Transparency Myanmar

transparency.myanmar@gmail.com

CURRENT AFFAIR
Document CURRENT AFFAIR

Snapshot of the item below:
CURRENT AFFAIR

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေးသတင်းများ

  1. စုံစမ်းရေးကော်မရှင်၏ ကြေးနီစီမံကိန်းအစီရင်ခံစာအပေါ် ဦးပိုင်မှ သဘောထားကြေညာချက်ထုတ်ပြန်
  2. လွှတ်တော်သို့တင်သွင်းထားသည့် ပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်းအား ပြန်လည်ရုတ်သိမ်းပေးရန် သမ္မတထံ တောင်းဆို
  3. ကရင်ပြည်နယ်မှ လယ်သမားများ အဖွဲ့အစည်းတစ်ခုတည်းကိုသာ အခွန်ဆောင်လို
  4. ရှမ်းတောင်ပိုင်းတွင် မူးယစ်ဆေးကုဌာနဖွင့်လှစ်ရန် ပြည်ထဲရေးကဆေးစွဲသူစာရင်းတောင်း၍ ဒေသခံများ စိုးရိမ်

စုံစမ်းရေးကော်မရှင်၏ ကြေးနီစီမံကိန်းအစီရင်ခံစာအပေါ် ဦးပိုင်မှ သဘောထားကြေညာချက်ထုတ်ပြန်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တာဝန်ပေး အပ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထုတ်ပြန်ချက်အပေါ် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်မှ မတ်လ ၁၂ ရက်နေ့တွင် သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်တွင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်အနေဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသော မြေယာလျော်ကြေးကိစ္စများ၊ စိုက်ပျိုးမြေပြန်လည်ဖော်ထုတ်ရေး၊ စီးပွားရေးဦးပိုင်နှင့် တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်အားပြန်လည်ပြင်ဆင်ချုပ်ဆိုရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဘေးအန္တရာယ် ကင်းရှင်းမှု များ အတွက် အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရရှိရေး၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် အကျိုး ကျေးဇူးများရရှိရေးနှင့် ဒေသခံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများအတိုင်း နိုင်ငံတကာ ပြည်ပကျွမ်းကျင် ကုမ္ပဏီများ ပညာရှင်များအား ဌားရမ်း၍ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပေါ်မူတည်၍ အကောင်အထည် ဖော်ဆောင်ရွက်မည့် ကော်မတီ၏ လမ်းညွှနမချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတရုံးမှ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အဖွဲ့ဝင်(၁၅)ဦးပါဝင်သည့် လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေး အစီ ရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့်ကော်မတီကို မတ်လ ၁၁ ရက်နေ့တွင်ဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့မှ မတ်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် မုံရွာမြို့ ဝင်းယူနတီပာိုတယ်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

YC


လွှတ်တော်သို့တင်သွင်းထားသည့် ပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်းအား ပြန်လည်ရုတ်သိမ်းပေးရန် သမ္မတထံ တောင်းဆို

မီဒီယာသမားများနှင့် ပြည်သူတို့၏ သဘောဆန္ဒမပါဝင်ဘဲ ပြန်ကြားရေးဝန်ကြီးဌာနမှရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော် သို့ တင်သွင်းထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား အရပ်ဖက်အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် သတင်းမီဒီယာ အဖွဲ့အစည်းများက ကန့်ကွက်လျက်ရှိသည့်အတွက် ပြန်လည်ရုတ်သိမ်းပေးရန် နိုင်ငံတော်သမ္မတထံသို့ မတ်လ ၁၄ ရက်နေ့ရက်စွဲဖြင့် ပေးပို့ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲထားသည့် ပုံနှိပ်ထုတ်ဝေခြင်းဥပဒေကြမ်းတွင် သတင်းမီဒီယာသမားများ၏ လွတ်လပ် ခွင့်၊ သတင်းရေးသားခွင့်၊ သတင်းဖော်ပြခွင့်နှင့် မီဒီယာလုပ်ငန်း လုပ်ကိုင်ခွင့်များကို ထိန်းချုပ်ထားကြောင်း သိရသည်။ အဆိုပါ ဥပဒေကြမ်းပါ ဖော်ပြချက်များသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းများကိုသာ ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်သည်ပာု ဆိုထား သော်လည်း စာနယ်ဇင်းနှင့် သတင်းမီဒီယာလုပ်ငန်းများဖြစ်သည့် သတင်းစာ၊ စာအုပ်၊ ဂျာနယ်၊ မဂ္ဂဇင်းတို့ကိုပါ ထည့်သွင်းထား သည့်အပြင် ပုံနှိပ်ထုတ်ဝေခြင်းနှင့် သက်ဆိုင်ရာခြင်းမရှိသော သတင်းအေဂျင်စီများ၊ ဝက်ဆိုဒ်များကိုပါ အကျုံးဝင်စေရန် ထည့် သွင်းပြဋ္ဌာန်းထားသည့်အပြင် ပြည်တွင်းသတင်းမီဒီယာလုပ်ငန်းများအား ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဆက်လက် ထားရှိရန် ရည်ရွယ်ထားသည့် အချက်များကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ထို့ပြင် အဆိုပါဥပဒေကြမ်းသည် စာနယ်ဇင်းလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်များကို ပိတ်ပင်ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများကို အပာန့်အတားဖြစ်စေသည့်အတွက် ပြန်လည်ရုတ်သိမ်းပေးရန် သတင်းမီဒီယာများ၊ အရပ်ဘက်အဖွဲ့အစည်း များနှင့် နိုင်ငံရေးအဖွဲ့အစည်းများက နိုင်ငံတော်သမ္မတထံသို့ လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့တွင် ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းရှိ ယုဇနဂါးဒင်းပာိုတယ်တွင် ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအပေါ် သုံးသပ်ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲသို့ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း(MJA)၊ မြန်မာနိုင်ငံသတင်းစာဆရာများသမဂ္ဂ(MJU)၊ မြန်မာဂျာနယ်လစ်ကွန်ရက်(MJN)၊ သတင်းလွတ်လပ်ခွင့်ကော်မတီ၊ သတင်းဌာနများ၊ လူမှုရေးနှင့် နိုင်ငံရေး အဖွဲ့အစည်းများဖြစ်ကြသည့် ၈၈ မျိုးဆက်ကျောင်း သားများအဖွဲ့၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စုစည်းရေး ကော်မတီ(ပြည်တွင်း)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်တို့မှတာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေတွေ့င် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည့်အပြင် ပြည်သူ့လွှတ်တော်သို့လည်း ဥပဒေကြမ်းအဖြစ် တင်သွင်းခဲ့ကြောင်း သိရသည်။

YC


ကရင်ပြည်နယ်မှ လယ်သမားများ အဖွဲ့အစည်းတစ်ခုတည်းကိုသာ အခွန်ဆောင်လို

ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရ အဖွဲ့နှစ်ခုစလုံးကို အခွန်ဆောင်နေရသော ကရင်ပြည်နယ်ရှိ လယ်သမားများက အဖွဲ့အစည်းတစ်ခုတည်းကိုသာ အခွန်ဆောင်လိုကြောင်း ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကြာအင်းမြို့နယ်နှင့် သံတောင် မြို့နယ် များမှ တောင်သူများက ပြောကြားခဲ့သည်။

ထိုသို့ အဆိုပါမြို့နယ်ရှိတောင်သူများထံမှ အခွန်ကောက်ခံသော်လည်း လယ်ယာမြေ သိမ်းဆည်းသည့် ကိစ္စရပ်များတွင်မူ အဖွဲ့အစည်းနှစ်ခုစလုံးမှ လယ်သမားများအတွက် အာမခံပေးထားခြင်းမရှိကြောင်း သိရသည်။ ထို့ပြင် အစိုးရမှ တောင်သူများ လယ်ယာမြေမှတ်ပုံတင်ရန် နှိုးဆော်ထားသော်လည်း တောင်သူများမှာ မည်သည့်လယ်ယာမြေအတွက် မည်သို့မှတ်ပုံတင်ရမည်ကို တိကျသေချာစွာ သိရှိခြင်း မရှိကြောင်း လှိုင်းဘွဲ့ မြို့နယ်မှ ကရင်လယ်သမားတစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့ ဒေသခံတောင်သူများ အခွန်နှစ်ခါ ပေးဆောင်နေရသည့် ကိစ္စရပ်များအတွက် အစိုးရနှင့် လာမည့်တွေ့ဆုံပွဲတွင် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး ဖဒိုမန်းမန်း ကပြောကြားခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်ရေးနယ်မြေတွင် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးများ လုပ်ဆောင်နိုင်ရန် ထားဝယ်ခရိုင်၊ ဖာပွန်ခရိုင်၊ သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဒူကရခရိုင်၊ ဘားအံခရိုင်တို့ရှိ တောင်သူများထံမှ နှစ်ဖက်အဖွဲ့အစည်းရှိ တာဝန်ရှိသူများက အခွန်ကောက်ခံလေ့ရှိကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

လက်ရှိကရင်ပြည်နယ်အတွင်း တောင်သူများအသုံးပြုလျက်ရှိသည့် မြေဧရိယာမှာ ဧက ၇,၅၀၅,၀၀၀ ရှိပြီး အကြီးစား စိုက်ပျိုးမှုများအတွက် လယ်သမားမဟုတ်သော လုပ်ငန်းရှင်များကို ၂၀၁၁ ခုနှစ်တွင် လယ်မြေဧက ၂,၀၀၀ နှင့် ၂၀၁၂ ခုနှစ်တွင် လယ်မြေဧက ၄,၀၀၀ ကျော် လုပ်ကိုင်ခွင့်ချထားပေးခဲ့ကြောင်း အရပ်ဘက်အဖွဲ့စည်းများက ပြုစုထားသော စာရင်းများအရ သိရသည်။

YC


ရှမ်းတောင်ပိုင်းတွင် မူးယစ်ဆေးကုဌာနဖွင့်လှစ်ရန် ပြည်ထဲရေးကဆေးစွဲသူစာရင်းတောင်း၍ ဒေသခံများ စိုးရိမ်

ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအချို့၌် မူးယစ်ဆေးစွဲရောဂါများ ကုသပေးမည့်ဆေးရုံ တစ်ရုံတည်ဆောက်ရန် တောင်းဆို မှုများအပေါ် ပြည်ထဲရေးဝန်ကြီးဌာနမှ ရောဂါကုသလိုသော ဆေးစွဲလူနာ အမည်စာရင်းကို တောင်းခံခဲ့သည့်အတွက် ဒေသခံများမှာ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မူးယစ်ဆေးဝါးကုသရေး ဆေးရုံတည်ဆောက်ရန် ဆွေးနွေးရာတွင် မူးယစ် ဆေးဖြတ်ချင်သော လူနာရှင်များစာရင်း တောင်းဆိုလာသည့်အတွက် ဒေသခံများမှာ အမည်စာရင်းပေးရန် ထိတ်လန့်လျက်ရှိ ကြောင်း ကွမ်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနုဝါ ကပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ရှမ်းပြည်နယ်အတွင်းရှိ နေရာဒေသ အတော်များများ မူးယစ်ဆေးဝါးများ စိုက်ပျိုး ထုတ်လုပ်လျက်ရှိပြီး အဆိုပါဒေသတွင် စက်မှုဇုန်၊ စီးပွားရေးဇုန်များမရှိသည့်အတွက် ဒေသခံများ၏ ဘိန်းစိုက်ပျိုးမှု ရပ်နားလိုက်ပါက အလုပ်လက်မဲ့ ပြဿနာများပေါ်ပေါက်လာနိုင်ကြောင်း သိရသည်။ ထို့ကြောင့် နိုင်ငံတော်နေဖြင့် အဆိုပါဒေသအတွင်း ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်သင့်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်တွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ ဖွင့်လှစ်ထားသော မူးယစ် ဆေးစွဲကုသရေးဌာနမှာ လုပ်ငန်းလည်ပတ်မှုမရှိသည့်အတွက် မူးယစ်ဆေးစွဲကုသရေးဌာနများကို ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်မည့် နေရာများတွင် တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ဆေးစွဲရောဂါကုသရေး စီမံချက် မန်နေဂျာ၊ စိတ်ကျန်းမာရေး ဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးက ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်ရှိ ကွမ်ဟိန်းမြို့နယ်နှင့် ကာလိမြို့နယ်ခွဲတို့အတွင်း နေထိုင်လျက်ရှိသော ဒေသခံ ပြည်သူစုစုပေါင်း ဦးရေ၏ သုံးပုံနှစ်ပုံမှာ မူးယစ်ဆေးစွဲရောဂါ ခံစားနေရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြသည့် အစီရင်ခံ စာအရ သိရသည်။

YC


 

 

 

 

            


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

ON INTERNATIONAL MEDIA (1)
Document ON INTERNATIONAL MEDIA (1)

Snapshot of the item below:
ON INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပြုစုသော အစီရင်ခံစာကြောင့် ကြေးနီမိုင်း ဆန္ဒပြသူများ ဒေါသထွက်

(The Daily Star News မှ 13 Mar 2013 ရက်စွဲပါ “Suu Kyi’s role outrages activities in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

  1. တရုတ်၏ အာရှရေးရာအထူးကိုယ်စားလှယ် မြန်မာနိုင်ငံအရေးဦးစားပေး

(12 March 2013 ရက်စွဲပါ People’s Daily Online မှ Envoy for Asia to Priortize Myanmar ‘for now’ကိုဘာသာပြန်ဆိုသည်)

  1. အပစ်အခတ်ရပ်စဲမှုရသည်အထိ ဆွေးနွေးညှိနှိုင်းသွားရန် မြန်မာအစိုးရနှင့် ကေအိုင်အေတို့ သဘောတူ

(AFP သတင်းဌာနမှ 12 March 2013 ရက်စွဲပါ Myanmar and Kachin rebels agree talks to reach ceasefire ကိုဘာသာပြန်ဆိုသည်)


ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပြုစုသော အစီရင်ခံစာကြောင့် ကြေးနီမိုင်း ဆန္ဒပြသူများ ဒေါသထွက်

(The Daily Star News မှ 13 Mar 2013 ရက်စွဲပါ “Suu Kyi’s role outrages activities in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှ အငြင်းပွားဖွယ် ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန်ဖော်ပြထားပြီး ဆန္ဒပြသူ များအား အကြမ်းဖက်နှိပ်ကွပ်ရာတွင် ပါဝင်ပတ်သက်ခဲ့သော ရဲများကိုအရေးယူရန် တောင်းဆိုထားခြင်းမရှိသည့် အစိုးရ ထုတ်ပြန် သော အစီရင်ခံစာအပေါ် စိတ်ပျက်၊ ဒေါသထွက်မိကြောင်း ကြေးနီမိုင်း ဆန့်ကျင်ကန့်ကွက်သူများက ထုတ်ဖော်ပြောဆိုခဲ့ ကြသည်။

တနင်္လာနေ့က ထုတ်ပြန်သော ၎င်းအစီရင်ခံစာကို ရေးသားသည့်စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အတိုက်အခံခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

ဤကိစ္စသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြဿနာတက်စေနိုင်ပြီး အောက်ခြေလူထုလှုပ်ရှားမှု၏ အကျိုးစီးပွားများကိုဆန့် ကျင်ကာ အစိုးရ၏ဖွံ့ဖြိုးရေးမူဝါဒများကို ထောက်ခံသူအဖြစ် သတ်မှတ်ခံရနိုင်ပါသည်။

မနှစ်က နိုဝင်ဘာ ၂၉ ရက်က ကြေးနီမိုင်းဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းရာမှ သံဃာတော်များစွာ မီး လောင် ဒဏ်ရာများဖြင့် ဆေးရူံသို့ ရောက်ရှိခဲ့အပြီးတွင် သမ္မတဦးသိန်းစိန်က စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

တနင်္လာနေ့ကထုတ်ပြန်သော အစိုးရအစီရင်ခံစာတွင် “ဆန္ဒပြ သပိတ်စခန်းနှိမ်နင်းမှုတွင် ဖော့စပရပ်ပါသော မီးခိုးဗုံးများ သုံးစွဲခဲ့ကြောင်း ဝန်ခံထားသည်။ မီးခိုးဗုံးများသည် ပုံမှန်အားဖြင့် မီးတောက်များ ဖြစ်ပေါ်ခြင်းမရှိသော်လည်း တစ်ခါတစ်ရံ အချင်း ဝက် ၈ မီတာဧရိယာအတွင်းမှ အရာဝတ္တုများကို မီးစွဲလောင်စေနိုင်သည်ပာု အစီရင်ခံစာက ဆိုပါသည်။

ကြေးနီမိုင်းဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ သွယ်သွယ်ဝင်းက ဆန္ဒပြမှုများကို ပြန်လည်စတင်တော့မည်ပာု အင်္ဂါနေ့တွင် ပြောကြားသည်။

“ကျွန်မတို့ လုံးဝမကျေနပ်နိုင်ပါဘူး။ ဒီအစီရင်ခံစာပာာ လက်ခံနိုင်စရာမရှိပါဘူး။ အကြမ်းဖက်နှိမ်နင်းမှု ပါဝင် ပတ်သက် သူ တွေကို အရေးယူရမယ်ဆိုတာလည်း မပါပါဘူး။ အမိန့်ပေးတဲ့ တာဝန်ရှိသူကို အရေးယူတာမျိုးဖြစ်သင့်ပါတယ်”ပာု သူမကဆိုသည်။

စုံစမ်းရေးကော်မရှင်ကို ဦးဆောင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် ဆန္ဒပြဒေသခံများနှင့်တွေ့ဆုံရန်အတွက် ရန်ကုန်မြို့ မြောက်ဖက် ၇၆၀ ကီလိုမီတာအကွာရှိ မုံရွာဒေသမှ ကြေးနီမိုင်းနယ်မြေသို့ သွားရောက်ရန် စီစဉ်နေပြီပာု သိရှိရသည်။

တရုတ်နိုင်ငံပိုင် လက်နက်လုပ်ငန်း၏ ကုမ္ပဏီနှင့် မြန်မာစစ်တပ်ပိုင် စီးပွားရေးဦးပိုင်လီမီတက်တို့ ဖက်စပ်လုပ် ကိုင်နေ သော ကြေးနီမိုင်းသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ပြဿနာများကို ဖြစ်ပွားစေသော ကြောင့် ရပ်ဆိုင်းပစ်သင့်သည်ပာု ဆန္ဒပြဒေသခံများက ပြောကြားကြပါသည်။

နိုဝင်ဘာလကုန်က ကြေးနီမိုင်း သပိတ်စခန်းအကြမ်းဖက်နှိပ်ကွပ်မှုသည် သမ္မတဦးသိန်းစိန်အစိုးရ ၂၀၁၁ မတ်လတွင် အာဏာရလာပြီးနောက်တွင် ဆန္ဒပြသူများအပေါ် အကြီးမားဆုံး အင်အားသုံးနှိမ်နင်းမှုတစ်ခုဖြစ်ခဲ့သည်။

                                           


တရုတ်၏ အာရှရေးရာအထူးကိုယ်စားလှယ် မြန်မာနိုင်ငံအရေးဦးစားပေး

(12 March 2013 ရက်စွဲပါ People’s Daily Online မှ Envoy for Asia to Priortize Myanmar ‘for now’ကို ဘာသာပြန်ဆို သည်)

တရုတ်နိုင်ငံသည် အာရှရေးရာအတွက်၎င်း၏ ပထမဆုံးကိုယ်စားလှယ်ကို ခန့်အပ်ခဲ့ပြီး ၎င်း၏ထိပ်တန်းဦးစားပေးမှာ မြန်မာနိုင်ငံဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တနလာင်္နေ့က ကြေညာပါသည်။

အဆိုပါကြေညာချက်မှာ မြန်မာအစိုးရနှင့် ကချင်သူပုန်များတရုတ်ပြည်ထဲတွင် ငြိမ်းချမ်းရေးအတွက် စကားပြောသည့်နေ့ တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တရုတ်အစိုးရတာဝန်ရှိသူများလည်း တက်ရောက်ပြီး ပြုပြင်ပြောင်းလဲရေးများကို အားနည်းစေမည့် တိုင်းရင်းသားပဋိပက္ခများအပေါ် အဖြေရှာရေးဆွေးနွေးကြသည်ပာု မီဒီယာသတင်းများတွင် ဖော်ပြခဲ့ပါသည်။

တရုတ်ပညာရှင်များက ပြောကြားရာတွင် အစိုးရအထူးကိုယ်စားလှယ်၏ ဦးစားပေးအဖြစ် မြန်မာနိုင်ငံအား သတ်မှတ် ရခြင်းမှာ မကြာသေးသောကာလအတွင်း ပဋိပက္ခများနှင့် စီးပွားရေးအရပြဿနာများအပါအဝင် ကိစ္စရပ်အတော်များများ ဖြစ်ပွားခဲ့ ခြင်းကြောင့်ပာုဆိုပါသည်။ အထူးကိုယ်စားလှယ်သည် အခြားအာရှရေးရာများကိုလည်း ကိုင်တွယ်ရမည်ပာု ၎င်းတို့ကဆို ပါသည်။

တရုတ်က နိုင်ငံခြားရေးရာ ဒုဝန်ကြီးပောာင်း Wang Yingfan အားပထမဆုံးအာရှရေးရာ အထူးကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ပြီး ၎င်းသည် တရုတ်-မြန်မာရေးရာကို အဓိကလုပ်ဆောင်ရမည်ဖြစ်သည်ပာု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသ မီး Hua Chunying ကတနလာင်္နေ့က နေ့စဉ်သတင်းအကျဉ်းချုပ်ပြောရာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

Beijing သည် ယခင်ကထိုသို့သော ရာထူးမျိုးသုံးနေရာခန့်အပ်ခဲ့ဘူးရာ အာဖရိကအတွက် အရှေ့အလယ်ပိုင်းအတွက်နှင့် ကိုရီးယား ကျွန်းဆွယ်ရေးရာအတွက် အထူးကိုယ်စားလှယ် သုံးဦးခန့်အပ်ခဲ့ပါသည်။

တရုတ်လူမှုသိပအကယ်ဒမီမှ အရှေ့တောင်အာရှလေ့လာရေး ပညာရှင် Xu Liping ကပြောကြားရာတွင် “တရုတ်အနေနဲ့ အာရှရေးရာအတွက် အထူးကိုယ်စားလှယ်ကို အရင်ကတည်းက ခန့်သင့်တာပါ”ပာု ဆိုပါသည်။

“ဒေသတွင်းမှာ တရုတ်ရဲ့အမျိုးသားအကျိုးစီးပွားကို သက်ရောက်မှုရှိစေတဲ့ ကိစ္စတွေဖြစ်နေပါတယ်။ အထူးကိုယ်စားလှယ် ပာာ ဒါတွေအပြင် မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကိုလည်း ကိုင်တွယ်နိုင်မယ်လို့ ကျွန်တော်ကအသေ အချာပြောနိုင် ပါတယ် ”ပာု Xu ကပြောပါသည်။

Wang ကို ၁၉၄၂ တွင်မွေးဖွားပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာဌာနတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင် ခဲ့ပါသည်။

၎င်းသည် ၁၉၈၀ ခုနှစ်နှောင်းပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဖြစ်ခဲ့ပြီး၊ အာရှရေးရာဌာန ညွှန်ကြား ရေးမှူးပောာင်းတစ်ဦးဖြစ်ပါသည်။

“သူပာာ အာရှရေးရာမှာ အတွေ့အကြုံကြွယ်ဝပြီး ဒီကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ ကိုင်ပိုင်နည်းလမ်းတွေရှိပါတယ်”ပာု Xu ကပြောပါသည်။

တနင်္လာနေ့က မြန်မာနိုင်ငံ၏ KIO မှကိုယ်စားလှယ်များနှင့် မြန်မာအစိုးရတာဝန်ရှိသူများသည် တရုတ်နယ်စပ်မြို့ ရွှေလီမြို့ တွင် တွေ့ဆုံခဲ့ကြောင်း AFP ကသုံးသပ်သူတစ်ဦး ပြောကြားမှုကို ကိုးကားဖော်ပြခဲ့ပါသည်။

“ဒီတစ်ခေါက် အစည်းအဝေးပာာ ဖေဖော်ဝါရီလက ဆွေးနွေးမှုထက် နဲနဲပိုပြီး ရလဒ်ကောင်းထွက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အများကြီးတော့ မျှော်လင့်လို့မရဘူးပေါ့”ပာု KIO နှင့်နီးစပ်သော သုံးသပ်သူ ဦးအောင်ကျော်ဇောက ပြောပါသည်။

“မြန်မာတပ်တွေပာာ ကချင်ပြည်နယ်ကနေ ဆုတ်ခွာသွားခြင်းတော့ မရှိသေးပါဘူး”ပာု ၎င်းကပြောပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တရုတ်အစိုးရတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ အခြားတိုင်းရင်းသားအုပ်စုအချို့လည်း တက်ရောက်သည်ပာု ၎င်းကဆိုပါသည်။

၂၀၁၁ ခုနှစ်ကတည်းက ဆွေးနွေးမှုများ တစ်ဒါဇင်ခန့်ရှိခဲ့သော်လည်း မထိရောက်သောကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားပြီး အသက်ပေါင်းများစွာ ပေးခဲ့ရပါသည်။

သို့သော် ဖေဖော်ဝါရီလတွင် အသစ်ထပ်မံဆွေးနွေးမှုများနှင့် တနင်္လာနေ့က ဆွေးနွေးမှုများမှာ အပေါင်းလက္ခဏာ ဆောင် သောတိုးတက်မှုများရှိခဲ့ကြောင်း သုံးသပ်သူများကပြောသည်။

Beijing ကတိုက်ပွဲများ အဆုံးသတ်ရေးအတွက် တိုက်တွန်းခဲ့ကြပါသည်။

တရုတ်၏ ခေတ်ပြိုင်နိုင်ငံတကာ ဆက်ဆံရေးအင်စတီကျုမှ မြန်မာကိုလေ့လာ သုတေသနပြုသူ Song Qingrun ကပြော ကြားရာတွင် တရုတ်-မြန်မာဆက်ဆံရေးတွင် စိန်ခေါ်မှုအချို့ကို ကြုံတွေ့ရလျက်ရှိသည်ပာုဆိုပါသည်။ နှစ်နိုင်ငံထိစပ်နေသော နယ်စပ်မှာ ကီလို ၂၂၀၀ ခန့်ရှိပါသည်။

“ကချင်ပဋိပက္ခပာာ နယ်စပ်တစ်လျှောက် လုံခြုံရေးကို အန္တရာယ်ပြုပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံက တရုတ်စီမံကိန်းကြီးတွေ ရပ်ဆိုင်းခံရပါတယ်။ တရုတ်ကုမ္ပဏီများအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတွေ ရှိစေပါတယ်”ပာု Song ကပြော ပါသည်။

“တစ်ချို့တရုတ်ဆန့်ကျင်ရေးအုပ်စုတွေက စီမံကိန်းတွေကို အယုံအကြည်မရှိအောင် လုပ်နေပါတယ်။ မီဒီယာသတင်း တွေကလည်း ဒီစီမံကိန်းတွေက မြန်မာပြည်တွင်းစီးပွားရေးနဲ့ လူ့အသိုင်းအဝိုင်းကို ကြီးစွာအထောက်အကူ ဖြစ်တယ် ဆိုတာ မဖော် ပြပါဘူး။ ဒါကြောင့် အခု တရုတ်ကုမ္ပဏီတွေပာာ မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံဖို့ အတော်ကြီးသတိထား နေရပါတယ်”ပာု Song က ပြောပါသည်။

                            


အပစ်အခတ်ရပ်စဲမှုရသည်အထိ ဆွေးနွေးညှိနှိုင်းသွားရန် မြန်မာအစိုးရနှင့် ကေအိုင်အေတို့ သဘောတူ

(AFP သတင်းဌာနမှ 12 March 2013 ရက်စွဲပါ Myanmar and Kachin rebels agree talks to reach ceasefire ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရနှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကေအိုင်အေတို့သည် ရရှိရန်ခက်ခဲလှသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိသည်အထိ ဆွေးနွေးမှုများပြုလုပ်သွားရန် သဘောတူညီလိုက်ပြီဖြစ်သည်ဟု ကချင်အရေးကိစ္စတွင် ပါဝင် ပတ်သက်နေသူများက မတ်လ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် မတ်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် တရုတ်အစိုးရ၏ ကမ ကထ ပြုမှုဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို) ၏ လက်နက်ကိုင်အဖွဲ့ခွဲဖြစ်သော ကေအိုင်အေနှင့် ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော မြန်မာအစိုးရအရာရှိကြီးများ တွေ့ဆုံ့ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

“စစ်မှန်သည့် နိုင်ငံရေး ဒိုင်ယာလော့ခ် စတင်နိုင်ရေးအတွက် နှစ်ဦးနှစ်ဖက် အပြန်အလှန်နားလည်မှု၊ လေးစားမှု၊ ယုံကြည် မှုတို့ကို အခြေခံပြီး ခိုင်မာမှုရှိသော အပစ်အခတ်ရပ်စဲမှုရရှိသည်အထိ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားရန် သဘောတူညီမှု ရရှိခဲ့ပါသည်”ဟု ပူးတွဲကြေညာချက်ထုတ်ပြန်သည်။

နှစ်ဖက်စလုံးမှ တာဝန်ရှိသော အောက်ခြေအဆင့် တပ်ဖွဲ့ဝင်များအထိ ဆွေးနွေးမှုများကို တစ်ဆင့်ပြီးတစ်ဆင့် အစီအစဉ် တကျပြုလုပ်သွားမည်ဖြစ်သည်ဟု ယင်းကြေညာချက်က ဆိုသည်။ အသေးစိတ်အစီအစဉ်များကိုမူ ထုတ်ဖော်ထားခြင်း မရှိပေ။ သို့သော် နှစ်ဖက်တပ်ဖွဲ့ဝင်များသည် ယခင်ရှိခဲ့သည့် အပစ်အခတ်ရပ်စဲမှုများ ပယ်ပျက်ခဲ့ရမှုအတွက် အပြန်အလှန်  ပြစ်တင်ဝေဖန် လျက်ရှိသည်။

၂၀၁၁ ခုနှစ်မှစတင်ကာ မြန်မာအစိုးရနှင့် ကချင်လက်နက်ကိုင်တို့အကြား ဆွေးနွေးပွဲများ အကြိမ်ပေါင်းများစွာ အောင်မြင် မှု မရရှိခဲ့သည့်အတွက် တိုက်ပွဲများဖြစ်ပွားကာ နှစ်ဖက်စလုံးတွေ သေကြေပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ လူ့အခွင့်အရေးစောင့် ကြည့်ရေး အုပ်စုများကမူ မြန်မာစစ်တပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျုးလွန်သည်ဟု စွပ်စွဲပြောဆိုခဲ့ သည်။

တိုက်ပွဲများ ပြင်းထန်လာပြီးနောက် မြန်မာအစိုးရက ပြီးခဲ့သည့် ဇန်နဝါရီလတွင် ကချင်ပြည်နယ်တွင်း အပစ်အခတ်ရပ်စဲမှု ကို တစ်ဖက်သတ်ကြေညာခဲ့သည်။ သို့သော် တရုတ်နယ်စပ်ဒေသအနီးရှိ ကေအိုင်အေ ဌာနချုပ်များနှင့် ကပ်လျက်ရှိသော စစ်အ ခြေစိုက် စခန်းတစ်ခုကို မြန်မာစစ်တပ်က သိမ်းပိုက်ရန်ကြိုးပမ်းခဲ့ရာ တိုက်ပွဲများဆက်လက်ဖြစ်ပေါ်ခဲ့သည်။

နိုင်ငံရေးအခွင့်အရေးများပိုမိုရရှိရေးအတွက်လည်း မိမိတို့၏ တောင်းဆိုချက်များကို ဆွေးနွေးညှိနှိုင်းမှုများဖြင့် ပြေလည် အောင် ဖြေရှင်းပေးသင့်သည်ဟု ကချင်ပြည်နယ်တွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကြီးမားစွာရရှိရေးအတွက် တိုက်ပွဲ ဝင်လျက် ရှိသော ကေအိုင်အေတို့က ပြောဆိုထားသည်။

၂၀၁၁ ခုနှစ် ဇွန်လတွင် စတင်ခဲ့သော ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် လူထောင်ပေါင်းများစွာ ရွှေ့ပြောင်းနေထိုင် ခဲ့ကြရသည်။ တရုတ်ပြည်ထဲသို့ ဒုက္ခသည်အမြောက်အမြား ဝင်ရောက်လာမည်ကို စိုးရိမ်လျက်ရှိသည့် ဘေဂျင်းအစိုးရကမူ တိုက်ပွဲ များ အဆုံးသတ်ရန် တိုက်တွန်းထားသည်။

                   


 

                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive