Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“နိုင်ငံသားရဲ့ အဓိကတာဝန်က သစ္စာစောင့်သိမှုပါ၊ နိုင်ငံသားဖြစ်ပြီးတဲ့သူတွေ၊ နိုင်ငံသားဖြစ်ဖို့လျှောက်ထားတဲ့ သူတွေ နိုင်ငံတော်သစ္စာစောင့်သိမှုနဲ့ လက်ခံလာအောင် အများကြီးကြိုးစားရပါလိမ့်မယ်”

ဧပြီ ၃၀ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၄) တွင်ပါရှိသော “ရခိုင်ပဋိပက္ခအစီရင်ခံစာ ရှင်းလင်းပွဲပြုလုပ်” သတင်းမှ ၈၈ မျိုးဆက်ကျောင်းသား ဦးကိုကိုကြီး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“မြန်မာနိုင်ငံရဲ့လက်ရှိ ပြုပြင်ပြောင်းလဲရေးစနစ်တွေက စစ်မှန်တဲ့ ဒီမိုကရေစီကို ဦးတည်နေတယ်လို့ ပြောလို့ မရဘူး။ မြန်မာနိုင်ငံရဲ့အသွင်ပြောင်းလဲမှုစနစ်တွေက အရမ်းကိုပွင့်လင်းမြင်သာတယ်။ ဒါပေမယ့် ဘယ်သူကမှ သေချာတဲ့ ရလဒ်ကို မသိနိုင်သေးပါဘူး။ နိုင်ငံရေးစနစ်တွေ ပွင့်လင်းလာပြီဆိုပေမယ့် ဆုံးဖြတ်လို့မရတဲ့သမိုင်း ကြောင်းထဲမှာပဲရှိနေပါသေးတယ်။”

ဧပြီ ၃၀ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၄) တွင်ပါရှိသော “ခိုင်မာတဲ့အပြောင်းအလဲဖြစ်ဖို့ အပြန်အလှန်ထိန်းကျောင်းမှုတွေ ရှိဖို့လို” သတင်းမှ မြန်မာနိုင်ငံရေးကို လေ့လာသူ ချက်သမ္မတနိုင်ငံ Masaryk University of Brno မှ မစ္စတာ အီဂေါ်ဘလာဇီဗစ်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒီမိုကရေစီဆန်ဆန် ကူးပြောင်းလာတဲ့ဒီအချိန်မှာ ပြည်သူတွေက သူတို့ရဲ့နစ်နာမှုတွေကို သူတို့ရဲ့ဘဝနဲ့ရင်းပြီး တောင်းဆိုကြတာပါ။ အဲဒါကို သဘောထားကြီး၊ နားကြီးကြီးနဲ့ နားထောင်မှုအားနည်းပြီး အရေးယူအပြစ်ပေးမှုတွေကို ထပ်မံမြင်တွေ့နေရပါတယ်။  အဲဒါကြောင့် ပြည်သူနဲ့ အစိုးရနဲ့ ယုံကြည်မှုပြန်လည်တည်ဆောက်ရတဲ့ ဒီအချိန်မှာ တရားဥပဒေစိုးမိုးမှု တရားမျှတမှုနဲ့ညှိနှိုင်းမှုတွေလုပ်ပြီး အဖြေရှာသင့်ပါတယ်။”

မေ ၂ ရက်နေ့ထုတ် Venus News Journal အတွဲ (၄) အမှတ် (၄၀) တွင်ပါရှိသော “လက်ပံတောင်းတောင် အကြမ်းဖက်ခံရသူများအား အရေးမယူသေးခြင်းကြောင့် ဆူးလေစေတီအနီး ဆန္ဒပြ” သတင်းမှ ပြည်သူ့အကျိုး ဆောင် ကွန်ရက်မှ ကိုဝေဋ္ဌု၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကိုဟန်ဝင်းအောင် အပါအဝင်လူရှစ်ဦးကို ဖမ်းဖို့လုပ်တဲ့အတွက် ဒေသခံရွာသားတွေက သူတို့ကို ဖမ်းမယ်ဆိုရင် ရွာသားအားလုံးကိုလည်း ဖမ်းပါဆိုပြီး ရဲစခမ်းမှာ လာအဖမ်းခံတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နဲ့ ပတ်သက်တဲ့လူတွေ အားလုံးကိုဖမ်းမယ်ဆိုတဲ့ သတင်းကြားတဲ့အတွက်လည်း လာအဖမ်းခံတာပါ”

မေ ၂ ရက်နေ့ထုတ် Venus News Journal အတွဲ (၄) အမှတ် (၄၀) တွင်ပါရှိသော “လက်ပံတောင်းတောင် ဆန္ဒပြသူ ၅၀၀ ခန့် ရဲစခန်းတွင်လာရောက်အဖမ်းခံ” သတင်းမှ ဒေသခံ မယဉ်သွဲ့၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျမတို့ ရရှိထားတဲ့ အောင်မြင်မှုဟာ ပြည့်စုံလုံလောက်တဲ့ တိုးတက်အောင်မြင်မှု အဆင့်ရောက်ဖို့ သိပ်ကို ဝေးပါသေးတယ်။ ဒီကိစ္စ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ကျမအတွက်ကတော့ တိုးတက်တယ်ဆိုတာက ပြည်သူတွေရဲ့ နေ့တဓူဝဘ၀တွေမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ရှိလာတာကို ဆိုလိုတာ ဖြစ် ပါတယ်။ သူတို့ရဲ့ဘ၀တွေ ပိုမိုကောင်းမွန်တဲ့ အခြေအနေတခုကို ပြောင်းလာပြီလို့ ကျမတို့ ပြည်သူတွေကိုယ်တိုင် သိရှိလာတဲ့အချိန် မရောက်မချင်း ကျမတို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ အောင်မြင်နေပြီလို့ မဆိုနိုင်သေးပါဘူး။ ပြည်သူတွေက သူတို့ရဲ့ ဘ၀တွေ ပိုမို ကောင်းမွန် တိုးတက်လာပြီလို့ ပြောနိုင်တဲ့ အခြေအနေကို ကျမတို့ မရောက်သေးပါဘူး။ အဲ့ဒီအခြေအနေ ရောက်အောင် ကျမတို့ အများကြီး ဆက်လုပ်ရပါဦးမယ်။”

ဗီအိုအေ သတင်းဌာနတွင်ပါရှိသော “မြန်မာလူမှုဘဝ တိုးတက်ကောင်းမွန်ဖို့ အလှမ်းဝေးဆဲ ဒေါ်စုပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီဆုနှစ်ဆုချီးမြှင့်မည်

Community Of Democracies ၏ ဝန်ကြီးဆိုင်ရာ ညီလာခံသို့ တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီစနစ် အောင်မြင်စွာဖော်ဆောင်နိုင်မှုအတွက် ဆုနှစ်ဆုချီးမြှင့်မည်ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းမှ သတင်းထုတ်ပြန်သည်။

Xpress Money မြန်မာနိုင်ငံသို့ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုစတင်

မြန်မာနိုင်ငံသားများဘဏ်နှင့် အသေးစား အလတ်စား စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်သည် ဗြိတိန်အခြေစိုက် Xpress Money ပူးပေါင်း၍ နိုင်ငံပေါင်း ၁၅၀ မှမြန်မာနိုင်ငံသို့ ငွေလွှဲပို့သည့် ဝန်ဆောင်မှုကို ဧပြီလ ၂၉ ရက်နေ့တွင် စတင်လိုက်ကြောင်း သိရသည်။

Korea Bank မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်

အသေးစားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်း SME များအတွက် ဝန်ဆောင်မှုပေးမည့် Industrial Bank of Korea က မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲကို ဧပြီလ ၂၉ ရက်နေ့တွင်စတင်ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

သီလဝါစီမံကိန်း အဆင့်နှစ်ဆင့်ဖြင့် အကောင်အထည်ဖော်မည်

သီလဝါ အထူးစီးပွားရေး စီမံကိန်းဇုန်သည် မြေဟက်တာ ၂၄၀၀ ကျယ်ဝန်းပြီး မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နေရာ ပထမအဆင့်တွင် မြန်မာ-ဂျပန်နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများသာရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ဒုတိယအဆင့်တွင်မူ နိုင်ငံတကာကုမ္ပဏီများကို ရင်းနှီးမြှပ်နှံခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

NLD မှစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်း

မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီသည် ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့အား ဧပြီလ ၂၉ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်၍ ဖွဲ့စည်းခဲ့သည်။၎င်းအဖွဲ့တွင် ဦးဉာဏ်ဝင်း(ဥက္ကဌ)ဖြစ်ပြီး အဖွဲ့ဝင်များမှာ ဒေါက်တာမျိုးအောင်၊ ဒေါ်လဲ့လဲ့၊ ဦးသိန်းဦး၊ ဦးကျော်ဟိုး တို့ဖြစ်ကြောင်းသိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအပေါ် ကင်တားနားမှ ဝေဖန်သုံးသပ်
  2. မြန်မာ့လူနေမှုဘဝ တိုးတက်ကောင်းမွန်ရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
  3. ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူဦးရေစာရင်းကောက်ခံမှု၌             ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်လာမှုကြောင့်  ဆန္ဒဖာ် ထုတ်သူ (၄) ဦး ရုံးထုတ်စစ်ဆေး

ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအပေါ် ကင်တားနားမှ ဝေဖန်သုံးသပ်

၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးထားသော ကော်မရှင်အဖွဲ့၏ အစီရင်ခံစာသည် ဒေါင့်ပေါင်းစုံကို လေ့လာသုံးသပ်ထားသော အစီရင်ခံစာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) က ပြောကြားခဲ့သည်။

အဆိုပါ အစီရင်ခံစာ အပါအ၀င် ကော်မရှင်၏ အကြံပြုချက်များအပေါ်တွင် လေ့လာသုံးသပ်ပြီး၊ မကြာမီရက်ပိုင်း အတွင်း ၎င်း၏ သုံးသပ်ချက်များကို ပြန်လည်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မစ္စတာကင်တာနားမှ ပြောကြားခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှလည်း ကော်မရှင်၏ အကြံပြုချက်များကို လေ့လာသုံးသပ်နေကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာသည် နဂိုသတ်မှတ်ချိန်ထက် နောက်ကျ ကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဖြစ်အပျက် ဖြစ်စဉ်များအပါအ၀င် နောက်ခံ သမိုင်းကြောင်းများကိုပါ သုံးသပ်တင်ပြထားကာ ပြဿနာများ ကိုင်တွယ်ဖြေရှင်းရေးအတွက် အကြံပြုချက်တွေကိုပါ ထည့်သွင်းထားကြောင်း မစ္စတာကင်တားနားက ပြောကြားခဲ့သည်။

အကြံပြုချက်များထဲတွင် ရခို်င်ပြည်နယ်အတွင်း ပဋိပက္ခများကို ထိန်းသိမ်းနိုင်ရန်အတွက် လုံခြုံရေးအင်အားများ တိုးမြှင့်ချထားရန်၊ အကြမ်းဖက်ခံရသော ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးနိုင်ရေးတို့ကို အသေးစိတ် ဖော်ပြထားပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို အသေအချာလိုက်နာပါက ပြဿနာ ကြီးထွားလာစရာမရှိဟု ကော်မရှင်၏ အစီရင်ခံတွင် သုံးသပ်ဖော်ပြထားကြောင်း သိရှိရသည်။

လက်ရှိ ဒုက္ခသည်စခန်းများတွင်ရှိသော ဒုက္ခသည်များ၏ ကျန်းမာရေး၊ လူမှုရေး၊ လူသားရပ်တည်မှု အကျပ် အတည်းဆိုင်ရာ အခြေအနေများကို စိုးရိမ်ဖွယ်ရှိကြောင်းဖော်ပြထားပြီး အစီရင်ခံစာ တစ်ခုလုံးတွင် ရိုဟင်ဂျာ ဟူသည့် အသုံးအနှုန်းကို ရှောင်ထားကာ ဘင်္ဂါလီဟု သုံးနှုန်းထားကြောင်း မစ္စတာကင်တားနားမှ ပြောကြားခဲ့သည်။

မွတ်ဆလင် အသိုင်းအ၀ိုင်းအား ဘာကြောင့် ရိုဟင်ဂျာဟု မသုံးနှုန်းရခြင်း အကြောင်းရင်း ရှင်းလင်းထားချက် များ၊ နယ်စပ်တွင်ရှိသော နစက အဖွဲ့များအကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသော အာဏာပိုင်များ ဥပဒေ ကင်းလွတ်ခွင့် ရရှိနေသောကိစ္စ၊ ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေ ပြုပြင်ပြောင်း လဲ ရေးကိစ္စ၊ ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်များ၏ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေမှုများ အစ          ရှိသော ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသည့် အကြောင်းအရာ အတော်များများကို အဆိုပါ အစီရင်ခံစာထဲတွင် ပြည့်ပြည့်စုံစုံ ထည့်သွင်းဖော်ပြထားကြောင်း မစ္စတာကင်တားနားက ပြောကြားခဲ့သည်။

အစီရင်ခံစာတွင် ရွေ့ပြောင်း ရိုဟင်ဂျာများအတွက် လုံလောက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် အရေးတကြီးလိုအပ်နေသည်ဆိုသောအချက်ကို အသိမှတ်ပြုသော်လည်းလွန်ခဲ့သည့် ဇွန်လနှင့် အောက်တိုဘာလ များတွင်ဖြစ်ပွားခဲ့သော လူသားချင်းစာနာမှု ကင်းမဲ့သော ရာဇာဝတ်မှုများကို ဖော်ပြရန် ပျက်ကွက်ခဲ့မှုများ ရှိနေကြောင်း Human Rights Watch အဖွဲ့မှ Phil Robertson မှပြောကြားခဲ့သည်။

အဆိုပါ ပဋိပက္ခများဖြစ်ပွားစေရန် သွေးထိုးလှုံဆော်ခဲ့သော လူများအားလုံးကို အရေးယူရန်  ပျက်ကွက်ခဲ့ ခြင်းသည် နောင်အခါ ယင်းအစွန်းရောက်ဝါဒီများသည် ၎င်းတို့၏ရည်ရွယ်ချက်များအောင်မြင်ရန်အတွက်  ဆူပူအကြမ်းဖက်မှုများ၊ နည်းလမ်းများကျင့်သုံးလာမည့်အပေါ် အစိုးရအနေဖြင့် တားဆီးရန် ခက်ခဲလိမ့်မည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

အခြားသော နိုင်ငံတကာ အသိုင်းအ၀ိုင်းများနည်းတူ၊ ကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်များကို အမေရိကန်ပြည်ထောင်စုအနေဖြင့် ပြန်လည် သုံးသပ်မှုများပြုလုပ်နေပြီး ဧပြီလ ၃၀ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဌာန၏ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ဒုတိယလက်ထောက် အတွင်းရေးမှူး ကယ်လီ တဲလ်မန်း (Kelly Tallman)  မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ကာ၎င်း၏ ခရီးစဉ်တွင် ရခိုင်ပြည်နယ်သို့သွားရောက်ပြီး  လူသားချင်း စာနာကူညီမှု အရေးပေါ် လိုအပ်ချက်များကို ဆောင်ရွက်သွား ရန်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပြောကြားခဲ့ကြောင်း သိရှိရသည်။


မြန်မာ့လူနေမှုဘဝ တိုးတက်ကောင်းမွန်ရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာပြည်သူများ၏ နေ့စဉ်လူနေမှုဘဝများ တိုးတက်ပြောင်းလဲလာသော အခြေအနေတွင် မရှိသေးဘဲ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ အောင်မြင်သည်ဟု ဆိုနိုင်မည် မဟုတ်ကြောင်း မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မွန်ဂိုလီးယားနိုင်ငံ မြို့တော် Ulan bator တွင် ကျင်းပသော ဒီမိုကရေစီလူ့အဖွဲ့အစည်း ဆိုင်ရာညီလာခံတွင် ပြောကြားခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်  ဖြစ်ပွားခဲ့သော တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ၊ လူ့အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု အကြား တင်းမာမှုများကို ကြည့်ခြင်းအားဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရေးကိစ္စသည်လည်း အရေးတကြီး ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ရရှိထားသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အောင်မြင်မှုသည် ပြည့်စုံလုံ လောက်သောအဆင့်ထိ မရောက်သေးဘဲ ဒီမိုရေစီပြုပြင်ပြောင်းလဲရေးဆိုသည်မှာ ပြည်သူများ၏ နိစ္စဓူဝဘဝများတွင် စစ်မှန်သော အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်းကို ဆိုလိုပြီး ထိုအပြောင်းအလဲများကို ပြည်သူများကိုယ်တိုင် သိရှိလာသောအချိန် မရောက်မချင်း  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အောင်မြင်သည်ဟု မဆိုနိုင်သေးကြောင်း နှင့် ထိုအဆင့်သို့ ရောက်ရှိရန်အတွက် ကြိုးပမ်းလုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့သော တိုင်းရင်းသား လူမျိုးစုများအကြား ပဋိပက္ခများ၊ လူ့အဖွဲ့အစည်း တစ်ခုနှင့်တစ်ခုအကြား တင်းမာမှုများကို ကြည့်ခြင်းအားဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး သည်မရှိမဖြစ် လိုအပ်နေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားခဲ့သည်။

 မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ ဥပဒေပြုရေး အပိုင်းတွင် တိုးတက်မှုများ ရှိသော်လည်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအပိုင်းတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ချက်များ ရှိနေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယခုကဲ့သို့ ညီလာခံမျိုးကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခင်က ဗွီဒီယိုမှတဆင့်သာ မိန့်ခွန်းပေးပို့နိုင်ခဲ့ သော်လည်း ယခုအခါ လူကိုယ်တိုင် လာရောက်နိုင်သည့် အတွက်အထူးဝမ်းသာ ကြိုဆိုကြောင်း မွန်ဂိုလီးယား သမ္မတ စာခီယာ အဲလ်ဘတ်ဒေါ်(Tsakhia Elbegdorj) ပြောကြားခဲ့သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူများအတွက် ချီးမြှင့်သော ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆိုင်ရာ ညီလာခံက ပေးအပ်သည့် Geremek လူ့အခွင့်အရေးဆုကိုလည်း အဆိုပါ ညီလာခံတွင် လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

YC 


ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူဦးရေစာရင်း ကောက်ခံမှု၌             ရုန်းရင်းဆန်ခတ်ဖြစ်ပေါ်လာမှု ကြောင့်  ဆန္ဒဖာ် ထုတ်သူ (၄) ဦး ရုံးထုတ်စစ်ဆေး

နိုင်ငံတော်၏ စီမံချက်ဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူဦးရေစာရင်း(ဆွဲ၊တင်၊စစ်) လုပ်ငန်းစီမံချက်ဖြင့် ဧပြီ(၂၆)ရက် နေ့တွင် စစ်တွေမြို့နယ် ဒုက္ခသည်စခန်းများသို့ အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူခြင်း လုပ်ငန်းအား ပြုလုပ်ရာတွင် ဘင်္ဂါလီများက ငြင်းပယ်ပြီး ရန်ရှာသည့် အပြုအမူကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်လာခဲ့ ကြောင်း သိရသည်။

ယင်းဖြစ်ရပ်ကြောင့် စာရင်းကောက်မှု ပြုလုပ်ခြင်းကို ယာယီရပ်ဆိုင်းထားရကြောင်း ရခိုင်ပြည်နယ် သတင်းပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။ ဘင်္ဂါလီလူဦးရေစာရင်း ကောက်ယူစဉ် စာရင်းကောက်ခံရေး အဖွဲ့ဝင်များမှာ ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ဧပြီလ(၂၆)ရက်နေ့ ညနေ (၃)နာရီ အချိန်တွင် ရခိုင်ပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း၊ စစ်တွေမြို့မိမြို့ဖများ၊ ဘင်္ဂါလီလူမျိုး ခေါင်းဆောင်များ၊ ကယ်ဆယ်ရေး စခန်းများမှ ဒုက္ခသည် ခေါင်းဆောင်များနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲ၌ စစ်တွေတွင် အိမ်ထောင်စုစာရင်း ကောက်ယူရာ၌ ဒုက္ခသည်စခန်းများသည် စစ်ဆေး မှုခံယူရန် ငြင်းပယ်ခြင်း၊ မကျေမလည် ပြန်လည်တုံ့ပြန်ခြင်း ၊ တရားဥပဒေနှင့် မညီသော လုပ်ရပ်များကြောင့် လုပ်ငန်းဆောင်ရွက်မှုကို ခေတ္တရပ်တန့်ခဲ့ခြင်းကို ဝိုင်းဝန်းထိန်းသိမ်းစေလိုကြောင်း သိရသည်။

ယင်းဖြစ်ရပ်ကြောင့် နယ်မြေအေးချမ်းမှု ပျက်ပြားစေသည့်အပြင် လူထုဆူပူအုံကြွမှု ဖြစ်စေသည့် လှုံ့ဆော်မှု ဘက်ကို ဦးတည်နေသော ဥပဒေချိုးဖောက်သည့် လုပ်ရပ်များ ဖြစ်ပေါ်နိုင်သောကြောင့် အဆိုပါ ဖြစ်ရပ်တွင် ဦးဆောင်ပါဝင်သူတို့အား စစ်ဆေးဖော်ထုတ်ပြီး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဘင်္ဂါလီအရေး ကန့်ကွက်ဆန္ဒဖော်ထုတ် ဦးဆောင်သူများဖြစ်သော ဦးမောင်ဝင်း၊ ဦးမောင်သိန်းလှိုင်၊ ဒေါ်လှမေ၊ ဒေါ်တင်တင်တို့အား ဧပြီလ(၂၆)ရက်နေ့တွင် ပုဒ်မ၁၈ဖြင့် တရားစွဲဆိုထားသည်။ ယင်းတရားစွဲ ခံရသူများအတွက် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခွင့်ကို သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ငြင်းပယ်ခြင်း ခံခဲ့ရသည်။ ယင်းကန့်ကွက် ဆန္ဒဖော်ထုတ် ဦးဆောင်သူ(၄)ဦးသည် ဘင်္ဂါလီများအတွက် လုံးချင်းအိမ်ရာ ဆောက်လုပ်ပေးမည့်အပေါ် ကန့်ကွက်ဆန္ဒပြခြင်းဖြစ်ပြီး လူထုအရေး ဆောင်ရွက်နေသူများ လည်းဖြစ်သည်။

 


 

 

\


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive