Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“၂ဝ၁၁ ခုနှစ် ဇွန် ၉ ရက်မှာ တိုက်ပွဲတွေ စဖြစ်ပွားတာကိုက တာပိန် ရေအားလျှပ်စစ်လို့ ခေါ်တဲ့ ရေအားလျှပ်စစ် ထုတ်ဖို့ အတွက် ဆည်အသေးလေး ဆောက်တဲ့ ဒေသကနေစပြီး ဖြစ်တယ်။ စပြီး ဖြစ်ခဲ့တာကိုက အဲဒီ ဆည်ကို လာပြီးဆောက်တဲ့ တရုတ်ကုမ္ပဏီက ဝန်ထမ်းတွေနဲ့ မသင့်မတင့်ဖြစ်တာကို တရုတ်ကုမ္ပဏီက လူတွေကို လုံခြုံရေး ကာကွယ်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စပြီးတော့ တိုက်ပွဲဖြစ်တယ်။ အဲဒီတော့ ပြောချင်တာက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်လိုမှုကနေ စတာ။ တကယ်တော့ တာပိန် ရေအားလျှပ်စစ် ဆိုတာ သေးသေးလေးပါ။ ကျွန်မတို့ မြစ်ဆုံဆည် နဲ့ ယှဉ်မယ်ဆိုရင်ပေါ့”

အောက်တိုဘာ ၂၇ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ကေအိုင်အို နှင့် ဖြစ်ပွားနေသော တိုက်ပွဲ အများစုမှာ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် နေရာများတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက် ပြောကြား” သတင်းမှ ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ဒေါ်မေစံပယ်ဖြူ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ခင်ဗျားတို့ ပြောတာတွေကို ယခုမှသာ ကြားရတာပါ။ ကေအိုင်အေက လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ထုတ်နုတ်တင်ပြထားတာတွေ ရှိပါတယ်။ ၂ဝ၁၄ သန်းခေါင်စာရင်း ကျရင် လူဦးရေ တိတိကျကျတွေ ရမှာပါ။ လူမျိုးတစ်မျိုးဟာ လူဦးရေ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အခွင့်အရေး တန်းတူရှိသင့်ပါတယ်”

အောက်တိုဘာ ၂၇ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ကချင်ပြည်နယ်ရှိ ရှမ်း မျိုးနွယ်စုများနှင့် သီးခြားတွေ့ဆုံ” သတင်းမှ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုချိန်မှာ ပညာရေးစနစ်ကို စမ်းသပ်ချိန် မဟုတ်တော့ပါ။ တကယ့် မှန်ကန်တဲ့စနစ် ချမှတ်ဖို့ အလွန် အရေးကြီးပါတယ်။ အဲဒါမှ မဟုတ်ရင် ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတို့ရဲ့ နောက်မှာ ပို၍ပို၍ နောက်ကျ ကျန်ရစ်ခဲ့မယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။ အခုလို ဆွေးနွေးနေရတဲ့ အဆင့်မြင့် နည်းပညာ ၊ အင်ဂျင်နီယာ ပညာ၊ ကျွမ်းကျင်ပညာရှင်များ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ဖို့ကို နည်းလမ်းမှန် ဖြစ်ဖို့ သိပ်အရေးကြီးတဲ့ ကာလဖြစ်နေပါတယ်”

အောက်တိုဘာ ၂၇ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “လက်ရှိ အချိန်သည် ပညာရေး စနစ်ကို စမ်းသပ်ရမည့် အချိန် မဟုတ်တော့ ၊ မှန်ကန်သည့် စနစ် ချမှတ်ရန် အရေးကြီး ကြောင်း လွှတ်တော်ကိုယ်စားလှယ် သတိပေး”  သတင်းမှ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစတီဗင်သာဘိတ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အန်ကယ်တို့ရဲ့ ရည်ရွယ်ချက်က မိုင်းဆိုတာ ပေါ့တီးပေါ့ဆထားလို့ မရဘူး။ နမော်နမဲ့ ထားလို့ မရဘူး။ ထိခိုက်မိရင် အသက်ဆုံးရှုံးနိုင်တယ်။ အကယ်၍ အသက် မဆုံးရှုံးရင်တောင်မှ ထိမိတဲ့သူမှာ ခြေထောက်ပြတ်၊ လက်ပြတ်၊ မျက်စိကန်းနဲ့ တစ်သက်လုံး မသန်မစွမ်း ဖြစ်သွားမယ့် ဒဏ်ရာမျိုးတွေ ရနိုင်တယ်ဆိုတာကို ရှင်းလင်း ပြောပြမယ်။ နောက်ပြီးတော့ မိုင်းဆိုတာ ဘယ်လို ပုံသဏ္ဌာန်တွေ ရှိတယ် ၊ ဘယ်လိုနေရာတွေမှာ အများဆုံး ထောင်တတ်တယ်။ အကယ်၍ မြေမြှုပ်မိုင်း ထိပြီဆိုရင် သွေးထွက် မလွန်အောင် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာတွေကိုပါ မြေပုံကားချပ်တွေနဲ့ ရှင်းလင်းပြောဆို ပေးသွားဖို့ စီစဉ်ထားပါတယ်”

အောက်တိုဘာ ၂၉ ရက်နေ့ထုတ် TRUE NEWS ဂျာနယ် အတွဲ (၆) ၊ အမှတ် (၂) တွင် ပါရှိသော “ပြည်နယ် နှင့် တိုင်းဒေသကြီး ၇ ခုတွင် မြေမြှုပ်မိုင်း ရှင်းလင်းရေး အသိပညာပေး လုပ်ငန်း ဆောင်ရွက်မည်” သတင်းမှ ငြိမ်းချမ်း မြန်မာ ကူညီထောက်ပံ့ရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး သန့်ဇင် (ငြိမ်း) ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


မေး။          ။  တိုင်းရင်းသားအဖွဲ့တွေထံမှာ UNFC လို အဖွဲ့မျိုးပေါ့။ UNFC ကလည်း ထုတ်ပြန်မှုတွေ ရှိတယ်။ လူကြီးမင်းတို့ ကလည်း တိုင်းရင်းသား အဖွဲ့အစည်းဖြစ်နေတော့ ဘယ်လို အခြေအနေရှိမလဲ။

ဖြေ။           ။ ကျွန်တော်ပြောပြမယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ ဆိုရင် ကျွန်တော် ပုဂ္ဂလိဓိဌာန်နဲ့ မပြောချင်ဘူး။ ဓမ္မဓိဌာန်နဲ့ ပြောမယ်။ ဓမ္မဓိဌာန်ဆိုရင် ကျွန်တော်ပြောတဲ့ လိုင်းနှစ်လိုင်းနဲ့ ချကြည့်မယ်။ အဲအဖွဲ့ အစည်းတွေက လိုင်းနှစ်လိုင်းနဲ့ ချကြည့်ရင် Compromise လိုင်းကို သွားနေလား ။ Confrontation လိုင်းကို သွားနေလား။ ဒါကတော့ ခင်ဗျားတို့ ဘာသာ ဆုံးဖြတ် ၊ Confrontation လိုင်းကို သွားနေရသ် ဘယ်ဖြစ်မလဲ ဆိုတာ ကျွန်တော် ပြောပြီးပြီ။ အဲသလို ရှင်းပြတာကို ကြိုက်တဲ့သူ ရှိမယ်။ မကြိုက်တဲ့သူ ရှိမယ်။ သူတို့လည်း သူတို့ တင်ပြတာကို ကြိုက်တဲ့သူရှိမယ်။ ရောင်းသူ နဲ့ ဝယ်သူပေါ့။ ခင်ဗျားကို ဒီလိုင်းကို ကြိုက်လားပေါ့ ။ ဒါကြိုက်ရင် ဒါဝယ်ပေါ့။ ကျွန်တော်ပြောတာ ဓမ္မဓိဌာန်နဲ့ ပြောတာ။ ကျွန်တော် သူတို့ကို ကောင်းခြင်း ၊ ဆိုးခြင်း မပြောဘူး။ ကျွန်တော်တို့ လိုင်းက ဒါရှိတယ်။ KNU သဘောထားက စေ့စပ်ညှိနှိုင်းတဲ့ လိုင်းကို သွားတာ။ ဒါပဲ ခင်ဗျားတို့ ဘာသာ ဆုံးဖြတ်ရေးလိုက်၊ ပြည်သူက ဆုံးဖြတ်မှာ ။ ပြည်သူက မဆုံးဖြတ်ရင် ဘာရမလဲ။

စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် The Messenger ဂျာနယ် အတွဲ (၄) ၊ အမှတ် (၂၃) တွင် ပါရှိသော “KNU ဗဟိုအလုပ်ဆောင်အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင် နှင့် အင်တာဗျူး” မှ ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


သမ္မတရာထူး ရွေးချယ် ခံ၊ မခံ ပြည်သူများသို့ ဦးသိန်းစိန်ကိုယ်တိုင် အသိပေးပြောကြားမည်

သမ္မတဦးသိန်းစိန်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ဆက်လက်ရွေးချယ်ခံတော့မည် မဟုတ်ဟု သူရဦးရွှေမန်း၏ ပြောကြားချက်မှာ သမ္မတနှင့် ကြိုတင်သဘောတူပြီးမှ ထုတ်ပြန်ပြောကြားခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတော်သမ္မတဦးသိန်းစိန် အနေဖြင့် သမ္မတရာထူးအတွက် ဆက်လက်ရွေးချယ် ခံ၊ မခံ ကိုပြည်သူထံ ၎င်းကိုယ်တိုယ် သာအသိပေးပြောကြားသွားမည်ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြားသည်။

“ဦးရွှေမန်း ဘယ်လိုသဘောမျိုးနဲ့ဒါကို ထုတ်ပြောတယ်ဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ သမ္မတကြီးက သူ့ သဘောထားဆုံးဖြတ်ချက်တွေကို ပြည်သူတွေဆီကို အသိပေးဖို့လိုရင် လိုအပ်တဲ့အချိန်မှာ တိုက်ရိုက် အသိပေးပြော ကြားမှာပါ။ အခုလိုကြားလူကတစ်ဆင့် ပြည်သူကို အသိပေးဖို့ အကြောင်းမရှိပါဘူး” ဟုသမ္မတပြောခွင့်ရ ပုဂ္ဂိုလ်က တုံပြန်ပြောကြားသည်။

အောက်တိုဘာလ ၂၄ ရက်နေ့က လွှတ်တော်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတဦးသိန်းစိန်သည် နောင်လာမည့် ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင် မည်မဟုတ်ကြောင်း ၎င်းကိုပြောကြားခဲ့သည်ဟု မီဒီယာများအား ပြောကြားခဲ့သည်။

“သမ္မတနဲ့ ဦးရွှေမန်းဒီကိစ္စပြောချင်တယ်ဆိုတာကလည်း လူကြီးချင်းသူ့အမြင်၊ ကိုယ့်အမြင်သဘောထား ချင်း ဖလှယ်တဲ့ သဘောပါ။ နိုင်ငံတကာအစဉ်အလာအရ ကြိုတင်သဘောတူထားတာမရှိရင်တော့ ဒါမျိုးကို ပြင်ပမှာ ထုတ်ပြောလေ့မရှိတက်ပါဘူး။ ဒီကိစ္စကလည်း လိုအပ်ရင် သမ္မတကိုယ်တိုင် ပြည်သူကို ပြောမှာပါ” ဟု ဦးရဲထွဋ်က ဆိုသည်။

လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးထက် လက်ရှိနိုင်ငံတွင်း ငြိမ်းချမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရန်နှင့် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မည့် အာမခံချက်ရှိသော ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများ ရရှိရန် ဦးတည်လုပ်ဆောင်သွားမည်ဟု သမ္မတဦးသိန်းစိန်က ဇူလိုင်လအတွင်းက လန်ဒန်သို့ရောက်ရှိစဉ် ပြုလုပ်ခဲ့ သည့် ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားထားသည်။

လက်ရှိအချိန်တွင်မူ သမ္မတအဖြစ် ဝင်ရောက်ရွေးချယ်ခံထားခြင်း၊ မခံခြင်းကို ပြည်သူထံ ထုတ်ဖော်ပြော ကြားမှု မပြုသေးသော်လည်း ပြည်ပခရီးစဉ်များတွင် နောင်သက်တမ်းအတွက် ဝင်ရောက်ရွေးချယ်ခံရန် အစီစဉ်မရှိကြောင်း ဦးသိန်းစိန်က ပြောကြားထားသည်။

YC


 မြန်မာ့တပ်မတော်ကို စစ်ရေးလေ့ကျင့်ပေးနေခြင်းမဟုတ်ဟု အမေရိကန်သံအမတ်ရှင်းလင်

အမေရိကန်ပြည်ထောင်စုမှ မြန်မာ့တပ်မတော်ကို စစ်ရေးလေ့ကျင့်ပေးနေသည်ဟု နိုင်ငံတကာမီဒီယာများတွင် ဖော်ပြနေခြင်းမှာ မဟုတ်မှန်ကြောင်း မြစ်ကြီးနားသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာ ဒရစ်မစ်ချယ်က ကချင်လူမှုအဖွဲ့အစည်းများနှင့် အောက်တိုဘာလ ၂၆ ရက်နေ့က တွေ့ဆုံစဉ်တွင် ရှင်းလင်းပြောကြားခဲ့ သည်။

“တပ်မတော်ကို လူ့အခွင့်အရေးနဲ့ပတ်သတ်ပြီး စောင့်ထိန်းရမဲ့အပိုင်းတွေကို သင်တန်းပေးခဲ့တာရှိပေမဲ့ စစ်ရေးနဲ့ပတ်သက်ပြီး ဘာပညာမှ မပေးခဲ့ဘူးဆိုတဲ့အကြောင်း ရှင်းပြသွားတယ်”ဟု အမေရိကန်သံအမတ် ကြီးနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သူ ကချင်အမျိုးသားတစ်ဦးက ဆိုသည်။

ကေအိုင်အို နည်းပညာအကြံပေး အဖွဲ့ရုံးတွင် အောက်တိုဘာလ ၂၆ ရက်နေ့ ၊ နံနက်ပိုင်းကပြုလုပ်သော ယင်းတွေ့ဆုံပွဲ မတိုင်မီ အမေရိကန်သံအမတ်ကြီးသည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် သွားရောက် တွေ့ဆုံ ခဲ့ပြီး ပြည်သူလူထု၏ ယုံကြည်မှုကိုရရှိရန်အတွက် တပ်မတော်၏ အခန်းကဏ္ဍသည် အရေးကြီးသည်ဟု ပြောဆိုခဲ့ပြီး ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့နှင့်လည်း သီးသန့်တွေ့ဆုံခဲ့ရာတွင် အစိုးရနှင့် ကေအိုင်အိုငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်လေ့လာလျက်ရှိသည်ဟု ပြောဆိုခဲ့ရုံသာမက ယခုရက်ပိုင်းအတွင်း မန်စီမြို့နယ်၊ နမ်လင်းပါကျေးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကာ ကေအိုင်အို၏ သဘောထားများကိုလည်း မေးမြန်း ခဲ့ကြောင်း ကေအိုင်အိုနည်းပညာအကြံပေးအဖွဲ့မှ ဆရာဒေါင်းခါးက ပြောသည်။

“နမ်လင်းပါးကိစ္စနှင့်ပတ်သက်ပြီးတော့ မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အကြောင်းကြား ညှိနှိုင်းပြီး အမြန်ဆုံးပြေလည်အောင် ဆောင်ရွက်နေတဲ့အကြောင်း ပြောပြခဲ့တယ်။ သံအမတ်ကြီး ကလည်း လိုအပ်ရင် အမေရိကန်သံရုံးက နိုင်ငံရေးအရာရှိ(Political Officer) နဲ့ဆက်သွယ်ဖို့ ပြောတယ်” ဟု၎င်းက ဆိုသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားရာ နမ်လင်းပါကျေးရွာအနီးတစ်ဝိုက်သည် ယခင်က ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ခံ အမှတ်(၁၂) တပ်ရင်း ဌာနချုပ်နယ်မြေဖြစ်ခဲ့ပြီး တိုက်ပွဲများဖြစ်ပွားခဲ့သည့်နောက်ပိုင်းတွင် ဌာနချုပ်ဟူ၍ အတည်တကျမ ရှိတော့ဘဲ ကေအိုင်အေတပ်များက တပ်ခွဲ၊ တပ်စိပ်၊ တပ်စုများအနေဖြင့် ပြန့်ကျဲလျက်ရှိရာတွင် တပ်မတော်ဘက်မှ လည်း တပ်ရင်း ၁၅ ရင်း (စ.က.ခ - ၁၆၊ စ.က.ခ - ၂၁) ဖြင့်လှုပ် ရှားနေသောကြောင့် တစ်ချိန်မ ဟုတ်တစ်ချိန် ထိတွေ့မှု ဖြစ်နိုင်သည်ဟု အမေရိကန်သံမတ်ကြီးကို ရှင်းပြ ခဲ့ကြောင်း ကေအိုင်အို နည်းပညာအဖွဲ့ထံမှ သိရှိရသည်။

လက်ရှိတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကေအိုင်အို တို့ မြစ်ကြီးနားမြို့ တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ပြီး သုံးပတ်အတွင်းမှာပင် တပ်မတော်တို့နှင့် ကေအိုင်အေ တို့၏ ဗန်းမော်ခရိုင် အတွင်း ဖြစ်ပွားသော ကချင်ဒုက္ခသည် နှစ်ထောင်ကျော်တိုးလာသည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားခဲ့သည်။

YC


KIA နှင့် ဖြစ်ပွားနေသော တိုက်ပွဲအများစုတွင် အစိုးရ၏ ရှင်းလင်းချက်မှာ အကြောင်းပြချက်သက်သက်သာ ဖြစ်ဟုဆို

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ ဖြစ်ပွားနေသော တိုက်ပွဲအများစုမှာ သစ်ခိုး ထုတ်မှုများအပေါ် သွားရောက်ရှင်းလင်းရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အစိုးရဘက်မှ ရှင်းလင်းခဲ့သော်လည်း အဆိုပါ အချက်မှာ အကြောင်းပြချက် သက်သက်သာဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းက ဆက်လက်၍ တိုက်ပွဲများ အမှန်တကယ် ဖြစ်ပွားနေသော နေရာအများစုမှာ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံ သည့် နေရာအများစုတွင် ဖြစ်နေပြီး ယခုဖြစ်ပွားသည့် တိုက်ပွဲများမှာလည်း ဗန်းမော်-မန္တလေး ရထားလမ်းကို တရုတ်နိုင်ငံမှ ရထားလမ်း လာဆက်မည့်နေရာ ဖြစ်နေသည်ဟု ဆိုသည်။

သစ်ခိုးထုတ်မှု လမ်းကြောင်းသည် မန္တလေး၊ စစ်ကိုင်းစသည့် အစိုးရလက်အောက်ရှိ မြို့နယ်များကို ဖြတ်သန်း လာခဲ့ချိန်တွင် ဖမ်းဆီးခဲ့ခြင်းမပြုဘဲ ကေအိုင်အို ထိန်းချုပ်နယ်မြေတွင်း ရောက်မှသာ လိုက်လံ ရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်းနှင့် သစ်ခိုးထုတ်မှုလမ်းကြောင်း အများအပြားရှိနေပြီး လမ်းကြောင်းတစ်ခု တည်းကြောင့် တိုက်ပွဲများ ထိုမျှထိ ပြင်းထန်စရာမရှိဟု အဆိုပါကွန်ယက်က ထောက်ပြခဲ့သည်။

“ဒီတရုတ် ဓါတ်ငွေ့ပိုက်လိုင်းတွေ ကာကွယ်ဖို့အတွက်၊ တရုတ်ဓါတ်ငွေ့ပိုက်လိုင်းတွေ ဖြတ်သန်းဖို့ နေရာတွေကို ရယူဖို့အတွက် ပဋိပက္ခစစ်ပွဲတွေ ဖြစ်ပွားနေရတယ်လို့ ကျွန်မတို့က အဲလိုပဲ ယူဆတယ်” ဟု ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ညှိနှိုင်းရေးမှူး ဒေါ်မေစပယ်ဖြူက ဆိုသည်။

အစိုးရနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့တို့အကြား ၁၉၉၄ခုနှစ်မှစကာ အပစ်အခတ် ရပ်စဲထားခဲ့ပြီး ၁၇ နှစ်ကြာပြီးမှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းမှာလည်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ရန်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ကေအိုင်အေနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့သည့် ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်မှ ၁၀ ရက်အထိ မြစ်ကြီးနားမြို့တွင် သုံးရက်ကြာမျှ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အချက် ၇ ချက်ပါ သဘောတူညီချက် ရရှိခဲ့ပြီး ၁၀ ရက်အကြာတွင် ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း၌ တိုက်ပွဲများ ဆက်တိုက် ပြန်လည်ဖြစ်ပွားခဲ့သည်။

 YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive