Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. တပ်မတော်နေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အံ့အားသင့်ဖွယ် တက်ရောက်လာခဲ့

(27 March 29, 2013 ရက်စွဲပါ The Guardian မှ Kate Hodal ရေးသားသော Aung San Suu Kyi surprise spectator at Burma Armed Forces Day parade ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ မငြိမ်သက်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်မှ ပါဝင်ပတ်သက်နေကြောင်း သတင်းများ ထွက်ပေါ်

(29 March 2013 ရက်စွဲပါ news.com.au မှ State involvement reports in Burma unrest ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် မွတ်စလင်များ ပစ်မှတ်ထားခံနေရဟု ကုလအရာရှိပြောကြား

(VOA သတင်းဌာနမှ 29 March 2013 ရက်စွဲပါ UN official says muslims targeted in Burma ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာမှ ဂျပန်နိုင်ငံသို့ ဆန်တင်ပို့မှု မေလတွင် ပြန်လည်စတင်

(26 March 28, 2013 ရက်စွဲပါ FBR သတင်းမှ Myanmar to resume rice exports to Japan in May ကို ဘာသာပြန်ဆိုသည်)


တပ်မတော်နေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အံ့အားသင့်ဖွယ် တက်ရောက်လာခဲ့

(27 March 29, 2013 ရက်စွဲပါ The Guardian မှ Kate Hodal ရေးသားသော Aung San Suu Kyi surprise spectator at Burma Armed Forces Day parade ကို ဘာသာပြန်ဆိုသည်)

Photo credit by Nyein Chann Naing’s photo from Global Post

ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံ၌ တပ်မတော်နေ့အခမ်းအနားတွင် ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ၊ တင့်ကားများ ဖြင့်ကျင်းပနေရာ ရှေ့တန်းတွင်မမျှော်လင့်သော ဧည့်သည်တစ်ဦးထိုင်လျှက် အားပေးနေသည်ကို တွေ့ရှိရပါသည်။ ၎င်းသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်တော့သည်။

တချိန်က မြန်မာစစ်တပ်နှင့် ၎င်း၏ မလိုအပ်ဘဲနိုင်ငံရေးတွင် ပါဝင်နေမှုများကို စိတ်အားထက်သန်စွာ ဝေဖန်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် သူ့အား အနှစ်နှစ်ဆယ်နီးပါး နေအိမ်အကျယ်ချုပ်ချခဲ့သော ဗိုလ်ချုပ်များအလယ်တွင် အခမ်း အနားတက်ရောက်ခဲ့ပါသည်။

စစ်ရေးပြအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်လာခြင်းသည် သူကြိုးပမ်းလျှက်ရှိသော နိုင်ငံရေး အရ ပြန်လည်ပေါင်းစည်းရေးအတွက် ထင်ရှားသောလက္ခဏာတစ်ရပ် ဖြစ်သော်လည်း သူ့အားထောက်ခံသူများနှင့် ဝေဖန် သူများကို စိတ်အနှောက်အယှက်ဖြစ်စေပါသည်။ အများစုက သူ၏နိုင်ငံရေးအရ ရိုးသားမှုနှင့် နှစ်ပေါင်း ၅၀ ခန့် အစိုးရ ဆန့်ကျင်မှုများကို ရပ်ဆိုင်းသွားအောင်လုပ်ဆောင်ပြီး ရိုဟင်ဂျာမူဆလင်များအပေါ် လူမျိုးတုန်းအောင် ကျူးလွန်နေသည်ဟု စွပ်စွဲခံနေရသော အဖွဲ့နှင့် ပို၍ နီးကပ်စွာ ဆက်ဆံလာမှုအပေါ် မေးခွန်းထုတ်လျှက်ရှိပါသည်။

အဆိုပါ စစ်ရေးပြအခမ်းအနားသည် ၁၉၄၅ ခုနှစ်က ဂျပန်ကိုတော်လှန်သည့် အထိမ်းအမှတ်အဖြစ် နေပြည်တော် တွင်ကျင်းပရာ တပ်အင်အား ၆၀၀၀ ကျော်ပြသခဲ့ပြီး စစ်တပ်သည် နိုင်ငံရေးတွင် ဦးဆောင်ကဏ္ဍမှ ပါဝင်မည်ဟူသော ဗိုလ်ချုပ်မှူးကြီးမိန့်ခွန်းလည်း ပါဝင်သည်။

“ကျွန်တော်တို့သည် ပြည်သူများ ဆန္ဒရှိနေသော ဒီမိုကရေစီအုပ်ချုပ်ရေးလမ်းကြောင်းပေါ်တွင် ပိုမိုအားကောင်းစွာ ဆက်လက်ချီတက်သွားမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်များ၊ စစ်တပ်များ၊ နိုင်ငံရေးသမားများ ပါဝင်သော ပရိသတ်ကြီးအား ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်အမည်ခံ အရပ်သားအစိုးရတက်လာပြီးနောက် ကြီးမားသော ပြောင်းလဲမှုများ ရှိခဲ့သည် ဆိုသော်လည်း အနောက်ဘက် ရခိုင်ပြည်နယ်အစ မြောက်ဘက် ကချင်ပြည်နယ်အဆုံး အဓိကတိုင်းရင်းသားနှင့် ဘာသာရေး ဆိုင်ရာ ပြင်းထန်သောဖြစ်ရပ်များသည် ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရအပေါ် ကြီးစွာထိခိုက်နစ်နာ နေစေပါသည်။ ထို့ထက်ပို၍ မကြာသေးခင်က မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဗုဒ္ဓဘာသာနှင့် မူဆလင်များတွင် ပြင်းထန်သောဖြစ်ရပ်များ ဖြစ် ပွားခဲ့ရာ လူပေါင်း ၄၀ ခန့် သေဆုံးခဲ့ပြီး လူပေါင်း ၁၂၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။

အစိုးရသည် မြို့နယ် သုံးခုတွင် အရေးပေါ်အခြေအနေကြေညာပြီး ကာဖျူးထုတ်ပြန်ခဲ့ပါသည်။ ထို့ကြောင့် အမေ ရိကန်သံရုံးသည် မန္တလေးတိုင်းနှင့် ရန်ကုန်ရှိမူဆလင်များနေထိုင်သည့် အရပ်များသို့ သွားရောက်ခြင်းကို သတိပေးချက် ထုတ်ပြန်ခဲ့သည်။

သို့သော် ယခုရန်ပွဲများသည် အနောက်နိုင်ငံများမှ မြန်မာစစ်တပ်များကို ထောက်ပံ့နေသည်များကိုမူ ရပ်တန့် မပစ်နိုင်ပေ။ မြန်မာစစ်တပ်သည် ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်-ထိုင်းစစ်ရေးလေ့ကျင့်ရာသို့ တက်ရောက် ခဲ့ပြီး သြစတေးလျစစ်တပ်နှင့် ဆက်ဆံရေးပိုမိုပြုလုပ်ရန် အဆိုပြုမှုများ ရှိခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် သတင်းထောက်များအား စကားပြောကြားခဲ့ခြင်း မရှိ ပေ။ သို့သော် သူ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၀၈ အခြေခံဥပဒေမှ ဒီမိုကရေစီစံများနှင့် ညီညွတ်မှုမရှိကြောင်း ထောက်ပြပြီး အခြေခံဥပဒေပြောင်းလဲရေးအတွက် စစ်တပ်ကို အားပေးရန်ယခုအခမ်းအနားကို အသုံးချခဲ့ပါသည်။

အဆိုပါ အခြေခံဥပဒေတွင် စစ်တပ်မှကိုယ်စားလှယ် ၂၅% အားလွှတ်တော်တွင် နေရာပေးထားပြီး ဒေါ်အောင်ဆန်း စုကြည်အားလည်း သမ္မတမဖြစ်ရန် တားဆီးထားပါသည်။

Human Rights Watch မှမကြာသေးမီက ထုတ်ပြန်သောသတိပေးချက်တွင် ရခိုင်ပြည်နယ်၌ လူသားချင်း စာနာမှု ဆိုင်ရာ ပဋိပက္ခများထပ်မံဖြစ်ပေါ်ဖွယ်ရှိနေရာ အများစုကမြန်မာနိုင်ငံဒီမိုကရေစီသို့ သွားရာလမ်းကြောင်းကို မေးခွန်းထုတ် လျှက်ရှိနေပြီး အချို့လှုပ်ရှားသူများက ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းလုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ အစိုးရအပေါ် စွပ် စွဲမှုများ ပြုလုပ်လျှက်ရှိပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူစစ်တပ်သည် လူမျိုးတုန်းသတ်ဖြတ်မှုများ လုပ်ဆောင်ခြင်းမရှိကြောင်း ငြင်းဆို သည့် အနေဖြင့် စစ်တပ်များသည်မည်သည့်တိုင်းရင်းသားကိုမဆို မုန်းတီးမှုမရှိကြောင်း ပြောဆိုခဲ့ပါသည်။ ရိုဟင်ဂျာများကို တိုင်းပြည်က အသိအမှတ်မပြုခြင်းကြောင့် အဆိုပါစကားနှင့်ပတ်သက်၍ ငြင်းချက်ထုတ်စရာများ ရှိလာသည်။

စစ်ရေးပြအခမ်းအနားတွင် ထိုင်ခုံနေရာစီစဉ်ထားမှုကို ကြည့်ပါဦး။ ဒေါ်အောင်ဆန်းစုကြည်နံဘေးတွင် နယ်စပ် စည်ပင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းကို နေရာချထားပါသည်။ ၎င်းသည် ဒီဇင်ဘာလ မိမိတို့ Guardian အဖွဲ့နှင့်အတူ ရခိုင်ပြည်နယ်သို့ လိုက်ပါလာခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး အိုးအိမ်မဲ့ရိုဟင်ဂျာစခန်းတွင် မျက်ရည်ဝဲနေသော ရိုဟင်ဂျာ တစ်ဦးက “ကျွန်တော်တို့ကရိုဟင်ဂျာအစစ်တွေပါ။ ကျွန်တော်တို့ကို အသိအမှတ်ပြုပေးပါ”ဟု တောင်းပန်ရာတွင် ဟက်ဟက် ပက်ပက် ရီမောခဲ့သူဖြစ်ပါသည်။


မြန်မာနိုင်ငံမှ မငြိမ်သက်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်မှ ပါဝင်ပတ်သက်နေကြောင်း သတင်းများ ထွက်ပေါ်

(29 March 2013 ရက်စွဲပါ news.com.au မှ State involvement reports in Burma unrest ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် မကြာသေးမီက ဗုဒဘာသာနှင့် မူဆလင်များအကြာ်း ဖြစ်ပွားသော ပြင်းထန်သည့်ဖြစ်ရပ်များ၏ အချို့ဖြစ်စဉ်များတွင် နိုင်ငံတော်မှ ပါဝင်ပတ်သက်နေကြောင်း သတင်းပေးပို့မှုများ လက်ခံရရှိထားကြောင်း ကုလသမဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ပြောကြားသည်။

“ယခု ပြင်းထန်တဲ့ဖြစ်ရပ်တွေရဲ့ အချို့ဖြစ်စဉ်တွေမှာ နိုင်ငံတော်ရဲ့ ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး သတင်းပေးပို့ မှုတွေ ကျွန်တော်လက်ခံ ရရှိထားပါတယ်”ဟု Tomas Ojea Quintana က ကြာသာပတေးနေ့က ကြေညာချက်တွင် ဖော်ပြ ထားပါသည်။

၎င်းက အရပ်သားဥပဒေစိုးမိုးရေး အင်အားစုများနှင့် ရဲများ၊ စစ်တပ်များသည် ၎င်းတို့၏ရှေ့တွင် အသေအချာစီမံ ထားသော အစွန်းရောက် ဗုဒဘာသာလူအုပ်ကြီး၏ ဖျက်ဆီးမှုများ ပြုလုပ်နေသည်ကို ကြည့်ရှုနေခြင်းများကိုလည်း ထောက်ပြ ထားသည်။

“ဒါက အချို့ကဏ္ဍတွေ နိုင်ငံတော်က တိုက်ရိုက်ပါဝင် ပတ်သက်နိုင်တယ်  သို့မဟုတ် ဒီလိုလှုပ်ရှားမှုတွေအတွက် ကူညီဖို့သွယ်ဝိုက်ပြီး သဘောတူညီချက်တွေလည်း ရှိနိုင်တယ်လို့ ညွှန်ပြနေပါတယ်”ဟု ၎င်းကပြောပါသည်။

ကြေညာချက်၌ ကင်တားနားက စစ်တပ်နှင့် ရဲသည် ဘာသာရေးနှင့် တိုင်းရင်းသားနောက်ခံအကြောင်း ရှိသူများကို မတရားထိန်းသိမ်းထားရန် ရှိကြောင်း သတင်းများ လက်ခံရရှိထားကြောင်း ဆိုပါသည်။

သမ္မတဦးသိန်းစိန်သည် ၎င်း၏မိန့်ခွန်း၌ ဘာသာရေးအစွန်းရောက်မှုများအပေါ် တင်းကြပ်စွာတုန့်ပြန်ရန် ကတိပြုထားပါသည်။ ယခုလူမျိုးရေးဖြစ်ရပ်များမှာ ပြီးခဲ့သည့်နှစ်ကရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာနှင့် မူဆလင်များကြားတွင် ဖြစ်ပွားသော ပြင်းထန်သည့်ဖြစ်ရပ်များ ပြီးကတည်းက အပြင်းထန်ဆုံးထပ်မံ ဖြစ်ပွားမှုများ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ရှိသည့်အနက် မူဆလင်များသည် ခန့်မှန်းခြေ ၄ %ခန့် ရှိပါသည်။


 

မြန်မာနိုင်ငံတွင် မွတ်စလင်များ ပစ်မှတ်ထားခံနေရဟု ကုလအရာရှိပြောကြား

(VOA သတင်းဌာနမှ 29 March 2013 ရက်စွဲပါ UN official says muslims targeted in Burma ကိုဘာသာပြန်ဆိုသည်)

 Photo Credit by AP

ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် လတ်တလောဖြစ်ပေါ်လျက်ရှိသည့် ဂိုဏ်း ဂဏဆိုင်ရာ ဆူပူအုံကြွမှုများ၌ မွတ်စလင်များမှာ အဓိကပစ်မှတ်ထားခံနေရကြောင်း ကုလသမဂ္ဂထိပ်တန်း အရာရှိကြီး တစ်ဦးက အသိပေးပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီယား သည် လတ်တလောဆူပူ အကြမ်းဖက်မှုများဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ပြီးနောက် အထက်ပါ အတိုင်း ပြောဆိုခြင်းဖြစ်သည်။

မိမိအနေဖြင့် မြန်မာနိုင်ငံခရီးစဉ်အတွင်း အိုးအိမ်စွန့်ခွာခဲ့ရသူ ဒုက္ခသည် ၉၀၀၀ ခန့်ရှိရာ စခန်းများသို့ သွားရောက် ခဲ့ရာ အများစုမှာမွတ်စလင်များဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ မိတ္ထီလာမြို့တွင် ၎င်းမွတ်စလင်တို့၏ နေအိမ်များ မှာ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး လူပေါင်းဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ကြောင်း မစ္စတာ ဗီဂျေနမ်ဘီးယားက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ သတင်းထောက်များကို ထိုင်းနိုင်ငံမှနေ၍ တယ်လီဖုန်းဖြင့် ပြောကြားသည်။

အကြမ်းဖက်တိုက်ခိုက်မှုများမှာ ရက်စက်ကြမ်းကြုတ်သည့် အနေအထားသို့ပင်ရောက်ရှိခဲ့သည်ဟု ၎င်းကဆိုသည်။

“ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့သူတွေဟာ စိတ်အနာတရဖြစ်နေကြတယ်။ ကျွန်တော်တစ်ခု သတိပြုမိတာ ကတော့ သူတို့(မွတ်စလင်တွေ)တွေဟာ ဗုဒ္ဓဘာသာဝင် အိမ်နီးနားချင်းတွေနဲ့ တစ်မြို့တည်းမှာ နှစ်ပေါင်းများစွာ အတူနေထိုင် ခဲ့ကြတာပါ။ အဲဒီလိုဖြစ်တော့ သူတို့လည်းအရမ်းကို အံ့အားသင့်ခဲ့ကြတယ်။ ဒီလိုဖြစ်ရပ်မျိုး ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သူတို့လည်း နားမလည်နိုင်ဘူးဖြစ်နေတယ်” ဟု မစ္စတာ ဗီဂျေနမ်ဘီးယားက ပြောသည်။

ဒုက္ခသည်အများစုမှာ ယခုအခါ ၎င်းနေအိမ်ရှိရာသို့ ပြန်သွားလိုလျက်ရှိကြောင်း၊ မြန်မာအစိုးရအရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရာတွင် ၎င်းတို့အနေဖြင့် အကြမ်းဖက်ခံရသူဒုက္ခသည်များကို လျော်ကြေးအချို့ပေးအပ်နိုင်ရေး အတွက် ကြိုးပမ်းမည်ဟု ပြောဆိုကြောင်း မစ္စတာနမ်ဘီးယားကဆိုသည်။

အဆိုပါအကြမ်းဖက်မှုမှာ မိတ္ထီလာမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ အချင်းများကြရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ရွှေဆိုင်ပိုင်ရှင်မှာ မွတ်စလင်ဖြစ်ပြီး ရွှေလာရောက်ရောင်းချသူ လင်မယားနှစ်ဦးမှာ ဗုဒဘာသာ ဝင်တို့ဖြစ်ကြသည်။

အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်နေသူများကို ဖမ်းဆီးပြီး အပြစ်ပေးရေးမှာ အထူးပင်အရေးကြီးသည်ဟု မစ္စတာ နမ်ဘီးယားက ဆိုသည်။

“လောလောဆယ်မှာတော့ လူ ၂၃ ယောက်ကို ဖမ်းမိထားတယ်လို့ အာဏာပိုင်တွေကဆိုပါတယ်။ အဲဒီလူတွေဟာ အကြမ်းဖက်မှု ဖြစ်စဉ်ထဲမှာပါဝင် ပတ်သက်ခဲ့တဲ့သူတွေပါ။ မနေ့က သမ္မတဦးသိန်းစိန်နဲ့ ကျွန်တော်တွေ့ဆုံဖြစ်တော့. အကြမ်း ဖက်မှုဖြစ်စဉ်တွေ ပျံ့နှံ့မသွားအောင် ခိုင်မာတဲ့လုပ်ဆောင်ချက်တွေလုပ်ပြီး အကြမ်းဖက်တဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သူကအခိုင်အမာပြောဆိုပါတယ်”

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံရှိ အချို့သောမြို့များတွင် ထိုသို့ဂိုဏ်းဂဏဖွဲ့ တိုက်ခိုက်မှုများ ဖြစ်ပေါ်လျက် ရှိသည်ဟူသော သတင်းများထွက်ပေါ်လျက်ရှိကြောင်း မစ္စတာ နမ်ဘီးယားကဆိုသည်။

ကုလအထွေထွေအတွင်းရေးမှူး၏ လူမျိုးဖြုတ်သတ်ဖြတ်မှုကာကွယ်ရေးဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Adama Dieng ကယခုကဲ့သို့ မြန်မာနိုင်ငံတွင် လူစုလူဝေးများဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေမှုအပေါ် စိုးရိမ်ပူပန် မိသည်ဟုဆိုသည်။ မတ်လ ၂၈ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် “မြန်မာအစိုးရအနေဖြင့် လူ့အဖွဲ့အစည်း အတွင်း ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ကိုင်ပေးရန်နှင့် အကြမ်းဖက်မှုများ ကာကွယ်ရေးအတွက် လိုအပ်သော ဆောင် ရွက်ချက်များ ပြုလုပ်ရန် တိုက်တွန်းအပ်သည်” ဟု ၎င်းကထည့်သွင်းရေးသားသည်။

မြန်မာသမ္မတဦးသိန်းစိန်သည် ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့သည့် မိတ္ထီလာမြို့တွင် အရေးပေါ်အခြေအနေ ကြေညာထားပြီး စစ်တပ်အနေဖြင့် အကြမ်းဖက်မှုများရပ်ဆိုင်းရေးအတွက် ပါဝင်ကူညီရန် ညွှန်ကြားထားသည်။

ယခုကဲ့သို့ မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းများသည် ရခိုင်ပြည်နယ်၌ ယမန်နှစ်က အကြမ်းဖက်မှုကြီး ပေါ်ပေါက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရခိုင်ဗုဒဘာသာဝင်များနှင့် မွတ်စလင်များအကြား တိုက်ခိုက်မှုများ၌ လူပေါင်း ၂၀၀ နီးပါးခန့် သေဆုံးခဲ့ကာ ၁၂၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ကြရသည်။


မြန်မာမှ ဂျပန်နိုင်ငံသို့ ဆန်တင်ပို့မှု မေလတွင် ပြန်လည်စတင်

(26 March 28, 2013 ရက်စွဲပါ FBR သတင်းမှ Myanmar to resume rice exports to Japan in May ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ဂျပန်သို့ ဆန်တင်ပို့မှုကို ၄၅ နှစ်ကြာ ကန့်သတ်တားမြစ်ထားပြီးနောက် လာမည့်မေလတွင် ပြန်လည် စတင်မည်ဖြစ်သည်။

ယင်းတိုးတက်မှုသည် နှစ်နိုင်ငံအကြား ကုန်သွယ်ရာတွင် ပိုမိုခိုင်မာလာစေရန် မျှော်လင့်ပါသည်။ ပထမဆန် သင်္ဘောတင်ပို့မှုကို ဂျပန်ကုမ္ပဏီ မစ်ဆူအီမှ ကြီးကြပ်ဆောင်ရွက်မည်ဖြစ်သည်။ ဆန်တန်ချိန် ၅၀၀၀ တင်သင်္ဘော ရန်ကုန် ဆိပ်ကမ်းမှထွက်ခွာပြီး ဂျပန်နိုင်ငံ၊ နာဂိုရာမြို့သို့ ရောက်ရှိမည်ဖြစ်သည်ဟု Financial Times မှ ထုတ်ပြန်ကြေညာသည်။

ဂျပန်နိုင်ငံလယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနက ဆန်မုန့်၊ ဘီယာနှင့် ဂျပန်အချိုရည်တစ်မျိုးဖြစ်သော Shochu ပြည်တွင်း ထုတ်လုပ်မှုများအတွက် ဆန်များကို အသုံးပြုလိမ့်မည်ဖြစ်သည်။ မြန်မာသည် ၁၉၃၄ ခုနှစ်က ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ခဲ့ပြီး နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးအောက်တွင် ဆန်တင်ပို့မှုလျော့ကျခဲ့သည်မှာ ၂၀၁၁ အထိဖြစ်ခဲ့သည်။

အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၂ တွင် မြန်မာ့တင်ပို့ကုန်စုစုပေါင်း တန် ခြောက် သိန်းရှိပြီး ကမ္ဘာတွင် ဒဿမအကြီးဆုံး ထောက်ပံ့သူဖြစ်လာသည်။ အစိုးရက စုစုပေါင်းတင်ပို့မှုကို ငါးနှစ်အတွင်း တန်ချိန် ငါးသန်းအထိ တိုးမြှင့်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိသည်။


                               


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များနှင့် သတင်းတို

“ကျွန်တော်တွေ့ဆုံစကားပြောခဲ့တဲ့ လူအများစုက သူတို့အပေါ် အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေကို တကယ် မမှတ်မိဘူး။ သူတို့ဟာ ပြင်ပမှလူတွေဖြစ်ဖွယ်ရှိကြောင်း ပြောပြကြတယ်။ ဒါပေမယ့် သူတို့ပစ်မှတ်ထားခံရတယ် ဆိုတာ ရှင်းပါတယ်”

ဧပြီ ၂ ရက်နေ့ထုတ် News Watch Journal အတွဲ (၇) အမှတ် (၉၁) တွင်ပါရှိသော “မစ္စတာနမ်ဘီးယားက မိတ္ထီလာတွင် အကြမ်းဖက်မှုများဖြစ်ပေါ်အောင် ဘာသာရေးအရလှုံဆော်မှုများ ရှိနေကြောင်း ပြစ်တင်ပြော ကြား” သတင်းမှ  မစ္စတာနမ်ဘီးယား၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အလင်းဝင်လာတာ မဟုတ်ဘူး။ လက်နက်ချတာလည်း မဟုတ်ဘူး။ အပစ်ရပ်တာပါ။ ကျွန်တော်တို့ အပစ်ရပ်တယ်ဆိုတာ ရပ်တဲ့ကာလမှာ ကျွန်တော်တို့ လုပ်ငန်းတွေလုပ် ဖို့တိုင်ပင်တာအဓိပ္ပာယ်ပြည့်ဝတဲ့နိုင်ငံရေး၊ ဆွေးနွေးပွဲလိုမျိုးဖြစ်ဖို့ဆိုရင် UNFC ကနေတဆင့် တွေ့ဆုံဆွေးနွေးမှ ဖြစ်နိုင်မှာဖြစ်တယ်။ နောက်ထပ်လည်း အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဆက်လက်ဖြစ်ပေါ်ဖို့လိုတယ်”

ဧပြီ ၂ ရက်နေ့ထုတ် News Watch Journal အတွဲ (၇) အမှတ် (၉၁) တွင်ပါရှိသော “ပအို့ဝ် PNLO နှင့် မြန်မာငြိမ်းချမ်းရေးကော်မတီတို့ ပြည်ထောင်စုအဆင့်တွင် အချက် ၁၀ ချက်သဘောတူ” သတင်းမှ  PNLO ဥက္ကဋ္ဌ ဦးခွန်ဥက္ကာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မွန်မြတ်တဲ့ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီးအလွဲသုံးတဲ့ အယူသီးအစွန်းရောက် လုပ်ရပ်တွေ၊ မတူညီတဲ့ဘာသာတရား တွေအကြား အမုန်းတရားတိုးပွား အောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက် သွားမှာဖြစ်တယ်”

မတ်လ ၂၉ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၂) တွင်ပါရှိသော “ပြည်သူ တွေကို ထိပါးရင် အင်အားသုံးပြီးကာကွယ်မည်ဟု သမ္မတပြော” သတင်းမှ သမ္မတဦးသိန်းစိန်၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“လွတ်လပ်ရေးရပြီးနောက်ပိုင်း အယူအဆတွေကွဲလွဲပြီး၊ ရောင်စုံသူပုန်တွေထလာတယ်။ ဒီလိုနဲ့ တပ်မတော်ကို အားကိုးခဲ့ ရတယ်။ အခုလည်း ပဋိပက္ခတွေတစ်ခုပြီး တစ်ခု ဖြစ်နေတယ်။ လုံခြုံရေးအရ လိုအပ်လို့တပ်မတော်ကို အားကိုးရမယ်ဆိုရင် အတိတ်က နိုင်ငံရေးဖြစ်စဉ်တွေကို မမေ့ဖို့လိုတယ်။ သတိကြီးကြီးနဲ့ ဝိုင်းဝန်းဖြေရှင်းကိုင်တွယ် ရမှာဖြစ်တယ်။”

မတ်လ ၂၉ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၂) တွင်ပါရှိသော “ပဋိပက္ခတွေကြောင့် နောက်ပြန်ဆုတ် သွားတာမဖြစ်ဖို့လို” သတင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အဲဒါကြောင့်မို့လို့ ကျွန်မက ဒီမိုကရေစီအတွက်လုပ်နေတာပဲ။ တစ်ခါတစ်လေတော့လဲ မှန်မှန်ပြောရရင် ကျွန်မစိတ်တိုတယ်။ ဘယ့်နှယ့်ကြောင့် ပြောမရဆိုမရ ဖြစ်နေပါလိမ့်ဆိုပြီး စိတ်တိုတယ်။ ဒါပေမယ့်လည်း အခြေခံအားဖြင့်တော့ ကျွန်မယုံကြည် တယ်။ ကျွန်မယုံကြည်မှု အပြည့်အဝရှိတယ်။ ကျွန်မတို့နိုင်ငံဟာ တိုးတက်မယ်။ ဒါပေမယ့်လည်း ကျွန်မတို့ရုန်းကန်ရမယ်။ ကြိုးစားရမယ်။ လွယ်လွယ်နဲ့တော့ မဖြစ်ဘူး။ ဒီရုန်းကန်ရင်းနဲ့ကြိုးစားရင်းနဲ့ တစ်ခါတလေ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရင်းနဲ့ တစ်ခါ တလေတော့လဲ ချော်လဲပြီးတော့ထရင်းနဲ့ ပြန်ပြီးရုန်းကန်ရင်းနဲ့ ပြန်ပြီးတော့တိုးရင်းနဲ့ ကျွန်မတို့ဟာ တိုးတက်သွားမယ် ဆိုတာ ကျွန်မယုံကြည်တယ်”

မတ်လ ၂၉ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၂) တွင်ပါရှိသော “မတူကွဲပြားမှုရှိမှ ဆင်ခြင်တက်တဲ့ အလေ့အကျင့်တွေဖြစ်လာမှာ”သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 NEWS IN BRIEF

ဦးသိန်းစိန်၏မိန့်ခွန်းအား အမေရိကန်ကြိုဆို

မြန်မာနိုင်ငံအတွင်း လကရှိဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်မှုများနှင့်ပက်သက်၍ မတ်လ ၂၈ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်မှ နိုင်ငံတစ်ဝှမ်းမိန့်ခွန်း ပြောကြားသည့်အပေါ်တွင် အမေရိကန်မှ အခြေခံအားဖြင့်တော့ လက်ခံကြိုဆိုကြောင်း သိရသည်။မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရာတွင် လူ့အခွင့်အရေးခြေခံများကို လေးစားလိုက်နာရန် လိုအပ်ကြောင်းကို အမေရိကန် ပြည်ထောင်စုအနေဖြင့် တိုက်တွန်းကြောင်းကို အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူ Victoria Nuland မှ မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့ကြောင်းသိရသည်။


သမ္မတဟောင်း ဂျင်မီကာတာမြန်မာပြည်လာမည်

အမေရိကန်သမ္မတဟောင်းဂျင်မီကာတာဟာ ဧပြီလဆန်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ နိုင်ငံပဋိပက္ခဒေသများတွင် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် မကူအညီပေးရန် လာရောက်မည်ဖြစ်ကြောင်း သိရ သည်။ ၎င်း၏ခရီးစဉ်မှာ မတ်လ ၂၉ ရက်မှ ဧပြီလ ၆ ရက်နေ့တွင်ဖြစ်ပြီး နိပေါလ်နိုင်ငံသို့သွားရောက်ပြီးမှ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်းသိရသည်။


 

မြန်မာ့စီးပွားရေးဘဏ်၏ ဖြေလျော့မှုများစတင်

ပြည်သူများအနေဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသွင်း၊ ငွေထုတ်များ ပြုလုပ်ရာတွင် လျင်မြန်လွယ်ကူစွာလုပ်ကိုင်ဆောင်ရွက်နိုင်စေရန် လာမည့် ဧပြီလ ၂ ရက်နေ့မှစတင်၍ လုပ်ငန်း ဆောင်ရွက်မှုအဆင့်များကို ဖြေလျော့ ပေးတော့မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။ ယခင် ဘဏ်များတွင် လွှဲငွေထုတ်ယူရာ တွင် မှတ်တမ်း အဆင့်ဆင့် ရေးသွင်းခြင်း၊ စစ်ဆေးခြင်း၊ အရာရှိမှ အတည်ပြုလက်မှတ်ရေးထိုးခြင်း စသည့် လုပ်ငန်း ဆောင်တာများကို ဦးဆုံး ဆောင်ရွက်ပေးမှ ငွေသွင်း၊ငွေထုတ်၊ ငွေလွှဲသည့်ကိစ္စရပ်များကို ဆောင်ရွက်ခွင့်ရသော်လည်း ယခု ဖြေလျော့ခြင်း အစီအစဉ်အရ ငွေထုတ်ပေးပြီးမှ အဆိုပါ လုပ်ငန်းများကို ဘဏ်ပိတ်ချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။


ရေနံနှင့်သဘာဝဓါတ်ငွေ့ ပို့ကုန်သွင်းကုန်လိုင်စင် ကင်းလွတ်ခွင့်ပြု

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်တွင်းတွင် တူးဖော်ထုတ်လုပ်မည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းများအတွက် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများအား ပြည်ပမှတင်သွင်းရာတွင် ပို့ကုန်သွင်းကုန် လိုင်စင် လျှောက်ထားခြင်းကို ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သိရသည်။ မတ်လ ၁၅ ရက်နေ့နေ့စွဲဖြင့် ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းများအတွက်လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများအား ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့် ပြုကြောင်းကို အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။


 

မြန်မာ-ထိုင်း ကုန်သွယ်မှု ၂၀၁၃ တွင်ဘတ်ငွေဘီလီယံ ၁၀၀ ကျော်လွန်မည်

ပို့ကုန်သွင်းကုန်ဆိုင်ရာ ပိတ်ပင်တားဆီးမှုများကို မြန်မာနိုင်ငံဘက်မှ ရုတ်သိမ်းပေးလိုက်သည့်အတွက် မြဝတီနှင့် မဲဆောက် တို့အကြား နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုသည် ယခုနှစ်တွင်ဘတ်ငွေ ဘီလျံ ၁၀၀ ကျော်လွန်မည်ဟု မျှော်မှန်း ထားကြောင်းတက်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆူရီယာပရာဆတ်ဘန်ဒစ်မှ ပြောကြား ခဲ့ကြောင်းသိရသည်။


ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၂ တွင် ဂျပန်သွားမည်

ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၁၂ ရက်တွင် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကပြောသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်ထားပြီး ဧပြီလတွင် လာရောက်မည်ဖြစ်ကြောင်း သိရသည်။


 

မြန်မာနိုင်ငံအတွင်း အင်ဒိုနိုင်ငံမှရင်းနှီးမြှပ်နှံမှုများပြုလုပ်မည်

မြန်မာနိုင်ငံသို့ အာဆီယံဒေသတွင်းရှိ အင်ဒိုနီးရှားနိုင်ငံမှ နိုင်ငံပိုင် စီးပွားရေးလုက်ငန်း ၁၅ ခုသည် စီးပွားရေး ချဲ့ထွင်ရန် အတွက် ရင်းနှီးမြှပ်နှံမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ရင်းနှီးမြှပ်နှံမှုများအတွက် လာမည့်သတင်းပတ်အတွင်း မြန်မာနိုင်ငံ သို့ လာရောက်ဆွေးနွေးရန်ရှိပြီင်္း လျှပ်စစ်စွမ်းအင်ကုမ္ပဏီ PTPLN ၊ရေနံကုမ္ပဏီ PT Pertamina ၊ PT Garuda လေကြောင်း လိုင်း၊ ဆက်သွယ်ရေးကုမ္ပဏီ PT Telkom နှင့် BNI ဘဏ်တို့ပါဝင်ကြောင်း အင်ဒိုနီးရှားအစိုးရ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဝန်ကြီး ဟက်တာရာဂျာဆာမှ ပြောကြားခဲ့ကြောင်း သိရသည်။


ဧရာဝဏ်နှင့်ရတနာအိမ်ရာစီမံကိန်းသစ် ကော်မတီသို့တင်သွင်းမည်

ဧရာဝဏ်နှင့် ရတနာတန်ဖိုးနည်းအိမ်ရာကို ဒီဇိုင်းပညာရှင်များ ပြန်လည်ပြင်ဆင် ရေးဆွဲလျက်ရှိရာ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီသို့ ဧပြီလတွင် တင်သွင်းသွားမည်ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှပြောကြားခဲ့ကြောင်း သိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive