Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

အာဆီယံဥက္ကဋ္ဌဖြစ်လာမည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကိစ္စ ဆွေးနွေးရန် ကုလအကြီးအကဲ နှင့် မြန်မာ သမ္မတ တွေ့ဆုံမည်

(Shanghai DailY မှ  10 Oct  2013 ရက်စွဲပါ  “UN chief to meet with Myanmar president to discuss human rights as ASEAN chair ” သတင်းကို ဘာသာပြန်ဆိုသည်)

၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ယူတော့မည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အနေအထားကို ဆွေးနွေးရန် ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် မြန်မာသမ္မတဦးသိန်းစိန်တို့ ဘရူနိုင်း နိုင်ငံတွင် တွေ့ဆုံကြလိမ့်မည်ဟု တာဝန်ရှိသူတစ်ဦးက ကြာသာပတေးနေ့တွင် ပြောကြားသည်။

မြန်မာနိုင်ငံသည်  ၂၃ ကြိမ်မြောက် အာဆီယံထိပ်သီး ညီလာခံအပြီး ကြာသာပတေးနေ့တွင် ဘရူနိုင်းနိုင်ငံထံမှ အာဆီယံဥက္ကဋ္ဌနေရာကို  လွှဲပြောင်းရယူမည်ဖြစ်သော်လည်း တရားဝင်လုပ်ငန်းတာဝန်များကိုမူ  ၂၀၁၄ ဇန်နဝါရီ ၁ ရက်တွင်  စတင်မည်ဖြစ်သည်။

အာဆီယံထိပ်သီးညီလာခံ အဝန်းအဝိုင်းတွင်  မီဒီယာများအား ပြောကြားရာတွင်  ဘန်ကီမွန်းက “မြန်မာနိုင်ငံ၌ မွတ်ဆလင် လူနည်းစုအပေါ် မတရားဆက်ဆံမှုများနှင့်  ပတ်သက်၍  စိုးရိမ်စရာများ ရှိနေကြောင်းနှင့် ဆက်လက်ထိ တွေ့ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးကြောင်း ” ပြောဆိုခဲ့သည်။

နောက်တက်မည့် အာဆီယံဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ ထိတွေ့ဆောင်ရွက်မှု အစီအစဉ်အနေဖြင့် သောကြာနေ မနက်တွင်  မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဟု ဘန်ကီမွန်းကဆိုပါသည်။

“မြန်မာနိုင်ငံဟာ မကြုံစဖူး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပါတယ်။ ကုလသမဂ္ဂကလည်း အပြည့်အဝ ထောက်ခံအားပေးနေပါတယ်။ ဒါပေမယ့် ဖြစ်ပွားနေဆဲ လူမျိုးရေး အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်နေရတုန်းပါပဲ ” ဟု ဘန်ကီမွန်းက သတင်းထောက်များအား ပြောကြားသည်။

“ဒီပြဿနာတွေဖြစ်ပေါ်စေတဲ့ အကြောင်းရင်းအားလုံးကို မခြွင်းမချန် ဖြေရှင်းကြပါလို့ မြန်မာအစိုးရနဲ့ လူထု အသိုင်းအဝိုင်း အားလုံးကို တိုက်တွန်းပါတယ်။ နိုင်ငံတွင်း နေထိုင်သူအုပ်စုအားလုံး လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လုံခြုံစိတ်ချရတဲ့ ခံစားမှုမျိုးရှိနေမှသာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်  အောင်မြင်နိုင်မှာ ဖြစ်ပါတယ် ” ဟု ၄င်းက ဆက်လက်ပြောကြားသည်။

အထွေထွေအတွင်းရေးမှူးချုပ်က ဆက်လက်၍ “ကုလသမဂ္ဂသည် ၂၀၁၄ အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံနှင့် အတူတကွ  ပူးပေါင်းလုပ်ဆောင်သွားရန်  မျှော်လင့်ထားကြောင်းနှင့်  ၂၀၁၂ နောက်ပိုင်း ပေါ်ထွက်လာသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ အရေးကြီးကြောင်း ” ရည်ညွှန်းပြောဆိုသည်။

“အာဆီယံက အပ်နှင်းတဲ့ ဥက္ကဋ္ဌတာဝန်ဟာ  မြန်မာအစိုးရရဲ့  ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ကြိုးစားလုပ် ဆောင်နေမှုကို  အသိအမှတ်ပြုတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက်  အခွင့်အလမ်းတွေကို  ကျွန်တော်တို့ ဖြည့်ဆည်း ပေးရပါလိမ့်မယ်။ နိုင်ငံရေးလွတ်လပ်ခွင့် တိုးမြင့်လာမှုနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေဟာ အထင်ကရ တိုးတက် ပြောင်းလဲလာတဲ့  အရာနှစ်ခုဖြစ်ပါတယ်။ အားလုံးပါဝင်ကူညီနေကြတဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ကုလသမဂ္ဂ က အပြည့်အဝ အားပေးသွားမှာပါ ” ဟု ဘန်ကီမွန်းက ဆက်လက်ပြောကြားခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C
Document

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ကျွန်တော်တို့ဘက်က ပါဝင်ရမယ့်အချက်တွေကို ဒီလကုန်မှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်မယ်။ ကျွန်တော်ဘက်က တင်ပြတာတွေကို အစိုးရဘက်ကသဘောတူရင် လက်မှတ်ထိုးမယ်။ မတူရင် မထိုးဘူး။”

အောက်တိုဘာလ ၁၇ ရက်နေ့ထုတ် Envoy Journal အတွဲ (၄) အမှတ် (၂၀) တွင်ပါရှိသော “အစိုးရနှင့် အပစ်ရပ်ေ ရး လက်မှတ်ထိုးရန် တိုင်းရင်းသား အဖွဲ့များလိုင်ဇာတွင် ဆွေးနွေးမည်”  သတင်းမှ UNFC ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ ရွေးကောက်ပွဲဥပဒေထွက်လာတော့ ဥပဒေနဲ့အညီဆိုတဲ့နေရာမှာ နိုင်ငံသားမဟုတ်ဘဲနဲ့ ယာယီ သက်သေခံ လက်မှတ်နဲ့ မဲပေးနေတာတွေကို ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပြန်လည်သုံးသပ်ပြီး ပြည်သူ့လွှတ်တော်ကို တင်ပေးဖို့ အတွက် မေတ္တာရပ်ခံလိုပါတယ်။”

အောက်တိုဘာလ ၁၆ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၄၁)တွင်ပါရှိသော “၂၀၁၅ ရွေးကောက်ပွဲတွင် ယာယီသက်သေခံလက်မှတ်များကို စိစစ်သင့်ကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ တောင်းဆို” သတင်းမှ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ဦးဇော်အေးမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်နဲ့စစ်တပ်ဟာ ဥပဒေပြုရေးမှာလည်းပါတယ်။ အုပ်ချုပ်ရေး မှာလည်း အရေးပါတဲ့ ဝန်ကြီးဌာနသုံးခုကို သူကပဲကိုင်ထားတယ်။ တရားစီရင်ရေးမှာလည်း တပ်မတော်တရားစီရင်ရေးရဲ့ အကြီးဆုံးရာထူးကိုယူထားတယ်။ တပ်ကိစ္စဆို သမ္မတနဲ့လွှတ်တော်က ဘာမှပြောလို့မရတဲ့ သဘောသက်ရောက်နေတယ်။ အဲဒါကြောင့် တပ်မတော်နဲ့ ကာကွယ်ရေးဦးစီးချုပ်ဟာ သမ္မတနဲ့လွှတ်တော်ရဲ့ အထက်မှာရောက်နေပြီး ဥပဒေရဲ့လွှမ်းမိုးမှု မခံရဘူးလို့ သက်ရောက်တယ်။”

အောက်တိုဘာလ ၁၄ ရက်နေ့ထုတ် 7 Day နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “အခြေခံဥပဒေ ကာချုပ် သဘောမတူလျှင် ပြင်မရနိုင်သော အနေအထားဖြစ်နေ” သတင်းမှ ဥပဒေပညာရှင် တရားလွှတ်တော် ရှေ့နေ ချုပ် ဦးကိုနီ ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“ထိခိုက်မယ့် လစ်လပ်မှုမဟုတ်တဲ့အတွက် မလုပ်လဲရတယ်။ လုပ်ရင်ရော ဘာဖြစ်မလဲတွေးကြည့်တော့ ကျွန်တော့်မှာ ကျန်တဲ့ အာရုံကို ပျက်ပြားစေနိုင်တဲ့ ကိစ္စတွေသွားတွေ့ရတယ်။ ၂၀၁၃ ဆီးဂိမ်းအားကစားပွဲ ရှိတယ်။ အဲဒီမှာ ရွေးကောက်ပွဲကသွားပြီး မရှုပ်ချင်ဘူး။ ၂၀၁၄ သန်းခေါင်စာရင်းကောက်တာရှိမယ်။ နိုင်ငံ့အရေးလုပ်နေတဲ့အချိန်မှာ ရွေးကောက်ပွဲက သွားအနှောင့် အယှက် မဖြစ်ချင်ဘူး။ ဒီကြားထဲ အာဆီယံဥက္ကဌ ရှိနေတယ်။ ဒီလိုအချိန်တွေမှာ ရွေးကောက်ပွဲ သွားလုပ်တဲ့ အခါကျတော့ အမှတ်မရဘဲ နာမည်ပျက်သွားမှာ စိုးရတယ်။ ကျွန်တော်က လစ်လပ်သွားတာကို စိတ်မဝင်စားတာ မဟုတ်ပါဘူး”

အောက်တိုဘာလ ၁၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “အာဆီယံဥက္ကဌ၊ ဆီးဂိမ်းနှင့်ပြည်လုံးကျွတ်သန်းခေါင်စာရင်းများကြောင့် ကြားဖြတ်ရွေးကောက်ပွဲမလုပ်ခြင်းဖြစ်ဟု ကော်မရှင် ဥက္ကဌ ပြောကြား” သတင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဦးတင်အေး၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“ပေါက်ကွဲမှုဖြစ်စဉ်နှင့် ဆက်စပ်မှုရှိ၊မရှိ ကျွမ်းကျင်ပညာရှင်တွေနဲ့ လေ့လာနေပါတယ်။ ယမ်းချင်းတူ၊ မတူ၊ နာရီခြင်းတူ၊ မတူကို ပညာရှင်တွေက စိစစ်နေတယ်။ တူတယ်ဆိုရင်တော့ တစ်ယောက်ထဲကလုပ်တယ်လို့ ဆုံးဖြတ်ရပါမယ်။”

အောက်တိုဘာလ ၁၄ ရက်နေ့ထုတ် 7 Day နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ရန်ကုန်တွင် ၁၈ နာရီအတွင်း ဗုံးနှစ်လုံး ပေါက်” သတင်းမှ ဗိုလ်မှူးကြီးတင်ဝင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive