပ်စုနှင့်ဆက်ဆံရေး တိုးတက်စေရန်အတွက် မြန်မာခေါင်းဆောင်အော်စလိုသို့ရောက်ရှိ

(EU Bussiness News မှ 26 February 2013 ရက်စွဲပါ “Myanmar Leader in Oslo, to seek deeper ties with west” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by Alter Net

မြန်မာသမ္မတဦးသိန်းစိန်သည် ယခင်တံခါးပိတ်အထီးကျန်မြန်မာနိုင်ငံနှင့် အနောက်အုပ်စုအကြား ဆက်ဆံရေးခိုင်မာအောင် ရည်ရွယ်သော ပထမဆုံး ဥရောပခရီးစဉ်ကို စတင်လိုက်ပြီဖြစ်ပြီး အင်္ဂါနေ့က အော်စလိုသို့ရောက်ရှိလာခဲ့သည်။

မြန်မာပြုပြင်ပြောင်းလဲရေး ဝါဒီသမ္မတသည် စကင်ဒီနေဗီယန်း တိုင်းပြည်နော်ဝေးတွင် ၃ ရက်ကြာနေထိုင်မည်ဖြစ်ပြီး မတ်လ ၈ တွင် မြန်မာနိုင်ငံသို့ မပြန်မှီ ဖင်လန်၊ သြစတြေးလျား၊ ဘယ်လဂျီယံ၊ အီတလီနိုင်ငံများသို့ ဆက်လက် ထွက်ခွာမည်ဟု နော်ဝေး တာဝန်ရှိသူများက ပြောကြားသည်။

ဗိုလ်ချုပ်ကြီးဟောင်း သမ္မတသည် ၂၀၁၁ အစောပိုင်းအာဏာရလာပြီးနောက် ယခင် အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ရွေးကောက်ပွဲဝင်ခွင့်ပေးခြင်း၊ နိုင်ငံရေး အကျဉ်းသားအမြောက်အများလွှတ်ပေးခြင်းတို့အပါအဝင် တစ်သီတစ်တန်း ပြုပြင်ပြောင်းလဲပြခြင်ဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဆွဲဆောင်စည်းရုံးခဲ့သည်

၁၉၉၁ ကရရှိခဲ့သော နိုဘယ်ဆုကို လက်ခံ၍ မိန့်ခွန်းပြောရန် အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည် မနှစ်ကနော်ဝေသို့ ရောက်ရှိခဲ့ပြီး နောက် ယခုနှစ်တွင် သမ္မတဦးသိန်းစိန် နော်ဝေသို့ လာရောက် လည်ပတ်ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် အော်စလိုတွင်ရောက်ရှိစဉ် အနာဂတ်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးရေးအကူအညီ၊ ပတ်ဝန်းကျင်ဆိုင်ရာ နှင့်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဆွေးနွေးရန်ရှိသော်လည်း အရေးကြီးသော သဘောတူညီချက်များ လက်မှတ်ရေးထိုးဖြစ်ဖွယ် မရှိဟု နော်ဝေးနိုင်ငံခြားရေးရုံး ပြောရေးဆိုခွင့်ရှိသူ Kjetil Elsebutangen ကပြောကြားသည်။

“လက်ရှိနှစ်ပိုင်းများအတွင်း မြန်မာနိုင်ငံ၌ ကောင်းသောအရာများစွာ ဖြစ်ပေါ်ခဲ့သော်လည်း လုပ်စရာ များစွာကျန်ရှိနေဆဲဖြစ်ကြောင်း၊ နော်ဝေးနိုင်ငံအနေဖြင့် ထိုကဲ့သို့ အပြုသဘောတိုးတက်မှုများကို အားပေးပြီး၊ လမ်းကြောင်းမှန်အတိုင်းချီတက်နေသူများကို ကူညီရန်ကြိုးစားခြင်းသည် အရေးကြီးသည်ဟု ယူဆကြောင်း” Elsebutangen ကဆက်လက်ပြောကြားသည်။

သိုဝှက်တက်သော ရှေးရိုးစွဲသစ္စာခံတစ်ဦးဟု သတ်မှတ်ခံရသူ သမ္မတဦးသိန်းစိန်သည် နော်ဝေ ဝန်ကြီးချုပ် Jen Stolfenberg ၊ နိုင်ငံခြားရေးဝန်ကြီး Espen Barth တို့နှင့် ဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ပြီး နော်ဝေးရှိမြန်မာအသိုင်းအဝိုင်းနှင့် တွေ့ဆုံလိမ့်မည်ဟု သိရှိရသည်။

              ထို့အပြင် နော်ဝေအခြေစိုက်အတိုက်အခံမီဒီယာ ဒီမိုကရက်တစ် မြန်မာ့အသံ DBV နှင့် လွန်စွာအရေးပါ သော အင်တာဗျူးတွေ့ဆုံမေးမြန်းခန်း ပြုလုပ်ရန် တရားဝင်အစီအစဉ်တွင် ထည့်သွင်းထားဖွယ်ရှိသော်လည်း အတည်မပြုနိုင်သေးဟု ဆိုသည်။

ဘယ်လဂျီယံခရီးစဉ်တွင်မူ နှစ်နိုင်ငံဆွေးနွေးပွဲများအပြင် အီးယူအဆင့်မြင့် အစည်းအဝေးများပါ ကျင်းပရန်စီစဉ်ထားသည်ဟု ဥရောပသံတမန်တစ်ဦးက AFP သို့ပြောကြားသည်။

အီးယူနှင့်ဆွေးနွေးမည့် ကိစ္စရပ်များတွင် Sanctions ပိတ်ဆို့မှုများ၊ ဖွင့်ဖြိုးရေးအကူအညီ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်း၊ ပြည်တွင်းပဋိပက္ခများတွင် ငြိမ်းချမ်းရေးရအောင် စေ့စပ်ကြိုးပမ်းမှုများ စသည်တို့ပါဝင်ဖွယ်ရှိသည်ဟု သံတမန်နောက်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်အစိုးရက အရေးပါသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် အီးယူက လက်နက်အရောင်းအဝယ် မှလွဲ၍ ကျန်ကုန်သွယ်ရေး ပိတ်ဆို့မှုများကို ပြီးခဲ့သော ဧပြီလတွင် ဆိုင်းငံ့ပေးခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုကလည်း အဓိကကျသော ရင်းနှီးမြှုပ်နှံမှု နှင် ကုန်သွယ်ရေး အတားအဆီးများကို ဖျက်သိမ်းပေးခဲ့သည်။

သို့သော်လည်း မြောက်ပိုင်းကချင်ပြည်နယ်မှ တိုက်ပွဲများနှင့် ရခိုင်ပြည်နယ်မှ ရခိုင်-ရိုဟင်ဂျာ အဓိကရုဏ်းတို့နှင့် ပတ်သက်၍ စိုးရိမ်စရာများ ရှိနေဆဲပင်ဖြစ်၍ မြန်မာမိုးကုတ်စက်ဝိုင်းတွင် တိမ်မည်းတွေဆင် နေသည်ဟု အကဲခတ်လေ့လာသူများက သုံးသပ်ကြသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

မြန်မာနိုင်ငံတွင် အခွင့်အလမ်းများလေ့လာမည့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တွင် GM လည်းပါဝင်

(Reuters မှ 24 February 2013 ရက်စွဲပါ “GM joins US business group heading to Myanmar to explore opportunities” သတင်းကို ဘာသာပြန်ဆိုပါသည်)

              အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများဖြေလျှော့ပေးပြီးနောက်တွင် သဝယံဇာတကြွယ် ဝသော မြန်မာနိုင်ငံသို့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ အခွင့်အလမ်းများ လေ့လာရန် ယခုတစ်ပတ်သွားရောက် ခဲ့သော အမေရိကန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့တွင် အမေရိကန်ကား ထုတ်လုပ်သူ (General Motors (GM) လည်း ပါဝင်သည်ဟု အမေရိကန်ကုန်သည်ကြီးများအသင်းက သောကြာနေ့တွင် ပြောကြားသည်။

              ကုန်သည်ကြီးများအသင်း၏ အာရှဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ တာမီအိုဗာဘီ က “ဒီကိုယ်စားလှယ် အဖွဲ့ခရီးစဉ်ဟာအရေးကြီးတဲ့ မိုင်တိုင်တစ်ခုပါ။ ကျွန်တော်တို့ဟာ နှစ်နိုင်ငံအကြား စီးပွားရေး ပုံမှန်ဆက်ဆံရေး မှာ သိပ်ကောင်းတဲ့တိုးတက်မှုကို ပြုလုပ်ခဲ့ပါတယ်။ အခု ဆက်ဆံရေး နောက်တစ်ဆင့်တက်ရမယ့် အချိန်ရောက် ပါပြီ” ဟု ကြေညာချက်တွင် ထုတ်ပြန်ပြောဆိုသည်။

              ယခုကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလက သမ္မတဘားရက်အိုဘားမား၏ သမိုင်းဝင်မြန်မာခရီးစဉ် နောက်ပိုင်းတွင် အရေးပါသော အမေရိကန် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ပထမဆုံးသွားရောက် ခြင်းပင်ဖြစ်သည်။

              ၎င်းကိုယ်စားလှယ်အဖွဲ့တွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း၊ မော်တော်ကား၊ လျှပ်စစ်ပစ္စည်း၊ စွမ်းအင်၊ လက်လီအရောင်းလုပ်ငန်း၊ တယ်လီကွမ်းနှင့် အခြားကဏ္ဍများစွာမှ ကုမ္ပဏီများ၏ ကိုယ်စားလှယ်များ ပါဝင်ကြသည်ဟု သိရှိရသည်။

              မော်တော်ကားထုတ်လုပ်သူ GM အပြင် Metlife , Cargill, Fedex, Chevron, General Electric, Target, Honeywell နှင့် e Bay စသော နာမည်ကျော်ကုမ္ပဏီများလည်း မြန်မာခရီးစဉ်တွင် လိုက်ပါသွား ကြသည်။

              ရန်ကုန်မြို့တွင် နှစ်နိုင်ငံစလုံးမှ အကြီးတန်းကုမ္ပဏီအမှုဆောင်များ၊ အစိုးရတာဝန်ရှိသူများ၊ အတူတကွ ပါဝင်တက်ရောက်ကြမည့် ရန်ကုန်မြို့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲတွင်လည်း အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့တက်ရောက်မည်ဖြစ်သည်။

 

******************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive