Transparency Myanmar

transparency.myanmar@gmail.com

Current News (2)
Document

Snapshot of the item below:
Current News (2)

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ် (2)

နှစ်ဖက် တပ် တည်နေရာပြ မြေပုံအား မှတ်တမ်းတင်ရန် KIO မှ ကမ်းလှမ်း

လာမည့် အောက်တိုဘာအတွင်း ပြုလုပ်မည့် National Work Cease Fire ဆွေးနွေးပွဲတွင် နှစ်ဖက် တပ် တည်နေရာပြ မြေပုံအား မှတ်တမ်းတင်သွားရန် KIO အနေဖြင့် စက်တင်ဘာ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည့် ကေအိုင်အို Technical Team နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ တို့ အလွတ်သေဘော ဆွေးနွေးညှိနှိုင်းပွဲတွင် ကမ်းလှမ်းခဲ့ကြောင်း ကေအိုင်အို Technical Team မှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါး၏ ပြောကြားချက်အရ သိရသည်။

“တပ်ပိုင်းဆိုင်ရာ ကိစ္စက လွန်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စရောက်ရင် ဒီ Structure ကို မဆွေး နွေးကြဘူး။ နှစ်ဦး နှစ်ဘက် ဒီကိစ္စကို ဆွေးနွေးကြရင် on the chair ပေါ် မဆွေးနွေးကြဘူး။ နှစ်ဦး နှစ်ဘက် လျှို့ဝှက်ပြီး ဆွေးနွေးကြတဲ့ အပိုင်းပဲရှိတယ်။ ဒါပေမဲ့ ဒီ တစ်ခေါက်ကျတော့ နှစ်ဘက် ကိုယ်စားလှယ် ဆွေးနွေး ပွဲမှာ Joint Monitor Committee (ပူးတွဲ စောင့်ကြည့်ရေးအဖွဲ့) ဖွဲ့သွားမှာမို့လို့၊ ပြီးရင် ဒီထဲမှာ ကျွန်တော်တို့က လက်တွေ့ တာဝန်တွေ ပို့ချရမယ်။ တာဝန်တွေ ပိုပြီးတော့ ဆောင်ရွက်ရမယ်ဆိုပြီးတော့ ကျွန်တော်တို့က ဒီတစ်ခေါက်ရဲ့ အစည်းအဝေးမှာ ဒီ စက်တင်ဘာအထိ ရှိနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတွေမှာ ရှိနေတဲ့ အစိုးရ တပ်တည်နေရာ အနေအထားပြ မြေပုံပေါ့နော်။ ဒါတွေကို စားပွဲပေါ်တင်မယ်။ ကျွန်တော်တို့ ကေအိုင်အိုကရော လက်ရှိတပ် တည်အနေအထားပြ မြေပုံကို ပြမယ်။ နှစ်ဘက် တပ် တည်အနေအထားပြ မြေပုံကို ကျွန်တော်တို့က အဲဒီ အစည်းအဝေးမှာ မှတ်တမ်းတင်မယ်။ မှတ်တမ်း တင်ပြီးတော့ အဲဒီ အခြေခံကနေမှ တစ်ဆင့် ရှေ့တန်း ပြဿနာကို ဘယ်လိုလျှော့ချမလဲ၊ ဘယ်လို မှတ်တမ်း တင်မလဲ ဆိုတာကို လုပ်ဖို့ ကေအိုင်အိုကနေ အဆိုပြုထားတယ်” ဟု KIO Technical Team မှ ပြောရေး ဆိုခွင့်ရှိသူ ဦးဒေါင်းခါးက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအား လာမည့်  အောက် တိုဘာလတွင် ကျင်းပမည်ဟု ယေဘုယျ သိရှိထားသော်လည်း ကျင်းပမည့် နေရာအား အတိအကျ မသိရှိသေးကြောင်း နှစ်ဘက်တပ်တည်နေရာပြ မြေပုံမှတ်တမ်းတင်ခြင်းကို အစိုးရဘက်မှ သက်ဆိုင်ရာထံသို့ တင်ပြပေးမည်ဟု ငြိမ်းချမ်းရေး ကိုယ်စားလှယ်များက ပြောကြားခဲ့ကြကြောင်း ဦးဒေါင်းခါးက ပြောသည်။

အောက်တိုဘာ လက်မှတ်ရေးထိုးပွဲနှင့် ပတ်သက်၍ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်ကလည်း လက်မှတ်ရေးထိုးပွဲတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးမည့် အဖွဲ့ အစည်းများကို တပ်မတော်မှ စစ်ရေးအရ အပြုတ်ချေမှုန်း ပစ်မည်ကို စိုးရိမ်ကြောင်း ပြောကြားသည်။

“လက်မှတ်မရေးထိုးတဲ့ အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး မလိုလားတဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး စစ်ရေးအရ အပြုတ်ချေမှုန်းမလား မသိဘူး။ ကျွန်တော်တို့တော့ စိုးရိမ်မိတယ်” ဟု ဗိုလ်ချုပ်ဆေထင်က ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ နှင့် ကေအိုင်အို လက်နက်ကိုင်တပ်ဖွဲ့တို့ အကြားတွင် တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများ နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှလည်း ကေအိုင်အိုသို့ ထိုးစစ်မဆင်ရန် ညွှန်ကြားထားခဲ့သော်လည်း ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်းမှ စတင်ကာ နှစ်ဖက် တိုက်ပွဲ ပေါင်း ၁၅ဝ ထက် မနည်း ဖြစ်ပွားခဲ့သည်။

ယခုကဲ့သို့ နှစ်ဖက်တပ်များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမှုကို အထက်အဆင့်မှ ထိန်းချုပ်နိုင်ရန် နည်းလမ်းမှာ နှစ်ဘက်တပ် တည်နေရာပြမြေပုံအား မှတ်တမ်းတင်ခြင်းကသာ ထိရောက်နိုင်မည် ဖြစ်ကြောင်း ဦးဒေါင်းခါးက သုံးသပ်ပြောကြားသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


အပစ်အခတ်ရပ်စဲရေးပြုလုပ်ရာတွင် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များထည့်သွင်းရန် အရေးကြီးဟုဆို

အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရာတွင် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ ထည့်သွင်းရန် အရေးကြီးပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မပါဝင်ဘဲ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ပြုလုပ်မည်ဆိုပါက အဓိပ္ပာယ်မရှိဟု တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ချင်းအမျိုးသားတပ်ဦး (CNF) ၏ အဓိပတိကောင်စီ ဝင် ဒေါက်တာဆလိုင်းလျန်မုန်းက ပြောကြားသည်။

“အပစ်ရပ်စဲရေးလုပ်ပြီးသား ဒေသတွေမှာ တိုက်ပွဲလေးတွေ ပြန်ဖြစ်နေတယ်။ အဲဒါလေးတွေ မဖြစ်ဖို့ဆိုရင် အပစ်အခတ် ရပ်စဲရေးတွေလုပ်တဲ့အခါ နှစ်ဖက်စလုံးက လိုက်နာရမဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို ထည့်သွင်းပြီး သဘောတူမယ် ဆိုရင် ပဋိပက္ခအငယ်လေးတွေ၊ မမျှော်လင့်ဘဲ ဖြစ်တာလေးတွေကို ရှောင်ရှားနိုင်မယ်လို့ မြင်ပါတယ်။ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်လိုဟာမျိုးဟာ အင်မတန်မှ လိုအပ်တယ်။ အဲ့ဒါမျိုးမရှိရင် မလွှဲမသွေ တစ်နေရာမဟုတ် တစ်နေရာ ရင်ဆိုင်ရာမှာဘဲ။ ကချင်တစ်ခုတည်းကို ကျွန်တော်တို့ ကြည့်လို့မရဘူး” ဟုဒေါက်တာဆလိုင်းလျန်မုန်းက ပြောသည်။

လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၄)အဖွဲ့အကြား ပြည်နယ်အဆင့် အပစ်ရပ်သဘောတူညီမှု စာချုပ်ပေါင်း ၃၇ ခုချုပ်ဆိုခဲ့ပြီး KIO နှင့် ပလောင်လွတ်မြောက်ရေး တပ်ဦး/တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( PSLF/TNLA) တို့နှင့် ဆွေးနွေးနေဆဲဖြစ်သည်ဟု စက်တင်ဘာ ၂၁ ရက်နေ့က တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးအတွက်  ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောသည်။

အစိုးရနှင့် KIO တို့သည် ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့ပြီး ၁၇ နှစ်အကြာ ၂၀၁၁ ခုနှစ် ဇွန်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကာ လက်ရှိတွင် အစိုးရက KIO နှင့် အပစ်ရပ်စဲရေး ပြန်လည်ပြုလုပ်ရန် ကြိုးစားဆောင်ရွက်နေသော်လည်း နှစ်ဖက်တပ်များအကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိနေဆဲဖြစ်ကာ KIO အနေဖြင့်လည်း အပစ်အခတ်ရပ်စဲရေးထက် နိုင်ငံရေးဆွေးနွေးမှုကိုသာ ဦးစွာပြုလုပ်လိုသည်ဟု ပြောကြားမှုများရှိနေသည်။

“ကချင်နဲ့အစိုးရ အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးသား။ အဲဒီလို ထိုးပြီးသားဟာကို အခုအချိန်မှာ အပစ်အခတ်ရပ်စဲရေး လုပ်တာကြာပြီဖြစ်တဲ့အတွက် အခြေအနေလေး ပြန်သုံးသပ်မယ်ဆိုတဲ့အဆင့်လောက်ဘဲ လုပ်ပြီးတော့ သူတို့လက်မှတ်ထိုး ပြီးသား အနေအထားကနေပြီးတော့ ငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာမျိုး သွားမယ်ဆိုရင် အကောင်းဆုံး ဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ အစိုးက ဒီအချိန်မှာ သူတို့လက်မှတ်ထိုးပြီးသားကို ပြန်အသစ်ထိုးပါဆိုပြီး ဖိအားပေးနေတာကြတော့ သူတို့ လေးလေးနက်နက်နဲ့ လက်မှတ်ထိုးပြီးသားကို အသိအမှတ်မပြုဘူးဆိုရင် ဘယ်လိုယုံရမလဲဆိုတဲ့ အမြင်ရှိတယ်။ ရှိလည်း ရှိနိုင်တယ်။ ရှိလည်းရှိသင့်တယ်လို့ ကျွန်တော်မြင်တယ်။ ကချင်မပါဘဲ တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးလုပ်တယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ အားလုံးပါပြီးတော့မှ လုပ်မှဖြစ်မယ်” ဟု ဒေါက်တာဆလိုင်းလျန်မုန်းက သုံးသပ်သည်။

အစိုးရက အောက်တိုဘာလကုန် ပြုလုပ်ရန် ပြင်ဆင်လျှက်ရှိသည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးမှုတွင် လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့လုံးကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း နှင့် အောက်တိုဘာလ ပထမအပတ်ခန့်တွင် KIO နှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့တွင် ကျင်းပရန် နှစ်ဖက်စလုံးမှ မူအားဖြင့် သဘောတူထားကြောင်း ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောကြားထားခဲ့ကြောင်း သိရသည်။

YC


လူမှုဖူလုံရေး ဥပဒေထွက်လာပါက လူမှုဖူလုံရေးမှတ်ပုံတင်ရန် ပျက်ကွက်သည့်လုပ်ငန်းများအား အရေးယူမည်

လူမှုဖူလုံရေး ဥပဒေသစ်ကို ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် စတင်ပြဋ္ဌာန်းမည်ဖြစ်ပြီး ဥပဒေစတင်အသက်ဝင်ပါက လူမှု ဖူလုံရေးမှတ်ပုံတင်ရန် ပျက်ကွက်သည့် လုပ်ငန်းများအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း လူမှုဖူလုံရေး အဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်မှ ပြောသည်။

မြန်မာနိုင်ငံတွင်း စီးပွားရေးနှင့် ပတ်သက်သည့် လုပ်ငန်းများအား လူမှုဖူလုံရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားရှိရန် အတွက် ၁၉၅၄ ခုနှစ် လူမှုဖူလုံရေး ဥပဒေတွင် ပြဋ္ဌာန်းပေးပြီးဖြစ်သော်လည်း အရေးယူဆောင်ရွက်မှု(Law Enforcement ) အားနည်းချက် များရှိသည့်အတွက် လုပ်ငန်းရှင်များမှ မှတ်ပုံတင်ထားရှိရန် ပျက်ကွက်မှုများ ရှိနေခဲ့သည်။

“အရင်တုန်းကလည်း မဖြစ်မနေ မှတ်ပုံတင်ရတယ်။ အခုဥပဒေသစ်မှာ ပြန်ပါလာတယ်။ ဒါပေမယ့် သူတို့ကခိုပြီး မှတ်ပုံမတင်ကြဘူး။ ခုချိန်မှာတော့ ထောင်ချတာတို့ အရေးယူတာတို့ မလုပ်သေးဘူး။ ဥပဒေသစ်စပြီ ဆိုရင်တော့ သည်းခံမှာ မဟုတ်ဘူး။ အရေးယူတော့မယ်။ ဒါပေမယ့် ဥပဒေက နည်းနည်းပျော့သေးလို့ မလုပ်သေးတာ” ဟု ဦးယုလွင်အောင်မှ ဆိုသည်။

ယခုအသစ်ပြဋ္ဌာန်းမည့် လူမှုဖူလုံရေး ဥပဒေသစ်တွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ လုပ်ငန်းများ၏ လူမှုဖူလုံရေး ဆိုင်ရာမှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာမြို့နယ်များတွင် ပြုလုပ်သွားရမည်ဖြစ်သည်။ မှတ်ပုံတင်ရန် လိုအပ်သည့် လုပ်ငန်းများတွင် သယ်ယူပို့ဆောင်ရေး၊ စည်ပင်သာယာရေး၊ ငွေကြေးအဖွဲ့အစည်းများ၊ နိုင်ငံခြားသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်မှုလက်မှုအရောင်းဆိုင်၊ သတ္တုတွင်း၊ ရေနံမြေ၊ ဆိပ်ကမ်းလုပ်ငန်း၊ ကုန်တင်ကုန်ချလုပ်ငန်း၊ ကုမ္ပဏီ စသည်တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများမှ လူမှုဖူလုံရေးအဖွဲ့သို့ မှတ်ပုံတင်ခြင်း ပျက်ကွက်မှုကို စစ်ဆေးတွေ့ရှိပါက ခြောက်လထက် မပို သည့် ထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍတွင် ၁၉၆၂ ခုနှစ်နောက်ပိုင်း ကျင့်သုံးခဲ့သည့် နည်းစနစ်များသည် အုပ်ချုပ်ရေး အာဏာများ လွှမ်းမိုးလျက်ရှိပြီး ထိုစနစ်ကို ပြုပြင်ပြောင်းလဲရန် လိုအပ်နေကြောင်း တရား လွှတ်တော်ရှေ့နေ ဦးဌေးဦး ဆိုသည်။

YC


တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပရောက်မြန်မာလူငယ်များ ပြန်လည်ပါဝင်ရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းပြောဆို

ပြည်ပတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသား၊ မြန်မာလူငယ်များအား အမိနိုင်ငံသို့  ပြန်လာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း NLD ပါတီဥက္ကဋ္ဌ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၂ ရက်နေ့ စင်ကာပူနိုင်ငံရှိ Resorts World Sentosa ခန်းမ၌ မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် တိုင်းတစ်ပါးတွင် သင်ယူခဲ့ရသော ကျွမ်းကျင်မှု အရည်အသွေးနှင့် အသိပညာများကို ပြန်လည်အသုံးချသင့်ကြောင်း စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၆၀၀၀၀ အား ယင်းတွေ့ဆုံပွဲ၌ ၄င်းက ဆက်လက် ပြောကြားခဲ့သည်။ ပြည်ပရောက်မြန်မာနိုင်ငံသားများ ပြန်လာစေရေးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း မကြာခဏဖိတ်ခေါ်ပြောကြားခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ၍ ပြည်ပရောက် မြန်မာနိုင်ငံသားများ စိတ်ဓာတ်မကျရန်နှင့် ဒီမိုကရေစီနိုင်ငံဖြစ်သည့်အခါ နိုင်ငံသားများကို ကာကွယ်ပေးနိုင်ပြီး ယင်းအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ်မနေပြောင်းရမည်ဖြစ်ကြောင်း ရှင်းပြပြောဆိုခဲ့သည်။ ထို့ပြင် အတိုက်အခံဒီမိုကရေစီအင်အားစုများနှင့် အာဏာရအစိုးရအကြား မူဝါဒများ ပူးပေါင်းဖော်ဆောင်နိုင်မှု မရှိသေးဘဲ အခြေခံဥပဒေပြောင်းလဲရေးတွင် နှစ်ဖက်ညှိနှိုင်း၍ ဆောင်ရွက်နိုင်မည်ဟု ၄င်းက မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ရေးအတွက် မြန်မာနိုင်ငံသားများ၏ စိတ်နေစိတ်သဘောထားကို ပြောင်းလဲရန်မှာ အဓိကလိုအပ်ချက်ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

“ဒေါ်စုမိန့်ခွန်းမှာ အဓိကစင်ကာပူရောက် မြန်မာတွေနဲ့ ပတ်သက်ပြီး စင်ကာပူမှာရှိတဲ့ မြန်မာတွေထဲမှာ လူကြီးနဲ့လူငယ်တွေရှိကြတယ်။ လူကြီးတွေအနေဲ့ပြန်လာဖို့ အခက်အခဲတွေရှိတယ်ဆိုရင်လဲ မြန်မာနိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင်ပေးနိုင်ဖို့ အားထုတ်ကြဖို့နဲ့ လူငယ်တွေအနေနဲ့တော့ အပေးနဲ့အယူမှာ ဘာကိုအဓိကထား ဆုံးဖြတ်ကြမလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ ကိုယ်တွေ့ဆုံးဖြတ်ချက်တွေနဲ့ ယှဉ်ပြီး ဘာကိုတန်ဖိုးထားဖို့ လိုတယ်ဆိုတာကို ပြောသွားတာပါ။ လူငယ်တွေကိုလဲ ပြန်လာဖို့အတင်းတိုက်တွန်းတာမဟုတ်သလို ကိုယ်ဘာသာ ကိုယ်ဆုံးဖြတ်နိုင်ဖို့ သဘာဝကျကျပြောသွားတယ်လို့ ကျွန်တော်နားလည်မိပါတယ်။ ဒီမိန့်ခွန်းကြောင့် ဆုံးဖြတ်ချက်ချဖို့ တွေဝေနေတဲ့ မြန်မာလူငယ်တွေ အတွက် အများကြီး အထောက်အပံ့ဖြစ်စေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု စင်ကာပူရောက်မြန်မာလူငယ် တစ်ဦးက ၎င်းအမြင်ကို ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၂၃ ရက်နေ့တွင် စင်ကာပူထိပ်သီးအစည်းအဝေးကို တက်ရောက် မည်ဖြစ်ပြီး စင်ကာပူသမ္မတ၊ ဝန်ကြီးချုပ်၊ ပါလီမန်ဥက္ကဋ္ဌ၊ ဝါရင့်ဝန်ကြီးဟောင်း ဂိုချောက်ထောင်တို့နှင့် တွေ့ဆုံကာ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

 YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive