Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ကျွန်တော်တို့နိုင်ငံမှာ သဘာဝသယံဇာတတွေ ပေါများတဲ့အတွက် နိုင်ငံခြားသားတွေက လိုချင်မက်မောလို့ လာချင်တာ များပါတယ်။ ကျွန်တော်တို့ကလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားပေးတယ်။ လာလည်း လာစေချင်တယ်။ ဒါပေမယ့် နောင်လာနောက်သားတွေအတွက် လိုအပ်တာလေးတွေကို ထိန်းသိမ်းဖို့ဆိုတဲ့အချက်ကလည်း ရှိနေပါတယ်။ ပြီးတော့ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံအချို့မှာဆိုရင် တကယ့်အရေးကြီးတဲ့ သစ်တောလုပ်ငန်းတို့ သတ္တု လုပ်ငန်းတွေကို လုံးဝပေးမလုပ်ဘူး။ ထိန်းသိမ်းထားပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ၁၁ ရက်နေ့ထုတ်  မွန်းတည့်နေ ဂျာနယ် အတွဲ(၁)အမှတ် ( ၃၃) တွင် “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လိုတာထက် ပိုမပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးဆို”သတင်းမှ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ကျွန်တော်တို့က ရန်ကုန်ကဆိုပေမယ့် လယ်သမားတွေရဲ့ သိမ်းဆည်းခံထားရတဲ့ လယ်တွေ အမြန်ပြန်ရရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံ့ ခရီးဆန့်နေကြရပါတယ်။ လယ်သမားထုအနေနဲ့ကလည်း တပြည်လုံးအတိုင်းအတာနဲ့ လယ်သမားကိစ္စ အရေးဖြေရှင်းပေးနေရတာဆိုတော့ အချိန်ကြန့်ကြာမှုကို နားလည်ပေးပြီးစိတ်ရှည်သည်းခံစွာနဲ့ စောင့်ဆိုင်း ပေးလိုပါတယ်။ ဒီနေ့လယ်သမားတွေရဲ့ လယ်ယာမြေပြဿနာကို ဖြေရှင်းတဲ့နေရာမှာ တိုက်ပွဲဝင်စရာမလိုအောင် ဖြေရှင်းပေး သွားမှာပါ။ လယ်သမားတွေ ဘက်ကလည်းပိုင်ဆိုင်မှု အနေအထားကို မှန်မှန်ကန်ကန်တိတိကျကျပြောကြားဖို့လိုပါတယ်။ လယ်သမားထု တင်ပြတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့ကိုယ်တိုင် ကွင်းဆင်းဆွေးနွေး ညှိနှိုင်းပေးမယ့်အပြင် လိုအပ်ရင် ပြည်သူ့လွှတ်တော်အထိ ရောက်အောင်တင်ပြပြီး လယ်သမားထုအကျိုးကို သယ်ပိုးသွားမယ်လို့ ကတိပေးပါတယ် ”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၁ ရက် မွန်တည့်နေ ဂျာနယ် အတွဲ(၁)အမှတ် ( ၃၃) တွင် ပါရှိသော  “လယ်သမားအရေး ဖြေရှင်းရာတွင် အချိန်ကြန့်ကြာမှုအား နားလည်ပေးရန် ဦးအောင်သိန်းလင်းပြောကြား” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ အမျိုးသားရင်ကြားစေ့ရေးဆိုတာ တစ်ယောက်နဲ့ တစ်ယောက်နားလည်ပုံချင်းတူချင်မှ တူမှာ။ ပြည်သူပြည်သားအားလုံးနဲ့ သက်ဆိုင်ပါတယ် ၂၀၁၂ ခုနှစ်ကဆိုရင် ကျွန်မတို့ ချမှတ်ထားတဲ့ မူက ၃ ချက်ပါပဲ။ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်ရတဲ့ မုတွေကပါ။ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးစတဲ့မူတွေက ဆက်စပ်နေလို့ ကျွန်မတို့ချမှတ်ခဲ့တာပါ။ ကျွန်မတို့ မူတွေအတိုင်း ဆက်သွားဖို့လိုပါတယ်။ ယခုအခါ ဥပဒေစိုးမိုးရေး ရှိနေပြီလားဆိုတော့ မရှိသေးဘူး။ တကယ်ပဲပြည်တွင်းငြိမ်းချမ်းရေးရှိနေပြီလားဆိုတာကလည်း မရှိသးပါဘူး။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီလားဆိုတော့ စတောင်မစရသေးပါဘူး။ ဒါကြောင့် ကျွန်မတို့ ဒီပန်းတိုင်တွေကို ရောက်အောင် သွားရပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လူတွေက လုပ်ထားတာပါ။ ဒါကိုမထိရဲဘူး။ မကိုင်ရဲဘူးဆိုရင် ကျွန်မတို့အသက်ရှိပြည်သူပြည်သားတွေက သက်မဲ့စာတမ်းတစ်ခုကို ကြောက်နေရာမရောက်ဘူးလား မေးချင်ပါတယ်”

 

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ်အတွဲ (၂) အမှတ် (၂၂) တွင် ပါရှိသော “NLD ရွေးကောက်ပွဲဝင်ခဲ့ရသည့် အဓိက မူသုံးရပ် ယခုအထိဖော်ဆောင်နိုင်ခြင်းမရှိသေးဟု ရှစ်လေးလုံးအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားလိုက်ခြင်း” သတင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ဒီမိုကရေစီဆိုတာနဲ့ ပတ်သက်ပြီး ခွဲခြားသိဖို့လိုတယ်။ “ Democrazy is not the end. This is the mean” ဒီမိုကရေစီဆိုတာကြီးကို အဆုံးသတ်ပန်းတိုင်အနေနဲ့ သဘောထားလို့မရဘူး။ ဒါကြီးရလာတိုင်းလည်းပဲ အားလုံးကအဆင် ပြေနိုင်မှာမဟုတ်ဘူး။ အရေးကြီးတာက ဒီမိုကရေစီဆိုတာ အဆုံးသတ်မဟုတ်ဘူးဆိုတာသိရမယ်။ ပြောင်းလဲမှုမှာ ကွာခြားချက်တွေရှိတယ်။ ဥပမာ ဗီိယက်နမ်ဆိုရင် သူ့ပြောင်းလဲမှုမှာ စီးပွားရေးကို ဦးစားပေးတယ်။ ဆရာတို့ဆီမှာတော့ နိုင်ငံရေးကို ဦးစားပေးတယ်။ တချို့တွေက နိုင်ငံရေးကို ဦးစားပေးသူတွေရှိတယ်။ တချို့က စီးပွားရေးကို ဦးစားပေးတဲ့သူတွေ ရှိတယ်။ ဆရာအနေနဲ့ကတော့ နိုင်ငံရေး၊ စီးပွားရေး နှစ်ခုစလုံးကို ဦးစားပေးလုပ်စေချင်တယ်။ တစ်ခုချင်းလုပ်နေလို့မရဘူး”

၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ထုတ်         ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာ တွင် အတွဲ(၁)အမှတ်(၅၆) ပါရှိသော “ဒီမိုကရေစီကို အဆုံးသတ်ပန်းတိုင်အနေဖြင့် သဘာထား၍ မရကြောင်း ပြောင်းလဲမှု၌ စီးပွားရေး နိုင်ငံရေးနှစ်ခုစလုံး ဦးစားပေးရန်လိုဟု နိုင်ငံတော်သမ္မတအကြံပေး ပြော” သတင်းမှ နိုင်ငံတော်သမ္မတအကြံပေး ဦးမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ကျွန်တော်တို့လွတ်လပ်ပြီးနောက် နိုင်ငံရေးပါတီဖွဲ့ပြီး လွှတ်တော်ထဲဝင်ရေး၊ မဝင်ရေး ဆွေးနွေးခဲ့ကြတယ်။ ကျွန်တော်တို့ အစိုးရကိုတချိန်လုံး မယုံဘူး။ ဒါကြောင့် အရပ်ဘက်အဖွဲ့အစည်းတစ်ခုအဖြစ်သွားကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ နိုင်ငံရေးအပေါ် မျက်ခြေပြတ်မခံဘူး။ အခုအခါ လမ်းပေါ်ထွက်ဆန္ဒပြမဲ့အချိန်မဟုတ်ဘူး။ လွှတ်တော်ဆိုင်ရာ နိုင်ငံရေးလုပ်ရမဲ. အချိန်ဖြစ်တယ်။ ၂၀၁၅ လွှတ်တော်မှာ ကျွန်တော်တို့ထဲမှ အချို့ကို မြင်တွေ့ရမှာ သေချာပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ထုတ်           News Watch  ဂျာနယ် အတွဲ (၈) အမှတ် (၁၀)တွင် ပါရှိသော “၈၈ မျိုးဆက်ခေါင်းဆောင်အချို့ ၂၀၁၅၌ လွှတ်တော်ဝင်မည်” သတင်းမှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

ဘာသာပြန်သတင်းများ (၂)

  1. မြန်မာနိုင်ငံတွင် စွမ်းဆောင်ရည် တည်ဆောက်ရေး သြစတြေးလျ ကူညီ

( 8 August 2013 ရက်စွဲပါ The Age မှ David Scott ရေးသားသော Building capacity in Myanmar ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် နိုင်ငံခြားအစားအသောက်နှင့် အဖျော်ယမကာဆိုင်များ ရေပန်းစား

(CNA မှ 8 August 2013 ရက်စွဲပါ Foreign F&B outlets gaining popularity

in Myanmar ကိုဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံတွင် စွမ်းဆောင်ရည် တည်ဆောက်ရေး သြစတြေးလျ ကူညီ

( 8 August 2013 ရက်စွဲပါ The Age မှ David Scott ရေးသားသော Building capacity in Myanmar ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ပြောင်းလဲမှုအတွက် လမ်းကြောင်းမှာ ရိုးစင်းသော လမ်းတစ်ခုတော့ မဟုတ်ခဲ့ပေ။ 2011 ခုနှစ် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် စကတည်းက အဓိကရုဏ်းများ ၊ ဘာသာရေးနှင့် ပြုပြင်ပြောင်းလဲရေးသမား များ၏ စိတ်ကူးများကြား ပွင့်ပွင့်လင်းလင်း ရန်ဖြစ်ကြမှုများ မကြာခဏ ဖြစ်ပွားနေပါသည်။ ထိုသို့ ပြောင်းလဲရေး လမ်းကြောင်း တွင် အဖုအထစ်များ ရှိသော်လည်း အမှန်တကယ် တိုးတက်မှုများကိုလည်း လုပ်ဆောင်နိုင်ခဲ့ ပါသည်။ မဲလ်ဘုန်း တက္ကသိုလ် ကဲ့သို့သော ပြင်ပအဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် စွမ်းဆောင်ရည် တည်ဆောက်ရေးများ၌ ကူညီ လျက်ရှိပါသည်။

ပညာရေးသည် တိုင်းပြည်၏ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် သော့ချက်ကျသော အရာထဲမှ တစ်ခု ဖြစ်ကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာခဏ ဖော်ပြခဲ့ပါသည်။ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က နောက်ထပ် ခြေလှမ်းလှမ်းလျက် သြစတြေးလျသည် ပညာရေးကို များစွာ အာရုံပြုမည့် အစီအစဉ်များဖြင့် မြန်မာနိုင်ငံအပေါ် အကူအညီပေးမည့် အကြီးဆုံး အလှူရှင်ဖြစ်ရမည်ဟု ကြေညာခဲ့ပါသည်။

Pro – Vice Chancellor ( International ) ပါမောက္ခ Simon Evans က ပြောကြားရာတွင် မြန်မာနိုင်ငံ ပညာသင် ကြားရေးနှင့် ပတ်သက်၍ လက်ရှိနှင့် အနာဂတ် အခွင့်အလမ်းများကို အနီးကပ် ကြည့်ရှုရန် ဖြစ်လာကြောင်းပြောပါသည်။

“ကျွန်တော်တို့ တက္ကသိုလ်ဟာ မြန်မာနိုင်ငံမှာ သုတေသန နှင့် စွမ်းရည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ အကူအညီ ပေးဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ အဲဒီလိုကူညီဖို့ လက်တွေ့လုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးရေးအေဂျင်စီ တွေနဲ့ ပူးပေါင်းဆောင်ရွက်မဲ့သူတွေကို ကျွန်တော်တို့ရဲ့ သုတေသနပြုသူများရဲ့ ဆက်ဆံရေး မှ တဆင့် လုပ်ဆောင် သွားပါမယ်။ ဒါ့အပြင် Asialink နဲ့ သူ့ရဲ့ Myanmar Business Taskforce တို့ ထူထောင် ထားတဲ့ ဆက်ဆံရေးက တဆင့်လည်း သွားပါမယ်” ဟု ၎င်းက ဆိုပါသည်။

“နောက်ထပ် စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ တိုးတက်မှုတစ်ခုကတော့ Australia Myanmar  Institute ပဲ ဖြစ်ပါတယ်။ သူက သြစတြေးလျနိုင်ငံရဲ့ ကျယ်ပြန့်တဲ့ အဆင့်မြင့် ပညာရေးကဏ္ဍကနေ တဆင့် ဆက်ဆံရေး ဖြစ်မြောက်အောင် ကြိုးစားလုပ်ဆောင်သွားမှာပါ” ဟု ဆိုပါသည်။

တက္ကသိုလ်၏ တုန့်ပြန်မှုအစိတ်အပိုင်းအနေဖြင့် မြန်မာနိုင်ငံတွင် စွမ်းရည်တည်ဆောက်ရေး အစီအစဉ်များဖြင့် ချိတ်ဆက်ရန် စိတ်အားထက်သန်သည့် မဲလ်ဘုန်း ပညာရေးဆိုင်ရာများကို အထောက်အကူပြုမည့် ငွေကြေးထောက်ပံ့မှု အစီအစဉ်များ ဖန်တီးပေးခြင်း ပါသည့် ပရောဂျက်ငါးခုအတွက် ရန်ပုံငွေများ ရရှိထားရာ သုတေသနနယ်ပယ် အတော်များများ အကြုံးဝင်ပြီး ဆရာအတတ်သင် ပညာရေးနှင့် ဘူမိဗေဒ မှသည် ကလေး ကျန်းမာရေးနှင့် ဥပဒေ အဆုံး ပါဝင်ပါသည်။

“ခြုံပြီး ပြောရမယ်ဆိုရင် တိုင်းပြည်ထဲကရော နိုင်ငံတကာကပါ ပါဝင်တဲ့ stakeholders တွေထဲက အပေါင်း လက္ခဏာ ဆောင်တဲ့ တုန့်ပြန်မှုတွေ ရပါတယ်။” ဟု ထောက်ပံ့ငွေ ရရှိသူ မဲလ်ဘုန်း ဥပဒေကျောင်းမှ ပါမောက္ခ Tim Lindsey က ပြောပါသည်။ ၎င်းသည် ထိုကျောင်းမှ ကျောင်းသားဟောင်း Dr Melissa Crouch နှင့် တွဲဖက်၍ မြန်မာနိုင်ငံတွင် တရားဥပဒေစနစ် မကြာခင်က ပြုပြင်ပြောင်းလဲမှုများနှင့် သက်ရောက်မှုများ စာအုပ်ကို တွဲဖက်၍ တည်းဖြတ် နေသူဖြစ်ပါသည်။

“ဒီမိုကရေစီ ဆိုတာ ရွေးကောက်ပွဲတွေ အကြောင်းချည်း မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းက ဘယ်လို အမှန် တကယ် အသွင်ပြောင်းသွားတယ်ဆိုတာ ဖော်ထုတ်ဖို့ တရားဥပဒေစနစ်ကို ကြည့်ဖို့လည်း လိုအပ်ပါတယ်။ ဒီစာအုပ်ဟာ လိုနေတဲ့ အဲ့ဒီ ကွက်လပ်ကြီးကို ဖြည့်ဖို့ ကြိုးစားထားပါတယ်။ လက်တွေ့ လူတွေရဲ့ ဘ၀ထဲမှာ ဥပဒေနဲ့ မူဝါဒတွေ ဘယ်လိုဖြစ်နေတယ်ဆိုတာ အသေးစိတ် ကြည့်ဖို့ လိုအပ်လှပါတယ်” ဟု ၎င်းက ပြောပါသည်။

အဆိုပါစာအုပ်သည် ဥပဒေပြုသူများသာမက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ပါဝင် ပတ်သက်သူတိုင်း အသုံးဝင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပါမောက္ခ Lindsey က ပြောပါသည်။

“နိုင်ငံရေးသမားတွေ ၊ အကူအညီပေးရေး လုပ်သားတွေ ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ၊ ပညာရှင်တွေ ၊ ဥပဒေ ပညာရှင်တွေ အားလုံးအတွက် ရည်ရွယ်ပါတယ်။ သူတို့ဟာ ဆုံးဖြတ်ဖို့ လိုအပ်တာရှိရင် ဒီစာအုပ်ကို ကိုင်ပြီး ကိုးကားနိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု ဆိုပါသည်။

တိရစ္ဆာန် မွေးမြူရေးနှင့် ဆေးကုသရေးဆိုင်ရာ ပညာရှင် ဘုတ်အဖွဲ့၏ Dr Angus Campbell ဦးဆောင်သော Mackinnon ပရောဂျက်သည်လည်း ခွင့်ပြုငွေရရှိသော ပရောဂျက်ဖြစ်ပြီး သားငါး ထုတ်လုပ်ရေးနှင့် ရောဂါ ထိန်းချုပ်ရေး တိုးတက်မှုအတွက် စွမ်းဆောင်ရည်တည်ဆောက်ရေး ပရောဂျက်အတွက် ဖြစ်ပါသည်။

“အဆိုပါ အထောက်အပံ့ကြောင့် ကျွန်တော်တို့ကို မြန်မာနိုင်ငံက ဒီမွေးမြူရေး အလုပ်ကို အမှန်တကယ် လုပ်ကိုင် သူတွေကို စုစည်းပေးရာမှာ ပိုမို လွယ်ကူစေပြီး၊ သူတို့ အတွေ့အကြုံတွေ ဖလှယ်နိုင်မှာပါ။” ဟု Dr Campbell က ပြောပါသည်။

မြန်မာနိုင်ငံရှိ တိရစ္ဆာန် မွေးမြူရေးနှင့် လယ်သမားများအတွက် အကြီးဆုံးစိန်ခေါ်မှုများမှ တစ်ခုမှာ သိုး နှင့် ဆိတ် ထုတ်လုပ်ရေးတွင် တိရစ္ဆာန် ဆေးကုသရေး အစီအစဉ်ပါဝင်မှု လုံးဝမရှိခြင်း ဖြစ်ပါသည်။ ထိုကဏ္ဍကို တိုးတက်စေခြင်းဖြင့် အိမ်သုံးကုန် ပစ္စည်း ထုတ်လုပ်မှုကို တိုးတက်စေခြင်း ဖြစ်ကြောင်း ပြောပါသည်။

“ကျွန်တော်တို့ရဲ့ အိုင်ဒီယာကတော့ ဒီပညာရှင်တွေကို အတူတကွ စုစည်းပေးခြင်းအားဖြင့် တိရစ္ဆာန် မွေးမြူ ထုတ်လုပ်ရေးမှာ အရင်းအမြစ်တွေနဲ့ နည်းပညာ ပညာရှင်တွေ တိုးတက်လာနိုင်ပါတယ်” ဟု Dr Campbell ကပြော ပါသည်။ ၎င်း၏ ပရောဂျက်သည် မြန်မာနိုင်ငံမှ တိရစ္ဆာန် မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်နှင့် မွေးမြူရေး နှင့် ရေလုပ်ငန်း ၀န်ကြီးဌာနကိုလည်း တိုးတက်မှုရှိစေမည် ဖြစ်ပါသည်။

“ဒါဟာ အရေးကြီးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ မြန်မာပြည် အလယ်ပိုင်းက ခြောက်သွေ့တဲ့ ဒေသဟာ ရာသီဥတု ဆိုးရွားပြီး စိုက်ပျိုးနိုင်တဲ့ ရာသီက တိုတော့ ၊ သူတို့မှာ ငွေပေါ် ကောက်ပဲသီးနှံ အချို့ကိုသာ စိုက်နိုင်ပါတယ်။ ရာသီဥတု ပြောင်းလဲ လာမှုကြောင့် စားနပ်ရိက္ခာ လုံခြုံမှုကို ခြိမ်းခြောက်လာပါတယ်။” ဟု ၎င်းက ပြောပါသည်။

“ကျွန်တော် အလုပ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ ရွာတော်တော်များများ ကို စစ်တမ်းကောက်ယူမှု လုပ်ဆောင်ပြီးပါပြီ။ အခုထိ ကျွန်တော်တို့ ကြုံရတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုကတော့ ဆက်သွယ်ရေးလိုင်းတွေ သိပ်ခက်ခဲတာပါပဲ။ ဒါဟာ နိုင်ငံရေးအရ ရော ယဉ်ကျေးမှုအရရောကြောင့် ဖြစ်တာပါ။ ဒါကြောင့် အခုခွင့်ပြုငွေဟာ အမှန်တကယ် လုပ်ဆောင်နေသူတွေ ပညာဖလှယ်ဖို့ အလုပ်ရုံဆွေးနွေးပွဲတွေတင် မကဘဲ ဆက်သွယ်ရေးအတွက် မတူတဲ့ မော်ဒယ်တွေ စမ်းသပ်ဖို့လဲ ခွင့်ပြုရ ပါလိမ့်မယ်။” ဟု ၎င်းက ဆိုပါသည်။

အချို့ ပရောဂျက်များတွင် မြင်နိုင်သော ရလဒ်များ ထွက်သည်ကိုလည်း တွေ့ရပါသည်။ ဆေးပညာ ၊ သွားဘက်ဆိုင်ရာ ဆေးပညာနှင့် ကျန်းမာရေးပညာ သိပ္ပံ သင်ကြားရေးပုဂ္ဂိုလ် ပါမောက္ခ Beverly – Ann Biggs ကလည်း မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် ကလေးများအတွက် ကျန်းမာရေး သုတေသနများ အတွက် ထောက်ပံ့ငွေ ရရှိပါသည်။ အထူးသဖြင့် ကလေးများ မွေးဖွားပြီး ရက်ပေါင်း (၁၀၀၀) အတွက် ဖြစ်ပါသည်။ ဇူလိုင်လက ပါမောက္ခ Biggs သည် မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေး ဆွေးနွေးပွဲ ကို ဦးဆောင်ကျင်းပခဲ့ရာ ထိုနယ်ပယ်ရှိ မူဝါဒကို အာရုံပြုမည့် သုတေသနကို အထောက်အကူပြုရန် လိုအပ်ပုံ ပိုမို သိမြင်လာစေရန် ရည်ရွယ်ခဲ့ပါသည်။

“ကျွန်မတို့က ကိစ္စရပ်တွေရဲ့ အကြောင်းကို စပြီး ပြောပါတယ်။ ပြီးနောက် ခြေလှမ်းက စီမံကိန်းနဲ့ ပြဿနာတွေ ကို ကိုင်တွယ်မယ့် မဟာဗျူဟာတွေ ချမှတ်ဖို့ပါပဲ” ဟု သူက ပြောပါသည်။

 


 

မြန်မာနိုင်ငံတွင် နိုင်ငံခြားအစားအသောက်နှင့် အဖျော်ယမကာဆိုင်များ ရေပန်းစား

(CNA မှ 8 August 2013 ရက်စွဲပါ Foreign F&B outlets gaining popularity

in Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အစားအသောက်နှင့် အဖျော်ယမကာဆိုင်များတွင် နိုင်ငံခြားအစားအစာများနှင့် ယဉ်ကျေးမှုများ စားသုံး မှုသည် နာမည်ကျော်လူကြိုက်များလျက်ရှိသည်။

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး တံခါးဖွင့်လျက်ရှိရာ နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းခွဲများက ထွန်းသစ်စ ဈေးကွက်သစ်ထဲသို့ ဝင်ရောက်လျက်ရှိသည်။ ယင်းစီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံသားများအား စားသောက်မှုအလေ့အထအသစ်များနှင့် မိတ်ဆက်ပေးရန် ကြိုးပမ်းလျက်ရှိသည်။

စင်ကာပူစားသောက်ဆိုင်တစ်ခုဖြစ်သည့် Ya Kun သည်လည်း ထိုစီးပွားရေးလုပ်ငန်းများကဲ့သို့ပင် နိုင်ငံခြားမှ စားသောက်မှုအလေ့အထများကို မြန်မာပြည်သူများနှင့် မိတ်ဆက်ပေးလျက်ရှိသည်။ YaKun က ရိုးရာ အုန်းသီးယို၊ ပေါင်မုန့်မီးဖုတ်နှင့် ကော်ဖီတို့ဖြင့် ပြည်တွင်းမှ စားသောက်သူများကို ဆွဲဆောင်လျက်ရှိသည်။

Ya Kun မှ CEO ဖြစ်သူ Marc Leoi က “ကျွန်တော်ထင်ပါတယ် (မြန်မာပြည်က) ဒီကစားသုံးသူတွေ ကျွန်တော်တို့ရဲ့ ကော်ဖီသောက်တဲ့ စတိုင်၊ အစားစားတဲ့စတိုင်နဲ့ တခြားအစားအသောက်တွေကို စားနိုင်ကြမှာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံခြားကိုသွားပြီး ပြန်လာနေကြတဲ့သူတွေရှိတယ်၊ သူတို့က မြန်မာ့ရိုးရာအစားအစာနဲ့ ယဉ်ကျေးမှု မဟုတ်တဲ့ အစားအသောက်တွေနဲ့ယဉ်ကျေးမှုတွေနဲ့ အတိုင်းအတာတစ်ခုအထိ ထိတွေ့ခဲ့ကြရတယ်။ ယှဉ်ပြိုင်မှုဆိုတာ ကောင်းပါတယ်။ ရွေးချယ်စရာတွေ၊ လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ အစုံအလင်နဲ့ဆိုတော့ သူတို့အနေနဲ့ စီမံခန့်ခွဲမှု ပုံစံတွေနဲ့ပတ်သက်ပြီး မတူညီတာတွေကို တွေ့မြင်ရမှာပဲ။ စားသုံးသူတွေ၊ ဖောက်သည်တွေကို ဝန်ဆောင်မှုပေးတဲ့ ပုံစံနဲ့ပတ်သက်ပြီး  မတူညီမှုတွေကိုလည်းသူတို့တွေ့မြင်မှာပါ” ဟု ပြောကြားသည်။

Ya Kun သည် ရန်ကုန်မြို့၌ တစ်လမပြည်မီအချိန်ပိုင်းအတွင်း စားသောက်ဆိုင် နှစ်ခုဖွင့်လှစ်ဖြစ်ခဲ့သည်။ Ya Kun သည် လူလတ်တန်းစားများနှင့် ပိုမိုမြင့်မားသော လူလတ်တန်းစားများကို ပစ်မှတ်ထားခြင်းဖြစ်သည်။

ထို့အတူ Nervin Café သည်လည်း မြန်မာပြည်သူများကိုနိုင်ငံခြားယဉ်ကျေးမှုများနှင့် မိတ်ဆက်ပေးရန် ကြိုးပမ်းလျက်ရှိသည်။ Nervin Café ၏ ပိုင်ရှင်မှာ ပြည်တွင်းမှဖြစ်သည်။ သို့သော် သူသည်ယှဉ်ပြိုင်မှုများ တိုးမြင့်လာခြင်း ကြောင့် တုန်လှုပ်ခြောက်ခြားမှု မရှိပေ။ Nervin Café ကိုဖွင့်လှစ်သည်မှာ နှစ်လမျှသာရှိသေးသော်လည်း ၎င်းက သုံးနှစ်အတွင်း အလားတူ Café ဆိုင်မျိုး ၂၀ ခန့်ဖွင့်လှစ်ရန် စီစဉ်ထားသည်။ ၎င်းက ကမ္ဘာကျော် Starbucks နှင့် Coffee Bean တို့ မြန်မာဈေးကွက်ကို လွှမ်းမိုးမှုမပြုလုပ်မီ ၎င်း၏ အမှတ်တံဆိပ်ကို လူသိများလာအောင် ကြိုးပမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

Nervin Café ကိုထူထောင်သူ ကိုရဲနိုင်ဝင်းက “နိုင်ငံခြားက အမှတ်တံဆိပ်တွေ ဝင်လာမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ သူတို့က အင်နဲ့အားနဲ့ဝင်ချလာမှာ။ တကယ်လို့ ပြည်တွင်းကလုပ်ငန်းတွေမှာ အစီအစဉ်တွေ၊ ဗျူဟာတွေမရှိဘူးဆိုရင် နိုင်ငံခြားလုပ်ငန်းတွေပဲ ဈေးကွက်တစ်ခုလုံးကို လွှမ်းမိုးသွားကြမှာပါပဲ။ ကျွန်တော်တို့ တစ်နိုင်ငံလုံးကို နိုင်ငံခြားအမှတ်တံဆိပ်တွေချည်းပဲ လွှမ်းမိုးသွားမယ့်ကိစ္စမျိုးကို ကျွန်တော့်အနေနဲ့ မမြင်ချင်ပါဘူး။ ကျွန်တော်တို့ဟာ အဖိုးထိုက်တန်ပြီး အဲဒီနိုင်ငံခြားအမှတ်တံဆိပ်တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့သူတွေဖြစ်တယ်ဆိုတဲ့ အချက်အပေါ် ကျွန်တော်ယုံကြည်မှုအပြည့်ရှိပါတယ်” ဟု ပြောကြားသည်။

ထိုသို့ အရည်အသွေးပြည့်ဝသော အစားအစာနှင့် ဝန်ဆောင်မှုမျိုးပေးခြင်းဖြင့် စားသုံးသူနှင့် ဖောက်သည်များအပေါ် ကောင်းစွာဆွဲဆောင်နိုင်မည်ဟု Nervin ကဲ့သို့သော လုပ်ငန်းငယ်များက မျှော်လင့်လျက်ရှိသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive